USA - Germany Work & Visa

USA - Germany Work & Visa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from USA - Germany Work & Visa, Passport and visa service, Yangon.
(1)

အင်္ဂလန်ကျောင်းသားဗီဇာလျောက်ထားခြင်းလက်ခံပါသည်။
11/05/2021

အင်္ဂလန်ကျောင်းသားဗီဇာလျောက်ထားခြင်းလက်ခံပါသည်။

အမေရိကန် DV လျောက်ပေးသည်။တစ်ဦး ၅၀၀၀ ကျပ်နူံးမိသားစုဗီဇာ- ၈၀၀၀ ကျပ်နူံးVisa ကျွမ်းကျင်သူမှ ​အမှားမရှိအောင်လျှောက်ပေးနေပါသ...
09/10/2020

အမေရိကန် DV လျောက်ပေးသည်။
တစ်ဦး ၅၀၀၀ ကျပ်နူံး
မိသားစုဗီဇာ- ၈၀၀၀ ကျပ်နူံး
Visa ကျွမ်းကျင်သူမှ ​အမှားမရှိအောင်လျှောက်ပေးနေပါသည်။
(Form ပိတ်ရက်မှာနိုဝင်ဘာလ ၁၀ ရက်
၂၀၂၀ ထိဖြစ်ပါသည်)
-------
DV လျှောက်ရန်လိုအပ်သောအချက်အလက်များ
၁. အမည်
၂. မွေးသက္ကရာဇ်
၃. နေရပ်လိပ်စာ
၄. မွေးဖွားရာ ဇာတိ
၅.ပညာအရည်အချင်းဖော်ပြချက်
၆.၂ လက်မပတ်လည် ဓာတ်ပုံ တစ်ပုံ
*** soft copy ပေးရမည်။ နောက်ခံ အဖြူ ရောင် ✔
မျက်မှန် 🤓 တပ်၍ ရိုက်ထားသောပုံ မဖြစ်ရ ❌

မိမိတို့အိမ်မှာ ဖုန်းနဲ့ ဓာတ်ပုံရိုက်တာထက် 📷📸📷 ဓာတ်ပုံဆိုင်မှာရိုက်ဖို့ အကြံပေးချင်ပါတယ်။

👉👉👉 DV လျှောက်ရန် ပေးပို့ထားသော ဓာတ်ပုံ များအား Top DV Lottery Service မှ DV ဖောင်မတင်မီ သတ်မှတ်ချက်များနှင့်ကိုက် မကိုက် software အသုံးပြု၍ ပြန်လည် စစ်ဆေး ပေးသည်။

၇.အိမ်ထောင်ရှိမရှိ။ အိမ်ထောင်ရှိလျှင် ၂၁ နှစ်အောက်သားသမီး နှင့်တကွ ခင်ပွန်း (သို့) ဇနီး တို့၏
အမည် ၊ မွေးသက္ကရာဇ် ၊ မွေးဖွားရာဇာတိ ၊ ၂ လက်မ ပတ်လည် တစ်ပုံ soft copy နှင့်တကွ ပေးပို့ရမည်။

၈. Passport ➡ Expire Date, Passport Number

Messenger မှလည်းဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်းသတင်း ကောင်းပါအပ်ပါသည်။
လိုအပ်သော အချက်
အလက် ပြည့်စုံမှသာ
လျှောက်ထားရာတွင်
အောင်မြင်နိုင်ပါမည်။
🔑 DV ကို မိမိအိမ် မှ နေ၍ လျှောက်ထားနိုင်သည့်အတွက် လူကြီးမင်းတို့၏ အချိန်နှင့် ခရီးစရိတ်ချွေတာနိုင်ခြင်း
🔑 လူကြီးမင်းတို့အတွက် Photo ကိစ္စ
နှင့်ပတ်သတ်၍ မှန်ကန်မှုရှိစေရန် latest software သုံး၍ သတ်မှတ်ချက်များ နှင့်ကိုက်ညီမှု ရှိမရှိစစ်ဆေးပေးခြင်း
🔑 စံသတ်မှတ်ချက်များနှင့်ကိုက်ညီစွာလျှောက်ပေးခြင်း
🔑 လုပ်ငန်းသုံး အင်တာနက် ဖြစ်သည့်အတွက် Internet capacity (လိုင်းဆွဲအား) မြင့်ခြင်း
🔑 စျေးနှုန်းချိုသာစွာဖြင့်လျှောက်ထားနိုင်ခြင်း
🔑 promotion များ အခါအားလျော်စွာ ရရှိခြင်း
♥♥♥
🔑 wave money မှတစ်ဆင့် ငွေလွှဲပေးပို့နိုင်ခြင်း
–----–
🔑 customer care service 100%👇
�မိမိတို့ ထိုးထားသော DV ပေါက်မပေါက်လဲ စစ်ဆေးပေးသဖြင့် ကံထူးသူဖြစ်သော်လည်း မဲပေါက်မပေါက်မသိရ၍ လွတ်သွားခြင်း။ လွဲသွားခြင်း ❌ မဖြစ်ခြင်း။
💞💞💞💞ကံထူးရှင်ဖြစ်ပါက
🔔🔔🔔🔔အကြောင်းကြားပေး
သည့် service လည်းပါဝင်သည်။
😊CB မှ ဆက်သွယ်နိုင်
ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့်ပတ်သက်၍ အမေးများသောမေးခွန်းများနှင့်အဖြေများ
23/03/2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့်ပတ်သက်၍ အမေးများသောမေးခွန်းများနှင့်အဖြေများ

22/03/2020

အခု Covid-19 အခြေအနေအရ ခရီးသွားသင့်လား မသွားသင့်ဘူးလား… လို့ EZ fan လေးတွေ တွေဝေနေရပြီလား….

ပိတ်ရက်တွေ ဆက်တိုက်ရှိလို့ ခရီးလေး ထွက်မယ် ကြံရုံသေး ဝူဟန်ကြောင့် တွေဝေးနေပြီလား..
အလုပ်ကိစ္စကရှိနေ..မဖြစ်မနေသွားရတော့မယ်.. သွားဖို့ကို တော်တော်ကြောက်နေမိလား…
သင်္ကြန်ပိတ်ရက်ရှည်ရှိလို့ အိမ်ပြန်ချင်တယ် ပြန်ဖို့ကို တွန့်ဆုတ်နေမိပြီလား…

အခုဆို မြန်မာပြည်တွင်းမှာ ရောဂါပိုးရှိသူ တစ်ဦး တစ်ယောက်မျှ မရှိတာကြောင့် ပြည်တွင်းခရီးသွားများ အတွက် express bus စီးခြင်းဟာ အန္တရာယ်မရှိလောက်ပါဘူးနော်..
ကြိုတင်ကာကွယ်မှုများကိုတော့ သေသေချာချာလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
ပြူလုပ်သင့်တဲ့ ကြိုတင်ကာကွယ်မှုတွေကတော့
- covid-19 က လေကြောင်းကနေ ကူးစက်နိုင်တဲ့ရောဂါ မဟုတ်တဲ့အတွက် Mask မဝတ်ပါနဲ့.. တကယ်နေမကောင်းတဲ့သူတွေပဲ mask ဝတ်ရတာပါ..
- Mask ဆောင်ထားပါ။ ကိုယ်တိုင်မဝတ်ရသော်လည်း မိမိနှင့် အနီးတဝိုက်တွင် နာမကျန်းဖြစ်နေသူများ ရှိပါက လက်ဆောင်ပေးခြင်းက မိမိကိုယ်ကို ကာကွယ်ရာလဲ ရောက်ပါတယ်။
- ဆေးကြောမထားသော လက်များဖြင့် မျက်လုံး၊ နှာခေါင်း နှင့် ပါးစပ်တို့ကို မပွတ်မိစေရန် သတိထားပါ
- နှာချေ၊ ချောင်းဆိုးပါက တစ်ရှူးဖြင့် အုပ်ထားပါ။ ထို တစ်ရှူးကို အမှိုက်ပုံးတွင်းသို့ သေချာစွာ ထည့်ပါ။
- မကြာခဏ ထိတွေ့၊ ထိမိသည့် အရာဝတ္ထုများ နှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ဆေးကြောပါ။ မိမိ၏ အိတ်ထဲတွင် သယ်ဆောင်ရလွယ်သော ပိုးသတ်ဆေးရည်များ၊ ပဝါများ ဆောင်ထားခြင်းက ရောဂါ ပျံနှံမှုမရှိလဲ အကျင့်ကောင်းတစ်ခု ဖြစ်မှာပါ။
- မကြာခဏ လက်ကို ဆေးကြောပေးပါ။ အထူးသဖြင့် အိမ်သာ၊ရေချိုးခန်း သွားပြီးချိန်၊ အစားမစားခင် အချိန် နှင့် နှာချေပြီးချိန် တွင် မဖြစ်မနေ အနည်းဆုံး စက္ကန့် ၂၀ခန့် ဆေးကြောပေးပါ။
(ဆပ်ပြာ နှင့် ရေ အလွယ်တကူ မရနိုင်ပါက ၆၀ မှ ၉၅ ရာခိုင်နှုန်း ခန့်ပါသော အရက်ပျံပါသော လက်ဆေးရည် ကို အသုံးပြုပါ။)
- နာမကျန်းဖြစ်နေသူများနှင့် ထိတွေ့ဆက်ဆံခြင်း ရှောင်ရှားပါ။

express bus က လုံခြုံပြီးဆိုရင် ဟိုတယ် ကို စဉ်းစားရမှာပေါ့.. အခုဆိုရင် ဟိုတယ် အများအပြားဟာလဲ ခရီးသည်များ အသက်လုံခြုံရေးအတွက် ပိုးသန့်စင်ရေးကို အလေးပေးဆောင်ရွက်နေကြပါတယ်။

