Zambu Shwesin Travels & Tours

Zambu Shwesin Travels & Tours ချစ်သောဧည့်သည်တော်များ ခရီးသွားရန် အကောင်းဆုံးတွေထဲက တစ်ခု
(35)

🍁🙏🌹လွမ်းထှာ🥰မွေးနေခရီစဉ်တွေ……ဒိလိုတွေသွားခဲတာ…..
09/07/2023

🍁🙏🌹လွမ်းထှာ

🥰မွေးနေခရီစဉ်တွေ……ဒိလိုတွေသွားခဲတာ…..

07/01/2022
🥰အချစ်တို.ရေ🦋Zambushwesin -Myanmar  Expressh လေးကိုလဲအားပေးကြလို🌹Happy  New  Year  -နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေလို...
07/01/2022

🥰အချစ်တို.ရေ

🦋Zambushwesin -Myanmar Expressh လေးကိုလဲအားပေးကြလို

🌹Happy New Year -နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေလိုဆုတောင်းမေတ္တာပိုသလိုက်ပါတယ်နော်🙏🙏🙏

🍁US --Canada--UK-အစရှိသဖြင်နိုင်ငံပေါင်စုံကိုDHL,Airmail,EMS....တိုဖြ င့် ပိုဆောင်ပေးနေပါကြောင့်သတင်းကောင်းပါအပိပါတယ်ရှင်

Myanmar- US(all state-DHL)

🍀1lb-11lb: 10$
12lb-22lb: 8$
23lb-33lb: 6$
34lb-44lb: 5$
45lb-55lb: 5$
55lb-66lb: 4.5$ ဖြင့် ပုံမှန်အတိုင်းပြန်လည် လက်ခံပိုဆောင်ပေးနေပါ ပြီရှင်၊ အားပေးကြပါအုံးနော်

🦋အချစ်တိုရဲ့အားပေး ယုံ ကြည် မူတွေကြောင့်သာ ရေရှေးရပ်တည်နိုင်ခဲတဲ့အတွက်ကျေးဇူး လဲ့အများကြီးတင်ပါတယ်

🍔🍟လိုအပ်တဲ့နေ၇ာတွေ . ကိုလဲလူဒါန်း၊ လူသားချင်းရိုင်းပင်း ကူညီနိုင်ခဲ့မူတွေကြောင့်လဲ့ ထပ်ဆင်ကျေးဇူးကမ္ဘာပါရှင်

🍓Door to Doorအိမ်အရောက် ဝန်ဆောင်မူဖြင့် ပိုဆောင်ပေးနေပါပြိရှင်🙏🙏

👉ကြာ ချိနိ ( 7 days- 14 days)
Box –weight 4lb ပါထည် သွင်းချိန်ပါမယ်ရှင်
လူကြီးမင်းတိုလာမည်ဆိုလျင်ဖုန်းဖြင့် ကြန့် ကြာမူ မရှိစေရန် အရင်ဆက်သွယ်စေချင်ပါတယ်ရှင်

👌ဆက်သွယ်ရမည်လိပ်စာ
အမှတ်496၊ ပထမထပ် ၊ ကမ်းနာလမ်းမ၊သီရီမင်္ဂလာစျေးဟောင်းရှေ့ ၊ ကြည်မြင်တိုင်၊( UAB Bank ခြေရင်း)၊ ရန်ကုန်တိုင်း

☎️ဖုန်း-01..221443၊095024269
Viber- 095024269
ရုံးချိန်း-10း00 am-5း00 pm
Email- [email protected]
☎️US phone- ( 443 3815 5956)
(347 209 92450)

💕Ps-သိလိုသမျှကို viber. Ygn-pnone၊ zambushwesin -myanmar express. Page တွင်မေးမြန်စုံစမ်းနိုင်ပါသည်၊ US-phone ကို ရုံးချိန်တွင်စာပိုမေး မြန်းနိုင်ပြီ ရုံးချိန် ပြင်ပတွင်ဖုန်းခေါဆိုနိုင်ပါတယ်ရှင်

🍀အားပေးမူတွေအတွက်တဦးတယောက်ချင်ဆီတိုင်ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်🥰

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”  ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောက...
18/11/2021

“တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့”

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် …တန်ဆောင်မုန်းလပည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။

“သာမညဖလ” ၏ အဓိပ္ပာယ်မှာ
“ရဟန်းပြုရခြင်း၏အကျိုး” ဟု
အဓိပ္ပာယ်ရသည်။
ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း
ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို
ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။
သာမညဖလသုတ်သည်

လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။ မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို ဤသုတ္တန်ဖြင့်
ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည်
အသိဉာဏ်နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကိုခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိလေသည်။

ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။
ဆင်းတု၊စေတီ၊ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးမှာ ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်းခံရသလို ဝေဒနာခံစားရသည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ တန်ဆောင်မုန်းလပြည့်
ညတစ်ညမှာ အဇာတသတ်မင်းသည်
မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင်
ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်ကြည်နူးသာယာဖွယ် ကောင်းလှသည့် တန်ဆောင်မုန်းလပြည့် ညအလှကို ကြည့်ရှုခံစားပြီး …

“မွေ့လျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား …
ရှုချင်စဖွယ်ကောင်းလှသော ညတစ်ညပါတကား” ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက …

“ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ်
စိတ်တော် ကြည်လင်နိုင်မည်နည်း”ဟု မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီးခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။ ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿ ပဆရာကြီးက
အကိရိယဝါဒ…
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကသကေမျဗလဆရာကွီးက နတ်ထိကဝါဒ…
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ…
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ…
မပြုမပြင် ဝါဒသမား ဖြစ်သည်။ ပြုလည်းမပြု ၊ ပြင်လည်း
မပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ…
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ…
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန် ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက ဘုရင့်အနီးမှာယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို ယောက်ျားအသွင် ဝတ်ဆင်စေပြီး
လိုက်ပါစေသည်။ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ် အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါစောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။

ဘုရားကျောင်းတော်သို့သွားသောအခါ …

-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊ တောရိပ်၊ သစ်ရိပ် ဖုံးအုပ်နေသဖြင့် အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးးမီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။

မီးရှူးမီးတိုင်ကို
ပေါရာဏ ဝေါဟာရအားဖြင့် “တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံအရံပရိသတ်တို့ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်သည်။ အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီးသူသိလိုသော အကြောင်းအရာများကို လျှောက်ထားလေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလား ဘုရား။ တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍ ဝေ့လည်ချောင်ပတ်
လုပ်ကြပါသည်ဘုရား။”

ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်လက်ငင်းအကျိုးကိုမေးလျှောက်သည်။ဘုရားရှင်၏အဖြေကို ချုပ်၍ တင်ပြရလျှင် ………

“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သောအကျိုး” တို့မှာ-……

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း အကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ
ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့်
ပြည့်စုံသဖြင့် အပါယ်လေးပါးမှ
ကင်းဝေးရခြင်းအကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကို
ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊
ကစားပွဲအမျိုးမျိုး၊
မကောင်းသောစကားအမျိုးမျိုးတို့မှ
ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍
မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ
ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး
အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောဂ-စားဝတ်နေရေး
ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ
ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍
မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။

ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။

ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊ ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌ ....
“ဝိဇိတာဝီ အမည်ြဖင့်
ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင် ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီးတည်ထားခဲ့သည်။

ဗုဒ္ဓသာသနာနှစ်ကို
အတိအကျသတ်မှတ်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့်
ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးဖြစ်သည်။

နောင်အခါ သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ် သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော ပွဲတော်များသည် ……

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့်
တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု
ဆိုရပေတော့မည်။ ။

ခရက်ဒစ်ပါ

ဗဟုသုတ ရရှိပါစေ

-
【စာရိုက်ပူဇော်သူ - Admin Team of Association
အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by►www.facebook.comyoungbuddhist
association.mm

ဓမ္မဖြင့်ပူဇော်ပါ၏။ 💬

24/06/2021

☘️☘️☘️မဟာသမယအခါတော်နေ့ပူဇာမင်္ဂလာ☘️☘️☘️

နယုန်လပြည့်နေ့
☘️☘️☘️☘️☘️☘️☘️

ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထား၍ပြု
အပ်သော လစဉ်လပြည့်အခါတော်နေ့တို့မှာ...

