Travel Box Myanmar

Travel Box Myanmar လူကြီးမင်းတို့ ခရီးစဥ်များအတွက် အဆ?
(1)

ပုဂံ ကိုသွားကြမလား... ပုဂံ စွယ်တော်သုံးဆူ ပုပ္ပါး ပြည့်ငါးပြည့် စရိတ်နည်းနည်းနဲ့ ခရီးလေးထွက်ကြမယ်..ဒီခရီးစဉ်လေးကို..- စရ...
25/07/2020

ပုဂံ ကိုသွားကြမလား...
ပုဂံ စွယ်တော်သုံးဆူ ပုပ္ပါး ပြည့်ငါးပြည့်

စရိတ်နည်းနည်းနဲ့ ခရီးလေးထွက်ကြမယ်..
ဒီခရီးစဉ်လေးကို..
- စရိတ်လဲ သက်သာမယ်.
- နေရာအစုံလဲရောက်မယ်
- Social Distancing နဲ့ အညီ အန္တရယ်ကင်းကင်းလဲ ခရီးသွားကြမယ် ..
===================================
ဈေးနှုန်းလေးကတော့
ကားခ သီးသန့် (အသွား၊အပြန်) + ပုဂံ sightseeing -35000 ks (တစ်ဆင့်သွားမပါ)
===================================
ထွက်ခွာမည့်ရက်
July 31 ည ထွက် August 3 မနက်ပြန်ရောက်
===================================
လည်ပတ်ပေးမယ့်နေရာတွေကတော့...
စွယ်တော် သုံးဆူဘုရားဖြစ်တဲ့ ..
- ရွှေစည်းခုံဘုရား
- တုရင်းတောင်စွယ်တော်မြတ်
- လောကနန္ဒာဘုရား (၁ပြည့်)
ပုပ်ပါးတောငျတောျ
ဓမ္မရံကြီးစေတီ
ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရား
ဆုတောင်ပြည့်တာ အလိုတော်ပြည့်စေတီ
ဓမ္မရာဇကဘုရား (၂ ပြည့်)
တာမဏီသိမ်တော် (၁ပြည့်)
ကျောက်စာစုံညီ မြစေတီ
ဝါတော်ကြီးတာ ငှက်ပစ်တောင်
ဆံတော်ပွားကိုတည်ထားခဲ့တာ ရွှေဆံတော် (၁ပြည့်)
နံရံဆေးရေးပန်းချီတွေ ထင်ကျန်နေတဲ့စူဌာမဏိ
ပန်းပု၊ပန်းရံ၊ပန်းတဉ်း၊ပန်းတမော့၊ပန်းချီ၊အစရှိတဲ့အနုပညာပြောင်မြောက်ဆုံးဖြစ်တဲ့ အာနန္ဒာဘုရား
ထီးလဲလိုမင်းလဲလိုတာ ထီးလိုမင်းလိုစေတီ
စိတ်ကျဉ်းကျပ်တာ မနူဟာဘုရား
ဘိုး ဘေး ဘီ ဘင် တို့ကိုပြစ်မှားမိလိုဝန်ချတောင်းပန်ရတာ ကန်တော့ပလ္လင်
ရှု့ခင်းကောင်းတာ ဗူးဘုရား
အစရှိတဲ့နေရာ တို့ကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်
==================================
Social Distancing အစီအစဉ်လေးအတိုင်း
နှစ်ယောက်ခုံတစ်ခုံမှာ ဧည့်သည်တစ်ဦးထဲ (save) အေးအေးဆေးဆေး လိုက်ပါရမှာမို့... စောစောစီးစီး ကြိုတင် Booking လေးတော့တင်ဖို့လိုတယ်နော်....
=================
ကျန်းမာရေးအတွက်က ဧည့်သည်တွေ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ လည်ပတ်ဖို့...
Mask, Hand Gel, Medical Box များအလုံအလောက်ထားပေးဦးမှာပါခင်ဗျာ..
=================
ဒီခရီးစဉ်လေးကို လိုက်ပါခြင်တဲ့ဧည့်သည်များကတော့
09794733384 ကို Hello လိုက်ပါခင်ဗျ...
လက်မှတ်ကို အိမ်အရောက်ဝန်ဆောင်မှုပေးမှာမို့...
ခရီးစဉ်လေးကို Travel Box Myanmarနဲ့အတူလိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..

ရိုးရိုး နှာစေးချောင်းဆိုးတာနဲ့ COVID-19 နဲ့ ဘယ်လိုခွဲကြမလဲ (၁) ချောင်းဆိုး( ချွဲသလိပ်မပါ) + နှာစေး = လေထုညစ်ညမ်းမှု (၂)...
03/04/2020

ရိုးရိုး နှာစေးချောင်းဆိုးတာနဲ့ COVID-19 နဲ့ ဘယ်လိုခွဲကြမလဲ

(၁) ချောင်းဆိုး( ချွဲသလိပ်မပါ) + နှာစေး = လေထုညစ်ညမ်းမှု

(၂) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး + နှာရည်ယို = အအေးမိခြင်း

(၃) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး + နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း + အဖျားငွေ့ငွေ့ = တုပ်ကွေး

(၄) ချောင်းဆိုး (ချွဲ သလိပ်မပါ) + နှာစေး + နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း + အဖျားကြီး + အသက်ရှူရခက်ခဲ = COVID -19

ဆိုပြီးတော့ ဒေလီက ရောဂါဗေဒ ဌာန တစ်ခုကနေထုတ်ပြန်ထားပါတယ်

အခုချိန်မှာနှာစေး ချောင်းဆိုး ဖြစ်တာနဲ့ အစိုးရိမ်မလွန်ကြဖို့လိုပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ symptom တွေနဲ့ အပေါ်က ၄ချက်ကို တိုက်ကြည့်ပီး မိမိဟာ ဘယ်အချက်တွေနဲ့ တူနေပြီဆိုတာ သိရှိနိုင်စေဖို့ပါ ။

COVID -19 မှာဆိုရင် ချောင်းဆိုးပေမယ့် သလိပ်မထွက်တာ ဖျားရင်လည်း အဖျားကြီးတာ အသက်ရှူကြပ်တာတွေက တခြားနဲ့ မတူဘဲ ထူးခြားချက်တွေပါ ။

ကွီးစော
မှ တတ်သလောက် ဘာသာပြန်ထားသည်။
31-3-2020
to original uploder

ကိုရိုနာနှင့်ကြောင်ရွှေဝါ။အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်၊ကြောင်ကပေးသောအရေးကြီးတဲ့သင်ခန်းစာတစ်ခုဟာလူတွေကို၊ကိုရို...
31/03/2020

