Thi Thant Travel and Tour

Thi Thant Travel and Tour Thi Thant Travel and Tour provides ticketing and travel services inbound and outbound effectively and efficiently.

24/03/2024

ရန်ကုန်- တာချီလိတ် သွားရမှာမို့
လေယာဥ် လက်မှတ် လိုအပ်နေသူများအတွက်

28 March
မန်းရတာနာပုံလေကြောင်းလိုင်း
Departure Time 9:40 am flight လက်မှတ် 3 စောင်ရပါမယ်

လိုအပ်သူများ26 ရက်နေ့ နောက်ဆုံးထားဆက်သွယ်ပေးပါရန်
095680548
09882717744

ကိုယ်ဝန်ဆောင် မိခင်များအတွက် လေယာဉ်နဲ့ သွားမယ်ဆို ဘာတွေ လိုမလဲမေးသူများအတွက်......ကိုယ်ဝန် စရှိချိန်မှ (၂၄) ပတ်အထိ ဆေးစာ...
23/03/2024

ကိုယ်ဝန်ဆောင် မိခင်များအတွက်
လေယာဉ်နဲ့ သွားမယ်ဆို ဘာတွေ လိုမလဲမေးသူများအတွက်......

ကိုယ်ဝန် စရှိချိန်မှ (၂၄) ပတ်အထိ ဆေးစာ စာရွက်စာတန်းများ မလိုပဲ လေယာဉ်လိုက်ပါစီးနင်းနိုင်ပြီး

ခရီးသည်၏ ကိုယ်ဝန်မှာ (၂၈) ပတ်နှင့် အထက် ဖြစ်ပါက လေယာဉ်စီးရန် အဆင်ပြေကြောင်း ဆရာဝန်၏ ထောက်ခံစာ ၊ ကိုယ်ဝန်ဆောင် မှတ်တမ်း။ဆေးစစ်ချက် စတာတွေ လိုအပ်ပါမယ်.( တစ်ပါတ်အတွင်းစစ်ထားတာတွေ ဖြစ်ရပါမယ်နော်)

ကိုယ်ဝန်ဆောင်ခရီးသည်အနေနဲ့ ကျန်းမာရေး ကောင်းမွန်ပြီး ခရီးသွားလို့ အဆင်ပြေရပါမယ်..

လေကြောင်းလိုင်းအများစုမှာ ကိုယ်ဝန် (၃၆) ပတ်နှင့် အထက် ဆိုရင်တော့ ခရီးသည်များအား လိုက်ပါ စီးနင်ခွင့်မပြုပါ၊၊
ပြည်တွင်း/ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ copy ယူထားပါတယ်

ကဲ တက်ပြီး မကျ တဲ့ ထဲမှာ လေယာဥ် လက်မှတ် လည်းပါရေစစ်တွေ- ရန်ကုန် လေယာဥ် လက်မှတ် MNA,MAI ထက် စျေးသက်သာလို့ ရောင်းမလောက်တဲ့...
31/01/2024

ကဲ တက်ပြီး မကျ တဲ့ ထဲမှာ လေယာဥ် လက်မှတ် လည်းပါရေ

စစ်တွေ- ရန်ကုန် လေယာဥ် လက်မှတ် MNA,MAI ထက် စျေးသက်သာလို့ ရောင်းမလောက်တဲ့ မန်းပုံ လက်မှတ် Feb 1 ရက်က စပြီး စျေးတက်ပါပြီ
274,400 ကနေ 382,000MMK

ရန်ကုန် လာဖို့ အစီအစဥ် ရှိသူများ အယ်နိ နောက်ဆုံး ဝယ်မှ အရင်စျေးနဲ့ ရဖို့ဗျာလ် 250000-280000 MMK

အခက်အခဲ ကာလ ဖေသာ အများကြီး မကုန် စေချင်လို့ စေတနာနဲ့ပါ

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျနိးမာ ချမ်းသာ ဘေးအပေါင်းကင်းဝေးကတ်ပါစီ🙏🙏🙏

သီးသန့် လေယာဥ် လက်မှတ် အရောင်း
Ph:09681124076
09685122226
09882717744

17/01/2024

သီးသန့် လေယာဥ် လက်မှတ် အရောင်းဌာန ဆက်သွယ် ရန် ဖုန်း နံပါတ်....
စစ်တွေ MPT Ph line မရ ဖြစ်နေပါတယ်
လိုအပ်ကယ် အောက်ပါ ဖုန်းကို ဆက်သွယ်နိုင်ပါတယ်

