Htoo Nine Service Group Co . , Ltd

Htoo Nine Service Group Co . , Ltd International Air Ticketing , Domestic Air Ticketing ,World Wide Hotel Reservation , Visa Applicatio ခရီးသွားဝန်ဆောင်မူလုပ်ငန်း
(1)

01/10/2023

29/09/2023

27/09/2023
01/10/2023

27/09/2023

13/09/2023

မလေးရှားရှိ မိတ်ဆွေများ အမေးများကြတဲ့ စကားကို ကျွန်တော် လာရောက်ဖြေပေးခြင်းဖြစ်ပါတယ် ၊

အဲ့ ဒါကတော့ မြန်မာပြည်ပြန်ကြတဲ့ကိစ္စ ၊ မြန်မာပြည်ပြန်ဖို့ CI နဲ့ ပြန်လို့ရလား အောက်လမ်းက ပြန်လို့ရလား မေးကြသေသူများ ၊

CI လျှောက်ပြန်လျှင် မလေးအစိုးရ၏ တရားဝင် ဥပဒေပြထားတာ ၅ နှစ် ပြည်ဝင်ခွင့်မရှိပါဘူး ၊ ၅ နှစ်ပြည့်မှ ပြန်ဝင်လို့ရမှာပါ ၊

ဟုတ်ကဲ့...... ၅ နှစ်ပြည့်နေပါပြီ မလေးထဲ ပြန်သွားခြင်လို့ပါ ဗီဇာတင်ကြတယ် ဗီဇာ Reject ဖြစ်ကြတယ် ၊ ၅ နှစ်ပြည်သွားလို့ စိတ်ချလို့မရနိုင်ဘူး ၅ နှစ်လို့ သက်မှတ်ထားပေမဲ့ ၅ နှစ်ကျော် ၆ နှစ်လောက်မှ စိတ်ချရပါတယ် ၊

နောက်တစ်ခု....... CI အပြန်များ ပွဲစားတွေရဲ့ လိမ်လည်ပြောဆိုတဲ့ စကားနဲ့ ကျွန်တော့်ကို လက်ဗွေဖျောက်မရဘူးလား သူခြားလူမှာ ရတယ်တဲ့ ၊ CI လက်ဗွေကို ဖျောက်လို့မရဘူး ရပါတယ်ပြောတဲ့လူ မလေးလဝကမှာ သူ့အဖေရှိနေလျှင်တောင် ဖျောက်မရပါဘူး ၊ အရင်က မလေးလေဆိပ် လဝက အဝင်မှာ CI ပြန်များကို လိုင်းရိုက်သွင်ကြတာပါ ( အခုမရပါဘူး)

အဲ့တော့.......... ကျွန်တော့် မိတ်ဆွေများ မြန်မာပြည်ကို အပြီးပြန်တာလား (သို့) အလည်ပြန်တာလား ✴

အပြီးပြန်ကြသူများ အနေဖြင့် အကြောင်းမဟုတ်ပါဘူး ၊
အလည် အနေဖြင့်ပြန်ကြသူများ ကျွန်တော်ရှင်းပြတာလေးတော့ နားလည်သဘောပေါက်အောင် ဖတ်စေခြင်ပါတယ် ၊ ပြန်ဝင်လို့မရဘူးလားမေးလျှင် ရပါတယ် ၊ မလေး တိုက်ရိုက်မဟုတ်ပါဘူး ၊ သိလို မေးလိုပါက Cb မှာလာရောက်မေးနိုင်ပါတယ် စာဆက်ရန်ရှိသောကြောင့် စာဖတ်သူ စာရှည်သွားမှာဖြစ်လို့ပါ ၊

