Talent Myanmar Travels & Tours

Talent Myanmar Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Talent Myanmar Travels & Tours, Tour guide, Yangon.
(1)

08/11/2019

Welcome to Myanmar
🇲🇲

03/04/2019
😍 AIR KBZ   Promotion 😍Promotion ကလဲ All Sector ကို Up to 20% Discount ပေးမှာနော်။Sales Promotion လေးကတော့ ဒီအပတ် Friday...
16/03/2019

😍 AIR KBZ Promotion 😍

Promotion ကလဲ All Sector ကို Up to 20% Discount ပေးမှာနော်။

Sales Promotion လေးကတော့ ဒီအပတ် Friday, Saturday and Sunday ပဲဖြစ်လို့အခွင့်အရေးလေးလက်မလွှတ်လိုက်ရလေအောင် ယခုပဲ Booking တင်လိုက်တော့နော်။

နိုင်ငံခြား သွားပါ...ပတ်ဝန်းကျင်ကို ရှုမြင်ပုံ ကွဲပြားလာပါလိမ့်မယ်...နိုင်ငံခြား သွားပါ...အရေးမကြီးတာနဲ့ အရေးကြီးတာကို ခွ...
31/01/2019

နိုင်ငံခြား သွားပါ...
ပတ်ဝန်းကျင်ကို ရှုမြင်ပုံ ကွဲပြားလာပါလိမ့်မယ်...

နိုင်ငံခြား သွားပါ...
အရေးမကြီးတာနဲ့ အရေးကြီးတာကို ခွဲခြားတတ်လာလိမ့်မယ်...

နိုင်ငံခြားသွားပါ...
အဟောင်းအညစ်တွေကို အကောင်းအသစ်တွေနဲ့ အစားထိုးချင်စိတ် ပေါ်လာပါလိမ့်မယ်...

နိုင်ငံခြားသွားပါ...
လူကို လူလို့ မြင်တတ်လာလိမ့်မယ်...

နိုင်ငံခြားသွားပါ...
အချိန်ကို စီမံခန့်ခွဲတတ်လာမယ်...

နိုင်ငံခြားသွားပါ...
လုပ်အားတန်ဖိုး ချစ်မြတ်နိုးလာလိမ့်မယ်...

နိုင်ငံခြားသွားပါ...
အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ငွေကို တန်ဖိုးထားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
အချိန်ကို လေးစားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ကိုယ့်အားကိုယ်ကိုး တတ်လာမယ်...

နိုင်ငံခြားသွားပါ...
ရဲရင့်ခြင်းရဲ့အရသာကို ခံစားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလာမယ်...

နိုင်ငံခြားသွားပါ...
ပတ်ဝန်းကျင် လေ့လာမှုအား ပိုကောင်းလာမယ်...

နိုင်ငံခြားသွားပါ...
အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်...

နိုင်ငံခြားသွားပါ...
မျက်နှာလေး မြင်ရရုံနဲ့ ချစ်တတ်လာမယ်...

နိုင်ငံခြားသွားပါ...
အသံကြားရုံနဲ့ သနားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
အတွေ့မပါ...အငွေ့လောက်နဲ့သာ ကျေနပ်တတ်လာမယ်...

နိုင်ငံခြားသွားပါ...
မြန်မာ့ယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
မြန်မာ့အစားအစာတွေကို ပိုခံတွင်းတွေ့လာမယ်...

နိုင်ငံခြားသွားပါ...
သည်းခံခြင်းတရား ကြီးမားလာမယ်...

နိုင်ငံခြားသွားပါ...
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်...

နိုင်ငံခြားသွားပါ...
မိတ်ဆွေနဲ့ရန်သူကို ခွဲခြားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်...

နိုင်ငံခြားသွားပါ...
မြန်မာမလေးတွေ ပိုလှတယ်လို့ တွေးမိလာမယ်...

နိုင်ငံခြားသွားပါ...
ပညာရဲ့အရေးပါမှုကို ပိုသိလာမယ်...

နိုင်ငံခြားသွားပါ...
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ သဘောပေါက်လာမယ်...

နိုင်ငံခြားသွားပါ...
မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်...

နိုင်ငံခြားသွားပါ...
နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့စကားလုံးကို နားလည်လာမယ်...

နိုင်ငံခြားသွားပါ...
ကမ္ဘာမှာ မြန်မာဟာ ဘာမှမဟုတ်ပါဘူးဆိုတာကို သိလာမယ်...

နိုင်ငံခြားသွားပါ...
နိုင်ငံခြားသွားပါ...
နိုင်ငံခြားသွားပါ...
Credit Pyi Soe

20/12/2018
20/12/2018
သတိပြုပါ - ဒီဇင်ဘာ ၂၄ ရက် နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့ များတွင် အမေရိကန်သံရုံးကောင်စစ်ဌာန၏ ပုံမှန်ဝန်ဆောင်မှုများပိတ်မည်ဖြစ်ပါ...
20/12/2018

သတိပြုပါ - ဒီဇင်ဘာ ၂၄ ရက် နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့ များတွင် အမေရိကန်သံရုံးကောင်စစ်ဌာန၏ ပုံမှန်ဝန်ဆောင်မှုများပိတ်မည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၄ ရက် နှင့် ဒီဇင်ဘာ ၂၅ ရက် နေ့ များတွင် စာရွက်စာတမ်းတင်ခြင်း နှင့်ဗီဇာထုတ်ယူခြင်း အပါအဝင် ကောင်စစ်ဌာန၏ ပုံမှန်ဝန်ဆောင်မှုများအားလုံး ပိတ်မည်ဖြစ်ပါသည်။ အမေရိကန်သံရုံး ကောင်စစ်ဌာန၏ ဝန်ဆောင်မှုများကို ဒီဇင်ဘာ ၂၆ ရက် တွင် ပုံမှန်အတိုင်း ပြန်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

NOTICE: US Embassy Closed for Routine Services on December 24th and December 25th

The consular section will be closed for routine consular services (including document submission and visa pickup) on Monday, December 24th and Tuesday, December 25th. U.S. Embassy consular services will resume as normal on Wednesday, December 26th.

သတိပြုပါ - ဒီဇင်ဘာ ၂၄ ရက် နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့ များတွင် အမေရိကန်သံရုံးကောင်စစ်ဌာန၏ ပုံမှန်ဝန်ဆောင်မှုများပိတ်မည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၄ ရက် နှင့် ဒီဇင်ဘာ ၂၅ ရက် နေ့ များတွင် စာရွက်စာတမ်းတင်ခြင်း နှင့်ဗီဇာထုတ်ယူခြင်း အပါအဝင် ကောင်စစ်ဌာန၏ ပုံမှန်ဝန်ဆောင်မှုများအားလုံး ပိတ်မည်ဖြစ်ပါသည်။ အမေရိကန်သံရုံး ကောင်စစ်ဌာန၏ ဝန်ဆောင်မှုများကို ဒီဇင်ဘာ ၂၆ ရက် တွင် ပုံမှန်အတိုင်း ပြန်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

NOTICE: US Embassy Closed for Routine Services on December 24th and December 25th

The consular section will be closed for routine consular services (including document submission and visa pickup) on Monday, December 24th and Tuesday, December 25th. U.S. Embassy consular services will resume as normal on Wednesday, December 26th.

25/07/2018

All airlines will move from Terminal 2 this week and commence operations at Terminal 1 from 27 July 2018.

To date, Biman Bangladesh Airlines, VietJet Air and Nok Air have already started operations at Terminal 1.

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှိ လေကြောင်းလိုင်းများအားလုံးသည် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်၍ Terminal 1 သို့ ပြောင်းရွှေ့ပြေးဆွဲသွားမည်ဖြစ်ပါသည်။

Biman Bangladesh Airlines ၊ VietJet Air နှင့် Nok Air တို့သည် Terminal 1 သို့ ပြောင်းရွှေ့ပြေးဆွဲနေပြီဖြစ်ပါသည်။

မင်္ဂလာပါ။သဘာဝအလှတရားကို adventure ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ခံစားချင်သူများအတွက်အလွန်သင့်တော်တဲ့ မိန်းမလှကျ...
17/01/2018

မင်္ဂလာပါ။
သဘာဝအလှတရားကို adventure ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ခံစားချင်သူများအတွက်
အလွန်သင့်တော်တဲ့ မိန်းမလှကျွန်း ခရီးစဉ်လေးနဲ့ မိတ်ဆက်ပေး ပါရစေ။
အာဆီယံ အမွေအနှစ်ဥယျာဉ် တစ်ခုဖြစ်တဲ့ မိန်းမလှကျွန်းဟာ (၂၀၁၇) ခုနှစ်မှာ ကမ္ဘာ့ အရေးကြီး ရေဝပ်
ဒေသ ထိန်းသိမ်းရေးဧရိယာ အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရပါတယ်။

၁ ည အိပ် ၂ ရက် ခရီးစဉ် (စရိတ်ငြိမ်း) ဖြစ်ပါတယ်။
အနည်းဆုံး ၃ ဦး ရှိရုံနှင့် တစ်ဦးလျှင် ၁၃၀၀၀၀/ ကျပ်ဖြင့်လည်းကောင်း ၊
၅ဦး ပြည့်ပါက တစ်ဦးလျှင်၁၁၅၀၀၀/ ကျပ်ဖြင့်လည်းကောင်း ခရီးစဉ်ကို ဝန်ဆောင်မှု ပေးပါမည်။
Day (1) မှာ မနက် ၇ နာရီ ရန်ကုန် မှစတင်ထွက်ခွာမှာ ဖြစ်ပြီး
Day (2) မှာ ညနေ ၇ နာရီ ဝန်းကျင် ရန်ကုန်သို့ပြန်လည် ရောက်ရှိပါမည်။

ခရီးစဉ်အတွင်း ဘာတွေ တွေ့ကြုံ ခံစားရမလဲ?

