Myat Yadanar - မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Myat Yadanar - မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း

Myat Yadanar - မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း ဓမ္မမိတ်ဆွေများစိတ်အေးချမ်းသာစွာနင?

16/04/2020
" ဇာတ်ကြီးဆယ်ဘွဲ့ အကျဉ်း "ဇနက္ကဇာတ်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလောင်းတော်မြတ်၏ ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက္မီ ...
20/09/2019

" ဇာတ်ကြီးဆယ်ဘွဲ့ အကျဉ်း "

ဇနက္ကဇာတ်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ
ဗုဒ္ဓအလောင်းတော်မြတ်၏ ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက္မီ နောက်ဆုံး ဘဝဖြစ်စဉ် ဆယ်ခုကို ခေါ်သည်။

ဇာတက
ဇာတ်တော် (သို့မဟုတ်) ဇာတကများကို ဖော်ထုတ်သူမှာ ဗုဒ္ဓကိုယ်တော်တိုင် ဖြစ်သည်။
ဗုဒ္ဓသည် စကားတစ်ခွန်းကိုပင် အကြောင်းမဲ့ မပြောတတ်ပေ။ အကျိုးရှိပါမူ အကျယ်တဝင့် ပြောတတ်သကဲ့သို့ အကျိုးမရှိသော် ဆိတ်ဆိတ်နေတတ်၏။

ဇာတ်တော်များတွင် အဓိကဇာတ်ကောင်များမှာ ဗုဒ္ဓလောင်းလျာဖြစ်၍ အခြားသော ဇာတ်ပို့ဇာတ်ရံများမှာ ပါရမီဖြည့်ဘက်များ ဖြစ်တတ်ကြလေသည်။

မြတ်စွာဘုရားသခင်သည် အခါအားလျော်စွာ
ကြုံကြိုက်လာသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဇာတ်တော်တစ်ခုကို ဟောကြားတော်မူသော အလေ့အထရှိသည်။

နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ်သံသရာတလျောက် ဗောဓိဆုကို ပန်ဆင်တော်မူခဲ့သော အလောင်းတော်သည် ဘဝပေါင်းများစွာကို ကျော်လွန်ခဲ့ရပါသည်။ ဤသို့ကျင်လည်ခဲ့ရသော ဘဝပေါင်း များစွာအနက် ပါရမီတော်ကို ဖြည့်ရာတွင် လွန်စွာအလှန်းဝေးသေးသော ဘဝများကို ချန်လှပ်၍ များစွာမဝေးလွန်း မနီးလွန်းသော ဘဝများတွင် ဖြစ်ခဲ့သည်များကို
(၅၅၀)ဇာတ်တော်များအဖြစ် မှတ်တမ်းတင်ခဲ့သည်။

အစွန်းထွက်ကို ဖြုတ်၍ နုမှာငါးရာဟု မှတ်သားကြပါသည်။ ဤသို့ဖြင့် ပါရမီတော်များကို တစ်စတစ်စ ဖြည့်လာရာ
ဗောဓိဆုနှင့် အလွန်နီးကပ်လာသော (တေမိယ)မှသည် (ဝေဿန္တရာ)ဘဝများကို
ဇာတ်တော်ကြီး ဆယ်စောင် (သို့မဟုတ်) ရင့်လာဆယ်ဘဝဟု သတ်မှတ်ပြီး ရင့်မှာ တစ်ကျိပ် ဟုခေါ်ကြပါသည်။

တေ•ဇ•သု• နေ•မ•ဘူ•စန်•နာ•ဝိ•ဝေ ဟု
အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။

ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-

စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊
ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊ မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊
ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊ တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊ သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊

ကိုးကား-ဝီကီပီဒီးယား

=======================================
ဒီ Page လေးကို Like လေး ပြုလုပ်ထားရုံနဲ့
ဓမ္မမိတ်ဆွေများအတွက် ဗဟုသုတတိုးဖွယ်ရာ အဖြာဖြာကို
#မြတ်ရတနာ_ဘုရားဖူးပို့ဆောင်ရေးမှ ရေးသားဖော်ပြပေးသွားမှာပါ။

မိတ်ဆွေများအတွက် အသိတစ်ခု ထပ်မံတိုးသွားတယ်ဆိုရင် ဒီ Page လေးကို Like and Share လေး လုပ်ပေးပါဦးနော်။
=========================================
အေးအေးချမ်းချမ်း လူနည်းနည်းလေးဖြင့် ဖြစ်စေ မိသားစုသီးသန့်လေးဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ဘုရားဖူးရင်း လိုက်ပါကုသိုလ်ယူနိုင်ဖို့ ဧည့်သည်တော်များအတွက် အောက်တိုဘာလမှ စတင်ပြီး အဆင့်မြင့်ဟိုတယ် တည်း/ မြန်မာဘုန်းကြီးကျောင်းတည်း/ ဘူဖေးအစားအသောက်အစီစဉ်များဖြင့်စိတ်ချမ်းသာစွာ ဖူးမြော်ရမည့် စရိတ်ငြိမ်း ဘုရားဖူးခရီးစဉ်များ

#မြတ်ရတနာ_ဘုရားဖူးပို့ဆောင်ရေးကနေ အဆင်ပြေဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

မြေမြတ်မဟာ ဂါယာ အဖ ွဲ့လိုက်ခရီးစဉ်များအပြင် သီးသန့် ခရီးစဉ်များ ပါစီစဉ်ဆောင်ရ ွက်ပေးနေပါတယ်။ #ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်

=========================================
မြတ်ရတနာ ပြည်ပဘုရားဖူးပို့ဆောင်ရေး မှ ခရီးစဉ်လိုက်ပါတဲ့ ဧည့်သည်တော်တိုင်းကို အထူးလက်ဆောင်အနေနဲ့ ခရီးစဉ်တစ်လျှောက် တရားဟောကြားပြသပေးရန် ဘုန်းဘုန်းတစ်ပါးပါရှိခြင်း၊ မြတ်စွာဘုရားရှင်အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်း ဘုရားစာအုပ်၊ ဘေးလွယ်အိတ်၊ ယောဂီတဘက်၊ ယောဂီပုဆိုး/ ယောဂီလုံချည်၊ ဦးထုပ်များကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူ ဧည့်သည်တော်များအနေဖြင့် Chat Box တွင်ဖြစ်စေ၊ Viber တွင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ စုံစမ်းနိုင်ပါပြီရှင်။

စုံစမ်းရန် - 09 510 1128 / 09 42 778 8300 / 09 42 778 8400
အမှတ် (၂၃၂ - ဘီ) ၊ သော်ကလမ်း ၊ မင်္ဂလာဒုံမြို့နယ်။

" ပထမဆုံးသီတင်းသုံးတော်မူရာ (၇) နေရာ သို့မဟုတ် သတ္တသတ္တာဟ "ဘုရားရှင်တို့ ဘုရား စဖြစ်ပြီးပထမဆုံး သီတင်းသုံးတော်မူသော နေရာ...
20/09/2019

" ပထမဆုံးသီတင်းသုံးတော်မူရာ (၇) နေရာ သို့မဟုတ် သတ္တသတ္တာဟ "

ဘုရားရှင်တို့ ဘုရား စဖြစ်ပြီးပထမဆုံး သီတင်းသုံးတော်မူသော နေရာ(ဌာန) ၇ ဌာနကို ဆိုလိုသည်။ ဗောဓိပင်၏ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာဟ ကျင့်တော်မူကြသည်။
ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။

ပင်္လ္လက သတ္တာဟ
ဘုရားဖြစ်သည့် နေရာ ဝဇိရာသနပလ္လင်ထက်မှ ကဆုန်လပြည့်ကျော်(၁)ရက်နေ့မှ (၇)ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါသည်။

ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ဝင်စားပြီး နေပါသည်။ ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူသည်။ "ယဒါဟဝေ" စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါသည်။ ထိုပလ္လင်တော်သည် မဟာဗောဓိပလ္လင်၏ ခြေရင်း၌ရှိ၍ မြတ်စွာဘုရားသခင် သဗ္ဗညုတ ရွှေဉာဏ်တော် ရရှိသည့် အပရာဇိတပလ္လင်၏ နေရာဟုဆိုသည်။

