TM Myanmar မြန်မာပြည်အနှံ့ ဘုရားဖူး နှင့် ခရီးသွားပို့ဆောင်ရေး

  • Home
  • Myanmar
  • Yangon
  • TM Myanmar မြန်မာပြည်အနှံ့ ဘုရားဖူး နှင့် ခရီးသွားပို့ဆောင်ရေး

TM Myanmar မြန်မာပြည်အနှံ့ ဘုရားဖူး နှင့် ခရီးသွားပို့ဆောင်ရေး TM Myanmar Group Travel & Tour Agency.

တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)ဒီနှစ်ပွဲတော်ရက် စောပါတယ်Nov 21 ရက်ကနေ 27 ရက်အထိ...
25/10/2023

တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)

ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov 21 ရက်ကနေ 27 ရက်အထိ

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရိမ်ပါနှင့်။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

#သွားမယ်&တည်းမယ်

Group Post Myat Min Thaw

06/10/2023

Hello

သွားကျမလားဝေ့
10/01/2023

သွားကျမလားဝေ့

24/01/2022
ထားဝယ် ခရီးစဥ်တွေသွားခဲ့ကျတာ သတိတွေရမိပါတယ် ခရီးသွားမိတ်ဆွေတွေကို
20/01/2022

ထားဝယ် ခရီးစဥ်တွေသွားခဲ့ကျတာ သတိတွေရမိပါတယ် ခရီးသွားမိတ်ဆွေတွေကို

တကယ်ဆိုရင် အခုချိန်ကွယ်
13/01/2022

တကယ်ဆိုရင် အခုချိန်ကွယ်

08/10/2021

အားလုံးကို သတိရပါတယ်

အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ဉယျေဓမ်တောရ ဆွမ်းခံလမ်းမှခြေရာတော်များ အများသူငါဖူးမြင်နိုင်ရန်တင်ပြ...
07/10/2021

အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ဉယျေဓမ်တောရ ဆွမ်းခံလမ်းမှခြေရာတော်များ အများသူငါဖူးမြင်နိုင်ရန်တင်ပြအပ်ပါသည် 🙏

photo yeko

အထူးအသိပေး ပန်ကြားလွှာကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားသည် ၇-ရက်သားသမီးများအတွက်  ၇-နာရီအချိန်တွင် ဆွမ်းခံကြွတေ...
29/09/2021

အထူးအသိပေး ပန်ကြားလွှာ

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားသည် ၇-ရက်သားသမီးများအတွက် ၇-နာရီအချိန်တွင် ဆွမ်းခံကြွတော်မူလျက် ရှိရာ

ဆရာတော်ဘုရားကြီး မိန့်တော်မူသည့်အတိုင်း
ဆွမ်းခံမကြွမှီ အနီးနေတပည့်သာ၀ကများ၏
ကြိုတင်အသိပေးထားသော
အသံဆူညံခြင်း
အနီးကပ်ထိစပ်ကန်တော့ခြင်း စသော

အနှောင့်အယှက် တစ်စုံတစ်ရာ
ဖြစ်ပေါ်လာပါက

၇-ရက်သားသမီးများအတွက် ချီးမြှောက်ထားသော
ဆွမ်းခံကြွတော်မူခြင်းကို ရပ်နားတော်မူမည် ဖြစ်ပါသည်

( ( ( အနှောင့်အယှက် တစ်စုံတစ်ရာ
ဖြစ်ပေါ်လာပါက

၇-ရက်သားသမီးများအတွက် ချီးမြှောက်ထားသော
ဆွမ်းခံကြွတော်မူခြင်းကို ရပ်နားတော်မူမည် ဖြစ်ပါသည် ) ) )

ထို့ကြောင့်

၇ ရက်သားသမီး - အများပြည်သူများအတွက်
ဆုံးရှုံးမှု နစ်နာမှု မဖြစ်စေရန်
လာရောက်ဖူးမြှော်ကြည်ညိုသူများအနေနဲ့

တိတ်ဆိတ်ငြိးသက်စွာဖြင့် ဆရာတော်ဘုရားကြီးကို ဓမ္မဖြင့် ပူဇော်လျှက်လည်းကောင်း
မေတ္တာပို့သလျှက် သော်လည်းကောင်း

ဖူးမြှော်ကြည်ညိုကြပါရန်
အထူးပန်ကြား သိစေအပ်ပါသည်

ယခုလက်ရှိ နေ့စဉ် ၇-နာရီအချိန်တွင်
ဆက်လက် ဖူးမြှော်ကြည်ညိုခံမည် ဖြစ်ပါကြောင်း

နတ်တလူသာသနာပြုအသင်း
၀၉ - ၄၂၀၆၅၅၂၅၅
၀၉ - ၇၅၄၄၉၁၉၆၅
Credit to- နတ်တလူသာသနာပြုအသင်း🙏

အခုလိုချိန်မှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဖူးမျှော်ခွင့်ရတာ ကုသိုလ်ထူးတယ် မှတ်ယူပါတယ် 🙏🙏
27/09/2021

အခုလိုချိန်မှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဖူးမျှော်ခွင့်ရတာ ကုသိုလ်ထူးတယ် မှတ်ယူပါတယ် 🙏🙏

22/08/2021

English သင်ချင်တဲ့လူတွေအတွက် 😁
ဗမာလိုလဲ ပြန်ရှင်းပေးနိူင်ပါတယ်နော် 😍

#သတိရပါတယ်ပုဂံမြေ

ကိုဗစ်ကြီးပြီးသွားတဲ့အခါ မင်းနဲ့အတူ ❤
04/08/2021

ကိုဗစ်ကြီးပြီးသွားတဲ့အခါ မင်းနဲ့အတူ ❤

"ထူးခြားမှူတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား "ပုဂံမှာ ၁၁ရာစုလောက်ကတည်ထားခဲ့ပြီးလှပသေသပ်တဲ့ ဗိသုကာလက်ရာရှိပြီးထည်ဝါတဲ့ ဂူဘ...
15/06/2021

"ထူးခြားမှူတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား "

ပုဂံမှာ ၁၁ရာစုလောက်ကတည်ထားခဲ့ပြီးလှပသေသပ်တဲ့ ဗိသုကာလက်ရာရှိပြီးထည်ဝါတဲ့ ဂူဘုရားနဲဲ့စေတီဖြစ်ပေမဲ့
ဘာကြောင့်များတိကျခိုင်မာတဲ့သမိုင်းကျောက်စာမရှိခဲ့တာလဲဆိုတာ ခူချိန်ထိ ဘယ်သူမှ အဖြေရှာလို့မရသေးဘူး။
ပါးစပ်ရာဇဝင်တွေတောင်သိပ်များများစားစားမရှိတဲ့ ဘုရားနှစ်ဆူ ပါးစပ်ရာဇဝင်အရ
(၁)စိမ်းညက်ဘုရင်တည်ထားခဲ့တဲ့ ဘုရားနစ်ဆူမလို့ စိမ်းညက်ညီမဘုရားလို့ခေါ်တွင်တယ်။
(၂)စိမ်းညက်မင်းသမီးနှစ်ပါးကမင်းသမီး အကြီးဟာ ၁၁ရာစုမှာ ဂူဘုရားတည်ထားပြီး ၁၂ရာစုမှာ မင်းသမီးအငယ်က စေတီဘုရားကို ဂူဘုရားနောက်မှာတည်ထားခဲ့တယ် ။(ဒါပေမဲ့ ဗိသုကာလက်ရာတွေက၁၃ရာစုယဉ်ကျေးမှုလက်ရာတွေ)

