Thu Kha Lann Nyoun Travels & Tours - Domestic Dept;

Thu Kha Lann Nyoun Travels & Tours - Domestic Dept; ပြည်တွင်းခရီးစဉ်များအတွက် လိုအပ်သောဝန်ဆောင်မှုများ တစ်နေရာထဲတွင် ရရှိနိုင်ပါသည် �

☘️ Lion Network ရဲ့ 14 - 16 Nov ခရီးစဉ် အမှတ်တရ ၃❄️ Lion Network ၏ ချောင်းသာ Luxury ခရီးစဉ်အား ကျွန်တော်တို့ သုခလမ်းညွှန...
03/12/2023

☘️ Lion Network ရဲ့ 14 - 16 Nov ခရီးစဉ် အမှတ်တရ ၃

❄️ Lion Network ၏ ချောင်းသာ Luxury ခရီးစဉ်အား ကျွန်တော်တို့ သုခလမ်းညွှန် Tourကို ရွေးချယ်အားပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

❄️ အဖွဲ့သားတွေရဲ့ အမှတ်တရ ပုံလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ


#သုခလမ်းညွှန်
#ချောင်းသာ

☘️ Lion Network ရဲ့ 14 - 16 Nov ခရီးစဉ် အမှတ်တရ ၂❄️ Lion Network ၏ ချောင်းသာ Luxury ခရီးစဉ်အား ကျွန်တော်တို့ သုခလမ်းညွှန...
03/12/2023

☘️ Lion Network ရဲ့ 14 - 16 Nov ခရီးစဉ် အမှတ်တရ ၂

❄️ Lion Network ၏ ချောင်းသာ Luxury ခရီးစဉ်အား ကျွန်တော်တို့ သုခလမ်းညွှန် Tourကို ရွေးချယ်အားပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

❄️ အဖွဲ့သားတွေရဲ့ အမှတ်တရ ပုံလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ


#သုခလမ်းညွှန်
#ချောင်းသာ

☘️ Lion Network ရဲ့ 14 - 16 Nov ခရီးစဉ် အမှတ်တရ❄️ Lion Network ၏ ချောင်းသာ Luxury ခရီးစဉ်အား ကျွန်တော်တို့ သုခလမ်းညွှန် ...
01/12/2023

☘️ Lion Network ရဲ့ 14 - 16 Nov ခရီးစဉ် အမှတ်တရ

❄️ Lion Network ၏ ချောင်းသာ Luxury ခရီးစဉ်အား ကျွန်တော်တို့ သုခလမ်းညွှန် Tourကို ရွေးချယ်အားပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

❄️ အဖွဲ့သားတွေရဲ့ အမှတ်တရ ပုံလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ


#သုခလမ်းညွှန်
#ချောင်းသာ

မင်္ဂလာပါ ခင်ဗျာ ကျနောတို့ သုခလမ်းညွှန် ပြည်တွင်းခရီးသွား လုပ်ငန်း နားထားတာတော့ သုံးနှစ် နီးပါး ရှိပါပြီနိုင်ငံရေးနဲ့ ကပ...
01/03/2022

မင်္ဂလာပါ ခင်ဗျာ

ကျနောတို့ သုခလမ်းညွှန် ပြည်တွင်းခရီးသွား လုပ်ငန်း နားထားတာတော့ သုံးနှစ် နီးပါး ရှိပါပြီ

နိုင်ငံရေးနဲ့ ကပ်ရောဂါကြောင့် ခရီးသွား လုပ်ငန်း တော်တော်များများ အလုပ်မလုပ်နိုင်ကြပါဘူး

ကျွန်တော်တို့အနေနဲ့လဲ နားထားတာ အက်မတန် ကြာနေပီဆိုတော့ ပြည်တွင်း ခရီးစဉ်လေး ပထဦးဆုံး ပြန်လည် စတင်ထွက်လိုက် ပါတော့မယ်

ဘယ်နေရာနဲ့ဘယ်ချိန်လဲ ဆိုတာကိုတော့ မနက်ဖြန်မှ ပြန်လည်ကြေငြာပေးထားပါ့မယ် ခင်ဗျာ

ခန့်မှန်းကြည့်နော် ပထမ ဦးဆုံး မှန်တဲ့သူ သုံးယောက်ကို လက်ဆောင်လေး ပေးချင်လို့ 🙆🏻‍♂️

09-5172855,09-422599052

🍃 ကျွန်တော်တို့ရဲ့ လုပ်ငန်းသစ်လေးအားပေးကြပါနော် 🍃🌴 ပြည်တွင်းအစပြုလို့ခရီးသွားလုပ်ငန်းတွေပြန်စကြပေမယ့် ကျွန်တော့်တို့အတွက...
28/11/2021

🍃 ကျွန်တော်တို့ရဲ့ လုပ်ငန်းသစ်လေးအားပေးကြပါနော် 🍃

🌴 ပြည်တွင်းအစပြုလို့ခရီးသွားလုပ်ငန်းတွေပြန်စကြပေမယ့် ကျွန်တော့်တို့အတွက် ခုချိန်ခါဘယ်လိုမှ အစမပြုရက်နိုင်ဘူး။ ကျွန်တော်တို့လဲ ဘယ်မှသွားမလည်ပါဘူးဗျာ ။ ဒါပေမယ့်…..

🌴 တောင့်ထားရတဲ့ အခြားစရိတ်တွေနဲ့ဝန်ထမ်းစရိတ်တွေအတွက် အအေးခန်းကားနဲ့ “အပင်နဲ့ပန်းတွေသယ်ပေးပါရစေ “

🌴 မေမြို့-မန္တလေး-ရန်ကုန်-မန္တလေး-မေမြို့ နေ့စဉ်သယ်ပေးမှာမို့ သယ်စရာရှိလာရင် သတိရပေးပါဗျာ

🌴 အခြားပစ္စည်းတွေပို့ပေးချင်လဲ cargo box သက်သက်ရှိသေးတာမို့ ပို့လိုရပါတယ်ဗျာ

🌴 မေမြို့မှာကနေပို့ချင်/ရွေးချင်ရင်တော့ မြရည်နန္ဒာကွန်ဒို B Office မှာလာပို့လို့ရပါတယ် 09-252929722

🌴 မန္တလေးအတွက်တော့ ကျွဲဆည်ကန်မှာလာယူ/ပို့ပေးရပါမယ် ။ အရေအတွက်များရင် အရောက်(ကားကြီးဝင်လို့ရသောနေရာအထိ) လာယူ/လာပို့ပေးပါ့မယ်ဗျာ 09-252929733

