Bhamo Thu

Bhamo Thu Your Reliable Travel Agent and Your Friend! မိတ်​​ဆွေရဲ ယုံကြည်?

🌿 ဒီနေ့ဟာဆိုရင် နှစ်ဟောင်းကို စွန့်ခွာလို့ နှစ်သစ်ကို ချဥ်းနင်းဝင်ရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို ရောက်ရှိလာပြီပဲဖြစ...
17/04/2023

🌿 ဒီနေ့ဟာဆိုရင် နှစ်ဟောင်းကို စွန့်ခွာလို့ နှစ်သစ်ကို ချဥ်းနင်းဝင်ရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ် ။ နှစ်သစ်မှာ ကုသိုလ်ကောင်းမှု အသစ်များ ၊ ကိုယ်ချင်းစာတရား အသစ်များ ၊ မိတ်ဆွေသင်္ဂဟ အသစ်များ နဲ့ အသစ်သစ်သော ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ လို့ Bhamo Thu travel and tour family မှ နှစ်သစ်ဆုမွန်‌တောင်းလိုက်ရပါတယ်ရှင့် 🙏🙏🙏🙏🙏

နှစ်သစ်၏ အကြိုနေ့ အခါသမယ၌မြတ်ဗုဒ္ဓ၏တန်ခိုးတော်ကြောင့်ကမ္ဘာသူ/ကမ္ဘာသား မြန်မာနိုင်ငံသူ / နိုင်ငံသား (၃၁)ဘုံသား သတ္တဝါများ...
13/04/2023

နှစ်သစ်၏ အကြိုနေ့ အခါသမယ၌
မြတ်ဗုဒ္ဓ၏တန်ခိုးတော်ကြောင့်
ကမ္ဘာသူ/ကမ္ဘာသား
မြန်မာနိုင်ငံသူ / နိုင်ငံသား
(၃၁)ဘုံသား သတ္တဝါများအားလုံး
အေးချမ်းကြပါစေ ။
ငြိမ်းချမ်းကြပါစေ ။
ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ ။
ရောဂါဘေး / လက်နက်ဘေး
အစာ ရေစာရှားပါးခြင်းဘေး စတဲ့
ကပ်ဆိုးရောဂါဘေးဘယာတွေ
ကင်းစင်လွင့်ပျောက် ဝေးကွာကြပါစေ ။

မြတ်ဓမ္မ၏တန်ခိုးတော်ကြောင့်
ကမ္ဘာသူ/ကမ္ဘာသား
မြန်မာနိုင်ငံသူ / နိုင်ငံသား
(၃၁)ဘုံသား သတ္တဝါများအားလုံး
အေးချမ်းကြပါစေ ။
ငြိမ်းချမ်းကြပါစေ ။
ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ ။
ရောဂါဘေး / လက်နက်ဘေး
အစာ ရေစာရှားပါးခြင်းဘေး စတဲ့
ကပ်ဆိုးရောဂါဘေးဘယာတွေ
ကင်းစင်လွင့်ပျောက် ဝေးကွာကြပါစေ ။

မြတ်သံဃာ၏တန်ခိုးတော်ကြောင့်
ကမ္ဘာသူ/ကမ္ဘာသား
မြန်မာနိုင်ငံသူ / နိုင်ငံသား
(၃၁)ဘုံသား သတ္တဝါများအားလုံး
အေးချမ်းကြပါစေ ။
ငြိမ်းချမ်းကြပါစေ ။
ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ ။
ရောဂါဘေး / လက်နက်ဘေး
အစာ ရေစာရှားပါးခြင်းဘေး စတဲ့
ကပ်ဆိုးရောဂါဘေးဘယာတွေ
ကင်းစင်လွင့်ပျောက် ဝေးကွာကြပါစေ ။🙏🙏🙏

ကချင်ပြည်နယ် မြောက်ပိုင်းက ပူတာအိုမြို့လေးဟာ အလည်ရောက်ဖို့ ခက်ခဲတဲ့မြို့တစ်မြို့ပါ။ ရေခဲတောင်ပတ်လည်ဝိုင်းရံနေတဲ့ လွင်ပြင...
25/01/2023

ကချင်ပြည်နယ် မြောက်ပိုင်းက ပူတာအိုမြို့လေးဟာ အလည်ရောက်ဖို့ ခက်ခဲတဲ့မြို့တစ်မြို့ပါ။ ရေခဲတောင်ပတ်လည်ဝိုင်းရံနေတဲ့ လွင်ပြင်ဒေသမို့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၈၀ ခန့်သာရှိပေမယ့် အေးမြသာယာတဲ့ ရာသီဥတုရှိပြီး ရဝမ်၊ ဂျိန်းဖောကချင်၊ လီဆူ၊ ရှမ်း လူမျိုးတွေ နေထိုင်ကြပါတယ်။ ပူတာအိုမြို့လေးဟာ ဆိတ်ငြိမ်အေးချမ်းလွန်းပြီး ရိုးသားဖြူစင်တဲ့​ဒေသခံတွေရှိတဲ့အရပ်ပါ။ ဒီမြို့လေးကို ရေခဲတောင်တက်ရင်း ရောက်လာကြသူများပါတယ်။ ပူတာအိုမှာ တကယ်တော့ ရေခဲတောင်တက်တာအပြင် အခြားသော စိတ်ဝင်စားစရာ ပျော်ရွှင်စရာ တွေကို မင်မင်တို့ လည်ပတ်ခဲ့တုန်း ပုံဟောင်းလေးတွေ ပြန်တင်မယ်နော်
အားလုံးပဲ အစဉ်ကျန်းမာဘေးကင်းလို့ စိတ်ရွှင်လန်းကြပါစေ...

ဘာလီက ရုပ်ထုကြီးတွေပါ
22/01/2023

ဘာလီက ရုပ်ထုကြီးတွေပါ

ဘာလီကနာမည်ကြီးဆုတောင်းပြည့်ရေကန်
22/01/2023

ဘာလီကနာမည်ကြီးဆုတောင်းပြည့်ရေကန်

ဘီလူးကြီးနဲ့ မော်ဒယ်မယ်တော်လေးပါ
22/01/2023

ဘီလူးကြီးနဲ့ မော်ဒယ်မယ်တော်လေးပါ

ဘာလီရဲ့မကုန်နိုင်တဲ့အလှတရားတွေ
22/01/2023

ဘာလီရဲ့မကုန်နိုင်တဲ့အလှတရားတွေ

နာမည်ကြီး gate of haven
22/01/2023

နာမည်ကြီး gate of haven

နာမည်ကြီးမီးတောင်အလှ
22/01/2023

နာမည်ကြီးမီးတောင်အလှ

ချစ်စရာမော်ဒယ်လေးများ
22/01/2023

ချစ်စရာမော်ဒယ်လေးများ

လှပလွန်းတဲ့ စိုက်ခင်းအတွင်းက ဘီလူးရုပ်ပုံကြီး
22/01/2023

လှပလွန်းတဲ့ စိုက်ခင်းအတွင်းက ဘီလူးရုပ်ပုံကြီး

နာမည်ကြီး tanalot temple ကမ်းခြေ ပါ
22/01/2023

နာမည်ကြီး tanalot temple ကမ်းခြေ ပါ

လေယာဥ်ပေါ်ကမြင်ရတဲ့ ဘာလီရဲ့မီးတောင်တခု
22/01/2023

လေယာဥ်ပေါ်ကမြင်ရတဲ့ ဘာလီရဲ့မီးတောင်တခု

22/01/2023

ဘာလီရဲ့ စိမ်းပြာရောင် ရေလှိုင်းတွေနဲ့ လှနေတဲ့ ကမ်းခြေတခုပါ

ဘယ်ချိန်ပဲသွားသွားရိုးမသွားတဲ့မြို့လေးတစ်မြို့💥💥💥ပန်းတွေနဲ့ ချစ်စရာမြို့လေးတစ်မြို့ 🎀 မန်းရွှေပြည် 🎀လူတစ်ယောက်စီမှာအမြဲပ...
05/01/2023

ဘယ်ချိန်ပဲသွားသွားရိုးမသွားတဲ့မြို့လေးတစ်မြို့💥💥💥
ပန်းတွေနဲ့ ချစ်စရာမြို့လေးတစ်မြို့ 🎀 မန်းရွှေပြည် 🎀

လူတစ်ယောက်စီမှာအမြဲပြန်ချင်တဲ့မြို့ အမြဲသွားချင်တဲ့မြို့တစ်မြို့ကိုယ်စီရှိကြမှာပါနော် 💕
ဘယ်မြို့လေးကိုအသွားချင်ဆုံးလဲ❤️