ဒါတွေကို ဘုရားကပြန်ရောက်ပီး Googleမှာရှာကြည့်ခါမှ သိခဲ့ရတာပါ။ဗိသုကာလက်ရာတွေကတော့ မိန်းမတွေတည်တဲ့ဘုရားမှန်းသိပ်သိသာပါတယ်။
၂၁ရာစုမှာ လူသိများပြီး ဧည့်တွေသိပ်စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်တွေကိုယ်တိုင် recommendပေး အသွားလာများခဲ့ပေမဲ့၂၀၁၃လောက်မှာ စိမ်းညက်ညီမဘုရားဝန်းရဲ့အနောက်ဖက် ထနောင်းပင်မှာ ဆယ်တန်းကျောင်းသားတဦး ဆွဲကြိုးချသေခဲ့တယ် အဲနောက်ပိုင်း စိတ္တဇဆန်ဆန်သေဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို ၁ဦး/၂ဦး ကနေ ၅ဦးအထိဖြစ်ခဲ့တယ်။
အဲဒီဖြစ်ရပ်တွေနောက်မှာ ပရလောကနဲ့ဆိုင်တဲ့ ခြောက်လန့်ခြင်းဖြစ်ရပ်တွေ ခရီးသွားဘုရားဖူးတွေ ကြုံမြင်ရကြားရတဲ့ ပါးစပ်ဇာတ်လမ်းတွေအများကြီးပေါ်ထွက်လာတာကနေစပြီးစိမ်းညက်ညီမ ဘုရားဆိုရင် မသွားကြတော့တာ မဖြတ်ကြတော့တာ ရှေ့ကနေဖြတ်သွားတောင်မဝင်မိကြဘဲဘုရားကိုကျော်သွားတာတွေဖြစ်လာတော့တာပါပဲ။

တကယ်ကိုလျှို့ဝှက်ဆန်းကျယ်ဖြစ်ရပ်တွေရှိကောင်းရှိခဲ့လိမ့်မယ် ။ဒါပေမဲ့ ကြောက်စရာလန့်စရာတော့မကောင်းပါဘူး လူတွေကစိတ်အထင်နဲ့ကြောက်နေကြတာပါ။
ကျွန်တော်ကတော့ မနက်စောစော၆နာရီလောက် အလိုတော်ပြည့်ဘုရားကို အရင်ဝင်ပြီး ဇွန်ပန်းဝယ်တယ် ပြီးမှ
စိမ်းညက်ညီမဘုရားကို သွားခဲ့တယ်။

ဂူဘုရားကတော့ ကျတော်ကိုယ်တိုင်ဝင်ခြင်တဲ့စိတ်လုံးဝကိုမရှ်ခဲ့ဘူး ။ဘုရားဝန်းထဲရောက်နေပြီ။ဂူဘုရားထဲကိုဝင်ဖို့ကို မဝင်ဖြစ်ဘဲကျော်ပြီး ဂူဘုရားနောက်မှာရှိတဲ့ စိမ်းညက်ညီမ စေတီကိုအရင်သွားခဲ့တယ် စေတီကိုပတ်ကြည့်ခဲ့ချိန်မှာလဲ ခြေဖဝါးကို ဆူးတွေ၃ချက်လောက်ဆူးပြီးသွေးပါထွက်တယ် ။
ဝယ်လာတဲ့ ဇွန်ပန်း(၃)ကုံးက်ိုလဲ ဂူဘုရားထဲကဆင်းတုတော်အတွက်တကုံးကို ကျတော်နဲ့တူတူပါလာတဲ့ ညီလေးကိုဝင်လှူခိုင်းလိုက်တယ် ကျတော်က စေတီရဲ့ပစ္စယံမှာ အမတွက်တကုံး ညီမတွက်တကုံးဆိုပြီးချိတ်ခဲ့တယ် အပေါ်ထိတတ်ချိတ်ပြီး အောက်အဆင်း သေချာချိတ်ခဲ့တဲ့ အမအတွက်ဇွန်ပန်းတကုံးက လေမတိုက်ဘဲ ပြုတ်ကျသွားတယ် ။

ကဲထားပါလေဆိုပြီး ပဌာန်းရွတ်မယ်ဆ်ိုပြီး နတ်တွေပင့်ဖိတ့်ပြီး စိမ်းညက်ညီမ မင်းသမီးနစ်ပါးကိုပင့်ဖိတ်ချိန် ကျီးကန်းတွေက စေတီထိပ်ပိုင်းမှာအများကြီးအုံပြီး ပျံဝဲလာတာတခုတော့ ထူးခြားတယ် ။

ပဌာန်းရွတ်နေရင်း ပုရေဇာတပစ္စယောမှာ ခေါင်းပေါ်ကို ပျံနေတဲ့ငှက်က ချီးပါချတယ် ။ပဌာန်းရွတ်ဖတ်အမျှဝေခါနီးမှာ မျက်စိမှိတ်အာရုံပြုလိုက်ချိန်မှာ သိပ်လှတဲ့အမျိုးသမီး၂ယောက်ရယ် ကျတော့်ညီမလေးရယ် တခြားပုံစံတူမိန်းကလေးတွေ ၇ယောက်က ကျတော့်ကိုလက်အုပ်ချီပြီး ဝ်ိုင်းကြည့်နေတာမြင်လိုက်ရတယ် ။
လူတွေထင်သလို ကြောက်စရာလန့်စရာတခုမှမမြင်ရမသိရပါဘူး အရာအားလုံးအေးဆေးပါဘဲ။
တစ်ခုတော့သတိထားမိတာ ကုသိုလ်ကောင်းမှုနည်းတဲ့သူတွေကတော့ စိမ်းညက်ညီမဘုရားကို ဖူးခြင်စိတ်မဖြစ်ဘဲ ဘုရားရှေ့ကနေဖြတ်ကျော်သွားပါလိမ့်မယ်။
အမျိုးသမီးတွေဟာလဲ စိမ်းညက်ညီမဆိုတော့ ဥစ္စာစောင့်အဆက်ဘာညာထင်ပြီးလန့်တတ်ကြောက်တတ်ကြပါလိမ့်မယ် ။တကယ်လဲဟုတ်ပါတယ် ။အဲဲဒီဘုရားဟာ ဘုမ္မိယတွေပျော်တဲ့နေရာ ဘုရားတွင်းမှာပစ္စည်းဥစ္စာတွေများစွာရှိနေပါတယ်။

ထိုမင်းသမီးနစ်ဦးဟာလဲ မည်သို့မည်ပုံကြောင့်သေဆုံးရခြင်း ဤဘုရားတည်ခဲ့ရခြင်းအကြောင်းတွေကို ခုထိ မည်သူမှ မသိကြပါဘူး ထူးဆန်းတာတွေတော့တကယ်ရှိပါတယ် ဘုရားကိုလွယ်လွယ်နဲ့ဖူးလို့မရတာတော့ အသေအချာပါဘဲ။ဘာမှကြောက်စရာမလိုဘဲ စိမ်းညက်ညီမဖုရားကိုရအောင်သွားပါ ဗိသုကာလက်ရာတွေလေ့လာပါ သိပ်ကိုလှပါတယ်။

Crd - AungPyaeSonePhyo

''ဆယ့်ကိုးရက်နေ့ ဇွန်လ ဟာဒေါ်စုမွေးနေ့ပါ။တစ်ထောင့်ကိုးရာ လေးဆယ့်ငါးရန်ကုန်မြို့မှာ ဖွား။ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်မွေးဖွ...
15/06/2021

''ဆယ့်ကိုးရက်နေ့ ဇွန်လ ဟာ
ဒေါ်စုမွေးနေ့ပါ။
တစ်ထောင့်ကိုးရာ လေးဆယ့်ငါး
ရန်ကုန်မြို့မှာ ဖွား။

ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်
မွေးဖွားသန့်စင်သည်။
စိတ်ဓာတ်တည်ကြည် နှလုံးသား
ငြိမ်းချမ်းရေး လိုလား။

မြန်မာပြည်ကြီး လွတ်လပ်အောင်
ဒေါ်စု တို့ခေါင်းဆောင်။
ဦးဆောင်လို့သာ သူစွန့်စား
ပြည်သူတွေရဲ့ အား။

ညီညွတ်ရေးကို ဖော်ဆောင်သည်
ဒေါ်အောင်ဆန်းစုကြည်။
အနာဂတ်မှာ ပြည်ထောင်သစ်
ကြံဆောင် သူဖွင့်လှစ်။
သမီးလည်းချစ် သားလည်းချစ်
လူထုအားလုံးချစ် ''