09681124076
09685122226
09763674523

 # Taxi Service @ Yangònစိတ်ချ ရတဲ့ Taxi ရှာနေပါသလား?စျေးနှုန်း လည်းသင့်ကားလည်းကောင်းတဲ့ စိတ်ချရတဲ့ Taxi အကြို အပို့ ကို...
25/11/2023

# Taxi Service @ Yangòn
စိတ်ချ ရတဲ့ Taxi ရှာနေပါသလား?
စျေးနှုန်း လည်းသင့်
ကားလည်းကောင်းတဲ့
စိတ်ချရတဲ့ Taxi အကြို အပို့ ကို

သီးသန့်ခရီးသွားလုပ်ငန်းမှ
လေဆိပ် အကြိုအပို့ အထူးဝန်ဆောင်မှုပေးနေပါပြီ
မြို့ထဲမှ လေဆိပ် -15000 mmk
လေဆိပ်မှ မြို့ထဲ နှင့် သွားလိုရာ နေရာ များသို့လည်း စိတ်ရှည် လက်ရှည် အိမ်တိုင် အရောက် ပို့ဆောင်ပေး ပါတယ်။

ဆက်သွယ်ရန် ဖုန်း နံပါတ်
ph no-09250331529
ph no-09882717744
ph no-095680548

"Thadingyut  -Cash Back" Generous Offer- Air Tickets - Thi Thant Travelလေယာဥ် လက်မှတ် စျေးတွေကြီးပေမယ့် Thi Thant Travel...
21/10/2023

"Thadingyut -Cash Back" Generous Offer- Air Tickets - Thi Thant Travel

လေယာဥ် လက်မှတ် စျေးတွေကြီးပေမယ့် Thi Thant Travel မိသားစု မှ မြတ်သော သီတင်းကျွတ်- တန်ဆောင်မုန်း အခါသမယ လေယာဥ်လက်မှတ်ဝယ်ယူသော မိတ်ဆွေများအား ပြုံးပျော် နိုင်စေရန် ဝယ်ယူသော လက်မှတ်ပေါ် မူတယ် ၍ မေတ္တာ လက်ဆောင် cash back များပေးဆောင် နေပါပြီ ။

အားလုံးအဆင်ပြေ ချမ်းမြေ့ကြပါစေ

Thi Thant Travel Agent
095680548/09882717744

21/10/2023

Airticket ပြည်တွင်းပြည်ပ အဝယ်

နှစ်တစ်နှစ် ဝါကျွတ် တန်ဆောင်မုန်း သကြန် ကာလ တွေဟာ ခရီးသွားလာမှု အများဆုံးအချိန်တွေပါ။

လေယာဥ်နဲ့ခရီးသွာမှာ ကြိုသိရင် လက်မှတ် အရင် ဝယ်ထားတာ အကောင်းဆုံးပါ ။
မဟုတ်ရင် ကိုယ်သွားချင်တဲ့ အချိန် လက်မှတ် ကုန်သွားတာ၊ စျေးကြီးပေးပြီးဝယ်ရတာမျိုး ကြုံရတတ်ပါတယ်။

မိမိတို့ Agent တွေလည်း ကိုယ့်ဆီ ဝယ်နေကျ မိတ်ဆွေတွေ စျေးကြီးတဲ့ လက်မှတ် တွေပဲ ကျန်နေတဲ့ အခါ ပြောရတာ ရင်လေးတယ်။
အထူးသဖြင့် ရခိုင်ပြည်က ခရီးသွားတဲ့ သူတွေက ဆေးလာကုတာ၊ အလုပ်ကိစ္ဓ နဲ့ လာတဲ့ သူများတော့ စာနာလို့ပါ။

လက်မှတ် စျေးတွေကလည်း အရင် 2021 တုန်းက KBZ Sittwe- Yangon
လက်မှတ် တစ်စောင် 37000 mmk ထိ ရှိခဲ့ဖူးတယ် ။

ယခု MAI (KBZ) Airlines 192500 mmk အနိမ့်ဆုံးစျေးပါ ။
MNA Airlines ကတော့ 187000 mmk
မန်းရတနာပုံ က 158000 mmk / 169000 mmk class အမျိုးမျိုး ခွဲရောင်းတာပါ။
ခရီးသွား မိတ်ဆွေတွေ အဆင်ပြေ ကြပါစေ။