🗻မိန်းမလှကျွန်းအတွင်း လက်ယှက်ထိုး သွယ်တန်းနေတဲ့ ချောင်းလေးထဲ လှေကလေးနဲ့ပတ်ပြီး ရင်သပ်ရှုမော
ဖွယ်ရာ ဘေးမဲ့တောကြီး၏ သဘာဝအလှတရားများကို ခံစားကြမယ်။

🌱🌴🐡🐙🐒ဘေးမဲ့တောအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲ များကို လေ့လာကြမယ်။

💧💧🌿 ဒီရေတောဂေဟ စနစ်ကိုလေ့လာကြမယ်။

🐳🐳 ဧရာဝတီလင်းပိုင်များကို စောင့်ကြည့်ကြမယ်။

🐤🐣🐥🐦 ဌက်ကြည့်ဝါသနာပါရင် ရှားပါးနှင့်ဒေသမျိုးရင်း ဌက်မျိုးစိတ်ပေါင်း ၁၀၀ ကျော်နှင့် လိပ်ပြာမျိုးစိတ် ၃၅
မျိုးခန့် ခိုလှုံ လျှက်ရှိတဲ့အတွက် စိတ်ကြိုက် လေ့လာနိုင်ပါမယ်။

☔☔ မျိုးသုဉ်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသော ရေချိုရေငံစပ် မိကျောင်းများကို သဘာဝအနေအထားအတိုင်း
ရှင်သန်ပေါက်ဖွားနိုင်စေရေးအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားသောကြောင့် သဘာဝအတိုင်း နေထိုင်
သွားလာ လှုပ်ရှားနေကြသော ရေချိုရေငံစပ် မိကျောင်းများကို လှေလေးနဲ့ လိုက်လံချောင်းမြောင်းကာ စောင့်ကြည့်
လေ့လာကြမယ်။

🌙🌛😲 စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်တဲ့အပိုင်းကတော့ adventure ဆန်ဆန် အလင်းရောင်တွေ မရှိတော့
တဲ့ ညဘက်ပိုင်းမှာပါ မိကျောင်းများကို ဆလိုက်မီးထိုးကာ ရှာဖွေရင်း တစ်ခါမှ မကြုံဘူးသေးတဲ့ အတွေ့အကြုံအသစ်
တွေကို ခံစားကြမယ်။

🔔 မိန်းမလှကျွန်းပေါ်၌ ပျောက်ဆုံးနေသည့် သမိုင်းဝင်မျောက်တစ်ရာစေတီကို ရည်သန်လျှက် တည်ထားကိုးကွယ်
လျှက်ရှိသော မျောက်တစ်ရာစေတီတော်သို့ သွားရောက်ဖူးမျှော်ကာ လေ့လာကြမယ်။

ဘယ်လိုဝန်ဆောင်မှုတွေပါမလဲ?

🚜🚜 Tour Grade အပြည့်နဲ့ ကား
🚣🚣မိန်းမလှကျွန်း ခရီးစဉ် အတွက် ၂ ရက်စာ စက်လှေ
🍝🍜🍲 မနက်စာ၊ နေ့လည်စာ၊ ညစာ (စုစုပေါင်း ၄ နပ်)
🎪🎪 ကျွန်းပေါ်ရှိ Base Camp တွင် သဘာဝဆန်ဆန်လေး ၁ ညတာ အိပ်စက်အနားယူခွင့်
👷👺 ခရီးစဉ်တစ်လျှောက်လုံး ဝန်ဆောင်မှု အကောင်းဆုံးပေးမယ့် Tour Leader.
👷👹 မိန်းမလှကျွန်းအတွင်း နေ့ရော ညပါ လိုက်လံပြသပေးမယ့် guide.
🍶🍪☕ ရေသန့်၊စနိုးတာဝါ၊သွားတိုက်ဆေး/တံ၊ snack.
💪💪 ခရီးသွားအာမခံ

မှတ်ချက်။ ။ သဘာဝအလှတရားများကို မျှဝေခံစားဖို့ ဖြစ်တဲ့အပြင် ဇီဝမျိုးစုံမျိုးကွဲပေါင်း များစွာ ရှင်သန်နေထိုင်
ရာ ဖြစ်တဲ့အတွက် အမိုက်များပစ်ချခြင်းမှ ရှောင်ကြည်ပေးပါရန် မေတ္တာရပ်ခံပါရစေ။

ဆက်သွယ်ရန်လိပ်စာ
အမှတ်(၇) ချမ်းသာလမ်း၊ ကျွန်းတော၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်း ၀၉၇၉၀၆၃၄၇၀၇၊ ၀၉၇၃၀၈၁၆၆၀၊ ၀၉၄၅၀၀၀၂၀၀၅။
web: talentmyanmartravels.com
Web mail: [email protected]
Gmail : [email protected]

အာရုံဦး ရဲ့ လင်းရောင်ခြည်..
05/01/2018

အာရုံဦး ရဲ့ လင်းရောင်ခြည်..

မင်္ဂလာပါ။ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းသောနာမည်ကျော် စွန့်စားခရီးစဉ်တွေထဲက တစ်ခုဖြစ်တဲ့မိန်းမလှကျွန်း အကြောင်း မိတ်ဆက်ပေ...
02/01/2018

မင်္ဂလာပါ။
ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းသောနာမည်ကျော် စွန့်စားခရီးစဉ်တွေထဲက တစ်ခုဖြစ်တဲ့မိန်းမလှကျွန်း အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်ဘိုကလေး မြို့နယ်အတွင်းရှိ ဘိုကလေးမြို့၏ တောင်ဘက် ရေမိုင် (၁၅.၆၈)မိုင်အကွာ တွင် တည်ရှိပါသည်။ အကျယ်အဝန်း (၃၃၇၇၉)ဧက၊ (၁၃၆၆၉) ဟက်တာ ကျယ်ဝန်း ပါသည်။ တောင်နှင့်မြောက် ၁၆မိုင် ရှည်ပြီး အရှေ့နှင့်အနောက် ၆မိုင်ခန့် ကျယ်ဝန်းပါသည်။ ပင်လယ်နှင့် အလွန်နီးကပ်စွာ တည်ရှိပြီး အရှေ့ဘက်တွင် ဘိုကလေးမြစ် နှင့် အနောက်ဘက်တွင် ကဒုံကနိမြစ်တို့ ဝန်းရံထားသော ရေလယ်ကျွန်း ဒီရေတောတစ်ခုဖြစ်ပါသည်။
မိန်းမလှကျွန်းကို (၁၈၉၅) ခုနှစ်မှ (၁၉၉၃) အထိ ထင်းကြိုးဝိုင်း အဖြစ် သတ်မှတ်ခဲ့ပြီး (၁၉၉၄) ခုနှစ်တွင် ဘေးမဲ့တောအဖြစ် ထိန်းသိမ်းကာကွယ်ခဲ့ပါသည်။ (၂၀၀၃)ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်၊ (၂၀၁၇) ခုနှစ်တွင် ကမ္ဘာ့ အရေးကြီး ရေဝပ်ဒေသ ထိန်းသိမ်းရေး ဧရိယာ အဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရပါသည်။
ဘေးမဲ့တောအတွင်း ကျက်စားသော ရေချို ရေငံစပ် မိကျောင်းများ၊ ဧရာဝတီ လင်းပိုင်များ ၊ ဖျံ၊၊ မျောက်တံငါ ၊ ကြောင်တံငါ ၊တောဝက် ၊ တောခွေး ၊ ဖွတ်၊သင်ဘောင်းလိပ် ၊ စင်းချောလိပ်၊ ဆောက်လိပ် ၊ စသည့်တောရိုင်း တိရိစ္ဆာန် မျိုးစိတ်များ၊ ဌက်မျိုးစိတ်ပေါင်း ၁၀၀ ကျော် နှင့် ကုန်းနေ၊ ရေနေသတ္တဝါ အမြောက်အများ နေထိုင်ကျက်စားပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝလှသည့် မိန်းမလှကျွန်း သဘာဝဘေးမဲ့တော ကြီး ဖြစ်ပါသည်။
မိန်းမလှကျွန်းသည် ရှေးနှစ်ပေါင်းများစွာက ပေါ်ထွန်းခဲ့သောကျွန်းကြီးဖြစ်ပြီး စစ်ပြေးမွန်မင်းများ ပုန်းအောင်းနာခိုရာ ကျွန်းကြီးဟု ထင်ရှားခဲ့သည်။ ပျောက်ဆုံးနေသည့် မျောက်တစ်ရာစေတီကို ရည်သန်ပြီး တည်ထားကိုးကွယ်လျှက် ရှိသော မျောက်တစ်ရာစေတီရှိရာ နယ်မြေဖြစ်သည့်အပြင် ရေငန်ပိုင် ဦးရှင်ကြီး ပေါ်ထွန်းခဲ့ရာဒေသ လည်းဖြစ်သည်။
ဒီရေတော အတွင်း ကျက်စားသော နာမည်ကျော် ရေချို ရေငန်စပ် မိကျောင်းများ ၊ ဌက်များ၊ အစရှိသည်တို့အပြင် တခါတရံ ဧရာဝတီလင်းပိုင် များ ကိုပါစောင့်ကြည့်လေ့လာနိုင်သလို ဒီရေတော၏ ဂေဟစနစ် (Ecosystem) ကိုလည်း လေ့လာနိုင်ပါသည်။