ထိုနေရာသည် စကြဝဠာ၏ ဗဟိုချက်ဟုလည်း ဆိုကြသည်။ ဝဇိရာသန ပလ္လင်သည် အနုပညာ လက်ရာမြောက်လှစွာ ထုထွင်း ထားသော ကျောက်သား ပလ္လင်တော်ဖြစ်သည်။
ထိုပလ္လင်တော်သည် မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီအကြား မဟာဗောဓိပင်၏ အရှေ့ဖက်၌ ရှိသည်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးသည်မှစ၍ အပရာဇိတ ပလ္လင်ပေါ်မှ မထပဲ ခုနစ်ရက်တိုင်တိုင် အရဟတ္တ ဖိုလ်ချမ်းသာကို ခံစားတော်မူသည်။ ယင်းသို့ ပလ္လင်ထက်၌ ခုနစ်ရက် စံတော်မူခဲ့သည့် ပထမ သတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟုခေါ်လေသည်။

အနိမိသ သတ္တာဟ
ဗောဓိပင်၏အနီး အရှေ့မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာတွင် ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူသည်။

“ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား”ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူ၍
အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှုဝမ်းမြောက်နေတော်မူသည်။

(အ = မ၊ နိမိသ = မျက်စိမှိတ်သည်၊ အနိမိသ = မျက်စိမမှိတ်)ခုနစ်ရက်မြောက်၍ ပလ္လင်ထက်မှ ထလျှင် နတ်ဗြဟ္မာ အပေါင်းတို့စိတ်၌ ဘုရားအဖြစ်သို့ ရောက်ခြင်းတွင် သံသယရှနေသည်ကို ပယ်ဖျက်ရန် ကောင်းကင်သို့တက်၍ တန်ခိုးပြာဋိဟာ ပြတော်မူသည်။

ယင်းသည့်နောက် ပလ္လင်၏ အရှေ့မြောက်ထောင့် ၁၀၄ ပေခန့်အကွာတွင် ရပ်တော် မူ၍ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက်စံတော်မူခဲ့သည့် နေရာကို အနိမိသ သတ္တာဟ ဟုခေါ်၍ ဒုတိယ သတ္တာဟဖြစ်သည်။ ထိုနေရာတွင် အထိမ်းအမှတ် တည်ထားသော အနိမိသ စေတီတစ်ဆူရှိသည်။

(ရတနာ) စင်္ကမ သတ္တာဟ
ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက်တွင် ဗောဓိပင်ပလ္လင်နှင့် အနိမိသဌာန အကြား၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါသည်။ ထိုနေရာမှာ နတ်များက “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေး” ဟု ယုံမှားသံသယ ဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါသည်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ဝင်စားသောကြောင့် ” စင်္ကမ သတ္တာဟ ” ခေါ်သည်။

မဟာဗောဓိ စေတီတော်ကြီး မြောက်ဖက်တွင်ကပ်လျက် အရှေ့အနောက် ပေ ၆၀ ခန့်အတွင်း ကျောက်ကြာပွင့် ၁၁ ပွင့်ရှိရာဌာနသည် အနိမိသ သတ္တာဟ စံတော်မူပြီးနောက် ရတနာစင်္ကြံကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံး စင်္ကြံကြွလျက် တတိယ သတ္တာဟကို သီတင်းသုံးခဲ့သော နေရာဖြစ်သည်။ ထိုနေရာကို ရတနစင်္ကမန သတ္တာဟ ဟုခေါ်သည်။

ရတနာဃရ သတ္တာဟ
ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပေ။ နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏။

မဟာဗောဓိ စေတီတော်ကြီး၏ အနောက်မြောက် ပေ ၇၀ ခန့်တွင် နတ်တို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ပဋ္ဌာန်းကျမ်းကို သုံးသပ်လျက် ခုနစ်ရက် စံတော်မူခဲ့သည်။ ထိုနေရာကို ရတနဃရ သတ္တာဟ ဟုခေါ်သည်။ စတုတ္ထ သတ္တာဟ စံခဲ့သော ထိုနေရာတွင် ယခုအခါ အုတ်တိုက်စေတီငယ်တဆူ ရှိ၍ အနုပညာ လက်ရာမြောက်သော ထူပါကျောက်တိုင်များဖြင့် ဝန်းရံလျက်ရှိသည်။

အဇပါလသတ္တာဟ
ဗောဓိပင်၏ အရှေ့(၃၂)လံ အကွာမှာ ဖြစ်သည်။ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်သည်။ မာရ်နတ်၏ သမီး (၃) ယောက် (တဏှာ၊ အရ တီ၊ ရာဂါ)က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းရန် ကြိုးစားခဲ့ကြပါသည်။ ထို ဆိတ်ကျောင်းညောင်ပင် မှာ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ ဟု မေးလျှောက်သည်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တဝါတွေကို တရားဟောရန် စပြီး စီစဉ်ဆုံးဖြတ်တော်မူသည်။

မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့မျက်နှာ ပေ ၇၀ ခန့်တွင် မြတ်စွာဘုရား သခင်သည် မာရ်နတ်သမီးတော် သုံးပါးနှင့် ဟုံဟုံက ပုဏ္ဏားတို့ကို ဆုံးမ၍ ခုနစ်ရက် သီတင်းသုံးတော်မူခဲ့သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့သည်။ ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော ကျောက်တိုင်ရှိသည်။ ပဉ္စမ သတ္တာဟ စံခဲ့သော ထိုနေရာကို အဇပါလ သတ္တာဟ ဟုခေါ်သည်။

မုစလိန္ဒ သတ္တာဟ
ဗောဓိပင်၏ အရှေ့တောင်(၁၅)လံ အကွာမှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်သည်။ ပြောင်းရွေ့သီတင်းသုံးစဉ် အခါမဲ့ မိုးရွာခဲ့ပါသည်။ ထိုအခါ မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနှင့် ပါးပြင်းမိုးပြီး ရာသီဥတုဒဏ် ကာကွယ်ပူဇော်ခဲ့သည်။ နဂါးမင်းအား သတ္တဝါတွေကို မငြင်းဆဲရန်၊ ဒေါသကို ထိန်းရန် ၊ ငါ ဟူသော မာန်မာန ကို ခွာရန် ဆုံးမတော်မူပါသည်။

မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့တောင်ဖက် ပေ ၁၇၀ ခန့်တွင် မုစလိန္ဒာအိုင် ရှိခဲ့ရာ ထိုအိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်လုံး စံနေစဉ် မိုးကြီးစွေသဖြင့် မုစလိန္ဒ နဂါးမင်းက မိမိပါးပျဉ်းဖြင့်မိုး၍ ကိုယ်ကိုခွေလျက် ပလ္လင်ပြုကာ လှူဒါန်းခြင်းကို ချီးမြှောက် စံနေတော်မူခဲ့သည်။ ထိုနေရာကို အထိမ်းအမှတ်ပြုသော အဆောက်အအုံ မတွေ့ရသော်လည်း တစ်ခါက ရှိခဲ့ဖူးဟန်တူ၍ မြေအောက်မြုပ်နေဟန် ရှိကြောင်း အထောက်အထား အစအနများ တွေ့ရသည်။ ထိုသတ္တာဟကို မုစလိန္ဒ သတ္တာဟ ဟုခေါ်သည်။

ရာဇာယတန သတ္တာဟ
ဗောဓိပင်၏ တောင်ဘက်(၄၀)လံ အကွာ( ၁၁-လံ ဟု စာမှာရှိသော်လဲ ဗုဒ္ဓဂါယာ၌ လက်တွေ့အားဖြင့် (၄၀) လံ ရှိသည်ဟု ဆိုသည်။) နယုန်လပြည့်ကျော် (၁၃)ရက်မှ ဝါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ဝင်စားသည်။ (၇) ရက်ပြည့်သည့် မနက်တွင် သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါသည်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့သမျှကို သည်းခံတော်မူပါသည်။ ထိုနေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်တွင် မြန်မာနိုင်ငံ၊ ရာမညတိုင်း၊ ဥက္ကလာ ဇနပုဒ် နှင့် ပေါက္ကရဝတ္တီ ဇနပုဒ် တို့မှလာသော ကုန်သည်ညီနောင် (တဖုဿ၊ ဘလ္လိက)က မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါသည်။ ကုန်သည်ညီနောင် ကပ်သည့်ဆွမ်းကို လက်ခံရန် စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံသည်။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးသည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုပဲ ပေးသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါသည်။ ထိုဆံတော်များကို ရွှေတိဂုံစေတီတွင် ဌာပနာပြုသည်။[၁]