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ၏
" ၇၆ နှစ်ပြည့်စိန်ရတု " မွေးနေ့မင်္ဂလာရက်မြတ်မှစ၍
နှစ်ပေါင်း ၁၂၀ တိုင် စိတ်၏ ချမ်းသာခြင်း ၊
ကိုယ်၏ ကျန်းမာခြင်း နှင့်
ထာဝရပြည့်စုံပါစေကြောင်း
မွေးနေ့ဆုမွန်ကောင်းတောင်းအပ်ပါတယ်
🙏🙏🙏🙏🙏

#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

🎂

လွမ်းငွေ့တွေ နဲ့ အုံမှိုင်းနေတဲ့ ပုဂံမြေ
14/06/2021

လွမ်းငွေ့တွေ နဲ့ အုံမှိုင်းနေတဲ့ ပုဂံမြေ

☎ 09768734919
31/08/2020

☎ 09768734919

ကမ်းခြေလာလည်တဲ့သူတွေကို တိုင်းအစိုးရကကူးစက်ဥပဒေနဲ့အရေးယူမယ်================ဇူလိုင်(၃၀)ရက်၊ ၂၀၂၀။ချောင်းသာနဲ့ငွေဆောင်အပါအ...
30/07/2020

ကမ်းခြေလာလည်တဲ့သူတွေကို တိုင်းအစိုးရကကူးစက်ဥပဒေနဲ့အရေးယူမယ်
================
ဇူလိုင်(၃၀)ရက်၊ ၂၀၂၀။

ချောင်းသာနဲ့ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ကမ်းခြေတွေဆီ လာရောက်လည်ပတ်သူအားလုံးကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်က O Media ကို ပြောပါတယ်။

မနက်ဖန် ဇူလိုင်လ(၃၁) ရက်နေ့ကနေ သြဂုတ်လ(၃) ရက်နေ့အထိ ပိတ်ရက်ဖြစ်တာကြောင့် ကမ်းခြေတွေအပါအဝင် ဘုရားဖူးအစီအစဉ်တွေနဲ့ အလည်အပတ်သွားရောက်ကြဖို့ စီစဉ်ထားကြသူတွေများတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ကမ်းခြေတွေပြန်ဖွင့်နိုင်ဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီကိုတင်ပြထားတယ် အခုထိတော့ အကြောင်းပြန်ကြားလာတာမရှိသေးတာကြောင့် ပြန်ဖွင့်ဖို့ခွင့်ပြုမိန့်မကျသေးတဲ့ကာလမှာ လာလို့မရဘူးပေါ့ဗျာ။ ဟိုတယ်တွေကလည်းလက်ခံလို့မရဘူး အဲတာတွေကိုတော့ မလိုက်နာရင်အရေးယူရမယ့်အနေအထားပေါ့ဗျာ။”လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးကျော်မြင့်က O Media ကို ပြောပါတယ်။

အခုအချိန်မှာတော့ ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေတို့ကို လာရောက်လည်ပတ်သူတချို့ရှိနေပြီး ခွင့်ပြုမိန့်မရဘဲပြန်ဖွင့်နေတဲ့ ဟိုတယ်တချို့လည်းရှိနိုင်တယ်လို့ သူကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိတဲ့ အများပြည်သူတွေလာရောက် အပန်းဖြေလေ့လာမှုတွေ ပြုလုပ်လေ့ရှိတဲ့ဒေသတွေကို ပြီးခဲ့တဲ့မတ်လကတည်းကစပြီးပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

(Zawgyi)

ကမ်းခြေလာလည်တဲ့သူတွေကို တိုင်းအစိုးရကကူးစက်ဥပဒေနဲ့အရေးယူမယ်
================
ဇူလိုင်(၃၀)ရက်၊ ၂၀၂၀။

ချောင်းသာနဲ့ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ကမ်းခြေတွေဆီ လာရောက်လည်ပတ်သူအားလုံးကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်က O Media ကို ပြောပါတယ်။

မနက်ဖန် ဇူလိုင်လ(၃၁) ရက်နေ့ကနေ သြဂုတ်လ(၃) ရက်နေ့အထိ ပိတ်ရက်ဖြစ်တာကြောင့် ကမ်းခြေတွေအပါအဝင် ဘုရားဖူးအစီအစဉ်တွေနဲ့ အလည်အပတ်သွားရောက်ကြဖို့ စီစဉ်ထားကြသူတွေများတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ကမ်းခြေတွေပြန်ဖွင့်နိုင်ဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီကိုတင်ပြထားတယ် အခုထိတော့ အကြောင်းပြန်ကြားလာတာမရှိသေးတာကြောင့် ပြန်ဖွင့်ဖို့ခွင့်ပြုမိန့်မကျသေးတဲ့ကာလမှာ လာလို့မရဘူးပေါ့ဗျာ။ ဟိုတယ်တွေကလည်းလက်ခံလို့မရဘူး အဲတာတွေကိုတော့ မလိုက်နာရင်အရေးယူရမယ့်အနေအထားပေါ့ဗျာ။”လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးကျော်မြင့်က O Media ကို ပြောပါတယ်။

အခုအချိန်မှာတော့ ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေတို့ကို လာရောက်လည်ပတ်သူတချို့ရှိနေပြီး ခွင့်ပြုမိန့်မရဘဲပြန်ဖွင့်နေတဲ့ ဟိုတယ်တချို့လည်းရှိနိုင်တယ်လို့ သူကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိတဲ့ အများပြည်သူတွေလာရောက် အပန်းဖြေလေ့လာမှုတွေ ပြုလုပ်လေ့ရှိတဲ့ဒေသတွေကို ပြီးခဲ့တဲ့မတ်လကတည်းကစပြီးပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

Crd - Omedia

ပုဂံမှာ ဘယ်ဘုရားတွေ ပိတ်တာလဲဆိုတော့ ဒီဘုရားတွေပဲပိတ်တာပါထီးလိုမင်းလိုဘုရားမနူဟာ ဘုရား ၊ မြစေတီ ဘုရားရွှေဆံတော် ဘုရားဓမ္မ...
30/07/2020

ပုဂံမှာ ဘယ်ဘုရားတွေ ပိတ်တာလဲဆိုတော့ ဒီဘုရားတွေပဲပိတ်တာပါ

ထီးလိုမင်းလိုဘုရား
မနူဟာ ဘုရား ၊
မြစေတီ ဘုရား
ရွှေဆံတော် ဘုရား
ဓမ္မရံကြီးဘုရား
သဗဗြညု ဘုရား
အာနန္ဒာဘုရား
ကန်တော့ပလ္လင်
ပြဿဒ်ကြီး ဘုရား
စူဠာမူနိ ဘုရား
မဟာဗောဓိ ဘုရား
အလိုတော်ပြည့် ဘုရား
ရွှေစည်းဂုံ ဘုရား
ဓမ်မရာဇက ဘုရား
ငှက်ပစ်တောင် ဘုရား
လောကနန္ဒာ ဘုရား
ဗူးဘုရား