📷-Soe Lwin Thu

တကယ်လို့ အခွင့်အရေးရခဲ့ယင် မင်းလက်ကလေးကိုဆွဲပြီး အတူသွားချင်တဲ့နေရာကနောင်ချိုတိမ်ပင်လယ် ပေါ့ 🌫️🌫️🌫️📷-Amara Bo AmaraBo (ဓ...
04/01/2023

တကယ်လို့ အခွင့်အရေးရခဲ့ယင်
မင်းလက်ကလေးကိုဆွဲပြီး အတူသွားချင်တဲ့နေရာက
နောင်ချိုတိမ်ပင်လယ် ပေါ့ 🌫️🌫️🌫️

📷-Amara Bo AmaraBo
(ဓာတ်ပုံဆရာ)

လောကကြီးရဲ အေးချမ်းမှု့ပေးတဲ့ သဘာ၀လက်ဆောင်လေးတွေ  ကြည့်ယင်းနဲ့ စိတ်ချမ်းသာစေလို့ မျှဝေပေးတာ 💕မေမြိို့သွားဖြစ်လို့ရှိယင် ...
03/01/2023

လောကကြီးရဲ အေးချမ်းမှု့ပေးတဲ့ သဘာ၀လက်ဆောင်လေးတွေ
ကြည့်ယင်းနဲ့ စိတ်ချမ်းသာစေလို့ မျှဝေပေးတာ 💕

မေမြိို့သွားဖြစ်လို့ရှိယင် ဒီလိုလှပတဲ့ပန်းလေးတွေရှိတဲ့နေရာကိုရောက်အောင်သွားဖို့လည်းမမေ့နဲ့နော်

မေမြို့မှာပွင့်တဲ့ သော်ကပန်းလေးတွေ 🌺🌺🌺

📸-ထူးသူအောင်(ပုံဂံ)
လေးစားစွာဖြင့်

𝗦𝘂𝗹𝗲𝗣𝗮𝗴𝗼𝗱𝗮  💥💥ဆူးလေဘုရား 🙏🙏🙏ရန်ကုန်မြို့လည်က လွမ်းစရာတွေထဲက တခုနော် Photo Crd
03/01/2023

𝗦𝘂𝗹𝗲𝗣𝗮𝗴𝗼𝗱𝗮 💥💥ဆူးလေဘုရား 🙏🙏🙏
ရန်ကုန်မြို့လည်က လွမ်းစရာတွေထဲက တခုနော်
Photo Crd

27/11/2022

ပြည်ခရီးစဥ်တညအိပ်စီစဥ်ထားပါတယ် ခုံ ၂နေရာလောက်ရှိပါသေးတယ် စိတ်အပန်းပြေ ခရီးတိုလေးသွားကြရအောင်လား

 #ပြာသိုလပြည့်_ရှင်တစ်ထောင်အခါတော်နေ့******************************************ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့...
16/01/2022

#ပြာသိုလပြည့်_ရှင်တစ်ထောင်အခါတော်နေ့
******************************************

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပြီး ပြာသိုလပြည့်နေ့အထိ ၂-လကြာမျှ ဥရုဝေလတော၌ပင် ရသေ့များနှင့် သီတင်းသုံး ခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿ ဦးဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿ ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင် သီတင်းသုံး နေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့် တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့များ အားလုံးကပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် အနိုင် ရလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစား အထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြ၏။

၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း - ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များ မွှေး၍ မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်း စသော တန်ခိုးတော်စုစုပေါင်း ၃,၅၁၆-မျိုးကို ပြသတော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿ နှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿ နှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿ နှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန်ဒေသနာ " ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြပြီး ရဟန္တာ ဖြစ်တော်မူပါတော့သည်။

ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ထိုသို့ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့ " ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများ အားလုံးတို့သည်လည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့် ဘုရားရှင် ဟောကြားဆုံးမသော ဒါန, သီလ, ဘာ၀နာ တရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယနေ့တွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

Credit; အရှင်အာစာရ( ၁၆.၁.၂၀၂၂ )

မေတ္တာဖြင့် ....

#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731

"ကဆုန်လပြည့် ဗုဒ္ဓနေ့"🙏🙏🙏ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့သည် သုံးလောက ထွတ်ထ...
25/05/2021

"ကဆုန်လပြည့် ဗုဒ္ဓနေ့"🙏🙏🙏

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့
အတွက်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ကဆုန်လပြည့်နေ့သည် သုံးလောက
ထွတ်ထားသဗ္ဗညုမြတ်စွာဘုရား၏...

🙏 ဗျာဒိတ်ခံယူသောနေ့၊
🙏 ဖွားမြင်တော်မူသောနေ့၊
🙏 ဘုရားဖြစ်တော်မူသောနေ့၊
🙏 ပရိနိဗ္ဗာန်စံတော်မူသောနေ့၊ စသည့်
ထူးခြားမှုများရှိနေသည့်နေ့ဖြစ်ပါသည်။

ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဝင်များသည်
ကဆုန်လပြည့်ဗုဒ္ဓနေ့(ဆု ၊ ဖွား ၊ ပွင့် ၊ စံ)
ဟူ၍ ဆိုစမှတ်ပြုကြခြင်းဖြစ်ပါသည်။
တချို့လည်း
“ဖွားပွင့်ဟောစံ ဗျာဒိတ်ခံ မှတ်ရန်လကဆုန်”
ဟုအလွယ်မှတ်သားတတ်ကြသည်။

ဆု ၊ ဖွား ၊ ပွင့် ၊ စံ ဆိုသည်မှာ...

(၁) ဆု – ဂေါတမဗုဒ္ဓအလောင်းတော်သည်
ဤဘဒ္ဒကမ္ဘာနှင့်ကမ္ဘာတစ်သိန်းထက်တွင်
သုမေဓာရသေ့ ဖြစ်ခဲ့သည်။
သုမေဓာရှင်ရသေ့သည် ဘဒ္ဒကမ္ဘာမ
ှလေးဆူမြောက် ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု
ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတျဗျာဒိတ်
ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။

(၂) ဖွား – ဂေါတမဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသားလေးအား ဖွားမြင်တော်မူ
သောနေ့သည် မဟာသက္ကရာဇ် ၆၈ ခု
ကဆုန်လပြည့်နေ့ဖြစ်ပါသည်။

(၃) ပွင့် – ဂေါတမဘုရားအလောင်း
ဗောတိပင်အောက်တွင် ဘုရားဖြစ်တော်မူ
သောနေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု
ကဆုန်လပြည့်နေ့ဖြစ်ပါသည်။

(၄) စံ – ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူ
သောနေ့သည် မဟာသက္ကရာဇ် ၁၄၈ ခု
ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်
များ၏နေ့ထူးနေ့မြတ်ဖြစ်သောကြောင့်
အစိုးရရုံးပိတ်ရက်နေ့လည်းဖြစ်ပါသည်။

ကဆုန်လရာသီသည် နေအပူရှိန်အပြင်းထန်
ဆုံးလဖြစ်ပြီး ရေခန်းခြောက်လေ့ရှိပါသည်။
ဘုရားပွင့်တော်မူသောဗောတိပင်ကို
ရည်မှန်းကာ ဗောတိပင်အပွားတော်များအား
ရေသွန်းလောင်းတော်မူကြသောကြောင့်
“ကဆုန်လညောင်ရေသွန်းပွဲ”ဟု ဆိုစမှတ်
ရှိလာခဲ့ကြပါသည်။

ကဆုန်လသည် မြန်မာလ ၁၂ ရာသီတွင်
ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။
ပုဂံခေတ်ကျောက်စာတွင် ကဆုန်လကို
“ကုဆုန်” ဟုရေးလေ့ရှိကြပြီး နောက်ပိုင်းတွင်
“ကု” မှ “က”သို့ ပြောင်းလဲလာခဲ့သည်။
(ကုက)၏ အဓိပ္ပါယ်သည် “ရေ” ဖြစ်ကာ
“ဆုန်” မှာမူသွန်းလောင်းသည်ဟု အဓိပ္ပါယ်
ရှိသောကြောင့်ကဆုန်လကို “ရေသွန်းလ”
(သို့မဟုတ်) “ရေလောင်းလ” လ ဟုလည်း
ဆိုနိုင်သည်ဟု ဖတ်မှတ်ရပါသည်။

ထို့ကြောင့် ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်
အခါသမယတွင် ကောင်းမှုကုသိုလ်များ
တတ်နိုင်သမျှပြုလုပ်နိုင်ပြီး စိတ်ငြိမ်းချမ်းခြင်း
ခံစားရပါစေ။