၁☘️နှစ်သစ်မင်္ဂလာ အခါတော်နေ့

၂☘️ကဆုန်လပြည့် _ ဗုဒ္ဓ အခါတော်နေ့

၃☘️နယုန်လပြည့် _ မဟာသမယ အခါတော်နေ့

၄☘️ဝါဆိုလပြည့် _ ဓမ္မစကြာ အခါတော်နေ့

၅☘️ဝါခေါင်လပြည့် _ မေတ္တာ အခါတော်နေ့

၆☘️တော်သလင်းလပြည့်_ ဂရုဓမ္မ အခါတော်နေ့

၇☘️သီတင်းကျွတ်လပြည့် - အဘိဓမ္မာအခါတော်နေ့

၈☘️တန်ဆောင်မုန်းလပြည့် _သာမညဖလ အခါတော်နေ့

၉☘️နတ်တော်လပြည့် _ ဓမ္မ စာဆိုတော်များနေ့

၁၀☘️ပြာသိုလပြည့် _ ရှင်တစ်ထောင်အခါတော်နေ့

၁၁☘️တပိုတွဲလပြည့် _ သြဝါဒပါတိမောက်အခါတော်နေ့

၁၂☘️တပေါင်းလပြည့် _ မြတ်ဗုဒ္ဓ ပြည်တော်ပြန် အခါ
တော်နေ့

ဤသို့အားဖြင့် အခါတော်နေ့များအား

အလေးထားလျှက် လစဉ်လပြည့် ပြုလေ့ရှိရာတွင် ယခု

နယုန်လပြည့်နေ့သည်ကား မဟာသမယ အခါတော်နေ့

ဖြစ်သည့်အတွက် ရိုသေဦးခိုက်ပူဇော်ထိုက်သော နေ့

တစ်နေ့ အဖြစ်တင်ပြအပ်ပါသည်။

နယုန်လပြည့်နေ့၏ ထူးခြားချက်တို့မှာ …

နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ငြိမ်းချမ်း

ရေးမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သော သမိုင်းဝင်နေ့ထူး

နေ့မြတ်ဖြစ်ကြောင်း အထူးသတိပြုသင့်ပါသည်။

မြတ်ဗုဒ္ဓသည် ထိုနေ့၌ပင်ကပိလဝတ်ပြည် မဟာဝုန်တော

ကြီးအတွင်း " မဟာသမယသုတ် " ဒေသနာတော်ကို

ဟောကြားတော်မူခြင်း အကြောင်းပြု၍ နယုန်လပြည့်

နေ့၌ မဟာသမယအခါတော်ပွဲ ကျင်းပကြခြင်းဖြစ်သည်။

အခြားသောထူးခြားချက်တို့မှာ..

၁☘️ရေလုပွဲကြီးဆင်နွှဲကြသော တောင်သူလယ်
သမားတို့ငြင်းခုံ ခိုက်ရန်ဘေးမှ ကင်းဝေရ
သော နယုန်လပြည့်နေ့

၂☘️ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့်ဘေးအန္တရာယ်မှ ကင်းဝေးပြီး
ငြိမ်းချမ်းရေးရသော နယုန်လပြည့်နေ့

၃☘️နတ်ဗြဟ္မာ အသူရာနှင့် ဂဠုံ နဂါးများ ရဟန်း
တော်များဘုရားရှင် လက်ထက်တွင် ဤတစ်
ကြိမ်သာစုရုံးမိသော နယုန်လပြည့်နေ့

၄☘️သာကီဝင်မင်းသားငါးရာတို့ သာသနာဘောင်သို့
ဝင်ရောက်သော နယုန်လပြည့်နေ့

၅☘️ရဟန်းတော်ငါးရာလုံး ရဟန္တာချည်းဖြစ်သော
နယုန်လပြည့်နေ့

၆☘️နိမ္မိတ ဘုရားမေး၍ ပကတိဘုရားဖြေဆိုသည်
ကို နာရသော နယုန်လပြည့်နေ့

၇☘️မဟာသမယ ကိုအကြောင်းပြု၍ ဂဠုံ နှင့်
နဂါးတို့ ခိုက်ရန် မဖက် မေတ္တာသက်ဝင်သော
နယုန်လပြည့်နေ့

၈☘️မဟာသမယ ဆိုင်ရာ သုတ္တန်- ၇ - မျိုးတို့ကို
ဟောကြားသော နယုန်လပြည့်နေ့

၉☘️ဘိက္ခုနီသာသနာ လမ်းစပေါ်သော
နယုန်လပြည့်နေ့

ဤကဲ့သို့ထူးခြားမှုကို အာရုံပြု ၍ ဗုဒ္ဓဘာသာ
ဝင်တိုင်းက နယုန်လပြည့်နေ့ကို မဟာသမယ
အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပူဇော်ကျင်းပ
ပြုလုပ်နိုင်ကြရန်နှိုးဆော်ကြပါသည်။

☘️မဟာသမယသမိုင်း အကျဉ်း☘️

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်

အခါက အိန္ဒိယနိုင်ငံတွင် ကပိလဝတ်ပြည်မှ

လယ်သမားများနှင့် ကောလိယပြည်မှ လယ်

သမားတို့ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍

ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဖူး၏ ။လယ်သမား

များအားအကြောင်းပြု၍ နှစ်ဖက် နှစ်နိုင်ငံမှ

မင်းညီ မင်းသားများနှင့် စစ်သည်တော်များ

သည်လည်းရောဟိဏီမြစ်ရှိရာသို့ရောက်ရှိလာကြ၏။

နှစ်ဖက် နှစ်နိုင်ငံမှ လူအများတို့သည် တုတ် ၊ဓါး ၊

လက်နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့်

အခြေအနေသို့ရောက်ရှိနေကြ၏။

ထိုနေ့ နယုန်လပြည့်နေ့ အရုဏ်ချိန်တက်တွင်

မြတ်စွာဘုရားသည် မဟာဂရုဏာသခင် ဘုရားရှင်တို့၏

ထုံးတမ်းစဥ်လာအရ ဒီနေ့ အဘယ်ဝေနေယျတို့အား ခြွေ

ချွတ်ရပါအံ့နည်းဟု သဗ္ဗညုရွှေဥာဏ်တော် ကွန်ယက်

ဖြန့်ကျက်ကြည့်ရှုသည့်အခါ နယုန်လပြည့်နေ့ နံနက်ပိုင်း

၌ ရောဟိဏီမြစ်ကမ်းသောင်ယံ၌ ကောလိယနှင့်ကပ္ပိလ

နှစ်ပြည်ထောင်သား ဆွေမျိုးများတို့ စစ်ပွဲကြီး ဆင်နွှဲတို

က် ခိုက်ကြကာ အသက်များစွာသေကြေပျက်စီးအချည်း

နှီး ဖြစ်ကြတော့မည်ကို မြင်တော်မူ၍ ရောဟိဏီမြစ်ကမ်း

ဆီသို့ ကောင်းကင်ခရီးဖြင့် ကြွရောက်တော်မူခဲ့ပါသည်။

ယင်းပဋိပက္ခ ဖြစ်သည့်နေရာသို့ မြတ်ဗုဒ္ဓရောက်ရှိ

လာပြီးငြိမ်းချမ်းရေးကို ရှေးရှု၍ အောက်ပါဝတ္ထုများကို

သာဓကထုတ်၍ငြိမ်းချမ်းရေးတရားများကို ဟောတော်မူ

ခဲ့လေသည် ။

၁☘️ဝက်ဝံ နှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍
နှစ်ဦးသားပျက်စီးကြပုံ _ ဖန္ဒန ဇာတ်

