A.M.K Car Rental Service

A.M.K Car Rental Service Car Rental Service

ခရစ်စမတ်နဲ့ New Year ရုံးပိတ်ရက်လေးတွေမှာ🎆🎇🎄🎄တိမ်ပင်လယ်တွေဆီကိုမင်းနဲ့ခရီးဆက်ချင်လား🫢တောင်တန်းတွေနဲ့ရေပြာအိုင်ဆီိလား😍ရှေ...
18/12/2023

ခရစ်စမတ်နဲ့ New Year ရုံးပိတ်ရက်လေးတွေမှာ
🎆🎇🎄🎄

တိမ်ပင်လယ်တွေဆီကိုမင်းနဲ့ခရီးဆက်ချင်လား🫢
တောင်တန်းတွေနဲ့ရေပြာအိုင်ဆီိလား😍

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေဆီကိုလား😎

ကမ်းခြေမှာ အပန်းဖြေခရီးစဉ်လေးလား🏖️🏝️

မြို့တွင်း လား..?
နယ်ဝေး လား..?
အလှူ မင်္ဂလာဆောင်/မွေးနေ့ပွဲတွေလား..?

ထိုခရီးစဉ်တွေကို ....

သူငယ်ချင်း တွေ နဲ့ပဲ သွားသွား👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦
ဆွေမျိုးမိသားစုတွေ နဲ့ ပဲ သွားသွား 👨‍👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👧‍👦

လမ်းခရီးတစ်လျှောက် ပျော်ပျော်ပါးပါး
ခရီးသွားမယ်ဆိုရင် A.M.K Car Rental ကို သတိရလိုက်ပါ ခင်ဗျာ 🚘🚘🚘

AMK Car Rental Service မှ

မိတ်ဆွေတို့ရဲ့ သွားလိုရာခရီးစဉ်တိုင်းအတွက် အဆင့်မြင့် Aircon မော်တော်ယာဉ်များနှင့် သက်တောင့်သက်သာသွားလာနိုင်ရန်အတွက် ကားငှားဖို့စဉ်းစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှ၀န်ဆောင်မှုပေးရန်အသင့်ရှိနေပါတယ်ခဗျာ။

ခရီးစဉ်တိုင်းအတွက်
✅ သက်သာသောနှုန်းထား
✅ ကောင်းမွန်သောဝန်ဆောင်မှု
✅စိတ်ရှည်ပြီးအန္တာရယ်ကင်းစွာမောင်းနှင်‌မည့်ယာဉ်မောင်းများ
✅သန့်ရှင်းသပ်ရပ်ပြီးသက်တောင့်သက်သာရှိစေသော မော်တော်ယာဉ်များဖြင့် မိတ်ဆွေတို့ရဲ့ခရီးစဉ်တိုင်းကိုစိတ်ကျေနပ်မှုအပြည့်အဝရရှိစေရန်ဝန်ဆောင်မှုပေးပါရစေခင်ဗျာ။

မော်တော်ယာဉ်အများအစားများအနေနှင့်
🚗 saloon ကားလေးများမှစတင်ပြီး
🚘 7ယောက်စီး ALPHARD
🚘 14ယောက်စီးနှင့်19ယောက်စီး HIACE (အန်စာတုံး)
🚘 33ယောက်စီး Aircon Expressလေအိတ်ကား
🚘49ယောက်စီး Aircon Express လေအိတ်(Higer,Yutong) ကားများအားလူကြီးမင်းတို့စိတ်တိုင်းကျငှားရမ်းအသုံးပြုနိုင်ပါသည်ခင်ဗျာ။
ကားခများကိုလည်းMobile Banking/K-Pay များနှင့် ပေးချေနိုင်ပြီး %လုံးဝမယူပါဘူးခဗျာ😍😍

သိလိုသမျှကိုမေးမြန်းစုံစမ်းနိုင်ရန်အတွက် Page Cb (Or)Ph သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့စိတ်ကျေနပ်မှုအပြည့်ရစေရန်နှင့်ပျော်ရွင်စရာခရီးစဉ်လေးတစ်ခုဖန်တီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှ၀န်ဆောင်မှုအပြည့်ပေးပါရစေ❤️

💢 ကျိုက်ထီးရိုး
💢 ဘားအံ ဘုရားစုံဖူး
💢 ပြည် ~အကောက်တောင်
💢 ရန်ကုန် ~နေပြည်တော်
💢 ပုဂံ ~ ညောင်ဦး ~ ပုပ္ပါး
💢 တောင်ကြီး ~အင်းလေး ~ ပင်းတယ ~ ကလော
🌴🌴 ချောင်းသာ ကမ်းခြေ
🌴🌴 ငွေဆောင် ကမ်းခြေ
🌴🌴 ငပလီ ကမ်းခြေ••••••••••••••••••
စသည့် ခရီးစဉ်အမျိုးမျိုးအတွက် ကားစင်းလုံးငှါးရမ်းနိုင်ပါသည်ခင်ဗျာ..............🚐🚎🚌🚙🚕🚖
A.M.K Car Rental Service
📞0 9 4 0 3 7 1 8 7 5 1
📞09 7 7 7 1 7 2 8 6 8

21/06/2023

ရန်ကုန်မြို့တွင်းအကြို/အပို့လား

နယ်ဝေး ရက်တို/ရက်ရှည်ခရီးစဉ်တွေအတွက်လား

ကားငှားဖို့လိုအပ်တယ်ဆိုရင် A.M.K. Car Rental Service ကိုသတိရလိုက်ပါ🩷🩷

မိတ်ဆွေတို့ရဲ့ ခရီးစဉ်တိုင်းအတွက်

✅သင့်တင့်သောဈေးနှုန်း
✅အကောင်းမွန်ဆုံး၀န်ဆောင်မှု
✅သက်တောင့်သက်သာရှိစေမယ့်ခရီးစဉ်တိုင်းအတွက်

