Brilliant Triangle Travels & Tours Co.,Ltd.

Brilliant Triangle Travels & Tours Co.,Ltd. Traveling is the most interesting thing all over the world.
(4)

04/06/2024
05/09/2023

ဦးစန်းအောင်၏ သမီးဖြစ်သူပိုင်ဆိုင်သော ကမ္ဘောဇ Special Account နှင့် Old Account မှငွေသိန်း၁၀၀ ကျော်သည် ၎င်းတို့ အိပ်မောကျနေစ....

06/06/2023
17/05/2023

#သားသမီးရှိတဲ့မိဘတိုင်းသေသေချာချာဖတ်သင့်တယ်နော်

“အမေ ဒီဟင်းနဲ့မစားချင်ဘူး…
ဟိုဟင်းနဲ့စားမယ်”
အမေ့အမြင်မှာ
သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင်
နားအေးတာပဲ လို့
မြင်ကောင်းမြင်နိုင်ပါတယ်
ဒါပေမယ့် ခလေးစိတ်ထဲမှာ…
စားချင်သလို စားခွင့် ရှိတယ်…
စားချင်သလောက် စားမယ်ဆိုတာမျိုး

ဘယ်အရာကိုမှ
ကန့်သတ် (စည်းကမ်း)
ထားစရာမလိုဘူး ဆိုတဲ့
ခံယူချက်ကလေးတွေ တဖြည်းဖြည်းနဲ့
ဝင်လာနေတာကို
ဒီအမေ သတိ မထားမိလိုက် ပါဘူး

“အမေ…
သားဒီနေ့ကျောင်းမသွားချင်ဘူး”
“အေး အေး… အမေခွင့်တိုင်ပေးမယ်”

ဒီအမေ အတွေးထဲမှာ
ဒီနေ့ တစ်ရက်ကျောင်းမသွားတာနဲ့
ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါ….

တကယ်တော့
ကျောင်းပုံမှန် သွားရမယ်ဆိုတဲ့
စည်းကမ်းကို အလွယ်တကူ ချိုးဖောက်ဖို့
အားပေးကူညီ လိုက်တာပါ…

ကျောင်းတစ်ရက် ပျက်တာ
ဘာမှမဖြစ်ပေမယ့်
ကလေးစိတ်ထဲမှာ
“ငါမတက်ချင်လည်းရတာပဲ”
ဆိုတဲ့ ဘယ်အရာကိုမဆို
အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က
တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်…
ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး

“အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်”
“အေး… ဦးအောင်သာပြန်ဆော်ခဲ့
လုံးဝ မခံခဲ့နဲ့…
ြဖစ်လာသမျှ အမေလိုက်ရှင်းမယ်”

ဒီအမေ အမြင်မှာ
ဒီလိုပြဿနာတွေကို
သားနိုင်ကိုနိုင်ရမယ်… ငါလိုက်ရှင်းမယ်
ဘာဖြစ်ဖြစ်ဆိုတာမျိုး….

တကယ်တော့
ကလေးဟာပြသနာတခုခုကို
သူ့အရွယ်နဲ့သူ မဆုံးဖြတ်နိုင်တော့ပဲ
ကိုယ်ထိလက်ရောက်
အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး…
ဘာလုပ်လုပ် ငါ့မိဘရှင်းမှာပဲဆိုတဲ့
စိတ်ဓာတ်မျိုးကို တဖြည်းဖြည်း
ဖန်တီးယူလာတာပါ

ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး…
ကြီးလာရင် တဖြည်းဖြည်း
သင်ယူသွားလိမ့်မယ်
ဆိုတာ မဟုတ်ပါဘူး။

ခလေးဆိုတာ သွေးတိုးစမ်းတတ်ပါတယ်*
(ပထမအရွယ်မှာ ချော့ရပါတယ်…
ဒုတိယအရွယ်မှာခြောက်ရပါတယ် ၊
တတိယအရွယ်မှာ
ချော့တစ်ခါခြောက်တစ်လှည့် လုပ်ရပါတယ်…)
ငယ်စဉ်ကတည်းက
သင်ကြားပေးလို့ရတဲ့
ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိပါတယ်

သူ့ဖိနပ်ကိုသူ စနစ်တစ်ကျ ချွတ်ခိုင်းပါ…
ထမင်းစားတာကို မဖိတ်မစင်အောင် စားခိုင်းပါ..
(ကိုယ် ကြွေးချင်တဲ့ အစာအဟာရကို မဖြစ်မနေ
ခလေးစားအောင် ကြိုးစားပါ)

သူ ကစားပြီးသား ကစားစရာကို
သူကိုယ်တိုင် စနစ်တစ်ကျသိမ်းခိုင်းပါ…
(မသိမ်းရင် နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝခွင့်မပြုပါနဲ့)
ငယ်စဉ်ထဲက စနစ်တကျ တဖြည်းဖြည်းခြင်း
ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်

ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့
ခလေးဟာ ကြီးလာရင်လည်း
ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ
မလိုက်နာဖို့များပါတယ်

ကလေးတွေကိုပေးရမယ့်
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ…
ပူဆာသမျှအရုပ်တွေ ဝယ်ပေးတာမျိုး…
ပို့ခိုင်းသမျှ ကစားကွင်းတွေ အမြဲတစေ
လိုက်ပို့တာမျိုးရယ်တော့ မဟုတ်ပါဘူး

လက်ရှိရှိနေတဲ့ အနေအထားမှာ
ရှိနေတဲ့ပတ်ဝန်းကျင် ရောက်နေတဲ့အသက်အရွယ်မှာ သူ့ကိုယ်ပိုင်အသိတရားလေးနဲ့
စည်းကမ်းတကျလေး ပျော်ရွှင်စေရမှာဖြစ်ပါတယ်

ကလေးအိပ်နေလို့ မနှိုးချင်လို့
ကျောင်းပျက်တာကိုအရေးမကြီးသလို
ယူဆနေတဲ့မိဘတွေ တနေကုန် ဖုန်းနဲ့မျက်နှာနဲ့
မခွာတဲ့ ခလေးတွေကို ပြောမရဘူး
ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့
့ ခွင့်ပြုထားတဲ့ မိဘတွေ

ဖုန်းတစ်လုံးမှာ ငါတို့တောင်မသိတာတွေ
သူသိတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေ…
တစ်နေ့ ၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး

ကြီးလာရင်တော့ သေချာပေါက် ပညာတတ်ဖြစ်မှာပဲလို့
စိတ်ကူးယဉ်နေတဲ့ မိဘတွေ…

ခလေးလေးက လူကြီးလောက်နီးနီး ဆဲတတ်တာကို
စကားတတ်တယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘတွေ

ခလေးလေးက ဘီယာဝိုင်း
လိုက်ထိုင်သောက်တတ်တာကို ဆရာကြီးကွဆိုပြီး
ကြံဖန်ဂုဏ်ဆာနေကြတဲ့ မိဘမျိုးတွေ
ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်…

ကိုယ့်ခလေး ကိုယ်ကြိုက်တာလုပ်နိုင်ပါတယ်…
ကိုယ့်သားသမီး ကိုယ်ကြိုက်သလိုပုံသွင်း
နိုင်ပေမယ့်တစ်ခုတော့ သတိပေးချင်ပါတယ်

ပစ်ချင်သလို ပစ်ထားတဲ့မျိုးစေ့… ပေါက်ချင်သလို
ပေါက်မှာပဲဆိုတာ မမေ့ပါနဲ့နော်….။

( ချစ်ခြင်းကို နှစ်ခြင်းဖြင့် အနိုင်မယူမိပါစေနှင့် )

Crd:;Daw Aye Ma Ma Myo ( EFG

28/10/2022

Reading Challenge စာဖတ်ပြိုင်ပွဲ

ဗြိတိသျှကောင်စီစာကြည့်တိုက် (ရန်ကုန်) တွင် အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ (Reading Challenge) ကို နိုဝင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိကျင်းပပေးသွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲသည် Online learning များနှင့် ကျောင်းသင်ခန်းစာများအတွက် အချိန်ပေးနေရသော ကလေးငယ်များ၏စာဖတ်ဝါသနာကိုပြုစုပျိုးထောင်ပေးရန်၊ စာဖတ်ဝါသနာကိုမြှင့်တင်ပေးရန်၊ စာအုပ်များကို မိမိကိုယ်တိုင်ရွေးချယ်ဖတ်ရှုတတ်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်ပါတယ်။

ယခုနှစ် Reading Challenge ပြိုင်ပွဲအတွက် ခေါင်းစဉ်မှာ Wild World Heroes ဖြစ်ပြီး ပြိုင်ပွဲဝင်ရန်နှင့် စာရင်းသွင်းရန်အချက်အလက်များကို ဤနေရာတွင် ဖော်ပြပါ link များမှာ ကြည့်ရှုနိုင်ပါတယ်။

📌 In English - www.britishcouncil.org.mm/events/wild-world-heroes-reading-challenge

📌In Myanmar - www.britishcouncil.org.mm/my/events/wild-world-heroes-reading-challenge

အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ (ရန်ကုန်) စာကြည့်တိုက်ဝန်ထမ်းများထံတွင်လည်းကောင်း၊ ဖုန်းနံပါတ် 09765634086, 09765634087 နှင့် 09777001830 များသို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

15/08/2022
15/08/2022
13/04/2022

Address

No. 284, 40 Street/Upper Block, Between Anawrahta Road & Bogyoke Road, Kyauktada Township
Yangon

Alerts

Be the first to know and let us send you an email when Brilliant Triangle Travels & Tours Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Brilliant Triangle Travels & Tours Co.,Ltd.:

Share

Category

Nearby travel agencies