🌴 ရန်ကုန်ဆို ပို့ချင်/ရွေးချင်ရင်တော့ အမှတ်၃၉ ပထမထပ် ကျွန်းတောလမ်း စမ်းချောင်းပါခင်ဗျာ 09-252929744

🌴 အပင်တွေနဲ့ပန်းတွေအတွက် အထိအခိုက်အာမခံပါတယ်ဗျာ ။ မတော်တဆပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် တန်ဖိုးအတိုင်းပြန်လည်ပေးချေပါ့မယ်ဗျ ။

😔 ကျွန်တော့်တို့စာကြောင့်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ ။ လိုအပ်ခဲ့ရင် သတိရပေးပါဗျာ

#အအေးခန်းအပင်သယ်ယူပို့ဆောင်ရေး

📚 ကျောင်းသားVisa လျှောက်ဖို့လိုအပ်ရင် သတိရပေးပါ🇺🇸 US မှာ ကလေးတွေအတွက်ရော လူငယ်တွေအတွက်ပါ ဈေးသက်သာပြီး သင့်လျော်မယ့် Prim...
06/07/2021

📚 ကျောင်းသားVisa လျှောက်ဖို့လိုအပ်ရင် သတိရပေးပါ

🇺🇸 US မှာ ကလေးတွေအတွက်ရော လူငယ်တွေအတွက်ပါ ဈေးသက်သာပြီး သင့်လျော်မယ့် Primary , High School , Language School , College , University လျှောက်ထားပေးပါတယ် (အချိန်ပိုင်းအလုပ်နဲ့ အဆောင်ဖို့စီစဉ်ပေးပါတယ် )

🇨🇦 Canada မှာ ကလေး/လူငယ်/လူလတ် ပိုင်းအတွက် Primary , High School , Language Shool , College , University တို့ကို လျှောက်ထားပေးပါတယ် ( အချိန်ပိုင်းအလုပ်အပြင် , အဆောင်ငှါးရမ်းခြင်းပါ စီစဉ်ပေးပါတယ်)

🇬🇧 🇮🇪London နဲ့ Dublin မှာတော့ Language School နဲ့ College တွေလျှောက်ဖို့ စီစဉ်ပေးပါတယ်

🇦🇺 Ausi မှာတော့ အသက်မွေးဝမ်းကြောင်း College များအပြင် , University များလဲလျှောက်ပေးနေပါတယ်

Note : အလည်Visaများ UK မှလွဲ၍ မရသေးပါဘူး ။ကျောင်းစရိတ်ကာမိအောင် Part time Job နဲ့ အဆောင်ငှါးရမ်းခြင်းများအတွက်ပါ စီစဉ်ပေးပါတယ် ။ကလေးငယ်များနဲ့အတူ အုပ်ထိန်းသူအတွက်ပါ Visa လျှောက်ပေးတာမို့ လိုအပ်ရင် CB သို့မဟုတ် ရုံးချိန်တွင်း အောက်ပါဖုန်းများကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

Office ☎️ 095172855 , 09977906677

📢 Passport အသစ်လုပ်ချင်သူများ/သက်တမ်းတိုး လိုအပ်သူများ / Passport ပျောက်လို့ အသစ်ပြန်လျှောက်ချင်သူများအတွက်🔺 သုခလမ်းညွှန...
15/06/2021

📢 Passport အသစ်လုပ်ချင်သူများ/သက်တမ်းတိုး လိုအပ်သူများ / Passport ပျောက်လို့ အသစ်ပြန်လျှောက်ချင်သူများအတွက်

🔺 သုခလမ်းညွှန်မှာ ဝန်ဆောင်မှုရယူနိုင်ပါပြီရှင့်

🔺 Passport လျှောက်ရန်အတွက် မှတ်ပုံတင် နဲ့ သန်ခေါင်းစာရင်း မူရင်း ၊ မိတ္တူ(၂)စုံ လိုအပ်ပါတယ် ။

🔺 Finger Print / Photo အတွက် လူကိုယ်တိုင် ခေတ္တခဏ လာရောက်ပေးရပါမည်။

🔺 စာအုပ်အသစ်ရရှိရန်အတွက် ခန့်မှန်းကြာမြင့်ချိန် အနည်းဆုံး (၁၀) ရက်ခန့် ရှိပါမည်။

🔺 အသေးစိတ်သိရှိလိုပါက Chat box မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

📢 Passport အသစ်/သက်တမ်းတိုး လိုအပ်သူများအတွက်🔺 Passport ရုံးနက်ဖြန် 13.5.2021 ပြန်ဖွင့်ပြီလို့ သိရပါတယ်ဗျ ။ 🔺 အရေးပေါ်လိ...
12/05/2021

📢 Passport အသစ်/သက်တမ်းတိုး လိုအပ်သူများအတွက်

🔺 Passport ရုံးနက်ဖြန် 13.5.2021 ပြန်ဖွင့်ပြီလို့ သိရပါတယ်ဗျ ။

🔺 အရေးပေါ်လိုအပ်သူများ သွားလို့ရပါပြီ ။ မှတ်ပုံတင် နဲ့ သန်ခေါင်းစာရင်း မူရင်း လိုအပ်ပါတယ် ။

🔺 ကိုဗစ် ရှိသေးတာမို့ ဂရုတစိုက် သတိထားစေချင်ပါတယ်ဗျာ ။

🔺 လိုအပ်တာရှိရင် Chat box ကမေးမြန်းနိုင်ပါတယ် ။

ခရီးတွေပြန်သွားတဲ့အခါ ခြုံစောင်အသစ်တွေပေးပါရစေ 🏝️ တော်လှန်ရေးကြီးပြီလို့   #သုခလမ်းညွှန် နဲ့အတူ ခရီးသွားမယ်ဆိုရင်  ြတ်ပိ...
29/03/2021

ခရီးတွေပြန်သွားတဲ့အခါ ခြုံစောင်အသစ်တွေပေးပါရစေ

🏝️ တော်လှန်ရေးကြီးပြီလို့ #သုခလမ်းညွှန် နဲ့အတူ ခရီးသွားမယ်ဆိုရင် ြတ်ပိုင်းလေးပြပြီး ခရီးသွားစောင်လှလှတထည်စီထုတ်ယူပါလို့ ။ နည်းများမဆို ကူညီပေးကြပါဦးနော်