လေယာဥ်ခရီးစဥ်နဲ့ လက်မှတ် များကို စုံစမ်းရန်
Thi Thant Travel Agent
လမ်းမကြီး၊ မောလိပ်ရပ်ကွက်၊
စစ်တွေ မြို့၊
ရန်ကုန်မြို့
ph-095680548,09882717744

16/06/2023

မုတ်သုန်ရာသီ (သို့) မိုးရွာနေစဉ်မှာ လေယာဉ်စီးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ ?
=====================================
စစ်တမ်းနဲ့ကိန်းဂဏာန်းတွေအရ လေယာဉ်ဖြင့်ခရီးသွားခြင်းဟာ ဘေးအန္တရယ် အကင်းဆုံးပါ။ သို့သော် အမြင့်ပေ သောင်းကျော်မှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စီးဟာ မုတ်သုန်ရာသီရဲ့ မှောင်မဲနေတဲ့ ကောင်းကင်မှာ မငြိမ်မသက် ယိမ်းထိုးနေချိန်မှာ ဒီကိန်းဂဏာန်းတွေကို ဘယ်သူမှ ဂရုပြုနေမယ် မထင်ပါဘူး။ အဲဒါကြောင့် မုတ်သုန်ရာသီ မိုးရွာနေချိန်မှာ ခရီးသွားကြမဲ့ ခရီးသွားတွေအတွက် အောက်ဖေါ်ပြ အကြောင်းအရာတွေကို သိထားသင့်ပါတယ်။

(၁) မိုးရွာနေစဉ် လေယာဉ်ထွက်ခွာခြင်းဟာ အန္တရယ် မရှိပါဘူး။
======================================
မိုးရွာသွန်းနေခြင်းဟာ သင့်ရဲ့ လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး ရာသီဥတု ဆိုးရွာလိမ့်မယ်လို့ မဆိုလိုဘူးဆိုတာ သင်သိထားပါ။ လေယာဉ်ခရီးစဉ်မြောက်မြားစွာဟာ မိုးထဲရေထဲနဲ့ နှင်းတွေကြနေတဲ့ ကြားကနေ ဘာအခက်အခဲမှ မရှိပဲ ပျံသန်းနေကြပါတယ်။ စီးပွားဖြစ်ပျံသန်းနေကြတဲ့့ လေကြောင်းလိုင်းတွေမှာ လေယာဉ်ထွက်ခွာခွင့်၊ ပျံသန်းခွင့်တွေအတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားရှိပါတယ်။ လေယာဉ်ထိန်းချုပ်မျှော်စင်တွေဟာ ဆိုးရွားတဲ့ ရာသီဥတုကြုံတွေ့နိုင်ရင် လေယာဉ်ထွက်ခွာခွင့် မပြုပါဘူး။ လေယာဉ်ထွက်ခွာခွင့်ပြုတယ်ဆိုရင်တော့ စိတ်ချလိုက်ပါတော့။ သင့်ရဲ့ လေကြောင်းခရီးစဉ်ဟာ ရာသီဥတုကောင်းမွန်လို့သာ လေကြောင်းထိန်းချုပ်တာဝါတိုင်က ထွက်ခွာခွင့်ပြုခဲ့တာပါ။

(၂) လေယာဉ်ခါရမ်းခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းများကို မျှော်လင့်ထားပါ။
===========================================
မုတ်သုန်ရာသီရဲ့ ကောင်းကင်မှာ တိမ်တွေထူထပ် အလိပ်လိုက်တွေ့နေရရင် ပျံသန်းနေစဉ် လေယာဉ်ခါရမ်းခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းများဟာ အများဆုံး ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ ပုံမှန်ဆိုတာ သင်သိထားပါ။ ကားမောင်းနေစဉ် ချိုင့်ထဲပြုတ်ကျရင် စိတ်အနှောင့်အယှက် ဖြစ်စေတတ်တဲ့ သဘောပဲရှိပါတယ်။