31/03/2017

မြန်မာအမျိုးသားလေကြောင်းကို အစဉ်အမြဲအားပေးနေတဲ့ ခရီးသွားပြည်သူများ အတွက် ရန်ကုန် - စင်ကာပူ - ရန်ကုန် Promotion နှင့် မန္တလေး - ဘန်ကောက် - မန္တလေး Promotion တို့ ကို တင်ဆက်ပေးလိုက်ပါတယ်။

လက်မှတ်အရောင်းကာလ - ဧပြီလ (၁)ရက်နေ့ မှ မေလ (၃၀)ရက်နေ့ အထိ
ခရီးသွားကာလ - ဧပြီလ (၁)ရက်နေ့ မှ မေလ (၃၁)ရက်နေ့ အထိ

Booking နှင့် အသေးစိတ်အချက်အလက် အတွက် MNA Call Center ၀၁-၃၇၈၆၀၃ နှင့် ၀၁-၃၇၇၈၄၀ တို့ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

23/03/2017
18/03/2017

အာဆီယံခရီးသွားလုပ်ငန်း ပညာသင်ဆုလျှောက်ထားနိုင်
==========================
#ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန | နေပြည်တော်၊ မတ်လ(၁၆)ရက်

အာဆီယံခရီးသွားလုပ်ငန်းသုတေသနအဖွဲ့အစည်း (ASEAN Tourism Research Association ATRA) မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာသင်ဆု အစီအစဉ်များကို (၃၁-၃-၂၀၁၇) ရက်နေ့ နောက်ဆုံး ထား၍ http://www.atrasecretariat.com/asean-scholarships သို့ ၀င်ရောက်ကြည့်ရှုလျှောက် ထားနိုင်ပါသည်။

ပညာသင်ဆုအမည်- အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာပညာသင်ဆု

ပညာသင်ဆုအမျိုးအမည်များ
------------------------------
(၁) ပါရဂူဘွဲ့
(၂) မဟာဘွဲ့

သတ်မှတ်ချက်များ
--------------------
- ပါရဂူဘွဲ့အတွက် Cumulative Grade Point Average ၃.၅ နှင့် အထက်ရရှိသူ ၊ ပညာရေးသုတေသနဂျာနယ်များတွင်
အနည်းဆုံးဆောင်းပါးတစ်ခုရေးသားထားသူ (သို့မဟုတ်) အစိုးရမှ အသိအမှတ်ပြုအရည်အချင်းရှိသော မဟာဘွဲ့ရရှိပြီးသူ
- မဟာဘွဲ့အတွက် မိမိနိုင်ငံ (သို့မဟုတ်) နိုင်ငံခြားတက္ကသိုလ်များမှ
အသိအမှတ်ပြုထားသော ဘွဲ့ရရှိထားသူ
{(ပညာအရည်အချင်းသတ်မှတ်ချက် ၄၀ % ၊ မိမိအဖွဲ့အစည်းတွင်
ဦးဆောင်မှုစွမ်းရည် ၃၀ %၊ လုပ်ကိုင်နိုင်စွမ်းရည် ၁၅ % ၊ အာဆီယံ
ခရီးသွားလုပ်ငန်းသုတေသနအဖွဲ့အစည်း၏ ရည်မှန်းချက်များ
အကောင်အထည်ဖော်မှုအပေါ် ပါဝင်ဆောင်ရွက်နိုင်စွမ်းရည် ၁၅ %
(တင်ပြစာ)}

သုတေသနပြုရမည့်ခေါင်းစဉ်များ
-----------------------------------
- ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများ
- ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ရှိနှင့်အနာဂတ်အလားအလာများ
- ခရီးသွားဆွဲဆောင်မှုများ ဆန်းသစ်ဖော်ထုတ်ခြင်းနှင့် အနာဂတ်
လိုလားချက်များ
- လုပ်ငန်းအထောက်အကူဖြစ်စေသည့် အကြောင်းအချက်များ

လျှောက်ထားနိုင်သည့် တက္ကသိုလ်များ
-----------------------------------------
- Trisakti School of Tourism ၊ အင်ဒိုနီးရှားနိုင်ငံ
- Taylor’s University ၊ မလေးရှားနိုင်ငံ
- James Cook University ၊ စင်ကာပူနိုင်ငံ
- Prince of Songkla University ၊ ထိုင်းနိုင်ငံ

ရွေးချယ်ရေးလုပ်ငန်းစဉ်
--------------------------
- ပညာသင်ဆုပေးမည့် အစီအစဉ်အားကြေညာခြင်း၊ သင်တန်းသား
ခေါ်ယူခြင်း၊ (၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ)
- လျှောက်လွှာခေါ်ယူမှု နောက်ဆုံးကာလ၊ (၂၀၁၇ ခုနှစ်၊ မတ်လ
၃၁ ရက်)
- ပဏာမရွေးချယ်ခြင်း၊ (၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်
နေ့အထိ)
- ပဏာမရွေးချယ်ထားသည့် သင်တန်းသားများအားလူတွေ့စစ်ဆေး
ခြင်း (၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ ၃၀ရက်နေ့အထိ)
- သက်ဆိုင်ရာတက္ကသိုလ်များ၊ အာဆီယံခရီးသွားလုပ်ငန်းသုတေ
သနအဖွဲ့အစည်း၏ ဘုတ်အဖွဲ့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊
အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ အလှည့်ကျ ဥက္ကဌတို့ ပါဝင်သည့်ရွေးချယ်ရေးအဖွဲ့မှ အပြီးသတ်ရွေးချယ်အတည်ပြုခြင်း၊ (၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့)
- လျှောက်ထားသူများထံသို့ အသိပေးအကြောင်းကြားခြင်း၊ (၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့)
- သက်ဆိုင်ရာတက္ကသိုလ်များတွင် ပညာသင်ဆုအစီအစဉ်များကို
စတင်ခြင်း၊ (၂၀၁၇ ခုနှစ်၊ သြဂုတ် လ/ စက်တင်ဘာလ)

╬═╬
╬═╬
╬═╬
╬═╬
╬═╬
╬═╬
☻_____မိုရှီ @ Mòšhï Mòšhï _____☻
/▌____©™ Akhtoo Saw™ ®____/▌
/ \___________________________/ \
- - - - - - - - - - - - - - - - - - - - - - - - - - - - -
"Sharing is Caring"

Your Likes & Sharing our posts on your timeline will be much appreciated! ヅ ヅ ヅ

© ™Hotel & Tourism News In Myanmar™ ®

Like & Follow us on Facebook.
https://www.facebook.com/myanmarhoteltourismnews
- - - - - - - - - - - - - - - - - - - - - - - - - - - - -

16/03/2017
01/03/2017

နေပြည်တော်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်စေလိုပါသလား
------ ------ ------ ------ ------