ဒီလိုဆို မေးစရာတစ်ခုရှိလာပြီ.. cruise (သဘောင်္) ပေါ်မှာ ရောဂါပိုးရှိသူ တစ်ဦးတွေ့တာကြောင့် ကမ်းမကပ်ပဲ ခရီးသည်အကုန်လုံး ကိုလဲ ပေးမဆင်းပဲ ထိန်းသိမ်းထားတာလဲ..ဆိုရင်
သဘောင်္ (Cruise) ဆိုတာ လူဦးရေ ၂၅၀၀ မှ ၃၅၀၀ ခန့်ထိ ရှိပါတယ်။ ပြည်တွင်း Express bus ဟာ လူဦးရေအများဆုံး ၅၀ခန့်သာ ရှိပါတယ်။ လေယာဉ်ဆိုရင်လဲ လူဦးရေ ၃၀၀ခန့်သာ ရှိပါတယ်။ ဒါကြောင့်မို့ Cruise သဘောင်္ပေါ်မှာ လူဦးရေ အလွန်များပြားတဲ့အပြင် အချင်းချင်းထိတွေ့မှု အကြိမ်ရေ၊ ရောဂါပိုးရှိသူ ကိုင်တွယ်ထားသော အရာဝတ္ထုများကို ထိတွေ့ထားနိုင်ချေလဲ များပြားတာကြောင့် ရောဂါကူးစက်ခံဖို့ အခြေအနေဟာ ပိုများပါတယ်။ ထို့ပြင် ထိုသဘောင်္ပေါ်တွင် စတင်တွေ့ရှိချိန်မှာ စီးနင်လာတဲ့ ခရီးသည်တွေဟာ ကြိုတင်ကာကွယ်မှုတွေလဲ မရှိကြသေးတာကြောင့်ပါ။

သဘောင်္ နှင့် လေယာဉ် နှစ်မျိုးလုံးဟာ အလုံးပိတ်ဧရိယာများ ဖြစ်သော်လည်း လေယာဉ်အတွင်းပိုင်း လေလည်ပတ်မှု စနစ်ဟာ လေ ကို သေချာစွာ သန့်စင်ပြီး ထိန်းချုပ်ထားပါတယ်။ အဲဒါကြောင့် လေယာဉ်စီးနှင်းခြင်းကြောင့် ရောဂါမကူးစက်နိုင်ဘူး လို့ တစ်ထစ်ချ သတ်မှတ်လို့ မရပြန်ပါဘူး။ အကြီးမားဆုံး အန္တရာယ်ကတော့ ရောဂါရှိသူနှင့် ထိတွေ့မိတာမျိုးပါ။ အဲဒါကြောင့် ရောဂါရှိသူနဲ့ လေယာဉ်တစ်စီးထဲ စီးရတိုင်း ကူးစက်မှာ မဟုတ်ပါဘူး… သင် ထိတွေ့မိမဲ့ အရာဝတ္ထု/လူ ပေါ်မှာပဲ မူတည်ပါတယ်။

CDC (The Centers of Disease Control, US) ၏ ပြောဆိုချက်အရ အကယ်၍ သင်ဟာ ရောဂါပိုးရှိသူ၏ အနီးအနား (၆ပေအတွင်း) ထိုင်မိပါက သင့်ကို ကူးစက်နိုင်ချေ medium risk မျှသာ ရှိပါတယ်။ ၆ပေထက်ကျော်လွန်သော မည်သည့်နေရာမဆို ကူးစက်နိုင်ချေဟာ အလွန်နည်းပါးပါတယ်။

အကောင်းဆုံးကတော့ လက်ကို မကြာခဏဆေးကြောပေးပါ။ အဝတ်အစားကို လုံခြုံအောင် ဝတ်ပါ။ သင့်အသားကို အခြားလူ/အရာဝတ္ထုများ နှင့် တိုက်ရိုက်ထိတွေ့မှု ကို အတတ်နိုင်ဆုံး လျော့ချပေးပါ။ ဝတ်ထားသည့်အဝတ်အစားများကိုလဲ လျော်ဖွပ်တဲ့အခါ အမွှေးရည် ထပ် ပိုးသတ်ဆေးကို အသုံးပြုပေးပြီး နေပူပူတွင် လှန်းပေးပါ။ အရက်ပျံ ၆၀ရာခိုင်နှုန်းပါဝင်သော လက်ဆေးရည်ကို ဆောင်ထားဖို့ လုံးဝ မမေ့လျော့ပါနဲ့။
အဲဒါဆို ဘာလို့ အချို့ flight တွေက cancel ဖြစ်သွားတာလဲ???
ဝယ်ထားပြီးသား လေယာဉ်လက်မှတ်တွေရော cancel လုပ်သင့်ပြီလား???
ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး List လေးတစ်ခုနဲ့ ရှင်းပြမယ်နော်..
ယနေ့အထိ ရောဂါပိုးမတွေ့ရှိသေးတဲ့ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊လာအို အစရှိတဲ့ နိုင်ငံတွေ ကတော့ ပြဿနာ လုံးဝမရှိပါဘူး။ Level 1 အနေနဲ့ သတ်မှတ်ခံထားရတဲ့ Hong Kong (ဟောင်ကောင်) ကို သွားမဲ့ ခရီးသည်တွေကလဲ ရက်ရွေ့တာတို့ cancel တာတို့ လုပ်ဖို့မလိုပါဘူးနော်.. ကြိုတင်ကာကွယ်မှုသာ သေသေချာချာ လုပ်ပါ။ Level 2 အဆင့်ရှိတဲ့ Japan(ဂျပန်) နိုင်ငံအတွက်က တော့ သက်ကြီးရွယ်အိုလူကြီးများ နှင့် နာတာရှည်အခြေအနေရှိသူများ ကို သူတို့၏ ဆရာဝန်(သို့) ကျန်းမာရေးအကြံပေးများနှင့် ခရီးသွားသင့်မသွားသင့်အား တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

China(တရုတ်ပြည်မ) , Iran(အီရန်), South Korea(တောင်ကိုရီးယား), Italy(အီတလီ)အစရှိတဲ့ level 3 အနီရောင် အဆင့်သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေကို သွားလာမဲ့သူတွေက တော့ အနည်းငယ် စိုးရိမ်ရပါမယ်။ သင်သွားလိုက သွားနိုင်ပါတယ်။ လုံးဝ တားမြစ်ထားတဲ့အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သို့သော် ထိုနိုင်ငံများမှ ပြန်လာတဲ့အခါ quarantined လုပ်ခံရနိုင်ချေရှိတာမို့ နေ့စဉ်အလုပ်တွေပျက်နိုင်ချေရှိတာကိုတော့ သတိထားရပါမယ်။ နောက်တချက်ကတော့ level 3 အနီရောင် အဆင့်ရှိတဲ့ နိုင်ငံတွေကို သွားမှာ မဟုတ်ပေမဲ့ transits စီးတဲ့ အခြေအနေမျိုးဆိုရင်လဲ အကောင်းဆုံးကတော့ အခြားလမ်းကြောင်းကို ရွေးချယ်စေချင်ပါတယ်.. အခြားလမ်းကြောင်း မရှိခဲ့ရင်လဲ လေဆိပ်တွင်သာ နေပြီး ကြိုတင်ကာကွယ်မှုတွေကို ဂရုတစိုက်လုပ်ပေးစေချင်ပါတယ်။

COVID-19 ရောဂါပိုး တွယ်ငြိနေနိုင်တဲ့ အရာဝတ္တုတွေကတော့
- တံခါးလက်ကိုင်ဘု – တံခါးလက်ကိုင်ဘုဟာ လူအများအပြား ထိတွေ့နိုင်တဲ့ အရာဖြစ်ပြီး ပျံ့နှံ့နိုင်ချေအများဆုံး ပစ္စည်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
- ဓာတ်လှေကား ခလုတ် – လူအများနေ့စဉ်ထိတွေ့နေတဲ့ ဓာတ်လှေကားခလုတ်ဟာလည်း ရောဂါပိုးပျံ့နှံ့စေဖို့ တွန်းအားတစ်ရပ်ဖြစ်တာမို့ သတိထားအသုံးပြုရမယ့် အရာဖြစ်ပါတယ်။
- မာကျောသော မျက်နှာပြင်များ – COVID-19 ဟာ မာကျောတဲ့ သတ္တုမျက်နှာပြင်တွေနဲ့ ပလက်စတစ်မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီနဲ့ အထက် ရှင်သန်နိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
- မိုဘိုင်းလ်ဖုန်း – ဘက်တီးရီးယားပိုးတွေ တွယ်ညိနေတတ်တဲ့ မိုဘိုင်းဖုန်းတွေဟာလည်း ရောဂါပိုးကူးစက်နိုင်ခြေများတဲ့ အရာတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဖုန်းတွေဟာ မျက်နှာ၊ လက်စတဲ့ အစိတ်အပိုင်းတွေနဲ့ အမြဲထိတွေ့နေရသလို နေရာတိုင်းကို သယ်ဆောင်သွားလေ့ရှိတာကြောင့် ရောဂါကူးစက်နိုင်ခြေမြင့်မားပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖုန်းမျက်နှာပြင်ကနေတဆင့် ကူးစက်တယ်ဆိုတဲ့ သက်သေမျိုး မပြသနိုင်သေးပါဘူး။
- ပိုက်ဆံ – လူပေါင်းများစွာရဲ့ လက်ထဲကို တဆင့်ပြီးတဆင့် ပြောင်းလဲရောက်ရှိနေတတ်တဲ့ ငွေစက္ကူတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေအမြင့်ဆုံး အရာဖြစ်တယ်လို့ အမေရိကန် CDC က ဆိုထားပါတယ်။
- Self-service checkouts – လေဆိပ်တွေနဲ့ ခရီးသွားနေရာတွေက ကိုယ်တိုင် Self-service checkouts လုပ်တဲ့ စက်တွေကလည်း ရောဂါပျံ့နှံ့စေနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။
- Touch screens များ – ရုပ်ရှင်ရုံတွေနဲ့ အသင့်စား စားသောက်ဆိုင်တွေက ကိုယ်တိုင် အစားအစာမှာယူတဲ့ Touch screens တွေဟာလည်း ရောဂါပိုးကူးစက်နိုင်ချေရှိတဲ့ အရာတွေဖြစ်ပါတယ်။
- Vending machines – အစားအစာနဲ့ အချိုရည်တွေ ဝယ်ယူလို့ရတဲ့ Vending machines စက်တွေကလည်း ပိုးမွှားကပ်ညိနိုင်တဲ့အရာတွေပါ။
- Remote Control- နေအိမ်တွေမှာ နေ့စဉ်အသုံးပြုနေတဲ့ တီဗီ၊ Air-con နဲ့ ရုပ်သံစက်တွေက Remote Control တွေဟာလည်း ရောဂါပျံ့နှံ့စေနိုင်ပါတယ်။