(၃) လျှပ်စီးကြောင်းတွေဟာ လေယာဉ်တွေကို ပျက်မကြစေနိုင်ပါဘူး။
==========================================
လေယာဉ်တွေဟာ တစ်နှစ်မှာအနည်းဆုံး တစ်ကြိမ်လောက်တော့ လျှပ်စီးကြောင်းတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ဆုံတွေ့နိုင်ပါတယ်။ အဲ့ဒီလို ကြုံတွေ့ခဲ့ရင်တောင်မှ သင်ရော သင်စီးလာတဲ့ လေယာဉ်ရော ဘယ်လိုထိခိုက်မှုမျိုးမှ မဖြစ်စေနိုင်ပါဘူး။ လေယာဉ်တွေဟာ ပုံမှန်လျှပ်စီးကြောင်းတွေထက် (၈) ဆ ပိုမိုပြင်းထန်တဲ့ လျှပ်စီးကြောင်းတွေကို စုပ်ယူနိုင်စွမ်းရှိပြီး လေယာဉ်တောင်ပံမှာ တပ်ဆင်ထားတဲ့ နည်းပညာမြင့် ကိရိယာကနေ တစ်ဆင့် ပြန်လည်ထုတ်လွှတ်တာမို့ မည်သို့သော အန္တရယ်မှ မဖြစ်စေပါဘူး။ တကယ်လို့ လေယာဉ်ဆင်းသက်ခဲ့တယ်ဆိုရင်တောင်မှ ကြိုတင်ကာကွယ်တဲ့ သဘောပဲဖြစ်ပါတယ်။ အန္တရယ်နဲ့ ကြုံတွေ့တဲ့ အခြေအနေ မဟုတ်ဘူးဆိုတာ သင်သိထားပါ။

(၄) လေယာဉ်တွေဟာ အမျိုးမျိုးသော စမ်းသပ်မှုများကို အောင်မြင်ပြီး တည်ဆောင်ထားတာပါ။
===========================================
ရာသီဥတု ဆိုးဝါးခြင်းက လေယာဉ်တောင်ပံတွေကို ဆုတ်ဖြဲပြစ်နိုင်စွမ်း မရှိပါဘူး။ လေယာဉ်တောင်ပံတွေနဲ့ ကိုယ်ထည်တွေဟာ အဆုံးစွန်ဆုံးသော ဖိအားတွေကို ခံနိုင်စွမ်းရှိဖို့ အမျိုးမျိုးသော စမ်းသပ်မှုတွေပြုလုပ်ပြီး ထုတ်လုပ်ထားတာမို့ လေယာဉ်မှုးတွေကတော့ မျှော်လင့်ထားတာထက်ကို ပိုမိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်တဲ့။ လေယာဉ်မှုးတွေဟာ ခရီးသည်ရဲ့ သက်တောင့်သက်သာရှိမှုကို ပိုမိုလိုလားကြသူတွေမို့ လိုအပ်တဲ့ ထိန်းချုပ်မှုမျိုးကိုပဲ ပြုလုပ်ဆောင်ရွက်ကြပါတယ်။ သို့သော် လုံခြုံစိတ်ချရမှုကို ဦးစားပေးဖို့ လိုအပ်လာရင်တော့ Safety ကိုပဲဦးစားပေး ဆောင်ရွက်ကြရပါတယ်။

(၅) လေယာဉ်အမှုထမ်းတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရင် သိနိုင်ပါတယ်။
==========================================
လေယာဉ်ပေါ်မှာလိုက်ပါ ၀နျဆောငျမှုပေးနတေဲ့ လေယာဉ်မောင်မယ်တွေဟာ Turbulence လို့ခေါ်တဲ့ မငြိမ်မသက်မှုတွေ လေယာဉ်ခါရမ်းမှုတွေနဲ့ကြုံလာရင် ဘယ်လိုပြုမှု ဆောင်ရွက်ရမလဲဆိုတာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပေးပြီးသားပါ။ လေယာဉ်အမှုထမ်းအားလုံးအတွက် Tubulence ဆိုတာ သာမန်ကြုံတွေ့နေကြ ကိစ္စတစ်ခုမို့ လေယာဉ်မှုးတွေဆိုရင် သူတို့သောက်နေတဲ့ ကော်ဖီဖိတ်စင်ကျမှာကိုပဲ ပိုစိုးရိမ်မိပါတယ်တဲ့။ ဆိုလိုချင်တာကတော့ အန္တရယ်မရှိနိုင်တာ လုံး၀သိနေတဲ့အတွက် စိတ်မပူပါနဲ့တဲ့။