အောက်လမ်းက ပြန်ဖို့ စဥ်းစားကြသူများ .....
အလည်ဖြစ်စေ အပြီးပြန်သည်ဖြစ်စေ အကြောင်းကြောင့် မလေးကို ပြန်လာခြင်လို့ပါဆိုလျှင် အပေါ်လမ်းမှ တိုက်ရိုက် ဝင်လို့ရပါတယ် ၊
အောက်လမ်း အပြန်များ မေးလေ့ရှိတဲ့ စကား လမ်းလျှောက်ရလား ၊ တောတိုးရလား ၊ တောင်တက်ရလား ❓
ဒီမေးတဲ့ စကားကို ဖြေပေးခြင်တယ် လမ်းလျှောက်ရလားဆိုတော့ လမ်းဆိုတာ အတော်သင့်လျှောက်ကောင်းလျှောက်ရမှာဘဲ ကိုယ်သွားတာ အောက်လမ်းဖြစ်လို့ ✅
အဲ့ဒါကိုတော့ သတိပြုရမယ် ၊ တောတိုးရ တောင်တက်ရလားလို့မေးတဲ့ အမေးကတော့ ကိုယ်အပ်တဲ့ အေးဂျင့်ရဲ့ လမ်းကြောင်းမပိုင်နိုင်မူလို့ သက်မှတ်တယ် ၊ ကျွန်တော့် အနေနဲ့ပြောခြင်ဖြစ်လို့ Sorry ပါ ၊ ကျွန်တော်ပို့ပေးနေတဲ့ လမ်းကြောင်းမှာတော့ အဲ့လိုတွေတော့မရှိပါ ဒါကြောင့် ကျွန်တော့် လက်တွေ့အမြင်ဖြစ်လို့ ပြောလိုက်ခြင်ဖြစ်ပါတယ် ၊

အောက်လမ်းဖြင့် ပြန်ခြင်ကြသူများ အသေးစိတ်ကို Cb ဖြစ်စေ Viber ဖြစ်စေ လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ၊

အခု တင်ပြပေးလိုက်တဲ့ မြန်မာပြည် ပြန်ရန်အတွက်
CI နဲ့ အောက်လမ်းကိစ္စ
ပြန်လိုသည်ဖြစ်စေ ၊ မေးမြန်းသည်ဖြစ်စေ
☎ Hello လေးသာလုပ်လိုက်ပါ

+60147899331 / WhatsApp
+959798144231 / Viber / WhatsApp

ထူးခရီးသွား ဝန်ဆောင်မူ လုပ်ငန်း

တင်ဖို့မေ့နေသောနှစ်ယောက်  ရောက်ပြီ မလေးမြေကို
27/08/2023

တင်ဖို့မေ့နေသောနှစ်ယောက်
ရောက်ပြီ မလေးမြေကို

မုံရွာမိုးညှင်း သမ္ဗုဒ္ဓေဘုရား
17/08/2023

မုံရွာ
မိုးညှင်း သမ္ဗုဒ္ဓေဘုရား

07/07/2023
07/07/2023

*Malaysia Visa (ONLINE EVISA)

Visa Fee: 57USD
Stay - 30DAYS
Entry - Single
Duration - 3Days-5Days

**၂ပတ်ကြိုလျှောက်ပေးရမည်**

1/ 2" လက်မ ပတ်လည် နောက်ခံအဖြူ ဓါတ်ပုံ နှစ်ပုံ

2/ PV ပတ်စပို့ စာအုပ်

3/မှတ်ပုံတင် / အိမ်ထောင်စု မူရင်း နဲ့
နိုတြီ ပူးတွဲပါရှိရမည်

4/ လေယာဉ်လက်မှတ်အသွားအပြန် (လေယာဥ်လက်မှတ် အသွားအပြန် အစစ်ဖြစ်နေရမည်)

5/ မလေးရှာဖက်မှ ဖိတ်ခေါ်စာ နှင့်ဖိတ်ခေါ်သူ ရဲ့ ID Card (သို့)Request Letter

6/ Hotel Booking

7/ Bank Statement ပေးရမည် 6 လအတွင်း ငွေအဝင်ထွက်ရှိနေပြီး လက်ရှိ Bank Acc ထဲတွင် ငွေသား(သိန်း၂၀အထက်ရှိရမည်)

8/ Vaccine Card မူရင်းနှင့် နိုတြီ

06/07/2023

#မလေးရှား
calling အကြောင်းမပြောခင်
Calling အမျိုးစားနဲ ဗဟုသုတလေးမျှဝေပေးပါမယ်။
စာကရှည်မှာမို့ စာဖတ်ပျင်းသူတွေ/စိတ်မဝင်စားသူများ ကျော်သွားကျပါလို့ကြိုပြိးမေတ္တာရပ်ခံပါတယ်။