ကိုရိုနာနှင့်ကြောင်ရွှေဝါ။
အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်၊ကြောင်ကပေးသောအရေးကြီးတဲ့သင်ခန်းစာတစ်ခုဟာလူတွေကို၊ကိုရိုနာဘေးကနေကယ်တင်ပေးနိုင်တေ့ာမလား?။
--
ကိုရိုနာဗိုင်းရပ်စ်ဆိုတာဟာအစတုံးက(SARS)တို့(MERS)တို့မှာလဲဖြစ်ခဲ့ဖူးပေမယ့်လူသိနည်းနေပြီး၊တရုတ်ပြည်က(ဝူဟန်)စဖြစ်လာတော့မှလူသိများလာကြရတာပါ။
--
အထူးသဖြင့်(ကိုရိုနာဗိုင်းရပ်စ်)ရောဂါတွေဆိုတာအရင်တုံးကတည်းကမြန်မာပြည်အပါအဝင်၊တစ်ကမ္ဘာလုံးကကြောင်လေးတွေမှာအမြဲတန်းလိုလိုအိမ်ရှင်ရောဂါတစ်မျိုးအဖြစ်နဲ့ရာသီမရွေးဖြစ်ပေါ်နေခဲ့တယ်ဆိုတာကိုဘယ်သူမှသတိထားမိခဲ့ပုံမရပါဘူး။
--
ကြောင်တွေမှာအမြဲဖြစ်နေကြတဲ့(Feline coronavirus)လို့ခေါ်တဲ့(FCoV)ဗိုင်းရပ်စ်တစ်မျိုးဟာ၊လူတွေကို(လုံးဝ)ဒုက္ခမပေးနိုင်တာကလွဲလို့၊လူတွေမှာဖြစ်ဖူးတဲ့(SARS, MERS, COVID-19)တွေလိုပဲ(Coronaviridae)မျိုးနွယ်ဝင်တွေဖြစ်ကြပြီး၊(single-stranded enveloped, positive RNA viruses)အမျိုးအစားတွေဖြစ်နေတဲ့အပြင်၊မျိုးရိုးဗီဇ(viral genome)တွေဟာလဲ( 26 kilobases)ကနေ(32 kilobases)အတွင်းမှာသာရှိနေကြလို့အလွန်ဆင်တူနေကြပါတယ်။
--
ထူးခြားမှု့တစ်ခုက၊ဒီကြောင်တွေမှာသာဖြစ်တတ်တဲ့(ဖီလိုင်း-ကိုရိုနာဗိုင်းရပ်စ်)ဟာလူတွေမှာဖြစ်တဲ့(SARS, MERS, COVID-19)တွေနဲ့အမျိုးနွယ်ချင်းဆင်တူနေပေမယ့်ကြောင်တွေကနေလူတွေဆီကိုတစ်ခါမှကူးစက်မလာဖူးသေးပါဘူး။ဒါကြောင့်ကြောင်တွေမှာလူတွေကိုကူးလာနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ်ရှိတယ်ဆိုပြီးတော့အထင်အမြင်လွဲမှားပြီးကြောင်တွေကိုသွားပြီးရန်မရှာမိကြဖို့အတွက်တော့ပထမဦးဆုံးအနေနဲ့အထူးအသိပေးပြောကြားလိုပါတယ်။
--
ကြောင်တွေဆီကကိုရိုနာဗိုင်းရပ်စ်တွေဟာလူတွေကိုတစ်ခါမှဒုက္ခမပေးခဲ့ဖူးတဲ့အပြင်၊ကိုရိုနာဗိုင်းရပ်စ်အကြောင်းကိုသေချာသိရှိနားလည်နိုင်ဖို့အတွက်ကြောင်တွေမှာအန္တရာယ်ကင်းကင်းနဲ့သုတေသနပြုစမ်းသပ်လို့ရနိုင်လို့၊လူတွေမှာဖြစ်တဲ့အလားတူ၊မျိုးနွယ်ဝင်ဗိုင်းရပ်စ်တွေကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းကောင်းတွေတောင်ရရှိနိုင်လို့အကျိုးကျေးဇူးတွေတောင်ရနိုင်ပါသေးတယ်။
--
မြန်မာပြည်မှာကြောင်မွေးထားတဲ့လူတိုင်းဟာကိုယ့်ကြောင်တွေသေဆုံးခဲ့ရတာတွေ၊ပြန်ကုသပေးလိုက်လို့ကောင်းသွားတာတွေကြုံတွေ့ခဲ့ရဖူးပေမယ့်အမှတ်တမဲ့ကလေးနဲ့သာထားလိုက်ပြီး၊ဒါဟာ(ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူး။
--
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့်၊လူတိုင်းအထိတ်တလန့်ဖြစ်နေရတဲ့အခုလိုအချိန်မျိုးမှာ၊ကျွန်တော့်အနေနဲ့အလွန်တန်ဖိုးရှိပြီး၊လူတွေအတွက်အသုံးဝင်လာနိုင်တဲ့၊လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းကကြုံတွေ့ခဲ့ရတဲ့၊ကိုယ်တွေ့၊အဖြစ်အပျက်လေးတစ်ခုကိုအားလုံးအကျိုးအတွက်ပြန်လည်ပြီးမျှဝေပေးပါရစေ။
--
လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းက၊အမေရိကန်နိုင်ငံမှာရှိတဲ့ကျွန်တော့်သူငယ်ချင်းအမေရိကန်လူမျိုးတစ်ယောက်ရဲ့အိမ်မှာကြောင်လေး(၃)ကောင်မွေးထားပါတယ်။မြန်မာပြည်ကနေအစပြုလာတဲ့မြန်မာမျိုးနွယ်ဝင်ကြောင်အမျိုးအစားတွေဖြစ်နေလို့၊(Burmese Cat)တွေလို့လဲခေါ်ကြပါတယ်။(Burmese Cat)နဲ့(Burmese Python)ဆိုတာဟာကမ္ဘာမှာနာမည်ကြီးတဲ့အိမ်မွေးတိရိစ္ဆာန်တွေပါပဲ။
--
တစ်နေ့မှာတော့သူ့အိမ်ကကြောင်ကလေးတစ်ကောင်ဟာနေမကောင်း၊မကျန်းမာဖြစ်လာပါတော့တယ်။သူကတိရိစ္ဆာန်ဆရာဝန်ကိုသွားပြတော့၊(Feline coronavirus)ကြောင့်ဖြစ်တယ်လို့ဆိုတာကိုသိလိုက်ရပြီးဆေးတွေထိုးပေး၊တိုက်ပေးလိုက်ပါတယ်။
--
ဆရာဝန်ကအဲဒီကြောင်လေးကိုတစ်ခြားကြောင်တွေနဲ့ခွဲပြီး(quarantine)လုပ်ထားခိုင်းပါတယ်။ဆရာဝန်ပေးတဲ့ဆေးတွေနဲ့ကုသပေးပြီး၊အဲဒီကြောင်လေးကိုသူ့အမျိုးအိမ်တစ်အိမ်မှာသီးသန့်ခွဲခြားထားလိုက်ပါတယ်။ဒါပေမဲ့တိရိစ္ဆာန်ဆရာဝန်ပေးလိုက်တဲ့ဆေးတွေနဲ့ကုသလို့မရနိုင်ပဲ၊ရက်အနည်းငယ်အတွင်းမှာကြောင်ကလေးသေဆုံးသွားပါတော့တယ်။
--
ပိုင်ရှင်ကအလွန်စိတ်မကောင်းဖြစ်နေတဲ့အချိန်၊မကြာခင်မှာပဲ၊သူ့အိမ်မှာရှိနေတဲ့နောက်ထပ်ကြောင်တစ်ကောင်ကပထမကြောင်အတိုင်း၊ပုံစံတူထပ်ပြီးနေမကောင်းဖြစ်လာပါတော့တယ်။ပထမသေသွားတဲ့ကြောင်ကိုတစ်ခြားအိမ်မှာခွဲပြီး(quarantine)လုပ်ထားလိုက်ပေမယ့်၊ပထမကြောင်မသွားခင်၊ရောဂါလက္ခဏာမပြခင်ကတည်းကတခြားကြောင်တွေကို(ကိုရိုနာဗိုင်းရပ်စ်)ကူးစက်နေခဲ့တာလဲဖြစ်နိုင်ပါတယ်။
--
ဒုတိယကြောင်နေမကောင်းဖြစ်ပြန်တော့ကျွန်တော့်သူငယ်ချင်းဟာတိရိစ္ဆာန်ဆရာဝန်ကိုသိပ်မယုံကြည်တော့ပဲ၊ကျွန်တော့်ကိုဖုံးခေါ်ပြီးလှမ်းမေးလာပါတယ်။မင်းကမြန်မာနိုင်ငံကလာတဲ့လူဆိုတော့(Burmese Cat)တွေအကြောင်းသိချင်သိနိုင်တယ်တဲ့၊(Burmese Cat)တွေနေမကောင်းဖြစ်လာရင်မြန်မာလူမျိုးတွေကဘယ်လိုကုသကြပါသလဲလို့မေးလာတော့၊ကျွန်တော်ကလဲငယ်ငယ်ကတည်းကကြောင်တွေအများကြီးနဲ့ကြီးပြင်းလာခဲ့ဖူးတာကြောင့်၊ကြောင်တွေနေမကောင်းဖြစ်ရင်ဘယ်လိုကုပေးရသလဲဆိုတာကိုကောင်းကောင်းသိနေပါတယ်။
--