(၆) လေယာဉ်ဆင်းသက်ချိန်
===================
လေယာဉ်ခရီးစဉ်တိုင်းရဲ့ အဓိကကျဆုံးအချိန်ကတော့ လေယာဉ်ဆင်းသက်ချိန်ပါပဲ။ အဲ့ဒါကြောင့် အမှားအယွင်း မရှိရလေအောင်လေယာဉ်မှုးတွေနဲ့အတူ အမှုထမ်းတွေအားလုံး သာမန်ထက်ကို အထူးဂရုစိုက်ပြီး အလုပ်လုပ်ကြပါတယ်။ မြင်ကွင်းမကြည်လင်ရင်တောင်မှ အော်တိုပိုင်းလော့နဲ့တင် ဆင်းသက်နိုင်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ စိတ်ပူပန်မှုတွေရှိနေသေးရင် ရာသီဥတုကို စိတ်မချရင်တောင်မှ ကိန်းဂဏာန်းတွေကို ယုံကြည်လိုက်ပါ။ လေယာဉ်ခရီးစဉ်တွေရဲ့ ကီလိုမီတာ သန်းတစ်ထောင်မှာ သေဆုံးနိုင်ချေဟာ ၀.၀၅ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါဟာ တွက်ချက်ထားတဲ့ စစ်တမ်းအရ ရထားခရီးစဉ်တွေမှာ ၀.၆ ရာနှုန်းနဲ့ ကားနဲ့သွားတဲ့ မြေပြင်ခရီးစဉ်မှာ ၃.၁ ရာခိုင်နှုန်းတွေထက်စာရင် များစွာ ဆုံးရှုံးနိုင်ခြေနည်းတာကို တွေ့ရမှာပါ။

အခုဖေါ်ပြထားတဲ့ အကြောင်းအရာတွေကို ကူးယူဘာသာပြန် ဖော်ပြထားခြင်းဖြစ်ပါတယ်။ မူရင်းကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.cntraveller.in/.../explore-big-apple-like.../...
ခရီးသည်များအားလုံး ဘေးကင်းစွာ၊ စိတ်ချမ်းသာစွာ၊ ယုံကြည်စွာဖြင့် လိုရာခရီးကို အဆင်ပြေချောမွေ့ပါစီ။

​ယောဥ်လက်မှတ်နှင့်ပတ်သတ်၍ စုံစမ်းလိုပါက
ဖုန်း 09882717744,095680548
ရုံးခန်းလိပ်စာ - သီးသန့်လေယာဥ်လက်မှတ် အရောင်းငှာန၊ လမ်းမကြီး၊ မောလိပ်ရပ်ကွက်၊ စစ်တွေမြို့။
Email [email protected]

16/06/2023

သိထားအပ်တာမို့
Bangkok Guide for you မှ တင်တာလေး share ပေးလိုက်ပါတယ်.

ပထဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✍✍

လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??

ပထမဆုံးပြောချင်တာကတော့ ခရီးသွားတော့မယ်ဆိုရင် ကိုယ်ဖာသာဘယ်နေ့သွားမှာသေချာပြီလဲလို့ပြန်မေးပါ။

သွားမှာသေချာတဲ့ရက်က တစ်လလောက်လိုသေးရင် လေယာဉ်လက်မှတ်ကိုကြိုဝယ်ထားပါ။

Air Ticket တွေက ရက်နီးဈေးတွေကတစ်ရိပ်ရိပ်လေပါ။

တစ်ရက်နဲ့တစ်ရက်လည်း ဈေးမတူပါဘူး။

တစ်ချို့ကရက်နီးမှဝယ်မယ်ဆိုပြီး အေးအေးဆေးဆေးနေတတ်ပါတယ်။

ရက်နီးလေ Air Ticket ဈေးတွေကတက်လေပါပဲ။

Airticket ဝယ်ရင် ဘယ်ရက်တွေကိုရှောင်ရမလဲ??