COVID-19 ရောဂါပိုး တွယ်ငြိနေနိုင်တဲ့ နေရာများ
World Health Organisation (WHO) ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရောတွေ၊ လူစုလူဝေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အခမ်းအနားတွေဟာ ရောဂါကူးစက်နိုင်ချေမြင့်မားတဲ့နေရာတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အောက်ပါနေရာတွေကလည်း ရောဂါပိုးပျံ့နှံ့မှုကိုတွန်းအားဖြစ်စေနိုင်တယ်လို့ ဆိုထားပါသေးတယ်။

- အိမ်သာ
- ရေချိုးခန်း
- ဆေးရုံ
- ကျောင်း
- ရုပ်ရှင်ရုံ
- အများပြည်သူစီး ဘတ်စ်ကား
- အားကစားခန်းမ (GYM)
- လူနေဧည့်ခန်း စတာတွေဟာလည်း ရောဂါပိုးကူးစက်မှုကို တွန်းအားပေးနိုင်တဲ့နေရာတွေဖြစ်တာမို့ သတိထားဖို့ ဂရုစိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါ​တွေက​တော့ မင်​မင့်​အမြင်​​ပေါ့... မည်​သူမဆို သ​ဘောထားကွဲလွဲနိုင်​ပါသည်​။
YarSuThit

ref : https://www.popsci.com/story/diy/covid19-coronavirus-travel-guide/
http://burmese.dvb.no/archives/376561

ထိုင်းနိုင်ငံသတင်း
20/03/2020

ထိုင်းနိုင်ငံသတင်း

Scholarship တွင် ၃ မျိုးရှိပါသည်။Government to Government scholarshipအစိုးရကနေ နောက်တစ်နိုင်ငံက နိုင်ငံသားတွေကို ပေးတာဖြ...
16/03/2020

Scholarship တွင် ၃ မျိုးရှိပါသည်။
Government to Government scholarship
အစိုးရကနေ နောက်တစ်နိုင်ငံက နိုင်ငံသားတွေကို ပေးတာဖြစ်ပါသည်။

အမေရိကားနှင့် ဆိုင်တဲ့ မေးလေ့မေးထရှိသောမေးခွန်းများ

ကျွန်တော့်ကို messenger ကနေကော ကော့မက်တွေကပါ မေးခွန်းတွေမေးလေ့ရှိပါသည်
ဒီမေးခွန်းတွေအကုန်လုံးကို ဒီမှာပဲဖြေကြားလိုက်ပါသည်

အမေရိကားမှာ အသက်ဘယ်လောက်ထိ ကျောင်းတက်လို့ရလဲ
မသေမချင်းကျောင်းတက်လို့ရပါတယ်
ကျွန်တော့်စာသင်ခန်းထဲမှာ သေခါနီး အဘိုးအဘွားကြီးတွေရှိပါတယ်
အဘိုးအဘွားကြီးတွေကို senior citizen လို့ခေါ်ပြီး ကျွန်တော်တို့လူငယ်တွေနဲ့အတူ အတန်းထဲမှာထိုင်ပြီး professor က မေးရင်ဖြေပြီး လိုက်ပြီးတော့လည်း notebooks ထဲမှာ မှတ်ကြပါတယ်။
စာသင်ခန်းထဲတွင် အဘိုးအဘွားကြီးတွေအများကြီးရှိပါသည်။

Scholarship အကြောင်းသိချင်လိုပါတယ်?

Scholarship တွင် ၃ မျိုးရှိပါသည်။
Government to Government scholarship
အစိုးရကနေ နောက်တစ်နိုင်ငံက နိုင်ငံသားတွေကို ပေးတာဖြစ်ပါသည်။
ဥပမာ-
https://mm.usembassy.gov/education-culture/scholarship-programs/


NGO / Foundation
အဖွဲ့အစည်းတစ်ခုကနေ ပေးတာဖြစ်ပါသည်။
ဥပမာ
https://www.opensocietyfoundations.org/grants/civil-society-leadership-awards
Myanmar / Burma ရေးလို့ထားပါသည်။ https://www.opensocietyfoundations.org/uploads/02237802-de05-4cfc-a061-fe4bfb27adb7/2020-civil-society-leadership-awards-frequently-asked-questions-20190319.pdf


School scholarship
ကျောင်းကနေ တိုက်ရိုက်ပေးသော scholarship ဖြစ်ပါသည်။
ဥပမာ
https://www.hbs.edu/mba/financial-aid/tuition-assistance/Pages/default.aspx

https://www.ceu.edu/admissions/who-can-apply



Scholarship လျှောက်ရာတွင် စာတော်ရုံနှင့်မလုံလောက်ပါ။
Volunteer တွေလုပ်ထား ဖို့လိုအပ်ပါသည်။ အမေရိကန်က Scholarship တွေသည် Leader ခေါင်းဆောင်တစ်ယောက်ဖြစ်တာကို မြင်ချင်ပါသည်။
အများပြည်သူကို အကျိုးပြုတဲ့အဖွဲ ့အစည်းတွေမှာ ခေါင်းဆောင်နေရာကနေ ပါဝင်တာအကောင်းဆုံးပါ။

အက်ဆေးတွင်ရေးရာတွင်လည်း ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲစတဲ့မေးခွန်းတွေကို ဖြေရတာတွေလည်းရှိပါသည်။
ဘာလို့ငါ့ကို ဒီ scholarship ကို ပေးရတဲ့ ဆိုတဲ့ မေးခွန်းတွေကိုဖြေရတာတွေလည်းရှိပါသည်။
Same Essay Questions
https://www.rivier.edu/uploadedFiles/Scholarship%20Essay%20Event%20Handout.pdf
https://www.fastweb.com/college-scholarships/articles/brainstorm-common-scholarship-essay-questions

https://gmsp.org/
myanmarstudyabroad.org/

scholarships တွေကို ရှာလို့ ရသည့် ဆိုဒ်များ

https://www.fastweb.com/

https://www.petersons.com/


Harvard ရဲ့ scores နဲ့ ကုန်ကျစရိတ် ၊ IELTS ကို ခွင့်ပြုသလား သိချင်ပါတယ်တဲ့ ?

https://college.harvard.edu/admissions
ဒီဆိုဒ်တွင် အပြည့်အ၀လေ့လာနိုင်ပါသည်

ကုန်ကျစရိတ်
https://www.harvard.edu/about-harvard/harvard-glance
Website တွင် The total 2018-2019 cost of attending Harvard College without financial aid is $46,340 for tuition and $67,580 for tuition, room, board, and fees combined.
Tuition ( ကျောင်းလခ ) = $46,340
ကျောင်းလခနှင့်နေစရိတ် ၊ စားစရိတ် ၊ ကျန်တဲ့ fees များ အကုန် = $67,580

Financial aid အကြောင်းလေ့လာရန်
https://college.harvard.edu/financial-aid

အမေရိကားကိုဘယ်လိုလာလဲသိချင်လို့ ?
အမေရိကားကိုလာနည်းမျိုးစုံရှိတယ်

အများစုက ကျောင်းသား visa နဲ့လာကြတယ်

တစ်ချို့က visit visa နဲ့လာကြတယ်

တစ်ချို့က D.V ပေါက်လို့လာကြတယ်
https://www.facebook.com/creativedvservice/

တစ်ချို့က မိသားစုဝင်တွေကနေ ပြီးတော့ လှမ်းခေါ်လို့လာကြတယ်
ကိုယ့်မိသားစုဝင်တွေက citizen ဖြစ်သွားပြီဆိုရင် လှမ်းပြီးတော့ခေါ်လို့ရပါတယ်

တစ်ချို့ကတော့ အမေရိကန်နိုင်ငံသားတွေကို လက်ထပ်ကြတယ်

တစ်ချို့က နိုင်ငံရေး ဒုက္ခသည်အနေနှင့် လာကြတယ်
တိုင်းရင်းသားအများစု အထူးသဖြင့် ကရင် ၊ ကချင် ၊ ချင်း တို့ သည် ဒီနည်းလမ်းနှင့် ဒုက္ခသည်အမည်ခံနှင့်အမေရိကားကိုရောက်လာကြသည်။
မြန်မာနိုင်ငံတွင် စစ်ပွဲတွေဖြစ်နေတာကြောင့် U.N ဒုက္ခသည်အဖွဲ့အစည်းတွေရဲ့ နည်းလမ်းတွေနဲ့ လာကြတယ်။

အကောင်းဆုံးကတော့ အသေးစိတ်သိချင်ရင်
ရန်ကုန် အမေရိကသံရုံး Facebook ကိုမေးတာအကောင်းဆုံးပါပင်
https://www.facebook.com/usembassy.rangoon/