လွန်ခဲ့တဲ့တလလောက်က ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့် green city လို့ခေါ်တဲ့ နေပြည်တော်ကို ဧည့်သည်များလာရောက်လည်ပတ်ရန် ခရီးစဉ်များ ရေးဆွဲရောင်းချဖို့ ညွှန်ကြားထားသည်ဟု ကြားသိလိုက်ရပါသည်။ ဟုတ်ပါတယ်၊ စဉ်းစားသင့်တဲ့အချက်ပါ။ ဖြစ်လာရတဲ့အကြောင်းရင်းကတော့ နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေ ဧည့်သည်ဝင်ရောက်မှုနည်းပါးပြီး အလုပ်မဖြစ်ကြလို့သာ ဖြစ်နိုင်မယ်လို့ထင်တဲ့နည်းလမ်းတွေကို စတင်စမ်းသပ်ကြည့်တယ်လို့ ထင်မိပါတယ်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရကာ အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရရုံးစိုက်ရာနေပြည်တော်မှာ ပြည်သူ့လွှတ်တော် အဆောက်အဦကြီးမှာလည်း ခန့်ညားလှပါတယ်။ ၀န်ကြီးဌာနတွေမှာလည်း ကျယ်ဝန်းလှသော ၀ိုင်းကျယ်ကြီးထဲမှာ သစ်လွင်တောက်ပ နေပြီး ခြောက်လမ်းသွားကားလမ်းမကြီးနှင့် လမ်းဘေးဝဲယာဘေးတဖက်တချက်တွင်လည်း စိမ်းစိုလှပသော သစ်တောကြီးများဖြင့် လေကောင်းလေသန့်များရရှိကာ လူတွေ၏စိတ်ကို ကြည်နူးစေပါသည်။ ၀န်ထမ်း များအတွက်လည်း သူ့အဆင့်နှင့် သူအိမ်ရာတိုက်ခန်းများ တည်ဆောက်ပေးထားသည်မှာ စနစ်ကျသပ်ရပ်ပြီး ညပိုင်းတွင် ရေပန်းများဥယျာဉ်များကို မီးရောင်စုံများထွန်းထားသည်မှာ မြို့၏ကျက်သရေနှင့်ပြည့်စုံပြီး နိုင်ငံခြားသားများပင် ငေးမောကြည့်ရှုခဲ့ကြရပါသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာသက်တမ်းအတွင်း၊ အရှေ့တောင်အာရှအားကစားပွဲကိုလည်း လက်ခံကျင်းပရမည်ဖြစ်သလို မြန်မာကလည်း အလှည့်ကျအာဆီယံ ခေါင်းဆောင်လည်း ဖြစ်မည်ဆိုတော့ နိုင်ငံတကာအစည်းအဝေးများလည်း များပြားစွာကျင်းပရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအသီးသီးမှ သံတမန်များ စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်းလာရောက်ကာ နိုင်ငံတော် သမ္မတနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို လာရောက်တွေ့ဆုံကြလိမ့်မည်။

ဒီတော့လည်း ၎င်းဧည့်သည်တော်များတည်းခိုရန်အဆင့်မြင့် ဟိုတယ်များဆောက်ရန် လိုအပ်ပြီပေါ့၊ လိုအပ်ပြီ ဆိုတော့လည်း နိုင်ငံတော်မှ နေပြည်တော်တွင် ဟိုတယ်ဇုန်တခုဖော်ထုတ်ကာ လုပ်ငန်းရှင်များကို သင့်လျော် သက်သာသောနှုန်းထားများဖြင့် မြေကွက်များရောင်းချပေးပြီး အဆင့်မြင့်ဟိုတယ်များကို တည်ဆောက်စေခဲ့ပါ သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်ကြီးများတို့မှ အပြိုင်အဆိုင်တည်ဆောက်ခဲ့ကြပါသည်။ အဝေးပြေးလမ်းမကြီးမိုင် ၂၀၀ မှ နေပြည်တော်ဘက်သို့ ချိုးဝင်လာပြီး ကားကို ဆက်မောင်းလာရာ လမ်းဘေး ၀ဲယာတွင် ခန့်ညားကြီးမားလှပသည့်ဟိုတယ်များကို ငေးမော၍ ကြည့်မဆုံးဖြစ်ခဲ့ရပါသည်။

ကျွန်တော်တို့ပုဂံတွင် ဟိုတယ်အလုံးပေါင်း ၈၀ ခန့်ရှိသော်လည်း၊ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေဖြစ်သည့် အတွက် အထပ်မြင့်အဆောက်အဦများ ဆောက်ခွင့်မရှိသည့်အတွက်လည်း နေပြည်တော်ရှိ ဟိုတယ်များလို မြင့်မားကြီးကျယ်ခြင်းမရှိပါ။ စီမံကိန်းဆောင်ရွက်မှုများ မှန်ကန်ပါသည်၊ ထင်သည့်အတိုင်း နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်များ လာရောက်ကြသလို အရှေ့တောင်အာရှကစားပွဲကိုလည်း ဖွင့်ပွဲပိတ်ပွဲ ခြိမ့်ခြိမ့်သဲဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဟိုတယ်များလည်း အလုပ်ဖြစ်ကာ ကမ္ဘာ့အလယ်တွင်လည်း မျက်နှာပန်းလှခဲ့ပါသည်။ သို့သော်လည်း ကြာရှည်မခံလိုက်ပါ။ အရှေ့တောင်အာရှ အားကစားပွဲကြီးကလည်းပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်မှ လွှဲပြောင်းပေးလိုက်ရပြီးနောက် နေပြည်တော်တွင် ဧည့်သည်များ ၀င်ရောက်မှု လျော့နည်းခဲ့ပါသည်။ နေပြည်တော်တွင် ယခုလက်ရှိ ဟိုတယ်အလုံးပေါင်း ၅၀ ကျော်ရှိကာ အကောင်းဆုံး ၁၀ လုံးထဲတွင် အပါအ၀င်ဖြစ်သော Royal President Naypyidaw နှင့် Kempinski ဟိုတယ်များ ရှိသလို အလယ်အလတ်ဖြစ်သော Hilton Naypyidaw နှင့် Royal Naypyidaw တို့လို ဟိုတယ်မျိုးလည်း ရှိပါသည်။

Royal Lotus ဟိုတယ်နှင့် မြတ်မင်္ဂလာဟိုတယ်စသည်ဖြင့် ဈေးနှုန်းသင့်တင့်သောဟိုတယ်များလည်း ရှိပါသည်။ Facilities နှင့် Location အပေါ်လိုက်၍ ဈေးနှုန်းများပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ ပုဂံမှာ ဘာလို့ ဟိုတယ်တွေဆောက်ကြသလဲ၊ ငပလီချောင်းသာတို့မှာ ဘာလို့ဟိုတယ်တွေဆောက်ကြသလဲ၊ အင်းလေးကန်မှာ ဘာလို့ဟိုတယ်တွေ ဆောက်ကြသလဲ၊ အဖြေကတော့ ရှင်းပါသည်။ ပုဂံမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်တွေရှိလို့၊ ငပလီ၊ ချောင်းသာတို့မှာ အပန်းဖြေရန် ပင်လယ်ကမ်းခြေတွေရှိလို့၊ အင်းလေးကန်ကြီးမှာ သာယာလှပတဲ့ သဘာဝအလှတရားတွေရှိလို့ပါ။ နေပြည်တော်မှာ ကမ္ဘာလှည့်ခရီးသွားတွေလာစေရန်၊ ဆွဲဆောင်ရန်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မရှိပါ၊ ပင်လယ်နှင့်လည်း အဝေးကြီးပါ၊ အင်းလေး ကန်သာလို၊ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများမရှိပါ။ ဒီတော့လည်း နေပြည်တော်ရှိ၊ ဟိုတယ် များတွင် ဧည့်သည်များလာရောက်ရန်မှာ အခြေအနေမပေးသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ နေပြည် တော်တွင် MICE TOURISM လို့ ခေါ်သည့် Meetings' Incentives Conferences' Exhibitions များ ပြုလုပ် သည့်အချိန်မျိုးတွင်သာ ဧည့်သည်ရှိနိုင်ပါမည်၊ ဤကဲ့သို့အစည်းအဝေးများ၊ ပြပွဲများကိုလည်း တနှစ်လျှင် ဘယ်နှကြိမ်များ ပြုလုပ်နိုင်မှာပါလဲ။ NLD လက်ထက်တွင် အစည်းအဝေးများ၊ ကွန်ဖရင့်စ်များ၊ ပြပွဲများနည်း သွားသည်ဟု ထင်မြင်မိပါသည်။ သို့သော်လည်း နေပြည်တော်ရှိဟိုတယ်များ ဧည့်သည်ဝင်ရောက်ရေးကိုတော့ ၀ိုင်းဝန်းဆောင်ရွက်စဉ်းစားပေးရန်လိုပါမည်။ ဟိုတယ်ဆိုသည်မှာ Tourism Promotionအတွက်လိုအပ်သော Infrastructure တခုဖြစ်သလို ဟိုတယ်ရှိ ၀န်ထမ်းများမှာလည်း Tourism ၏လိုအပ်သော human Resources များဖြစ်ပါသည်။ ဧည့်သည်များဝင်ရောက်မှ ဟိုတယ် Infrastructure ၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှာ ဖြစ်သလို၊ Human Resources ၀န်ထမ်းမိသားစုများ၏ဘ၀ပေါင်းများစွာကို ကျားကန် ထားပေးနိုင်မည် ဖြစ်ပါသည်။ လွန်ခဲ့သောတနှစ်ကျော်ခန့် ၂၀၁၅ ခု ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Sukhumvitsoi II ရှိ၊ Ambassador Hotel တွင် ပြုလုပ်သော၊ Training Program တခုကို TICA လို့ခေါ်တဲ့၊ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ ဖိတ်ကြားချက်အရ တက်ရောက်ခွင့်ရခဲ့ပါသည်။ အဖွဲ့တွင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အရာရှိ များ၊ MIF လို့ခေါ်တဲ့၊ မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်အောက်ရှိ၊ ညီနောင်အဖွဲ့ဝင်အသင်းများမှ အမှုဆောင်များ ပါဝင်ပါသည်။