သောကဟူသမျှကင်းဝေးပြီး တရားစစ်
တရားမှန်များကို ကျင့်ကြံကြိုးကုတ်
အားထုတ်နိုင်ပါစေကြောင်း ဆုမွန်
တောင်းလိုက်ရပါသည်။

ကိုးကား – မြန်မာ့စွယ်စုံကျမ်း

13/12/2020

😔😔

13/12/2020

ဇန်နဝါရီ ၁ ရက်စပြီး နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြန်လည် ပျံသန်းခွင့်ပြုလိုက်ပြီ
---------------------------
ဒီဇင်ဘာ ၁၃

နိုင်ငံတကာခရီးသည်တင် လေယာဉ်များကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ ပြန်လည် ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် လေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်‌၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ပိတ်ထားကြောင်း ထုတ်ပြန်ထားပြီး ယခုအခါ ယင်းအမိန့်ကုန်ဆုံးပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပျံသန်းမှုများပြုလုပ်နိုင်ရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ် ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/52115.html

31/10/2020

မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့ရဲ့
မနက်ခင်းလေးပါ 🙏🏻🙏🏻🙏🏻

Bhamo Thu Travel&tour ရဲ့မိတ်ဟောင်း မိတ်သစ် များအားလုံး
ရေလိုအေးမြ ပန်းလေးတွေလိုလှပကြပြီး
ရောဂါဝေဒနာမှန်သမျှ ကင်းစင်ကြ၍
ကောင်းသောစကား အချိန်တိုင်းကြားနိုင်ကြပါစေ❣️❣️❣️

မိမိတို့လိုလားတောင်းတနေကြတဲ့
ရာထူးဂုဏ်သိန် စည်းစိမ်များတိုးပွားနိုင်ကြပါစေ❣️❣️❣️

လိုရာမှန်သမျှ ယနေ့မှစပြီးပြည့်စုံနိုင်ကြပါစေ❣️❣️❣️

အသက်ရာကျော်ရှည်ကာ ကျမ္မာ၍ ချမ်းသာကြပါစေ💕💕💕💕💕

Bhamo Thu Travel&tour မှ ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻🙏🏻🙏🏻

29/07/2020

သောကြာ/စနေနေ့ အပတ်စဉ်နော် 😊😊😊
နေ့ချင်းပြန်လား 🌺ဟိုတယ် ၁ညအိပ်လား 🌺
ရွေးပြီး ဖုန်းဆက်ပေးရမှာတော့ ချစ်တို့တာဝန်နော် 🥰🥰

🌈သာယာလှပတဲ့ရူခင်းများပတ်လည်ဝိုင်းနေတဲ့ တောင်ဝိုင်းတောင် သို့ တောင်တက် ခရီးထွက်ကြရအောင်...😁

🌄တောင်ဝိုင်းတောင် ဆိုတာ ယခုလတ်တလောမှာ အရမ်းခေတ်စားနေတဲ့ နေရာလေးတစ်ခုပါ..ကျန်းမာရေးအရ တောင်တတ်ခရီးစဉ်အဖြစ်သွားရောက်လည်ပတ်သင့်တဲ့နေရာလေးတစ်ခု..တောင်ထိပ်ပေါ်ရောက်ရင် တောင်ထိပ်အပေါ်စီးကနေ ကြည့်ရတဲ့ရူခင်းဆိုတာ အိုး..လှတာဆိုတာ သာယာတာဆိုတာ အမောတွေ အကုန်ပျောက် .. အပျော်တွေရောက်ပေါ့..😍🥰😘

🔳 လည်ပတ်မယ့်နေရာလေးတွေက...
#တောင်ဝိုင်းတောင်
#ဇင်းကျိုက်ရေတံခွန်
#ကော့ကွန်းဂူ
#ရသေ့ပြန်ဂူ
#ရွှေယဉ်မျှော်ဘုရား
#ဆဒ္ဒန်ဂူ
#ကော့ကသောင်ဂူ
# ကျောက်ကလပ်စေတီ
#ကန်သာယာ ညစျေး
#ချစ်သူမြိုင်
#ဗောဓိတစ်ထောင်
🌺Aug 7ရက်နေ့ည ထွက်မယ်
Aug 9ရက်နေ့ ည ရန်ကုန်ပြန်ရောက်ပါနော် 🌺
🌸အထူစျေးနူန်းတစ်ဦးနူန်း -55000 ကျပ်🌸

⏭အပါတ်စဉ် သောကြာ၊ စနေ နှင့် ရုံးပိတ်ရက်များတွင် ထွက်ရှိပေးပါသည်။
🚩ပါဝင်သောဝန်ဆောင်မူများ....
🚋အဆင့်မြင့် လေအိတ်ကား (၁၄/၃၃/၄၅ ယောက်စီး)
🏩 hotel တစ်ညအိပ်နှင့် မနက်စာ ဘူဖေး
🕺ရေသန့်
✅စနိုးတာဝါ
👬အခြေခံအိမ်သုံးဆေးဝါးမျိုးစုံ။

ဘယ်နေရာကနေကားစီးရမှာလဲ?
🚌စုရပ်လေးတွေက
🅿မြေနီကုန်းမဟာမြိုင်မှတ်တိုင်
🅿လှည်းတန်းမာလာဆောင်ရှေ့
🅿၈မိုင်သမားတော်ဆေးခန်း
🅿ခရေပင်လမ်းခွဲ

👍 ကဲ...ဘာလိုသေးလဲ 🤝
အပြေးလေး BOOKING တင်ထားကြတော့နော်

(Covid 19 ကာလဖြစ်သည့်အလျှောက်
ကားပေါ်တွင် ၁ဦးလျှင် ၂ခုံထိုင်ရပါမည်။
Maskနှင့်Hand gel များ အလုံအလောက်ထားရှိပေးထားပါသည်။

ယခုလိုအိမ်တွင်းအောင်းကာလတွေကနေ ထွက်ပေါက်ရှာချင်ရင်တော့..........
Bhamo Thu Travel And Tours ကို အမြန်ဆုံး Hello လိုက်တော့နော်

** Bhamo Thu Travel & Tours **
☎️☎️ ၀၉ ၇၇၈၆၃၄၆၄၆ 🤙🤙
☎️☎️ ၀၉ ၄၅၃၁၇၅၀၈၄🤙🤙
☎️☎️ ၀၉ ၉၇၆၃၁၂၁၉၈ 🤙🤙
☎️☎️ ၀၁ ၃၅၅၁၅၃၁ 🤙🤙

သို့ဆက်သွယ်နိုင်သလိုViber မှလည်း စုံးစမ်းမေးမြန်းနိုင်ပြီး page Message Box မှလည်း ဆက်သွယ်နိုင်ပါတယ်ရှင့် 🥰

📗📗 ပြည်တွင်းခရီးသွားလိုင်စင် အမှတ် - ခ-၂၂၃၉
📗📗 ပြည်ပခရီးသွားလိုင်စင် အမှတ် - ပခ ၀၄၇၈
🖨🖨 ရုံးလိပ်စာ - အမှတ် ၁၆၅ (A) / ရာဇသင်္ကြန် (၄) လမ်း / ၁၁ ရပ်ကွက် / တောင်ဥက္ကလာပမြို့နယ် / ရန်ကုန်မြို့

29/07/2020

သွားလို့ရနေပြီနော် ချစ်တို့ 😍

ဒီးဒုတ်ရေပြာအိုင်
▶▶▶▶▶▶▶

မန္တလေး-ပြည်ဦးလွင်အသွား ပြည်ဦးလွင်တိုးဂိတ်အနီးကနေမှ အုန်းချောရွာ ၁၆မိုင်လမ်းခွဲကနေ ရဲရွာရေအားလျှပ်စစ်ရုံသွားတဲ့လမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ အပန်းဖြေစခန်းအချို့ကိုဖြတ်သန်းပြီးရင်တော့ ဒီးဒုတ်ရေပြာအိုင်ကိုရောက်ရှိပါပြီ။