၂☘️မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်
ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား
၍ တိရစ္ဆာန်များအပြေးမှားပြီး ဆင်းရဲ ဒုက္ခ
ရောက်ကြရပုံ -ဒုဒ္ဒုဘဇာတ်(ပထဝီဥ​​​ြန္ဒိယဇာတ်)

၃☘️အားသေးသော နှံစုတ်ငှက်မက အားကြီးသော
ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူအထင်
မသေးသင့်ပုံ_ လဋုကိကဇာတ်

၄☘️ညီညွတ်စဉ်အခါက ရန်သူ၏ လက်မှလွတ်
မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း
မညီ မညွတ်ဖြစ်သောအခါငုံးငှက်များမုတ်ဆိုး
၏ ပိုက်ကွန်၌ အမိခံရပုံ_သမ္မောဒမာနဇာတ်

၅☘️သက်မဲ့ဖြစ်သောသစ်ပင်များပင် တစ်စုတစ်ဝေး
တည်းနေ၍ လေဘေးအန္တရာယ်မှ ကင်းဝေး
နိုင်ပုံ _ ရုက္ခ ဓမ္မဇာတ်

၆☘️မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် "အတ္တဒဏ္ဍ "
သုတ်ကို ထုတ်ဆောင်ဟောပြ ဆုံးမတော်မူ
သည် ။

အထက်ပါ သာဓက - ၆ -မျိုးကို နာကြားရသောအခါ

နှစ်ဖက်သောတိုင်းပြည်မှ လယ်သမားများနှင့် မင်းညီ

မင်းသား စစ်သည်တော်များတစ်ဖက်လျှင် (၂၅၀)စီ

နှစ်ပြည်ထောင်မှ မင်းညီ မင်းသား( ၅၀၀)တို့ဒေါသမီး

ငြိမ်းစေကာ လက်နက်များကိုစွန့်ပယ်၍ မေတ္တာဓာတ်များ

အချင်းချင်းသက်ဝင်လာကြကုန်​၏။ထို့နောက်သာသနာ့

ဘောင်သို့ဝင်၍ ရဟန်းပြု ကြကုန်၏။

ထိုရဟန်းတော်များသည် ဇနီမယားတို့ကိုအောက်မေ့

တမ်းတ သတိရပြီး သာသနဘောင်၌မပျော်မွေ့နိုင်ဘဲ

ရှိကြလေရာ မြတ်ဗုဒ္ဓက ဟိမဝန္တာတောအတွင်း ကုဏ္ဍာလ

ရေအိုင်သို့တန်ခိုးတော်ဖြင့်ခေါ်ဆောင်၍ ကုဏ္ဍာလငှက်

မင်း၏ဇာတ်ကြောင်းကို ဟောတော်မူပါသည်။ တရားအ

ဆုံး၌ ရဟန်းတော်ငါးရာလုံး သောတာပန် ဖြစ်တော်မူကြ

ပါသည် ။

မြတ်ဗုဒ္ဓသည် ကုဏ္ဍာလရေအိုင်မှ ကပိလဝတ်ပြ

ည်အနီး မဟာဝုန်တောကြီးသို့ပြန်လည်ကြွတော်မူရာ

အပြန်ခရီးတွင် သောတာပန် ရဟန်းငါးရာလုံးတို့မှာ

မိမိတို့၏တန်ခိုးတော်ဖြင့်လိုက်ပါလာကြကုန်၏။

ထိုမဟာဝုန်တော်ကြီး၌တရားတော်ကို ဆက်လက်အား

ထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း ဖြစ်တော်မူ

ကြပါသည်။ ရဟန်းငါးရာတို့သည် မိမိတို့ရရှိပြီးသော

တရားထူးကို လျောက်ထားရန်နှင့် မြတ်ဗုဒ္ဓကို ဖူးမြော်

ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်ဗုဒ္ဓ ထံသို့

စုရုံးရောက်ရှိလာကြကုန်၏ ။ဤသို့ထူးခြားသော သံဃာ

အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုလိုကြကုန်သော

နတ် ဗြဟ္မာ အသုရာနှင့် ဂဠုံ နဂါးတို့သည် မဟာဝုန်တော

ကြီးသို့အုပ်စုလိုက် စုရုံးရောက်ရှိလာကြကုန်၏။

ဘုရားရှင်လက်ထက်တော်အခါက " နယုန်လပြည့်

နေ့" တွင် ဤ ကဲ့သို့သောနတ်ဗြဟ္မာများစုရုံးစည်းဝေးမိ

သောအချိန်ကို …" မဟာသမယ " ဟုခေါ်ဆိုပါသည်။

ထိုနတ်သဘင်အစည်းအဝေး၌ နတ်ဗြဟ္မာ တွေက

တစ်လှည့်စီ တစ်လှည့်စီ ဘုရားရှင်ကို အနီးကပ်ဖူးမြော်

ကြသည့်အခါ ထို နတ် ဗြဟ္မာများအား မြတ်စွာဘုရားမှ

စစ်သည်ရဟန္တာ (၅၀၀)တို့နှင့် မိတ်ဆက်ပေး၍ ချစ်သား

တို့..ဟောဒီနတ် ဟောဒီဗြဟ္မာတွေကတော့ ဘယ်ဘုံမှာနေ

တယ် ဘယ်လိုတန်ခိုးဣဒ္ဓိပါဒ်တွေရှိတယ် အခြံအရံတွေ

ကလည်း ဘယ်လောက်များတယ်၊ နာမည်ကတော့

ဘယ်လိုခေါ်တယ် စသဖြင့်ထုတ်ဖော်ဟောပြောခဲ့လို့

မဟာသမယသုတ်တော်ဆိုတာ ပေါ်ပေါက်ခဲ့ရလေ၏။

ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို

ထုတ်ဖော်မြွှက်ကြား နုတ်ခွန်း ဆက်သောအားဖြင့် မိန့်

ကြားသော စကားတော်များကို မဟာသမယသုတ်ဟု

ခေါ်ဆိုရပါသည်။

မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက်

စရိုက်အားလျှော်စွာ အောက်ပါ သုတ်တော်များကို

ဆက်လက် ဟောကြားတော်မူပါသည်။

၁🌸ရာဂစရိုက်အားကြီးသူအတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။

၂🌸ဒေါသစရိုက်အားကြီးသူအတွက် ကလဟဝိဒါဒသုတ်။

၃🌸မောဟစရိုက်အားကြီးသူအတွက် မဟာဗျူဟသုတ်။

၄🌸ဝိတက်စရိုက်အားကြီးသူအတွက် စူဠဗျူဟသုတ်။

၅🌸သဒ္ဓါစရိုက်အားကြီးသူအတွက် တု၀ဋကသုတ်။

၆🌸ပညာစရိုက်အားကြီးသူအတွက် ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်း၀င်ကြလေသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဘတ်နေပါက နတ်များ၏ချစ်ခင်မှုကို ခံရကြောင်း၊ အိမ်သစ်, တိုက်သစ်, နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင့် အဋ္ဌကထာဆရာက ပြဆိုထားပါသည်။ (ဣဒံ ပန မဟာသမယသုတ္တံ နာမ ဒေ၀တာနံ ပိယံ မနာပံ၊ တသ္မာ မင်္ဂလံ ၀ဒန္တေန အဘိန၀ဌာနေသု ဣဒမေ၀ သုတ္တံ ၀တ္တဗ္ဗံ။ ဒီ၊ ဌ၊ ၂၊ နှာ၊ ၂၈၇။)

🍀ဒီမဟာသမယသုတ်တော်သည် နတ်ဗြဟ္မာတို့ အလွန်ချစ်ခင် ကြည်ညိုတဲ့ သုတ်တော်ဖြစ်လို့ နတ်ချစ်ဆေးဟုပင်တင်စားခေါ်ဝေါ်ကြပါတယ်။🍀


"နယုန်လပြည့် မဟာသမယ အခါ
တော်နေ့ " ဂုဏ ပူဇာ မင်္ဂလာ ကို ဤစာစုဖြင့်
ဦးခိုက် ပူဇော်လိုက်ပါ၏ ။

#မူရင်းရေးသားပူဇော်သူအပေါင်းအားဦးတင်ရှိခိုးပါ​၏။

🌹Myanmar -   USA 🇺🇸....(all state)Door to Door  service ဖြင့်အိမ်အရောက် ဝန်ဆောင်မူဖြင်ပစ္စည်လေးတွေမှာလိုရပါပြိရှင်....🌸မ...
01/05/2021

🌹Myanmar - USA 🇺🇸....(all state)
Door to Door service ဖြင့်အိမ်အရောက် ဝန်ဆောင်မူဖြင်ပစ္စည်လေးတွေမှာလိုရပါပြိရှင်....