TICA မှ ဆွေးနွေးပို့ချသော ဆရာများမှာ Tourism နှင့်ပတ်သက်၍ စာတမ်းများပြုစုနေသော၊ Europe မှ ကျွမ်းကျင်နိုင်ငံခြားသား Professor Dr. Walter Jamieson (Thammasat University) ဦးဆောင်သောအဖွဲ့ ဖြစ်ပါသည်။ Training Program ၏ခေါင်းစဉ်မှာ Tourism Destination Planning ကမ္ဘာလှည့်ခရီးသွားများ၊ လာရောက်သည့်ခရီးစဉ်များအတွက် လိုအပ်သောစီမံချက်များရေးဆွဲဆောင်ရွက်ခြင်းဟု ဖြစ်ပါသည်။ အဓိက ဆွေးနွေးသည့်အချက်အလက်များမှာ infrastructure များကို စနစ်တစ်ကျတိုးချဲ့တည်ဆောက်ရေး၊ transport သွားလာမှုလွယ်ကူစေရေး၊ ခရီးသွားများအတွက် ဘေးအန္တရာယ်လုံခြုံစိတ်ချရေး၊ ကျန်းမာရေးတို့အပြင် ဒေသခံ အမျိုးသမီးများ၊ ကလေးသူငယ်များတို့ရဲ့ဘ၀လုံခြုံစိတ်ချရေး၊ ဒေသနှင့်ပတ်ဝန်းကျင်ရှေးဟောင်းအမွေအနှစ် များ၊ သဘာဝပတ်ဝန်းကျင်များကို ထိခိုက်မှုမရှိစေဘဲ၊ Tourism ဖွံ့ဖြိုးတိုးတက်အောင်၊ ဆောင်ရွက်သွားရေး တို့ကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။ သင်တန်း၏နောက်ဆုံးရက်တွင်၊ Dr.Walter Jamieson မှ မထင်မှတ် သောခေါင်းစဉ်တခုဖြင့် ကျွန်တော်တို့ သင်တန်းသားတွေကိုအဖွဲ့ ၅ ဖွဲ့ခွဲ၍ ဆွေးနွေးခိုင်းပါသည်။ ခေါင်းစဉ်က မြန်မာနိုင်ငံ၏ နေပြည်တော်ကို Tourist Destination တခုဖြစ်အောင် ဘယ်လိုဆောင်ရွက်ကြမလဲဟူသော ခေါင်းစဉ်ပင် ဖြစ်ပါတော့သည်။ ကျွန်တော် အံ့သြသွားမိပါသည်။ မျက်စိထဲတွင် ပြေးမြင်လိုက်ပါသည်။ ရှေးဟောင်းဘုရားပုထိုးများလည်းမရှိ၊ beach ကမ်းခြေလည်း မဟုတ်။

ဘယ်လိုလုပ်အကြံပြုရပါ့။ ဆွေးနွေးရမလဲပေါ့။ ဒါပေမဲ့ အချက်တခုကို သတိသွားပြုမိတယ်၊ ကျွန်တော်တို့ တည်းခိုနေတဲ့ ဘန်ကောက်မြို့လယ်တွင် ရှေးဟောင်းဘုရားလည်းမရှိပါ၊ beach လည်း မဟုတ်ပါ၊ တိုင်းရင်း သားလူမျိုးနွယ်စုများလည်းမရှိပါ။ သို့သော်လည်း ကမ္ဘာလှည့်ခရီးသည်များမှာ ပျားပန်းခပ်၊ ခြေချင်းထပ် လှုပ်ရှားနေသည်ကို တွေ့ရပါသည်။ ဒါဆို နေပြည်တော်အတွက် အဖြေတခုရှိနိုင်သည်ပေါ့။ Dr.Walter Jamieson မှ ဦးဆောင်ပြီး soi 11'12'13'14'15 လမ်းတလျှောက် လမ်းလျှောက်ထွက်ခဲ့ပါတော့သည်။ သတိပြုမိသည်ကတော့ sexual tourism ထွန်းကားနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့တိုင်းပြည်၏ ယဉ်ကျေးမှုအရ မဖြစ်သင့်ပါ။ ဘယ်တော့မှဖြစ်လာမည်လည်း မဟုတ်ပါ၊ နောက်တချက် သတိပြုမိသည် ကတော့ အပြည်ပြည်ဆိုင်ရာမှ စားသောက်ဆိုင်များပင် ဖြစ်ပါသည်။ တူရကီစားသောက်ဆိုင် New Zealand drinks and BBQ'Japanese sushi, Korean Kimchi, Australian Restaurant, Dubai Restaurant, Chinese Peking roast duck, Italian Pizza, Spaghetti စသည်ဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကျွမ်းကျင် Chief များ ကိုယ်တိုင်လာရောက်ချက်ပြုတ်ရောင်းချနေပါသည်။ ထို့ပြင် လမ်းဘေးတလျှောက် အမှတ်တရ အိမ်ပြန်လက်ဆောင်ရောင်းချနေသည့်ဆိုင်များတွင်လည်း ဧည့်သည်များဝယ်ယူနေကြသည်ကိုလည်း တွေ့ရ ပါသည်။

Health Tourism လို့ ခေါ်ယူရမည့် ကျန်းမာရေးဆေးစစ်ခြင်းအတွက်လည်း ထိုင်းနိုင်ငံရှိ ကိုယ်ပိုင်ဆေးရုံ များမှာ နာမည်ရပါသည်။ စမ်းသပ်ရန် ပစ္စည်းကိရိယာများစုံလင်ခြင်း၊ အထူးနာမည်ရသည့်အချက်မှာ လူနာများ ကိုအချိန်ပေးပြီး သူတို့ခံစားနေရသည့်ဝေဒနာများကို ဆရာဝန်များမှ စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး ရောဂါအမှန်ရအောင် ရှာဖွေပေးခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဝေဒနာရှင်များလာရောက်သည့်အတွက် အချို့ဆေးရုံများတွင် မြန်မာစာဖြင့်ရေးဆွဲ၍ လမ်းညွှန်ဆိုင်းဘုတ်များရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။ အခြားအိမ်နီးချင်းနိုင်ငံများမှလည်း လာရောက်ကြပြီး အထူးသဖြင့် အာရပ်စောဘွားများနိုင်ငံမှ အများအပြား လာရောက်ကြသည့်အတွက် ဆေးရုံများအနီးတွင် အာရပ်လူမျိုးများမှ အာရပ်စားသောက်ဆိုင်များ လာရောက် ဖွင့်လှစ်သည်ကိုလည်းတွေ့ရှိရပြီး အာရပ်ရပ်ကွက်ဟူ၍ပင် တည်ရှိနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ဒါဆိုရင် နေပြည်တော်ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် စဉ်းစားလို့ရနိုင်မည့်အချက်အချို့ကို တွေ့မြင်နိုင်ပြီပေါ့။ နေပြည် တော်ရဲ့အားသာချက်က မြေနေရာကျယ်ဝန်းပြီး ဆက်လက်တိုးချဲ့ရန်လည်း အခြေအနေများပေးနေပါသည်။ နေပြည်တော်လေဆိပ်ကို နိုင်ငံခြားမှ လေယာဉ်ကြီးများဆင်းသက်နိုင်ရန် အဆင့်မြင့် International Airport အဖြစ် တည်ဆောက်ရပါမည်။ ကမ္ဘာလှည့်ခရီးသည်တိုင်း မဖြစ်မနေသွားရောက်လည်ပတ်လေ့ရှိသည့် ရှေးဟောင်းပုဂံမြို့နှင့် လေးနာရီခန့်ကြာ ကားဖြင့်သွားလို့ရပါသည်။ အကယ်၍များ ဂျပန်နိုင်ငံကဲ့သို့ မြန်နှုန်း မြင့်ရထားများစီစဉ်နိုင်လျှင် ၂ နာရီခန့်ဖြင့် ရောက်သွားနိုင်ပါသည်။ ကျေးလက်လူထုအခြေပြုခရီးသွားလုပ်ငန်း CBT လုပ်ရန်လည်း အခြေအနေများပေးနေပြန်ပါသည်။ နေပြည်တော်မှ ၄၅ မိနစ်ခန့်မျှ ကားဖြင့်သွားလျှင် ရောက်နိုင်သည့် ငလိုက်ဆည်တ၀ိုက်တွင် organic farm သဘာဝမြေသြဇာသုံးစိုက်ခင်းများစိုက်ပြီး ငလိုက် ဆည်အတွင်း ဧည့်သည်များကိုယ်တိုင် လှေကလေးလှော် ငါးဖမ်းနိုင်အောင်စီစဉ်ကာ အနီးရှိကျေးရွာများမှ ရွာသူရွာသားများနှင့်အတူ စုပေါင်းချက်ပြုတ်ခြင်း၊ cooking class သင်တန်းများပေးခြင်းဖြင့် ဒေသခံတို့၏ စားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုကာ CBT ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါသည်။ နေပြည်တော်အနီးတ၀ိုက်တွင် တောတောင်များထူထပ် ရေကန်များလည်းရှိသဖြင့် elephant camp များ တည်ဆောက်ကာ ခရီးသွားများကို ဆွဲဆောင်နိုင်ပါသည်။