ပွင့်လင်းရာသီဆို လူများတက်ပြီး ကြားချိန်များဆိုရင်လည်း သူ့ဟာနဲ့သူ အဖွဲ့လိုက်လာကြပါတယ်။ တောင်တက်လမ်းလေးကိုလျှောက်ရပေမယ့် အမြင့်ကြီးမဟုတ်လို့ သက်သာပါတယ်။လမ်းတစ်လျှောက်ဆိုင်လေးတွေလည်းရှိလို့ နားနားနေနေသွားလို့ရပါတယ်။ ရေပြာအိုင်တစ်ခုတည်းရှိတာမဟုတ်ပဲ ငါးထပ်၊ရှစ်ထပ်၊ဆယ်ထပ် ဆိုပြီး အထပ်ထပ်နဲ့သွားလို့ရတဲ့ ရေတံခွန်ငယ်လေးတွေလည်းရှိပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ ဆယ်ထပ်ကတော့ အလှဆုံးနဲ့ လူသွားအများဆုံးဖြစ်ပါတယ်။ ဆယ်ထပ်ကိုရောက်ဖို့ကတော့ မိနစ်၃၀ လောက်ကြာပါတယ်။ တောင်တက်လမ်းလေးကိုလျှောက်နေရင်း ဘေးတစ်ချက်မှာ ဒုဠဝတီမြစ်ဖြတ်သန်းစီးဆင်းနေတာလေးကိုလည်းတွေ့နိုင်ပါသေးတယ်။ တောင်ပေါ်မှာစေတီတစ်ဆူလည်းရှိသေးတာမို့ လိုရာဆုပါတောင်းလို့ရပါသေးတယ်။

ရေတွေကကြည်လဲ့ပြာတောက်နေပေမယ့် လူအရမ်းများတဲ့အချိန်နဲ့ မိုးတွင်းဆိုရင်တော့ တောင်ကျရေတွေနဲ့ရောလို့ နောက်ကျိကျိဖြစ်နေတက်ပါတယ်။ဒါမယ့်အချိန်တော်တော်များများတော့ ရေကပြာနေတာပါ။ ရေပြာအိုင်လေးမှာ ဘောလေးစီး ရေလေးကူးပြီးတော့အပြန် ထုံးကျောက်လှိုင်ဂူဖြစ်တဲ့ ဒီးဒုတ်သဘာဝလှိုင်ဂူထဲကိုသွားပြီး ကျောက်စက်ပန်းဆွဲတွေ ၊ ကျောက်သားနံရံတွေ ကိုသွားလေ့လာလို့ရပါသေးတယ်။
(အဲ့လှိုင်ဂူက ဆယ်ထပ်ကနေ လမ်းခွဲသွားရပေမယ့် သိပ်မဝေးပါဘူး)။မရောက်ဖူးသေးရင် မြန်မာနိုင်ငံမှ ဒီးဒုတ်ရေပြာအိုင်ကလည်းသွားသင့်တဲ့နေရာတစ်ခုပါ။

အခုလို ခရီးတွေမသွားရတဲ့အချိန်လေးမှာ မြန်မာနိုင်ငံအနှံအပြားမှ နာမည်ကြီးစေတီပုထိုးများနှင့် နေရာဒေသများရဲ့ သမိုင်းခြင်းရာများကို လက်လှမ်းမီသလောက်တင်ပြပေးအုံးမှာပါ။ နောက်နေ့တွေမှာ တင်သမျှအကြောင်းတွေကိုသိရဖို့ Bhamo Thu Travel & Tours page လေးကို 👍 Like လေးလုပ်ထားပေးပါအုံးနော်။😘


** Bhamo Thu Travel & Tours **
☎️☎️ ၀၉ ၇၇၈၆၃၄၆၄၆ 🤙🤙
☎️☎️ ၀၉ ၄၅၃၁၇၅၀၈၄🤙🤙
☎️☎️ ၀၉ ၉၇၆၃၁၂၁၉၈ 🤙🤙
☎️☎️ ၀၁ ၃၅၅၁၅၃၁ 🤙🤙
📗📗 ပြည်တွင်းခရီးသွားလိုင်စင် အမှတ် - ခ-၂၂၃၉
📗📗 ပြည်ပခရီးသွားလိုင်စင် အမှတ် - ပခ ၀၄၇၈
🖨🖨 ရုံးလိပ်စာ - အမှတ် ၁၆၅ (A) / ရာဇသင်္ကြန် (၄) လမ်း / ၁၁ ရပ်ကွက် / တောင်ဥက္ကလာပမြို့နယ် / ရန်ကုန်မြို့

25/07/2020

မွန်ပြည်နယ် ရေးမြို့ အထင်ကရနေရာတခုဖြစ်တဲ့
ကြည်ညိုစရာ လေးမျက်နှာဘုရား🙏🙏🙏🙏🙏

Credit.....

22/07/2020

လကုန် ပိတ်ရက်လေးမှာ ပုဂံ ခရီးစဉ်လေး သွားချင်တဲ့ ဧည့်သည်တော်များ အတွက်
Bhamo Thu Travel&tour မှ အထူးအစီအစဉ် အနေဖြင့်

ရန်ကုန် - ပုပ္ပါး - ပုဂံ - စွယ်တော်လေးဆူ - ပြည့်ငါးပြည့် ခရီးစဉ် ( 1ညအိပ် 2ရက်ခရီး)

☘️တစ်ဦးလျှင် 70,000 ကျပ် ( ဟိုတယ်မှာ 1 ညအိပ် )
🌸၃ဦးနှင့်အထက်ဆိုလျှင် 65000 ကျပ်
🌸၅ဦးနှင့်အထက် ဆိုလျှင် 60000ကျပ် ဆိုပြီး
Special discount ပေးထားသေးတယ်နော်
#ဟိုတယ်မှာ 1 ညပဲ အိပ်ရလို့ စိတ်မပူနဲ့နော် 2 ရက် လုံးပုဂံမှာ အပြည့်လည်မှာဆိုတော့ ... ဘယ်လိုလဲ ??!
မြန်မြန် booking ယူမှ အဆင်ပြေမယ်နော် 😍🥰🥰
social distancing ဆိုတော့၂ခုံ ကို ၁ ယောက်တည်း ထိုင်ရမှာနော်😊

☘️ခရီးစဉ်ရက်စွဲ

👉 July 31ည အသွား-Aug 3ရက်နေ့ မနက်ပြန်ရောက် မှာပါနော်

☘️ ☘️ ☘️ Day 1

ည (၇) နာရီ ခန့်တွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာ မည် ဖြစ်ပြီး လမ်းတွင် ကျန်းမာရေးတွက် ရပ်နားပေးပါမည်။

☘️ ☘️ ☘️ Day 2

မိတ္ထီလာ ရပ်နား စခန်းတွင် ခေတ္တခဏနားပါမည်။ မနက်စာကို မနက် (၆)နာရီခန့်တွင် ပိုင်ထန်းတောတွင် စားသုံးပါမည်။ထို့နောက် Hotel သို့ Check in ၀င် ခေတ္တ အနားယူပြီး မနက်(၉)နာရီမှ စတင်၍
🌲 ဓမ္မရာဇကဘုရား (ပြည့်ငါးပြည့် ၂ ဆူ) ရှင်အစ္စဂေါန ၊ငှက်ပစ်တောင်
🌲 ၀က်ကြီးအင်းရွာ ဂူပြောက်ကြီးဘုရား
🌲 သာမနေသိမ် (ပြည့်ငါးပြည့် ၁ ဆူအပါအ၀င်)၊ မဟာဗောဓိ
🌲 ကန်တော့ပုလ္လင်၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရားများကို လည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာ သုံးဆောင်ကာ ညနေ ၄နာရီထိ ဘုရားဖူးမြော်လည်ပတ်ပြီးနောက် ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ အိပ်စက် အနားယူပါမည်။

☘️ ☘️ ☘️Day 3 ( စွယ်တော်လေးဆူ )

ဟိုတယ် မှ မနက် ( ၇နာရီ ) တွင် ဘူဖေးမနက်စာ သုံးဆောင်ပြီးနောက် မနက်(၉)မှစတင်ထွက်ပြီး ရွှေစည်းခုံ နှင့် လောကနန္ဒာ ဘုရားတို့ကို သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက် တူးရွင်းတောင်၊ တန့်ကြည်တောင် ဘုရားတို့ကို 12 နာရီ မတိုင်မီ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဟိုတယ် check out လုပ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက်
🌲 မြင်းကမ္ဘာဂူပြောက်ကြီးဘုရား ၊ မနူဟာ၊ မြစေတီ
🌲 ဓမ္မာရံကြီး၊ စူဌာမုဏိ၊ ပြဿဒ်ကြီး ၊ ရွှေဆံတော် ဘုရား သို့ ပို့ဆောင်ပြီး လက်ဆောင်များ ၀ယ်ယူရန် ပိုင် ထန်းတော သို့ ပို့ဆောင်ပေးပါမည်။
ထို့နောက် ညစာသုံးဆောင်ပြီး ရန်ကုန်သို့ထွက်ခွာလာပါမည်။