03/03/2021

ဒီအယုတ်တမာ ဘယ်သူလဲသိရအောင် Share ပေးနော်

ဒီကောင်က ခေါင်းကိုပဲပစ် #ပြည်ထဲရေးနဲ့ရဲချုပ်က နောက်မှာရှိတယ် ခေါင်းပစ်ပြီး ခြောက်ထောက်ပစ်တယ် ပြောဆိုပြီး တင်ထားတယ် ဒီကောင့်ကို သိတဲ့လူတွေရှိရင် ပြောကြပါဦး သူ့ကို အရင်သမမှရမယ်

ထိခိုက်အနာတရဖြစ်ရင် ဒီ 3 နေရာပြေးကြပါ!(1) Grand Hantha ဆေးရုံအမှတ် (၃) နာနတ်တောလမ်းနဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်း ကမာရွတ်...
28/02/2021

ထိခိုက်အနာတရဖြစ်ရင် ဒီ 3 နေရာပြေးကြပါ!

(1) Grand Hantha ဆေးရုံ
အမှတ် (၃) နာနတ်တောလမ်းနဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်း ကမာရွတ်မြို့နယ်။
ဖုန်း- 01523000, 01523111, 01523222

(2) မည်သူကိုမဆို သုခကမ္ဘာဆေးရုံ က အခမဲ့ဆေးကုသပေးပါတယ်။
လိပ်စာ-အမှတ်(၆၁၅ - E )၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

(3) ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနဖွင့်ထားပေးပြီး အင်အားအပြည့်ရှိပါတယ်!
Pls contact 09787846952 ။

ဖုန်းဆက်မရလည်း အဲ့နေရာတွေသွားပါ။အခမဲ့ ကုသပေးပါတယ်။

17/02/2021

မနက်ဖြန်သွားကြမယ့် ညီကိုမောင်နှမ များအတွက်

Free Ride မဥက္ကလာ ရွှေပေါက်က္ကံ ဝေဘာဂီ ကြိုးတံတား ဘက်မှ သူများအတွက် please share

🚖 မဥက္ကလာမှ လူ၄၀စာအတွက် နေ့စဉ် သွား/ပြန် ရှိပါတယ်

🚖 အသွား - ( ၆ကွေ့ ကောင်းကြိုက်ဒံပေါက်ဆိုင်ရှေ့မှ ပုံမှန် မနက် ၈နာရီ )

🚖 အပြန် - ( စုရပ်မှ ညနေ ၃:၃၀ )

(1) မ/ဥက္ကလာ ၆ကွေ့ - အဝိုင်း -လမ်းဝ - ကမ္ဘာအေးဘုရားလမ်း - UNရုံး - ဆူးလေ
ဆက်သွယ်ရန် ( 09 760799901 )

(2) မ/ဥက္ကလာ ၆ကွေ့ - အဝိုင်း - လမ်းဝ -၈မိုင် - လှည်းတန်း - မြေနီကုန်း - တရုတ်သံရုံး
ဆက်သွယ်ရန်( 09 765179965 )

(3) တာမွေ - UN - ဆူးလေ - လှည်းတန်း

ဆက်သွယ်ရန် ( 09 773735477 )

#မဥက္ကလာ #လမ်းဝ #ကမ္ဘာအေး #ဆူးလေ #၈မိုင် #လှည်းတန်း #တရုတ်သံရုံး #တာမွေ

27/12/2020

ဗူးဘုရား
--------

ဗူးဘုရားသည် ပုဂံမြို့အနီး ဧရာဝတီမြစ် ကမ်းနဖူး၌ တည်ရှိပြီး မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ်

စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားသည်မှာ မြစ်ဧရာ၏ သဘာဝအလှနှင့် များစွာ

ပနံရလှသောရှုခင်းသာ ဖြစ်စေသည်။

ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့သည်။(ပျူစောထီး ရှိမရှိကိုမူ

ယနေ့ထိတိုင် ကွဲလွဲချက်များ ရှိနေဆဲဖြစ်သည်။)ပျူစောထီးမင်းဟာ ဗူးရန်ကို အောင်နိုင်ခြင်း

အထိမ်းအမှတ် ဗူးဘုရား ကိုတည်ခဲ့ တယ်တဲ့။ ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင်

အောင်မြင်သော နေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်း

ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယြုံကည်လျက်ရှိကြသည်။ပျူစောထီး သမိုင်းမစ်သ် ထဲမှာတော့

ဗူးခါးပင်တွေဟာ ထွန်ယက်စိုက်ပျိုး လို့ မရအောင် လယ်သမားတွေကို မင်းမူ နှောက်ယှက် ကြ

တယ်တဲ့။ အဲ့ဒီ့ သမိုင်းမစ်သ်ကို ပြည်ပခေတ်ပြိုင် မှတ်တမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးလိုက်တော့

သမုဒ္ဒရာဇ်မင်း ခေတ် အေဒီ ၂ရာစုမှာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှကို စစ်မျက်နှာဖြန့်

တိုက်တာ ကမ္ဘောဒီးယား ပထမ ခမာအင်ပါယာဖြစ်တဲ့ ဖူနမ် ခေါ် ဗူးနမ် အင်ပါယာ ပါတဲ့။ ၎င်း ဗူးနမ်

အင်ပါယာရဲ့ စစ်တပ်တွေဟာ ပြည်သူတွေ ထွန်ယက်စိုက်ပျိုး အလုပ်လုပ်လို့ မရအောင်ကို

တိုက်ခိုက်နှောက်ယှက် ကြတယ်လို့ ဆိုလိုပါတယ်။ အဲ့ဒီ့ ဗူးနမ် အန္တရာယ်ကို အတိုကောက်

အဖျားဆွတ်ပြီး ဗူး အန္တရာယ်၊ ဗူးတွေရဲ့ ရန် ကျရောက်တယ်လို့ မစ်သ်ကို အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
ဒီတော့ ဗူးရန်ကို အောင်နိုင်ခြင်းဆိုတာ အသီးသီးတဲ့ ဗူးပင်တွေကို အောင်နိုင်တာမဟုတ်ပဲ ပထမခမာ