မဟာဗောဓိ စေတီတော်ကြီး၏ တောင်ဖက် ပေ ၁၇၀ ခန့်တွင် ဘုရားရှင် သတ္တမသတ္တာဟ စံတော်မူခဲ့သော လင်းလွန်းပင်နေရာဖြစ်သည်။ ထိုနေရာတွင် ယခု အထိမ်းအမှတ် အုတ်တိုက်စေတီ ရှိသည်။ ထိုနေရာကို ရာဇာယတန သတ္တာဟဟု ခေါ်သည်။

Reference: Wikipedia

=======================================
ဒီ Page လေးကို Like လေး ပြုလုပ်ထားရုံနဲ့
ဓမ္မမိတ်ဆွေများအတွက် ဗဟုသုတတိုးဖွယ်ရာ အဖြာဖြာကို
#မြတ်ရတနာ_ဘုရားဖူးပို့ဆောင်ရေးမှ ရေးသားဖော်ပြပေးသွားမှာပါ။

မိတ်ဆွေများအတွက် အသိတစ်ခု ထပ်မံတိုးသွားတယ်ဆိုရင် ဒီ Page လေးကို Like and Share လေး လုပ်ပေးပါဦးနော်။
=========================================
အေးအေးချမ်းချမ်း လူနည်းနည်းလေးဖြင့် ဖြစ်စေ
မိသားစုသီးသန့်လေးဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ဘုရားဖူးရင်း လိုက်ပါကုသိုလ်ယူနိုင်ဖို့ဧည့်သည်တော်များအတွက် အောက်တို ဘာလမှ စတင်ပြီးအဆင့် မြင့်ဟိုတယ်တည်း/ မြန်မာဘုန်းကြီးကျောင်းတည်း/ ဘူဖေးအစားအသောက်အစီစဉ်များဖြင့်စိတ်ချမ်းသာစွာ ဖူးမြော်ရမည့် စရိတ်ငြိမ်း ဘုရားဖူးခရီးစဉ်များ

#မြတ်ရတနာ_ဘုရားဖူးပို့ဆောင်ရေးကနေ အဆင်ပြေဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

မြေမြတ်မဟာ ဂါယာ အဖ ွဲ့လိုက်ခရီးစဉ်များအပြင် သီးသန့် ခရီးစဉ်များ ပါစီစဉ်ဆောင်ရ ွက်ပေးနေပါတယ်။ #ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်

=========================================
မြတ်ရတနာ ပြည်ပဘုရားဖူးပို့ဆောင်ရေး မှ ခရီးစဉ်လိုက်ပါတဲ့ ဧည့်သည်တော်တိုင်းကို အထူးလက်ဆောင်အနေနဲ့ ခရီးစဉ်တစ်လျှောက် တရားဟောကြားပြသပေးရန် ဘုန်းဘုန်းတစ်ပါးပါရှိခြင်း၊ မြတ်စွာဘုရားရှင်အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်း ဘုရားစာအုပ် ဘေးလွယ်အိတ်၊ ယောဂီတဘက်၊ ယောဂီပုဆိုး/ ယောဂီလုံချည်၊ ဦးထုပ်များကို လက် ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူ ဧည့်သည်တော်များအနေဖြင့် Chat Box တွင်ဖြစ်စေ၊ Viber တွင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ စုံစမ်းနိုင်ပါပြီရှင်။

စုံစမ်းရန် - 09 510 1128 / 09 42 778 8300 / 09 42 778 8400
အမှတ် (၂၃၂ - ဘီ) ၊ သော်ကလမ်း ၊ မင်္ဂလာဒုံမြို့နယ်။

အလင်းစေတမန် ဆိုတာ ▬▬▬▬▬▬▬▬▬▬▬▬မြတ်စွာဘုရားရဲ့ တရားတွေကိုအလျဉ်းသင့်ရင် သင့်သလိုအကြောင်းတိုက်ဆိုင်ရင် တိုက်ဆိုင်သလိုတစ်ခွန...
12/08/2019

အလင်းစေတမန် ဆိုတာ
▬▬▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရားရဲ့ တရားတွေကို
အလျဉ်းသင့်ရင် သင့်သလို
အကြောင်းတိုက်ဆိုင်ရင် တိုက်ဆိုင်သလို
တစ်ခွန်းတစ်ပါဒလေးပဲ ဖြစ်ဖြစ်
သူတစ်ပါးကိုပြောပြ၊ ရေးပြလိုက်ရင်
ဘယ်သူမဆို " အလင်းစေတမန် " ပါပဲ။
တရားဆိုတဲ့ အလင်း
အသိဥာဏ်ဆိုတဲ့ အလင်း ဖြန့်ဝေသူတိုင်း
ဘယ်လိုနည်းနဲ့ ဖြန့်ဖြန့်
" အလင်းစေတမန် " ပုဂ္ဂိုလ်ပါပဲ။

ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

Credit to : ဇာဏီ(ကံမ)

ဆရာတော်ဦးဇောတိက ဟောကြားတဲ့✨"မတူညီခြင်းအကြောင်း"✨🍀လူချင်းမတူတာက ဘာကြောင့်လဲ?🍂ကံချင်းမတူလို့ဘဲ🍀ကံချင်းမတူတာက ဘာကြောင့်လဲ?...
09/08/2019

ဆရာတော်ဦးဇောတိက ဟောကြားတဲ့

✨"မတူညီခြင်းအကြောင်း"✨

🍀လူချင်းမတူတာက ဘာကြောင့်လဲ?
🍂ကံချင်းမတူလို့ဘဲ

🍀ကံချင်းမတူတာက ဘာကြောင့်လဲ?
🍂စိတ်ချင်းမတူလို့ဘဲ

🍀စိတ်ချင်းမတူတာက ဘာကြောင့်လဲ?
🍂အတွေးချင်းမတူလို့ဘဲ

🙏🏻🙏🏻🙏🏻 ဆရာတော်ဘုရားကြီးများ၏ အဆုံးအမများအား အမြဲနှလုံးသွင်းလျှက် ပြန်လည်မျှဝေပါသည်။ 🙏🏻🙏🏻🙏🏻

" ဗုဒ္ဓဂယာရှိ  မိဂဒါဝုန်နှင့် ဓမ္မရာဇိကစေတီတော်အကြောင်း "ဓမ္မမိတ်ဆွေများအတွက် မှတ်သားဖွယ်ရာ တင်ပြလိုက်ပါတယ်။မိဂဒါဝုန်တောသည်...
06/08/2019

" ဗုဒ္ဓဂယာရှိ မိဂဒါဝုန်နှင့် ဓမ္မရာဇိကစေတီတော်အကြောင်း "

ဓမ္မမိတ်ဆွေများအတွက် မှတ်သားဖွယ်ရာ တင်ပြလိုက်ပါတယ်။

မိဂဒါဝုန်တောသည် သားသမင်များကို ဘေးမဲ့ပေးထားသော နေရာဖြစ်ပြီး ဗာရာဏသီမှ ၁၀ ကီလိုမီတာကွာဝေးသည့် ဆာနာသ်ရွာ(Sarnth) တွင်တည်ရှိသည်။

ဘုရားလောင်း နိဂြောဓသမင်နှင့် သာခသမင်တို့သည်
အခြွေအရံသမင် ၁၀၀၀ ဖြင့် ယခု မိဂဒါဝုန်ရှိရာ တောတွင်းကျက်စား နေခဲ့ချိန်တွင် ဗာရာဏသီ ပြည့်ရှင်ကတောတွင်းသို့လာရောက်ကာ
သမင်သားဖြင့်စားတော်တည်ရန် သမင်လိုက်လေ့ရှိခဲ့သည်။

