08/10/2023
မြန်မာအမျိုးသားလေကြောင်းကို အစဉ်မပြတ် စီးနင်းအားပေးလျက်ရှိသော ခရီးသည်များအတွက် ကမ္ဘာ့နေရာအနှံ့အပြားသို့ လွယ်ကူအဆင်ပြေချောမွေ့စွာသွားလာနိုင်ပါရန် Myanmar National Airlines (UB)သည် မိတ်ဖက်လေကြောင်းလိုင်းများနှင့် Interline သဘောတူညီချက်ရှိထားပြီးဖြစ်ပါသည်။
လေကြောင်းလိုင်းတစ်ဖက်မှ ထုတ်ယူသော လက်မှတ်တစ်စောင်တည်းဖြင့် မိမိသွားလိုသည့် ခရီးစဉ်အစအဆုံးကို အဆင်ပြေချောမွေ့စွာသွားလာနိုင်စေရန် Thai Airways (TG),Vietnam Airlines (VN),Hahn Air(HR),Japan Airlines (JL) , Sichuan Airlines (3U) တို့ဖြင့် နှစ်ဦးနှစ်ဖက် လက်မှတ်ထုတ်ယူနိုင်သော Interline သဘောတူညီချက်ရှိထားပြီးဖြစ်ပါသဖြင့် ခရီးသည်များအနေဖြင့် MNA အရောင်းဌာနများနှင့် MNA၏ Authorized Agent များတွင် လက်မှတ်ဝယ်ယူရရှိနိုင်ပါသည်။MNA Website နှင့် MNA Application တွင်လည်း ခရီးသည်များကိုယ်တိုင်ဝယ်ယူနိုင်ပြီဖြစ်ပါသည်။Baggage Check through ဝန်ဆောင်မှုကိုလည်း အဆင်ပြေစွာဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် Garuda Indonesia (GA) နှင့် Qatar Airways (QR) တို့ဖြင့်လည်း ၎င်းလေကြောင်းလိုင်းများဘက်မှ လက်မှတ်တစ်စောင်တည်းဖြင့် MNA ခရီးစဉ်များကိုပါ ဝယ်ယူစီးနင်းနိုင်မည် ဖြစ်ပါကြောင်းနှင့် Baggage Check through ဝန်ဆောင်မှုပါဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
အခြားလေကြောင်းလိုင်းများနှင့်လည်း Interline သဘောတူညီချက်များရရှိနိုင်ပါရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ထပ်ဆောင်းကြေညာအပ်ပါသည်။
(English)
Myanmar National Airlines is proudly announcing that we have been signed Interline Agreement with Partner Airlines for the sake of our esteemed passengers’ convenience travelling around the world.
Passengers can purchase the whole trip with single ticket issued by one airline. MNA has already signed Bilateral Agreement with Thai Airways (TG), Vietnam Airlines (VN), Hanh Air (HR), Japan Airlines (JL) and Sichuan Airlines (3U). We ensure to provide baggage check through service conveniently.
Additionally, MNA has also signed Unilateral Agreement with Garuda Indonesia (GA) and Qatar Airways (QR) which passengers can purchase MNA flights with one single ticket from their side. Tickets can easily be purchased at MNA Sales Counters, Authorized Agents, Website and MNA Application.
Considering our passengers, we keep on going with other airlines to have more Interline Agreements in the future.