အချုပ်အားဖြင့် နေပြည်တော်တ၀ိုက်အောင်မြင်သော ခရီးစဉ်ဒေသတခုအဖြစ် ပြုလုပ်ရန် အခက်အခဲများ ရှိနိုင်ပါသည်၊ သို့သော်လည်း ထိုင်းနိုင်ငံမှာလို မရှိတာကိုရှိအောင် လုပ်သွားပုံများကို လေ့လာအတုယူပြီး ပြည်တွင်းမှ အတွေ့အကြုံရှိ ခရီးသွားလုပ်ငန်းရှင်များ၏ အကြံဥာဏ်များကိုရယူကာ အဆင်သင့်တည် ဆောက်ပြီး ဟိုတယ် infrastructure နှင့် အဆင်သင့်လေ့ကျင့်ပြီးသား human resources များကို အသုံးချ နိုင်ရန် ၀ိုင်းဝန်းလုပ်ဆောင်သွားကြရမည် မဟုတ်ပါလား။

ဇော်ဝင်းချို(ဧည့်လမ်းညွှန်)

28/02/2017

28/02/2017

မြန်မာ့ခရီးသွားလုပ်ငန်း တုံ့ဆိုင်းသွားပြီလား
=========================
|အိအိသူ| Tuesday, February 28, 2017

မြန်မာ့ခရီးသွားလုပ်ငန်းသည် နိုင်ငံရေး အကူးအပြောင်း ကာလဖြစ်သည့် ၂၀၁၁ ခုနှစ်မှစ၍
ဖွံ့ဖြိုးတိုးတက်ခဲ့ရာ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာလည်း ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန မျှော်မှန်းထားသည့် ခရီးသွားဦးရေထက် ပိုမိုဝင်ရောက်ခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ် နှင့် ၂၀၁၆ ခုနှစ် များတွင် ကမ္ဘာလှည့်ခရီးသွားဦးရေ ၀င်ရောက်မှုမှာ ၀န်ကြီးဌာန
မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့သည်။ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းသွားမည် (သို့မဟုတ်) တုံ့နှေးသွားမည်ကို
ခရီးသွားလုပ်ငန်း ကျွမ်းကျင်ရှင်များက စိုးရိမ်လျက်ရှိသည်။

ဈေးနှုန်းများမြင့်မားနေခြင်း
------------------------
၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် နိုင်ငံတကာခရီးသွားဧည့်သည်များ
မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းနှင့်ဝင်လာချိန်တွင် နိုင်ငံခြားသား ခရီးသွားများကို ၀န်ဆောင်မှု
ပေးနိုင်သည့် ဟိုတယ်အခန်း အရေအတွက်မှာ ဈေးကွက်လိုအပ်ချက်ကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်ခြင်း
မရှိခဲ့ပေ။

ထိုအချိန်မှစ၍ အခန်းလိုအပ်ချက်အရ ဟိုတယ်အခန်းခများ တရိပ်ရိပ်တက်လာပြီး ဒေသတွင်း
အာဆီယံနိုင်ငံများထက် ဈေးနှုန်းမြင့်မားလာခဲ့သည်။

မြန်မာ့ခရီးသွားလုပ်ငန်း ဈေးနှုန်းကြီးမြင့်နေရခြင်းအကြောင်းတွင် ပြည်တွင်း လေကြောင်းလိုင်းများ၏
လေယာဉ်လက်မှတ်နှုန်းထား မြင့်မားနေခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

ယခုအချိန်ထိ နိုင်ငံတကာ လေဆိပ် သုံးခုသာ ရှိသေးသော မြန်မာနိုင်ငံတွင် ခရီးသွားများ အများဆုံး
သွားရောက်ရာ ပုဂံ၊ ဟဲဟိုး၊ စစ်တွေ စသည့်နေရာများသို့ နိုင်ငံတကာလေကြောင်းလိုင်းများ
တိုက်ရိုက်ဆင်းသက်နိုင်ခြင်း မရှိသေးပေ။

"ပြည်ပ လေကြောင်းလိုင်းတွေက ရန်ကုန်ျွ ဘန်ကောက် အသွားပြန် လေယာဉ်လက်မှက်အပါအ၀င်၊
ကြယ်သုံးပွင့်ဟိုတယ်မှာ နှစ်ညအိပ် သုံးရက်ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၁၂၉ နဲ့ ရောင်းချနေချိန်မှာ
ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ်လက်မှတ်နှုန်းထားတွေကို စိစစ်ဖို့သင့်ပြီ" ဟု
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး
အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုမှာ အားနည်းနေသေးသည်။ မြန်မာနိုင်ငံသို့ တစ်ကြိမ်လာပြီး
ထပ်ခါထပ်ခါ ပြန်လာသည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက် အလွန်နည်းသည်။

မြန်မာနိုင်ငံတွင် တစ်ပတ်နေထိုင်မည့် ခရီးသွားစရိတ်သည် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင်နှစ်ပတ်ခန့် လည်ပတ်နိုင်သည်။

"အဓိက အခြေခံအဆောက်အအုံတွေ ကောင်းဖို့လိုအပ်တယ်။ တစ်ခါလာပြီး နောက်တစ်ခါ
ပြန်လာဖို့ဆိုတာ သွားလာရ ဘယ်လောက် အဆင်ပြေတယ်။ ပြန်လာချင်အောင်
ဆွဲဆောင်တက်ရမယ်။ ထိုင်းနိုင်ငံက ဘာလို့ တစ်နှစ်ကို ခရီးသွား သန်း ၃၀ ကျော်ရောက်နေလဲဆိုရင်
သူတို့မှာ ထပ်ခါထပ်ခါလာတဲ့ ခရီးသွားတွေ အများကြီးရှိလို့ပဲ။ ကိုယ့်နိုင်ငံမှာလည်း သင့်တင့်တဲ့
ဈေးနှုန်းရှိရင် ကမ္ဘာလှည့် ခရီးသွားတွေလာမှာပဲ" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်
ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောသည်။

ခရီးသွားဈေးကွက် အရောင်းမြှင့်တင်ရေး အားနည်းနေဆဲ
-------------------------------------------
ခရီးသွားဈေးကွက် အရောင်းမြှင့်တင်ခြင်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော နိုင်ငံတကာ ခရီးသွားပြပွဲများတွင် နိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ
ဝင်ရောက် ပြသခြင်းဖြင့် နိုင်ငံအတွင်းရှိ ခရီးစဉ်နေရာများကို ပိုမိုသိရှိစေပြီး ခရီးသွားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေသည်။

မြန်မာနိုင်ငံ၏ ခရီးသွား အရောင်းမြှင့်တင်ရေးတွင် အသုံးပြုသည့် ဘတ်ဂျက်ငွေပမာဏသည်
အာဆီယံဒေသတွင်းနိုင်ငံများ၏ သုံးစွဲငွေနှင့် နှိုင်းယှဉ်ပါက များစွာခြားနားလျက်ရှိသည်။

ပြီးခဲ့သည့် ခရီးသွားရာသီတွင် လာအိုနိုင်ငံသည် ခရီးသွားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက်
အမေရိကန်ဒေါ်လာ သုံးသန်းသုံးစွဲခဲ့သည်။

နိုင်ငံတကာ ခရီးသွားပြပွဲများတွင် နိုင်ငံကိုယ်စားပြု ပါဝင်ပြသနိုင်ရန်နှင့် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်း ဈေးကွက်အရောင်းမြှင့်တင်ရေးကော်မတီက
ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀
ရရှိရန် တင်ပြတောင်းဆိုထားသည်။

အစိုးရအနေနှင့် ခရီးသွားလုပ်ငန်းမှ ရရှိသည့် အခွန်ငွေနှင့် တင်ပြထားသည့် ဘတ်ဂျက်ငွေတို့မှာ
များစွာကွာခြားနေသောကြောင့် ချထားပေးနိုင်ခြင်းမရှိဟု ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနက
ငြင်းဆိုခဲ့သည်။