အင်ပါယာ ပြည်ပ အန္တရာယ် ဗူးနမ် စစ်တပ်တွေကို အောင်နိုင်တာကို ဆိုလိုခဲ့ဟန်တူပါသည်ဟု

အရေးအသားအချို့တွင် ဖော်ပြကြသည်။
(ပုဂံက ဗူးဘုရားအပြင် ပုဂံနဲ့ ခြောက်မြို့ သွားလမ်းမှာ ဗူးလူး ဘုရား ဆိုတာ ရှိပါသေးတယ်။

ပျူစောထီး နဲ့ ဗူးစစ်သူကြီး စီးချင်းထိုးကြတာ ဗူးစစ်သူကြီး မြင်းပေါ်ကကျ လူးလှိမ့်သေသွားတဲ့

နေရာမှာ အထိမ်းအမှတ် စေတီတည်ခဲ့တာပါ။ ယနေ့အထိ ဗူးလူး ဘုရားလို့ ခေါ်နေတုန်းပါပဲ။
ပျူစောထီး ဟာ သက်တော်ရှည် ဘုရင်ကြီးဖြစ်ပြီး အေဒီ ၁၆၇ မှ အေဒီ ၁၄၂ အထိ၊ ပေါင်း ၇၅

နှစ်တောင် မင်းပြု သွားပါတယ်။ ဒီတော့ သူ့ရဲ့ ဗူးရန်ကိုအောင်နိုင်ခြင်း ဗူး ဘုရားကို အေဒီ ၂ရာစုမှ ၃

ရာစု အတွင်း တည်ခဲ့တယ်လို့ မှတ်ယူ နိုင်ပါတယ်။)
အေဒီ၂ရာစုမှ ၃ရာစု အတွင်း တည်တယ်လို့ ပြောဖို့ အကောင်း အဆုံး အထောက်အထားတစ်ခုကတော့

၁၉၇၅ ငလျင်ကြီးလှုပ်တော့ ဗူးဘုရားကြီးဟာ အက်ကွဲပြီး စေတီတော်ကြီး ဧရာဝတီမြစ်ထဲ

ပြုတ်ကျခဲ့ပါတယ်။ အဆိုးထဲက အကောင်းကတော့ ဗူးဘုရားဌာပနာ တိုက်ထဲက အေဒီ ၂ရာစုကနေ

၃ရာစုတွင်း လို့ ပြောနိုင်တဲ့ အုတ်ခွက်ဘုရားတွေ တွေ့မြင်ရလို့ပါပဲ။ (အဲဒီအုတ်ခွက် ဘုရားများပုံကို

မင်းဘူးဦးအောင်ကြိုင်ရဲ့ ပုဂံအုတ်ခွက်ဘုရားများ စာအုပ်မှာ ကြည့်နိုင်ပါတယ်။) ၁၉၇၈ခုနှစ်မှာ

အသစ်တဖန် ပြန်လည်တည်ထား ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။အဲဒါကိုက ပျူစောထီးမင်းဟာ

ပုံပြင်သက်သက်မဟုတ်ပဲ တကယ်ရှိခဲ့သည် သုတေသီအချို့က အထောက်ထားပြုကြသည်။
ဗူးဘုရားရဲ့ ပုံစံဟာ သရေခေတ္တရာက ထေရဝါဒ ဘုရားတွေဖြစ်တဲ့ ဘောဘောကြီး၊ ဘုရားကြီး၊

ဘုရားမာ တို့လို ထုလုံးရှည်၊ ဓာတ်တော်ကျုတ်ပုံ ဖြစ်နေတာကလည်း သရေခေတ္တရာရဲ့ ယဉ်ကျေးမှု

ရဲ့ အမွေကို ပုဂံက ရလိုက်တယ်ဆိုတဲ့ အထောက်အထား တစ်ခုဟုဆိုကြသည်။
ဒါတွေအားလုံးဟာ သရေခေတ္တရာ နောက်ဆုံးမင်း သုပညာရဲ့တူ သမုဒ္ဒရာဇ်မင်းက ပုဂံကို ပထမဆုံး

စတည်တယ် ပျူစောထီး မင်းလက်ထက်မှာ ပြည်တွင်း ပြည်ပ ရန်သူတွေကို အောင်နိုင်ပြီး

အင်ပါယာကြီးထူထောင်နိုင်ခဲ့တယ် သရေခေတ္တရာက ထေရဝါဒဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ ဗိသုကာ၊

အနုပညာ လက်ရာ တွေ ပုဂံကို ရွေ့ပြောင်းလာခဲ့တယ် ဆိုတဲ့ အထောက်အထားတွေပဲ ဟုအခိုင်အမာ

ပြောဆိုကြသည်။
အနော်ရထာမင်းသည် အေဒီ ၁၀၄၄ မှာနန်းတက်ပြီး ပုဂံမင်းဆက် ၄၃ပါးမြောက် ဘုရင်ဖြစ်သည်။

အေဒီ ၁၆၇ မှာ နန်းတက်တဲ့ ပျူစာထီးမင်း လက်ထက်မှာပဲ ထေရဝါဒ ဗုဒ္ဓဘာသာ ရှိနေပြီမို့

အနော်ရထာနဲ့ ရှင်အရဟံ လက်ထက်ကျမှ ပုဂံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ရှိသည်မဟုတ်ဟု

ပြောကြပြန်သည်။
အနော်ရထာထက် နှစ်ပေါင်း ကိုးရာကျော် စောတဲ့ ပျူစောထီး လက်ထက်မှာ ကတည်းက ပုဂံမှာ

ထေရဝါဒ ဗုဒ္ဓဘာသာ ရှိနေနှင့်ဆို ဆိုတာ ဗူးဘုရားကြီးက အကောင်းဆုံး အထောက်အထားဟု

ဆိုကြသည်။

ဘုရင်ပျူစောထီးသည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို

နှိမ်နှင်းခဲ့ရသည်။

အခြားရန်သူများကို နှိမ်နင်းရာဌာနများ၌လည်း အထိမ်းအမှတ်အဖြစ် ကျားသတ်ဘုရား၊ ရှူးပျံဘုရား၊

ဝက်သတ်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ လေးနှင်ဘုရား၊ မြားဘုရား၊ သမီးဝှက်ဘုရားများလည်း

တည်ထားခဲ့သည်။ စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ်ဍာနျရှိသည်ဟု

မှတ်ယူကြသည်။ ယခုအချိန်၌ ပျူစောထီးလက်ထက်က တည်ထားသော

စေတီတော်အဖြစ်မတွေ့ရတော့ဘဲ ခေတ်အဆက်ဆက်နှောင်းလူတို့ ပြုပြင်မွမ်းမံထားသည့်
မှန်စီရွှေချများဖြင့် တန်ဆာဆင်ထားသော စေတီအဖြစ်တည်ရှိနေသည်။

ယနေ့ခေတ်တွင် ဗူးဘုရား၏ နေဝင်ချိန် ညနေခင်းသည် အလှတရားတစ်ခုဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။

မူရင်းပိုင်ရှင်များကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ....