A.M.K Car Rental Service မှ ကားအမျိုးအစားစုံလင်စွာနဲ့ယာဉ်မောင်းအပါဖြင့် ၀န်ဆောင်မှုများရယူနိုင်ပါပြီခင်ဗျာ❤️

📞 09 403718751
📞 09 777172868

Car Rental Service

ဟေးး မိတ်ဆွေ....အခုလို ‌‌ ေအးချမ်းတဲ့မိုးတွင်းအချိန်ကာလလေးမှာ 🌻ကိုယ်ချစ်တဲ့သူတွေ သူငယ်ချင်း မိသားစုတွေနဲ့ အမှတ်တရ Vacati...
10/06/2023

ဟေးး မိတ်ဆွေ....
အခုလို ‌‌ ေအးချမ်းတဲ့မိုးတွင်းအချိန်ကာလလေးမှာ

🌻ကိုယ်ချစ်တဲ့သူတွေ သူငယ်ချင်း မိသားစုတွေနဲ့ အမှတ်တရ Vacation Trip‌ လေးတစ်ခုဖန်တီးမလား

🌻နယ်မြို့လေးတွေကိုပဲ အိမ်အလွမ်းပြေပြန်မလား

🌻ရန်ကုန်မြို့တွင်းနဲ့အနီးအနားပဲသွားမလား

🌻အလှူ၊မင်္ဂဆောင်ဆောင်၊လေဆိပ်အကြိုအပို့ပဲသွားမလား။

မိတ်ဆွေတို့ရဲ့ သွားလိုရာခရီးစဉ်တိုင်းအတွက် အဆင့်မြင့် Aircon မော်တော်ယာဉ်များနှင့် သက်တောင့်သက်သာသွားလာနိုင်ရန်အတွက် ကားငှားဖို့စဉ်းစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှ၀န်ဆောင်မှုပေးရန်အသင့်ရှိနေပါတယ်ခဗျာ။

ခရီးစဉ်တိုင်းအတွက်
✅ သက်သာသောနှုန်းထား
✅ ကောင်းမွန်သောဝန်ဆောင်မှု
✅စိတ်ရှည်ပြီးအန္တာရယ်ကင်းစွာမောင်းနှင်‌မည့်ယာဉ်မောင်းများ
✅သန့်ရှင်းသပ်ရပ်ပြီးသက်တောင့်သက်သာရှိစေသော မော်တော်ယာဉ်များဖြင့် မိတ်ဆွေတို့ရဲ့ခရီးစဉ်တိုင်းကိုစိတ်ကျေနပ်မှုအပြည့်အဝရရှိစေရန်ဝန်ဆောင်မှုပေးပါရစေခင်ဗျာ။

မော်တော်ယာဉ်အများအစားများအနေနှင့်
🚗 saloon ကားလေးများမှစတင်ပြီး
🚘 7ယောက်စီး ALPHARD
🚘 14ယောက်စီးနှင့်19ယောက်စီး HIACE (အန်စာတုံး)
🚘 33ယောက်စီး Aircon Expressလေအိတ်ကား
🚘49ယောက်စီး Aircon Express လေအိတ်(Higer,Yutong) ကားများအားလူကြီးမင်းတို့စိတ်တိုင်းကျငှားရမ်းအသုံးပြုနိုင်ပါသည်ခင်ဗျာ။
ကားခများကိုလည်းMobile Banking/K-Pay များနှင့် ပေးချေနိုင်ပြီး %လုံးဝမယူပါဘူးခဗျာ😍😍

သိလိုသမျှကိုမေးမြန်းစုံစမ်းနိုင်ရန်အတွက် Page Cb (Or)Ph သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့စိတ်ကျေနပ်မှုအပြည့်ရစေရန်နှင့်ပျော်ရွင်စရာခရီးစဉ်လေးတစ်ခုဖန်တီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှ၀န်ဆောင်မှုအပြည့်ပေးပါရစေ❤️

A.M.K Car Rental Service
📞0 9 4 0 3 7 1 8 7 5 1
📞09 7 7 7 1 7 2 8 6 8

သင်သိပါသလား မိုးရာသီဆိုရင် ပုဂံကအရမ်းလှတယ်ဆိုတာ🤭❤️ စိမ်းစိုနေတဲ့တမာတန်းနဲ့ ထနောင်းပင်တွေ❤️ မိုးရွာပြီးကာစဆို စိုထိုင်းထိ...
09/06/2023

သင်သိပါသလား မိုးရာသီဆိုရင် ပုဂံကအရမ်းလှတယ်ဆိုတာ🤭

❤️ စိမ်းစိုနေတဲ့တမာတန်းနဲ့ ထနောင်းပင်တွေ

❤️ မိုးရွာပြီးကာစဆို စိုထိုင်းထိုင်းမြေသားလမ်းတွေနဲ့မြေသင်းနံ့မွှေးမွှေးလေး‌တွေ

❤️ မှိုင်းညို့ညို့ ရာသီဥတုနဲ့ ပုဂံဘုရား‌‌တွေ

❤️ အညာနွေလို မပူပဲ မိုးအုံ့ပြီးလည်ပက်လို့ကောင်းတဲ့ရာသီဥတုလေးတွေ

အဲ့လိုမျိုး အလှတွေနဲ့ပြည့်နေတဲ့ ပုဂံရဲ့မိုးရာသီကာလကို ကိုယ်တိုင်ခံစားဖို့အတွက် ကားငှားဖို့လိုတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ A.M.K Car Rental Service ကိုသတိရပေးပါခဗျာ။