Calling visa.....
အဲ့ဒါကတာ့ ရှင်းပါတယ်။
အခုမြန်မာပြည်ကတရားဝင်အေးဂျင့်စိတွေခေါ်နေတဲ့အလုပ်အမျိုးအစား တွေပါပဲ။
စက်ရုံတွေ/ကုမ္မဏီတွေက ပြည်ပအလုပ်သမားခေါ်ယူမယ်ဆိုရင် (10)အထက်ခေါ်နိင်တာနဲ့
calling နဲ့ခေါ်လို့ရပါတယ်။
စက်ရုံတိုက်ရိုက်/ကုမ္မဏီတိုက်ရိုက် ခေါ်ကျတာပေါ့။
Calling visa ဆိုတဲ့ Calling နဲ့အလုပ်တွေက
အလုပ်သမားတွေရဲ့ ပက်စပိုစ့်စာအုပ်ကိုသူဌေးကသိမ်းထားပါတယ်။
ပါမစ်မိတ္တူလောက်ပဲ ပေးကိုင်ထားပါတယ်။
တကယ်လို့အပြင်မှာတခုခုဖြစ်ခဲ့ရင်တော့သူဌေးက
ဖြစ်စေ/တာဝန်ရှိသူကဖြစ်စေ
စာရွက်စာတမ်းမူရင်းတွေနဲ့လိုက်ရှင်းပေးတာပေါ့။
bank card ကိုလဲသူဌေးထောက်ခံချက်နဲ့လုပ်လို့ရပါတယ်။
အရင်ကတော့ ပက်စပိုစ့်စာအုပ်ကိုမသိမ်းပါဘူး။
လစာပိုရတဲ့အလုပ်တွေပြောင်းကျ/ထွက်ပြေးကျတော့နောက်ပိုင်းမှာ မူရင်းတွေသိမ်းကျတာပါ။
သူဌေးတွေဒီလိုတွေလုပ်ကျတော့အလုပ်အဆင်မပြေလဲ ပက်စပိုစ့်စာအုပ်လက်ထဲမှာမရှိတော့ ထွက်မပြေးရဲပဲကျိတ်မှိတ်လုပ်ရတာပေါ့

free calling ဆိုတာဘာလဲ.....
free calling နဲ့ free call (Zero cost) မတူဘူးနော်။
တချို့ပွဲစားတွေ/ လူလိမ်တွေအဲ့ဒါတောင်မသဲကွဲဘူး။သူများ ပြောတာနဲ့ကြားဖူးနားဝတွေနဲ့ ရမ်းပြောနေတာ fb မှာတွေ့ရတယ်။
ထားလိုက်တော့...လိုရင်းပဲဆက်သွားရအောင်