တခြားဘယ်နေရာတွေသွားလို့ရသေးလဲဆိုတော့

ဧရာဝတီ မြစ်ဘေးက >
✅ကျောက်မျက်မှော်
✅ရွှေကွန်ချာ
✅စိုးမင်းကြီးဘုရား
✅စိုးမင်းကြီး အုပ်ကျောင်း
✅အပယ်ရတနာ ဘုရား
✅နဂါးရုံ ဘုရား
✅စေတနာကြီး ဘုရား
✅ဝက်ကြီးအင်း ဂူပြောက်ကြီး
✅မြင်းကပါ ဂူပြောက်ကြီး
✅ဂူပြောက်ငယ်
✅ရွှေဂူကြီး ဘုရား
✅နန်းဘုရား
✅နွားပြဂူ ဘုရား
✅မြင်းပြဂူ ဘုရား
✅တဝဂူ ဘုရား
✅ဆူးလေကုန်း ဘုရား
✅ရွာဟောင်ကြီး ဘုရား
✅ရင်မနားကုန်း ဘုရား
✅မျက်တော်ပြေ ဘုရား
✅ခေမင်္ဂ ဘုရားစု
✅မြေပုံသာ ဘုရားစု
✅ရွှေနန်းရင်တော် ဘုရာစု
✅နတ်လျောကျောင်း
✅ပုထိုးသားများ ဘုရား
✅မီးညိမ်းကုန်း ဘုရား
✅မီးမလောင်ကျောင်းဘုရား
✅သိကြားပုန်း ဘုရား
✅ဆင်များရှင်ဘုရား
✅ဗိုလ်ချိုမိ ဘုရား
✅လောကထိပ်ပန် ဘုရား
✅မင်းနန်သူဘုရားသုံးဆူ
✅သံတော်ကြား ဘုရား
✅သမ္ဘူလခေါ်သုံးလူလ ဘုရား မင်းနန်သူရွာ
✅နန္ဒာမညာခေါ် အနန္တပညာ ဘုရား မင်းနန်သူရွာ
✅ရှင်အဇ္ဇဂေါဏဘုရား
✅ဖွားစောအုတ်ကျောင်း
✅ကျောက်စကားကြီး ဘုရား
✅အရှေ့ဖက်လိပ် အနောက်ဖက်လိပ်
✅စိမျးညကျညီမ ဘုရား
✅ကျောင်းရင်း ညီမ ဘုရား
✅တိုက်ကြီးဘုရား
✅သမီးဝှက်ဥမင် - ငှက်ပစ်တောင်ဘုရားအရှေ့မြောက်ဘက်
✅ကျောက်ဂူဥမင်
✅ကုန်းတော်ကြီးဘုရား
✅သက်မုနိ ဘုရား
✅ရွှေသပိတ်ဘုရား
✅ဆေပဒ စေတီ
✅သက်တော်ဂူကျောင်း
✅ကျန်စစ်သားဥမင်
✅ဥပါလိသိမ်
✅တောင်ဘီရွာထိပ်မှ ရှေ့ဟောင်းကျောင်းတိုက်
✅ဗူးလယ်သီ ဘုရား
✅မင်းအိုချမ်းသာ
✅အတွင်းစည်းခုံ
✅အာနန္ဒာအုတ်ကျောင်း
✅ပိဋကတ်တိုက်
✅ငကျွဲနားတောင်း
✅ရှပင်သာလျောင်း
✅မင်္ဂလာစေတီ
✅သရပါဂိတ်
✅နတ်သမီးကမ်းပါး
✅ထန်းတဲ
✅တမာပင်တန်း
✅Sunset ကုန်း

ကဲဒါတောင် တခြားဘုရားတွေအများကြီးကျန်ပါသေးတယ် နော်
အပေါ်က ဘုရားတွေမှာလဲ စိတ်ဝင်စားစရာ သမိုင်းတွေရှိတယ်
နံရံဆေးရေး ပန်းချီတွေ လဲကောင်းတယ် လေ့လာလို့ရပါတယ်နော်
လမ်းမသိရင် လမ်းပြခေါ်ပါ ဒီနေရာတွေက 45 တွေ ကားကြီးတွေ ဝင်လို့မရတဲ့ နေရာတွေမှာရှိနေတာမလို့ E-Bike TukTuk မြင်းလှည်းနဲ့ သွား ရင် ပိုအဆင်ပြေပါတယ် နော် 😀
Local တွေသာ မရောက်တာ foreigner ကတော့ ဒီလိုနေရာတွေကို အဓိက ထားပြီးလေ့လာကျတယ် .......

ပုဂံရောက်ရင် လက်ကိုတက်တူးပန်ချီးဆွဲပြီးအထင်ကရ ဘုရားတွေမှာပဲ Selfie ဆွဲမနေနဲ့အုံး ဒီလိုနေရာတွေကိုလဲ သွားလေ့လာပါလို့ တိုက်တွန်းချင်ပါတယ် ....... နံရံဆေးပန်ချီ အင်္ဂတေပန်းတမော့ ကျောက်စာ အုပ်ခွက် စဉ့် ပုဂံခေတ် လက်ယာတွေ အများကြီးပါ။ ရှေ့ဟောင်းအမွေအနှစ်တွေကို ပုဂံရောက်တုန်းကြည့်ပါလေ့လာပါ။

Credit

မင်္ဂလာပါ☺️ 🙏တကယ်ကလေ ပုဂံမှာ ဘုရားပေါင်း ၃၈၂၂ ဆူ ရှိပါတယ်နော် 🙏အဲ့ဒီကျန်တဲ့ ဘုရား ၃၈၂၂ ဆူ ထဲကမှ ဘုရားဖူးဧည့်သည်အများစု မ...
29/07/2020

မင်္ဂလာပါ☺️

🙏တကယ်ကလေ ပုဂံမှာ ဘုရားပေါင်း ၃၈၂၂ ဆူ ရှိပါတယ်နော်

🙏အဲ့ဒီကျန်တဲ့ ဘုရား ၃၈၂၂ ဆူ ထဲကမှ
ဘုရားဖူးဧည့်သည်အများစု မရောက်ဖြစ်ကြတဲ့ တန်ခိုးကြီးဘုရားတွေလည်း ပါပါတယ်

​မြေပုံနဲ့ ဘုရားနာမည်တွေလည်း သိရအောင်တခါတည်း ထည့်ပေးထားပါတယ် နော်

🙏ပုဂံကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်

သွားလို့ရတဲ့တန်ခိုးကြီးဘုရားနာမည်များတချို့.....

၁/မင်းအိုချမ်းသာ
၂/တရုတ်ပြေးဘုရား
၃/ကျောက်ကူးဥမှင်
၄/ စေတနာကြီး(စစ်စနားကြီး)
၅/စိုးမင်းကြီး/စိုးမင်းကြီးအုတ်ကျောင်
၆/တမဏီဘုရား/တာမဏီအုတ်ကျောင်း
၇/ကုဿိနာရုံဘုရား
၈/ကျောက်မျက်မှော်
၉/ရဟန်တာ ၅၀၀ ဂူ
၁၀/ ပေါ်တော်မူ
၁၁/ ကျောက်ကူဥမှင်
၁၂/ ခြောက်ဘုရားလှကြီး(ခြောက်ဖလှကြီး)
၁၃/ ခြောက်ဘုရားလှငယ်(ခြောက်ဖလှငယ်)
၁၄/ သကျမုနိ
၁၅/ ကုန်တော်ကြီး
၁၆/ ဆင်ဖြူရှင်ကျောင်းတိုက်
၁၇/ ဆူးလေကုန်း(အလိုတော်ပြည့်ဘုရားအနီ)
၁၈/ ဝတ္တနတော (အလိုတော်ပြည့်ဘုရားအနီ)
၁၉/ တောင်ပုံလောကနထ(ဝက်ကြီးအင်းဂူပျောက်ကြီးတောင်ဘက်)
၂၀/ နတ်လှောင်းကျောင်း
၂၁/ ဆုတောင်းပြည့်ဘုရားနှင့်အုတ်ကျောင်း
၂၂/ ငကျွဲနားဒေါင်း
၂၃/ ပိဋကတိုက်
၂၄/ မဟာသိမ်တော်ကြီး(မြင်းကပါရွာအရှေ့ဘက်)
၂၅/ သန်းတော်ကြား(ရွှေဂူကြီးအရှေ့ဘက်)

 #ပုဂံကိုလာမဲ့ဘုရားဖူးဧည့်သည်များအတွက် #စိတ်မကောင်းစရာသတင်းပါ #ယနေ့မှစပြီး #ပုဂံမှအထင်ကရဘုရားများကိုရက်အကန့်သန့်မရှိ #ပိ...
29/07/2020

#ပုဂံကိုလာမဲ့ဘုရားဖူးဧည့်သည်များအတွက်
#စိတ်မကောင်းစရာသတင်းပါ
#ယနေ့မှစပြီး
#ပုဂံမှအထင်ကရဘုရားများကိုရက်အကန့်သန့်မရှိ
#ပိတ်ထားပါမည်တဲ့ခဗျာ

Edit

ဘုရားတွေပိတ်သည်ဆိုသည်မှာ မဟုတ်ပါ။

ယနေ့ (၂၈/၀၇/၂၀၂၀) ညနေ (၆:၀၀) မှ (၈:၃၀) ခယက ရုံးတွင်ကျင်းပသော ဂေါပက အရေးပေါ် အစည်းအဝေးအရ ပုဂံဘုရားဖူးပြန်လည်ကန့်သတ်မည်ဟုဂေါပကများထံမှ သိရပါသည်၊(၇၂)နာရီအတွင်း မိမိနေထိုင်သော မြို့နယ်မှ ကျမ္မာရေး ဌာနမှ ထောက်ခံစာယူရပါမည်။ ၇၂ နာရီအတွင်း ကျန်းမာရေးထောက်ခံစာပါမှ ဝင်ခွင့်ပြုမည်ဟုသိရပါသည်။ ထောက်ခံစာမပါသူများ ဘုရားဝန်းအပြင်ကသာ ဖူးရပါမည်ဟုသိရပါသည်။
Credit - Bro Nanda Win Maung !