ကျွန်တော်ကသူ့ကို၊လွယ်လွယ်လေးပါကွာ၊အဲဒီရောဂါကမြန်မာပြည်ကကြောင်တွေအများကြီးမှာအမြဲလိုလိုဖြစ်နေကြပါ။မင်းကြောင်ကိုပြန်မကုတ်ဆွဲနိုင်အောင်အဝတ်တွေနဲ့ပါတ်ထားပြီးတော့ပါးစပ်နဲ့နှာခေါင်းတွေထဲကိုသံပုရာသီးတွေညစ်ထည့်ပေးလိုက်ပါ။အဲဒီကြောင်ဟာ(၂၄)နာရီအတွင်းမှာပြန်သက်သာလာပါလိမ့်မယ်။အဲဒါငါတို့မြန်မာတွေရဲ့ရိုးရာကြောင်ကိုဆေးကုသတဲ့နည်းပဲလို့ပြောပြလိုက်တော့။
--
မြန်မာ့နည်းကအလွန်ရှင်းလင်းပြီးလွယ်ကူလွန်းတော့၊ခေတ်မှီတိုးတက်တဲ့အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့သိပ်အထင်ကြီးပုံမရပါဘူး။ဒီတော့သူကကျွန်တော့်ကိုသိပ်မယုံကြည်လို့အမေရိကန်ပီပီ၊အင်တာနက်ပေါ်တက်ပြီး၊(Google)မှာတက်ရှာပါတော့တယ်။အဲဒီကစပြီးတက်တက်စင်အောင်လွဲတော့တာပါပဲ။အရင်းရှင်တွေမီဒီညာတွေက(Google)မှာဘယ်လိုဝါဒဖြန့်ချီထားသလဲဆိုတော့၊ကြောင်ဆိုတာသံပုရာသီးနဲ့ထိတာနဲ့အဆိပ်ဖြစ်ပြီးသေတတ်ပါတယ်တဲ့။
--
ကိုယ်တိုင်(Google)မှာတက်ပြီးရှာကြည့်လိုက်ရင်ကြောင်တွေဆိုတာသံပုရာသီးစားမိရင်အဆိပ်ဖြစ်ပြီးသေနိုင်ပါတယ်လို့အရင်းရှင်တွေကောင်းကောင်းဝါဒဖြန့်ချီထားတာတွေတွေ့ရပါလိမ့်မယ်။ဒါကလဲမဆန်းပါဘူး၊အမေရိကန်လိုနိုင်ငံမျိုးမှာတိရိစ္ဆာန်တွေအတွက်ဆေးထုတ်လုပ်တဲ့ကုမ္မဏီတွေရဲ့ဝင်ငွေဟာနှစ်စဉ်ဒေါ်လာဘီလီယံချီရှိနေကြပါတယ်။ကြောင်တွေ(coronavirus)ရောဂါစွဲကပ်လာရင်သံပုရာသီးနဲ့ကုသလို့ရတယ်ဆိုတာကိုလူတွေသိသွားကြရင်ဒီကုမ္မဏီတွေရဲ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်သွားစေနိုင်ပါတယ်။
--
ဒါကြောင့်ကြောင်ပိုင်ရှင်တွေသံပုရာသီးမသုံးရဲ၊မထိရဲရလေအောင်၊ကောင်းကောင်းလိမ်ညာပြီးဝါဒဖြန့်ချီထားပါတော့တယ်။သူတို့ပြောသလို၊ကြောင်ကိုသံပုရာသီးညှစ်ပေးလိုက်ရင်သေတယ်၊မသေဘူးဆိုတာကိုမြန်မာနိုင်ငံကကြောင်မွေးဖူးသူတိုင်းလက်တွေ့နားလည်ပြီးသားဖြစ်နေလို့ဒီကိစ္စဟာလိမ်ထားတာပါဆိုပြီးတော့အထူးရှင်းပြနေဖို့လိုမယ်မထင်ပါဘူး။
--
ကျွန်တော့်သူငယ်ချင်းကလဲကျွန်တော့်ကိုမယုံကြည်တော့ပဲသူ့ဆရာဝန်ကိုဖုန်းခေါ်ပြီးထပ်မေးကြည့်တော့သူ့ဆရာဝန်ကလဲဟုတ်တယ်၊ကြောင်ဆိုတာသံပုရာသီးနဲ့ထိရင်အဆိပ်ဖြစ်ပြီးသေပါတယ်လို့ပြောပြန်ပါတယ်။နောက်ပြီးတော့အဲဒီဒုတိယကြောင်ကိုလဲသူ့ဆီကိုခေါ်လာခိုင်းပြီးထုံးစံအတိုင်းပထမကြောင်လိုပဲအနောက်တိုင်းဓါတုဗေဒဆေးဝါးတွေနဲ့ကုသပေးပြန်ပါတယ်။
--
မကြာခင်မှာပဲဒုတိယကြောင်လည်းရှေးနည်းအတိုင်းပဲထပ်သေသွားပါတော့တယ်။အရင်းရှင်တွေရဲ့ယုတ်မာတဲ့ဝါဒဖြန့်မှုကြောင့်နဲ့အနောက်တိုင်းဓါတုဗေဒဆေးတွေကိုအယုံအကြည်လွန်ကဲလွန်းတဲ့လူတွေကြောင့်၊ဒုတိယကြောင်လေးကိုကျွန်တော်အသက်ကယ်တင်ခွင့်မရနိုင်ခဲ့တာကိုအလွန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ကြောင်နှစ်ကောင်လုံးလဲသေသွားကြသလို၊ကျွန်တော့်သူငယ်ချင်းလဲဆေးဖိုးဒေါ်လာထောင်နဲ့ချီပြီးကုန်သွားခဲ့ရပါတယ်။
--
နောက်(၂)ရက်လောက်နေတော့နောက်ဆုံးကြောင်တစ်ကောင်ထပ်ပြီးနေမကောင်းဖြစ်လာပါတော့တယ်။ဒီတစ်ခါတော့ဒီကောင်သူ့ကြောင်ကိုတိရိစ္ဆာန်ကုဆရာဝန်တွေဆီပိုက်ဆံအကုန်ခံပြီးသွားမပြတော့ပါဘူး။မြန်မာစကားရှိတယ်လေ(တစ်ခါသေဖူး၊ပျင်ဖိုးနားလည်)တဲ့။ဒေါ်လာထောင်နဲ့ချီကုန်ခဲ့ရတဲ့ဒီကောင့်အနေနဲ့ကတော့(နှစ်ခါသေဖူး၊ဆေးဖိုးနားလည်)ဖြစ်သွားပြီမဟုတ်ပါလား။
--
သူလဲနောက်ဆုံးကြောင်ကိုဆရာဝန်ဆီသွားမပြတော့ပဲသူ့နည်းသူ့ဟန်နဲ့ကြိတ်ကုကြည့်နေတယ်ထင်ပါတယ်။ဒါပေမယ့်နောက်(၃)ရက်လောက်မှာ၊သူ့ကြောင်ဟာလုံးဝမထနိုင်တော့ပဲသေခါနီးဆန့်ငင်ဆန့်ငင်ဖြစ်နေတော့မှကျွန်တော့်ဆီကိုဖုန်းခေါ်လာပါတော့တယ်။
--
ဘာပြောလဲဆိုတော့၊သူငယ်ချင်းမင်းသံပုရာသီးနဲ့စမ်းကုကြည့်ချင်ကုလို့ရပြီတဲ့၊တစ်ကယ်လို့သံပုရာသီးကဆရာဝန်တွေပြောထားတဲ့အတိုင်းသူ့ကြောင်ကိုအဆိပ်ဖြစ်သည်ဖြစ်စေ၊မဖြစ်ဘူးဖြစ်စေသူ့ကြောင်ကတော့သေမှာပါပဲတဲ့။သေမယ့်အတူတူစမ်းကြည့်လိုက်ပေါ့ကွာတဲ့။
--
ကျွန်တော်လဲသူ့အိမ်ကိုအမြန်သွားလိုက်တော့ကြမ်းပြင်ပေါ်မှာဆန့်ငင်ဆန့်ငင်နဲ့လဲနေတဲ့နောက်ဆုံးကျန်နေတဲ့ရွှေဝါရောင်ကြောင်ကလေးကိုစိတ်မကောင်းစရာမြင်တွေ့လိုက်ရပါတယ်။သူ့မှာလူကိုပြန်ကုတ်နိုင်တဲ့အားအင်မရှိတော့ပဲအသက်ငင်နေတော့ခြေတွေလက်တွေကိုတောင်သိပ်ပြီးချုပ်နေစရာမလိုတော့ပဲပါးစပ်နဲ့နာခေါင်းတွေထဲကိုသံပုရာသီးတွေလွယ်လွယ်ကူကူနဲ့ညစ်ထည့်ပေးလိုက်လို့ရနိုင်ခဲ့ပါတယ်။
--
ရွှေဝါရောင်ကြောင်ကလေးရဲ့ပါးစပ်နဲ့နှာခေါင်းတွေကနေသံပုရာသီးညစ်ထည့်ပေးလိုက်ပြီးအဝတ်လေးတွေနဲ့နွေးထွေးအောင်ပါတ်ပေးပြီးတော့နွေးတဲ့တစ်နေရာမှာသိပ်ထားခိုင်းလိုက်ပြီးကျွန်တော်စိုးရိမ်ကြီးစွာနဲ့အိမ်ပြန်လာခဲ့ပါတယ်။ရင်ထဲမှာတော့အချိန်မှီပါစေလို့အသံမထွက်ပဲတိတ်တဆိတ်ဆုတောင်းနေမိခဲ့ပါတယ်။
--
နောက်နေ့ကြတော့ကျွန်တော့်သူငယ်ချင်းဖုန်းခေါ်လာပါတယ်။သူ့စကားကိုနားထောင်ဖို့ကျွန်တော်ရင်တွေခုန်နေမိပါတယ်။သူ့ကြောင်ကလေးမသေတော့ဘူးသက်သာသွားပြီဆိုတဲ့၊စကားကိုကြားလိုက်ရတော့ကျွန်တော့်ရင်ထဲဘာနဲ့မှမတူအောင်အတိုင်းမသိဝမ်းသာသွားပါတော့တယ်။
--
သူကကျွန်တော့်ကိုနောက်ထပ်သံပုရာသီးလာထည့်ပေးဖို့အကူအညီထပ်တောင်းပါတော့တယ်။ဒီလိုနဲ့(၃)ရက်ဆက်တိုက်သံပုရာသီးကိုကြောင်ကလေးရဲ့ပါးစပ်ထဲနဲ့၊နှာခေါင်းပေါက်တွေထဲကိုထည့်ပေးလိုက်တော့၊နောက်ဆုံးမှာကြောင်ကလေးရွှေဝါဟာလုံးဝနေပြန်ကောင်းသွားပါတော့တယ်။
--