အဲ့လိုအခြေနေတွေကိုပွဲစားတွေ/အေးဂျင့်တွေကသိတော့ စားပေါက်တခုဖန်တီးလိုက်တယ်။
အဲ့ဒါကို free calling လို့ခေါ်သတဲ့😂😂😂
free calling ဆိုတာတကယ်တော့ ပွဲစားတွေရဲ့ စားပေါက်ထွင်လိုက်တဲ့အရာတခုပါပဲ။
free calling အမျိုးအစားက ပုံမှန် calling visa ထက်ဈေးပိုကြီးပါတယ်။
တခုထူးခြားအားသာချက်က ပက်စပိုစ့်စာအုပ်ကိုမိမိလက်ထဲကိုင်ပြိး ကိုယ်ကြိုက်တဲ့အလုပ်မှာလုပ်ပိုင်ခွင့်ရှိတယ်ပေါ့။
ဒါက တကယ်တော့တရားမဝင်ပါဘူး။
ပွဲစားတွေရဲ့ စားပေါက်ထွင်မူသက်သက်ပါပဲ။
ဘယ်လိုလဲဆိုတော့ သူတို့ရဲ့လုပ်ပုံလုပ်နည်းက
ဥပမာ....စက်ရုံတခုက အလုပ်သမား (10)ယောက်ခေါ်မယ်ဆိုရင်သူတို့က နိုင်ငံက immigration ဌာနမှာ(15)ယောက်လောက် ပိုပြပြိး ပိုတဲ့လူကို
free calling အဖြစ်ဖန်တီးလိုက်ပြိးပါမစ်ကပ်ပေးလိုက်တာပါ။
ဒီ free calling သမားက ပါမစ်ရပေမယ့်
ပါမစ်ထဲမှာပါတဲ့ လိပ်စာ/ကုမ္မဏီမှာအလုပ်မလုပ်ရပဲ ကိုယ့်ဘာသာအလုပ်ရှာလုပ်ရပါတယ်။
လူဟောင်းတွေအတွက်အခက်ခဲသိပ်မရှိပေမယ့်
လူသစ်တွေအတွက်တော့အခက်ခဲများစွာရှိပါတယ်။
နောက်ပြိး အလုပ်ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ
ပါမစ်သက်တမ်း တနှစ်ပြည့်တာနဲ့ကိုယ့်ပိုက်ဆံနဲ့ကိုယ်သက်တမ်းထပ်တိုးရပါမယ်။
နောက်တခုက အဆင်ပြေရာနေမှာအလုပ်ရှာလုပ်ရမှာဖြစ်လို့ အဖမ်းစီးနဲ့တိုးရင် ပါမစ်နေရာနဲ့အလုပ်အမျိုးအစားမတူညီတာမို့ တရာဝင်မဟုတ်ပါဘူးဆိုပြိးအဖမ်းခံရမှာပါ။
ဒီလို free calling ဆိုတာတွေအဖမ်းစီးခံရတာများလာတာမို့ အရင်ကမလေးရှားဝန်ကြီးကတောင်
free calling ဆိုတဲ့ကိုယ်လုပ်ချင်တဲ့နေရာတွေမှာအလုပ်လုပ်လို့ရတဲ့ပါမစ်မျိုး မလေးရှားမှာ မရှိပါဘူး / တရားမဝင်ပါဘူးလို့တောင် နိင်ငံပိုင်သတင်းစာတွေကနေတောင်ရှင်းပြ/ဖြေခဲ့ဖူးပါတယ်။
အခုလူတွေနားလည်သဘောက်ပေါက်ထားတာက
free calling ဆိုတာ ကြိုက်တဲ့့အလုပ်ကိုလုပ်လို့ရတယ်ပဲသိထားကျတယ်။
ပါမစ်ထပ််ကပ်ရတာမသိကျဘူး။
ပါမစ်ကြေးကိုမတွက်ကျဘူး။
ပါမစ်အမျိုးစားနဲ့အလုပ်လိပ်စာအတိုင်းပဲလုပ်ခွင့်ရှိတာမသိကျဘူး။
ဥပမာ....Free calling သမားတွေက service ပါမစ်ကပ်ထားတယ်ဆိုရင် စက်ရုံတို့စိုက်ပျိုးရေးတို့မှာလုပ်ခွင့်မရှိဘူး။
အဲ့လိုပဲ စိုက်ပျိုးရေးပါမစ်ဆိုရင်လဲ တခြားနေရာမှာလုပ်ခွင့်မရှိပြန်ဘူး။ပါမစ်အမျိုးအစားအရပဲလုပ်ခွင့်ရှိသလို ပါမစ်မှာပါတဲ့လိပ်စာမှာပဲလုပ်ရမယ်။
ပါမစ်မှာပါတဲ့အလုပ်အမျိုးအစားနဲ့လိပ်စာ တွေအတိုင်း မဟုတ်ပဲ အလုပ်နဲ့နေရာမတူညီပါက ရဲကဖမ်းမှာပါပဲ။
ပါမစ်ကုန်ခါနီးမို့ ပါမစ်သက်တမ်းထပ်တိုးမယ်ဆိုရင် ကိုယ်လာခဲ့တဲ့အေးဂျင့်စိမှာပဲ
တနှစ်တခါသက်တမ်းတိုးမယ်ဆိုရင်လဲ
အဲ့ဒီအေးဂျင့်/ပွဲစားက ပါမစ်သက်တမ်းတိုးခါနီးမှ အဆက်သွယ်မရတော့ရင် ပါမစ်ကုန်ပြီးအလိုလျောက်(အို) Overstay ဖြစ်ပြီ။
အလုပ်ရခဲ့ရင်လဲ အလုပ်သမားခံစားခွင့်တွေက calling visa နဲ့လာတဲ့လူတွေလို မရှိပါဘူး။
သဘောကတော့ ဒီမှာရှိနေတဲ့(အို)သမားတွေလိုပဲ အတူတူနီးပါးပါပဲ။
(သူဌေးပေါ်တော့မူတည်တာပေါ့)
free calling နဲ့လာမယ်ဆိုရင်တော့
သေချာမေးပါ
ပါမစ်အမျိုးအစားကဘာလဲ
ပါမစ်လိပ်စာကဘာလဲ
ပါမစ်သက်တမ်းတိုးရင်ဘယ်လောက်ကုန်ကျမလဲ
ပါမစ်သက်တမ်းတိုးဖို့အတွက်တာဝန်ဘယ်လိုယူလဲ
ရဲအဖမ်းအစီးနဲ့ကြုံခဲ့ရင် ဘယ်လိုတာဝန်ယူလဲ သေချာမေးပါ။
ဥပမာ....
ပါမစ်မှာပါတဲ့လိပ်စာက ပီနန်းဖြစ်နေပြိး ကိုယ်နေထိုင်အလုပ်လုပ်နေတဲ့နေရာက KL ဆိုရင် ရဲက သဘောတွေ့ပြိလေ😂😂
မလေးရှားမှာ အလုပ်တခုရှာရတာကလဲ အခက်ခဲရှိပါတယ်။လူလိမ်က ခပ်များများလေ။အဆက်သွယ်ကောင်းကောင်းမရှိရင်တကယ်မလွယ်ပါဘူး။
ဘာသာစကားကအစပေါ့
တချို့တွေရှိသေးတယ် E လိုရရင် အလုပ်ကလွယ်မယ်ထင်နေကျတာ။
မလေးရှားမှာ Eလိုပြောပြိးလုပ်ရတဲ့အလုပ်က မရှိသလောက်ပါပဲ။
ပုံမှန်အခြေခံလုပ်သားတွေအတွက်ကတော့ သူနိင်ငံဘာသာစကားက အဓိကပါပဲ။
တခြားသောအချက်တွေလဲအများကြီးကျန်ပါသေးတယ်။