Link ⬇️⬇️⬇️

https://www.facebook.com/100027101511619/posts/616589312587780/?d=n

ရွှေတိဂုံစေတီတော်အပါအဝင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများ အား ဇူလိုင်လ၃၀.ရက်တွင် ပြန်လည်ဖွင့်လှစ်မည်========...
28/07/2020

ရွှေတိဂုံစေတီတော်အပါအဝင်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများ
အား ဇူလိုင်လ၃၀.ရက်တွင် ပြန်လည်ဖွင့်လှစ်မည်
===============================
COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်ကာလတွင် ခေတ္တယာယီပိတ်ထားခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများအား အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီ ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ (၃၀)ရက်နေ့၊ နံနက် (၄)နာရီ အချိန်မှ စတင်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရပါသည်။

MRTV News

 #အင်းလေး_ရေပေါ်ရွာ
16/07/2020

#အင်းလေး_ရေပေါ်ရွာ

 #ခရီးသွားအားလုံး_အန္တရာယ်ကင်းစေလိုပါတယ်ဘားအံ တောင်ဝိုင်း​တောင် သံလှေကားရဲ့ အောက်ခြေအနေအထားလေးတွေကို သတိပေးတဲ့အနေနဲ့ တင်ေ...
09/07/2020

#ခရီးသွားအားလုံး_အန္တရာယ်ကင်းစေလိုပါတယ်
ဘားအံ တောင်ဝိုင်း​တောင် သံလှေကားရဲ့ အောက်ခြေအနေအထားလေးတွေကို သတိပေးတဲ့အနေနဲ့ တင်ပေးလိုက်ပါတယ်
ရှုခင်းနဲ့ပဲ ဓာတ်ပုံရိုက်ပြီးပြန်ဆင်းကြတာဆိုတော့
သတိထားမိအောင်လို့ပါ
တာဝန်ရှိသူတွေလဲ အန္တရာယ်မဖြစ်ခင် သွားရောက်စစ်ဆေးပေးဖို့အချိန်ရောက်နေပါပြီး

PhotoCredit; KoTintHtooWai & kayen media

ဒီကပ်ဆိုးကြီး ပြီးသွားရင်  #အလည်ပို့ချင်စမ်းပါသည်_ချင်းတောင်တန်းတွေဆီ
18/05/2020

ဒီကပ်ဆိုးကြီး ပြီးသွားရင်
#အလည်ပို့ချင်စမ်းပါသည်_ချင်းတောင်တန်းတွေဆီ

ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွားဧည့်သည့် လာရောက်မှုမရှိခြင်းကြောင့် တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာ လှပနေတဲ့ပုဂံ (ကိုဗစ်-၁၉ ...
10/05/2020

ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွားဧည့်သည့် လာရောက်မှုမရှိခြင်းကြောင့် တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာ လှပနေတဲ့ပုဂံ (ကိုဗစ်-၁၉ ဓာတ်ပုံမြင်ကွင်း)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ညောင်ဦး မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း ဘုရားစေတီပုထိုးများ ဖူးမြော်ခွင့်ကို နေ့စဉ် နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီထိ သတ်မှတ်ထားမှုနှင့် ကပ်ရောဂါအခြေအနေအရ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များ လာရောက်မှုမရှိသဖြင့် တိတ်ဆိတ်ငြိမ်သက် အေးချမ်းလျက် ရှိသည်ကို ယမန်နေ့က ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ စေတီပုထိုးများအား လိုက်လံဖူးမြော် ကြည်ညိုရင်း လေ့လာမှုအရ သိရသည်။ ပုဂံသည် မြန်မာတို့၏ ရှေးဟောင်းအမွေအနှစ်များ စုဝေးရာဒေသဖြစ်ပြီး ရောက်ဖူးသူတိုင်း ဗိသုကာနှင့် အနုပညာလက်ရာတို့ကို ဂုဏ်ယူမဆုံး ရှိကြမည် ဖြစ်ပါသည်။ ပုဂံ-ညောင်ဦးဒေသတွင် စေတီ၊ ပုထိုး၊ ဂူကျောင်းများစွာကို တစုတဝေး တည်းတွေ့ရှိရခြင်းသည် ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်ခြင်းပင် ဖြစ်သည်။ ထို့ပြင် ယူနက်စကို၏ အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဖြစ်သွားသဖြင့် နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်းကားများပြားနေ သည့် ရှေးဟောင်းမြို့တော် ဖြစ်ပါသည်။

ယနေ့ အချိန်အခါမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် တန်ခိုးကြီးဘုရားစေတီပုထိုး များနှင့် လမ်းမကြီးများပေါ်မှာ လူသူကင်းမဲ့ပြီး ခြောက်သွေ့တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်ကို တွေ့ရှိ ရပါသည်။

ပုံ(၁) အာနန္ဒာဂူဘုရား
ပုံ(၂) လောကနန္ဒာစွယ်တော်မြတ်စေတီ
ပုံ(၃) ဗူးဘုရား
ပုံ(၄) ကန်တော့ပလ္လင်ဘုရား
ပုံ(၅) ဘုရားသုံးဆူဂူဘုရား
ပုံ(၆) ဆပဒပုထိုး(ဘုရားနီ)
ပုံ(၇) ထီးလိုမင်းလိုဘုရား
ပုံ(၈) ဓမ္မရာဇကစေတီတော်ကြီး
ပုံ(၉) ပုဂံရှေးဟောင်းသုတသနပြတိုက်
ပုံ(၁၀) မနူဟာဘုရား
ပုံ(၁၁) သိရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး
ပုံ(၁၂) သဗ္ဗညုဘုရား
ပုံ(၁၃) ဉပလိသိမ်
ပုံ(၁၄) ခေမင်္ဂဘုရားစု
ပုံ(၁၅) အလိုတော်ပြည့်ဘုရား
ပုံ(၁၆) မင်းအိုချမ်းသာစေတီ
ပုံ(၁၇) မဟာငှက်ပစ်တောင်ဘုရား
ပုံ(၁၈) နရသီဟပတေ့ဘုရား
ပုံ(၁၉) မြစေတီဘုရား
ပုံ(၂၀) ပုဂံ-ညောင်ဦးမြို့အဝင် မုဒ်ဦး
ပုံ(၂၁) သရပါတံခါး
ပုံ(၂၂) ပုဂံမြို့သစ်သွား လမ်းမကြီး
ပုံ(၂၃) ညောင်ဦး-ချောက် ကားလမ်းမကြီးတစ်နေရာ

Credit - ကိုကျော်မင်းဦး(ရေနံချောင်း)

ခရီးသွားမိဘပြည်သူများကို စိတ်ထဲစိုးရိမ်မူ့မရှိစေရန်နှင့် ခရီးစဉ်များကို သင်္ကြန်အခါသမယမှာလဲပုံမှန်ထွက်ခွာမည် ဖြစ်ကြောင်း  ...
23/03/2020

ခရီးသွားမိဘပြည်သူများကို စိတ်ထဲစိုးရိမ်မူ့မရှိစေရန်နှင့်

ခရီးစဉ်များကို သင်္ကြန်အခါသမယမှာလဲပုံမှန်ထွက်ခွာမည် ဖြစ်ကြောင်း ပြောကြားရင်း

ခရီးစဉ်များကိုလဲ နိုင်ငံတော်ရဲ့ချမှတ်မူ့နဲ့အညီ ခရီးသည်များ ကျန်းမာရေး နဲ့ အစစအရာရာ အဆင်ပြေစေရန်အတွက် မူဝါဒများကို လိုက်နာဆောင်ရွက်နေကြောင်း ပန်ကြားအသိပေးပါရစေရှင့်...