#ကျန်းမာပါစေ_မြန်မာပြည်

17/12/2020

❄️ မြန်မာပြည်အထက်ဖျားက နှင်းပွင့်များဆီသို့ အလည်တခေါက် ❄️

❄️ တစ်ခါ တခေါက်တော့အရောက်သွားပါ

📌 ရှုမဆုံးနိုင်တဲ့ ရေခဲတောင်ကြီးတွေရယ် ၊ ကြည်တေက်စိမ်းနေတဲ့ ရေခဲမြစ်တွေရယ် ၊ ရိုးသားဖြူစင်တဲ့ တောင်ပေါ်တိုင်းရင်းသားတွေဆီရယ် တခေါက်လောက်အရောက်သွားပြီး အမောဖြေကြည့်ပါဦးလားဗျာ ။

⛄️ ကချင်ပြည်နယ် မြောက်ဖျား ရေခဲတောင်ခရီး

📌 ကချင်ပြည်နယ် အထက်ပိုင်း နေရာအချို့မှာ ဒီဇင်ဘာနောက်ပိုင်း နှင်းကျတာ ပိုများပါတယ် ။ သစ်တောပြုန်းတီးမှုတွေကြောင့် နေရာအများစုမှာ နှင်းကျတဲ့အခါ ကြာရှည်မခံပဲ ပျော်သွားတာများပါတယ် ( ဥပမာ - ပန်ဝါ )။ အခု ကျွန်တော်တို့ သွားခဲ့တဲ့ ဖီမောအထက်ပိုင်း နယ်ခြားမှတ်တိုင်များနဲ့ ခေါင်လန်ဖူး ရှိန်းခေါင် တဝိုက်မှာတော့ သင်္ကြန်နောက်ပိုင်းအထိ နှင်းအပြည့်ရှိတယ်လို့ ရွာခံတွေကဆိုကြပါတယ် ။

✈️ ခရီးလမ်းကြောင်း ( ရှိန်းခေါင် - ဖီမော အထက် နယ်ခြားမှတ်တိုင်များ )

📌 ခရီးစဉ်စဖို့ မြစ်ကြီးနားအထိကတော့ မိမိအစီအစဉ်နဲ့ အဆင်ပြေသလို လာဖို့လိုပါတယ် ။ မြစ်ကြီးနားရောက်ပြီဆိုရင်တော့ မြစ်ကြီးနား - ဖီမော သွားတဲ့ ၆ယောက်ဆန့် Prado ကားတွေ ရှိပါတယ် ။ စင်းလုံးငှါးမယ်ဆိုရင်တော့ မြစ်ကြီးနား - ဖီမော - မြစ်ကြီးနား အတွက် 4500¥ယွမ် ကျပါတယ် ။ လက်မှတ်ဖြတ်စီးရင်တော့ တယောက်ကို 350¥ယွမ် ကျသင့်ပြီး သူတို့က ၉ယောက်ကနေ ၁၁ယောက်လောက်တင်ပါတယ်တဲ့ ။ မြစ်ကြီးနားကနေ ဖီမောကို မောင်းချိန် နားချိန်အပါ ၁၂နာရီခန့်ရှိပါတယ် ။ သာယာလှပတဲ့ တောတောင်တွေရယ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပေမယ့် အပြုံးမပျက် ဧည့်ဝတ်ကျေတဲ့ ဒေသခံတွေကို တွေ့ရပါမယ် ။ ဖီမောရောက်ပြီဆိုရင်တော့ တညတာ တည်းခိုခန်းမှာ အိပ်စက်အနားယူဖို့လိုပါတယ် ။ နောက်တနေ့ မနက် စောစော ဖီမောကနေ တရုတ်နိုင်ငံ ဖူကုန်း မြို့ကို ဖြတ်ပြီး ရှိန်းခေါင်သွားဖို့ တရုတ်ဘက်က ကားကို ငှါးစီးရပါမယ် ။ စင်းလုံးငှါး ၆ယောက်ဆန့် ကားတစီးကို အသွား/ပြန် 2700¥ယွမ် ကျပါတယ် ။ ဖီမော - ဖူကုန်း - ရှိန်းခေါင် ၈နာရီခန့် စီးပြီးတဲ့အခါ ကျွန်တော်တို့ရဲ့ သုခဘုံလေး ရှိန်းခေါင်ရွာ နှင်းတောင်များဆီ ရောက်ပါပြီ ။ အပြန်ကျရင် ဖီမော ပြန်ဖို့ အချိန်မလောက်တာကြောင့် တရုတ်ပြည် ဖူကုန်းမှာပဲ တစ်ညအိပ်ဖို့လိုပါတယ် ။ နောက်တရက် မနက်အစော တရုတ်မြန်မာ နယ်စပ် ဖီမောထိ တရုတ်ကားကို စီး ဖီမောရောက်တဲ့အခါ မြစ်ကြီးနားပြန်မယ့်ကားကို စီးလာရင်တော့ ညနေ၇နာရီဝန်းကျင်ခန့် မြစ်ကြီးနား ပြန်ရောက်ပါမယ် ။

🚘 လမ်းခရီးအခြေနေ

📌 မြစ်ကြီးနားကနေ ရှိန်းခေါင်သွားတဲ့ တိုက်ရိုက်လမ်းမရှိပါဘူး ။ မြစ်ကြီးနား - ချီဖွေ - ဖီမော - တရုတ်ပြည် ( ဖူကုန်း ) - ရှိန်းခေါင် သို့မဟုတ် မြစ်ကြီးနား - ကန်ပိုက်တီ - တရုတ် ( ကူရုံး ) - ဖီမော - တရုတ်( ဖူကုန်း ) - ရှိန်းခေါင် လမ်းဆိုပြီး ၂လမ်းရှိပါတယ်။ မြန်မာပြည်ထဲမှာတော့ လမ်းတွေ က မြေသားလမ်းနဲ့ ကျောက်ကြမ်းလမ်း များတဲ့အတွက် နဲနဲတော့ ပင်ပန်းပါမယ် ။ တရုတ်ပြည်ကို ဖြတ်စဉ်တော့ လမ်းကောင်းတာမို့ သက်သာပါတယ် ။ ပူတာအိုကနေ သွားမယ်ဆိုရင်တော့ ခေါင်လန်ဖူးထိကား ၁ရက် စီးပြီး ၂ရက်လမ်းလျှောက် ရှိန်းခေါင်ထိကိုတော့ လမ်း ၃ရက်ခန့် လျှောက်ဖို့ လိုပါမယ် ။ ဘယ်လမ်းကပဲ သွားသွား လုံခြုံစိတ်ချရပါတယ် ။