မြန်ပြည်မှာဆယ်တန်းအောင်ပြီးယူအက်စ်ရောက်ရင်ဘယ်လိုကနေဆက်တက်ရသလဲ

တက်နည်းက နည်းမျိုးစုံရှိပါသည်။ SAT, TOFEL ဖြေပြီး four years college ကို တန်းတက်မလား။ Community college ကနေ သူတို့ပေးတဲ့ assessment test ဖြေပြီး ရောက်တဲ့အဆင့်ကနေ တက်ပြီး credit class တွေဖြေးဖြေးချင်ယူမလား ကိုယ့် visa status ပေါ်မှာလည်းမူတည်ပါတယ် student visa ဆိုရင်တော့ တစ်ခါထဲ မြန်မာနိုင်ငံကနေ လျှောက်ရပါ့မယ် Green Card သမားတွေဆိုရင် အမေရိကားရောက်မှ အဆင်ပြေပြီးမှ လျှောက်လည်းရပါတယ်
Four Years College ကဘဲ Bachelor Degree ကိုပေးပါသည်
Community College က AA ( Associate Degree ) ပဲပေးပါသည်
အလုပ်တွေတော်တော်များက Bachelor Degree ကို လိုအပ် ကြောင်းကိုပြောပါသည်။

immigrant visa လျှောက်ထားတာ သိပ်မစောင့်
ရတော့ဘူးလို့ထင်တာဘဲ ကလေးတွေကဆယ်တန်းအောင်ထားပြီးဘာမှဆက်မတက်ထားဘူး

အလွယ်ဆုံးက green card ရရင် community college မှာ assessment test ဖြေပြီးတက်ရုံပဲ ခက်တဲ့နည်းလမ်းသွားချင်ရင် SAT, TOFEL ဖြေပြီး 4 years college ကိုလျှောက်ရုံပဲ။ Community college သည် 2 years ပဲဖြစ်ပြီး Associate Degree ပဲပေးပါသည်။ Bachelor degree လိုချင်ရင် 4 years college ကို နောက်ထပ် transfer လုပ်ရပါသည်။ အချိန်က များသောအားဖြင့် bachelor ရဖို့ ၅ နှစ်လောက်ကြာသွားတတ်ပါသည်။ 4 years college တွေက SAT တောင်းပါသည်။

Kyaw Tun

အမေရိကန်ပြည်ထောင်စုတွင် ကျောင်းလာတက်သည့်အခါ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကို သိချင်ရင် US News ဆိုတဲ့ဆိုဒ်မှာကြည့်လို့ ရပါသ...
16/03/2020

အမေရိကန်ပြည်ထောင်စုတွင် ကျောင်းလာတက်သည့်အခါ
ကျောင်းတွေရဲ့ ဈေးနှုန်းတွေကို သိချင်ရင် US News ဆိုတဲ့
ဆိုဒ်မှာကြည့်လို့ ရပါသည်။
ကျောင်းတွေရဲ့ အဆင့်အတန်းတွေ ၊ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကိုကြည့်လို့ ရပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ကျောင်းလာတက်သည့်အခါ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကို သိချင်ရင် US News ဆိုတဲ့ဆိုဒ်မှာကြည့်လို့ ရပါသည်။
ကျောင်းတွေရဲ့ အဆင့်အတန်းတွေ ၊ ကျောင်းတွေရဲ့ ဈေးနှုန်းတွေကိုကြည့်လို့ ရပါသည်။
Public University

https://www.usnews.com/best-colleges/rankings/national-universities/top-public

Private University
Ivy League
https://www.usnews.com/best-colleges/rankings/national-universities
သိထားရမှာက အမေရိကားမှာ ထိပ်တန်း private ကျောင်းတွေက ဈေးကြီးပါသည်။
အမေရိကားတွင် private and public university ဆိုပြီးခွဲထားပါသည်။
Private ဆိုတာကတော့ ကျောင်းကနေ ငွေတွေကို ကိုယ့်ပာာကိုယ် ဘယ်နေရာသုံးသင့်ရင်သုံး ၊ လွတ်လပ်ပါသည်။ ကုမ္ပဏီတစ်ခုလိုဖြစ်ပါသည်။ ကိုယ်လုပ်ချင်တာကိုယ် လုပ်လို့ ရသည်။
Public ဆိုတာကတော့ အစိုးရကနေ အခွန်တွေထောက်ပံ့ပေးထားတာဖြစ်ပါသည်။ ပြီးရင် ဆင်းရဲတဲ့ကျောင်းသား ၊ ကျောင်းသူတွေကို မဖြစ်မနေ လက်ခံရပါသည်။ City University of New York တွင် SEEK ဆိုတာရှိပါသည်။
https://www.ccny.cuny.edu/financialaid/seek
ဒီ ပရိုဂရမ်သည် ၀င်ငွေနည်းသောမိသားစုများက ကလေးများကို အမှတ်နည်းနည်းနှင့်လက်ခံတာဖြစ်ပါသည်။ မိသားစုကလည်းဆင်းရဲ ၊ ကလေးကလည်းအမှတ်နည်းရင် ဒီအတိုင်းထားရင် ဆင်းရဲတွင်းနက်မယ်ပုံစံမို့ လို့  ဆင်းရဲတဲ့မိသားစုက ကလေးတွေကိုအမှတ်နည်းလည်း လက်ခံတာဖြစ်ပါသည်။ ဒီနည်းနှင့် ကောလိပ်တွေကို ၀င်လာသောလူတွေရှိပါသည်။ ဒီလိုပရိုဂရမ်သည် public university တွေရှိတတ်ပါသည်။
Private ကျောင်းသည် တစ်ချို့ ကျောင်းတွေသည် Public University ထက် အင်မတန်သာပါသည်။
ဥပမာ အမေရိကားက Columbia University သည် အင်မတန်ကောင်းပါသည်။
Private ကျောင်းကိုလာတတ်သည့် ကလေးများသည် ချမ်းသာသောမိသားစုများက ပေါက်ဖွားလာသောကလေးတွေဖြစ်ပြီး စကားအပြောအဆို ၊ အကျင့်တွေ စတာတွေကလုံးဝကို ကွာပာပါသည်။
အမေရိကားတွင် ယဉ်ကျေးမှုတစ်ခုရှိပါသည်။
ချမ်းသာသောမိသားစုများက ပေါက်ဖွားလာသောကလေးများသည် Ivy League Universities ဆိုသည့် ထိပ်တန်း ကျောင်း ၈ ကျောင်း ( အကုန်လုံးကတစ်နှစ်ကို tuition လခ $50,000 ၀န်းကျင် ) တွင်တက်ကြပါသည်။
ထို သို့ ကျောင်းတွေကိုမတက်ခင် Prep School လို ခေါ်သည့် boarding school တွေတက်ကြပါသည်။
Prep School / Boarding School ဆိုသည့်မှာ ချမ်းသာသောမိသားစုက ကလေးတွေသည်ကောလိပ်မတက်ခင်မှာ
ကောလိပ်အတွက် ပြင်ဆင်ပေးသည့် အထက်တန်းကျောင်းတွေတက်ကြပါသည်။ သာမန်အစိုးရထက် ပိုပြီးတော့ ကောင်းတယ်လို့ ဆိုရမှာပေါ့။ ချမ်းသာသည့်လူတန်းစားက ကလေးတွေသည် ဒီလိုကျောင်းတွေကိုတက် ၊ ပြီးရင် ထိပ်တန်း ivy league တွေကိုတန်းသွားကြပါသည်။
Ivy League University များသည် ကမ္ဘာကြီးအသစ်တစ်ခုဖြစ်ပါသည်။ Public University တွေကထက် ပိုက်ဆံရှိသောလူတန်းစားကနေ လာတတ်သောကလေးများ အများအပြားရှိပါသည်။
ပါမောက္ခတွေကလည်း အမေရိကားက ထိပ်တန်း ၊ ပညာရှင်ကနေ quote ပေးသော ဘယ်သူဆီကရတယ် ဆိုတဲ့ စာတမ်းတွေမှာ အရေးအသားခံရတဲ့ ပါမောက္ခတွေ ၊ အခန်းတွေကလည်း စာသင်တဲ့သူနည်းတယ် ၊ စာကြည့်တိုက်တွေကလည်းမျိုးစုံ - ဘာသာရပ်စာကြည့်တိုက်တွေလည်းအများအပြားရှိပါသည်။
https://library.columbia.edu/
ဥပမာ Columbia University တွင် C.V Starr East Asian library သည် တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ ကိုရီးယားနိုင်ငံ ၊ တိဘက်နိုင်ငံ နှင့် ဗီယက်နမ် စတည့်နိုင်ငံတွေသမိုင်းစာအုပ်တွေကို တရုတ်လို ၊ ဂျပန်လို ၊ ကိုရီးယားလို ရေးထားသောစာအုပ်တွေပါရှိပါသည်။
Lehman Library သည် SIPA ( School of International and Public Affairs ) ဆိုတဲ့ကျောင်းရဲ့ စာကြည့်တိုက်ဖြစ်ပြီး နိုင်ငံတစ်ကာဆက်ဆံရေး စာအုပ်တွေသာထားပါသည်။
ဘာသာရပ်အလိုက် ကိုယ်ပိုင်စာကြည့်တိုက်ရှိကြပါသည်။
ပြီးရင် Columbia University တွင် အထွေထွေစာကြည့်တိုက် Butler library ဆိုတာရှိပါသည်။
အမေရိကားက တက္ကသိုလ်များတွင် Columbia University လောက် ဘာသာရပ်အလိုက် အင်မတန်များပြားသော စာအုပ်တွေ ၊ သီးသန့် စာကြည့်တိုက်တွေက ရှားပါသည်။
ကွာပါသည်။ Private University နှင့် Public University အတွေ့ အကြုံက တကယ့်ကိုကွာပါသည်။
ဒါသည်လူ့ သဘောဖြစ်မည်။ နာမည်ကြီးကျောင်းကဆိုရင် အလုပ်လျှောက်ရင် ပိုပြီးအလုပ်ရဖို့ လွယ်ကူပါသည်။
နာမည်ကြီးကျောင်း Private University , Ivy League University တက်ရင် ကိုယ့်သူငယ်ချင်းတွေက သာမန်လူတွေမှမပာုတ်တာ။ သူတို့ အသိုင်းအ၀ိုင်းသည် နယ်ပယ်အသီးသီးတွင် ထိပ်တန်းလူများ ၊ ပိုက်ဆံရှိသောသူများ ၊ အမေရိကားက နယ်ပယ်အသီးသီးက ထိပ်တန်းလူများနှင့် သိကျွမ်းသူများ တို့ ဖြစ်ပါသည်။ နိုင်ငံတစ်ကာက ချမ်းသာသည့် မိသားစုများရဲ့ ကလေးများသည်လည်း အမေရိကားက Ivy League University ကိုလာတက်ကြပါသည်။ အခုနောက်ပိုင်းတရုတ်ပြည်က ကျောင်းသား ၊ ကျောင်းသူများသည် Ivy League University များကို အစုလိုက်အပြုံလိုက်လာတတ်ကြပါသည်။
ထိုသို့ Private University, Ivy League University များကို တက်သည့်အခါ ကိုယ့်တရုတ်သူငယ်ချင်းတွေသည် တရုတ်ပြည်က အချမ်းသာဆုံးမိသားစုတွေထဲက ကလေးတွေ ၊ ထိပ်တန်းပါတီကလူတွေရဲ့ ကလေးတွေ ဖြစ်နိုင်ပါသည်။
တရုတ်သမ္မတ Xi Jinping ရဲ့ သမီးသည် Harvard တွင်တက်ခဲ့ပါသည်။
Huawei တည်ထောင်သူ ရဲ့ သမီးငယ်တစ်ယောက်သည် Harvard တွင် တက်ရောက်ပါသည်။
ရှင်းရှင်းပြောရင်
အမေရိကားက Ivy League University, Private University တွေသည် အမေရိကန်ပြည်ထောင်စုက ချမ်းသာသည့်မိသားစုများက ကလေးများ နှင့် ကမ္ဘာတစ်ဝှမ်းက ချမ်းသာသည့်မိသားစုများက ကလေးများ စုပြုံတက်သော နေရာဖြစ်သည်။
အရည်အချင်းရှိသော အရမ်းကို အရမ်းကို ဘက်စုံထူးချွန်သော အထက်တန်းကျောင်းသား ၊ ကျောင်းသူများသည်လည်း Ivy League University, Private University တွေတွင် တက်ကြပါသည်။
Ivy League
Harvard, Columbia, Dartmouth, Yale, University of Pennsylvania, Princeton, Brown, Cornell တို့ သည် ထိပ်တန်း Ivy League University ဖြစ်သည်။ Cornell သည် ပြည်နယ်အစိုးရဧ။် ငွေထောက်ပံ့မှုကိုရပါသည်။ ဒါကြောင့် Cornell ကို Private/ Public လို့ ခေါ်လို့ ရပါသည်။ Ivy League တွေတွင်လည်း federal အစိုးရဧ။်ငွေကိုတစ်ချို့ သုတေသနလုပ်သည့်နေရာတွင် ရပါသည်။ ပြည်နယ်အစိုးရကနေ အစိုးရကျောင်းတွေကိုငွေထောက်ပံ့သလို Ivy League တွေလည်း ဖယ်ဒရယ်အစိုးရကနေ ငွေထောက်ပံ့မှုရပါသည်။ အထူးသဖြင့် Harvard သည် အမေရိကန် ဖယ်ဒရယ်အစိုးရကနေ ထောက်ပံ့ငွေရတဲ့နေရာမှာ နာမည်ကြီးပါသည်။ ဒီလောက်ထောက်ပံ့ငွေတွေရတာ ဈေးနှုန်းက ဆက်မြင့်ဆဲဆိုတာကတော့ Harvard က အုပ်ချုပ်ရေးပိုင်းကပဲ ဖြေနိုင်ပါလိမ့်မယ်။
https://www.forbes.com/sites/workday/2019/01/03/how-were-helping-you-prepare-for-ifrs-17/
Ivy League
https://www.niche.com/blog/list-of-ivy-league-schools-ranked-and-reviewed/
အမေရိကားက ထိပ်တန်းပုဂ္ဂိုလ်များသည် ထိုကျောင်းများကနေ အောင်ကြသည်။
College dropout လို့ နာမည်ကြီးသည် Bill Gates, Mark Zuckerberg တို့ သည် သာမန်ကောလိပ်တွေကနေ တက်ရင်းနဲ့ ကျောင်းဆက်မတက်တော့မှာမပာုတ်တာ။ Bill Gates, Mark Zuckerberg တို့ အရင် ၀င်ခွင့်ရတဲ့ကောလိပ် Harvard College ကိုဝင်ခွင့်ရခဲ့တာ။ ထိပ်တန်းကောလိပ်ကို ၀င်ခွင့်ရခဲ့တာ။
ကောလိပ်တက်ရင်းနဲ့ ကောလိပ်ဆက်မတက်တော့ဘူး ကိုယ်ပိုင်စီးပွားရေးစမယ်ဆိုရင် Bill Gates, Mark Zuckerberg တို့ လိုလုပ်မယ်ဆိုရင် သူတို့ ဝင်ခွင့်ရခဲ့တဲ့ ကောလိပ်တွေကိုအရင်စဉ်းစားပါ။
ထိပ်တန်းကောလိပ်ဝင်ခွင့်ရခဲ့တဲ့လူတွေပာာ ၊ သာမန်လူတွေထက်ထူးခြားသူတွေဆိုတာ အင်မတန်တော်တဲ့လူ သတိထားပါ။ သူတို့ က ကောလိပ်ဆက်မတက်တော့ရင်လည်း သူတို့ မှာထူးခြားအရည်အချင်းတွေရှိတယ်ဆိုတာကို သတိပြုပါ။
Ivy League မပာုတ်ပေမဲ့ တစ်ခြားနာမည်ကြီး Private University တွေက
New York University ( NYU ), John Hopkin University, Duke University, MIT, Stanford university စတာတွေဖြစ်သည်.
https://www.usnews.com/education/best-colleges/articles/2017-06-01/top-20-private-universities-that-arent-ivy-league