🌸covid ကာလအတွက်ကြောင့်မို့ မနက်၉ နာရီမှ ညနေ ၄နာရီ အထိသာ ဘုရားဖွင့်ထားသောကြောင့် ဘုရားဖူးခွင့်ရသော အချိန်နှင့် ယခု အချိန် ဖွင့်ထားပေးသော ဘုရားများအား ဘုရားဖူးများ စိတ်တိုင်းကျစေရန် လိုက်လံ ပို့ဆောင်ပေးပါမည်
ယခုအချိန်တွင် တချို့သော ဘုရားများမဖွင့်သေး၍ မရောက်ရှိပါက နားလည်ပေးစေရန် တောင်းပန်ထားအပ်ပါသည်
မိုးရာသီကာလလေးဆိုတော့ စိမ်းလန်းသာယာလှပပြီးအေးချမ်းတဲ့ခံစားမူကိုတော့ရရှိမှာအသေချာပဲပေါ့…
ဒီလိုအချိန်မှာဆို ခရီးသွားဧည့်သည် တွေနည်းတော့ အေးအေးဆေးဆေးလေးဘုရားဖူးပြီးဓာတ်ဖမ်းကြတာပေါ့..
ညဘက်ရောက်ရင်ကော်ဖီပူပူလေးသောက်ပြီးအေးမြတဲ့လေကိုခံစားပြီး လွမ်းကြတာပေါ့

ပါ၀င်သည့် ၀န်ဆောင်မှုများ
- Air Con Express ကားကြီးများ/ ၂ယောက် ခုံ မှာ ၁ယောက်ဘဲ ထိုင်ရမှာနော်
- ရေကူးကန်ပါ ကြယ်သုံးပွင့်အဆင့် ဟိုတယ်မှာ ( ၁ ညတာ ) တည်းခိုရင်း အနား ယူကြမယ်။
- မနက်စာ ဘူဖေး
- ရေသန့်ဘူး
- ဆေးသတ္တာ တို့ကို ခရီးစဉ် တလျောက် အသုံးပြုနိုင်ပါတယ်
- ခရီးစဉ် တလျှောက် လိုက်ပါ ၀န်ဆောင်မှုပေးမည့် Tour Leader
- ခရီးစဉ် တလျှောက် သမိုင်းကြောင်းများကို ရှင်းပြပေးမည့် Tour Guide များ ပါပါတယ်နော်
🌸🌸🌸🌸🌸🌸🌸🌸🌸

(ထမင်း ၃နပ်)လည်း စားသောက်၍ အဆင်ပြေမည့်ဆိုင်များတွင် ရပ်နားပေးရန်စီစဉ်ပေးထားပါတယ်နော်
ဆက်သွယ်ပေးရမည့် နံပါတ်များကတော့
** Bhamo Thu Travel & Tours **
☎️☎️ ၀၉ ၇၇၈၆၃၄၆၄၆ 🤙🤙
☎️☎️ ၀၉ ၄၅၃၁၇၅၀၈၄🤙🤙
☎️☎️ ၀၉ ၉၇၆၃၁၂၁၉၈ 🤙🤙
☎️☎️ ၀၁ ၃၅၅၁၅၃၁ 🤙🤙
📗📗 ပြည်တွင်းခရီးသွားလိုင်စင် အမှတ် - ခ-၂၂၃၉
📗📗 ပြည်ပခရီးသွားလိုင်စင် အမှတ် - ပခ ၀၄၇၈
🖨🖨 ရုံးလိပ်စာ - အမှတ် ၁၆၅ (A) / ရာဇသင်္ကြန် (၄) လမ်း / ၁၁ ရပ်ကွက် / တောင်ဥက္ကလာပမြို့နယ် / ရန်ကုန်မြို့

20/07/2020

ပုဂံ (၂)ရက်ခရီးစဉ်လေးကို လိုက်ပါပေးခဲ့တဲ့
မိတ်ဆွေများတစ်ယောက်ချင်းစီတိုင်းကို
Bhamo Thu Travel&tour မှ
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🏻🙏🏻🙏🏻
နောက်ခရီးစဉ်များတွင်လည်း ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်နော် 🌺🌺
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ🌸🌸🌸

19/07/2020

Bhamo Thu Travel&tour မှ July လအတွက် အမှတ်တရ ပုဂံခရီးစဉ်လေးတစ်ခု💐💐💐
အားလုံးပျော်ရွှင်ကြလို့
ကျေးဇူးတင် ဝမ်းသာရပါတယ်လို့ ☺️🥰

19/07/2020

ပိုင်ထန်းတောမှာ စားသောက်ပြီး အနားယူနေပြီ

13/07/2020

Bhamo Thu Travel&tour ကနေ စီစဉ်ပေးတဲ့
၇သောင်းထဲနဲ့ ပုဂံမှာ အဲ့လိုHotel ကြီးတွေမှာတည်းရမှာ ယုံတောင်မယုံနိုင်ဘူးတဲ့.........🆗🆗🆗

သိချင်လိုက်ခဲ့လိုက်တော့........၁၇ရက်နေ့မှာ❤❤ ဘယ်လိုလန်းနေမလဲ စောင့်ကြည့်ပါဦး❤❤

ကားခ + Hotel ခ + Guide + Photo Service ပါအပြီး.....
စားဖို့သောက်ဖို့ တစ်ယောက်စာ ၁သောင်းခွဲ ၂သောင်းပါရင် အိုကေနေ ပြီနော်.........

ခုချက်ချင်း Hello လိုက်တော့နော်

☎️ 09778634646

11/07/2020

ရန်ကုန်- ပြည်လမ်းမပေါ် မင်းလှ နားကဆိုင်လေးတွေ သဘောကျလိုက်တာ.. 💚

လယ်ကွင်းတွေဘေးမှာ ခင်းထားတဲ့ဆိုင်လေးတွေ.. စျေးကလဲ ချို နေရော ဗုံလုံသီး အစည်းလိုက်ကြီးမှ တစ်စည်း ၁ ထောင်တဲ့ ၂ စီးကို ၁၅၀၀ တဲ့ လူတစ်ရပ်လောက်က်ြီးတွေပဲ.. ခဝဲသီးတွေ အတောင့်အရှည်ကြီးမှ ၂၀၀ တဲ့ ၃ တောင့် ၅၀၀ ကိုထပ်လျော့ပေးအုန်းမယ်ဆိုလို့ မလျော့ပါနဲ့ မဝယ်နိုင်တော့ဘူးပြောယူရတယ်.. အဲ့ဒီနား ရွာအခင်းတွေကရောင်းတာတဲ့.. ဆိုင်ပေါင်း ၃၀ နီးပါးလောက်ရှိမယ်.. ကိုယ်ကတော့ သူတို့ သပ်သပ်ရပ်ရပ်ခင်းထားပုံလေးတွေ ကြိုက်လို့ အားလဲပေးရင်း ဓါတ်ပုံတွေရိုက်ခဲ့တာ.. နောက်ကလယ်ကွင်းစိမ်းစိမ်းတွေနဲ့ အရမ်းလှနေရောပဲ..

မြန်မာပြည်ထဲ မိုးရာသီမှာ ခရီးသွားရတာကောင်းလိုက်တာနော်.. 💚💚🌱🍃☘️🌴
I love traveling

05/07/2020

အားလုံးအတွက် Bhamo Thu မှ ပုဂံအထူးအစဉ်လေးနော် 😍

ပုဂံ ခရီးစဉ်လေး သွားချင်တဲ့ ဧည့်သည်တော်များ အတွက်
Bhamo Thu Travel&tour မှ အထူးအစီအစဉ် အနေဖြင့်

ရန်ကုန် - ပုပ္ပါး - ပုဂံ - စွယ်တော်လေးဆူ - ပြည့်ငါးပြည့် ခရီးစဉ် ( 1ညအိပ် 2ရက်ခရီး)

☘️တစ်ဦးလျှင် 70,000 ကျပ် ( ဟိုတယ်မှာ 1 ညအိပ် )

#ဟိုတယ်မှာ 1 ညပဲ အိပ်ရလို့ စိတ်မပူနဲ့နော် 2 ရက် လုံးပုဂံမှာ အပြည့်လည်မှာဆိုတော့ ... ဘယ်လိုလဲ ??!
မြန်မြန် booking ယူမှ အဆင်ပြေမယ်နော် 😍🥰🥰
social distancing ဆိုတော့၂ခုံ ကို ၁ ယောက်တည်း ထိုင်ရမှာနော်😊

☘️ခရီးစဉ်ရက်စွဲ

👉 July 17ည အသွား - July 19 ညပြန်ရောက် မှာပါနော်

☘️ ☘️ ☘️ Day 1

ည (၇) နာရီ ခန့်တွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာ မည် ဖြစ်ပြီး လမ်းတွင် ကျန်းမာရေးတွက် ရပ်နားပေးပါမည်။