မိမိတို့ အသက်ဘေးကိုကာကွယ်နိုင်ရန် သမင်များသည် တောတွင်း၌ပြေးလွှားကာ စိုးရိမ်သောက ပွားကြရသဖြင့် သမင်များသည် အလှည့်ကျတစ်ကောင်စီ အသတ်ခံရန် သဘောတူခဲ့ကာ အသတ်ခံရမည့် အလှည့်ရောက်သော်သမင်က နန်းတော်သို့သွား၍ လည်စင်းပေးခဲ့ရသည်။
သတ္တ၀ါ မှန်သမျှ သေရမည်ကိုကြောက်ရွံ့ကြသော်လည်း ပြည့်ရှင်မင်း၏ သမင်သားစားလိုသည့် ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ကြပါချေ။

တစ်နေ့သောအခါ၌ အသတ်ခံရန် အလှည့်ကျလာသည့် သမင်မသည် ကိုယ်ဝန်အရင့်အမာဖြစ်နေသဖြင့် မိမိအစား အခြားသမင်တစ်ကောင်ကို အစားထိုး အသတ်ခံခွင့်ပြုရန်နှင့် မိမိကသားဖွားပြီးလျှင် အသတ်ခံပါမည့်အကြောင်း သာခသမင်ကို ပန်ကြားခဲ့သည်။ သာခသမင်က နိဂြောဓသမင်ကို အကူအညီတောင်းခံခဲ့ရာ နိဂြောဓက ကိုယ်ဝန်ရင့်မာနေသည့် သမင်မအစား မိမိ အသတ်ခံရန် နန်းတော်သို့သွားရောက်ခဲ့သည်။

နန်းတော်ရှိသားသတ်သူများက ဘုရင်ဘေးမဲ့ပေးထားသော ရွှေသမင်နိဂြောဓကို မသတ်ရဲသဖြင့် ဘုရင့်ထံ နိဂြောဓရွှေသမင် အသတ်ခံရန် ရောက်ရှိနေကြောင်းလျှောက်တင်ခဲ့ကြသည်။ ဘုရင်ရောက်ရှိလာပြီး နိဂြောဓသမင်ထံမှ အကျိုးအကြောင်းအစုံအလင် သိရှိရသောအခါ သားသမင်အားလုံးကို ဘေးမဲ့ပေးခဲ့သည်။ သားသမင်များနေထိုင်ကျက်စားလျက် ဘုရင်ဘေးမဲ့ ပေးခဲ့သောတောသည် သားသမင်များဘေးမဲ့ ပေးရာနေရာဟု အဓိပ္ပာယ်ရသည့် မိဂဒါဝုန် ဟု အမည်တွင်ခဲ့သည်။

ကျယ်ဝန်းသော မိဂဒါဝုန် တောအတွင်း၌ မြတ်ဗုဒ္ဓဆိုင်ရာ အထိမ်းအမှတ်နေရာများ တည်ရှိသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုကြသည့် ဓမ္မစကြာတရားဦးကို ပဉ္စ၀ဂ္ဂီငါးပါးအား ဟောကြားသည့်နေရာသည် မိဂဒါဝုန်တောအတွင်းတည်ရှိကာ ထိုနေရာတွင် အသောက မင်းကြီးက ဓမ္မရာဇိကစေတီတော်ကို တည်ထားခဲ့သည်။

မူလကဥာဏ်တော်မီတာ ၃၀ (၉၈ ပေ)ရှိခဲ့သည့် ဓမ္မရာဇိကစေတီတော်သည် ယခုအချိန်တွင် စက်ဝိုင်းပုံအောက်ခံ ခုံလုံးအ၀ိုင်းသာကျန်ရှိနေပေသည်။ဓမ္မရာဇိက စေတီတော်သည် ဓမ္မေခစေတီနှင့် ဥာဏ်တော်ကွာခြားမည်မဟုတ်ဟု ယူဆကြသည်။

ဓမ္မရာဇိကစေတီ နှင့် ဓမ္မေခစေတီတို့သည် နှစ်ပေါင်း ၃၀၀ ကျော်
ခေတ်ပြိုင်တည်ရှိခဲ့ကြပြီး ခရစ်နှစ် ၁၇၉၄ ခုနှစ်တွင် ဗာရာဏသီပြည်၊ စေတမင်း၏ အမတ်ကြီးဂျာဆိန်က ဂျက်ဂျုန်းရပ်ကွက်တွင် ဈေးတစ်ခုတည်ဆောက်ရန် ဓမ္မရာဇိကစေတီတော်ကို ဖျက်ခဲ့ကြပြီး အုတ်များကို ယူဆောင်သွားခဲ့သည်။

စေတီတော် ဌာပနာတိုက်အတွင်းမှ ဓာတ်တော်ကျုတ်ပါဝင်သည့်
ကျောက်သေတ္တာတစ်လုံးနှင့် စာများ ရေးထားသည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို တွေ့ရှိခဲ့သည်။ ကျောက်ဖြူဓာတ်တော်ကျုတ်အတွင်းမှ ပြာများကို ဂင်္ဂါ မြစ်အတွင်းသို့ သွန်ပစ်ခဲ့ကြပြီး ကျောက်သေတ္တာကို အိန္ဒိယနိုင်ငံ၊ကိုးလ်ကတ္တားပြတိုက်တွင်ပြသထားသည်ဟု သိရှိခဲ့ရပေသည်။

ဓမ္မေခ ၊ အသောက ၊ နန္ဒိယ နှင့် ယသ

ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကိုဟောတော်မူပြီး
ငါးရက်အကြာ ၀ါဆိုလပြည့်ကျော် ငါးရက်တွင် အနတ္တလက္ခဏသုတ်ကို ဟောတော်မူခဲ့သည်။အရှင်ကောဏ္ဍညသည် ဓမ္မစကြာတရားတော်ကို နာယူအပြီး ၀ါဆိုလပြည့်နေ့မှာပင် သောတာပတ္တိ ဖိုလ်တည်ကာ သောတာပန်ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး အရှင်ဝပ္ပသည် ၀ါဆိုလပြည့်ကျော် တစ်ရက်တွင်လည်းကောင်း၊အရှင်ဘဒ္ဒိယသည် ၀ါဆိုလပြည့်ကျော် နှစ်ရက်တွင်လည်းကောင်း၊အရှင်မဟာနာမ်သည် ၀ါဆိုလပြည့်ကျော် သုံးရက်တွင်လည်းကောင်း၊အရှင်အဿဇိသည် ၀ါဆိုလပြည့်ကျော် လေးရက်တွင်လည်းကောင်းသောတာပန် တည်ခဲ့ကြသည်။

ပဉ္စ၀ဂ္ဂီ ငါးပါးလုံးသောတာပန်တည်ပြီး နောက်နေ့တွင် ဘုရားရှင်သည်က ပဉ္စ၀ဂ္ဂီငါးပါးအား အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူခဲ့သည်။ဘုရားရှင် အနတ္တလက္ခဏသုတ်တော် ဟောကြားခဲ့သည့်နေရာတွင်
အသောကမင်းကြီးတည်ထားသည့် ဓမ္မေခစေတီတော်သည် မြန်မာနိုင်ငံပျူမြို့ဟောင်းသရေခေတ္တရာရှိ ဘောဘောကြီးစေတီနှင့်ဆင်ဆင်တူကာ ပြောင်းတိုင်ပုံစံဖြစ်သည်။

ဘောဘောကြီး စေတီကို တစ်ဖြောင့်တည်း တည်ထားသော်လည်း
ဓမ္မေခစေတီတော်က ပြောင်းတိုင်နှစ်ဆင့် ဆင့်ထားသကဲ့သို့ရှိနေပြီး
ဆလင်ဒါပုံ နှစ်ဆင့်တွင် အောက်ခံအဆင့်ကို ကျောက်များဖြင့်ပြုလုပ်ပြီး
အပေါ်ပိုင်းကို အုတ်များဖြင့် တည်ဆောက်ထားသည်။