Public University
Public University ဆိုတာ ပြည်နယ်အစိုးရကနေ အခွန်တွေနဲ့ ထောက်ပံ့ပေးထားသော ကောလိပ်ဖြစ်ပါသည်။
ဈေးနှုန်းက အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံသားတွေ ၊ ပြည်နယ်အတွင်းမှာ တစ်နှစ်လောက်နေပြီးသောသူတွေက ဈေးနှုန်းကို နိုင်ငံတစ်ကာကျောင်းသား ၊ ကျောင်းသူတွေနှင့် တစ်ခြားပြည်နယ်ကလာတတ်တဲ့သူတွေထက် ဈေးနှုန်းကို အင်မတန်ချိုသာစွာတက်နိုင်ပါသည်။
ပြည်နယ်တစ်ပြည်နယ်တွင် တစ်နှစ်လောက်နေမှ In-state tuition ဆိုတာရပါသည်။
ဥပမာ New York ပြည်နယ်တွင် တစ်နှစ်နေပြီးမှ State University of New York, City University of New York တို့ တွင် ကျောင်းလခကို In-state tuition ဆိုသည့် ပြည်နယ်အတွင်းနေထိုင်သူဈေးနှုန်း နှင့် တက်ရောက်နိုင်ပါသည်။
အမေရိကန်အစိုးရကနေ ပေးသော Financial Aid ရရင် ကျောင်းကိုအလကားတက်သည့်ပုံစံရောက်ပါသည်။
အမေရိကန်နိုင်ငံသားများ ၊ Permanent Resident ခေါ် Green Card ရသူများသည် Financial Aid ကိုလျှောက်နိုင်ပြီး ကျောင်းလခကို ကာမိပါသည်။
Public University တွေထဲမှာ ထိပ်တန်းကျောင်းတွေက
https://www.usnews.com/best-colleges/rankings/national-universities/top-public
UCLA, UCBerkeley, University of North Carolina- Chapel Hill, Georgia Institute of Technology တို့ သည် နာမည်ကြီးထပ်တန်း ပြည်နယ်အစိုးရကနေ ထောက်ပံ့ပေးထားသော Public University တို့ ဖြစ်ပါသည်။
အမေရိကားတွင် သာမန် ၊ ဆင်းရဲသောပြည်သူများကိုလည်း ကောလိပ်တက်လို့ ရအောင် ကောလိပ်ဝင်ခွင့်စံနှုန်းတွေကို နိမ့်ပေးထားခြင်း ၊ ကျောင်းတက်လို့ ရအောင် ၀င်ငွေခွန်ပေါ်မူတည်ပြီး financial aid ပေးခြင်း ၊ student loan လို့ ခေါ်သည့် ကျောင်းလခကို ငွေချေးပြီးပေးခြင်း စတာတွေကို လုပ်ပေးထားပါသည်။
ဆင်းရဲလို့  ဆိုပြီး ကျောင်းမတက်နိုင်ဘူးလို့ ဆင်ခြေမပေးပါနဲ့ ။
အကုန်လုပ်ပေးထားပါတယ်။
Financial aid တွင်လည်း work-study ဆိုတာလည်းရှိပါသည်။ ဒီစနစ်တွင် semester တစ်ခုအတွက် $1000 ပေးပါသည်။ ထိုငွေကို semester တစ်ခု ၄ လအတွင်း အလုပ်လုပ်သည့်အခါ ခွဲပြီးပေးခြင်းတို့ လုပ်ပေးပါသည်။ အလုပ်ကလည်း ကျောင်းအလုပ်ဖြစ်ပါသည်။ office assistant ပုံစံမျိုးဖြစ်ပါသည်။ ကျောင်းအလုပ်ဆိုတော့ ဇိမ်နဲ့ လုပ်ရတာဖြစ်ပါသည်။
အလုပ်လုပ်မှ ထိုငွေကိုရမှာဖြစ်ပါသည်။
မှတ်ချက်- financial aid, student loan တို့ သည် အမေရိကန်ပြည်ထောင်စုက green card – Permanent Residence သမားများ နှင့် နိုင်ငံသားများသာ ရကြပါသည်။
Financial aid
https://studentaid.ed.gov/sa/fafsa