🌸မြန်မာအစားအသောက်လွမ်းနေပါသော်.
အမေရိကားရောက် မြန်မာပြည်သူများအတွက်အကောင်ဆုံးနဲစိတ်အချရဆုံ အမြန်ဆုံး ဖြင့် ဝန်ဆောင် မူပေးနေပါပြိရှင်

🙏Zambushwesin -Myanmar Express ဝင်လည်ဝင်ရောက်ကြည်ရူလေ့လာနိုင်ပါသည်ရှင်
စိတိဝင်စားရင်-☎️095024269ကို
Hello လေသာလုပ်လိုက်ပါနော်အချစ်တို့ရေ

66lb-30kgတဗုံပြည်ရင် ရန်ကုန်-မြို အတွင်း down town အိမ်အရောက်လာယူပေးပါမယ်ရှင့်....🙏🙏🙏
အားပေးကြပါအုံးရှင်

27/06/2020
မင်္ဂလာပါ ဇမ္ဗူရွှေစင် ဧည်သည်တော်များရှင့် ………….အိန္ဒိယနိူင်ငံမှ ( ၁၃.၃.၂၀၂၀ ) မှ ( ၁၅.၄.၂၀၂၀ ) အထိ ပြည်ဝင်ခွင့် ပိတ်လို...
13/03/2020

မင်္ဂလာပါ ဇမ္ဗူရွှေစင် ဧည်သည်တော်များရှင့် ………….
အိန္ဒိယနိူင်ငံမှ ( ၁၃.၃.၂၀၂၀ ) မှ ( ၁၅.၄.၂၀၂၀ ) အထိ ပြည်ဝင်ခွင့် ပိတ်လိုက်ခြင်း ဟူသော အရေးပေါ် ကြေညာချက်ကြောင့် ဇမ္ဗူရွှေစင် ခရီးသွားကုမ္ပဏီမှ မတ်လ နှင့် ဧပရယ်လ တွင် ထွက်ရှိမည် ဖြစ်သော ခရီးစဉ်များအား ဖျက်သိမ်းလိုက်ပြီး ဖြစ်ပါကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် ဧည်သည်တော်များအား လေးစားစွာ အသိပေးအပ်ပါတယ်ရှင့်။
ဧည်သည်တော်များ ပေးအပ်ထားသော ခရီးစဉ် စရံငွေများကိုလည်း သက်ဆိုင်ရာ လေကြောင်းလိုင်းများ ၊ ကြိုတင် ဝယ်ယူထားပြီးဖြစ်သော ပြည်တွင်းလေကြောင်းလိုင်းများနှင့် အဆင်ပြေအောင် ညှိနိူင်းနေပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင့် ။ အတတ်နိူင်ဆုံး အဆင်ပြေအောင် Refund ငွေများကို ပြန်လည်ပေးအပ်သွားပါ့မယ်ရှင့် ။
ဇမ္ဗူရွှေစင်၏ ခရီးစဉ်တိုင်းကို လိုက်ပါအားပေးခဲ့ကြသော ရွှေဧည်သည်တော်များ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် …………..

For Zawgyi Code
မင်္ဂလာပါ ဇမ္ဗူရွှေစင် ဧည်သည်တော်များရှင့် ………….
အိန္ဒိယနိူင်ငံမှ ( ၁၃.၃.၂၀၂၀ ) မှ ( ၁၅.၄.၂၀၂၀ ) အထိ ပြည်၀င်ခွင့် ပိတ်လိုက်ခြင်း ဟူသော အရေးပေါ် ကြေညာချက်ကြောင့် ဇမ္ဗူရွှေစင် ခရီးသွားကုမ္ပဏီမှ မတ်လ နှင့် ဧပရယ်လ တွင် ထွက်ရှိမည် ဖြစ်သော ခရီးစဉ်များအား ဖျက်သိမ်းလိုက်ပြီး ဖြစ်ပါကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် ဧည်သည်တော်များအား လေးစားစွာ အသိပေးအပ်ပါတယ်ရှင့်။
ဧည်သည်တော်များ ပေးအပ်ထားသော ခရီးစဉ် စရံငွေများကိုလည်း သက်ဆိုင်ရာ လေကြောင်းလိုင်းများ ၊ ကြိုတင် ၀ယ်ယူထားပြီးဖြစ်သော ပြည်တွင်းလေကြောင်းလိုင်းများနှင့် အဆင်ပြေအောင် ညှိနိူင်းနေပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင့် ။ အတတ်နိူင်ဆုံး အဆင်ပြေအောင် Refund ငွေများကို ပြန်လည်ပေးအပ်သွားပါ့မယ်ရှင့် ။
ဇမ္ဗူရွှေစင်၏ ခရီးစဉ်တိုင်းကို လိုက်ပါအားပေးခဲ့ကြသော ရွှေဧည်သည်တော်များ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် …………..

ပြည်ထောင်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ မြေမြတ...
29/02/2020

ပြည်ထောင်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ မဟာဗောဓိစေတီတော်ကြီးသို့ လာရောက်ဖူးမျှော်ခဲ့သည့် အမှတ်တရ ပုံရိပ်လွှာများ…
#28.2.2020
Photo Credit
#28.2.2020
Photo Credit

⛱ Bailey Island And Smart Island (2ညအိပ်/3 ရက်)⛱ တမေးထဲမေးနေကြတဲ့…မြိတ် Bailey ကျွန်းနဲ့ Smart ကျွန်းလေးသို့ အေးအေးဆေးဆေ...
24/02/2020