📞 09 403718751
📞 09 777172868

🏞️ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှ ဂုဏ်ယူစွာ‌ဖြင့်လိုက်ပါပို့ဆောင် ၀န်ဆောင်မှုပေးခွင့်ရခဲ့ပါသော ကလော၊တောင်ကြ...
11/05/2023

🏞️ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှ

ဂုဏ်ယူစွာ‌ဖြင့်လိုက်ပါပို့ဆောင် ၀န်ဆောင်မှုပေးခွင့်ရခဲ့ပါသော

ကလော၊တောင်ကြီး၊ကျိုင်းတုံ၊တာချီလိတ်၊ချင်းရိုင်၊ဟိုက်ပါ (၁၁ညအိပ် ၁၂ရက်ခရီးစဉ်)လေးအား အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါပြီခဗျာ❤️❤️

ယုံကြည်စွာနဲ့လက်ခံငှားရမ်းအသုံးပြုပေးခဲ့ပါသောအစ်မကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်ခဗျာ။

ဧည့်သည်များအားလုံးလဲ စိတ္တသုခ ကာယသုခနှစ်ဖြာသောသုခနှင့်ပြည့်စုံပြီး စိတ်အကြုံအဓ်ိဌာန်မျာပေါက်မြောက်အောင်မြင်၍ စီးပွားလာဘ်လာဘများလည်း ဒီရေအလားတိုးတက်ပါစေကြောင်း
ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မိသားစုမှ ၏စုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ။🙏🙏

နောက်ထပ်၊နောက်ထပ်ခရီးစဉ်လေးတွေမှာပြန်လည်ဆုံတွေ့ချင်ပါသေးတယ်နော်❤️



📞 09 403718751
📞 09 777172868


ကျနော်တို့ Admin ကိုယ်တိုင်သွားခဲ့တဲ့ ခရီးစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ❤️ဟိုက်ပါရေတံခွန် မနီးမဝေးက နမ့်ဟူးမွန် 🏞️🏞...
09/05/2023

ကျနော်တို့ Admin ကိုယ်တိုင်သွားခဲ့တဲ့ ခရီးစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ❤️

ဟိုက်ပါရေတံခွန် မနီးမဝေးက နမ့်ဟူးမွန် 🏞️🏞️….

ဟိုက်ပါရေတံခွန်နဲ့ ၁၅မိနစ် ၊ မိနစ် ၂၀မောင်းရင်ရောက်တဲ့ ရေထွက်🌅။

မိုင်းနောင်ကနေဆိုနာရီဝက်ကျော်ကျော်ကားမောင်းလာရတဲ့နေရာ….

တောင်ပေါ်ရေထွက်ကနေ ကျောက်တွေကြားစီးလာလို့ ရေကသန့်ပြီး အေးနေတာ…….!

နမ့်ဟူးမွန်ဆီကို ညနေပိုင်းဆိုရင် အနီးအနားဒေသခံတွေ ရေလာချိုး အဝတ်လျှော်ကြတာပေါ့…..!

သစ်ကိုင်းက ရေထဲထိုးထွက်နေတာက နမ့်ဟူးမွန်ရဲ့အမှတ်အသား။

အဲဒီမှာ လူ၂ရပ်လောက်အနက်လောက်တော့ရှိမယ်။

နမ့်ဟူးမွန်ရှိတဲ့နေရာက မိုင်းနောင် -မှိုင်းရှူးလမ်းမကြီးကနေ ဟိုနားရွာလမ်းခွဲထဲဝင်ရတာပါ။

နမ့်ဟူးမွန်ကတော့ ကျေးသီးမြို့နယ်ထဲပါဝင်ပါတယ်။

ပုံကတော့ သည်းခံကြည့်ပေးပါ ခင်ဗျာ😊😊😊

ခရီးစဉ်လေးနဲ့ပက်သက်ပြီး အသေးစိတ်သိလိုတာပဲဖြစ်ဖြစ် စိတ်၀င်စားလို့သွားရောက်လည်ပတ်ချင်တာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့
ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ❤️❤️

📞 09-403718751

📞 09-777172868

#နမ့်ဟူးမွန်

ကျူံထော်ရေတံခွန်💦🌊💦🍀🌱🌿Glue Thor Waterfall  #ကျုံထော်ရေတံခွန်က_သွားလို့ရပြီးလားဟုတ် သွားလို့ရပါတယ်။ ယခုချိန် အေးအေးဆေးဆေး...
23/04/2023

ကျူံထော်ရေတံခွန်💦🌊💦🍀🌱🌿

Glue Thor Waterfall

#ကျုံထော်ရေတံခွန်က_သွားလို့ရပြီးလား

ဟုတ် သွားလို့ရပါတယ်။ ယခုချိန် အေးအေးဆေးဆေးသွားလို့ရပါတယ်။

#ဘယ်လို့သွားရတာလဲ🚙🚗🛻🗺️

ဘားအံကနေ လှိုင်းဘွဲလမ်းဆုံရောက်ရင် ဘယ်ဘက်ကိုချိုးကွေ့ပြီး တည့်တည့်မောင်းသွားပါ။ ဘားအံစက်မှုဇုံအကျော်က ထီးဖိုးကလုံးရွာရဲ့ လမ်းဆုံရောက်ရင် ဘယ်ဘက်ကိုချိုးကွေ့ပြီး တည့်တည့်သွားရင် မြိုင်ကြီးငူကိုရောက်ပါမယ်။ မြိုင်ကြီးငူလမ်းဆုံရောက်ရင် ကျုံထော်ရေတံခွန်သို့ဆိုတဲ့ လမ်းညွန်ဆိုင်းပုဒ်အတိုင်းတည့်တည့်သွားရင် ကျုံထော်ရေတံခွန်သို့ရောက်ပါပြီး။