ဓမ္မေခကို ပါဠိဝေါဟာရ ဓမ္မမုခမှ ဆင်းသက်လာသည်ဟုယူဆကြပြီး
ပါဠိဝေါဟာရ ဓမ္မသည် တရားတော်ဖြစ်ပြီးမုခသည် ခံတွင်းဝဟု
အဓိပ္ပာယ်ရှိသဖြင့် တရားတော်ခံတွင်းဝဟု ဆိုလိုသည်။ဓမ္မေခ စေတီတော်တည်ထားသည့်နေရာသည် အရိမေတ္တေယျ ဘုရားလောင်းအား ဗျာဒိတ်ပေးသည့် နေရာဟုလည်း ဆိုကြသည်။

စေတီတော်သည် ဥာဏ်တော် ၃၃ မီတာမြင့်ပြီး အေဒီ ၅၀၀ ၀န်း ကျင်တွင်တည်ထားခဲ့ကြောင်း Walking with the Buddha တွင် ရေးသားထားသည်။စေတီတော်ပတ်လည်တွင် ပန်းချီဒီဇိုင်းမျိုးစုံ နှင့်လူပုံများကို သရုပ်ဖော်ထားသည်။

ကိုးကား - မောင်သာ (ရှေးဟောင်းသုတေသန၏ ဆောင်းပါးများ)
=======================================

=========================================




=========================================



" ဝေသာလီပြည်အ ကြောင်း"မင်္ဂလာရှိသော မြေမြတ်မဟာ ဗုဒ္ဓဂယာရှိ  ဝေသာလီပြည်အကြောင်း ဓမ္မမိတ်ဆွေများအတွက် သိမှတ်ဖွယ်ရာ တင်ပြလိုက်ပ...
05/08/2019

" ဝေသာလီပြည်အ ကြောင်း"

မင်္ဂလာရှိသော မြေမြတ်မဟာ ဗုဒ္ဓဂယာရှိ ဝေသာလီပြည်အကြောင်း
ဓမ္မမိတ်ဆွေများအတွက် သိမှတ်ဖွယ်ရာ တင်ပြလိုက်ပါတယ်။

ဝေသာလီပြည်

အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်မြောက်ပိုင်း ဗေဆာရမြို့တည်ရာအရပ်သည်
ဗုဒ္ဓဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အခါက ဝေသာလီပြည် တည်ရာဌာန ဖြစ်သော်လည်း ယခုအခါတွင်မူ ရှေးဟောင်းသုတေသနနေရာ တစ်ခုအနေဖြင့် တည်ရှိနေသည်။

ဘီစီ ၄၈၃ တွင် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ အာယုသင်္ခါရလွှတ်တော်မူခဲ့ရာ အရပ်ဖြစ်သလို၊ ဘီစီ ၃၈၃ တွင် ကာလောသောကမင်း ဦးဆောင်၍ ဒုတိယ သင်္ဂါယနာ ပြုလုပ်ခဲ့ရာ နေရာလည်းဖြစ်သည်။
တိုင်ထိပ်တွင် ခြင်္သေ့တစ်ကောင်ထိုင်နေဟန် ထွင်းထုထားသည့် အသောကကျောက်တိုင် မပျက်စီးပဲ ကျန်ရှိနေသော ကျောက်စာတိုင်များအနက် တစ်ခုဖြစ်သည်။

မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် မရောက်ခင်ကာလကဝေသာလီပြည်သည် ဝပြော၏၊ သာယာ၏။ များစွာသောလူတို့ဖြင့် ပြွမ်း၏။ လူတို့သည် အလှည့်အားဖြင့် မင်းပြုကုန်၏။ ဘုရားသခင်လက်ထက်တော်ကပင် လွန်စွာကြီးကျယ်ခမ်းနားသော တံတိုင်းသုံးထပ် အရံရှိသည့် မြို့တော်ဖြစ်သည်။
ရာဇဂြိုဟ်ပြည်နှင့်မူ ဂင်္ဂါမြစ်ခြား၍ ရှစ်ယူဇနာ ကွာဝေးသောဟူ၏။

မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် ရောက်သကာလ ဝေသာလီပြည်သည် မိုးခေါင်၏၊ ငတ်မွတ်၏၊ ကောက်ပဲသီးနှံတို့ညံ့ဖျင်း၏။ စွန့်ပစ်အပ်သော အကောင်ပုပ်တို့၏အနံ့ဖြင့် ဘီလူးတို့သည် မြို့သို့ဝင်ကုန်၏။ ထိုဘီလူးတို့ နှိပ်စက်သဖြင့် များစွာသောလူတို့သေကုန်၏။ အပုပ်နံ့တို့ကြောင့် လူတို့၌ ယင်းအနာ ကျရောက်လာလေသည်။ ဤသို့ ငတ်မွတ်သောဘေး၊ ဘီလူးဘေး၊ အနာဘေးအားဖြင့် ဘေးသုံးပါးတို့ကျရောက်သော် ဝေသာလီပြည်သူ ပြည်သားတို့ စည်းဝေး၍ ယင်းဘေးတို့မှလွတ်ရန် နည်းလမ်းရှာကြ၏။

မင်းတို့ တရားမစောင့်၍ ဘေးရောက်ရသလောဟု စစ်ကြောသောအခါ
မင်းတို့၌လည်း အပြစ်မမြင်၊ ဗလိနတ်စာ တင်ကြကုန်အံ့ဟု တိုင်ပင်ကာတင်ကြသော်လည်း ဘေးမငြိမ်းသဖြင့်မြတ်စွာဘုရားအား ဝေသာလီပြည်သို့ ပင့်ဖိတ်ရန် တိုင်ပင်ကြလေသည်။ ဘုရားသခင်သည် ထိုကာလ၌ ဗိမ္ဗိသာရမင်းအား ပဋိညာဉ်ကို ဖြေတော်မူလို၍ စတုတ္တဝါ ကပ်အံ့သောငှါ ဝါဆိုနေ့ နီးလတ်ချိန်မှစ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။

ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဘုရားသခင်အား ပင့်ရန် သောတပန်ဖြစ်သော မဟာလိမည်သည့် ဝဇ္ဇီမင်းနှင့် ပုရောဟိတ် ပုဏ္ဏားသားတို့ကို စေလွှတ်လိုက်လေသည်။

ဝေသာလီပြည်၌ ရတနာသုတ်ကို ဟောသဖြင့် ပရိတ်တော်၏ အာဏာတော်သည် စကြာဝဠာ ကမ္ဘာတစ်သိန်းနှံ့လတ္တံ၊ ဒေသနာအဆုံး၌ ၈၄ဝဝဝ ကုန်သောဝေနေယျတို့ အကျွတ်တရား ရကုန်လတ္တံ့၊ ထိုဘေးတို့သည်လည်း ငြိမ်းကုန်လတ္တံ့ဟုမြင်တော်မူသည့် အလျောက် ဝေသာလီပြည်သို့လိုက်ကြွတော်မူရန် ပင့်လျှောက်သည်ကို ဘုရားသခင် ဝန်ခံတော်မူလေသည်။

ဂင်္ဂါမြစ်ကို အထူးထူးသောအဆောင်အယောင်တို့ဖြင့် ဖြတ်ကူး၏။
ဘုရားသခင် ကြွလာတော်မူသည်ကို ဝဇ္ဇီမင်းများသည် လည်တိုင်အောင် ရေသို့သက်၍ ကြိုဆိုပင့်ဆောင်ကြလေသည်။ မြတ်စွာဘုရားသည် ဝေသာလီဘက်ကမ်းနားကိုနင်းကာမျှဖြင့် ကြီးစွာသောမိုးသည် တက်လတ်၍ ပေါက္ခရ မိုးကဲ့သို့ရွာ၏။ အလုံးစုံသောဝေသာလီတိုင်း၌ ပုဆစ်ဒူးမျှရှိသော ရေအယဉ်တို့သည် စီးကုန်လျက်ခပ်သိမ်းသောအရပ်၌
အကောင်ပုပ်တို့ ဂင်္ဂါမြစ်ထဲသို့ စီးဝင်ကြကုန်သဖြင့် မြေများ သန့်ရှင်းစင်ကြယ်လာလေသည်။