"အစိုးရက ဟိုတယ်ခရီးဝန်ကြီးဌာနကို နှစ်စဉ်ချပေးတဲ့ ဘတ်ဂျက်က ဒေါ်လာ သုံးသိန်းပဲ ရှိတယ်။
အသင်းအဖွဲ့အနေနဲ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအတွက် တင်ပြတာမှန်ပေမဲ့ နိုင်ငံရဲ့ဖွံ့ဖြိုး
တိုးတက်ရေးပေါ် မူတည်ပြီး ဒီထက်အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေရှိတာကြောင့်
မချပေးနိုင်တာဖြစ်တယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ
ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက
၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ယခုနှစ် ခရီးသွားရာသီအတွက် မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်း ဈေးကွက်အရောင်း မြှင့်တင်ရေးကော်မတီကို ထောက်ပံ့ငွေဒေါ်လာ နှစ်သိန်း
ပေးအပ်ခဲ့သည်။

"ကျွန်တော်တို့ တင်ပြထားတဲ့ ဒေါ်လာ သန်း ၃၀ ဆိုတာလာမယ့် သုံးနှစ်အတွင်း နိုင်ငံတကာမှာ
ခရီးသွား အရောင်းမြှင့်တင်ရေး ဆောင်ရွက်တဲ့အခါ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ဖြစ်တယ်။
အဲဒီလောက်သုံးခဲ့ရင်ပြန်ရမယ့် အကျိုးအမြတ်က ကြီးမားတဲ့အတွက် တင်ပြရခြင်းဖြစ်တယ်။
ပြီးခဲ့တဲ့ ၁၅ နှစ်တာအတွင်း သွားရောက်ပြသခဲ့တဲ့ နိုင်ငံတကာခရီးသွားပြပွဲတွေမှာ ပုဂ္ဂလိက
စိုက်ထုတ်ငွေနဲ့ သွားနေခဲ့တာကြာပါပြီ" ဟု အမှုဆောင်ကော်မတီဝင် ဦးကျော်မင်းထင် က ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းများ ဈေးကွက်ပြိုင်ဆိုင်မှု အားနည်းနေဆဲ
-------------------------------------------
မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်း ရှိသော်လည်း လေယာဉ်အရေအတွက်မှာ
၅၀ နီးပါးရှိသည်။

အစိုးရပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် တိုင်းရင်းသားပိုင်
လေကြောင်းလိုင်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းနှင့်
အဲကမ္ဘောဇလေကြောင်းလိုင်းများသာ ပြည်ပနိုင်ငံများသို့ ပျံသန်းလျက်ရှိသည်။

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းလျက်ရှိသည့် ပြည်ပလေကြောင်းလိုင်းမှာ ၃၀ ရှိသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ပင်မစီမံချက် (Master Plan) အရ
ပြည်တွင်းလေဆိပ် အဆောက်အအုံများကို အသစ်တိုးချဲ့တည်ဆောက်နေသော်လည်း
နိုင်ငံခြားခရီးသည်များ အလာများသည့် ညောင်ဦး၊ ဟဲဟိုးလေဆိပ်များကို နိုင်ငံတကာအဆင့်သို့
မြှင့်တင်နိုင်ခြင်း မရှိသေးပေ။

ပြည်ပခရီးသွားများသည် ရန်ကုန်၊ မန္တလေးလေဆိပ်များမှတစ်ဆင့် ပုဂံ၊ ညောင်ဦးနှင့်
အင်းလေးဒေသများသို့ သွားရောက်နေရသည်။

ပြည်တွင်းလေယာဉ်နှုန်းထားများ ဈေးကြီးနေရသည့်အကြောင်းတွင် လေယာဉ်သုံးဆီ၊
လေဆိပ်ဆင်းသက်ခနှင့် ရပ်နားခများ ဈေးကြီးနေရခြင်းလည်း တစ်ခုအပါအ၀င် ဖြစ်သည်။

"လေယာဉ်သုံးဆီဈေးက တခြားနိုင်ငံတွေထက် ဈေးကြီးနေတယ်ဆိုတာ မှန်ပါတယ်။ လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာနက Puma နဲ့ ဖက်စပ်ရောင်းချတာဆိုတော့ လေကြောင်းဦးစီးဌာနအနေနဲ့
ဘယ်လောက်ထိ လျှော့ပေးပါလို့ ပြောမရဘူး။ လေဆိပ်ဆင်းသက်ခနဲ့ ရပ်နားခ ကောက်ခံမှုကတော့
တခြားနိုင်ငံတွေ နည်းတူပါပဲ" ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်း အရေအတွက်များသော်လည်း ပြေးဆွဲလျက်ရှိသည့် လေယာဉ်အစီးရေ
နည်းခြင်းကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုတွင် ပြည်ပနိုင်ငံများလောက် အားမကောင်းဘဲ ဈေးကြီးရခြင်း
ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ ဒေါ်အေးမရသာက
ပြောသည်။

"ပြည်ပလေကြောင်းလိုင်းတွေက ဈေးကွက်ပြိုင်ဆိုင်မှု တအားများတော့ ပြည်တွင်းလေကြောင်းလိုင်း
တွေထက် ဈေးသက်သာတယ်။ မြန်မာနိုင်ငံမှာက ပြည်တွင်း လေကြောင်းလိုင်း ၁၀ ခု ရှိတယ်ဆိုပေမဲ့
မပျံသန်းတော့တဲ့ လေကြောင်းလိုင်းတွေ ရှိတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့
အဲကမ္ဘောဇ လေကြောင်းလိုင်းတွေသာ လေယာဉ် အစီးရေ အများဆုံးရှိတာဖြစ်တယ်" ဟု
၎င်းကပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းများ အဓိက ရင်ဆိုင်နေရသည့် ပြဿနာသည် ခရီးသွားရာသီ
မဟုတ်သည့် မိုးရာသီတွင် နိုင်ငံခြား ခရီးသွား ၀င်ရောက်မှု နည်းပါးခြင်းဖြစ်သည်။

ပြည်တွင်းခရီးသွားများသည် လေကြောင်း ခရီးစဉ်များဖြင့် ခရီးသွားလာမှုအားနည်းနေသေးသောကြောင့် ပြည်တွင်းလေကြောင်းလိုင်းများသည် နိုင်ငံတကာခရီးသွား
ဧည့်သည်များကိုသာ အဓိက အားထားနေရသည်။

ပြည်တွင်းလေကြောင်းလိုင်းများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတကာခရီးသွားဧည့်သည်များ တစ်နှစ်ပတ်လုံး
ဝင်ရောက်ရန်နှင့် လေယာဉ်လက်မှတ် ဈေးနှုန်းကိုလည်း ပြည်တွင်းခရီးသွားများပါ တတ်နိုင်သည့်
သင့်တင့်သော နှုန်းထားဖြစ်ရန် လိုအပ်လျက်ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသည်ဝင်ရောက်မှု
-----------------------------------------
မြန်မာ့ခရီးသွားလုပ်ငန်းတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ်နဲ့
နှိုင်းယှဉ်ပါက စက်တင်ဘာလကုန်အထိ ခရီးသွားဦးရေ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်။

၂၀၁၅ ခုနှစ်တွင် စက်တင်ဘာလကုန်အထိ ခရီးသည် ၃ ဒသမ ၃ သန်း ၀င်ရောက်ခဲ့ပြီး၊
၂၀၁၆ ခုနှစ်တွင် စက်တင်ဘာလအထိ ခရီးသည် ၃ ဒသမ ၁ သန်းဝင်ရောက်ခဲ့သည့်အတွက်
၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ ၂၀၁၅ ခုနှစ်တွင်
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်နှင့် ဟိုတယ်စီမံကိန်း ၄၈ ခုရှိခဲ့ရာမှ
၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်တွင် ဒေါ်လာ သုံးဘီလျံနှင့် ဟိုတယ်စီမံကိန်း ၅၆ ခုအထိ
တိုးတက်လာခဲ့သည်။

ဟိုတယ်အခန်းအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် အခန်းပေါင်း ၉,၁၃၂ ရှိရာမှ ၂၀၁၆ ခုနှစ်၊
နိုဝင်ဘာလကုန်တွင် အခန်းပေါင်း ၁၁,၂၀၇ ခန်းအထိ တိုးတက်လာသည်။

သို့သော်လည်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်သည့် နိုင်ငံခြား
ခရီးသွားဧည့်သည်ဝင်ရောက်မှု စာရင်းများကို အခြေခံ၍ ရင်းနှီးမြှပ်နှံမှု တိုးချဲ့ ဆောင်ရွက်ခဲ့သော
စီးပွားရေးလုပ်ငန်းရှင်အများစုသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွား ၅ ဒသမ ၅ သန်းခန့် ၀င်ရောက်ရန်
ခန့်မှန်းထားသော်လည်း စက်တင်ဘာလကုန်ထိ မြို့ကြီးများတွင် ဟိုတယ်အခန်း ၀င်ရောက်မှုမှာ
ထက်ဝက်ကျော်သာရှိသည်။