☘️ ☘️ ☘️ Day 2

မိတ္ထီလာ ရပ်နား စခန်းတွင် ခေတ္တခဏနားပါမည်။ မနက်စာ သုံးဆောင်ပြီး ပုပ္ပါး တောင်ကလပ် ဘုရားသို့ သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက် Hotel သို့ Check in ၀င်မည်ဖြစ်ပါသည်။ ဟိုတယ်တွင် ခေတ္တ အနားယူပြီး နေ့လည်စာ သုံးဆောင်ကာ နေ့လည် (၂) နာရီမှ စတင်ပြီး
🌲 ဓမ္မရာဇကဘုရား (ပြည့်ငါးပြည့် ၂ ဆူ) ရှင်အစ္စဂေါန ၊ငှက်ပစ်တောင်
🌲 ၀က်ကြီးအင်းရွာ ဂူပြောက်ကြီးဘုရား
🌲 သာမနေသိမ် (ပြည့်ငါးပြည့် ၁ ဆူအပါအ၀င်)၊ မဟာဗောဓိ
🌲 ကန်တော့ပုလ္လင်၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရားများကို လည်ပတ်ပါမည်။ ထို့နောက် ညနေစာ သုံးဆောင်ကာ ဟိုတယ်သို့ အိပ်စက် အနားယူပါမည်။

☘️ ☘️ ☘️Day 3 ( စွယ်တော်လေးဆူ )

ဟိုတယ် မှ မနက် ( ၇နာရီ ) တွင် စတင်ထွက်ပြီး ရွှေစည်းခုံ နှင့် လောကနန္ဒာ ဘုရားတို့ကို သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက် ဟိုတယ်တွင် မနက်စာ သွားရောက် သုံးဆောင်ပြီး တူးရွင်းတောင်၊ တန့်ကြည်တောင် ဘုရားတို့ကို 12 နာရီ မတိုင်မီ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဟိုတယ် check out လုပ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက်
🌲 မြင်းကမ္ဘာဂူပြောက်ကြီးဘုရား ၊ မနူဟာ၊ မြစေတီ
🌲 ဓမ္မာရံကြီး၊ စူဌာမုဏိ၊ ပြဿဒ်ကြီး ၊ ရွှေဆံတော် ဘုရား သို့ ပို့ဆောင်ပြီး လက်ဆောင်များ ၀ယ်ယူရန် ပိုင် ထန်းတော သို့ ပို့ဆောင်ပေးပါမည်။
ထို့နောက် ညစာသုံးဆောင်ပြီး ရန်ကုန်သို့ထွက်ခွာလာပါမည်။

🌸covid ကာလအတွက်ကြောင့်မို့ မနက်၉ နာရီမှ ညနေ ၄နာရီ အထိသာ ဘုရားဖွင့်ထားသောကြောင့် ဘုရားဖူးခွင့်ရသော အချိန်နှင့် ယခု အချိန် ဖွင့်ထားပေးသော ဘုရားများအား ဘုရားဖူးများ စိတ်တိုင်းကျစေရန် လိုက်လံ ပို့ဆောင်ပေးပါမည်
ယခုအချိန်တွင် တချို့သော ဘုရားများမဖွင့်သေး၍ မရောက်ရှိပါက နားလည်ပေးစေရန် တောင်းပန်ထားအပ်ပါသည်
မိုးရာသီကာလလေးဆိုတော့ စိမ်းလန်းသာယာလှပပြီးအေးချမ်းတဲ့ခံစားမူကိုတော့ရရှိမှာအသေချာပဲပေါ့…
ဒီလိုအချိန်မှာဆို ခရီးသွားဧည့်သည် တွေနည်းတော့ အေးအေးဆေးဆေးလေးဘုရားဖူးပြီးဓာတ်ဖမ်းကြတာပေါ့..
ညဘက်ရောက်ရင်ကော်ဖီပူပူလေးသောက်ပြီးအေးမြတဲ့လေကိုခံစားပြီး လွမ်းကြတာပေါ့

ပါ၀င်သည့် ၀န်ဆောင်မှုများ
- Air Con Express ကားကြီးများ/ ၂ယောက် ခုံ မှာ ၁ယောက်ဘဲ ထိုင်ရမှာနော်
- ရေကူးကန်ပါ ကြယ်သုံးပွင့်အဆင့် ဟိုတယ်မှာ ( ၁ ညတာ ) တည်းခိုရင်း အနား ယူကြမယ်။
- မနက်စာ ဘူဖေး
- ရေသန့်ဘူး
- ဆေးသတ္တာ တို့ကို ခရီးစဉ် တလျောက် အသုံးပြုနိုင်ပါတယ်
- ခရီးစဉ် တလျှောက် လိုက်ပါ ၀န်ဆောင်မှုပေးမည့် Tour Leader
- ခရီးစဉ် တလျှောက် သမိုင်းကြောင်းများကို ရှင်းပြပေးမည့် Tour Guide များ ပါပါတယ်နော်
🌸🌸🌸🌸🌸🌸🌸🌸🌸

ရေကူးကန်မပါ Hotel Package - 75,000 ks (ထမင်း ၃နပ်)လည်း စီစဉ်ပေးထားပါသေးတယ်နော် 😍😍😍

ကြိုက်နှစ်သက်ရာ package ကို ရွေးချယ်ပြီး ဆက်သွယ်ပေးရမည့်
နံပါတ်များကတော့
** Bhamo Thu Travel & Tours **
☎️☎️ ၀၉ ၇၇၈၆၃၄၆၄၆ 🤙🤙
☎️☎️ ၀၉ ၄၅၃၁၇၅၀၈၄🤙🤙
☎️☎️ ၀၉ ၉၇၆၃၁၂၁၉၈ 🤙🤙
☎️☎️ ၀၁ ၃၅၅၁၅၃၁ 🤙🤙
📗📗 ပြည်တွင်းခရီးသွားလိုင်စင် အမှတ် - ခ-၂၂၃၉
📗📗 ပြည်ပခရီးသွားလိုင်စင် အမှတ် - ပခ ၀၄၇၈
🖨🖨 ရုံးလိပ်စာ - အမှတ် ၁၆၅ (A) / ရာဇသင်္ကြန် (၄) လမ်း / ၁၁ ရပ်ကွက် / တောင်ဥက္ကလာပမြို့နယ် / ရန်ကုန်မြို့

05/07/2020

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်မှု စနေ/တနင်္ဂနွေရက်များ တွင်(၁၂၀၀)ထိ ဘုရားဖူးလာရောက်မှုရှိလာ
=======================

ညောင်ဦး ဇူလိုင် ၄

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကိုဗစ်-၁၉ ရောဂါစတင်ကာ ကွယ်ထိန်းချုပ်ချိန်မှစတင်ကာ လာရောက်လည်ပတ်သည့်ဘုရားဖူးဧည့်သည် မရှိခဲ့ရာမှ ယခု ရက်ပိုင်းအတွင်းတစ်ရက်လျှင် ပျှမ်းမျှ ၄၅၀ဦးခန့်ဝင်ရောက်ဖူးမျှော်လာ ကြောင်း ရွှေစည်းခုံဘု ရား ဂေါပကအဖွဲ့ထံကသိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၊ (ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်)သည် ဆယ်နှစ်ရာသီကာလပတ်လုံး ပြည်တွင်းပြည်ပခရီးသွားများ အမြဲမပြတ်ရှိခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင် ကိုဗစ်-၁၉ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု ဇုန်ရှိ စေတီ၊ ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများ လာရောက် လည်ပတ်ခွင့်၊ ဖူးမျှော်ခွင့်များ ပိတ်ထားခဲ့ရာမှ ယခုအခါ ညောင်ဦးမြို့နယ် ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ဘုရားများဖူး ဖူးမျှော်ခွင့်အား နံနက် ၉နာရီမှ ညန ၄နာရီအထိ ဖူးမျှော်ခွင့် ပေးထားရာ ဘုရားဖူးများသာမာန် ရက် တနင်္လာနေ့မှသောကြာနေ့များတွင် ဘုရားဖူးဧည့်သည် (ပြည်တွင်း) ၄၅၀ဦးခန့်ပုံမှန် လာရောက်ဖူးမျှော်ကြပြီး၊ စနေ၊တနင်္ဂနွေ ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ(၁၂၀၀)ဦးကျော် လာရောက်နေကြောင်း သိရသည်။