မြတ်စွာဘုရားလည်း ညချမ်းသောအခါ မြို့တံခါး၌ရပ်၍ အာနန္ဒာမထေရ်ကိုခေါ်ကာ ရတနာသုတ်ပရိတ်ကို တတ်အောင်သင်စေပြီးလျှင် မင်းသားပျိုတို့နှင့်တကွ ဝေသာလီပြည် တံတိုင်းသုံးထပ်တို့အကြား ပရိတ်ကိုရွတ်စေသည်။ ပဏိဓာနတော၊ ပဌာယတထာဂတဿ' အစရှိသောပါဌ်ဖြင့် ဆိုအပ်သော မြတ်စွာဘုရား၏ ဆယ်ပါးသောပါရမီတော် အစရှိသည့်အလုံးစုံသောမြတ်စွာဘုရား ကျေးဇူးတော် ဂုဏ်တော်တို့ကို ဆင်ခြင်၍
ဝေသာလီပြည်၏ တံတိုင်း သုံးထပ်အကြားတို့၌ ညဉ့်သုံးယံပတ်လုံး ပရိတ်တော်ရွတ်ခြင်းကို ပြုလျက်သွား၏။ ထိုအခါ ဘီလူးတို့လည်းထွက်ပြေးကြကုန်သည်။

ဘေးသုံးပါးမှ ကင်းငြိမ်းကုန်သော ဝေသာလီပြည်သားတို့သည် မြတ်စွာဘုရားအား မြို့လယ်၌ အထူးထူးစီမံအပ်သော မင်းကွန်းစရပ်ပင့်၍ ပူဇော်ကြကုန်၏။ မြတ်စွာဘုရားလည်း ပရိသတ်တို့အား ရတနာသုတ်ကိုပင် ဟောတော်မူသည်။ သိကြားနတ် စသောပရိသတ်တို့လည်းတရားတော်ကို နာကြားကုန်ရာ ဒေသနာတော်အဆုံး၌ ၈၄ဝဝဝ ကုန်သော ဝေနေယျတို့ အကျွတ်တရားရကြကုန်၏။

မြတ်စွာဘုရားလည်း ခုနစ်ရက်ပတ်လုံး ရတနာသုတ်ပရိတ်ကိုသာ ရွတ်တော်မူပြီးမှ ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူသည်။ ထိုအခါမှစ၍ ဝေသာလီပြည်အလုံးသည် သာယာဝပြောလာခဲ့လေသည်။ ဝေသာလီပြည်၌ ဘေးရန်ကင်းစေရန် ရတနာသုတ်ကို ဟောတော်မူပြီးနောက် မြတ်စွဘုရားသခင်သည် စတုတ္တဝါကို ရာဇဂြိုဟ်ပြည်၌ ဝါဆိုတော်မူသည်။ သက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် ပဉ္စမဝါကို ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာသို့ကြွ၍ ဝါကပ်တော်မူပြန်သည်။

ထိုသို့ ဝါကပ်တော်မူစဉ် မိထွေးတော်ဂေါတမီအမှူးရှိသော သာကီဝင်မင်းသမီးအပေါင်းတို့အား ရဟန်းအဖြစ်သို့ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် ဘိက္ခုနီာသနာကို ဝေသာလီပြည်၌ စခဲ့သည်ဟု ဆိုနိုင်သည်။

မြတ်စွာဘုရားသခင်သည် မာရ်နတ်သား၏ အာယုသင်္ခါရ လွှတ်တော်မူရန် လျှောက်ထားခြင်းကို လက်ခံတော်မူပြီးနောက်လည်း ဝေသာလီပြည် ကုဋာဂါရသာလာသို့ကြွ၍ ရဟန်းအပေါင်းတို့အား သာသနာတော်၏ ကာလအရှည် တည်ထွန်းပေရာသော အကြောင်းတရားကို ဟောတော်မူပြီးနောက် သုံးလအကြာတွင် ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူလေသည်။

ထို့နောက် မိုးသောက်သော် ဝေသာလီပြည်သို့ ဆွမ်းခံဝင်ကာ
ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ပရိနိဗ္ဗာန်စံလွန်တော်မူခါနီး ဆင်မင်း၏ ကြည့်ရှုတော်မူခြင်းဖြင့် ဝေသာလီပြည်အား ပြန်လှည့်ကြည့်တော်မူလေသည်။
ဘုရားသခင်သည် ဝေသာလီပြည်အား အဆုံးစွန်သောကြည့်ခြင်းဖြင့်
ကြည့်တော်မူသည့် အကြောင်းကား ပြည်သူပြည်သားတို့သည်
မကြာမြင့်မီ ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့။

ဘုရားသခင်ရပ်၍ ကြည့်တော်မူရာကို နာဂါပလောကိတ မည်သောစေတီတည်၍ ပူဇော်ကုန်လတ္တံ့။ ထိုပူဇော်ခြင်းသည် ကြာမြင့်စွာ သောကာလပတ်လုံး စီးပွားချမ်းသာဖြစ်ကြလတ္တံ့ ဟုကြံ၍ ကြည့်တော်မူခြင်းဖြစ်လေသည်။

ကိုးကား Wikipedia
=========================================


=========================================



" အသောက ကျောက်စာတိုင်အ ကြောင်း "အသောကကျောက်တိုင်များသည် ဘီစီ (၃) ရာစုတွင် အိန္ဒိယတိုက်ငယ်တစ်လျှောက် အသောကမင်း လက်ထက်တွင် ...
05/08/2019

" အသောက ကျောက်စာတိုင်အ ကြောင်း "

အသောကကျောက်တိုင်များသည် ဘီစီ (၃) ရာစုတွင် အိန္ဒိယတိုက်ငယ်တစ်လျှောက် အသောကမင်း လက်ထက်တွင် စိုက်ထူခဲ့သော ကျောက်တိုင်များ ဖြစ်သည်။ ထိုကျောက်စာတိုင်များတွင် အသောကမင်း၏ အမိန့်ပြန်တမ်းလည်း ဖော်ပြပါဝင်လျှက်ရှိသည်။ အသောကမင်းသည် ကျောက်တိုင်များကို ကိုယ်တိုင်စိုက်ထူခဲ့ပြီး ကျောက်တိုင် (၂၀) တွင် ယနေ့ထက်တိုင် အမိန့်ပြန်တမ်းများ ရှိနေတုန်း ဖြစ်သည်။

မိဂဒါဝုန်ဥယျာဉ်အတွင်းတွင် ထက်ပိုင်းကျိုးနေသည့် ကျောက်တိုင်ကြီးတစ်ခုအား ထိန်းသိမ်းပြသထားသည့် နေရာပါရှိသည်။ ထိုကျောက်စာ ထက်ပိုင်းကျိုးကြီးသည် အသောကကျောက်စာတိုင်ဖြစ်ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးမရရှိမီ ၁၉၃၅-၁၉၃၆ ခုနှစ်တွင် ကျောက်စာဝန် အလက်စန္ဒားကန်နင်ဂန်က တူးဖော်တွေ့ရှိခဲ့သော ကျောက်စာတိုင် ဖြစ်ပြီး ထူးဖော်တွေ့ရှိချိန်တွင် ကျောက်စာသည် နှစ်ပိုင်းကျိုးနေခဲ့သည်။

ကျောက်စာအကျိုး ထိပ်ပိုင်းကို ပြတိုက်တွင် ပြသထားသည်ဟု သိရှိရပြီး
မိဂဒါဝုန်ဥယျာဉ်အတွင်း မြင်နေရသည့် ကျောက်စာတိုင်သည် အောက်ပိုင်းဖြစ်သည်။

ခရစ်တော်မပေါ်မီ ဘီစီ ၂၃၅ ခုနှစ်မှ ၂၅၀ အတွင်း အသောကမင်းကြီးသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိခဲ့စဉ်က အဓိကကျခဲ့သည့် အမှတ်ရဖွယ်နေရာများတွင် ကျောက်စာတိုင်များ စိုက်ထူခဲ့သည်။ ကျောက်စာတိုင်များတွင် သက္ကဋ၊ ဗြဟ္မီနှင့် ဂရိအက္ခရာများ ရေးထိုးလေ့ရှိခဲ့ရာ
မိဂဒါဝုန်တွင် မြင်တွေ့နေရသည့် အသောကကျောက်စာတိုင်သည်
မူလက ၁၂ မီတာမြင့်ခဲ့ပြီး ကျောက်စာတိုင်ပေါ်တွင် သက္ကဋစာလုံးများ ရေးထိုးထားသည်။