📚 ပြည်ဝင်ခွင့် လက်မှတ်

📌 တရုတ်ပြည်ကနေ ပါတ်သွားရတာမို့ ယာယီဖြတ်သန်းခွင့်စာအုပ်အနီ လုပ်ရပါမယ် ။ မြစ်ကြီးနား ချီဖွေ ဖီမော် လမ်းသွားမယ့်သူတွေအနေနဲ့ ဖီမော်မှာ စာအုပ်နီလုပ်ပေးမယ့် ရုံးမရှိသေးတဲ့မို့ ကန်ပိုက်တီ မှာ စာအုပ်သွားပြီး ကြိုလုပ်ထားဖို့လိုပါမယ် ။ ကန်ပိုက်တီ ကူရုံး ဘက်က ပါတ်သွားမယ်ဆိုရင်တော့ ကြိုလုပ်စရာမလိုပါဘူး ။ စာအုပ်နီအတွက် လိုင်စင်ဓါတ်ပုံ အပြာနောက်ခံ ၃ပုံနဲ့ မှတ်ပုံတင်မိတ္တူ ရယ် ၁၀၀၀၀ကျပ် ပေးရပါတယ် ။

🏨 တည်းခိုရန်

📌 တည်းခိုခန်းတွေ ၊ ဟိုတယ်တွေ အထိုက်အလျောက် သန့်တယ်ဆိုရမှာပါ ။ မနက်စာတော့မပါပါဘူး တစ်ညကို ၂ယောက်တခန်း 120¥ယွမ်လောက်ရှိပါတယ် ။

🥘 အစားအသာက်

📌 တရုတ်စာများတာမို့ မြန်မာပါးစပ်အတွက် အခက်အခဲ သိပ်မရှိပါဘူး ။ တရုတ်ဆိုင်အတော်တော်များများမှာ ငါးတွေ အရှင်သာ ချက်ချင်းချက်ရောင်ပေးတာမို့ အချို့သူတွေအတွက် မြင်ရပြုရ အဆင်မပြေတာ ရှိတတ်ပါတယ် ။

✔️ ဆောင်ရန်

📌 တရုတ်စကား ၊ကချင် သို့မဟုတ် လီဆူး စကား ပြောတတ်တဲ့ အဖေါ်တယောက်ခေါ်သွားပါ ။ အနွေးထည်အထူ ၊ လက်အိတ် ၊ ခြေစွပ် ၊ ခေါင်းစွပ် ယူဖို့လိုပါတယ် ။ ရှူးဖိနပ် ၊ ဓါတ်မီး ၊ Wet Towel ၊ သောက်နေကျ ဆေးဝါးအစုံအလင်နဲ့ မုန့်တွေဝယ်လာပါ ။ နယ်စပ်မှ အိပ်တဲ့ညတွေ မုန့်တွေဘာမှမရပါဘူး ။ နယ်စပ်မှာ မြန်မာဖုန်း မမိပါဘူး ။ Online သုံးချင်ရင်တော့ China SIM card 50တန် 100တန် ရောင်းပါတယ် ။ တရုတ်ပြည်မှာ Facebook,Messenger ပိတ်ထားတာမို့ သုံးချင်သူများအတွက် မြန်မာပြည်မှာထဲက VPN App လေး ဒောင်းလာဖို့ လိုအပ်ပါတယ် ။ မှတ်ပုံတင် ၊ ကင်မရာ ၊ ပါဝါဘဏ် ဆောင်သွားပါ ။

❌ ရှောင်ရန်

📌 ဒီခရီးစဉ်ကို အသက်အရွယ်ကြီးလွန်းသူ ၊ ကားကြာကြာမစီးနိုင်သူ ၊ နာတာရှည်သမားများ ၊ ချေးများလွန်းသူများအတွက် မသင့်တော်ပါဘူး ။ မပြည့်စုံသော ဝေးလံသော ခေါင်လွန်းသော နေရာများ ၏ လိုအပ်ချက်များနဲ့ လိုက်လျောညီထွေ နေနိုင်မှသာ အဆင်ပြေမှာပါ ။

🏔 အခြားဘယ်နေရာတွေလည်လို့ရဦးမလဲ ?

📌 ရေခဲတောင်တွေအပြင် ၊ တရုတ်ပြည်ဖူကုန်းမြို့မှာတော့ ကောင်းကင်တံခါးလို့ တင်စားကြတဲ့ ထိပ်မှာအပေါက်ကြီးနဲ့တောင် ၊ မြစ်ဂငယ် ၊ မြစ်ကူးကြိုးတချောင်းတံတား ၊ လီဆူးကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေရဲ့ အလှ၊ အခြားနေရာများစွာရယ်နဲ့ အချိန်ရရင် နံမည်ကျော် ထိန်ချုံးကိုလည် သွားရောက်လည်ပါတ်နိုင်ပါသေးတယ် ။

👌🏻 ကား ၊ ဟိုတယ် ကြိုချိတ်ရန်

📌 အချို့သော ကားတွေက စျေးပိုပေးရတဲ့အပြင် တရုတ်စကားမတတ်သော ကားဆရာ ၊ ပညာပြတတ်သော ကားဆရာများနှင့် ကြုံတတ်ပါတယ် ။ သတိထားပါ ။

❗️ Note - ရေခဲတွေက ၄လပိုင်းကုန်ပြီဆိုရင် မရှိတော့ပါဘူးတဲ့ဗျာ ။

❄️ငဗစ်ကြီးပြီးတဲ့အခါ မြန်မာပြည်အထက်ဖျားက နှင်းပွင့်များဆီကို #သုခလမ်းညွှန် နဲ့အတူတူသွားလည်ကြမယ်နော်