Pht credit - DPTOA

🌨 တောင်ကြီး- အင်းလေး- ကလော - ပင်းတယ- အောင်ပန်း - လွိုင်ကော် ခရီးစဉ် 🌨💵 တဦး - ၇၀၀၀၀ ကျပ်⏳ 5ညအိပ် - 6 ရက်****************...
23/03/2020

🌨 တောင်ကြီး- အင်းလေး- ကလော - ပင်းတယ- အောင်ပန်း - လွိုင်ကော် ခရီးစဉ် 🌨
💵 တဦး - ၇၀၀၀၀ ကျပ်
⏳ 5ညအိပ် - 6 ရက်

************************************

💦 လည်ပတ်မည့်နေရာများကတော့ 💦
-------------------------------------------------

💠 တောင်ကြီးစူဋ္ဌာမုနိ လောကချမ်းသာဘုရားကြီး
💠 တောင်ကြီးမြို့မဈေး
💠 ဟိုပုံးကိုရင်လေး
💠 ထမ်ဆန်းလှိုဏ်ဂူ
💠 မွေတော်ကက္ကူဘုရားများ
💠 အင်းလေး ဖောင်တော်ဦးစေတီ
💠 အလိုတော်ပေါက်ဘုရား
💠 အင်းရိုးရာရက်ကန်းစင်နဲ့ ရေပူစမ်း
💠 ပင်းတယ
💠 ရွှေဥမင်လှိုဏ်ဂူ
💠 ဘုတ်တလုတ်ကန်
💠 ကုံလုံဆရာတော် ရုပ်ကလာပ် ဗိမ္မာန်တော်
💠 နှီးဘုရားကြီး
💠 ရွှေဥမင်ဘုရားများ
💠 ဥုံဏလုံ မွေရှင်တော်
💠 မြင်းမထိလှိုဏ်ဂူတော်
💠 လွိုင်ကော် တောင်ကွဲစေတီ
💠 ထီးပွင့်ကန်
💠 ငွေတောင်ဆည် •••
အထက်ပါနေရာသို့ စုံလင်စွာပို့ဆောင်ပေးမည်ဖြစ်ပါတယ်ရှင့် 😍

*******************************************

💚 ခရီးစဉ် ထွက်ခွာမည့်နေ့ 💚
----------------------------------

📆 27. 3.2020 ( ညတွင် စတင်ထွက်ခွာပါမည်ရှင့်)

*****************************************

💜 ခရီးစဉ်အတွင်း ပါဝင်တဲ့ ဝန်ဆောင်မူ့များ 💜
---------------------------------------------------

❇ နေ့လည်စာ
❇ ညစာ
❇ တည်းခိုရန် နားနေဆောင်
❇ ရေသန့်
❇ စနိုးတာဝါ
❇ သွားတိုက်တံ
❇ သွားတိုက်ဆေး
❇ အမှတ်တရ ဦးထုပ်
❇ ကျွမ်းကျင်တဲ့ ယဉ်မောင်း
❇ ခရီးစဉ်အတွင်း လုံခြုံစိတ်ချရတဲ့ ( အသက်) အာမခံကြေး
❇ ခရီးစဉ်​တစ်​​လျှောက်​ ဝန်​​ဆောင်​မှု​ပေးမယ့်​Tour Leader ​ချော​ချော​လေးများ😁
❇ မိမိအိမ်နဲ့မခြား ကောင်းမွန်တဲ့အစားအသောက်
အထက်ပါဝန်ဆောင်မူ့များနဲ့ နွေးထွေးပျူဌာတဲ့ မြန်မာပြည်အနှံ့ခရီးသွားပို့ဆောင်ရေး မှ ပို့ဆောင်ပေးနေပါတယ်ရှင့် .....

*****************************************

💦 သင်္ကြန် အတွက်ခရီးစဉ်လေးတွေကို ဒီပိုစ့်မှာကြည့်ပေးနော် 😍

https://www.facebook.com/108719290619451/posts/135058764652170/

****************************************

🚌 စီးနင်းရမည့် ကားအမျိုးအစား 🚌
------------------------------------------
💥 Air-con အဆင့်မြင့်ခရီးသွားကားကြီးများ နှင့်စီးနှင်းရပါမည်...

*********************************************

🚧 ဘယ်နေရာက စီးရမှာလဲ (စုရပ်) 🚧
---------------------------------------------

🚦 လိုက်ပါမည့်ခရီးသည်နှင့် အနီးစပ်ဆုံးစုရပ်တခု ....................... (သို့) ...........................
🚦 ခရီးသည်နေထိုင်သည့်မြို့နယ်အတွင်း စုရပ်တခု

•••• အထက်ဖော်ပြပါနေရာများအထိ ခရီးသည်နှင့်ညှိနိုင်း သတ်မှတ်ပီး လာရောက်ကြိုဆိုပေးပါတယ်ရှင့်....

******************************************

💥 ရုံးကလူတွေစုပီး ခရီးစဉ်လေးတွေစီစဉ်ချင်တာလား
💥 မိသားစုတွေ ခရီးသွားကျမလို့လား
💥 ကျောင်းသားတွေ မိဘဆရာတွေ ခရီးသွားကျမလား
💥 သူငယ်ချင်းတွေပဲ စုသွားကျမလား
💥 ကားပဲဌားချင်တာလား သက်သက်သာသာနဲ့ ဝန်ဆောင်မူ့အပြည့် ပေးနေတဲ့ ကျမတို့နဲ့ဆက်သွယ်လိုက်ပါနော် 😉
💥 ဈေးနှုန်း ဝန်ဆောင်မူ့ ကား အစစအရာရာ အဆင်ပြေဖို့ တာဝန်ယူပါရစေ

**********************************************

🎀 ခရီးစဉ်အတွက် လတ်မှတ်များကို အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးပါတယ်ရှင့်.. နေပူပူထဲ လာစရာမလိုပါဖူးနော် 😘

---------------------------------------------------------------------

💜 ခရီးစဉ်အတွက် ကြိုတင်လတ်မှတ်များ စတင်ဝယ်ယူနိုင်ပါပီရှင့်
💜 ခရီးစဉ်အတွက် အသေးစိတ်သိရှိလိုပါက
☎ 09-768734919
☎ 09955681449
☎ 09424138634
☎ 09673577879 သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပီရှင့်..

🗣 09955681449 / 09768734919 မှလဲမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့် ..... ကျေးဇူးတင်ပါတယ်...