#ဆောင်ရန်_ရှောင်ရန်🚫🚫

အသားငါး-အရက်ဘီယာနဲ့ မူးရစ်ဆေးဝါးများကို ယူဆောင်ခြင်းကို (လုံးဝ) ရှောင်ရှားပေးပါ။ (သက်သက်လွတ်နယ်မြေ)

#လမ်းခရီးအခြေအနေ🛣️🛤️

ဘားအံမှ ကျုံထော်ရေတံခွန်အထိ လမ်းကောင်းပါတယ်။ ရွှေဂွန်းရွာနဲ့ ဂျို့ဂျောင်းရွာလမ်းပိုင်းက အနည်းငယ်လမ်းမကောင်းလို့ ဖြေးဖြေးမောင်းပေးပါ။ နယ်မြေအနေအထားက အေးချမ်းပါတယ်။
မြိုင်ကြီးငူကျော်ရင် တောင် ၂ လုံးကျော်ရလို့ ကားများ Aircon ကိုပိတ်ပြီး ဂီယာကြီးဖြင့်မောင်းပေးပါ။

မှတ်ချက် ။ ။ မိမိနှင့်ပါလာသော အစားအသောက်များကို ရေတံခွန်အတွင်းမှာ စားသောက်ပြီး ၊ စားကြွင်းစားကျန်များကို ရေတံခွန်အတွင်း စွန့်ပစ်ခြင်းကို ရှောင်ရှားပေးကြပါ။ မိမိရဲ့ မဆင်မခြင် အမှိုက်စွန်းပစ်ခြင်းက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။







လူများများနဲ့ ပျော်ပျော်ကြီးသွားနိုင်ဖို့အတွက် စီစဉ်ပေးပါဆိုလို့   24.4.2023 ရက်နေ့အထွက် တောင်ကြီး အင်းလေး ပင်းတယ ကလော ခ...
21/04/2023

လူများများနဲ့ ပျော်ပျော်ကြီးသွားနိုင်ဖို့အတွက် စီစဉ်ပေးပါဆိုလို့ 24.4.2023 ရက်နေ့အထွက် တောင်ကြီး အင်းလေး ပင်းတယ ကလော ခရီးစဉ်လေးကို A.M.K Car Rental Service မှ 19ယောက်စီးကားလေးနဲ့စီ‌စဉ်ပေးလိုက်ပြီနော်😎

ဧည့်သည်တော်ကြီးများအားလုံးစီးပွားလာဘ်လာဘများတိုးတက်ကောင်းမွန်ကြပါစေ‌ဗျာ🙏🙏






12.4.2023ရက်နေ့မှ 17.4.2023 ရက်နေ့အထိ မဟာသင်္ကြန်တွင်းခရီးစဉ်တွေအနေနဲ့ ကျွန်တော်တို့ A.M.K Car Rental Service မှ 🌻တောင်က...
21/04/2023

12.4.2023ရက်နေ့မှ 17.4.2023 ရက်နေ့အထိ မဟာသင်္ကြန်တွင်းခရီးစဉ်တွေအနေနဲ့ ကျွန်တော်တို့ A.M.K Car Rental Service မှ

🌻တောင်ကြီး အင်းလေး3/4ရက် ခရီးစဉ်

🌻ရွေစက်တော်၊ပုဂံညောင်ဦး ပုပ္ပါး 5/6ရက်ခရီးစဉ်

🌻ပုဂံညောင်ဦးပုပွါး 4/5ရက်ခရီးစဉ်

🌻ချောင်းသာ 2/3 ရက်ခရီးစဉ်

🌻ငွေဆောင် 3/4ရက်ခရီးစဉ် တို့ကိုထွက်ရှိပေးခဲ့ပါတယ်။

ယုံကြည်စွာနဲ့လိုက်ပါအားပေးခဲ့သော ဧည့်သည်တော်လူကြီးမင်းများနှင့် လက်တွဲခေါ်ပေးခဲ့ကြသော ဆရာသမား ညီအကိုများအားလဲ အထူးပဲကျေးဇူးတငိရှိပါတယ်ခဗျာ။❤️❤️

နောက်ထပ်ခရီးစဉ်လေးတွေအတွက်လဲစောင့်မျှော်နေမယ်နော်😁

မင်္ဂလာနှစ်သစ်အချိန်အခါလေးဖြစ်ကြပါစေကြောင်းA.M.K Car Rental Service မိသားစုမှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ခဗျာ🙏🙏
17/04/2023

မင်္ဂလာနှစ်သစ်အချိန်အခါလေးဖြစ်ကြပါစေကြောင်း
A.M.K Car Rental Service မိသားစုမှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ခဗျာ🙏🙏

ကျန်းမာပျော်ရွင်ချမ်းသာခြင်းများနှင့်အတူ ၂၀၂၃ခုနှစ် သင်္ကြန်နှစ်ကူးရုံးပိတ်ရက်အား ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကော...
13/04/2023

ကျန်းမာပျော်ရွင်ချမ်းသာခြင်းများနှင့်အတူ ၂၀၂၃ခုနှစ် သင်္ကြန်နှစ်ကူးရုံးပိတ်ရက်အား ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်...