ကျွန်တော့်အထင်ကတော့သံပုရာခွံမှာပါတဲ့အဆီတစ်မျိုးကနေထွက်လာတဲ့ပြင်းထန်တဲ့၊အနံ့တစ်မျိုးကိုရူရှိုက်မိလိုက်လို့ကြောင်ကလေးရဲ့နှာခေါင်းထဲကနေတဆင့်အသက်ရူလမ်းကြောင်းထဲအထိနေရာအနှ့ံရောက်ရှိသွားပြီးအဆုတ်ထဲကကိုရိုနာဗိုင်းရပ်စ်ပိုးတွေကိုသံပုရာအခွံမှာပါတဲ့အနံ့ကနေသေစေနိုင်သလို၊ပါးစပ်ကနေလဲဝင်သွားပြီးတော့အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာရှိနေတဲ့(ကိုရိုနာဗိုင်းရပ်စ်)တွေကိုလဲသေစေနိုင်ခဲ့တယ်လို့ထင်မြင်ယူဆခဲ့ပါတယ်။
--
သံပုရာခွံမှာပါတဲ့အဆီတစ်မျိုးကနေထွက်လာတဲ့ပြင်းထန်တဲ့အနံ့ကြောင့်လဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာဟာကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုသာဖြစ်လို့မှန်မမှန်သေချာသုတေသနလုပ်ဖို့တော့လိုအပ်နေပါသေးတယ်။ဒါကြောင့်ဒီအနံ့နဲ့ပါတ်သက်၊မပါတ်သက်ဆိုတဲ့ကိစ္စကိုဒီမှာခဏချန်ထားခဲ့ကြပြီး၊သိပ္ပံနည်းကျသုတေသနအထောက်အထားတွေခိုင်ခိုင်မာမာရှိပြီးသားဖြစ်နေတဲ့စိတ်ဝင်စားဖွယ်ရာထူးခြားတဲ့အကြောင်းအရာတွေကိုသာရှေ့ဆက်ပြီးလေ့လာကြည့်ကြပါစို့။
--
ဘာပဲပြောပြောတစ်ကယ်လက်တွေ့မှာကြတော့မြန်မာပြည်မျိုးရိုးကနေစတင်ပေါက်ဖွားလာပြီး(USA)ကိုရောက်လာတဲ့၊မြန်မာမျိုးနွယ်ဝင်ကြောင်အမျိုးအစား(Burmese Cat)ကြောင်ရွှေဝါကလေးတစ်ကောင်ဟာ၊သူတစ်ကောင်တည်းနေကောင်းသွားရုံတင်မကပဲ၊သူ့ရဲ့ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့တဲ့ကျွန်တော်တို့မြန်မာပြည်က၊မြန်မာလူမျိုးတွေအားလုံးအတွက်(ကိုရိုနာဗိုင်းရပ်စ်)ရန်ကနေကယ်တင်ပေးကောင်းပေးနိုင်မယ့်၊အဖိုးတန်သင်ခန်းစာတစ်ခုကိုသင်ကြားပေးခဲ့ဖူးတာကတော့အမှန်ပါပဲ။
--
လွန်ခဲ့တဲ့သုံးနှစ်လောက်ကကိုယ်တွေ့၊ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်လည်စဉ်းစားမိပြီး၊ဒီကိုယ်တွေ့အဖြစ်အပျက်ကလေးဟာတစ်ကယ်ပဲအကျိုးအကြောင်းဆက်စပ်ပြီးမှန်ကန်နေတာလား၊ဒါမှမဟုတ်တိုက်ဆိုင်သွားတာလား၊တစ်ကယ်မှန်ကန်နေတယ်ဆိုရင်လဲဘာကြောင့်သံပုရာသီးက(ကိုရိုနာဗိုင်းရပ်စ်)ကိုကောင်းကောင်းနှိမ်နင်းနိုင်ရတာလဲ။
--
ဘယ်လိုအကျိုးအကြောင်းတွေကြောင့်လဲဆိုတာကိုသေချာ(ဃ၊ဂ၊ဏ၊န)ကွဲကွဲပြားပြားသိချင်လို့အချိန်တွေပေးပြီးကျွန်တော်သေချာသုတေသနတွေလုပ်ခဲ့ရပါတယ်။သုတေသနစာတန်းပေါင်းမြောက်များစွာကိုရှာဖွေလေ့လာနေရင်းနဲ့(Nov 14, 2019)ရက်နေ့မှာ(NIH)ပေါ်မှာတင်ထားတဲ့အောက်ပါသုတေသနစာတန်းတစ်ခုကိုပြီးခဲ့တဲ့နှစ်ပါတ်လောက်ကမှကျွန်တော်ကံအားလျှော်စွာနဲ့ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
--
ကျွန်တော်ကိုယ်တိုင်လက်တွေ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုနဲ့၊ရှာဖွေတွေ့ရှိသွားတဲ့သုတေသနစာတန်းအကြားမှာအလွန်ထူးခြားဆန်းကြယ်တဲ့ကြောင်းကျိုးဆက်စပ်မှု့တစ်ခုဟာ၊လူတွေအတွက်ကံကောင်းသွားစေနိုင်ပါတယ်။အလွန်အကျိုးထူးရရှိနိုင်တဲ့တွေ့ရှိမှု့တစ်ခုဖြစ်နေလို့အဲဒီသုတေသနကိုလူတိုင်းလေ့လာနိုင်ဖို့အောက်မှာ(Link)ပေးထားပါတယ်။
https://www.ncbi.nlm.nih.gov/pmc/articles/PMC6882434/
--
မိခင်သဘာဝတရားဆိုတာအလွန်ဆန်းကြယ်လွန်းပါတယ်။အရင်တုံးကတော့သံပုရာသီးမှာပါဝင်နေတဲ့အချဉ်ဓါတ်နဲ့ဗီတာမင်စီကြောင့်၊အနံ့ကြောင့်သာကြောင်ကလေးအသက်ပြန်ရှင်လာခဲ့ရတယ်လို့ကျွန်တော်ထင်ထားခဲ့ပေမယ့်၊အထက်ပါသုတေသနကိုသေချာလေ့လာကြည့်လိုက်တော့၊သံပုရာသီးရဲ့အချဉ်ဓါတ်နှင့်ဗီတာမင်စီကြောင့်အဓိကမဟုတ်ပဲ၊သံပုရာသီးအခွံမှာပါဝင်နေတဲ့(Rhoifolin)လို့ခေါ်တဲ့(Citrus Bioflavonoid)တစ်မျိုးကြောင့်ဆိုတာကိုတော့နောက်ပိုင်းမှာအဆိုပါသုတေသနကြောင့်သာကျွန်တော်ကောင်းကောင်းသိမြင်နားလည်လာရပါတော့တယ်။
--
ဒီနေရာမှာ၊သံပုရာသီးမှာပါဝင်နေတဲ့ဗီတာမင်စီမကောင်းဘူး၊မလိုအပ်ဘူးလို့ပြောနေတာမဟုတ်ပါဘူး။ဒီအချိန်မှာအဆုတ်ကိုအကာအကွယ်ပေးနိုင်ဖို့(Vitamin C)ဟာမရှိမဖြစ်အများကြီးကိုလိုအပ်နေပါတယ်။သို့သော်ဒီနေရာမှာ(Citrus Bioflavonoid)က(Vitamin C)ထက်ပိုပြီးတော့အဓိကကျနေတယ်ဆိုတာကိုအထက်ပါသုတေသနမှာတွေ့ရှိလိုက်ရပါတယ်လို့ဆိုလိုချင်တာပါ။
--
https://www.ncbi.nlm.nih.gov/pmc/articles/PMC6882434/
အထက်ပါသုတေသနကိုသေချာလေ့လာပြီးဖတ်ကြည့်လိုက်တော့(Coronavirus)ဗိုင်းရပ်စ်တွေအားလုံးကိုတားဆီးပေးနိုင်တဲ့တစ်ကြောင်းတည်းသောနည်းလမ်းဟာဗိုင်းရပ်စ်တွေရဲ့(3C-like protease)လို့ခေါ်တဲ့(3CL-pro)အင်ဇိုင်းတွေကိုဖျက်ဆီးပိတ်ပင်ပြစ်ဖို့တစ်ခုတည်းပဲရှိနေတယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိရှိနားလည်လာရပါတော့တယ်။
--
အဲဒီအင်ဇိုင်းကိုဖျက်ဆီးပြစ်ဖို့(SARS COV)ဖြစ်ပြီးချိန်မှာ၊သိပ္ပံပညာရှင်တွေဟာဓါတုဗေဒဆေးဝါးဓါတ်ပေါင်းအမျိုးအစား(720)ကျော်ကိုအသုံးပြုစမ်းသပ်ပြီးတော့သုတေသနတွေလုပ်ခဲ့ကြပေမယ့်ဘယ်ဓါတုဗေဒဆေးတစ်ခုကမှအဲဒီအင်ဇိုင်းကိုအောင်မြင်အောင်မတားဆီး၊မဖျက်ဆီးနိုင်ခဲ့ပါဘူး။
--
နောက်ဆုံးမှာမိခင်သဘာဝကပေးတဲ့အပင်ထွက်ပစ္စည်းတွေမှာရှာကြတော့(Bioflavonoids)အမျိုးအစားပေါင်းရာနဲ့ချီတွေထဲကအမျိုးအစားအနည်းငယ်တွေမှာသာသွားတွေ့ရပါတော့တယ်။အဲဒီထဲကတစ်မျိုးဟာ(Rhoifolin)လို့ခေါ်တဲ့(Citrus Bioflavonoids)တွေမှာပါတဲ့ဓါတ်ပေါင်းတစ်မျိုးပါပဲ။
--