Agent calling ဆိုတာဘာလဲ......
တချို့တွေလဲကြားဖူး/သိထားကျတယ်။
တချို့တွေလဲ မကြားဖူး/မသိကျဘူး။
Agent calling ကအလုပ်ရှင်ကတိုက်ရိုက်ခေါ်တာမဟုတ်ပဲ မေလးရွားက ပွဲစားဖြစ်စေ/Agent ကဖြစ်စေ ခေါ်လိုက်တာပါ။
ရောက်လာတဲ့အခါ ပွဲစားကအဆောင်မှာဖြစ်ဖြစ်ထားတယ်။
အလုပ်ကြိုချိတ်ထားတဲ့ Agent ဆိုရင်တော့အလုပ်တန်းရတယ်။
အလုပ်ကြိုမချိတ်ထားတဲ့ Agent ဆိုရင်တော့
ထားတဲ့နေရာမှာပဲ ဖြစ်သလိုကြုံသလိုနေ/ကွုံသလိုစားရတာမြိုးရှိပါတယျ။
မလေးရှားကအလုပ်ရှင်တွေက ပြည်ပအလုပ်သမားခေါ်ယူမယ်ဆိုရင်(10)ဦးထက်မနည်းခေါ်ရပါတယ်။
အဲ့လိုသတ်မှတ်ချက်အချို့ကိုမလုပ်နိင်တဲ့အလုပ်တွေ/လုပ်ငန်းအသေးတွေက အခုလို အလုပ်သမားရှာဖွေရေး Agent တွေကနေတဆင့်ခေါ်ကျပါတယ်။
Agent တွေဆိကအလုပ်သမားဌားရတဲ့သဘောပါ။
လစာကိစ္စကိုလဲ Agent နဲ့ပဲညှိပြိး Agent ကိုပဲပေးရပါတယ်။ Agent ကတဆင့်အလုပ်သမားကိုပြန်ပေးပါတယ်။
အဲ့အခါမွာ Agent ကလစဉ်/လတိုင်း
Agent/ပြဲစားခ ဖြတ်ယူပါတယ်။
ပြဲစား/Agent ကအလုပ်မလုပ်ပဲလတိုင်းအမြတ်ထွက်နေပါတယ်။
Agent တွေကလဲ ပိုရတဲ့အလုပ်မျိုးဆိူ အလုပ်သမားတွေကိုပြောင်းတာ/ ရွှေ့တာလဲရှိပါတယ်။
ပက်စပိုစ့်ကတော့ Agent သိမ်းထားပါတယ်။