 #မန်းရွှေစက်တော်စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးသော အနောက်ရိုးမ အရှေ့ဘက်ဆုံး တောင်စွယ်ပေါ်...
30/03/2023

#မန်းရွှေစက်တော်

စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးသော အနောက်ရိုးမ အရှေ့ဘက်ဆုံး တောင်စွယ်ပေါ်တွင် တည်ရှိသည်။ စက်တော်ရာစေတီကို ရွှေစက်တော် ဟူ၍လည်​ကောင်း၊ မန်းစက်တော်ရာ ဟူ၍လည်းကောင်း၊ မန်းရွှေစက်တော် ဟူ၍လည်းကောင်း ခေါ်ကြသည်။ စက်တော်ရာသို့ ဘုရားဖူးသွားလိုလျှင် မင်းဘူးနှင့် စကုမြို့များမှတစ်ဆင့် ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်သည်။ စက်တော်ရာသည် စကုမြို့၏ အနောက်တောင်ဘက် ၁၆ မိုင် အကွာတွင် တည်ရှိသည်။ စက်တော်ရာသည် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာဟူ၍ နှစ်ဌာနရှိသည်။ တောင်ပေါ်တွင် ရှိသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟု ခေါ်ကြ၍ တောင်အောက် မန်းချောင်းဘေး၌ရှိသော ခြေတော်ရာတစ်ဆူကို အောက်စက်တော်ရာဟု ခေါ်ကြသည်။

မန်းရွှေစက်တော်ရာသမိုင်း (အပိုင်း ၁)

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်မှာ သီတင်း သုံးနေတော်မူပါတယ်။

ထိုအချိန်မှာ သုနာပရန္တတိုင်း၊ ဝါဏိစ္စဂါမရွာ(ယခု မြန်မာနိုင်ငံ၊ မကြီးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့) တွင် မဟာပုဏ္ဏနဲ့ စူဠပုဏ္ဏဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ၎င်းညီ အစ်ကိုနှစ်ယောက်ဟာ ကုန် သည်များဖြစ်ကြပြီး၊ တစ်လှည့်စီ လှည်းငါးရာနှင့်အတူ အိန္ဒိယနိုင်ငံသို့ ကူးသန်းရောင်းဝယ်နေကြပါတယ်။

အကိုဖြစ်သူ မဟာပုဏ္ဏဟာ ကူးသန်းရောင်းဝယ်သွားရင်း သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော် အနီးမှာ ခေတ္တရပ်နားတည်းခိုနေစဉ်၊ ြမိ ု့သူမြို့သားများဟာ လှူဘွယ်ပစ္စည်းများနှင့်အတူ နေ့စဉ်နံနက် တစ်ကြိမ် ည‌ ‌နေတစ်ကြိမ်သွားလာ‌နေကြတာကို မဟာပုဏ္ဏက ြမင်‌ေတွ့နေရလို့ မေးမြန်းကြည့်တော့ “မြတ်စွာဘုရားရှင်ပွင့်တော်မူနေပြီဖြစ်ကြောင်း၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပြီး၊ တရားဒေသနာတော်များ ဟောကြားနေကြောင်း၊ ယခု မြတ်စွာဘုရားရှင်အား လှူဒါန်းရင်းနဲ့တရားနာရန် သွားရောက်မည်ဖြစ်ကြောင်း”ဖြေကြားသဖွင့် မဟာပုဏ္ဏလည်း စိတ်ဝင်စားကာ အတူလိုက်ပါသွားခဲ့ ပါတယ်။

မဟာပုဏ္ဏဟာ ဘုရားရှင်ရဲ့ တရားတော်ကိုနာယူပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်ဖြစ်ကာ၊ နောက်တစ်နေ့မှာ ဘုရားရှင်နှင့် နောက်ပါသံဃာငါးရာတို့ကို ပင့်ဖိတ်ပြီး ဆွမ်းကပ် လှူပါတယ်။ ဆွမ်းကပ်ပြီးလို့ တရားတော်များကိုနာယူပြီးနောက် မဟာပုဏ္ဏဟာ ရဟန်းပြုခွင့်ပေးပါရန် ခွင့်ပန်သဖြင့် ဇေတဝန်ကျောင်း သို့ခေါ်ပြီး ရဟန်းပြုပေးလိုက်ပါတယ်။ ရဟန်းဖြစ်လာတဲ့ မဟာပုဏ္ဏဟာ အတူလိုက်ပါလာတဲ့ ကုန်သည်များ ကို ဌာနေသို့ပြန်လွှတ်ပြီး ကုန်ပစ္စည်းအားလုံးကိုလည်း ညီငယ်အားအပ်နှံကာ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေ၍ တရားဘာဝနာများ အားထုတ်နေပါတော့တယ်။ တစ်နေ့မှာ မဟာပုဏ္ဏရဟန်းဟာ သာဝတ္ထိမြို့ရဲ့ ချမ်းအေးလှတဲ့ ရာသီဥတုဒဏ်ကြောင့် ကောင်းစွာတရားအားမထုတ်နိုင်ဖြစ်သဖြင့် ဌာနေ ဖြစ်တဲ့ ဝါဏိစ္စဂါမရွာသို့ပြန်၍ တရားအားထုတ်ခွင့်ပြုပါရန် ဘုရားရှင်ထံခှင့်တောင်းပါတယ်။ မဟာပုဏ္ဏ ရဟန်းဟာ မြတ်စွာဘုရားရှင်ထံမှ တရားတော်များကို နာယူပြီး၊ ဝါဏိစ္စဂါမရွာသို့ပြန်ကာ ကောင်းစွာ တရားအားထုတ်နိုင်သဖွင့် ထိုနှစ်ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (မြန်မာပြည်ရဲ့ ပထမဦးဆုံးရဟန္တာဖြစ်ပါတယ်။)

အပိုင်း၂ဆက်ရန်။။။။

#ဘုရားသမိုင်း

ကျွန်တော်တို့ A.M.K Car Rental Service မှထွက်ရှိတဲ့ ပုဂံ၊ညောင်ဦး၊ပုပ္ပါး မကွေး ရွှေစက်တော် မိသားစုဘုရားဖူးခရီးစဉ်လေးအောင...
25/03/2023

ကျွန်တော်တို့ A.M.K Car Rental Service မှထွက်ရှိတဲ့ ပုဂံ၊ညောင်ဦး၊ပုပ္ပါး မကွေး ရွှေစက်တော် မိသားစုဘုရားဖူးခရီးစဉ်လေးအောင်မြင်စွာနဲ့ပြီးသွားခဲ့ပါပြီခဗျ❤️