#ကချင်ရေခဲတောင်
#ရှိန်းခေါင်
#ဖီမော
#ကျန်းမာပါစေ_မြန်မာပြည်

08/12/2020

ဆွမ်းဦးပုညရှင် ဘုရား သမိုင်း
---------------------------

စစ်ကိုင်းတောင်ရိုး ဒုတိယအမြင့်ဆုံး တောင်ထိပ်ဝယ် တည်ထားသော စေတီတော်မြတ်ကို ပင်းယခေတ် ဦးပုည မင်းတမန်တော်က တည်ထားကိုးကွယ်ခဲ့သည်ဟု ဆို၏။ ပင်းယ ဆိုသည်က ယင်းမတိုင်မှီ တိုင်းကားပြည်ငယ် မင်းသူငယ်တို့ စိုးစံခဲ့ဘူး သည့်ကာလတစ်ခု အင်းဝခေတ်မတိုင်မီ သမယကို ခေါ်ကြ၏။ စေတီအမြင့်သည် ၂၉ မီတာ အပေါ် ဆင့်တင်ထားတော်မူ သည်က ၈ မီတာအမြင့် ထီးတော်ရှိတော်မူ ပေသည်။ စေတီမဟာတွင် မူလတစောင်း တခုတည်ရှိ တော်မူသည်က လှပသော စမုတပလ္လင် တစ်ခုဖြစ်၍ ယင်းရှေ့တွင်မူ ကြီးမားသော ဘားတကာ ကြေးသွန်းဆောင်လျက် ယင်းအောက်တွင်မူ ဘီးအသွင်ဖြင့် အလှူခံပုံ များတည်ထားပါသည်။

သာသနာသက္ကရာဇ် ၁၇၈၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၆၇၄ခု တပေါင်းလပြည့်နေ့တွင် ဝိဇယပူရ ပင်းယမြို့နန်းကို စိုးစံတော်မူသော ဆင်ဖြူတစ်စီးရှင် သီဟသူမင်းကြီး၏ သေနာပတိဖြစ်သော မဟာပုည အမတ်ကြီးသည် နော်ရထာမင်းစော၏ ကွမ်းခွက်တော်နှိုက် ရွှေမှိုခုနှစ်ချက်စွဲ၍ဌာပနာတော်မူသော မွေတော်ခုနှစ်ဆူ တို့အနက် နှစ်ဆူသော ဓာတ်တော် မွေတော်တို့ကို ပန်းတိမ် ငစိန်သင်၏ လက်မှ တရားသဖြင့်ရခြင်းနှင့် များစွာသောဓာတ်တော် မွေတော်တို့ကို နတ်တို့ဆောင်ပို့၍ ရခြင်းများကြောင့် ကြည်ညိုရကား စေတီတည်ရန် မြေအရပ်ကို ဓိဌာန်ရွေးချယ်သောအခါ ဇေယျာပူရတိုင်း စစ်ကိုင်းမြို့မြောက်၌‌ တောင်ပေါင်း(၃၀)ကျော်တို့ဖြင့်ဝန်းရံလျှက်ရှိသော ဥပစာ ငဖားမည်သော တောင်ထိပ်၌ ၊ဗုဒ္ဓကုမာရဘုရားအလောင်း ယုန်မင်းဖြစ်စဉ်က ကျင်လည်တော်မူဘူးသောအရပ်သို့ ဓာတ်မွေတော်တို့ အစဉ်သဖြင့်ကြွ၍ ကိန်းဝပ်ရာဖြစ်သော ထိုအရပ်ဝယ် ခမ်းနားကြီးကျယ်စွာ ဌာပနာ၍ ပုညအမတ်စေတီ တည်ထားကိုးကွယ်သည်ကို ပုညစေတီဟုတွင်သတည်းဟု စေတီယပကာသနီ ကျမ်းတွင် ဖော်ပြထားခဲ့ပါသည်။

ဘိုးဝဇီယမှတ်တမ်းတွင် ပုညအမတ်သည် မွေတော်နှစ်ဆူကို ပတ္တမြားကြုတ်နှင့်တကွ ရွှေလင်ပန်းထက်တင်၍ သင်ပုတ်ပြင်ပြိးလျှင် ဆီမီးတန်ဆောင် ပန်းပေါက်ပေါက်တို့ဖြင့် ထက်ဝန်းကျင် ပူဇော် ပသကာပြု၍
"ရှင်တော်ဘုရား..လူနတ်ဗြဟ္မာ ရဟန်းသံဃာတို့ ပူဇော်ပသကာ ပြုအံ့သောအရပ်တွင် သင်ပုတ်တင်အံ့။ ရွှေလင်ပန်းနှင့်တကွ တည်မိသော "ဟု သစ္စာအဓိဌာန်ပြုပြီး ခြေမြန်ကုလားတစ်ယောက်ကို ခေါ်၍ ခေါင်းထက်တင်ရွက်စေပြီးသော်
"အမောင်..တောင်ဖီလာ၊လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင်တွင် တင်ချင်စိတ်ရှိသည့် အရပ်၌ ဤရွှေလင်ပန်းနှင့် သင်ပုတ်ကို မသွန်ဘဲ ထားခဲ့တော့"ဟုမှာထား၍ ပို့စေခဲ့သည်။

ခြေမြန်ကုလားလည်း အမတ်ပုညမှာသည့်အတိုင်း တောင်ဖီလာ၊ လေးကျွန်းဆီမီးတောင်ကတက်၍ တောင်ရိုးတောင်စဉ်တလျှောက် လျှောက် ၍ သွားသော် မည်သည့်ဌာနတွင်မှ မတင်ချင် ၊ယခုပုညရှင် စေတီမြတ်တည်ရာ ငဖားတောင်ထိပ်ရောက်မှ သီရိဓမ္မာ သောကစေတီဟောင်းတစ်ဆူနှင့် ပတူးသင်္ဃရာဇာတည်ထားသော စေတီတစ်ဆူ ၎င်းနှစ်ဆူကြားတွင် ရွှေလင်ပန်းတင်ထားပြီး ပြန်လာခဲ့လေသည် ။

အမတ်ပုညလည်း သီရိဓမ္မာသောကစေတီတော်နှင့် ပတူသင်္ဃရာဇာကောင်းမှုစေတီဟောင်း နှစ်ဆူ ကို ငုံပြီးလျှင် စေတီတည်လေ၏ဟု ဖော်ပြထားပါသည်။