ကျောက်စာတိုင်၏ အလယ်တွင် ဤနေရာသို့ လာရောက်သူမှန်သမျှသည် မြတ်စွာဘုရားရှင် သာသနာတော်ကို ဖျက်ဆီးမည့်သူများ မဖြစ်ကြစေဘဲသာသနာတော်ကို အားကျိုးမာန်တက် ထောက်ပံ့နိုင်မည့် သူများသာ ဖြစ်ကြပါစေ” ဟု ရေးထိုးထားကြောင်း အရှင်ပညာသိဒ္ဓိ (ဆင်းမ) ၏
”သံဝေဂယူရာ မြေမြတ်မဟာ” စာအုပ်တွင် ရေးသားထားသည်။

ကျောက်စာတိုင် ထိပ်ပိုင်းသည် လူ့ဘ၀ခန္ဓာကို ရည်ညွှန်းထားသော
ကြာပွင့်တစ်ပွင့်ကို ပုံဖော်ထားပြီး ကြာပွင့်၏ ပတ်လည်တွင် လိုင်းကြောင်းများရေးဆွဲထားသည်။ ထိုလိုင်းများသည် ရုပ်ခန္ဓာ အစုအအဝေးကို ပေါင်းစည်းထားသည့် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော အစရှိသည့်
၃၂ ကောဋ္ဌာသကို ရည်ညွှန်းသည့် လိုင်း ၃၂ ကြောင်း၊ ခန္ဓာလေးပါးကိုရည်ညွှန်းသော စကြာဝိုင်း လေးဝိုင်း၊ ထိုစကြာဝိုင်းတစ်ခုစီတွင် ပဋိစ္စသမုပ္ပါဒ် အနုလုံ ၁၂ ပါးနှင့် ပဋိလုံ ၁၂ ပါးကို ရည်ရွယ်လျက် လိုင်း ၂၄ ခု ဖြစ်ကြောင်း သိရှိ ရပါသည်။

အသောကကျောက်စာတိုင်များတွင် မြင်း၊ နွား၊ ဆင်နှင့် ခြင်္သေ့ရုပ်များကို တွေ့ရှိရလေ့ရှိရာ ထိုသတ္တ၀ါလေးကောင်သည် အသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းများကို ရည်ညွှန်းသည်ဟု ဆိုသည်။

မြင်းသည် သာသနာပြုလုပ်များ သွက်လက် လျင်မြန်ခြင်း၊ နွားသည် သာသနာပြုဝန်များကို ဆောင်နိုင်ခြင်း၊ ဆင်သည် အားအင်တောင့်တင်းခိုင်မာခြင်း၊ ခြင်္သေ့သည် ရဲရင့်ခြင်းတို့ကို ကိုယ်စားပြုထားခြင်းဖြစ်သည်။

အသောကမင်းကြီး နန်းသက် နှစ် ၂၀ တွင် အရှင်မောဂ္ဂလိ ပုတ္တတိဿ မထေရ်နှင့်အတူ ဗုဒ္ဓဂယာသို့ရောက်ရှိခဲ့သည်။ မင်းကြီးသည် ဘုရားရှင် သက်တော်ထင်ရှားရှိခဲ့စဉ်ကဟောကြားတော်မူခဲ့သည့် ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ကို အထိမ်းအမှတ်ပြုနိုင်ရန် မိမိအင်ပါရာအတွင်း စေတီပုထိုး ကျောင်းကန်များအပါအ၀င် သာသနိကဆိုင်ရာ လှူဒါန်းမှုများကို ပြုလုပ်လှူဒါန်းခဲ့ပြီး ကျောက်စာတိုင် များ စိုက်ထူခဲ့သည်။

ကိုးကား - Wikipedia ၊ မောင်သာ (ရှေးဟောင်းသုတေသန၏ ဆောင်းပါးများ)
=========================================

=========================================




=========================================



မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်းမှ လစဉ် ထွက်မယ့်ဘုန်းကြီးကျောင်းတည်း ဂါယာခရီးစဉ်လေး မိတ်ဆက်ပေးပါရစေရှင်  ....
05/08/2019

မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်းမှ လစဉ် ထွက်မယ့်ဘုန်းကြီးကျောင်းတည်း ဂါယာခရီးစဉ်လေး မိတ်ဆက်ပေးပါရစေရှင် ...

🚩 ခရီးစဉ်ထွက်ခွာမည့်နေ့တွေက 🚩

အောက်တိုဘာ ၂ ရက် - နိုဝင်ဘာ ၁၆ ရက်
အောက်တိုဘာ ၂၇ ရက် - နိုဝင်ဘာ ၁၀ ရက်
နိုဝင်ဘာ ၁၃ ရက် - နိုဝင်ဘာ ၂၇ ရက်
နိုဝင်ဘာ ၂၄ ရက် - ဒီဇင်ဘာ ၈ ရက်
ဒီဇင်ဘာ ၁၁ ရက် - ဒီဇင်ဘာ ၂၅ ရက်
ဒီဇင်ဘာ ၂၉ ရက် - ဇန်နဝါရီ ၁၂ ရက်
----------------------------------------------------
ခရီးစဉ်အားလုံးက -
📅 ၁၄ညအိပ် / ၁၅ရက် 📅
📅 ၁၀ညအိပ် / ၁၁ရက် 📅
📅 ၇ညအိပ် / ၈ရက် 📅
ခရီးစဉ်များဖြစ်ပြီး

ဈေးနှုန်းက
✨ (၁၂)သိန်း (၃)သောင်းကျပ် ✨
✨(၁၁)သိန်း (၃)သောင်းကျပ် ✨
✨ (၁၀)သိန်း (၃)သောင်းကျပ် ✨
ဘဲဖြစ်ပါတယ်
======================================
စရံငွေ (၁) သိန်းကြိုတင်ချထားရုံဖြင့် ကြိုက်တဲ့ခရီးစဉ်သွားလာခွင့်ရမှာဖြစ်သလို သြဂုတ်လ အတွင်းစာရင်းပေးသွင်းသူများကို (၃) သောင်းဆီထပ်လျှော့ပေးသွားအုန်းမှာဘဲဖြစ်ပါတယ်။

🍀ပါဝင်တဲ့ဝန်ဆောင်မှုတွေက🍀

✈️ရန်ကုန် - ဂါယာအသွားအပြန်လေယာဉ်လက်မှတ်
🥙မနက်စာ - နေ့လည်စာ - ညစာတို့အပြင် အဆာပြေမုန့်များ
🚌ခရီးစဉ်တလျှောက်အဲကွန်းလေအိတ်ကားများ
🎟ဝင်ကြေးများအားလုံး
🎗ခရီးသွားအာမခံ
🙋‍♂️မန်မာတိုးလီဒါ ၊ helper များ
👨‍🦲ခရီးစဉ်တလျှောက်တရားဟောကြားရှင်းပြပေးမည့်ဆရာတော်တစ်ပါး
🌷ဧည့်သည်တော်များကြာသင်္ကန်းကပ်လှူနိုင်ရန် ကြာသင်္ကန်း (၁)စုံ
📖ဘုရားစာစာအုပ်များ ၊ ခရီးဆောင်အိတ် (၁) လုံး ၊ ဘေးလွယ်အိတ် (၁) လုံး
🧢ယောဂီသဘက် ၊ ယောဂီလုံချည် ၊ ပုဆိုး ၊ ဦးထုပ် (၁)လုံး

ဆက်သွယ်ရန် -
မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း
ခရီးသွားလုပ်ငန်းလိုင်စင်အမှတ် - ခ/၃၉ ၈၄
ဖုန်း - 09 510 1128 / 09 42 778 8300 / 09 42 778 8400
လိပ်စာ - အမှတ် (၂၃၂ - ဘီ) ၊ သော်ကလမ်း ၊ မင်္ဂလာဒုံမြို့ နယ်။