(Citrus Bioflavonoids)ဆိုတာကလဲတခြားမဟုတ်ပါဘူး၊(Bio Zinc C)ဆေးပုလင်းကိုအဖုံးဖွင့်ပြီးနမ်းကြည့်လိုက်ရင်လိမ္မော်ခွံအနံ့ကလေးရကြမှာပါ။အဲဒါ(Bio Zinc C)ဆေး ထဲမှာလိမ္မော်ခွံကထုတ်ယူထားတဲ့(Citrus Bioflavonoids)အနည်းငယ်ပါဝင်နေလို့ပါပဲ။တစ်ကယ်တော့(Citrus Bioflavonoids)ဆိုတာဟာလိမ္မော်ခွံ၊သံပုရာခွံ၊သံပုယိုခွံ၊ရှောက်သီးခွံနှင့်ကျွဲကောသီးခွံတွေမှာအဓိကပါဝင်နေတဲ့ဓါတ်ပေါင်းတစ်မျိုးပါပဲ။
--
(Citrus Bioflavonoids)နဲ့အခုအသစ်ဖြစ်နေတဲ့(COVID-19)တွေရဲ့မျိုးပွားနိုင်တဲ့(3CL-pro)အင်ဇိုင်းတွေကိုတားဆီး၊ဖျက်ဆီးပြစ်နိုင်မှု့ရှိမရှိစမ်းသပ်ထားတဲ့သုတေသနတွေတိတိကျကျတော့မရှိသေးပေမယ့်၊အရင်ကဖြစ်ခဲ့ဖူးပြီး(COVID-19)ထက်ပိုပြီးပြင်းထန်၊ပိုပြီးသေပျောက်နုန်းများခဲ့တဲ့(SARS Coronavirus)တွေရဲ့(3CL Pro)အင်ဇိုင်းတွေကိုတားဆီးဖျက်ဆီးပြစ်နိုင်ခဲ့တယ်ဆိုတဲ့ခိုင်မာတဲ့သုတေသနအထောက်အထားတွေရှိနေခဲ့ပါတယ်။ကျွန်တော်ပြောတာကိုမယုံရင်အောက်ကလင့်ခ်ကိုကိုယ်တိုင်သေချာအသေးစိတ်ဖတ်ကြည်လို့ရပါတယ်။
https://www.ncbi.nlm.nih.gov/pmc/articles/PMC6882434/
--
အနှစ်ချုပ်ပြောရရင်၊သံပုရာခွံတွေ၊လိမ္မော်ခွံတွေ၊သူတို့ရဲ့အနံ့တွေနဲ့၊(Citrus Bioflavonoids)တွေဟာ၊ကြောင်မှာဖြစ်တဲ့(Feline coronavirus)ပိုးတွေကိုလက်တွေ့သေချာပေါက်တားဆီးနိုင်ပြီး၊အောင်မြင်စွာကုသပေးနိုင်ခဲ့သလို၊(COVID-19)ထက်ပိုပြင်းထန်ပြီးသေပျောက်နုန်းများတဲ့၊(COVID-19)ရဲ့နောင်တော်ကြီး(SARS Coronavirus)တွေရဲ့(3CL Pro)အင်ဇိုင်းတွေကိုပါကောင်းကောင်းတားဆီးဖျက်ဆီးပြစ်နိုင်ခဲ့တဲ့၊ခိုင်မာတဲ့သုတေသနအထောက်အထားတွေရှိနေခဲ့ပါတယ်။
https://www.ncbi.nlm.nih.gov/pmc/articles/PMC6882434/
--
ထို့အပြင်သံပုရာသီး၊လိမ္မော်သီးတွေမှာပါတဲ့(Vitamin C)ဆိုတာကလဲအဆုတ်တွေကိုမပျက်စီးနိုင်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်၊ပျက်စီးသွားရင်လဲပြန်ပြီး(Collagen synthesis)ပြုလုပ်ပေးပြီးပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။(Oxidative Stress)တွေကိုဖြေဖျောက်ပေးနိုင်တဲ့အလွန်အစွမ်းထက်မြက်တဲ့(Antioxidant)တစ်မျိုးလဲဖြစ်နေပြန်တော့(Cytokine Storms)ကြောင့်ဖြစ်လာတဲ့(oxidative damage)တွေကိုလဲပြန်လည်ဖြေဖျောက်ပေးနိုင်ပြန်ပါသေးတယ်။
--
ဒါပေမယ့်အရင်းရှင်တွေဆိုတာကဘယ်သူသေသေ၊ငတေမာရင်ပြီးရောဆိုတဲ့အတိုင်းကိုယ့်အတွက်အကျိုးမရှိဘူး၊အမြတ်အစွန်းမရနိုင်ဘူး၊မိခင်သဘာဝကနေလူတိုင်းရရှိနိုင်တဲ့ဓါတ်ပေါင်းဖြစ်နေပြီး၊တစ်ဦးတည်းမူပိုင်ခွင့်မရရှိနိုင်ဘူးဆိုရင်၊ဘယ်လောက်ကောင်းကောင်းအဲဒီဓါတ်ပေါင်းတွေကနေဘယ်တော့မှဆေးထုတ်ဖို့မကျိုးစားကြတဲ့အပြင်၊ကိုယ့်အကျိုးအမြတ်မရနိုင်တဲ့သဘာဝပစ္စည်းတွေဆိုရင်လူတွေမသိအောင်အသာလေးဖုံးဖိထားလိုက်ကြပါတယ်။
--
ရှင်းရှင်းပြောရရင်အရင်းရှင်တွေဆိုတာကြောင်နဲ့သံပုရာသီးနဲ့ထိမိရင်၊ကြောင်တွေအဆိပ်ဖြစ်ပြီးသေတယ်ဆိုပြီးတော့တောင်ဝါဒအမှားတွေဖြန့်ချီခဲ့သေးတာပါပဲ။သို့သော်သံပုရာခွံတွေ၊လိမ္မော်ခွံတွေစားမိလို့တော့လူတွေအဆိပ်ဖြစ်ပြီးမသေနိုင်တာကတော့အလွန်သေချာနေပါတယ်။
--
ကြောင်တွေမှာဖြစ်တဲ့(Feline coronavirus)ပိုးတွေကိုကောင်းကောင်းသတ်ပေးနိုင်ခဲ့သလို(COVID-19)နဲ့အလွန်ဆင်တူတဲ့၊နောင်တော်ကြီး(SARS Coronavirus)ကိုလဲကောင်းကောင်းနိုင်နင်းနိုင်ခဲ့တဲ့(သံပုရာခွံတွေ၊လိမ္မော်ခွံတွေ)ဟာ(COVID-19)ကိုလဲကောင်းကောင်းနိုင်နင်းပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်၊မျှော်လင့်နေမိပါတယ်။
--
ကျွန်တော်ယုံကြည်တဲ့အတိုင်းလူတိုင်းလိုက်ပြီးယုံကြည်ကြပါလို့တော့မတိုက်တွန်းလိုပါဘူး။ကိုယ်ယုံကြည်ရာကိုယ်လုပ်နိုင်ပါတယ်။အသက်ကိုဉာဏ်စောင့်ပါတယ်။ဆုံးဖြတ်ချက်မှားသွားရင်အသက်ဆိုတာအစားပြန်မရနိုင်ပါဘူး။နောင်တဆိုတာနောင်ဘဝမှသာရရှိနိုင်တဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။
--
ဒါပေမဲ့လူတိုင်းကိုပြောချင်တာတစ်ခုကတော့၊ကိုယ့်မှာ(COVID-19)နဲ့လက်တွေ့ကြုံလာရပြီး၊သေရေးရှင်ရေးအခြေအနေတစ်ရပ်ဖြစ်လာပြီဆိုရင်တော့သံပုရာသီးတွေ၊လိမ္မော်သီးတွေနဲ့သူတို့ရဲ့အခွံတွေကိုအသုံးပြုစမ်းသပ်ကြည့်မယ်ဆိုရင်တော့ဘာမှဘေးထွက်ဆိုးကျိုးအန္တရာယ်မရှိနိုင် တဲ့အတွက်အကျိုးမယုတ်နိုင်တဲ့အပြင်အရှုံးမရှိနိုင်တဲ့အမြတ်သက်သက်ပါပဲ။
--
ကျွန်တော်ကိုယ်တိုင်လက်တွေ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်နေသလို၊သိပ္ပံနည်းကျခိုင်မာတဲ့သုသေသနအထောက်အထားတွေရှိနေပြီးအများအကျိုးအတွက်ပြန်လည်မျှဝေတင်ပြရတာဖြစ်လို့မယုံကြည်ကြတဲ့လူတွေအတွက်ကတော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။
--
ကျွန်တော့်အဆိုကိုယုံကြည်ကြတဲ့လူတွေအတွက်ကတော့အကြီးအကျယ်ဖျားနာလာတဲ့အချိန်အထိမစောင့်ကြပဲချောင်းလေးစဆိုးပြီဆိုတာနဲ့၊ဒီနည်းလေးကိုစတင်ပြီးအသုံးပြုကြည့်သင့်ပါတယ်။ဒါပေမယ့်ဘယ်လောက်များများစားပေးရမယ်။အဆုတ်ထဲကိုဘယ်လောက်များများရူရိုက်ပေးရမယ်ဆိုတဲ့(dosage)အနည်းအများကိုတော့ကျွန်တော်သေချာမသိသေးပါဘူး။သို့သော်ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့အတွက်များလေကောင်းလေပါပဲ။
--