⛱ Bailey Island And Smart Island (2ညအိပ်/3 ရက်)
⛱ တမေးထဲမေးနေကြတဲ့…မြိတ် Bailey ကျွန်းနဲ့ Smart ကျွန်းလေးသို့ အေးအေးဆေးဆေးနဲ့ အနားယူအပန်းဖြေချင်သော ဧည့်သည်တော်များအတွက် ၂ ဦးမှစတင်ပြီးတော့ စီစဉ်ပေးနေပါပြီနော်…..
ခရီးစဉ်အကျဉ်းလေးကတော့…..
⛱ Day 01 : ရန်ကုန် - မြိတ် - Bailey Island (နေ့လည်စာ၊ ညစာ)
ရန်ကုန်မှ မြိတ်သို့ ပြည်တွင်းလေယာဉ်ဖြင့်ထွက်ခွာပါမည်။ မြိတ်မြို့တွင်လာရောက်ကြိုဆိုသော ကားဖြင့် လှေဆိပ်သို့ ဆက်လက်ထွက်ခွာပါမည်။ ကြည်လင်လှပနေသော ပင်လယ်ပြင်ကြီးကို ဖြတ်သန်းပြီးBailey ကျွန်းသို့ ထွက်ခွာပြီး Bello Beach တွင် Snorkeling ပြုလုပ်ကြပါမည်။ နီမိုငါးလေးများနှင့် သန္တာကျောက်ခတ်၊ ကျောက်ပန်းများရှိရာ ရေအောက်အလှကို ကြည့်ရှုခံစားကြပါမည်။ နေ့လည်စာကို ကျွန်းပေါ်ရှိ စားသောက်ဆိုင်တွင် Buffet ဖြင့်သုံးဆောင်ကြပါမည်။ မိမိတို့စိတ်ကြိုက် ကျွန်းပေါ်တွင် အနားယူအပန်းဖြေပြီးနောက် ညစာကိုသုံးဆောင်ကာ ကျွန်းပေါ်ရှိ Tent များတွင် အိပ်စက်အနားယူပါမည်။
⛱ Day 02 : Bailey Island – Smart Island - မြိတ် (နံနက်စာ၊ နေ့လည်စာ)
နံနက်ခင်း နေထွက်သည့် အလှကို Bello ကမ်းခြေမှနံနက်စာသုံးဆောင်ရင်း ကြည့်ရှုခံစားပါမည်။ သာယာလှပသည့် နံနက်ခင်းလေးကို မိမိတို့ကိုယ်ပိုင်အချိန်အဖြစ် ကျွန်းပေါ်တွင်အနားယူ အပန်းဖြေကြပါမည်။ Trekking (သို့) Bird watching များကိုပြုလုပ်နိုင်ပါမည်။ (မှတ်ချက် - Bird Watching အတွက်ထပ်မံကောက်ခံပါမည်။) နေ့လည်စာကို ကျွန်းပေါ်ရှိစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Bailey ကျွန်းမှ Smart ကျွန်းသို့ Speed Boat ဖြင့် ဆက်လက်ထွက်ခွာပါမည်။ မြန်မာမှာသာမကပဲ ကမ္ဘာပေါ်ရှိ ရှားပါးသော ကမ်းခြေများထဲမှာ အပါအဝင်ဖြစ်တဲ့ Smart ကျွန်းကလေးဟာဆိုရင်ဖြင့် ကမ်းခြေရဲ့ တစ်ခြမ်းက ကျောက်စရစ်ခဲလေးတွေနဲ့ တမျိုးလှပနေပြီး ၊ နောက်တခြမ်းကတော့ သဲသောင်ပြင်လေးနဲ့ဆိုတော့ တနေရာတည်းမှာပဲ ရသမျိုးစုံအောင်ခံစားမှုတွေကို ပေးစွမ်းသွားမှာပါ။ မိမိတို့စိတ်ကြိုက် အနားယူအပန်းဖြေပြီးနောက် ညနေ 3 နာရီလောက်တွင် မြိတ်မြို့သို့ ပြန်လည်ထွက်ခွာပြီး မြိတ်မြို့ရှိဟိုတယ်တွင် အေးချမ်းစွာအနားယူအိပ်စက်ပါမည်။
⛱ Day 03 : မြိတ် - ရန်ကုန် (နံနက်စာ)
နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်မှ လေဆိပ်သို့ပို့ဆောင်ပေးပါမည်။ မြိတ်မှ ပြည်တွင်းလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ရောက်ရှိကာ ပျော်ရွှင်ဖွယ်ခရီးစဉ်လေးပြီးဆုံးမှာဖြစ်ပါတယ်ရှင်။။
⛱စျေးနှုန်းအနေနဲ့ကတော့ တစ်ဦးလျှင် 5 သိန်း 5 သောင်းကျပ်သာ ကျသင့်မှာဖြစ်ပြီး သွားမည့်ဧည့်သည် ၂ ယောက်ရှိတာနဲ့တင် စီစဉ်ပေးထားတာဆိုတော့ကာ အလှဆုံးကျွန်း 2 ကျွန်းကို အတန်ဆုံးစျေးလေးနဲ့ သွားချင်ပါတယ်ဆိုရင်တော့……………..ရုံးဖုန်းနံပတ်တွေဖြစ်တဲ့…………01 8 221443, 09 965024269, 095024269, 09250508568, တို့ကို ဆက်သွယ်ဖို့တော့လိုမယ်နော်…
⛱ ခရီးစဉ်တွင်ပါဝင်သည့် ဝန်ဆောင်မှုတွေကတော့
⛱ ရန်ကုန်-မြိတ်-ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်ခ
⛱ လေဆိပ်-လှေဆိပ်-ဟိုတယ်-လှေဆိပ်-လေဆိပ် (ကြို/ပို့ ကားခ)
⛱ ကျွန်းပေါ်ရှိ Tent နှင့် မြိတ်ရှိ ဟိုတယ်တွင် 2 ယောက်တစ်ခန်းနှုန်းတည်းခိုခများ
⛱ ကျွန်းတွင်လည်ပတ်မည့် Speed Boat အသုံးပြုခများ
⛱ Speed Boat ပေါ်တွင် သုံးဆောင်နိုင်ရန်အတွက် ရေ၊ အအေးနှင့် ရာသီပေါ်သစ်သီးများ
⛱ Snorkeling Gear
⛱ Bailey ကျွန်းရှိ Kayaking နှင့် Water Sport
⛱ ဒေသခံ Marine Guide
⛱ နံနက်စာ၊နေ့လည်စာ၊ညစာ
⛱ ခရီးသွားအာမခံ
Photo Credit