ပြည်တွင်းဘုရားဖူးဧည့်သည်အများစုက ပုဂံ-ညောင်ဦးဒေသရဲ့ သမိုင်းဝင်၊အထင်ကရ ဘုရားများ ဖြစ်ကြသည့် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာ စွယ်တော် ဘုရား၊ အလိုတော်ပြည့်ဘုရား၊ဓမ္မရာဇကဘုရားနှင့် သဗ္ဗညုဘုရားများသာဘုရားဖူးလာရောက်မှု စနေ၊တနင်္ဂနွေရက်များတွင် ဘုရားဖူးလာဦးရေ (၁၀၀၀)ကျော်လာရောက်ကြကြောင်း၊သမိုင်းဝင်၊အထင်ကရဘုရားများသို့ဘုရားဖူးဝင်ရောက် ရာတွင်လည်း ဘုရားဝင်းအတွင်း မဝင်မီ Mask တပ်ဆင်၍ဝင်ရခြင်း၊ လက်ဆေးဇလုံများ၊စင် များတွင်လက်ဆေးစေခြင်း၊ ဘုရားဖူးလာရောက်သည့် ဒေသနှင့်နေရပ်လိပ်စာအပြည့်အစုံ၊ ဖုံး နံပါတ်တို့အားစာရင်းကောက်ယူ မှတ်တမ်းထားရှိကြောင်း ထီးလိုမင်းလို ဘုရားဂေါပက အတွင်းရေးမှူး ဦးတင်လှဦးကရှင်းပြ၍သိရကာ ဘုရားဖူးလာဧည့်သည်များ စနေ၊တနင်္ဂနွေနေ့မှကျန် ရက်များတွင် တစ်ရက် (၄၅၀)ဦးခန့်လာရောက်ကြပြီး စနေ၊တနင်္ဂနွေရက်တို့တွင် တရက် (၁၂၀၀)ကျော်ထိ ဘုရားဖူး လာရောက်လျှက်ရှိကြောင်းသိရသည်။

ကိုထိန်၊KPD
#မန္တလေးတိုင်းဒေသကြီး #ညောင်ဦးမြို့
Travelling Media

02/07/2020

ပုဂံ ခရီးစဉ်လေး သွားချင်တဲ့ ဧည့်သည်တော်များ အတွက်
Bhamo Thu Travel&tour မှ အထူးအစီအစဉ် အနေဖြင့်

ရန်ကုန် - ပုပ္ပါး - ပုဂံ - စွယ်တော်လေးဆူ - ပြည့်ငါးပြည့် ခရီးစဉ် ( 1ညအိပ် 2ရက်ခရီး)

☘️တစ်ဦးလျှင် 70,000 ကျပ် ( ဟိုတယ်မှာ 1 ညအိပ် )

#ဟိုတယ်မှာ 1 ညပဲ အိပ်ရလို့ စိတ်မပူနဲ့နော် 2 ရက် လုံးပုဂံမှာ အပြည့်လည်မှာဆိုတော့ ... ဘယ်လိုလဲ ??!
မြန်မြန် booking ယူမှ အဆင်ပြေမယ်နော် 😍🥰🥰
social distancing ဆိုတော့၂ခုံ ကို ၁ ယောက်တည်း ထိုင်ရမှာနော်😊

☘️ခရီးစဉ်ရက်စွဲ

👉 July 17ည အသွား - July 19 ညပြန်ရောက် မှာပါနော်

☘️ ☘️ ☘️ Day 1

ည (၇) နာရီ ခန့်တွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာ မည် ဖြစ်ပြီး လမ်းတွင် ကျန်းမာရေးတွက် ရပ်နားပေးပါမည်။

☘️ ☘️ ☘️ Day 2

မိတ္ထီလာ ရပ်နား စခန်းတွင် ခေတ္တခဏနားပါမည်။ မနက်စာ သုံးဆောင်ပြီး ပုပ္ပါး တောင်ကလပ် ဘုရားသို့ သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက် Hotel သို့ Check in ၀င်မည်ဖြစ်ပါသည်။ ဟိုတယ်တွင် ခေတ္တ အနားယူပြီး နေ့လည်စာ သုံးဆောင်ကာ နေ့လည် (၂) နာရီမှ စတင်ပြီး
🌲 ဓမ္မရာဇကဘုရား (ပြည့်ငါးပြည့် ၂ ဆူ) ရှင်အစ္စဂေါန ၊ငှက်ပစ်တောင်
🌲 ၀က်ကြီးအင်းရွာ ဂူပြောက်ကြီးဘုရား
🌲 သာမနေသိမ် (ပြည့်ငါးပြည့် ၁ ဆူအပါအ၀င်)၊ မဟာဗောဓိ
🌲 ကန်တော့ပုလ္လင်၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရားများကို လည်ပတ်ပါမည်။ ထို့နောက် ညနေစာ သုံးဆောင်ကာ ဟိုတယ်သို့ အိပ်စက် အနားယူပါမည်။

☘️ ☘️ ☘️Day 3 ( စွယ်တော်လေးဆူ )

ဟိုတယ် မှ မနက် ( ၇နာရီ ) တွင် စတင်ထွက်ပြီး ရွှေစည်းခုံ နှင့် လောကနန္ဒာ ဘုရားတို့ကို သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက် ဟိုတယ်တွင် မနက်စာ သွားရောက် သုံးဆောင်ပြီး တူးရွင်းတောင်၊ တန့်ကြည်တောင် ဘုရားတို့ကို 12 နာရီ မတိုင်မီ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဟိုတယ် check out လုပ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက်
🌲 မြင်းကမ္ဘာဂူပြောက်ကြီးဘုရား ၊ မနူဟာ၊ မြစေတီ
🌲 ဓမ္မာရံကြီး၊ စူဌာမုဏိ၊ ပြဿဒ်ကြီး ၊ ရွှေဆံတော် ဘုရား သို့ ပို့ဆောင်ပြီး လက်ဆောင်များ ၀ယ်ယူရန် ပိုင် ထန်းတော သို့ ပို့ဆောင်ပေးပါမည်။
ထို့နောက် ညစာသုံးဆောင်ပြီး ရန်ကုန်သို့ထွက်ခွာလာပါမည်။

🌸covid ကာလအတွက်ကြောင့်မို့ မနက်၉ နာရီမှ ညနေ ၄နာရီ အထိသာ ဘုရားဖွင့်ထားသောကြောင့် ဘုရားဖူးခွင့်ရသော အချိန်နှင့် ယခု အချိန် ဖွင့်ထားပေးသော ဘုရားများအား ဘုရားဖူးများ စိတ်တိုင်းကျစေရန် လိုက်လံ ပို့ဆောင်ပေးပါမည်
ယခုအချိန်တွင် တချို့သော ဘုရားများမဖွင့်သေး၍ မရောက်ရှိပါက နားလည်ပေးစေရန် တောင်းပန်ထားအပ်ပါသည်
မိုးရာသီကာလလေးဆိုတော့ စိမ်းလန်းသာယာလှပပြီးအေးချမ်းတဲ့ခံစားမူကိုတော့ရရှိမှာအသေချာပဲပေါ့…
ဒီလိုအချိန်မှာဆို ခရီးသွားဧည့်သည် တွေနည်းတော့ အေးအေးဆေးဆေးလေးဘုရားဖူးပြီးဓာတ်ဖမ်းကြတာပေါ့..
ညဘက်ရောက်ရင်ကော်ဖီပူပူလေးသောက်ပြီးအေးမြတဲ့လေကိုခံစားပြီး လွမ်းကြတာပေါ့

ပါ၀င်သည့် ၀န်ဆောင်မှုများ
- Air Con Express ကားကြီးများ/ ၂ယောက် ခုံ မှာ ၁ယောက်ဘဲ ထိုင်ရမှာနော်
- ရေကူးကန်ပါ ကြယ်သုံးပွင့်အဆင့် ဟိုတယ်မှာ ( ၁ ညတာ ) တည်းခိုရင်း အနား ယူကြမယ်။
- မနက်စာ ဘူဖေး
- ရေသန့်ဘူး
- ဆေးသတ္တာ တို့ကို ခရီးစဉ် တလျောက် အသုံးပြုနိုင်ပါတယ်
- ခရီးစဉ် တလျှောက် လိုက်ပါ ၀န်ဆောင်မှုပေးမည့် Tour Leader
- ခရီးစဉ် တလျှောက် သမိုင်းကြောင်းများကို ရှင်းပြပေးမည့် Tour Guide များ ပါပါတယ်နော်
🌸🌸🌸🌸🌸🌸🌸🌸🌸

ရေကူးကန်မပါ Hotel Package - 75,000 ks (ထမင်း ၃နပ်)လည်း စီစဉ်ပေးထားပါသေးတယ်နော် 😍😍😍