Airticket ဝယ်တဲ့အခါ Sat Sanလိုရက်တွေကိုရှောင်ပါ။ အဲ့လိုရက်တွေဟာ ခရီးသွားတွေလည်းများတတ်တာမို့ လေယာဉ်လက်မှတ်ဈေးတွေဟာ လည်း ပုံမှန်ရက်တွေထက်ပိုတတ်ပါတယ်။

ခရီးသွားတွေများတဲ့နေ့တွေမှာ Airticket ဈေးတွေပိုများတတ်ပါတယ်။

ခရီးသွားမယ်လို့ Plan ချပြီးပါက Airticket ကိုတစ်လလောက်ကြိုဝယ်ပါ။

Air Ticket ဝယ်တဲ့အခါ Seat တစ်ခါတည်းရတာလား??

တစ်ခါတည်းရွေးဝယ်လို့ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေကတော့ Seat ရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိသလို တစ်ချို့လေကြောင်းလိုင်းတွေကတော့ ထပ်ပေးစရာမလိုပါဘူး။

လေယာဉ်လက်မှတ်မှာ Seat မပါရင်ဘယ်လိုလုပ်မလဲ??

တစ်ကယ်က လေယာဉ်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူး။ Air Ticket က လေကြာင်းလိုင်းကနေဝယ်ဝယ်ပြီးချင်းရတဲ့ဟာပါ။

Boarding Pass ကတော့ Check In Counter ရောက်မှ ရတာပါ။

ဘာကွာတာလည်းဆိုတော့ Boarding Pass မှာSeat တွေတစ်ခါတည်းရေးပေးလိုက်ပါတယ်။

Gate No ဘယ်လောက်မှာစီးရမယ် ဆိုတာတွေပါပါတယ် လက်မှတ်လိုပါပဲ။ Checkin Counter ရောက်မှပေးတာပါ။

လေဆိပ်ကိုအိမ်ကနေဘယ်အချိန်လောက်ဆင်းရမလဲ??

လေယာဉ်Check In Counter တွေဟာ လေယာဉ်မထွက်ခင်နာရီဝက် တစ်နာရီလောက် စောပြီးတော့ပိတ်တတ်ပါတယ်။ ခရီးသွားတွေများတဲ့ လတွေအချိန်တွေဆို CheckIn ကောင်တာမှာ တန်းစီစောင့်ရတာနဲ့အချိန်ကြာတတ်ပါတယ်။

Airline Check In Counter ပိတ်ချိန်တွေဟာမတူတတ်တာမို့ လမ်းမှာကားပိတ်မှာနဲ့ဘာနဲ့အချိန်ကိုတွက်ပြီး အိမ်ကနေ နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြိုပြီးစောထွက်ပါ။

Boarding Pass ဆိုတာဘာလဲ??

Boarding Passဆိုတာကတော့ Checkin Counter မှာထုတ်ပေးလိုက်တဲ့ လေယာဉ်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါ။

အဲ့လက်မှတ်ထဲမှာ ခုံနံပါတ်တွေ။ ဘယ် Gate မှာသွားစီးရမလဲဆိုတာတွေပါပါတယ်။ လေယာဉ်နံပါတ်တွေ။
အဲ့လက်မှတ်ထဲမှာရေးထားတဲ့ Gate Noကိုရောက်အောင်သွားပြီး လေယာဉ်စီးရမှာပါ။

လေယာဉ်လက်မှတ်ရရင် Print ထုတ်ထားသင့်သလား??

Print ထုတ်ထားစရာမလိုပါဘူး။ ဖုန်းထဲမှာသိမ်းထားတဲ့ လက်မှတ်ကို Checkin Counter ရောက်မှပြလိုက်ရင် Boarding Passထုတ်ပေးပါတယ်။

ထုတ်ထားရင်တော့ ပိုရှင်းပါတယ်။ အဲ့Air ticket ပရင့်ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် Bording Passထုတ်ပေးမှာပါ။

ဘန်ကောက်သွားရင် လေဆိပ်ကဘယ် Terminal ကိုသွားရမှာလဲ??

Termanal 1ပါ။

လေဆိပ်ထဲကိုဘယ်လိုဝင်ရလဲ??