" မြေမြတ်မဟာ ဗုဒ္ဓဂယာရှိ ဗာရာဏသီနှင့် ချောက်ကဏ္ဍီစေတီတော် အကြောင်း " ဗာရာဏသီ နှင့် ချောက်ကဏ္ဍီစေတီ အ ကြောင်း ဓမ္မမိတ်ဆွေများအတ...
04/08/2019

" မြေမြတ်မဟာ ဗုဒ္ဓဂယာရှိ ဗာရာဏသီနှင့် ချောက်ကဏ္ဍီစေတီတော် အကြောင်း "

ဗာရာဏသီ နှင့် ချောက်ကဏ္ဍီစေတီ အ ကြောင်း ဓမ္မမိတ်ဆွေများအတွက် ဗဟုသုတဖြစ် ဖွယ် အနည်းငယ် တင်ပြလိုက်ပါတယ်။

ဗမာလူမျိုးများသည် ဗာရာဏသီ ဟူသည့် အမည်ကို ငယ်စဉ်ကပင်ရင်းနှီးခဲ့ကြသည်။ ဖတ်ဖူးသည့်စာများ၊ ကြားဖူးသည့် ပုံပြင်များ၊ ပြောဖူးသည့် စကားများတွင် ဗာရာဏသီကို ဗြဟ္မဒတ်မင်းနဲ့တွဲလျက်ရင်းနှီးခဲ့ကြသည်။


ငယ်စဉ်ကပင် ကျွမ်းဝင်ခဲ့သည့် ဗာရာဏသီသည်
ဂယာမြို့၏ အနောက်ဘက်တည့်တည့် (၁၅၇) မိုင်ကွာဝေးသည်။
ဗာရာဏသီတွင် မြန်မာဗုဒ္ဓဂယာဘုရားဖူးများ သွားရောက်လေ့ရှိကြသည့် နေရာများမှာ -

ချောက်ခဏ္ဍီစေတီတော်၊
ဓမ္မရာဇိကစေတီ၊
ဓမ္မေခစေတီ၊
နန္ဒိယကျောင်းတော်ရာနှင့်
မူလဂန္ဓကုဋီစေတီတို့ဖြစ်ကြသည်။

ချောက်ကဏ္ဍီစေတီတော်

ဘုရားရှင်သည် ဗုဒ္ဓဂယာမှကြွလာခဲ့ရာ
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညနေခင်းတွင်
ဗာရာဏသီပြည်ရှိ ဣတိပထန မိဂဒါဝုန်တောသို့ရောက်ရှိခဲ့သည်။

ဘုရားလောင်းကို စွန့်ခွာခဲ့ပြီးနောက် ပဉ္စ၀ဂ္ဂီငါးပါး ဖြစ်လာကြမည့်
အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့သည် ဗာရာဏသီသို့ မြတ်ဗုဒ္ဓ ကြွလာသည်ကို မြင်ကြချိန်တွင်

“ငါ့ရှင်တို့၊ ရဟန်းဂေါတမ လာနေချေပြီ။
ပစ္စည်းလေးပါး လာဘ်ပေါများအောင်ကျင့်သူဖြစ်၍ ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ သပိတ် သင်္ကန်း ကမ်းယူခြင်းတို့ကို မပြုကြစတမ်း”ဟုဓိဋ္ဌာန်ထားကြသည်ကို ဘုရားရှင်ကသိတော်မူသည်။

ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီငါးပါး ဖြစ်လာကြမည့် ပုဂ္ဂိုလ်ငါးဦးကို စိတ်ညွတ်လျက် မေတ္တာပွားများတော်မူခဲ့သည်။ ဘုရားရှင်၏ ကြီးမားသောမေတ္တာတန်ခိုးတော်ကြောင့် ပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင် ရောက်ရှိလာချိန်တွင်
မိမိတို့အဓိဋ္ဌာန်ကို မေ့လျော့လျက် ဘုရားရှင်ကို ခရီးဦးကြိုခဲ့ကြသည်။
အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့ငါးပါးသည် ဘုရားရှင်၏ တရားတော်များကို ဦးစွာနာယူကြရပြီး ဗုဒ္ဓသာသနာတော်တွင် ပထမဆုံးအရိယာ ဖြစ်ခဲ့ကြသည်။

ငါးပါးဖြစ်သဖြင့် ပါဠိဘာသာဖြင့် ပဉ္စ၀ဂ္ဂီဟု ခေါ်ဆိုသည်။
ပါဠိဝေါဟာရ ပဉ္စသည် ငါး၊ ၀ဂ္ဂီသည် အစုဟု အဓိပ္ပါယ်ရှိသည်။

ဘုရားရှင်ကို ပဉ္စ၀ဂ္ဂီငါးပါးခရီးဦးကြိုခဲ့သည့်နေရာတွင် အာသောကမင်းကြီးသည် ခရစ်နှစ် ၂၅၀ ပြည့်နှစ်ဝန်းကျင်တွင် ချောက်ကဏ္ဍီစေတီတော်ကြီးကို တည်ထားခဲ့သည်။

ချောက်ကဏ္ဍီစေတီကို စတုခန္ဒီစေတီဟုလည်းခေါ်ဆိုကြပြီး ဗာရာဏသီမှ မိဂဒါဝုန်တောသို့လာသည့် ကားလမ်း၏ ၀ဲဘက်ခြမ်းတွင် တည်ရှိပြီး စေတီဝင်းတစ်ခုလုံးကို သံပန်းများဖြင့် ကာရံထားကာ စေတီတော်ကြီးကို ကားလမ်းပေါ်မှ ထင်ရှားစွာမြင်နေကြရသည်။

ကိုးကား - မောင်သာ (ရှေးဟောင်းသုတေသန၏ ဆောင်းပါးများ)

========================================

=========================================




=========================================



Address

ThawKa Street, Mingaladon Township
Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595101128

Website

Alerts

Be the first to know and let us send you an email when Myat Yadanar - မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Yadanar - မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း:

Share

လုပ်ငန်းအကျဉ်းချုံး

မြတ်ရတနာ ဗုဒ္ဓဂါယာဘုရားဖူးပို့ ဆောင်ရေးလုပ်ငန်း အကျဉ်းချုံးကိုပြောရမည်ဆိုပါက ကျွန်မတို့ မိခင်ကုမ္ပဏီဖြစ်သော ROYAL ACTIVE TRAVELS ကုမ္ပဏီမှ ထပ်မံမွေးဖွားလိုက်သော လုပ်ငန်းအသစ်တစ်ခု ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းလိုင်စင်အမှတ် (ခ/၃၉၈၄) ဖြင့် လုပ်ငန်းများကို ၂၀၁၇ မှစတင်စီမံဆောင်ရွက်နေပြီး နိုင်ငံခြားခရီးစဉ်များအဖြစ် စကာင်္ပူ ၊ ဘာလီ ၊ ဗီယက်နမ် ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ၊ ထိုင်ဝမ် တို့ကို အဖွဲ့ လိုက် အပြင် သီးသန့်တိုးများစီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ယခုကဲ့သို့ဗုဒ္ဓဂါယာ ဘုရားဖူးပို့ဆောင်ရေးဆောင်ရွက်ရခြင်းမှာ နှစ်စဉ်ဗုဒ္ဓဂါယာသို့သွားသည့်အခါ ကြုံတွေ့ ရသောမြန်မာလူမျိုးတို့ အတကွ် အခက်အခဲများကို တစ်တပ် တစ်အားဖြေနိုင်စေရန်နှင့် ခရီးစဉ်များကို လူနည်းနည်းဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရန်ရည်ရွယ်၍ မြန်မာလူမျိုးများအတကွ် လုပ်ငန်းရည်ရယ်ွချက်(၃)ခုဖြင့် ခရီးစဉ်များကို ပိုင်ရှင်ကိုယ်တိုင် လိုက်ပါပို့ ဆောင်ပေးပါသည်။


  • ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအားလုံးစိတ်အေးချမ်းသာစွာဘုရားဖူးမြှော်နိုင်စေရန်

  • ဈေးနှုန်းချိုသာစွာနှင့် ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာရှိစေရန်

  • ဗုဒ္ဓသာသနာတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်


  • You may also like