အားပေးခဲ့ကြသော မိသားစုများအား ကျွန်တော်တို့ A.M.K Car Rental Service မှ အထူးပဲကျေးဇူးတင်ရှိပါတယ်ခဗျာ။

လူကြီးမင်းတို့ရဲ့ခရီးစဉ်တိုင်းအတွက် အကောင်းဆူံး၀န်ဆောင်မှုပေးရန် A.M.K Car Rental Service မှအသင့်ရှိနေပါတယ်ခဗျာ❤️

နွေ၊မိုး၊ဆောင်း မရွေးအမြဲတမ်းလှတဲ့ ရှမ်းပြည်
19/03/2023

နွေ၊မိုး၊ဆောင်း မရွေးအမြဲတမ်းလှတဲ့ ရှမ်းပြည်

🌻နွေကျောင်းပိတ်ရက်အချိန်လေးမှာ မိသားစုနဲ့ဖြစ်ဖြစ်၊သူငယ်ချင်း မိတ်ဆွေများနဲ့ဖြစ်ဖြစ် Private Trip လေးသွားဖို့အတွက် လူလဲမျ...
16/03/2023

🌻နွေကျောင်းပိတ်ရက်အချိန်လေးမှာ မိသားစုနဲ့ဖြစ်ဖြစ်၊သူငယ်ချင်း မိတ်ဆွေများနဲ့ဖြစ်ဖြစ် Private Trip လေးသွားဖို့အတွက် လူလဲများများဆန့်ချင်တယ် ထိုင်ခုံလေးကလဲသက်တောင့်သက်သာနဲ့VIPဆန်ဆန် ငြိမ့်ငြိမ့်ညောင်းညောင်းလေးခရီးသွားချင်တယ်ဆိုရင်တော့....

ကျွန်တော်တို့ A.M.K Car Rental Service မှာ 18 ယောက်စီး VIP Seats ကားလေး ၀န်ဆောင်မှုပေးရန်အသင့်ရှိနေပါပြီနော်❤️

ကျွန်တော်တို့ A.M.K Car Rental Service မှ လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းကို
✅အသောက်အစားကင်း စိတ်ရှည်ပြီးစကားပြောပြေပြစ်သောယာဉ်မောင်းကြီးများ
✅သက်တောင့်သက်သာရှိပြီး သန့်ရှင်းသပ်ရပ်သော မော်တော်ယာဉ်များကို အမျိုးအစားစုံလင်စွာ ငှားရမ်းအသုံးပြုနိုင်ပါတယ်ခဗျာ။

📢ခရီးစဉ်တိုင်းအတွက်ကို‌ ယာဉ်မောင်းအပါနှင့်ပဲ၀န်ဆောင်မှုပေးပါတယ်ခဗျာ။

လူကြီးမင်းတို့စိတ်ကျေနပ်မှုအပြည့်ရစေရန်နှင့်ပျော်ရွင်စရာခရီးစဉ်လေးတစ်ခုဖန်တီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ a.m.k car rental service မှ၀န်ဆောင်မှုအပြည့်ပေးပါရစေ❤️

a.m.k car rental service
📞0 9 4 0 3 7 1 8 7 5 1
📞09 7 7 7 1 7 2 8 6 8
[email protected]
- no(8),ward (8),kyike wine pagoda road,mayangone township, yangon.

 #ငပလီကမ်းခြေ ငပလီကမ်းခြေသည် မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြေ...
14/03/2023

#ငပလီကမ်းခြေ

ငပလီကမ်းခြေသည် မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဘက် ၁၇၅ မိုင်အကွာတွင် ရှိသည်။ သံတွဲမြို့အနောက်ဘက် ၇မိုင်အကွာတွင် တည်ရှိသည်။

အလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။

ကမ်းခြေတစ်လျှောက် တည်ဆောက်ထားသော ဟိုတယ်အများအပြား၊ အပန်းဖြေစခန်းများနှင့် ဂေါက်ကွင်းများဖြင့် မြန်မာပြည်၏ အဓိက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ အဓိက နေရာတစ်ခုလည်း ဖြစ်သည်။

ငပလီအနီးတွင် ကျွန်းများစွာရှိပြီး အများအားဖြင့်လူနေထိုင်ကြသည်။ အကြီးဆုံးကျွန်းမှာ ပုလဲကျွန်း ခေါ် အပေါ်ရဲကျွန်း ရှိသည်။ ၎င်းကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည်။

သဲဖြူကျွန်း(ယခင် သဲပူကျွန်း)သည်၌ သစ်ပင်မရှိ။ သဲသောင်သာဖြစ်သည်။ ပွင့်လင်းရာသီ၌ ခရီးသွားလုပ်ငန်း အထောက်အကူပြု ‌ကျွန်းဖြစ်သည်။

13/03/2023
သူငယ်ချင်းတွေလူစုမရ၍ စိတ်မရှည်ပဲ တစ်ယောက်ထည်းခရီးထွက်မိသောအခါ🤣
11/03/2023

သူငယ်ချင်းတွေလူစုမရ၍ စိတ်မရှည်ပဲ တစ်ယောက်ထည်းခရီးထွက်မိသောအခါ🤣

 #ဆင်ခေါင်းတောင် 🐘ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) #ဆင်ခေါင်းတောင်ရဲ့အောက်ဘက်မှာမြို့ကြီးဆည်ကနေ လွှတ်ပေးနေတဲ့ ဇေ...
09/03/2023

#ဆင်ခေါင်းတောင် 🐘

ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)