Kyaw Tun

13/03/2020

အမေရိကန်သမတ မှ နိုင်ငံကိုမိန့်ခွန်းပြောပြီး
အရေးပေါ်အခြေအနေနဲ့ အစိုးရရဲ့ ဆက်လုပ်မည့်
အစီအစဉ်တွေ ကြေငြာလိုက်ပါတယ်။
၁။ အမေရိကန် နိုင်ငံ သို့ ဥရောပ နိုင်ငံ များမှ
ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းများမှ
ခရီးသွား ဝင်ရောက်လာမှု အားလုံး
သောင်္ကြာနေ့မှ စတင်ပြီး ရက် ၃၀ တိတိ
ပိတ်ပင်လိုက်ပါတယ်။ အင်္ဂလန်မပါပါဘူး။
ရောဂါ တိုက်ဖျက်ရေး ရံပုံငွေ ၈.၃ ဘီလီယံ ဒေါ်လာ ထုတ်ပေးလိုက်ပါတယ်။
ရောဂါကူးစက်လွယ်တဲ့ သက်ကြီးရွယ်အို များရှိရာ ဘိုးဘွားရိပ်သာများကို လူဝင် လူထွက် ကန့်သတ်လိုက်ပါတယ်။ လူအများ နဲ့ ကျင်းပတဲ့ ပွဲများ ပိတ်လိုက်ပါတယ်။
အသေးစား အလတ်စား စီးပွါးရေးများ SME ကို ဘီလီယံ ၅၀ ထုတ်ချေးပေး ပါတယ်။ lowinterest loan ထုတ်ပေးပါတယ်။
CoVID 19 ကြောင့် အထိခိုက်ဆုံး နဲ့ ငွေအကြွေးပိနေတဲ့ ကုမ္ပဏီများကို Negative Interest အတိုးမပေးရယုံမက ပြန်ဆပ်အရင်းငွေ လျော့ပေးပါတယ်။ ပြည်သူတွေ လစာရငွေ အခွန်ဆောင်မှု Payroll tax release လျော့ပေးဖို့ သမတ မှ လွှတ်တော် သို့ တင်ပြထားပါတယ်။
အမေရိကန်သမတ ကြေညာချက်ပါ။
++++++++++++++++++++++
ကမ္ဘာ့သမိုင်းမှာ အမေရိကန်နိုင်ငံက သူ့မိတ်ဖက် ဥရောပနိုင်ငံတွေကို အဝင်အထွက် ပိတ်တာ ပထမဆုံးပါပဲ။ အလွန်ထူးဆန်းပါတယ်။
အမေရိကန် နိုင်ငံတခုလုံးက ကျောင်း နဲ့ တက္ကသိုလ်တွေ အများစု ပိတ်လိုက်ပြီး online home study system နဲ့ သင်နေကြပါတယ်။
COVID 19 ရဲ့ ကမ္ဘာကို ထိခိုက်မှု အမြင့်ဆုံး အခြေအနေ ရောက်သွားပါပြီ။ လက်ရှိ ကမ္ဘာ့ စီးပွါးရေး ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီးခေတ္တခဏ ချွတ်ခြုံကျသွားပါတယ်။ တကမ္ဘာ့လုံးရဲ့ စီးပွါးရေး လည်ပတ်မှု အရှိန်တန့်သွားတာ မိမိဘဝမှာ ဒီတခါသာ ကြုံဖူးပါတယ်။ လက်ရှိ အာရှတိုက်အခြေအနေ ဥရောပ အမေရိက ထက် ကောင်း နေပါတယ်။
ကျွန်တော်တို့ အစိုးရခေါင်းဆောင် တွေလည်း ပြည်သူ ကို နိုင်ငံရေး စီးပွါးရေး ကျန်းမာရေး စီမံထားမှု့ အခြေအနေတွေ ထွက်ပြောပေးဖို့ တိုက်တွန်းပါတယ်။
Crd.....Kyaw Swa Min

13/03/2020

ကျောင်းတွေ ပိတ်လိုက်ရမယ်ဆိုရင် ပထမဆုံးအထိနာမှာက ကျောင်းဆိုင်လို့ ခေါ်တဲ့ Sushi ဆိုင်တွေဖြစ်နေပါလိမ့်မယ်။ Sushi လုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေ ကြိုတင်ပြင်ဆင်ထားကြစေလိုပါတယ်
Crd - James Mirror‎

နယူးယောက်မှတ်စု..🌹🌹အမေရိကန် visa ရလို့ လာမယ်ဆိုရင်..ဆွေမျိုးသားချင်းမိတ်ဆွေလည်းမရှိဘူးဆိုရင် tour group နဲ့လာမယ်..ဒီမှာဆ...
11/03/2020

နယူးယောက်မှတ်စု..🌹🌹

အမေရိကန် visa ရလို့ လာမယ်ဆိုရင်..

ဆွေမျိုးသားချင်းမိတ်ဆွေလည်းမရှိဘူးဆိုရင် tour group နဲ့လာမယ်..ဒီမှာဆက်နေသင့်မနေသင့်ချီတုံချတုံဖြစ်နေချိန်တခြားမြို့တွေဆက်မလိုက်ပဲနယူးယောက်မှာပဲနေခဲ့ပါ။ဘာလို့လဲဆိုတော့ work permit မရှိပဲအလုပ်ရှာဖို့ နယူးယောက်ကပိုအဆင်ပြေလိမ့်မယ်..တခြားမြို့တွေသွားအိမ်ငှားအလုပ်ရှာ၃,၄လလောက်ကြာမှ Aslyum လျှောက်ချင်လို့,ကိုယ်နေတဲ့မြို့မှာအလုပ်ရှာမရလို့အခက်အခဲဖြစ်လို့နယူးယောက်လာချင်တဲ့အခါပါလာတဲ့ပိုက်ဆံအမှည့်ခြွေကြွေပြီးနေပြီ။ခုတလောအဲလိုဖြစ်နေတဲ့မိသားစုတွေတခြားမြို့ကနေ အကူအညီလှမ်းတောင်းကြတယ်။အမအလုပ်သေချာရင်ကျွန်တော်/ကျွန်မတို့လာခဲ့မယ်လို့ပြောတော့ကျွန်မဂတ်မပေးရဲပါဘူး..ဒါဟာRisk ပါ..အမေရိကလာဖို့လေယာဉ်ပေါ်တက်လိုက်တာနဲ့မထင်မှတ်ထားတဲ့စိန်ခေါ်မူတွေ,risk တွေကြုံရမှာပါ။
အလုပ်မရတဲ့သူမရှိသလောက်ပါ၊အနှေးနဲ့အမြန်အလုပ်ရမယ်..လင်မယားနှစ်ယောက်အတူလာမယိဆိုပါစို့..ဒီရောက်လာပြီးမှ တစ်ယောက်ကရတဲ့အလုပ်ဝင်လုပ်ဖို့ဒီကအလုပ်တွေကသူနဲ့မတန်ပါဘူး,ဒါမျိုးတွေမလုပ်ဖူးဘူး,မလုပ်နိူင်ပါဘူးဆိုရင်ကျန်တဲ့တစ်ယောက်က၂ယောက်စာရှာ
မှာပါ။သားသမီးပါလာရင်မိန်းမကကလေးတွေကျောင်းကိစ္စနဲ့အလုပ်မလုပ်နိူင်ပါဘူးချက်ချင်းကြီး၊အဲတော့မလာခင်ကတည်းကဒိုးတူပေါင်းဖက်လား,တစ်ယောက်ဟင်းမချက်နိူင်အိမ်မူကိစ္စမလုပ်နိူင်ရင်ကူမယ့်သူလားဆိုတာကြိုတင်ညှိနိူင်းပါ..အတူနေတိုင်းလဲစိတ်တူကိုယ်တူမဖြစ်နိူင်ကြပါ။

အခုဆိုရာသီစအေးတော့မှာမို့လို့ တချို့အလုပ်တွေမှာ အရောင်းအဝယ်ပါးရင်အလုပ်ချိန်လျှော့တယ်,လူလျှော့တယ်။ခရစ်စမတ်နီး,နယူးရီးယားနီးရင် vacation တွေသွားကြတယ်။ကံကောင်းရင် အလုပ်လွယ်လွယ်ကူကူရမယ်..အလုပ်မရွေးဘူး,ကိုယ်မှာလဲထိုက်သင့်သလောက်အရည်အချင်း
ိဗရင်အလုပ်ရှားချိန်လည်းအလုပ်ရမှာပါ။ရောက်လာပြီးမှ နေဖို့ဆုံးဖြတိရင်နယူးယောက်မှစအခြေချပါ။
နယူးယောက်မှာ..လိုအပ်လာရင်ဆက်သွယ်ဖို့

မြန်မာရှေ့နေ Daw sandy Khine :ph 212-786-1500
Ko Patrick ‭(212) 925-5446‬
မြန်မာDoctor Dr kelvin Lin ‭(212) 791-3886‬
Dr Khin Aung ph no မသိပါ။
သွားဆရာဝန် Dr Pamela Liu 212226-3150
မြန်မာdriving school flushing ma Muyar ‭+1 (646) 361-7701‬

Medical insurance ‭(347) 418-7851‬

Car transportation ko wai Lin ‭(347) 832-7047‬
Moe kyaw Thu 929-263-9233
Mobile SIM card /line San jay ‭1 (917) 913-3897‬

Short term အခန်းမစိုးစိုး/မမိုးမိုး

မြန်မာထမင်းဆိုင် together ko aye Myint ‭+1 (347) 662-0038‬
Asian bowl ‭1 (646) 309-8277‬
Hotel prince flushing hotel Prince flushing Hotel 133-43 37th Avenue, 11354, Queens ,
USA
မြန်မာဘုန်းတော်ကြီးကျောင်းသုံးပါးကျောင်း...
ဆက်သွယ်ရန်ကိုအေးခိုင် ‭1 (347) 280-4802
ရွှေဘုန်းပွင့်ကျောင်း 917-716-1918

မြန်မာမူစလင်သာရေး/နာရေးလူမူရေး ကိုကျော်လွင်မိုး ‭+1 (646) 509-0748‬, ကိုမြင့်စိုး +1 (347) 527-8437
မစန္ဒာ ‭+1 (347) 840-0282‬