#တောင်ကြီး #အင်းလေး #ကလော #လွိုင်ကော်
#ဒို့မိတ်ဆွေ

23/03/2020
ရွှေစက်တော် ဘုရားကမပိတ်ပါဖူးရှင့် ညအိပ်ခွင့်မပြုတော့တာပါ ပုံမှန် ဘုရားကိုဖူးမျှော်လို့ရပါတယ်ရှင့် **********************...
22/03/2020

ရွှေစက်တော် ဘုရားကမပိတ်ပါဖူးရှင့်
ညအိပ်ခွင့်မပြုတော့တာပါ
ပုံမှန် ဘုရားကိုဖူးမျှော်လို့ရပါတယ်ရှင့်

*******************************************

💜 ခရီးစဉ်အတွက် ကြိုတင်လတ်မှတ်များ စတင်ဝယ်ယူနိုင်ပါပီရှင့်
💜 ခရီးစဉ်အတွက် အသေးစိတ်သိရှိလိုပါက
☎ 09-768734919
☎ 09955681449
☎ 09673577879
☎ 09424138634 ... သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပီရှင့်

09955681449 / 09768734919 မှလဲမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

++++++++++++++++++++++++++++++++++++

#သင်္ကြန်ခရီးစဉ် #သင်္ကြန်ရုံးပိတ်ရက် #သင်္ကြန်​ကျောင်းပိတ်ရက်

#ဒို့မိတ်ဆွေ

 #မြစ်ကြီးနား  #ဇလုံတောင်  #မိုးကုတ် ခရီးစဉ် အမှတ်တရ တို့တွေက မွန်းကြပ်တဲ့မြို့ပြရဲ့ လူစုလူဝေးတွေရှောင် မိသားစုနဲ့ခရီးထွ...
20/03/2020

#မြစ်ကြီးနား #ဇလုံတောင် #မိုးကုတ် ခရီးစဉ် အမှတ်တရ

တို့တွေက မွန်းကြပ်တဲ့မြို့ပြရဲ့ လူစုလူဝေးတွေရှောင် မိသားစုနဲ့ခရီးထွက်တယ် ကုသိုလ်ယူ ဘုရားဖူးတယ် 😁

**************************************

💥 ရုံးကလူတွေစုပီး ခရီးစဉ်လေးတွေစီစဉ်ချင်တာလား
💥 မိသားစုတွေ ခရီးသွားကျမလို့လား
💥 ကျောင်းသားတွေ မိဘဆရာတွေ ခရီးသွားကျမလား
💥 သူငယ်ချင်းတွေပဲ စုသွားကျမလား
💥 ကားပဲဌားချင်တာလား သက်သက်သာသာနဲ့ ဝန်ဆောင်မူ့အပြည့် ပေးနေတဲ့ ကျမတို့နဲ့ဆက်သွယ်လိုက်ပါနော် 😉
💥 ဈေးနှုန်း ဝန်ဆောင်မူ့ ကား အစစအရာရာ အဆင်ပြေဖို့ တာဝန်ယူပါရစေ

**********************************************
💜 ခရီးစဉ်အတွက် ကြိုတင်လတ်မှတ်များ စတင်ဝယ်ယူနိုင်ပါပီရှင့်
💜 ခရီးစဉ်အတွက် အသေးစိတ်သိရှိလိုပါက
☎ 09-768734919
☎ 09955681449
☎ 09673577879
☎ 09424138634 ... သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပီရှင့်

09955681449 / 09768734919 မှလဲမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

 #မြစ်ကြီးနား  #ဇလုံတောင်  #မိုးကုတ် ခရီးစဉ်  #အင်းတော်ကြီးရောက်ရှိကြောင်း အမှတ်တရ *************************************...
20/03/2020

#မြစ်ကြီးနား #ဇလုံတောင် #မိုးကုတ် ခရီးစဉ်

#အင်းတော်ကြီးရောက်ရှိကြောင်း အမှတ်တရ

**************************************

💥 ရုံးကလူတွေစုပီး ခရီးစဉ်လေးတွေစီစဉ်ချင်တာလား
💥 မိသားစုတွေ ခရီးသွားကျမလို့လား
💥 ကျောင်းသားတွေ မိဘဆရာတွေ ခရီးသွားကျမလား
💥 သူငယ်ချင်းတွေပဲ စုသွားကျမလား
💥 ကားပဲဌားချင်တာလား သက်သက်သာသာနဲ့ ဝန်ဆောင်မူ့အပြည့် ပေးနေတဲ့ ကျမတို့နဲ့ဆက်သွယ်လိုက်ပါနော် 😉
💥 ဈေးနှုန်း ဝန်ဆောင်မူ့ ကား အစစအရာရာ အဆင်ပြေဖို့ တာဝန်ယူပါရစေ

**********************************************
💜 ခရီးစဉ်အတွက် ကြိုတင်လတ်မှတ်များ စတင်ဝယ်ယူနိုင်ပါပီရှင့်
💜 ခရီးစဉ်အတွက် အသေးစိတ်သိရှိလိုပါက
☎ 09-768734919
☎ 09955681449
☎ 09673577879
☎ 09424138634 ... သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပီရှင့်

09955681449 / 09768734919 မှလဲမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

20/03/2020
၁၀တန်း အောင်စာရင်း

ပျော်လို့ရပီဟေ့

သတင်းကောင်း
ဒီကနေ့ည ၈နာရီထိ စောင့်ကြည့်လူနာ 13ဦး ဓါတ်ခွဲအဖြေ Negative ​ရောဂါဖြစ်ပွားလူနာ အတည်ပြုမရှိပါ

 #မြစ်ကြီးနား  #ဇလုံတောင်  #မိုးကုတ် ခရီးစဉ်  #ဇလုံတောင်ရောက်ရှိကြောင်း အမှတ်တရ **************************************💥 ...
19/03/2020

#မြစ်ကြီးနား #ဇလုံတောင် #မိုးကုတ် ခရီးစဉ်

#ဇလုံတောင်ရောက်ရှိကြောင်း အမှတ်တရ

**************************************

💥 ရုံးကလူတွေစုပီး ခရီးစဉ်လေးတွေစီစဉ်ချင်တာလား
💥 မိသားစုတွေ ခရီးသွားကျမလို့လား
💥 ကျောင်းသားတွေ မိဘဆရာတွေ ခရီးသွားကျမလား
💥 သူငယ်ချင်းတွေပဲ စုသွားကျမလား
💥 ကားပဲဌားချင်တာလား သက်သက်သာသာနဲ့ ဝန်ဆောင်မူ့အပြည့် ပေးနေတဲ့ ကျမတို့နဲ့ဆက်သွယ်လိုက်ပါနော် 😉
💥 ဈေးနှုန်း ဝန်ဆောင်မူ့ ကား အစစအရာရာ အဆင်ပြေဖို့ တာဝန်ယူပါရစေ

**********************************************
💜 ခရီးစဉ်အတွက် ကြိုတင်လတ်မှတ်များ စတင်ဝယ်ယူနိုင်ပါပီရှင့်
💜 ခရီးစဉ်အတွက် အသေးစိတ်သိရှိလိုပါက
☎ 09-768734919
☎ 09955681449
☎ 09673577879
☎ 09424138634 ... သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပီရှင့်

09955681449 / 09768734919 မှလဲမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

Admin ကတိတည်ပါတယ်နော် 😍ခရီးသည်တွေကို အကုန်အဆင်ပြေအောင် လုပ်ပေးလိုက်ရလို့ ခရီးစဉ်တွေလဲအဆင်ပြေသလို ဒီကညီမလေးလဲ အရမ်းပျော်ေ...
18/03/2020

Admin ကတိတည်ပါတယ်နော် 😍

ခရီးသည်တွေကို အကုန်အဆင်ပြေအောင် လုပ်ပေးလိုက်ရလို့ ခရီးစဉ်တွေလဲအဆင်ပြေသလို ဒီကညီမလေးလဲ အရမ်းပျော်နေပါပြီရှင့်

အားလုံးလဲ ထပ်တူပျော်ကျမယ်လို့ မျှော်လင့်ပါတယ်
ညဖက်မှ တဦးချင်းစီ ဖုန်းဆက်ရလို့တော့ စိတ်မဆိုးနဲ့နော် 😘
မနက်ကျရင်လဲ ဆက်ဦးမှာပါ ကျန်တဲ့ခရီးသည်တွေကို 😁

အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ သင်္ကြန်မှာပျော်ရွှင်စွာ ခရီးသွားလို့ရပြီနော် 😍

ရောဂါကာကွယ်ရန် Mask ထုတ်လုပ်နေသော စက်ရုံကြီး 😁~ မြန်မာပြည်မှာ ဒီရောဂါဖြစ်ပွားတဲ့လူမရှိသေးပါဖူးရှင့်~ ကောလဟာလ သတင်းအမှားမ...
17/03/2020