#ဆင်ခေါင်းတောင်ရဲ့အောက်ဘက်မှာ

မြို့ကြီးဆည်ကနေ လွှတ်ပေးနေတဲ့ ဇော်ဂျီမြစ်လေး
ရှိပါတယ်...ရေကစားရင်းနဲ့ အနားယူ အပန်းဖြေရင်း
ဓာတ်ပုံလှလှလေးတွေ ရိုက်နိူင်ဖို့ ဇော်ဂျီမြစ်ကို မျက်နှာမူထားတဲ့ စားသောက်ဆိုင်လေးတွေရှိပါတယ်...🏖️

#ဇော်ဂျီမြစ်က

ကားလမ်းရဲ့အောက်ဘက် ကပ်လျက်မှာရှိပြီး
အပေါ်စီးကနေ ကြည့်တာတောင် ရေအောက်ကြမ်းပြင်ကို မြင်ရတဲ့ထိ ကြည်လင်ပြီး ကျောက်ခဲလေးတွေနဲ့
အရမ်းလှပါတယ်။ ရေစီးကလည်း အတော်သန်ပါတယ်.
အရင်က ဆိုင်တွေဖွင့်ရင်တော့ တယောက် ၅၀၀နဲ့
စက်လှေအပျော်ပတ်စီးပြီး တောတောင် ၊
ရေမြေအလှနဲ့အတူ ဓာတ်ပုံလှလှလေးတွေ ရိုက်နိူင်ပါတယ်...⛵

#သွားရောက်လည်ပတ်ဖို့

အကောင်းဆုံးအချိန်အနေနဲ့ ဆင်ခေါင်းတောင်အရောက် မနက် ၁၀ နာရီမတိုင်ခင် နဲ့ ညနေ ၄နာရီနောက်ပိုင်း
အဲ့နှစ်ချိန်ထဲက တချိန်ရွေးပြီး သွားသင့်ပါတယ်။

#ဆင်ခေါင်းတောင်ဘေးမှာ

ဇော်ဂျီမြစ်က ကပ်လျှက်စီးဆင်နေတယ် ဇော်ဂျီမြစ်က မြစ်ကြောင်းလေးတွေ ခွဲထွက်နေတဲ့ ရေချိုးလို့ အရမ်းကောင်းတဲ့ မြစ်ငယ်ကလေး.....

#ဆင်ခေါင်တောင်မရောက်ခင်က

သစ်ကြီးပင်တွေအများကြီးတန်းနေတဲ့ ရွာအဝင်လမ်းလေးကို ဖြတ်ကျော်ပြီး... သင့်ရဲ့ Pre weeding ဓါတ်ပုံတွေကို ရိုက်သင့်တယ်...

#မန္တလေးဘက်ကနေ

ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ၄၆မိုင်(၇၅ကီလိုမီတာ) - ၁နာရီ ၄၅မိနစ်ခန့် သွားရင် ဆင်ခေါင်းတောင်ကို ရောက်ပါတယ်။
လမ်းက တော်တော်လည်း ကောင်းသလို တချို့နေရာတွေမှာ အမြန်လမ်းလို အသွားတလမ်း အပြန်တလမ်းဖြစ်လို့ မောင်းရတာ အရမ်းအဆင်ပြေပါတယ်။ မန္တလေးမှ ဆိုင်ကယ်နဲ့လည်း နေ့ချင်းပြန်သွားရောက်နိူင်ပါတယ်..🛵

#မန္တလေးမြို့မှ မြစ်ငယ် ၊ စဥ့်ကိုင် ၊ ကျောက်ဆည်တို့ကို ဖြတ်ပြီး ကျောက်ဆည်အလွန် ဟန်မြင့်မိုရ်ရွာ ရောက်ရင် မီးပွိုင့်မှာ ရွာငံသို့ဆိုတဲ့ မြှားလေးအတိုင်း ဘယ်ဘက်ချိုးပြီး ၁၅မိနစ်လောက် ထပ်သွားပြီးရင် ဘယ်ဘက်အခြမ်းမှာ တွေ့ရပါပြီ။ တောင်ကကြီးတော့ ကား ၊ ဆိုင်ကယ်နဲ့ သွားနေရင်း အဝေးကနေ လှမ်းမြင်တွေ့နိူင်ပါတယ်...


🌻ဟေးးး ညိုကီတို့ ညိုမီတို့မဟာသင်္ကြန် ရုံးပိတ်ရက်ကာလမှာ အိမ်မှာလဲမနေချင်ဘူး ရန်ကုန်မြို့ပြကြီးကနေခဏတာစွန့်ခွာပြီး မွန်းက...
08/03/2023

🌻ဟေးးး ညိုကီတို့ ညိုမီတို့
မဟာသင်္ကြန် ရုံးပိတ်ရက်ကာလမှာ အိမ်မှာလဲမနေချင်ဘူး ရန်ကုန်မြို့ပြကြီးကနေခဏတာစွန့်ခွာပြီး မွန်းကြပ်မှုတွေကို‌ဖြ‌ေဖျာက်ချင်တယ်ဆိုရင်တော့🤷

သကြင်္ န်တွင်း ရုံးပိတ်ရက်လေးကိုအချိန်လေးကိုအကျိုးရှိစွာအသုံးချဖို့ခရီးထွက်ဖို့လိုမယ်နော်😁

လူကြီးမင်းတို့ရဲ့ သင်္ကြန်ကာလရုံးပိတ်ရက်ခရီးစဉ်လေးတွေအတွက် A.M.K Car Rental Service ကိုသတ‌ိရပေးနော်❤️

သင်္ကြန်တွင်းရုံးပိတ်ရက်ကာလလေးမှာ ဘော်ဒါတွေနဲ့ပဲ Chill Out လုပ်ရင်းခရီးထွက်မလား✌️
မိသားစုနဲ့ဘုရားဖူးခရီးစဉ်တွေပဲသွားမလား🙏