မှတ်ချက်။(COVID-19)ကိုကြောက်စရာမလိုတော့ဘူး၊ကာကွယ်ထားဖို့လဲမလိုတော့ဘူးလို့ကျွန်တော်လုံးဝ(လုံးဝ)မဆိုလိုပါဘူး။မဖြစ်လာအောင်၊မကူးစက်မပြန့်ပွားအောင်အားလုံးဝိုင်းပြီးကြိုတင်ကာကွယ်ကြဖို့ကတော့လူတိုင်းကိုယ်စီမှာတာဝန်ရှိနေပါတယ်။ဒါပေမယ့်သေရေးရှင်ရေးအခြေအနေတရပ်ကြုံလာခဲ့ရပြီး၊ဆေးရုံတွေကလဲစက်တွေမရှိတော့လို့ကိုယ့်ကိုဘာမှလုပ်မပေးနိုင်တော့ဘူးဆိုတဲ့အခြေအနေတစ်ရပ်ဖြစ်လာခဲ့မယ်ဆိုရင်တော့၊ဒီနည်းလမ်းကလေးဟာဘာမှဘေးထွက်ဆိုးကျိုးမရှိပဲအသက်တွေကိုကယ်တင်ပေးကောင်းပေးနိုင်ပါလိမ့်မယ်။
--
မယုံကြည်လို့ဆဲဆိုဝေဖန်ကြမယ်ဆိုရင်တော့အောက်ဆုံးမှာပေးထားတဲ့သုတေသန(Links)တွေကိုသေချာလေ့လာဖတ်ရူပြီးတော့မှဝေဖန်ကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။အကြောင်းအရာတစ်ခုကိုစာမဖတ်၊သေချာမလေ့လာပဲကိုယ်ထင်ရာကိုယ်ဆဲဆိုဝေဖန်ကြတယ်ဆိုတာဟာပညာမဲ့လူမိုက်တွေရဲ့အလွန်ရှက်စရာကောင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။
--
ဒါကြောင့်လူတိုင်းအတွက်အရေးပေါ်အသက်ကယ်တင်ပေးကောင်းပေးနိုင်မယ့်၊ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့၊အရှုံးမရှိ၊အမြတ်သက်သက်နည်းလမ်းကောင်းလေးတစ်ခုကိုမိမိအကျိုးအတွက်အသုံးပြုကြရုံတင်မကပဲ၊လူသားတွေအားလုံးကောင်းကျိုးအတွက်၊လူတိုင်းသိရှိနားလည်လာအောင်၊အားလုံးဝိုင်းပြီးပြန်လည်မျှဝေပေးချင်းဖြင့်လူတွေရဲ့အသက်တွေကိုကယ်တင်ပေးနိုင်ကြပါစေ။
--
လူသားအားလုံးဘေးရန်ကင်းရှင်းကြပါစေ။
မတ်ေတာ၊စတေနာဖွငျ့၊
Kelvin Albert Power
----
ကိုရိုနာနှင့်ကြောင်ရွှေဝါ။
အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်၊ကြောင်ကပေးသောအရေးကြီးတဲ့သင်ခန်းစာတစ်ခုဟာလူတွေကို၊ကိုရိုနာဘေးကနေကယ်တင်ပေးနိုင်တေ့ာမလား?။
--
ကိုရိုနာဗိုင်းရပ်စ်ဆိုတာဟာအစတုံးက(SARS)တို့(MERS)တို့မှာလဲဖြစ်ခဲ့ဖူးပေမယ့်လူသိနည်းနေပြီး၊တရုတ်ပြည်က(ဝူဟန်)စဖြစ်လာတော့မှလူသိများလာကြရတာပါ။
--
အထူးသဖြင့်(ကိုရိုနာဗိုင်းရပ်စ်)ရောဂါတွေဆိုတာအရင်တုံးကတည်းကမြန်မာပြည်အပါအဝင်၊တစ်ကမ္ဘာလုံးကကြောင်လေးတွေမှာအမြဲတန်းလိုလိုအိမ်ရှင်ရောဂါတစ်မျိုးအဖြစ်နဲ့ရာသီမရွေးဖြစ်ပေါ်နေခဲ့တယ်ဆိုတာကိုဘယ်သူမှသတိထားမိခဲ့ပုံမရပါဘူး။
--
ကြောင်တွေမှာအမြဲဖြစ်နေကြတဲ့(Feline coronavirus)လို့ခေါ်တဲ့(FCoV)ဗိုင်းရပ်စ်တစ်မျိုးဟာ၊လူတွေကို(လုံးဝ)ဒုက္ခမပေးနိုင်တာကလွဲလို့၊လူတွေမှာဖြစ်ဖူးတဲ့(SARS, MERS, COVID-19)တွေလိုပဲ(Coronaviridae)မျိုးနွယ်ဝင်တွေဖြစ်ကြပြီး၊(single-stranded enveloped, positive RNA viruses)အမျိုးအစားတွေဖြစ်နေတဲ့အပြင်၊မျိုးရိုးဗီဇ(viral genome)တွေဟာလဲ( 26 kilobases)ကနေ(32 kilobases)အတွင်းမှာသာရှိနေကြလို့အလွန်ဆင်တူနေကြပါတယ်။
--
ထူးခြားမှု့တစ်ခုက၊ဒီကြောင်တွေမှာသာဖြစ်တတ်တဲ့(ဖီလိုင်း-ကိုရိုနာဗိုင်းရပ်စ်)ဟာလူတွေမှာဖြစ်တဲ့(SARS, MERS, COVID-19)တွေနဲ့အမျိုးနွယ်ချင်းဆင်တူနေပေမယ့်ကြောင်တွေကနေလူတွေဆီကိုတစ်ခါမှကူးစက်မလာဖူးသေးပါဘူး။ဒါကြောင့်ကြောင်တွေမှာလူတွေကိုကူးလာနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ်ရှိတယ်ဆိုပြီးတော့အထင်အမြင်လွဲမှားပြီးကြောင်တွေကိုသွားပြီးရန်မရှာမိကြဖို့အတွက်တော့ပထမဦးဆုံးအနေနဲ့အထူးအသိပေးပြောကြားလိုပါတယ်။
--
ကြောင်တွေဆီကကိုရိုနာဗိုင်းရပ်စ်တွေဟာလူတွေကိုတစ်ခါမှဒုက္ခမပေးခဲ့ဖူးတဲ့အပြင်၊ကိုရိုနာဗိုင်းရပ်စ်အကြောင်းကိုသေချာသိရှိနားလည်နိုင်ဖို့အတွက်ကြောင်တွေမှာအန္တရာယ်ကင်းကင်းနဲ့သုတေသနပြုစမ်းသပ်လို့ရနိုင်လို့၊လူတွေမှာဖြစ်တဲ့အလားတူ၊မျိုးနွယ်ဝင်ဗိုင်းရပ်စ်တွေကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းကောင်းတွေတောင်ရရှိနိုင်လို့အကျိုးကျေးဇူးတွေတောင်ရနိုင်ပါသေးတယ်။
--
မြန်မာပြည်မှာကြောင်မွေးထားတဲ့လူတိုင်းဟာကိုယ့်ကြောင်တွေသေဆုံးခဲ့ရတာတွေ၊ပြန်ကုသပေးလိုက်လို့ကောင်းသွားတာတွေကြုံတွေ့ခဲ့ရဖူးပေမယ့်အမှတ်တမဲ့ကလေးနဲ့သာထားလိုက်ပြီး၊ဒါဟာ(ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူး။
--
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့်၊လူတိုင်းအထိတ်တလန့်ဖြစ်နေရတဲ့အခုလိုအချိန်မျိုးမှာ၊ကျွန်တော့်အနေနဲ့အလွန်တန်ဖိုးရှိပြီး၊လူတွေအတွက်အသုံးဝင်လာနိုင်တဲ့၊လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းကကြုံတွေ့ခဲ့ရတဲ့၊ကိုယ်တွေ့၊အဖြစ်အပျက်လေးတစ်ခုကိုအားလုံးအကျိုးအတွက်ပြန်လည်ပြီးမျှဝေပေးပါရစေ။
--
လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းက၊အမေရိကန်နိုင်ငံမှာရှိတဲ့ကျွန်တော့်သူငယ်ချင်းအမေရိကန်လူမျိုးတစ်ယောက်ရဲ့အိမ်မှာကြောင်လေး(၃)ကောင်မွေးထားပါတယ်။မြန်မာပြည်ကနေအစပြုလာတဲ့မြန်မာမျိုးနွယ်ဝင်ကြောင်အမျိုးအစားတွေဖြစ်နေလို့၊(Burmese Cat)တွေလို့လဲခေါ်ကြပါတယ်။(Burmese Cat)နဲ့(Burmese Python)ဆိုတာဟာကမ္ဘာမှာနာမည်ကြီးတဲ့အိမ်မွေးတိရိစ္ဆာန်တွေပါပဲ။
--
တစ်နေ့မှာတော့သူ့အိမ်ကကြောင်ကလေးတစ်ကောင်ဟာနေမကောင်း၊မကျန်းမာဖြစ်လာပါတော့တယ်။သူကတိရိစ္ဆာန်ဆရာဝန်ကိုသွားပြတော့၊(Feline coronavirus)ကြောင့်ဖြစ်တယ်လို့ဆိုတာကိုသိလိုက်ရပြီးဆေးတွေထိုးပေး၊တိုက်ပေးလိုက်ပါတယ်။
--