အချိန်တခုပေးပြိး စိတ်ရင်းအခံဖြင့်ရေးသားမူကြောင့် မိတ်ဆွေ/ညီအကို/မောင်နှမများ
အသိဗဟုသုတ တိုးပွားပြိးအစစအရာရာအဆင်ပြေကျပါစေ......
ယခုစာသားကို
(ဖြည့်စွက်/ပြုပြင်ပေးရန်ရှိပါက ပြန်လည်မျှဝေပေးနိင်ပါသည်)
ယခုစာသားကို crd ပေး၍ မည်သည့်နေရာတွင်မဆို ထပ်မံဖော်ပြနိင်ပါသည်။
#ပုံကတော့
မလေးရှားရဲ့အထင်ကရ တခုဖြစ်တဲ့
KLCC ကိုတနေ့ငါဝယ်မယ်ဆိုတဲ့အကြည့်ပေါ့😇😇

co.,ltd

၂၁ ရက်  ၆ လပိုင်း ၂၀၂၃ ခုနှစ်အမှတ်တရ အနေဖြင့်ဓါတ်ပုံလေးကို လာရောက် သိမ်းထားခြင်းပါ ၊  ဘာမှ မပြောတော့ဘူး 😛ထပ်တူ ပျော်ပါတယ...
21/06/2023

၂၁ ရက် ၆ လပိုင်း ၂၀၂၃ ခုနှစ်
အမှတ်တရ အနေဖြင့်
ဓါတ်ပုံလေးကို လာရောက် သိမ်းထားခြင်းပါ ၊
ဘာမှ မပြောတော့ဘူး 😛
ထပ်တူ ပျော်ပါတယ် ညီမလေးတို့ အလုပ်ကိုင်များလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ် ။

ကျွန်တော်ရဲ့ သူငယ်ချင်း မိတ်ဆွေများ ခဗျားဘိတ် မြို့ရဲ့ ဒေသထွက် စားသောက်ကုန် များဖြစ်ကြတဲ့ငှက်သိုက်ငါးပိငါးပြာရည်ပုဇွန်ခြ...
19/06/2023

ကျွန်တော်ရဲ့ သူငယ်ချင်း မိတ်ဆွေများ ခဗျား

ဘိတ် မြို့ရဲ့ ဒေသထွက် စားသောက်ကုန် များဖြစ်ကြတဲ့

ငှက်သိုက်
ငါးပိ
ငါးပြာရည်
ပုဇွန်ခြောက်
ငါးခြောက် အမျိုးမျိုး နဲ့
ကမ်းဇော်ဆီ

၎င်းတို့အား အနယ်အရပ်ရပ်ကို အရောက်ပို့ဆောင်ရောင်းချပေးမည်ဖြစ်လို့ အားပေးကြမလား ခဗျား
ကျွန်တော့် သူငယ်ချင်း မိတ်ဆွေ သဂ်ဟအပေါင်းနှင့် Customer များ

တစ်ယောက်ခြင်းစီရဲ့ အဖြေ Comments

မလေးမြေကိုရောက်ပြီ အလုပ်ကြိုးစားကြပါ မလွယ်ကူတဲ့ ဘဝ အတွက်ရုန်းကန် ရတာ ပင်ပန်ပါတယ်
04/05/2023

မလေးမြေကိုရောက်ပြီ
အလုပ်ကြိုးစားကြပါ
မလွယ်ကူတဲ့ ဘဝ အတွက်
ရုန်းကန် ရတာ ပင်ပန်ပါတယ်

07/10/2022

ကြေငြာချက်

ကျွန်တော့် ရုံးခန်းအား ဆက်သွယ်မေးမြန်ကြသူများနဲ့ အလုပ်ကိစ္စရှိလို့ လာရောက်လိုသူများ ခဗျား

သီတင်းကျွတ် ရုံးပိတ်ရက် 6/7/8/9/10
၅ရက်ပိတ်ပါသည် ။

Htoo Nine Services Group Co.,Ltd

27 / 9 / 2022Visit to Malaysia
28/09/2022

27 / 9 / 2022
Visit to Malaysia

18/9/2022Thiland to Malaysia
28/09/2022

18/9/2022
Thiland to Malaysia

Address

261(5FL) , MinNanDar Street , DawBon
Yangon
1125

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:05

Telephone

+959798144231

Alerts

Be the first to know and let us send you an email when Htoo Nine Service Group Co . , Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo Nine Service Group Co . , Ltd:

Videos

Share

Category


Other Travel Companies in Yangon

Show All