15/02/2020

🙏ဗုဒ္ဓဂယာ မြေမြတ်မဟာ ဘုန်းကြီးကျောင်းတည်းခရီးစဉ်
🙏ခရီးစဉ်ထွက်ခွာမည့်ရက် = 6.4.2020
🙏ခရီးစဉ်ကြာမြင့်ရက် = 4 ညအိပ် / 5 ရက် ။
🙏ခရီးစဉ်အတွက် ကုန်ကျငွေ = 370 USD
(မြန်မာငွေ 5 သိန်း 4 သောင်းကျပ်ခန့် ကျသင့်မှာဖြစ်ပါတယ်)
---------------------------------------------------
🙏ဗုဒ္ဓဂယာ မြေမြတ်မဟာသို့ ရက်ရှည်မသွားချင်သည့်ဧည့်သည်များ၊ ကားအကြာကြီးမစီးချင်သည့်ဧည့်သည်များအတွက်
စျေးနှုန်းလည်းသက်သာ၊အချိန်လည်းသိပ်ပေးစရာမလို ပဲ သွားရောက်ဖူးမြော်ခွင့်ရမည့်
ဗုဒ္ဓဂယာ၊ ရာဇဂြိုဟ်၊ နာလန္ဒာ၊ ဗာရာဏသီ ၄ညအိပ် ၅ ရက်ခရီးစဉ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်..
🙏ခရီးစဉ်အသေးစိတ်လေးကတော့ ...
🙏ပထမနေ့ : ရန်ကုန် -ဗုဒ္ဓဂယာ
ရန်ကုန်မှ ဗုဒ္ဓဂယာသို့ ( )နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး အိန္ဒိယနိုင်ငံ ဂယာမြို့သို့( )နာရီတွင် ဆိုက်ရောက်ပါမည်။ ထို့နောက် ဗုဒ္ဓဂယာရှိဘုန်းကြီးကျောင်းတွင် ခေတ္တအနားယူပြီး သုဇာတာသူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူရာနေရာ၊ ဘုရားလောင်းရွှေခွက်မျှောရာနေရဥ္ဇရာမြစ် တို့ကိုဖူးမြော်ပူဇော်၍ သေနာနိဂုံးရွာရှိ သုဇာတာ သူဌေးသမီး၏အိမ်တော်ရာ သို့သွားရောက်ကြည့်ရှုပါမည်။ ထို့နောက် မဟာဗောဓိစေတီတော် နှင့် သတ္တာဌာန (၇)နေရာ သို့ သွားရောက်ဖူးမြော်ပူဇော်ပြီး ရွှေကြာသင်္ကန်းဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ပါမည်။ ညစာကို သုံးဆောင်ပြီးနောက် ၄င်းညကိုဗုဒ္ဓဂယာရှိ မြန်မာ ဘုန်းကြီးကျောင်းတွင် အိပ်စက်အနားယူပါမည်။
🙏ဒုတိယနေ့ : ဗုဒ္ဓဂယာ - ရာဇဂြိုဟ် - နာလန္ဒာ
နံနက်စာကို သုံးဆောင်ပြီးနောက် ရာဇဂြိုဟ်မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ရာဇဂြိုဟ်မြို့တွင် သာသနာနှစ် ၂၅ဝဝပြည့် အထိမ်း အမှတ်အဖြစ် ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ (ဝိသျှန္တိစေတီတော်) နှင့် ဂိဇ္ဈကုဋ်တောင်သို့ စက်သီးတပ် ကုလားထိုင်ဖြင့့် သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကိုသုံးဆောင်ပြီးနောက် ဝေဠုဝန်ကျောင်းတော်ရာ၊ ဟိန္ဒူလူမျိုးများ၏ ဇာတ်နိမ့် ဇာတ်မြင့်များ ရေချိုးရာရေပူစမ်း၊ ဗိမ္ဗိသာရမင်း၏အကျဉ်းထောင်၊ ဆွန်ဘဏ္ဍာတိုက်၊ ကျောက်လှည်းဘီးရာ၊ ဆေးဆရာကြီး ဆရာဇီဝက၏သရက်ဥယျာဉ် ၊ အဇာတသတ်မင်းကြီး၏ ကောင်းမှုတော် မြတ်စွာဘုရားရှင်၏ဓာတ်တော်တိုက် စသည်တို့ကို လိုက်လံ ပို့ဆောင်ပေးပါမည်။ ထို့နောက် BC ၅ ရာစု၌တည်ရှိခဲ့သော ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် နာလန္ဒာတက္ကသိုလ်အဟောင်း သို့သွားရောက်လေ့လာပြီးနောက် ဗုဒ္ဓဂယာသို့ ပြန်လည်ထွက်ခွာပါမည်။ ညစာကိုသုံးဆောင်ပြီးနောက် ၄င်းညကိုဗုဒ္ဓဂယာရှိ မြန်မာ ဘုန်းကြီးကျောင်းတွင် အိပ်စက်အနားယူပါမည်။
🙏တတိယနေ့: ဗုဒ္ဓဂယာ - ဗာရာဏသီ
နံနက်စာကိုသုံးဆောင်ပြီးနောက် ဗုဒ္ဓဂယာမှ ဗာရာဏသီသို့စတင်ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင်ဗာရာဏသီသို့ ရောက်ရှိ မည်ဖြစ်ပြီးနေ့လည်စာကိုသုံးဆောင်ပါမည်။ ထို့နောက် မြတ်စွာဘုရားရှင်အား ပဥ္စဝဂ္ဂီ္ဂ(၅)ဦးမှ ခရီးဦးကြိုရာနေရာ အထိမ်းအမှတ် စေတီတော် (ချောက်ခဏ္ဍီစေတီ)၊ မိဂဒါဝုန်တောအတွင်းရှိ ဓမ္မစကြာတရားဦးဟောကြားခဲ့ရာ အထိမ်းအမှတ်စေတီဓမ္မရာဇိကစေတီ နှင့်အနတ္တလက္ခဏ သုတ်ဟောတော်မူရာ ဓမ္မေခစေတီ၊ မူလဂန္ဓကုဋီတိုက် စသည့်နေရာများအား သွားရောက်ဖူးမြော်ပြီးနောက် ကော်ဇော၊ ဆာရီ၊ သဘက် စသည့် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူရန်အတွက် စျေးဆိုင်သို့ပို့ဆောင်ပေးပါမည်။ ညစာကိုသုံးဆောင်ပြီးနောက် ၄င်းညကို ဗာရာဏသီရှိ မြန်မာဘုန်းကြီးကျောင်းတွင် အိပ်စက်အနားယူပါမည်။
🙏စတုတ္ထနေ့: ဗာရာဏသီ - ဗုဒ္ဓဂယာ
နံနက်စာကိုသုံးဆောင်ပြီးနောက် ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ပြန်လည်ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ဗုဒ္ဓဂယာသို့ပြန်လည်ရောက်ရှိမည် ဖြစ်ပြီးနေ့လည်စာကိုသုံးဆောင်ပါမည်။ ထို့နောက် မြတ်စွာဘုရားရှင် ဒုက္ကရစရိယာကျင့်တော်မူရာ ဥရုဝေလတောသို့သွားရောက် ဖူးမြော်ပါမည်။ ညနေပိုင်းတွင် အိမ်အပြန်လက်ဆောင်များကို ဝယ်ယူရရှိနိုင်ရန် စျေးဆိုင်များသို့ပို့ဆောင်ပေးပါမည်။ ညစာကို သုံးဆောင်ပြီးနောက် ၄င်းညကိုဗုဒ္ဓဂယာရှိ မြန်မာ ဘုန်းကြီးကျောင်းတွင် အိပ်စက်အနားယူပါမည်။
🙏ပဥ္စမနေ့ : ဗုဒ္ဓဂယာ - ရန်ကုန်
နံနက်စာကို သုံးဆောင်ပြီးနောက် နိုင်ငံတကာကျောင်းများဖြစ်သော ထိုင်းကျောင်း၊ တိဘက်ကျောင်းနှင့် ကမာကူရ ဗုဒ္ဓရုပ်ပွားတော် (ဂျပန်ဘုရား) သို့သွားရောက်ဖူးမြော်ပြီး မဟာဗောဓိစေတီတော် သို့ထပ်မံသွားရောက် ဖူးမြော်ပါမည်။ နေ့လည်စာကို သုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာရန် ဂယာလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဂယာလေဆိပ်မှ ( ) နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပြီး ( )နာရီတွင် ရန််ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။.....................................
ခရီးစဉ်တွင်ပါဝင်သည့် ဝန်ဆောင်မှုတွေကတော့....
✈ ✈လေကြောင်းလိုင်း
မြန်မာစကားပြောဆိုပြီး အစားအသောက်ကောင်းမွန်သည့် အိန္ဒိယနိုင်ငံဂယာမြို့သို့တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းများကိုသာရွေးချယ်ထားပါသည်။ .....................................
📖''ပြည်ဝင်ခွင့် ဗီဇာ
ခရီးစဉ်တလျှောက် (နံနက်စာ၊နေ့လည်စာ၊ညစာ၊ ဒေသထွက်အစားအစာများ 🍓 ၊ လဘက်ရည်၊ကော်ဖီ၊ ☕ အအေး၊ဒိန်ချဉ်၊ ရာသီပေါ်အသီးအနှံများ 🍉 မြန်မာနိုင်ငံမှယူဆောင်လာသော အစားအစာများ အစရှိသည်ဖြင့် တည်ခင်း ဧည့်ခံသွားပါမည်။)
ထို့အပြင် အခြားဝန်ဆောင်မူများအနေဖြင့် ဗုဒ္ဓဂယာမြေမြတ်မဟာရှိ ဘူမိဖဿရုပ်ပွားတော်မြတ်အားရွှေကြာသင်္ကန်းဖြင့် ကပ်လှူပူဇော်ခြင်း။
💰 ခရီးစဉ်တလျှောက် သွားရောက်လည်ပတ်သည့် နေရာများ၏ ဝင်ကြေးများ။
🎩 ခရီးဆောင်အိတ်ကြီးတစ်လုံး၊ အိတ်အသေးတစ်လုံး၊ ယောဂီတဘက်၊ ဦးထုပ်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ၊ ဝတ်ရွတ်စဉ်စာအုပ်၊ စနိုးတာဝါ အစရှိသည်တို့အားမေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခြင်း။
ခရီးစဉ်တလျှောက် လှည့်လည်ပူဇော်နေစဉ်အတွင်း ဆရာတော်တစ်ပါးမှ လိုက်လံပို့ဆောင်ရှင်းလင်းမူပေးခြင်း
ခရီးစဉ်အစအဆုံး ဇမ္ဗူရွှေစင်ခရီးသွားကုမ္ပဏီမှ ယဉ်ကျေးပျူငှာသောအဖွဲ့ခေါင်းဆောင်နှင့် အကူလုပ်သားလေးများဖြင့် လိုက်ပါကူညီဝန်ဆောင်မူ ပေးခြင်း။
🎥 ခရီးစဉ်တလျှောက်အတွက် ဗွီဒီယိုမှတ်တမ်းတင်ပေးခြင်းနှင့်အတူမိမိတို့၏ခရီးသွားပုံရိပ်များအား ပြန်လည်
ကြည့်ရှုပြီး ကုသိုလ်ပွားများနိုင်စေရန် DVD 📀 တစ်ခွေအား မေတ္တာလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ခြင်း။
💉 ကျန်းမာရေးဝန်ဆောင်မူအနေဖြင့် လိုအပ်ပါက ဘီးတပ်ကုလားထိုင် (WHEEL CHAIR) ♿ စီစဉ်ပေးခြင်း၊ လိုအပ်ပါက ဆေးခန်းပြပေးခြင်း၊ မြန်မာနို်င်ငံမှ အသင့်ယူဆောင်လာသည့် ဆေးသေတ္တာအိတ်ဖြင့် ကူညီစောင့်ရှောက်ပေးခြင်း။
💼 ဒေသန္တရ ဗဟုသုတနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် စိတ်တိုင်းကျစီစဉ်ထားရှိခြင်း။
🚌 ခရီးစဉ်တလျှောက်သွားလာလည်ပတ်နေစဉ်အတွင်း အဲယားကွန်းကားများ
ဖြင့်သာ စီစဉ်ထားခြင်း
🏨 ခရီးစဉ်တလျှောက်တည်းခို နေထိုင်နိုင်ရန် ဘုန်းတော်ကြီးကျောင်းများတွင် သာ စီစဉ်ထားရှိပါသည်၊ (အခန်းတိုင်းတွင် စောင်၊ခြင်ထောင်၊ခေါင်းအုံး၊ ရေချိုးခန်းစသည်ဖြင့် ပါဝင်ပါသည်။ တည်းခိုသည့်အခါတွင် ယောက်ျားလေးသပ်သပ်၊ မိန်းကလေးသပ်သပ် တည်းခိုရပါမည်။)
အစရှိသည့် ပြည့်စုံသော ဝန်ဆောင်မူတို့ကြောင့်ဧည့်သည်တော်လူကြီးမင်းများ၏ 👴 👵ဘိုးဘိုး၊ဘွားဘွား၊မိခင်၊ဖခင်၊ 🎎ဆရာသခင်၊ မိသားစုဝင် တို့အား ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော ဝန်ဆောင်မှုများဖြင့် လိုက်ပါကုသိုလ်ပြုနိုင်ရန် အတွက် ဖိတ်ခေါ်ပါရစေ............
📢ခရီးစဉ်အသေးစိတ်ကို သိရှိလိုပါက E-mail, Viber, Chat Box နှင့် အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
အမှတ် (104)၊ ဒုတိယထပ်၊ ငုဝါလမ်း၊ဌာနာရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
☎ 01 8221443 📱09 5024269 📱09 965024269 📱 09 250508568 📱
📡 E-mail : [email protected]