Tax /accountant ဂျင်းနီခင် ‭+1 (917) 583-6877‬

မြန်မာထမင်းဟင်းအော်ဒါမှာလိုလျှင် Yangon tease 646-318-4250
ခါတော်မီ ‭+1 (202) 394-9727‬
မမူယာ,646-361-7701
ချောစုကျော် 347-665-2725
သန်တာစိုး 646-262-2638

မိတ်ကပ်ဆံပင် eye brow tattoo တိုနီမိုး ‭+1 (929) 328-6105‬
ငုဝါ eye bro tattoo ‭+1 (646) 703-4765‬

Sea shipping ko zaw ‭1 (929) 320-9957‬
Air cargo ko ...
Jack khin 929-328-5380

အကျီချုပ်လိုလျှင် မမြင့်ခင် ‭(347) 777-2199‬

New York ID card Flushing library 41-17,main st NY11355

မြန်မာ education center က်ုရန်အောင် 347-642-8393

မြန်မာ real Estate agent ko joe ‭+1 (718) 440-4545‬
Ko zaw ‭+1 (786) 537-0926‬

Ma thin maw 347)330-4177‬

Yangon carry Htoo Naing ‭+1 (929) 418-8473‬
Ma Twe Aung /Ma Myat yu 718-607-7761
Ma khin lay Myint 718-350-1841

credit..thida kyaw

Visa များ ရရိှိရန် ဆေွေးနေွးပေးသည်။မက်ဆေ့မှ ဆက်သွယ်ပါရန်
05/03/2020

Visa များ ရရိှိရန် ဆေွေးနေွးပေးသည်။မက်ဆေ့မှ ဆက်သွယ်ပါရန်

၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ သမ္မတ ၏ကြေညာချက် အမှတ် ၉၉၈၃ အရ မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာန...
28/02/2020

၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ သမ္မတ ၏ကြေညာချက် အမှတ် ၉၉၈၃ အရ မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာနှင့် ဒီဗီဗီဇာ တို့ကိုထုတ်ပေးတော့မှာမဟုတ်ပါ။

၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ သမ္မတ ၏ကြေညာချက် အမှတ် ၉၉၈၃ အရ မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာနှင့် ဒီဗီဗီဇာ တို့ကိုထုတ်ပေးတော့မှာမဟုတ်ပါ။ ထိုနေ့ရက်မတိုင်ခင် ဗီဇာရရှိထားခြင်းမရှိသော ရွှေ့ပြောင်းအခြေစိုက်ဗီဇာနှင့် ဒီဗီဗီဇာ လျှောက်ထားသူများအားလုံး ထိုသမ္မတ၏ကြေညာချက်နှင့် သက်ရောက်မှုရှိပါတယ်။ တစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ကင်းလွတ်ခွင့် အကန်အသတ်နဲ့ ပေးကောင်း ပေးနိုင်ပါတယ်။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာ လျှောက်ထားသူ တစ်ယောက်ဟာ ကြေညာချက်နဲ့ ညှိစွန်းနေတယ်ဆိုရင် လျှောက်ထားသူကို ဖြေလျှော့ပေးပြီး ကင်းလွတ်ခွင့်ရဖို့ အရည်အချင်းနဲ့ပြည့်မီသလား ဆိုတာကို ကောင်စစ်ဝန် အရာရှိက သေသေချာချာပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။

အမေရိကန်သံရုံး၏ အင်တာနက်စာမျက်နှာတွင် မေးလေ့မေးထရှိသောမေးခွန်းများကို ဤနေရာတွင် https://mm.usembassy.gov/faq-on-212f-visa-restrictions-for-burma-under-presidential-proclamation/ ဖော်ပြထားပါသည်။ မြန်မာလိုဖတ်ရှုလိုပါက ဤနေရာတွင် https://mm.usembassy.gov/my/faq-on-212f-visa-restrictions-for-burma-under-presidential-proclamation_mm/ ကြည့်ပါ။

Effective February 21, 2020, Presidential Proclamation 9983 placed restrictions on the issuance of Immigrant Visas, including Diversity Visas, to Myanmar nationals. All immigrant and diversity visas not issued prior to this date will be subject to the provisions of this Proclamation. Limited exceptions apply and waivers may be granted on a case-by-case basis; a consular officer will determine whether an applicant may be eligible for an exception or waiver.

Please see our web site for a detailed list of frequently asked questions and answers: https://mm.usembassy.gov/faq-on-212f-visa-restrictions-for-burma-under-presidential-proclamation/ and in Burmese https://mm.usembassy.gov/my/faq-on-212f-visa-restrictions-for-burma-under-presidential-proclamation_mm/

28/02/2020

U.S. Embassy in Burma

သမ္မတ၏ကြေညာချက်အရ မြန်မာနိုင်ငံအပေါ်ဗီဇာကန့်သတ်ချက်နှင့်စပ်လျဉ်း၍ အမေးများသောမေးခွန်းများနှင့်အဖြေများ

Home | News & Events | သမ္မတ၏ကြေညာချက်အရ မြန်မာနိုင်ငံအပေါ်ဗီဇာကန့်သတ်ချက်နှင့်စပ်လျဉ်း၍ အမေးများသောမေးခွန်းများနှင့်အဖြေများ