လူကြီးမင်းတို့ရဲ့ခရီးစဉ်လေးတွေကိုသက်တောင့်သက်သာနဲ့အဆင်ပြေပြေသွားလာနိုင်ရန်အတွက် A.M.K Car Rental Service မှကူညီပေးပါရစေခဗျာ။

သင်္ကြန်တွင်းခရိးစဉ်လေးတွေကကားအထွက်လေးများတက်တာမို့ အမြန်လေး‌ ဟယ်လိုလုပ်ပြီးသာ Booking တင်လိုက်တော့နော်❤️

A.M.K Car Rental Service

📞0 9 4 0 3 7 1 8 7 5 1
📞09 7 7 7 1 7 2 8 6 8

[email protected]
- No(8),Ward (8),Kyike Wine Pagoda Road,Mayangone Township, Yangon.

ခရီးထွက်ပါ🌲🌲🌲______________( 1 ) ခရီးထွက်ပါမွန်းကြပ်နေတဲ့ သင့်စိတ်တွေ ပြန်လည်လန်းဆန်းသွားစေဖို့။( 2 ) ခရီးထွက်ပါမတူညီတဲ့...
07/03/2023

ခရီးထွက်ပါ🌲🌲🌲
______________
( 1 ) ခရီးထွက်ပါ
မွန်းကြပ်နေတဲ့ သင့်စိတ်တွေ ပြန်လည်လန်းဆန်းသွားစေဖို့။

( 2 ) ခရီးထွက်ပါ
မတူညီတဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာသိရှိဖို့။

( 3 ) ခရီးထွက်ပါ
ဒေသန္တရ ဗဟုသုတတွေ တိုးပွားအကျိုးများစေဖို့။

( 4 ) ခရီးထွက်ပါ
အတွေးသစ် အမြင်သစ်တွေ ရရှိခံစားနိုင်ဖို့။

( 5 ) ခရီးထွက်ပါ
ပုံမှန်ကမ္ဘာလေးထဲမှရုန်းထွက် ကမ္ဘာသစ်ကြီးဆီသို့။

( 6 ) ခရီးထွက်ပါ
ပျင်းစရာကောင်းလှတဲ့ ပုံမှန်အသိုက်ကလေးဆီမှ ပို၍ကြီးကျယ်ခမ်းနားသော အသိုက်အမြုံကြီးဆီသို့။

( 7 ) ခရီးထွက်ပါ
ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းတွေဖွင့်ဖို့။

( 8 ) ခရီးထွက်ပါ
အတွေ့အကြုံ ဗဟုသုတတွေ မြောက်များစွာရရှိဖို့။

( 9 ) ခရီးထွက်ပါ
ပိတ်လှောင်နေတဲ့အခန်းငယ်လေးအတွင်းမှ
တဒင်္ဂလွတ်မြောက်ပျော်ရွှင်စေဖို့။

( 10 ) ခရီးထွက်ပါ
မြို့ပြရဲ့မွန်းကြပ်မှုတွေအောက်မှ တဒင်္ဂလွတ်မြောက်ချမ်းသာဖို့။

အရှင်လက္ခဏ(အင်းပါ)

❤️6.3.2023ရက်နေ့ ရန်ကုန်မြို့တွင်း ခရီးစဉ်လေး ယုံကြည်စွာနဲ့ငှားရမ်းအသုံးပြုပေးပါသော ကျင်းလုံမြန်မာကုမ္ပဏီမိသားစုအား ကျွန...
06/03/2023

❤️6.3.2023ရက်နေ့ ရန်ကုန်မြို့တွင်း ခရီးစဉ်လေး

ယုံကြည်စွာနဲ့ငှားရမ်းအသုံးပြုပေးပါသော ကျင်းလုံမြန်မာကုမ္ပဏီမိသားစုအား ကျွန်တော်တို့ A.M.K Car Rental Service မှ အထူးပဲကျေးဇူးတင်အပ်ပါတယ်ခဗျာ။

လက်တွဲခေါ်ပေးတဲ့ အကို/ဆရာများကိုလဲကျေးဇူးတင်ပါတယ်ခဗျ

ဧည့်သည်တော်ကြီးများအားလုံးစိတ်ချမ်းသာကိုယ်ကျမ်းမာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခဗျ။

လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းကိုအဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျွန်တော်တို့ရဲ့ A.M.K Car Rental Service မှတာ၀န်ယူပါရစေခဗျာ။❤️

A.M.K Car Rental Service
📞0 9 4 0 3 7 1 8 7 5 1
📞09 7 7 7 1 7 2 8 6 8

စက္ကူပန်းတွေနဲ့အလှဆင်ထားတဲ့ ပုဂံ...သိပ်ချစ်ရတဲ့ပုဂံ...သိပ်ကိုလှပလွန်းတ‌ဲ့ပုဂံ...ချစ်ရတဲ့သူနဲ့အမှတ်တရတွေအများကြီးရှိခဲ့ဖူ...
17/02/2023

စက္ကူပန်းတွေနဲ့အလှဆင်ထားတဲ့ ပုဂံ...

သိပ်ချစ်ရတဲ့ပုဂံ...

သိပ်ကိုလှပလွန်းတ‌ဲ့ပုဂံ...

ချစ်ရတဲ့သူနဲ့အမှတ်တရတွေအများကြီးရှိခဲ့ဖူးတဲ့ပုဂံ❤️

Photo-Win Min Oo(ဓာက်ပုံ)

Address

No. (8), Ward (3), Kyaik Waing Pagoda Road, Mayangone Tsp
Yangon

Telephone

+959403718751

Website

Alerts

Be the first to know and let us send you an email when A.M.K Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Travel Companies in Yangon

Show All