🔶'' သင်္ကြန်တွင်း သီရိလင်္ကာ မြတ်စွယ်တော်ဖူးခရီးစဉ် ''🔶 ခရီးစဉ်ထွက်ခွာမည့်ရက် = 13.4.2020 ခရီးစဉ်ကြာမြင့်ရက် = 6 ညအိပ် /...
15/02/2020

🔶'' သင်္ကြန်တွင်း သီရိလင်္ကာ မြတ်စွယ်တော်ဖူးခရီးစဉ် ''🔶
ခရီးစဉ်ထွက်ခွာမည့်ရက် = 13.4.2020
ခရီးစဉ်ကြာမြင့်ရက် = 6 ညအိပ် / 7 ရက် ။
ခရီးစဉ်အတွက် ကုန်ကျငွေ = 1320 USD
သံဃာတော်၊ သီလရှင် = 1270 USD (သံဃာတေ်၊ သီလရှင် များအား 50 USD ပြန်လည်လှူဒါန်းကုသိုလ်ပြုသွားပါမည်။)
🔶 မြတ်ဗုဒ္ဓ၏ သာသနာတော်ထွန်းကားပြီး အေးချမ်းလှသည့် တောတောင်ရေမြေ သဘာဝအလှအပများဖြင့် လွှမ်းခြုံထားရှိရာနေရာ....
🔶 ဘာသာတရား အလွန်ကိုင်းရှိုင်းလှသည့် လူမျိုးများနေထိုင်ရာသီဟိုဠ်ကျွန်း လို့ခေါ်တွင်တဲ့ သီရိလင်္ကာနိုင်ငံသို့ တစ်ခါတစ်ခေါက်လောက် သွားရောက်လေ့လာဖို့အတွက် အကြံပြုပါရစေ...........
မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်မြတ်နှင့် သီရိမဟာဗောဓိပင် (ဒက္ခိဏသာခါ လက်ယာကိုင်းတော်)အား သွားရောက်ဖူးမြော်ပူဇော်ရန်အတွက် ဇမ္ဗူရွှေစင်ခရီးသွားကုမ္ပဏီမှ ဧပြီလ်လ (13) ရက်နေ့တွင် စီစဉ်ထားရှိပါသည် ရှင်.........................
🚌 ခရီးစဉ်ကလည်း ၆ ညအိပ် / ၇ ရက် သာကြာမြင့်မှာဖြစ်ပါတယ်ရှင်.. ✈✈လေကြောင်းလိုင်းအနေဖြင့် ဝန်ဆောင်မှုအကောင်းဆုံးဖြစ်တဲ့ Air lines ကိုအသုံးပြုထားပါတယ်ရှင်...တစ်ဦးကို 1350 USD သာကျသင့်မှာဖြစ်ပါတယ်ရှင်..
🇱🇰 သီဟိုဠ်၊ သီရိလင်္ကာနိုင်ငံတွင်----
🔶 မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်မြတ် ကိန်းဝပ်တည်ရှိနေခြင်း
🔶 သီရိမဟာဗောဓိပင် (ဒက္ခိဏသာခါ လက်ယာကိုင်းတော်) တည်ရှိခြင်း
🔶 မြတ်စွာဘုရားရှင်၏ လက်ယာဘက် ညှပ်ရိုးတော်အားဌာပနာထားရှိရာ ထူပါရာမ(ထူပါရုံ) စေတီတော်တည်ရှိခြင်း
🔶 မြတ်ဗုဒ္ဓ၏ ဓာတ်တော်များဌာပနာထားရှိရာ မဟာစေတီတော်တည်ရှိခြင်း
🔶 မြတ်ဗုဒ္ဓ၏ ခါးပန်းကြိုးနှင့် ဓာတ်တော်များဌာပနာထားရှိရာ ဇေတဝနစေတီတော်တည်ရှိခြင်း
စသည့်အချက်များကြောင့် သွားရောက်လေ့လာဖူးမြော်သင့်ပါသည်ရှင်..
ထို့အပြင်သွားရောက်ဖူးမြော် လေ့လာကြမည့် နေရာများစွာထဲက နေရာတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင်..
🐘 အေးချမ်းသာယာလှသည့် ကန္ဒီမြို့နှင့် မြတ်ဗုဒ္ဓ၏ လက်ဝဲအောက် စွယ်တော်မြတ် နှင့် ကိန်းဝပ်စံပါယ်တော်မူရာ စွယ်တော်တိုက်။
🐘 UNESCO ၏ ကမ္ဘာ့အမွေအနှစ်များစာရင်းဝင်သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းမြို့တော် အနုရာဓပူရရှိ ရှေးဟောင်းလက်ရာ စေတီ၊ ပုထိုးများ၊
🐘 ပိုလာနရုဝရှေးဟောင်းမြို့တော်အတွင်းရှိ နန်းတော်ရာများ
🐘 သီရိလင်္ကာနိုင်ငံ သို့ မြတ်ဗုဒ္ဓသာသနာ စတင်ရောက်ရှိခဲ့ရာ မဟိန္ဒလေတောင်
🐘 ဉာဏ်တော် 38 ပေနဲ့ 10 လက်မရှိသည့် အာဝုကနရပ်တော်မူဆင်းတုတော်
🐘 စတုတ္ထသံဃာယနာ တင်တော်မူခဲ့ရာ အာလုဝိဟာရလိုဏ်ဂူတော်
🐘 200 မီတာကျော်မြင့်မားသည့် ကျောက်တောင်ပေါ်တွင် နန်းတော်တည်ခဲ့သည့် စီဂရိယမြို့
🐘 အာသောကမင်းကြီး၏ သမီးတော် သံင်္ဃမိတ္တာထေရီမ ပင့်ဆောင် စိုက်ပျိုးခဲ့သည့် ဗောဓိပင် (ဒက္ခိဏသာခါ လက်ယာကိုင်းတော်) အား သွားရောက်ဖူးမြော်ပါမည်။
🐘 ဓမ္မစေတီမင်းကြီးလက်ထက် သာယာဝတီ(ပဲခူး)ရှိ ရဟန်းတော်များရဟန်းခံရာ ကလျာဏီမြစ်အနီးရှိ ကလျာဏီစေတီတော်နှင့် ကလျာဏီသိမ်
🐘 Little England ဟုတင်စားခေါ်ဝေါကြသည့် နုဝါယအိလိယ ရှိလက်ဖက်စိုက်ခင်းများဖြင့်လှပနေသည့် အေးချမ်းလှသည့်တောင်ပေါ်မြို့လေးသို့သွားရောက်လေ့လာကြပါမည်။ လက်ဖက်ခြောက်မျိုးစုံအား မြည်းစမ်းပြီးနောက် စိမ်းစိုနေသည့် လက်ဖက်ခင်းလေးများနှင့်အတူ စိတ်ကြိုက်အမှတ်တရဓာတ်ပုံများကိုလည်းဖန်းတီးနိုင်ရန်စီစဉ်ပေးထားပါတယ်ရှင်..