ဆရာဝန်ကအဲဒီကြောင်လေးကိုတစ်ခြားကြောင်တွေနဲ့ခွဲပြီး(quarantine)လုပ်ထားခိုင်းပါတယ်။ဆရာဝန်ပေးတဲ့ဆေးတွေနဲ့ကုသပေးပြီး၊အဲဒီကြောင်လေးကိုသူ့အမျိုးအိမ်တစ်အိမ်မှာသီးသန့်ခွဲခြားထားလိုက်ပါတယ်။ဒါပေမဲ့တိရိစ္ဆာန်ဆရာဝန်ပေးလိုက်တဲ့ဆေးတွေနဲ့ကုသလို့မရနိုင်ပဲ၊ရက်အနည်းငယ်အတွင်းမှာကြောင်ကလေးသေဆုံးသွားပါတော့တယ်။
--
ပိုင်ရှင်ကအလွန်စိတ်မကောင်းဖြစ်နေတဲ့အချိန်၊မကြာခင်မှာပဲ၊သူ့အိမ်မှာရှိနေတဲ့နောက်ထပ်ကြောင်တစ်ကောင်ကပထမကြောင်အတိုင်း၊ပုံစံတူထပ်ပြီးနေမကောင်းဖြစ်လာပါတော့တယ်။ပထမသေသွားတဲ့ကြောင်ကိုတစ်ခြားအိမ်မှာခွဲပြီး(quarantine)လုပ်ထားလိုက်ပေမယ့်၊ပထမကြောင်မသွားခင်၊ရောဂါလက္ခဏာမပြခင်ကတည်းကတခြားကြောင်တွေကို(ကိုရိုနာဗိုင်းရပ်စ်)ကူးစက်နေခဲ့တာလဲဖြစ်နိုင်ပါတယ်။
--
ဒုတိယကြောင်နေမကောင်းဖြစ်ပြန်တော့ကျွန်တော့်သူငယ်ချင်းဟာတိရိစ္ဆာန်ဆရာဝန်ကိုသိပ်မယုံကြည်တော့ပဲ၊ကျွန်တော့်ကိုဖုံးခေါ်ပြီးလှမ်းမေးလာပါတယ်။မင်းကမြန်မာနိုင်ငံကလာတဲ့လူဆိုတော့(Burmese Cat)တွေအကြောင်းသိချင်သိနိုင်တယ်တဲ့၊(Burmese Cat)တွေနေမကောင်းဖြစ်လာရင်မြန်မာလူမျိုးတွေကဘယ်လိုကုသကြပါသလဲလို့မေးလာတော့၊ကျွန်တော်ကလဲငယ်ငယ်ကတည်းကကြောင်တွေအများကြီးနဲ့ကြီးပြင်းလာခဲ့ဖူးတာကြောင့်၊ကြောင်တွေနေမကောင်းဖြစ်ရင်ဘယ်လိုကုပေးရသလဲဆိုတာကိုကောင်းကောင်းသိနေပါတယ်။
--
ကျွန်တော်ကသူ့ကို၊လွယ်လွယ်လေးပါကွာ၊အဲဒီရောဂါကမြန်မာပြည်ကကြောင်တွေအများကြီးမှာအမြဲလိုလိုဖြစ်နေကြပါ။မင်းကြောင်ကိုပြန်မကုတ်ဆွဲနိုင်အောင်အဝတ်တွေနဲ့ပါတ်ထားပြီးတော့ပါးစပ်နဲ့့နှာခေါင်းတွေထဲကိုသံပုရာသီးတွေညစ်ထည့်ပေးလိုက်ပါ။အဲဒီကြောင်ဟာ(၂၄)နာရီအတွင်းမှာပြန်သက်သာလာပါလိမ့်မယ်။အဲဒါငါတို့မြန်မာတွေရဲ့ရိုးရာကြောင်ကိုဆေးကုသတဲ့နည်းပဲလို့ပြောပြလိုက်တော့။
--
မြန်မာ့နည်းကအလွန်ရှင်းလင်းပြီးလွယ်ကူလွန်းတော့၊ခေတ်မှီတိုးတက်တဲ့အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့သိပ်အထင်ကြီးပုံမရပါဘူး။ဒီတော့သူကကျွန်တော့်ကိုသိပ်မယုံကြည်လို့အမေရိကန်ပီပီ၊အင်တာနက်ပေါ်တက်ပြီး၊(Google)မှာတက်ရှာပါတော့တယ်။အဲဒီကစပြီးတက်တက်စင်အောင်လွဲတော့တာပါပဲ။အရင်းရှင်တွေမီဒီညာတွေက(Google)မှာဘယ်လိုဝါဒဖြန့်ချီထားသလဲဆိုတော့၊ကြောင်ဆိုတာသံပုရာသီးနဲ့ထိတာနဲ့အဆိပ်ဖြစ်ပြီးသေတတ်ပါတယ်တဲ့။
--
ကိုယ်တိုင်(Google)မှာတက်ပြီးရှာကြည့်လိုက်ရင်ကြောင်တွေဆိုတာသံပုရာသီးစားမိရင်အဆိပ်ဖြစ်ပြီးသေနိုင်ပါတယ်လို့အရင်းရှင်တွေကောင်းကောင်းဝါဒဖြန့်ချီထားတာတွေတွေ့ရပါလိမ့်မယ်။ဒါကလဲမဆန်းပါဘူး၊အမေရိကန်လိုနိုင်ငံမျိုးမှာတိရိစ္ဆာန်တွေအတွက်ဆေးထုတ်လုပ်တဲ့ကုမ္မဏီတွေရဲ့ဝင်ငွေဟာနှစ်စဉ်ဒေါ်လာဘီလီယံချီရှိနေကြပါတယ်။ကြောင်တွေ(coronavirus)ရောဂါစွဲကပ်လာရင်သံပုရာသီးနဲ့ကုသလို့ရတယ်ဆိုတာကိုလူတွေသိသွားကြရင်ဒီကုမ္မဏီတွေရဲ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်သွားစေနိုင်ပါတယ်။
--
ဒါကြောင့်ကြောင်ပိုင်ရှင်တွေသံပုရာသီးမသုံးရဲ၊မထိရဲရလေအောင်၊ကောင်းကောင်းလိမ်ညာပြီးဝါဒဖြန့်ချီထားပါတော့တယ်။သူတို့ပြောသလို၊ကြောင်ကိုသံပုရာသီးညှစ်ပေးလိုက်ရင်သေတယ်၊မသေဘူးဆိုတာကိုမြန်မာနိုင်ငံကကြောင်မွေးဖူးသူတိုင်းလက်တွေ့နားလည်ပြီးသားဖြစ်နေလို့ဒီကိစ္စဟာလိမ်ထားတာပါဆိုပြီးတော့အထူးရှင်းပြနေဖို့လိုမယ်မထင်ပါဘူး။
--
ကျွန်တော့်သူငယ်ချင်းကလဲကျွန်တော့်ကိုမယုံကြည်တော့ပဲသူ့ဆရာဝန်ကိုဖုန်းခေါ်ပြီးထပ်မေးကြည့်တော့သူ့ဆရာဝန်ကလဲဟုတ်တယ်၊ကြောင်ဆိုတာသံပုရာသီးနဲ့ထိရင်အဆိပ်ဖြစ်ပြီးသေပါတယ်လို့ပြောပြန်ပါတယ်။နောက်ပြီးတော့အဲဒီဒုတိယကြောင်ကိုလဲသူ့ဆီကိုခေါ်လာခိုင်းပြီးထုံးစံအတိုင်းပထမကြောင်လိုပဲအနောက်တိုင်းဓါတုဗေဒဆေးဝါးတွေနဲ့ကုသပေးပြန်ပါတယ်။
--
မကြာခင်မှာပဲဒုတိယကြောင်လည်းရှေးနည်းအတိုင်းပဲထပ်သေသွားပါတော့တယ်။အရင်းရှင်တွေရဲ့ယုတ်မာတဲ့ဝါဒဖြန့်မှုကြောင့်နဲ့အနောက်တိုင်းဓါတုဗေဒဆေးတွေကိုအယုံအကြည်လွန်ကဲလွန်းတဲ့လူတွေကြောင့်၊ဒုတိယကြောင်လေးကိုကျွန်တော်အသက်ကယ်တင်ခွင့်မရနိုင်ခဲ့တာကိုအလွန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ကြောင်နှစ်ကောင်လုံးလဲသေသွားကြသလို၊ကျွန်တော့်သူငယ်ချင်းလဲဆေးဖိုးဒေါ်လာထောင်နဲ့ချီပြီးကုန်သွားခဲ့ရပါတယ်။
--
နောက်(၂)ရက်လောက်နေတော့နောက်ဆုံးကြောင်တစ်ကောင်ထပ်ပြီးနေမကောင်းဖြစ်လာပါတော့တယ်။ဒီတစ်ခါတော့ဒီကောင်သူ့ကြောင်ကိုတိရိစ္ဆာန်ကုဆရာဝန်တွေဆီပိုက်ဆံအကုန်ခံပြီးသွားမပြတော့ပါဘူး။မြန်မာစကားရှိတယ်လေ(တစ်ခါသေဖူး၊ပျင်ဖိုးနားလည်)တဲ့။ဒေါ်လာထောင်နဲ့ချီကုန်ခဲ့ရတဲ့ဒီကောင့်အနေနဲ့ကတော့(နှစ်ခါသေဖူး၊ဆေးဖိုးနားလည်)ဖြစ်သွားပြီမဟုတ်ပါလား။
--
သူလဲနောက်ဆုံးကြောင်ကိုဆရာဝန်ဆီသွားမပြတော့ပဲသူ့နည်းသူ့ဟန်နဲ့ကြိတ်ကုကြည့်နေတယ်ထင်ပါတယ်။ဒါပေမယ့်နောက်(၃)ရက်လောက်မှာ၊သူ့ကြောင်ဟာလုံးဝမထနိုင်တော့ပဲသေခါနီးဆန့်ငင်ဆန့်ငင်ဖြစ်နေတော့မှကျွန်တော့်ဆီကိုဖုန်းခေါ်လာပါတော့တယ်။
--
ဘာပြောလဲဆိုတော့၊သူငယ်ချင်းမင်းသံပုရာသီးနဲ့စမ်းကုကြည့်ချင်ကုလို့ရပြီတဲ့၊တစ်ကယ်လို့သံပုရာသီးကဆရာဝန်တွေပြောထားတဲ့အတိုင်းသူ့ကြောင်ကိုအဆိပ်ဖြစ်သည်ဖြစ်စေ၊မဖြစ်ဘူးဖြစ်စေသူ့ကြောင်ကတော့သေမှာပါပဲတဲ့။သေမယ့်အတူတူစမ်းကြည့်လိုက်ပေါ့ကွာတဲ့။
--
ကျွန်တော်လဲသူ့