276

၂၀၂၀၊ ဇန်နဝါရီ ၃၁ ရက်ကထုတ်ပြန်ခဲ့သော နောက်ကြောင်းရာဇဝင်စုံစမ်းခြင်းနှင့် ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ သမ္မတ၏ကြေညာချက်အရ မြန်မာနိုင်ငံအပေါ်ဗီဇာကန့်သတ်ချက်နှင့်စပ်လျဉ်း၍ အမေးများသောမေးခွန်းများနှင့်အဖြေများ
မေးခွန်း။ ဒီကြေညာချက်က အမေရိကန်ပြည်ထောင်စုကို ခရီးသွားမယ့် မြန်မာနိုင်ငံသားအားလုံးကို တားမြစ်ကန့်သတ်တာလား။
အဖြေ။ မဟုတ်ပါဘူး။ ဒီကြေညာချက်က သတ်မှတ်ချက်ထဲမှာပါတဲ့ နိုင်ငံတွေကနေ ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာ (immigrant) နဲ့ ဒီဗီ ဗီဇာ (diversity visa) လျှောက်ထားသူတွေကိုပဲ ကန့်သတ်တာပါ။ အခြေမစိုက်ဗီဇာတွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာတွေမပါဝင်ပါဘူး။
မေးခွန်း။ ကန့်သတ်မှုအသစ်က ဘယ်တော့ စပြီးအကျုံးဝင်မလဲ။
အဖြေ။ စပြီးအကျူံးဝင်မှာက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်ပါ။
မေးခွန်း။ ကျွန်တော်/ကျွန်မက ဗီဇာရထားပြီးပါပြီ။ အဲဒီဗီဇာ ပြန်ရုပ်သိမ်းမှာလား။
အဖြေ။ ဒီကြေညာချက်အရ ရထားပြီးသားဗီဇာကို ပြန်မရုပ်သိမ်းပါဘူး။ ဒီကန့်သတ်ချက်အသစ်တွေနဲ့ ညှိစွန်းနေသောသူတွေအတွက် ဗီဇာ ဘယ်အချိန်က ထုတ်ပေးထားတာဖြစ်ဖြစ်၊ သက်တမ်းရှိတဲ့ဗီဇာ ဒါမှမဟုတ် သက်တမ်းရှိတဲ့ ခရီးသွား စာရွက်စာတမ်း လက်ဝယ်ရရှိထားပြီးတဲ့သူတွေကို ယေဘုယျအားဖြင့် အမေရိကန်ပြည်ထောင်စုကို သွားခွင့်ပြုမှာ ဖြစ်ပါတယ်။
မေးခွန်း။ ကျွန်တော်/ကျွန်မက တရားဝင် အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကတ်ကိုင်ဆောင်ထားတဲ့သူ) ဖြစ်ပါတယ်။ အဲဒီတော့ သမ္မတကြေညာချက်က ကျွန်တော်/ကျွန်မ တို့ရဲ့နေထိုင်ခွင့် ဘယ်လိုသက်ရောက်မှုရှိမလဲ။
အဖြေ။ ဒီကြေညာချက်က တရားဝင်အမြဲတမ်းနေထိုင်ခွင့်ကတ် လက်ဝယ်ကိုင်ဆောင်ထားသူတွေအပေါ် သက်ရောက်မှုမရှိပါဘူး။
မေးခွန်း။ ကျွန်တော်/ကျွန်မက အမေရိကန်နိုင်ငံသားဖြစ်ပြီး မိသားစုဝင်အတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာဖြင့်ခေါ်ယူခွင့် (petition) လျှောက်ထားပါတယ်။ ဒီကြေညာချက်က အဲဒီလျှောက်ထားတဲ့အပေါ်ဘယ်လို သက်ရောက်မလဲ။ ဒီကြေညာချက်က မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာအသစ်တွေ၊ ဒီဗီဗီဇာ diversity visa တွေမထုတ်ပေးတော့ဘူးလို့ ဆိုလိုတာလား။
အဖြေ။ ကြေညာချက်ထဲမှာ ပြောသလိုပါပဲ။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှု ရှိနိုင်ပါတယ်။ တစ်ဦးယောက်ချင်းစီရဲ့အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ကင်းလွတ်ခွင့် ပေးကောင်း ပေးနိုင်ပါတယ်။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာ လျှောက်ထားသူ တစ်ယောက်ဟာ ကြေညာချက်နဲ့ ညှီစွန်းနေတယ်ဆိုရင် လျှောက်ထားသူကို ဖြေလျှော့ပေးပြီး ကင်းလွတ်ခွင့်ရဖို့ အရည်အချင်းနဲ့ပြည့်မီသလား ဆိုတာကို ကောင်စစ်ဝန် အရာရှိက သေသေချာချာပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
မေးခွန်း။ ဖြေလျှော့ပေးမှဒအတွက် ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသလား။ ကင်းလွတ်ခွင့်အတွက် လျှောက်လွှာပုံစံကရော။
အဖြေ။ ဖြေလျှော့ပေးမှုအတွက် ကင်းလွှတ်ခွင့် မလျှောက်ထားနိုင်ပါဘူး။ လျှောက်လွှာပုံစံလည်းမရှိပါဘူး။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာ လျှောက်ထားသူ တစ်ယောက်ဟာ ကြေညာချက်နဲ့ ညှိစွန်းနေတယ်ဆိုရင် လျှောက်ထားသူကို ဖြေလျှော့ပေးပြီး ကင်းလွတ်ခွင့်ရဖို့ အရည်အချင်းနဲ့ပြည့်မီသလား ဆိုတာကို ကောင်စစ်ဝန် အရာရှိက သေသေချာချာပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
မေးခွန်း။ ဒီတားမြစ်ကန့်သတ်ချက်အသစ်က စေ့စပ်ခေါ်ဗီဇာ (fiancé visa) နိုင်ငံရေးခိုလှုံခွင့်ဗီဇာ (asylee) နဲ့ မိသားစုပေါင်းဆုံရေးဒုက္ခသည်ဗီဇာ (ဇနီး၊ ခင်ပွန်းနဲ့ သားသမီး) (V92 ဗီဇာ၊ V93 ဗီဇာ) တွေအပေါ်ရော သက်ရောက်မှုရှိပါသလား။
အဖြေ။ မသက်ရောက်ပါဘူး။ ကြေညာချက်က တားမြစ်ကန့်သတ်ထားတဲ့ထဲမှာပါဝင်တဲ့ နိုင်ငံတွေကသူတွေ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ နဲ့ ဒီဗီဗီဇာနဲ့အဝင်ကိုပဲ တားမြစ်ကန့်သတ်ထားတာပါ။
မေးခွန်း။ ကျွန်တော်/ကျွန်မအနေနဲ့ ရန်ကုန် အမေရိကန်သံရုံး မှာ ဖေဖော်ဝါရီ ၂၁ ရက်မတိုင်ခင် ရွှေ့ပြောင်းအခြေစိုက်ဗီဇာ နဲ့ ဒီဗီဗီဇာ အင်တာဗျူးအတွက် ရက်ချိန်းယူလို့ရပါသလား။
အဖြေ။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာနဲ့ ဒီဗီဗီဇာ အင်တာဗျူးအတွက် ရက်ချိန်းယူတဲ့ လုပ်ထုံးလုပ်နည်းတွေ အပြောင်းအလဲမရှိပါဘူး။ ဗီဇာ ရက်ချိန်းတွေကို National Visa Center ကသတ်မှတ်တာဖြစ်ပါတယ်။
မေးခွန်း။ ကျွန်တော်/ကျွန်မအနေနဲ့ လာမယ့် မတ်လထဲမှာ ရွှေ့ပြောင်းအခြေစိုက်ဗီဇာအင်တာဗျူးတစ်ခုရှိပါတယ်။ အဲဒီအင်တာဗျူး လာသင့်ပါသလား။
အဖြေ။ သင့်လျှောက်လွှာလုပ်ငန်းစဉ်ကို လွတ်လွတ်လပ်လပ်ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်စပြီး မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာနဲ့ ဒီဗီဗီဇာတွေထုတ်မပေးတော့ပါဘူး။ တစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ကင်းလွတ်ခွင့် အကန်အသတ်နဲ့ ပေးကောင်း ပေးနိုင်ပါတယ်။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာ လျှောက်ထားသူ တစ်ယောက်ဟာ ကြေညာချက်နဲ့ ညှိစွန်းနေတယ်ဆိုရင် လျှောက်ထားသူကို ဖြေလျှော့ပေးပြီး ကင်းလွတ်ခွင့်ရဖို့ အရည်အချင်းနဲ့ပြည့်မီသလား ဆိုတာကို ကောင်စစ်ဝန် အရာရှိက သေသေချာချာပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
မေးခွန်း။ ကျွန်တော်/ကျွန်မက ရွှေ့ပြောင်းအခြေစိုက်ဗီဇာ/ဒီဗီ ဗီဇာ အတွက် ငွေလည်းသွင်းပြီးပါပြီ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေလည်း တင်ထားပြီးပါပြီ။ ကျွန်တော်/ကျွန်မ အဲဒီသွင်းထားတဲ့ငွေပြန်ရမှာပါလား။
အဖြေ။ မရပါဘူး။ သွင်းထားတဲ့ငွေပြန်မရပါဘူး။
မေးခွန်း။ ကျွန်တော်/ကျွန်မက အင်တာဗျူးဝင်ပြီးပါပြီ။ အဲဒီတော့ ဒီကြေညာချက်က ကျွန်တော/ကျွန်မ အတွက်သက်ရောက်မှုရှိပါသလား။
အဖြေ။ ဒီကြေညာချက်က ၂၀၂၀၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ အကျူံးဝင်ပါတယ်။ အဲဒီ နေ့ရက်မတိုင်ခင် ဗီဇာမရသေး သူတွေအတွက် ဒီကြေညာချက်က သက်ရောက်မှုရှိပါတယ်။
မေးခွန်း။ ဒီကြေညာချက်က ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းက အခြေအနေနဲ့ သက်ဆိုင်မှုရှိပါသလား။
အဖြေ။ သက်ဆိုင်မှုမရှိပါ။ ဒီအရေးယူမှုဟာ ရခိုင်ပြည်နယ်အကြပ်အတည်းနဲ့ မသက်ဆိုင်ပါဘူး။
# # #
မေးခွန်း။ အခုထပ်မံကြေညာချက်ကဘာကြောင့်ဖြစ်လာရတာပါလဲ။ အမျိုးသားလုံးခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခုခု ရှိပါသလား။
အဖြေ။ “နောက်ကြောင်းရာဇဝင်စုံစမ်းခြင်းနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ အကြမ်းဖက်သမားများ သို့မဟုတ် အခြားအများပြည်သူလုံခြုံရေးကိုခြိမ်းခြောက်လျက် ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ” ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတကြေညာချက် အမှတ် (၉၆၄၅) ကို သမ္မတက ထုတ်ပြန်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်၊ မတ်လ (၆) ရက်၊ အိမ်ဖြူတော်အမိန့် ၁၃၇၈၀၊ အခန်း (၂) (အမေရိကန်ပြည်ထောင်စုအတွင်းသို့ နိုင်ငံရပ်ခြားအကြမ်းဖက်သမားဝင်ရောက်ခြင်းမှ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေး) အရ လုံခြုံရေး ဒါမှမဟုတ် ဘေးအန္တရာယ်ခြိမ်းခြောက်မှုတစ်ခုခုအတွက် အမေရိကန်ပြည်ထောင်စုအတွင်းကို နိုင်ငံခြားတိုင်းပြည်တိုင်းက နိုင်ငံခြားသားတွေ ဝင်ရောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ဖို့အတွက် နောက်တိုး သတင်းအချက်အလက်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီပြန်လည်သုံးသပ်မှုတစ်စိတ်တစ်ပိုင်းအရ တစ်ကမ္ဘာလုံးကအစိုးရတွေရဲ့ သတင်းအချက်အလက် မျှဝေမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ မူဝါဒတွေ၊ စွမ်းရည်တွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့အတွက် အမိမြေလုံခြုံရေးဌာနကနေ အားလုံးခြုံငုံပါဝင်တဲ့ သတ်မှတ်ချက်တစ်စုံ ရေးဆွဲခဲ့ပါတယ်။
ဒီသတ်မှတ်ချက်တွေနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမိမြေလုံခြုံရေးဌာနကနေ ကမ္ဘာလုံးဆိုင်ရာ လိုက်နာမှုတွေကို ဆက်လက်အကဲဖြတ်ပြီး သမ္မတကြေညာချက် အမှတ် (၉၆၄၅) ကို ကနဦး အကောင်အထည်ဖော်မှု ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာ၊ အဲရီထရီယာ၊ ကီရ်ဂစ္စတန်၊ နိုင်ဂျီရီးယား၊ ဆူဒန်နဲ့ တန်ဇေးနီးယား နိုင်ငံတွေဟာ ဒီ အင်မတန်အရေးကြီးတဲ့ နိုင်ငံတော်လုံခြုံရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီကြောင်း သတ်မှတ်ခဲ့ရပါတယ်။
ဒီလက်ရှိရှိနေတဲ့ သတင်းအချက်အလက်မျှဝေဖို့အားနည်းတာတွေ၊ တစ်ခြားအကြောင်းအရာတွေ၊ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးနဲ့ လူမှုဘဝဖူလုံရေးကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဒီအားနည်းချက်တွေကုစားဖို့ သက်ဆိုင်ရာအစိုးရကို ဖိအားပေးဖို့အတွက် ဒီတားမြစ်ကန့်သတ်ချက်တွေနဲ့ဆောင်ရွက်နေပြီဖြစ်ပါတယ်။
မေးခွန်း။ ဘာဖြစ်လို့များ ဒီနိုင်ငံတွေလို့ သတ်သတ်မှတ်မှတ်ဖြစ်ရတာပါလဲ။
အဖြေ။ အမေရိကန်ပြည်သူတွေ ကာကွယ်စောင့်ရှောက်ရေးနဲ့လုံခြုံရေးအတွက် အဓိကအရေးကြီးတဲ့ သတင်းအချက်အလက်မျှဝေမှု စံချိန်စံညွှန်းတွေနဲ့ မြန်မာ၊ အဲရီထရီယာ၊ ကီရ်ဂစ္စတန်၊ နိုင်ဂျီရီးယား၊ ဆူဒန်နဲ့ တန်ဇေးနီးယား နိုင်ငံတွေက မကိုက်ညီဘူးဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အမိမြေလုံခြုံရေးဌာန က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
# # #

By U.S. Mission Burma | 6 ဖေ‌ဖော်ဝါရီ, 2020
( Credit )

Address

Yangon
11111

Telephone

09783486679

Website

Alerts

Be the first to know and let us send you an email when USA - Germany Work & Visa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Passport & Visa Services in Yangon

Show All