ရောဂါကာကွယ်ရန် Mask ထုတ်လုပ်နေသော စက်ရုံကြီး 😁

~ မြန်မာပြည်မှာ ဒီရောဂါဖြစ်ပွားတဲ့လူမရှိသေးပါဖူးရှင့်
~ ကောလဟာလ သတင်းအမှားများ မယုံကြည်ကျရန်
~ ပြည်ပမှ ပြန်လည်ရောက်ရှိလာတဲ့လူတွေကိုလဲ ပြည်ထဲဝင်တာနဲ့
~ ၁၄ရက်ဆေးရုံမှာ စောင့်ကြည့် သံသဃလူနာအနေနဲ့
~ ကြတ်မတ်ပီးထားပါတယ်
~ လေဆိပ်မှာလဲ အထူးကြပ်မတ်စစ်ဆေးပြီး ဆောင်ရွက်နေပါတယ်
~ ကိုယ်ခံအားကောင်းတဲ့လူတွေဆို တော်ရုံမကူးဖူး ကုသရင်လဲ
~ ​ပျောက်ကင်းနိုင်ပါတယ် Hand Gel ဆောင်ထားပါ
~ မိဘပြည်သူတွေအနေနဲ့ တရုတ်ပြည်ကရောဂါထပ်
~ မြန်မာပြည်ကအပူရိုန် တနေ့ထပ်တနေ့ပိုလာတာမို့ ဂရုစိုက်ဖို့
~ ကျန်းမာအောင်နေဖို့ နေပူထဲသွားရင် ထီးဆောင်ဖို့ သတိပေးပါရစေရှင့်
~ ခရီးသွားမိဘပြည်သူအပေါင်း စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေရှင့်

💦 သင်္ကြန် ခရီးစဉ် (၈)📌 မြဝတီ - မဲဆောက် - ဘားအံ (ထိုင်းနိုင်ငံခရီးစဉ်) 📆 ၃ ညအိပ် - ၄ ရက် ခရီးစဉ် 💵 တဦး - ၆၅၀၀၀ ကျပ်💜 ၁၀.၄...
16/03/2020

💦 သင်္ကြန် ခရီးစဉ် (၈)

📌 မြဝတီ - မဲဆောက် - ဘားအံ (ထိုင်းနိုင်ငံခရီးစဉ်)

📆 ၃ ညအိပ် - ၄ ရက် ခရီးစဉ်
💵 တဦး - ၆၅၀၀၀ ကျပ်
💜 ၁၀.၄.၂၀၂၀ ည စတင်ထွက်ခွာပါမည်။

*****************************************

💦 လည်ပတ်မည့်နေရာများကတော့ 💦
-------------------------------------------------
💠 ရွှေမြင်းဝန်ဘုရား
💠 ဓိဌာန်အောင်ဘုရား
💠 ကျောက်လုံးကြီးဘုရား
💠 မိချောင်းကုန်းဘုရား
💠 ရေပူစမ်း
💠 ဘုရင့်နောင်ဈေးကြီး
💠 ဦးအောင်ဇေယျ (ခ) ဖဒေကနတ်ကွန်း
💠 နဂါးဂူဘုရား
💠 သံလိုက်တောင်
💠 သဘာဝဥယျာဉ် စားသောက်ဆိုင်
💠 မဲဆောက်ဈေးကြီး
💠 ဟုံလုံကုန်တိုက်
💠 ကြက်ပန်းခြံ
💠 ဒေါနတောင်တန်း၏ အလှအပများအား ကြည့်ရှူခံစားရင်း
💠 ဘုရင့်ညီနောင်ဂူ
💠 ကော့ဂွန်းဂူ
💠 ကောက္ကသောင်ဂူ
္မ💠 ရသေ့င်္ပျံဂူ
💠 ဣစသယဂူ
💠 ဖားပျံဂူ
• အထက်ပါနေရာများသို့ စုံလင်စွာပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင့် •

*****************************************

🚌 ခရီးစဉ်အတွက် စီးနင်းရမည့် ကားအမျိုးအစား 🚌
-----------------------------------------------------------

💥 Air-con အဆင့်မြင့်ခရီးသွားကားကြီးများ
🚎 ၄၅ယောက်စီး / ၄၉ယောက်စီး လေအိတ်ကားများနှင့်သာ
နှင့်စီးနှင်းရပါမည်ရှင့် •••••

*********************************************

🚧 ဘယ်နေရာက စီးရမှာလဲ (စုရပ်) 🚧
---------------------------------------------

🚦 လိုက်ပါမည့်ခရီးသည်နှင့် အနီးစပ်ဆုံးစုရပ်တခု ....................... (သို့) ...........................
🚦 ခရီးသည်နေထိုင်သည့်မြို့နယ်အတွင်း စုရပ်တခု

•••• အထက်ဖော်ပြပါနေရာများအထိ ခရီးသည်နှင့်ညှိနိုင်း သတ်မှတ်ပီး လာရောက်ကြိုဆိုပေးပါတယ်ရှင့်....

****************************************

🕰 ဘယ်အချိန် ရန်ကုန်မြို့က စထွက်မှာလဲ 🕰
---------------------------------------------------------
💥🚎 ည (၇) နာရီအချိန်တွင် ဂိတ်ရင်းမှ ကားများစတင်ထွက်ခွာလာပြီး သက်ဆိုင်ရာစုရပ်များ လိုက်လံကြိုဆိုပြီး ပျော်ရွှင်စရာ သင်္ကြန်ခရီးစဉ်များစတင်မည်ဖြစ်ပါတယ်ရှင့် •••••

**************************************

💦 ခရီးစဉ်အတွင်း ပါဝင်တဲ့ ဝန်ဆောင်မူ့များ 💦
--------------------------------------------------------

🎀 တည်းခိုရန် နားနေဆောင်
🎀 ရေသန့်
🎀 စနိုးတာဝါ
🎀 သွားတိုက်တံ
🎀 သွားတိုက်ဆေး
🎀 အမှတ်တရ ဦးထုပ်
🎀 ကျွမ်းကျင်တဲ့ ယဉ်မောင်း
🎀 ခရီးစဉ်အတွင်း စိတ်ချယုံကြည်ရတဲ့ (အသက်) အာမခံကြေး
🎀 ခရီးစဉ်​တစ်​​လျှောက်​ လမ်းကြောင်းကျွမ်းကျင်တဲ့ စိတ်ရှည်စွာ ဝန်​​ဆောင်​မှု​ပေးမယ့်​Tour Leader ​ချော​ချော​လေးများ😁
🎀 မိမိအိမ်နဲ့မခြား ကောင်းမွန် သန့်ရှင်းတဲ့ အစားအသောက် ဈေးနန်းချိုသာတဲ့ ဆိုင် ....

🎀 အထက်ပါဝန်ဆောင်မူ့များနဲ့ နွေးထွေးပျူဌာတဲ့ ဒို့မိတ်ဆွေခရီးသွားပို့ဆောင်ရေး (TM Myanmar Travel )
မိသားစု ပို့ဆောင်ပေးနေပါတယ်ရှင့်.....

🎀 ခရီးစဉ်အတွက် လတ်မှတ်များကို အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးပါတယ်ရှင့်.. နေပူပူထဲ လာစရာမလိုပါဖူးနော် 😘

*********************************************

💜 ခရီးစဉ်အတွက် ကြိုတင်လတ်မှတ်များ စတင်ဝယ်ယူနိုင်ပါပီရှင့်
💜 ခရီးစဉ်အတွက် အသေးစိတ်သိရှိလိုပါက
☎ 09-768734919
☎ 09955681449
☎ 09673577879
☎ 09424138634 ... သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပီရှင့်

09955681449 / 09768734919 မှလဲမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

++++++++++++++++++++++++++++++++++++

#သင်္ကြန်ခရီးစဉ် #သင်္ကြန်ရုံးပိတ်ရက် #သင်္ကြန်​ကျောင်းပိတ်ရက်

#ဒို့မိတ်ဆွေ

Address

Yangon
11111

Telephone

+959768734919

Website

Alerts

Be the first to know and let us send you an email when TM Myanmar မြန်မာပြည်အနှံ့ ဘုရားဖူး နှင့် ခရီးသွားပို့ဆောင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TM Myanmar မြန်မာပြည်အနှံ့ ဘုရားဖူး နှင့် ခရီးသွားပို့ဆောင်ရေး:

Videos

Share

Category


Other Travel Agencies in Yangon

Show All