လေဆိပ်ထဲက စဝင်တဲ့အခါ မြန်မာလေဆိပ်မှာ အဝင်ကို တစ်ခါစစ်ပါတယ်။

Luggage အိတ်တွေ လူတွေကိုစစ်ပါတယ်။
ပြီးရင်တော့ လေဆိပ်ထဲကိုရောက်ပါပြီ။

လေဆိပ်ထဲရောက်တဲ့ အခါ Check In လုပ်လို့ရမရ Departure Board မှာကြည့်လို့ရပါတယ်။

ကိုယ့် အဲ့လိုင်းနံပါတ် ကဉပမာ UB307ဆိုရင် board မှာ အချိနဲ့ Airline No တွေနဲ့ပြနေပါတယ်။ Check In Counter ဖွင့်နေရင် ကိုယ့်အဲ့လိုင်းနံပါတ်ကို

Board မှာပါတာတွေကတော့

Time Destination Flight Gate Status ပါ။

Time ကတော့ ကိုယ့်Air Line ကဘယ်အချိန်ထွက်မှာလည်းဆိုတာကိုပြနေတာပါ။ Air Ticket မှာပါတဲ့အချိန်ပါ။

Destination ကတော့ သွားမယ့်နိုင်ငံပါ။

Thailand ဆို Thailand လို့ပြနေမှာပါ။

Flight ကတော့ ကိုယ့် Air Ticket မှာပါတဲ့ Flight Noပါ။

လေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါ။ ကိုယ်စီးရမယ့်လေယာဉ်နံပါတ်ပါ။

Gate ကတော့ ကိုယ်လေယာဉ်သွားစီးရမယ့်Gate ပါ။

Status မှာတော့ Boardingဆို လေယာဉ်ထွက်ခွာပြီလို့ပြောတာပါ။

Gate Close ဆိုGate ပိတ်ပြီ

Gate Openဆို Gate ဖွင့်နေပြီ။

Check In ဆို Check In ကောင်တာဝင်လို့ရပြီလို့ပြောတာပါ။

တစ်ခုရှိတာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာမို့ ပုံစံချင်းကတော့အတူတူပါပဲ။

တစ်ချို့ကလည်း Check In လို့တန်းရေးထားတတ်ကြပါ။ ဝင်လို့ရရင် Open လို့ရေးထားတတ်ကြပါတယ်၊

မြန်မာမှာတော့ လေဆိပ်ကကျဉ်းကျဉ်းလေးမို့ ကြည့်မနေပါနဲ့ Check In ကောင်တာဖွင့်မဖွင့်ကို လေဆိပ်ထဲက ဝန်ထမ်းတစ်ယောက်ယောက်ကိုသာ ကိုယ်စီးမယ့်လေကြောင်းလိုင်းနာမည်ပြောပြီး Check In ကောင်တာဘယ်မှာလဲလို့သာမေးလိုက်ပါ။ ဝင်လို့ရရင် လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်။

Check In ဘယ်လိုဝင်မလဲ??

Check In ဝင်တယ်ဆိုတာကတော့ ကိုယ် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို Boarding Passပြောင်းပြီး Show Money ပါမပါတို့။ စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ။ Passport ကနာမည်နဲ့ Airticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ်။ Visa နဲ့လားရိုးရိုးလားတွေတိုက်စစ်တဲ့နေရာပါ။ အဲ့မှာ ကိုယ့်ရဲ့ Luggage အိတ်ရဲ့ အလေးချိန်တွေစစ်ပါတယ်။

လေကြောင်းလိုင်းတစ်ချို့ကLuggage အိတ်ကို 30Kg ထိ လေယာဉ်အိတ်ထဲကိုထည့်လို့ရပြီး ။ 7Kg လောက်ထိ Hand Curry သယ်လို့ပါတယ်။

Kgပိုနေရင်တော့ ပိုက်ဆံထပ်ပေးရပါတယ်။ မြန်မာငွေမလိုတော့ဘူးဆိုပြီးတော့မှမယူလာတာမျိုးတွေမလုပ်ပါနဲ့။ အပိုအလိုထည့်လာပါ။

Kg ပိုမပို ဘယ်လိုချိန်မလဲ??

Kg ပိုမပိုဘယ်လိုချိန်မလဲဆိုရင်တော့ အိမ်မှာပေါင်ချိန်စက်ရှိရင် အဲ့အပေါမှာအိတ်ကိုတင်လိုက်ပါ။ lbဖြစ်နေရင် kgကိုပြောင်းလိုက်ပါ။ အနီးစပ်ဆုံးပြပါတယ်။ သာမာန် Luggage အိတ်တစ်လုံးဟာ 30KGထက်မပိုပါဘူး။ အဲ့တာကြောင့် သိပ်တော့မစိုးရိမ်ပါနဲ့။

Check In ဝင်ပြီးရင်ဘယ်ကိုသွားရမလဲ??