👉👉ဒါ့ကြောင့်မထိရ🚫❌မနေ့ကတင်ထားတဲ့ "မထိရ" ဆိုတဲ့ Post လေးမှာပါဝင်ဆွေးနွေးပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။...
24/03/2020

👉👉ဒါ့ကြောင့်မထိရ🚫

❌မနေ့ကတင်ထားတဲ့ "မထိရ" ဆိုတဲ့ Post လေးမှာပါဝင်ဆွေးနွေးပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။
🤝"မထိရ" ဆိုတာ မဖြစ်မနေကလွဲရင် မလိုအပ်ပဲလက်ဖြင့်ထိတွေ့ကိုင်တွယ်ခြင်းကို အဓိကဆိုလိုပါတယ်နော်။
✅အများသုံးပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမှအတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ မဖြစ်မနေထိတွေ့ကိုင်တွယ်ရမယ်ဆိုရင်လည်း လက်ကိုစနစ်တကျသန့်ရှင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပါ တိုက်တွန်းထားတဲ့အတွက် မိမိတို့လေးစားတန်ဖိုးထားရတဲ့မိဘပြည်သူများကို တတ်နိုင်တဲ့ဘက်မှ စေတနာဖြင့်တိုက်တွန်းခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့်

🚫မထိရ...လှေကားလက်ရန်းများ/ ဓာတ်လှေကားလက်ရန်းများကိုင်တဲ့အခါ
- လှေခါးလက်ရန်းများ၊ ဓာတ်လှေခါးလက်ရန်းများ ကိုအများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် လှေကား(သို့)ဓာတ်လှေကားအသုံးပြုလျှင် လက်ရန်းများကိုမထိပဲအသုံးပြပါ။
🚫မထိရ...တံခါးလက်ကိုင်များကိုင်တဲ့အခါ
- တံခါးလက်ကိုင်ကိုလည်း အများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် တံခါးလက်ကိုင်ကို လက်ဖြင့်မထိဘဲ ခန္ဓာကိုယ် (သို့) တံတောင်ဆစ် ကိုသုံးပြီးဖွင့်ပါ။
🚫မထိရ...ဓာတ်လှေကားစက်ခလုတ်များကိုင်တဲ့အခါ
- အများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များတဲ့ ဓာတ်လှေကားစက်ခလုတ်များမှ ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် တစ်ရှုးကိုအသုံးပြုပြီး ဓာတ်လှေကားစက်ခလုတ်များကိုနှိပ်ပါ။
🚫မထိရ...ကားစီးလျှင် လက်ကိုင်တန်းများကိုင်တဲ့အခါ
- နေ့စဉ်လူထောင်ပေါင်းများစွာထိတွေ့ကိုင်တွယ်နေသော ဘတ်စ်ကားလက်ကိုင်များမှတစ်ဆင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် ကားလက်ကိုင်များကိုကိုင်တွယ်မိခဲ့ရင် လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ...မျက်နှာတစ်ဝိုက်ကိုလက်ဖြင့်ကိုင်တဲ့အခါ
- မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ရောဂါပိုးနှင့်ထိတွေ့ကိုင်တွယ်ထားသောလက်မှတစ်ဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့အတွက် မျက်နှာတစ်ဝိုက်ကိုလက်ဖြင့်မထိရပါ။ ဒါ့ကြောင့်လက်ကိုဆပ်ပြာနှင့်စနစ်တကျဆေးပြီးမှ မျက်နှာတစ်ဝိုက်ကိုကိုင်တွယ်ပါ။
🚫မထိရ...ကွန်ပျူတာ၊မောက်စ်စတဲ့လူ့အသုံးအဆောင်ပစ္စည်းများကိုင်တဲ့အခါ
- အများသုံးကွန်ပြူတာ၊ မောက်စ်၊ ဖုန်း၊ မိတ္တူကူးစက်၊ စားပွဲ၊ စတဲ့အရာဝတ္ထုတွေအပေါ်မှာရောဂါပိုးများတွယ်ကပ်နေနိုင်သောကြောင့် လက်ဖြင့်မလိုအပ်ဘဲမထိသင့်ပါ။ ဒါ့ကြောင့် ကိုင်တွယ်မိခဲ့ရင် လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ...ကလေးငယ်များနဲ့လူကြီးများထိတွေ့တဲ့အခါ
- ကလေးငယ်များနှင့် လူကြီးများသည် ကိုယ်ခံအားနည်းနေနိုင်ပြီး ရောဂါကူးစက်ပျံ့ပွားနိုင်ခြေပိုများခြင်း၊ ရောဂါဖြစ်ပွားလျှင် ပိုမိုဆိုးဝါးခြင်း/သေဆုံးနိုင်ခြေပိုများခြင်း စတဲ့အကြောင်းအရင်းများကြောင့် သူတို့ကို တတ်နိုင်သမျှလက်နဲ့ထိတွေ့ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေကိုင်တွယ်ရမည်ဆိုလျှင်လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။ ကိုင်တွယ်ပြီးလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ...အချင်းချင်းနှုတ်ဆက်တဲ့အခါ
- အချင်းချင်းနှုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်ခြင်း၊ နမ်းရှုံ့ခြင်းတို့မှ ကူးစက်ခံရနိုင်တဲ့အတွက် တတ်နိုင်သမျှ အချင်းချင်းထိတွေ့နှုတ်ဆက်ခြင်းမှရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေထိတွေ့ နှုတ်ဆက်ရလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။

🚫ဒါကြောင့် မထိရ..........မထိရ..........မထိရ..........မထိရ..........
ထိပြီးလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။

Credit, အမျိုးသမီးတိုင်းအတွက်


www.zifammyanmar.com

မြစ်ကြီးနား မြစ်ဆုံ အင်းတော်ကြီး ဇလုံတောင် မိုးကုတ် မန္တလေး ခရီးစဥ်.အတာသကြ်န်ရက်မြတ်လေးမှာ Travel Box Myanmar မှချစ်ဧည့်...
09/03/2020

မြစ်ကြီးနား မြစ်ဆုံ အင်းတော်ကြီး ဇလုံတောင် မိုးကုတ် မန္တလေး ခရီးစဥ်.

အတာသကြ်န်ရက်မြတ်လေးမှာ Travel Box Myanmar မှချစ်ဧည့်သည်များ အတွက် ပျော်ရွှင်ဖွယ်ရာခရီးစဥ်လေး ဖန်တီး ပေးပါရစေခင်ဗျ....

ခရီးစဉ်​ထွက်​ခွာမည့်ရက်​
🍀April (10.4. 2020) ရက်နေ့ ညနေပိုင်း ၃ နာရီ ရန်ကုန်မှ စထွက်ပြီး
April (16.4.2020) ရက်နေ့ မနက်ပိုင်း ရန်ကုန်သို့ ပြန်ရောက်ပါမည် ..
( ၆ ည အိပ် ၇ ရက်ခရီး)

Hotel - 4 Nights
Man Germany Car VIP(2+2) ခုံ
တစ်ဦးလျင်စရိတ်ငြိမ်း 320000 ks

Man Germany Car VIP(2+1) ခုံ
တစ်ဦးလျင်စရိတ်ငြိမ်း 360000 ks

လည်ပတ်မည့်နေရာများ

🌲မိုးကုတ်မြို့🌲
💎 ချမ်းသာကြီး ဘုရား
💎 ပတ္တမြားစေတီ
💎 ဒေါ်နန်းကြည်တောင်
💎 ကျောက်ပြသာဒ်
💎 ဖောင်တော်ဦးဘုရား(ပတ္တမြားပလ္လင်​)
💎 မဟာမုနိ မြတ်​စွာဘုရား
💎 ရွှေဂူကြီးဘုရား
💎 မိုးကုတ်ဆရာတော်ဘုရားကြီးတရားကျင့်ကြံရာလှိုဏ်ဂူတော် တည်ရှိရာ ဘော်ဗဒန်းရွာ
💎 ကင်းချောင်းရေတံခွန်​
💎 အိမ်ပြန်လက်ဆောင်ဝယ်ဖို့ကျောက်မျက်ရတနာ​ဈေး
💎 မိုးကုတ် View Point နှင့် ညဈေး

🍁 ဗန်းမောက်မြို့ 🍁
🌻 ဇလုံတောင်
🌻 ကျောက်မဏ္ဍပ်

🍁အင်းတော်ကြီး🍁
🌻 ရွှေမဉ္ဇူ ရေလယ်ဘုရား 🌻

💝 မြစ်ကြီးနား 💝

🍃 ဧရာဝတီစတင်ဖြစ်ပေါ်ရာ မေခ-မလိခ မြစ်နှစ်သွယ်ကိုသွားမယ်​.. မြစ်ဆုံကမ်းနဘေးမှာ ကချင်ရိုးရာဝတ်စုံဝတ်ပြီး အလှပုံ​လေး​တွေရိုက်​ပြီးမှတ်တမ်းတင်ကြမယ်​..
🍃 ​ရေတံခွန်​အဆင့်ဆင့်နဲ့ လှပလွန်းတဲ့ ဆဒုံးရေတံခွန်မှာ ရေဆော့ရင်းအပန်းဖြေကြရ​အောင်​
🍃 ကချင်​တိုင်းရင်းသားတို့ရဲ့ မ​နောပွဲကျင်းပရာ မနောကွင်း၊ လျောင်းတော်မူ၊ ရပ်တော်မူ ဘုရား၊ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၊ သ​ပြေတစ်​​ထောင်​ဘုရား

✌Travel Box Myanmar ရဲ့ ၀န်​​ဆောင်​မှုအတိုင်း.. စရိတ်​ငြိမ်းလို​လေ​သေးမရှိ....အပြီးအစီး ...
မတန်​ဖူးထင်​ရင်​ ​နောက်​ ခရီးစဉ်​တစ်​​ခေါက်​ free ပါ​ခေါ်ဦးမှာ..

✌✌ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများက​ရောဘာ​တွေလဲ✌✌

အဆင့်မြင့်package ခရီးစဉ်​ဖြစ်​တဲ့အတွက်​...
👉 ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာသွားရောက်နိုင်ရန်အတွက် Air-con အဆင့်မြင့် လေအိတ်ကားများ
(လူဦးရေအနည်အများပေါ်မူတည်၍ ကားအပြောင်းအလဲရှိနိုင်ပါသည်)
👉 တစ်​ဆင့်သွားစက်​​လှေခများ.. တစ်​ဆင့်သွားကားခများအားလုံးအပြီးအစီးပါခင်​ဗျာ...

👌👌 အစားအ​သောက်​အတွက်​က​ရော👌👌
👉 ​နေ့စဉ်​ breakfast, lunch,dinner များကို hotel နှင့်အဆင့်မြင့်စား​သောက်​ဆိုင်​ကြီးများမှာ စီစဥ်ပေးခြင်း
👉 ​ရေသန့်၊ တာဝါ၊ သွားတိုက်​​ဆေး၊ သွားတိုက်​တံ၊ ဆပ်​ပြာ
👉 Snacks

👌👌ဒါ​တွေအပြင်​👌👌
👉 ခရီးစဉ်တစ်လျှောက်ဝန်ဆောင်မှုအပြည့်ပေးသွားမည့် Tour Leader
👉 ခရီးသွား အာမခံ
👉 စိတ်​၀င်​စားစရာ game plan အစီအစ​ဉ်​

📱လက်မှတ်များကို ဖုန်း သို့မဟုတ် online မှတဆင့် မှာယူလိုက်ရုံနှင့် အိမ်တိုင်ရာရောက် ရန်ကုန်မြို့တွင်း လက်မှတ်များကိုလည်း အိမ်အရောက် အခမဲ့ပို့ပေးနေပါတယ်ခင်ဗျာ။

🚍ဒီခရီးစဉ်လေးကို စိတ်၀င်စားတယ်ဆိုရင် …..
Chat Box (Messenger) သို့မဟုတ် Viber 09266684001,09794733384 ကို အသေးစိပ်မေးမြန်း စုံစမ်းနိုင်ပါပြီခင်ဗျာ။

🏦Mobile Banking ဖြင့် ပေးချေလိုသူများအတွက် KBZ, CB, AYA ,Yoma ဘဏ်များမှ ပေးချေနိုင်ပါတယ်ခင်ဗျာ🍃

📱လက်မှတ် ကြိုတင် မှာယူဖို့အတွက်ဆိုရင်
Travel Box Myanmar
No.24, 153st, Tamwe , Yangon.
☎ ဖုန်း - 09-266684001,09794733384 ☎ သို့ ဆက်သွယ်စုံစမ်းမေးမြန်းရင်း စာရင်းပေးသွင်း နိုင်ပါပြီ။🌿🌿

Post ကို အစ မှ အဆုံးထိ​အောင်​ စိတ်​ဝင်​တစားဖတ်​​ပေးတဲ့အတွက်​ Travel Box Myanmar မှ အထူး​ကျေးဇူးတင်​ပါသည်

Address

No. 24, 153 Street, Tamwe
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959266684001

Website

Alerts

Be the first to know and let us send you an email when Travel Box Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel Box Myanmar:

Share

Category


Other Travel Agencies in Yangon

Show All