ဝန်ကြီးဌာနသည် အောက်တိုဘာလကုန် မှစ၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် အင်းလေး
ဒေသများတွင် ဟိုတယ်ဆောက်လုပ်ခွင့် စီမံကိန်းများကို စိစစ်ကန့်သတ်ခဲ့ရသည်။

အစိုးရသစ်လက်ထက် ဆောင်ရွက်ချက်များ
---------------------------------------
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနသည် ရက် ၁၀၀ စီမံကိန်းကာလအတွင်း
လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအင်းအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို
ဦးစားပေး ဆောင်ရွက်ခဲ့သည်။

ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ လူထုအခြေပြုခရီးသွားလုပ်ငန်းကို အစိုးရသစ်
ရက် ၁၀၀ စီမံကိန်းအတွင်း ဝေးလံခေါင်ပါးသည့် တိုင်းရင်းသားနေရာများတွင် နှစ်ရှည်စီမံကိန်းအဖြစ်
ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူထုအခြေပြုခရီးနေရာ ၁၂ ခုအထိ
ဖော်ဆောင်လျက်ရှိသည်။

ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် လူထုအခြေပြု ခရီးသွား
လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်တာ
ကာလအတွင်း စီမံကိန်း ခြောက်ခု အကောင်အထည် ဖော်ခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ဟိုတယ်လုပ်ငန်းတွင် အသုံးချနိုင်ရန်နှင့်
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဟိုတယ်ခရီးဝန်ကြီးဌာနက ပညာရေးဌာနနှင့်
ပူးပေါင်းပြီး သက်မွေးအတတ်သင် ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

"ဒီနှစ်ထဲမှာ အားလုံးပေါင်းလိုက်ရင် ဧည့်လမ်းညွှန် အပါအ၀င် ကိုးလအတွင်း လူဦးရေ တစ်သောင်းခန့်
သင်ကြားပေးပြီး ဖြစ်ပါတယ်။ အဲဒီလို သက်မွေးအတတ်သင် သင်တန်းကျောင်းတွေ ရှေ့ဆက်ပြီး
ဆောင်ရွက်သွားမှာပါ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမောင်က ပြောသည်။

ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းရှေ့ပြေးစီမံကိန်း (Pilot Project) တစ်ခုအဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ၊ နိုင်ငံခြားသား
ဧည့်လမ်းညွှန်၊ နိုင်ငံခြားသားခရီးသည်တင်ယာဉ်စသည့် လုပ်ငန်းလိုင်စင်များကို ဒေသခံအာဏာပိုင်
အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုဝင်ဘာလဆန်းတွင် စတင် စစ်ဆေးအရေးယူခဲ့သည်။

အဆိုပါစီမံကိန်းအရ နိုင်ငံခြားသား ခရီးသည်တင်ခွင့်ရှိသည့် လိုင်စင်အပြာ ရယူထားခြင်းမရှိသည့်
မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သော်လည်း ခရီးသွားရာသီဖြစ်သောကြောင့်
နောက်ပိုင်းတွင် သေချာကြီးကြပ်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ အဆုံးသတ်ခဲ့ရသည်။

စီမံကိန်းကြောင့် မဖြစ်မနေ လုပ်ငန်းလိုင်စင်ယူခဲ့ရသော လုပ်ငန်းရှင်များ လူအား၊ ငွေအား
များစွာထိခိုက်ခဲ့ရသည်။

ယခုနှစ်ခရီးသွားရာသီအတွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက ပြည်ပနိုင်ငံသို့ သွားရောက်
လည်ပတ်မည့် ပြည်တွင်း ခရီးသွားများထံမှ ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်ခဲ့သော်လည်း
ဝန်ကြီးဌာန၏ တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

၁၉၉၃ ခုနှစ်ကပြဋ္ဌာန်းခဲ့သော ခရီးသွား ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊
အတည်ပြုပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်တွင် အတည်ပြုပြီးပါက ခရီးသွားလုပ်ငန်း နှင့်သက်ဆိုင်သည့်
လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ခွင့်ပြုနိုင်မည် ဖြစ်သည်။

ပြည်တွင်းခရီးသွားများ အခန်းကဏ္ဍသာ ဖွံ့ဖြိုးမှုပို
-------------------------------------------
ပြည်တွင်းခရီးသွားကဏ္ဍသည် ပြီးခဲ့သည့်ခရီသွားရာသီ (၂၀၁၅ စက်တင်ဘာမှ ၂၀၁၆ ဧပြီလကုန်ထိ)
တွင် မျှော်မှန်းထားသည့် ခရီးသွားဦးရေထက် တစ်သန်းကျော် တိုးတက်ခဲ့သည်။

ပြည်တွင်းဘုရားဖူး ခရီးသွားများသည် ဘုရားဖူးရန်သာမက အပန်းဖြေအပျော် ခရီးစဉ်များ၊
စွန့်စားခရီးသွားခြင်းနှင့် ခြေလျင်တောင်တက် ခရီးစဉ်များကို အသွားများလာသည်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဖွံ့ဖြိုး တိုးတက်ရေးအသင်းက ပြည်တွင်းခရီးသွားကဏ္ဍ ပိုမိုအဆင်ပြေ
ချောမွေ့စေရန်နှင့် နိုင်ငံတော်အခွန်ငွေ ရရှိရေးအတွက် သင့်လျော်သည့် ခရီးသွားလုပ်ငန်းလိုင်စင်
ချထားပေးရန် ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနထံ တင်ပြထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ မူဝါဒအရ ခရီးသွားလုပ်ငန်း လုပ်လိုသော
လုပ်ငန်းရှင်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ရှိမှသာ
လုပ်ငန်းလိုင်စင် ရရှိမည်ဖြစ်သည်။

တစ်နိုင်တစ်ပိုင် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းရှင်များသည် ကုမ္ပဏီမှတ်တင်ရေး
အခက်အခဲကြောင့် သင့်လျော်သည့် လိုင်စင်ချထားပေးရန် တောင်းဆိုခြင်းဖြစ်သည်။

သို့သော်လည်း တရိပ်ရိပ်တက်လာသော နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများကြောင့်
ဗုဒ္ဓဂယာဘုရားဖူးခရီးသွားများ တစ်ဝက်ခန့်ကျဆင်းခဲ့သည်။

"ဒေါ်လာဈေးတက်တော့ ပုံမှန်သွားနေကျ ဈေးနှုန်းထက် မြင့်တာကြောင့် ဒီနှစ်သွားတဲ့ သူနည်းတယ်။
ဟိုဘက်မှာလည်း အိန္ဒိယအစိုးရက ရူးပီးငွေပြန်သိမ်းနေတဲ့ အချိန်ဆိုတော့ ဘုရားဖူးခရီးသွား
လုပ်ငန်းရှင်တွေအနေနဲ့ တော်တော်အထိနာတယ်" ဟု ဗုဒ္ဓဂယာဘုရားဖူးခရီးသွားလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဒဂယာသို့ မြန်မာနိုင်ငံမှ သွားရောက်ဖူးမျှော်သည့် ဘုရားဖူးခရီးသွား နှစ်စဉ် ၃၅,၀၀၀ ခန့်
ရှိသော်လည်း ယခုနှစ် ဂယာဘုရားဖူးရာသီအကုန်တွင် ခရီးသွား ၂၅,၀၀၀ ခန့်သာ သွားရောက်နိုင်သည်။

မြန်မာ့ခရီးသွားလုပ်ငန်းတွင် ဒေသတွင်း အာဆီယံနိုင်ငံများထက် ဈေးနှုန်းမြင့်မားခြင်း၊ ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေခြင်း၊
သက်ဆိုင်ရာ ခရီးသွားဈေးကွက်အလိုက် စာရင်းကောက်ယူနိုင်မရှိခြင်း၊ ခရီးစဉ်ဒေသများကို ထိန်းသိမ်းမှု
အားနည်းခြင်းစသည့် အကြောင်းအရာများကြောင့် တိုးတက်သင့်သလောက် မတိုးတက်သေးပေ။

မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်မြို့တော် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများကို တွေ့မြင်ရစဉ်။ {အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)}

╬═╬
╬═╬
╬═╬
╬═╬
╬═╬
╬═╬
☻_____မိုရှီ @ Mòšhï Mòšhï _____☻
/▌____©™ Akhtoo Saw™ ®____/▌
/ \___________________________/ \
- - - - - - - - - - - - - - - - - - - - - - - - - - - - -
"Sharing is Caring"

Your Likes & Sharing our posts on your timeline will be much appreciated! ヅ ヅ ヅ

© ™Hotel & Tourism News In Myanmar™ ®

Like & Follow us on Facebook.
https://www.facebook.com/myanmarhoteltourismnews
- - - - - - - - - - - - - - - - - - - - - - - - - - - - -

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 16:00
Sunday 09:00 - 13:00

Telephone

959794865204

Alerts

Be the first to know and let us send you an email when Talent Myanmar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Talent Myanmar Travels & Tours:

Share

Category

Nearby travel agencies