ကြိုက်နှစ်သက်ရာ package ကို ရွေးချယ်ပြီး ဆက်သွယ်ပေးရမည့်
နံပါတ်များကတော့
** Bhamo Thu Travel & Tours **
☎️☎️ ၀၉ ၇၇၈၆၃၄၆၄၆ 🤙🤙
☎️☎️ ၀၉ ၄၅၃၁၇၅၀၈၄🤙🤙
☎️☎️ ၀၉ ၉၇၆၃၁၂၁၉၈ 🤙🤙
☎️☎️ ၀၁ ၃၅၅၁၅၃၁ 🤙🤙
📗📗 ပြည်တွင်းခရီးသွားလိုင်စင် အမှတ် - ခ-၂၂၃၉
📗📗 ပြည်ပခရီးသွားလိုင်စင် အမှတ် - ပခ ၀၄၇၈
🖨🖨 ရုံးလိပ်စာ - အမှတ် ၁၆၅ (A) / ရာဇသင်္ကြန် (၄) လမ်း / ၁၁ ရပ်ကွက် / တောင်ဥက္ကလာပမြို့နယ် / ရန်ကုန်မြို့

01/07/2020

အားလုံး မင်္ဂလာပါ..☺️
ပုဂံဘုရားတွေပြန်ဖွင့်တော့မယ်ဆိုတော့ ပုဂံသွားလည်ဖြစ်ရင် ဒီ ၁၀ ချက်ကို မဖြစ်မနေလုပ်ကြရအောင်..💞
(၁) “ထုမှာဓမ္မရံ၊ အမြင့်မှာသ‌ဗ္ဗေညု၊ အနုမှာအာနန္ဒာ၊ တန်ခိုးမှာရွှေစည်းခုံ” ဆိုတဲ့ နာမည်ကြီး ဘုရားလေးဆူကို သွားရောက်ဖူးမြော်ကြမယ်..
(၂) စွယ်တော်လေးဆူကို နေ့လည် ၁၂ နာရီမတိုင်ခင်ဖူးမြော်နိုင်ရင်လည်း ဆုတောင်းပြည့်တယ်လို့ ကြားဖူးလို့ အမီဖူးပြီး ဆုတောင်းကြမယ်..
(၃) Ebike ဒါမှမဟုတ် မြင်းလှည်းလေးစီးပြီး ပုဂံတစ်ခွင် လျှောက်လည်ကြမယ်..
(၄) ပုဂံနန်းတော်သစ်မှာ ပုဂံခေတ်ဝတ်စုံတွေကို ငှားပြီး ဓါတ်ပုံလေးတွေ ရိုက်ကြမယ်..
(၅) လောကနန္ဒာမှာ နွားနို့နဲ့ ထမင်းဆီဆမ်း၊ အကြော်လေးတွေကို နံနက်စာစားကြမယ်..
(၆) ပုဂံထန်းတောတွေထဲမှာ ထန်းရည် အဝသောက်ကြမယ်..
(၇) ပုဂံရဲ့ နေထွက်ချိန်နဲ့နေဝင်ချိန်ကို ခံစားကြည့်ရှုတာကတော့ မပါမဖြစ်ပါပဲနော်..
(၈) တတ်နိုင်ရင်တော့ Ballon စီးပြီး ကောင်းကင်ပေါ်ကနေ ပုဂံမြို့ရဲ့ အလှကို ကြည့်ရှုခံစားကြမယ်..
(၉) အိမ်ပြန်လက်ဆောင်အနေနဲ့ ပုန်းရည်ကြီးနဲ့ ယွန်းထည်ပစ္စည်းတွေ ဝယ်သွားကြမယ်..
(၁၀) အချိန်ရရင် ပုပ္ပါးတောင်ကိုလည်း သွားလည်ကြမယ်..
ပုဂံရောက်ဖူးတဲ့သူတွေ ခုအချက်တွေထဲက ဘယ်နှစ်ခုလောက်လုပ်ဖူးကြလဲ??
ထပ်ဖြည့်စရာတွေရှိရင် ဖြည့်ပေးသွားလို့ရပါတယ်..
ပုဂံအကြောင်းကို ပြည့်ပြည့်စုံစုံ ထပ်သိချင်တယ်ဆိုရင်တော့ https://tourism.gov.mm/mm/bagan/ မှာ အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်..🤩

28/06/2020

🔴အထူးသီးသန့်ခရီးစဉ်များ🔴

💁‍♂️ ဘာတွေထူးတာလဲ❓

🙋‍♀️ ၂ ယောက်တည်း နဲ့သီးသန့်သွားနိုင်အောင်စီစဉ်ပေးထားလို့ social distancing အတွက်လည်းအဆင်ပြေတာပေါ့နော်☺️☺️

🧏‍♂️ စျေးနှုန်းကရော❓

🧏‍♀️ ကိုယ်သွားချင်တဲ့နေရာ၊ သွားမယ့်လူဦးရေ၊နေချင်တဲ့ဟိုတယ်အမျိုးအစားပေါ်မူတည်ပြီးသေချာလေးညှိပြီးတွက်ပေးလို့ စျေးများမှာလုံးဝမပူရဘူးပေါ့နော်✌️✌️

💁‍♂️ အခု...ဘယ်တွေသွားလို့ရမလဲ❓

💁‍♀️အောက်ကနေရာတွေအကုန်သွားလို့ရနေပါပြီရှင့်👌👌

🌸 မန္တလေး- မင်းကွန်း- စစ်ကိုင်း - အင်းဝ
🌼မန္တလေး- ပြင်ဦးလွင်
🌸ပုဂံ-ပုပ်ပါး
🌼ကလော- ပင်းတယ- အင်းလေး- တောင်ကြီး
🌸 ဘားအံ-တောင်ဝိုင်း
🌼မော်လမြိုင်- ကျိုက္ခမီ- စက်စဲ
🌸နေပြည်တော်
🌼 တောင်ငူ-သံတောင်ကြီး-ပသီချောင်း
🌸လွိုင်ကော်- ဒီမောဆို
🌼ထားဝယ်- မောင်းမကန်
🌸ကော့သောင်း
🌼ချင်း- ကန်ပက်လက်
🌸မြစ်ကြီးနား- မြစ်ဆုံ-အင်းတော်ကြီးအိုင်
🌼ပူတာအို - မချမ်းဘော

‼️Beach တွေတော့မဖွင့်သေးဘူးနော်😔😔

💠စိတ်ချမ်းသာစွာအပန်းဖြေဖို့ Bhamo Thu Travel&tour နဲ့ခရီးထွက်ကြစို့ 💠

-------------[ 📬 Contact Us ]------------
** Bhamo Thu Travel & Tours **
☎️☎️ ၀၉ ၇၇၈၆၃၄၆၄၆ 🤙🤙
☎️☎️ ၀၉ ၄၅၃၁၇၅၀၈၄🤙🤙
☎️☎️ ၀၉ ၉၇၆၃၁၂၁၉၈ 🤙🤙
☎️☎️ ၀၁ ၃၅၅၁၅၃၁ 🤙🤙
📗📗 ပြည်တွင်းခရီးသွားလိုင်စင် အမှတ် - ခ-၂၂၃၉
📗📗 ပြည်ပခရီးသွားလိုင်စင် အမှတ် - ပခ ၀၄၇၈
🖨🖨 ရုံးလိပ်စာ - အမှတ် ၁၆၅ (A) / ရာဇသင်္ကြန် (၄) လမ်း / ၁၁ ရပ်ကွက် / တောင်ဥက္ကလာပမြို့နယ် / ရန်ကုန်မြို့

28/06/2020

🥰

ကရင်ပြည်နယ်အတွင်းက ဂူကြီး(၁၀)ဂူ အကြောင်းကိုတစ်ပုံ
ချင်းထောက်ကာစာဖတ်ရှု့နိုင်ပါသည်။
၁။ ဘုရင်ညီဂူ
၂။ ရသေ့ပျံဂူ
၃။ ကော့ဂွန်းဂူ
၄။ ဆဒ္ဒန်ဂူ
၅။ ဝဲပျံဂူ
၆။ လှိုင်ကော့ဖျားဂူ
၇။ ကော့ကသောင်ဂူ
၈။ ပဒုံဂူ
၉။ လင်းနို့ဂူ
၁၀။သာယာရွှေဂူ

မူရင်းတင်ဆက်သူများအားလုံးကိုcreditပေးပါတယ်။
Credit - Uploaders

Address

No. 165 (A), Ground Floor, Yarza Thingyan (4) Street, 11th Ward, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959976312198

Alerts

Be the first to know and let us send you an email when Bhamo Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category