Check In ဝင်ပြီးရင် သွားရမှာက Immigration ပါ။ Immigrationဖြတ်တဲ့အခါ Visa Type တွေဘာတွေ စစ်ပါမှာ။ Sacanဖတ်ပါမယ်။ ပြီးရင်တော့ ဘယ်နေ့ကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ။

Immigration Counter ကိုဖြတ်ပြီးရင်တော့ hang carry တွေကိုစစ်ပါမယ်။ ဖိနပ် ဖုန်း အိတ်အကုန်စစ်ပါမယ်။ အဲ့တာကိုဖြတ်ပြီးရင် တော့ Gate ကိုသွားလို့ရပါပြီ။

Bording Pass မှာပါတဲ့ Gate Noကိုသွားပါ။

Bording Gateကို လေယာဉ်ထွက်ခွာမယ့် အချိန်ထက် 45မိနှစ်လောက်ကြိုရောက်အောင်သွားပါ။

လေကြောင်းကြောင်းက Flight Noကိုအော်ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တက်လိုက်လာရုံပါပဲ။

လေယာဉ်ပေါ်ရောက်ရင် စကားအကျယ်ကြီးမပြောပါနဲ့။ ပြောလို့မရလို့မဟုတ်ပါဘူး။ ရပါတယ်။ တိုးတိုးတိတ်တိတ်နေတာဟာ ပတ်ဝန်းကျင်ကိုအနှောင့်ယှက်မပေးရာရောက်ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အခါ Airplane Mode ကိုOn ထားပါ။

လေယာဉ်ဆိုက်တဲ့အခါ ပြန် ပိတ်ထားပါ။

ဘန်ကောက်ကိုရောက်တဲ့အခါ တယ်လီနောကဒ်ကိုသုံးလို့ရပါတယ်။

တယ်လီနောကဒ် ကို Roaming Data ကိုOn ထားပါ။
အဲ့တာဆိုအင်တာနက်ကောသုံးလို့ရသလို။ ဖုန်းလည်းဆက်လို့ရပါတယ်။

ထိုင်းလေဆိပ်ကို ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာလဲ။

Immigration ဆိုတဲ့ Sign ကိုမတွေ့မချင်းလျှောက်ပါ။

Immigrationဆိုတဲ့ Sign ကိုတွေ့တဲ့အခါကွေ့ပြီး တန်းစီပါ။

Immigration Counter မှာ လေယာဉ်လက်မှတ်ရယ်။ Passport ရယ်၊ Hotel Booking၊ Show Money တို့ပြရပါတယ်။

Hotel Booking နဲ့ Show Moneyကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်။ ဒါပေမယ့် ပြည့်စုံအောင်ပြင်ဆင်လာပါ။

Passport ကိုတုံးထုပေးလိုက်ရင် ထိုင်းနိုင်ငံထဲကိုဝင်လို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။

#ပထမဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်သည့်အချက်များ
#လေယာဉ်ဘယ်လိုစီးရတာလဲ

စစ်တွေဖုန်းလိုင်း​​​ပြတ်လို့ အဆက်အသွယ်မရ လေယာဥ်လက်မှတ် ဖြတ်လိုပါက အောက်ပါဖုန်းကို ဆက်သွယ်နိုင်ပါတယ်09882717744
15/05/2023

စစ်တွေဖုန်းလိုင်း​​​ပြတ်လို့ အဆက်အသွယ်မရ လေယာဥ်လက်မှတ် ဖြတ်လိုပါက အောက်ပါဖုန်းကို ဆက်သွယ်နိုင်ပါတယ်

09882717744

02/08/2022

Do you want to study in America, Australia, Canada, Australia, or any other country? Do you want to work overseas but don`t know how to apply for a visa? Or ...

Address

Pyar Yay Kone Street, Pyar Yay Kone Ward, Tamwe, Yangon. , Thi Thant Store: Merchant Street, In Front Of Zwe Workshop, Maw Lake Ward, Sittwe. , Ph:09407340460, 09691975568, 09421710241
Yangon

Telephone

+959407340460

Website

Alerts

Be the first to know and let us send you an email when Thi Thant Travel and Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thi Thant Travel and Tour:

Share

Category


Other Travel Companies in Yangon

Show All