🐘 ကိုလံဘိုမြို့ရှိ ရုပ်စုံဗုဒ္ဓကျောင်းတော်ကြီး နှင့် စိတ်ကြိုက်အိမ်အပြန်လက်ဆောင် ဝယ်ယူနိုင်မည့် Shopping Mall များနှင့် အနားယူ အပန်းဖြေနိုင်မည့် Galle Face Green Beach ကမ်းခြေ
အစရှိသည်ဖြင့် သွားရောက် ဖူးမြော် လေ့လာနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်းဖြစ်ပါတယ်ရှင်..
'' ခရီးစဉ်တွင်ပါဝင်သည့် ဝန်ဆောင်မူများ ''
✈✈ ရန်ကုန် - ဗန်ကောက် - ကိုလံဘို - ဗန်ကောက် - ရန်ကုန် (အသွားအပြန် လေယာဉ်လက်မှတ်)
📖📖''ပြည်ဝင်ခွင့် ဗီဇာ
''အခြားဝန်ဆောင်မူများ''🌴🌴🌴
''အစားအသောက်'' 🍴☕
ခရီးစဉ်တလျှောက် (နံနက်စာ၊နေ့လည်စာ၊ညစာ၊ ဒေသထွက်အစားအစာများ🍓 ၊ ရာသီပေါ်အသီးအနှံများ 🍉 အစရှိသည်ဖြင့် တည်ခင်းဧည့်ခံသွားပါမည်။)
🏨 တစ်နေ့တာ ပင်ပန်းလာသမျှကို အနားယူချိန်တွင် အေးချမ်းစွာအိပ်စက်အနားယူနိုင်ရန်အတွက်လည်း စီစဉ်ထားရှိပါသည်။
🚌 ခရီးစဉ်တလျှောက်သွားလာလည်ပတ်နေစဉ်အတွင်း အဲယားကွန်းအဆင့်မြင့်ကားများဖြင့်သာ စီစဉ်ထားခြင်း🚌
💰 ခရီးစဉ်တလျှောက် သွားရောက်လည်ပတ်သည့် နေရာများ၏ ဝင်ကြေးများ။ 💰 💰
🎩 တဘက် (အဖြူ)၊ ဦးထုပ်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ၊ စနိုးတာဝါ၊ ဝတ်ရွတ်စဉ်စာအုပ်၊ အစရှိသည်တို့အားမေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခြင်း။ 🎩 🎩
🎤 ခရီးစဉ်တလျှောက် လှည့်လည်ပူဇော်နေစဉ်အတွင်း ဆရာတော်တစ်ပါးမှ လိုက်လံပို့ဆောင်ရှင်းလင်းတော်မူပေးခြင်း 🎤
ခရီးစဉ်အစအဆုံး ဇမ္ဗူရွှေစင်ခရီးသွားကုမ္ပဏီမှ ယဉ်ကျေးပျူငှာသော TOUR LEADER နှင့် အင်္ဂလိပ်စကားပြော ဒေသခံဧည့်လမ်းညွှန်တို့ဖြင့် လိုက်ပါဝန်ဆောင်မှုပေးခြင်း
🎥 🎥 ခရီးစဉ်တလျှောက်အတွင်း VIDEO CAMERA ဖြင့် မှတ်တမ်းတင်ပေးခြင်းနှင့်အတူ မိမိတို့၏ခရီးသွားပုံရိပ်များ အား ပြန်လည်ကြည့်ရှုပြီး ကုသိုလ်တရား ပွားများနိုင်စေရန် DVD 📀 📀 တစ်ခွေအား မေတ္တာလက်ဆောင်အဖြစ်ပြန်လည် ပေးအပ်ခြင်း။
💉 💉 ကျန်းမာရေးဝန်ဆောင်မူအနေဖြင့် လိုအပ်ပါက ဘီးတပ်ကုလားထိုင် (WHEEL CHAIR) ♿ စီစဉ်ပေးခြင်း၊ လိုအပ်ပါက ဆေးခန်းပြပေးခြင်း၊ မြန်မာနို်င်ငံမှ အသင့်ယူဆောင်လာသည့် ဆေးသေတ္တာအိတ်ဖြင့် ကူညီစောင့်ရှောက်ပေးခြင်း။
💼 👜 ဒေသန္တရ ဗဟုသုတနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် စိတ်တိုင်းကျစီစဉ်ထားရှိပါသည်။ 👠 👢
ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော ဝန်ဆောင်မှုများဖြင့် လိုက်ပါကုသိုလ်ပြုနိုင်ရန် အတွက် ဖိတ်ခေါ်ပါရစေရှင်............
📢📢ခရီးစဉ်အသေးစိတ်ကို သိရှိလိုပါက E-mail,Viber,Chat Box နှင့် အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။ ☎ 01 8221443 📱09 5024269 📱 09965024269 📱 09250508568
📡 E-mail : [email protected]

Address

NO (496), FIRST FLOOR, STRAND Road, NEAR OLD THIRIMINGALAR MARKET, KYIMYINDAING TOWNSHIP
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595024269

Website

Alerts

Be the first to know and let us send you an email when Zambu Shwesin Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zambu Shwesin Travels & Tours:

Videos

Share

Category


Other Travel Agencies in Yangon

Show All