မိုးတားဝန်ထောက်မင်း၏ စစ်ကိုင်းဘုရားစဉ် သမိုင်းချုပ်တွင် ပုညရှင်စေတီတော်၏ အတိုင်းတာဖော်ပြရာ၌ ဖိနက်တော် (၄၂)တောင်(၂)မိုက်၊ဉာဏ်တော်အတောင်(၄၀)နှင့် (၁)မိုက်ဟုဖော်ပြထားပါသည်။ ယခုတိုင်းတာရရှိသည့် ပုညရှင်စေတိတော်အတိုင်းတာမှာ ဖိနက်ခင်း(၆၂)ပေ(၄၁)တောင်တစ်မိုက်၊ဉာဏ်တော်(၁၃၃)ပေ(၈၈တောင်၂မိုက်)ထီးတော်အမြင့်မှာ (၂၅ပေ ၁၀လက္မ)ရှိပါသည်ဟု ၁၃၂၂-ခုကရွှေကိုင်းသားရေးသားပြုစုသည့် ဆွမ်းဦးပုညရှင်စေတီတော် သမိုင်းတွင် ရေးသားထားပါသည်။

မူလရှိနှင့်ပြီးသော သီရိဓမ္မာသောကမင်း၏ စေတီဟောင်းဆိုသည်မှာ ဥတ္တမစက္ကန္ဒဓဇမဟာဓမ္မရာဇာဂုရုဘွဲ့ရ မိတ္ထီလာဆရာတော်က ယောမြို့ရှိ ရွှေမုဌောစေတီကို ထောက်ထားပြု၍ ဉာဏ်တော် (၂)တောင် တစ်ထွာခန့်မျှ ဂွမ်းဝါဖတ်သော ဝါးဖက်ခြင်းလုံးခန့်သာရှိပြီး အထုးသင်္ဃရာဇာကောင်းမှု စေတီဟောင်းကလည်း များစွာ မကြီးတန်ရာ၊ သို့မှသာ ပုညအမတ်က ထိုစေတီ ဟောင်းနှစ်ခုလုံးကို ငုံမိအောင် စေတီတည်နိုင်ပေမည်ဟု ရေးသားထားကြောင်းတွေ့ရှိရပါသည်။

စေတီယကထာတွင်"စစ်ကိုင်းဂန္ဓမာဒနတောင်ထိပ်၌

သီရိဓမ္မာသောကစေတီတစ်ဆူ

ပုညအမတ်ကောင်းမှုတစ်ဆူ

ပတူသင်္ဃရာဇာကောင်းမှုတစ်ဆူ

ဤသုံးဆူသောစေတီကိုတစ်ဆူထဲစု၍ အနုရုဒ္ဓါမဟာဓိပတိခံသော အသင်္ခယာစောယွန်းတည်သော စေတီတော်၌ "ဟုရေးသားထားချက်အရ အသင်္ခယာစောယွန်းမင်းကစေတီငယ်သုံးဆူကိုငုံ၍ ပုညရှင်စေတီကြီးကိုတည်ခဲ့သည်ဆိုခြင်းကပိုမိုလျှော်ကန်လှသည်ဟု ထင်မြင်မိပါသည်။

ဤစေတီတော်ကြီးကို သက္ကရာဇ် ၉၂၀ ပြည့်နှစ်တွင် ဟံသာဝတီဆင်ဖြူရှင် မင်းကလည်းကောင်း မင်းရဲကျော်စွာလက်ထက်သက္ကရာဇ် ၉၄၉ခုနှစ် ၊ ပုညရှင်စေတီကို ရွှေထီးတင်၍ ရွှေဇရက်ဆောက်၏။ ကျွန်၂၅၀လူပြီး ကျောက်စာစိုက်ခဲ့၏။ ဗဟိုစည် ခေါင်းလောင်းစသည်တို့လှူဒါန်း၏။

သက္ကရာဇ် ၉၆၄ခုနှစ် ဟံသာဝတီဆင်ဖြူရှင်သားတော်ဥတ္တမရာဇ်သည် ပုညရှင်စေတီ ရှေးကောင်းမှု ပြိုပျက်သမျှ
ပြင်ဆင်၍ ရွှေထီးတင်လှူခဲ့၏။ ရွှေချ၏။ ဇရက်ဆောက်၏ သက္ကရာဇ်၉၆၇ခုနှစ် အနောက်ဘက်လွန်မင်း ပုညရှင်အနောက်ထောင့် တောင်ရံခြေရင်း၌ လှိုဏ် ၂ ဆင့် ၊စြင်္ကန်နှင့်တကွသော ရွှေဥမင်ကျေင်းတော်ကိုပြု၏။ ပုညရှင်ဘုရားကိုလဲ ရွှေလုံးတော်ပြည့်ထည့်တော်မူ၏။ (စေတီယကထာမှ)၊သက္ကရာဇ် ၁၀၀၂ခုနှစ်တွင် သာလွန်မင်းကလည်းကောင်း၊ သက္ကရာဇ် ၁၁၃၅ခုနှစ်တွင် ကုန်းဘောင်ဆင်ဖြူရှင်မင်းကလည်းကောင်း သက္ကရာဇ် ၁၁၄၇ခုနှစ်တွင် ဘိုးတော်ဘုရားကလည်းကောင်း အသီးသီးပြင်ဆင်ပူဇော်ခဲ့ကြသည်။

သက္ကရာဇ်၁၃၁၈ခုနှစ် ဝါဆိုလဆန်း ၉ရက်နေ့ ငလျင်ဒဏ်ကြောင့် ပျက်ဆီးမှုများကို ငလျင်ဘေးလှူဒါန်းငွေကို မ တည်၍ အများပြည်သူတို့ ထည့်ဝင်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်ခဲ့ရပါသည်။ ယခုအခါ အများပြည်သူတို့၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဂေါပကအဖွဲ့မှ ဦးစီးဆောင်ရွက်ခဲ့ကြရာ ထူးခြားစွာတိုးတက်လာပြီး ပြည်တွင်းဘုရားဖူးဧည့်သည်များ အပြင်ကမ္ဘာလှည့်ဘုရားဖူးအဖွဲ့များဖြင့် အမြဲမပျက်စည်ကားလျှက်ရှိပေသည်။

စေတီတော်ကြီး၏ ပွဲတော်ရက်မှာ နှစ်စဉ် ဝါဆိုလပြည့်နေ့ဖြစ်ပြီး ဝါဆိုလဆန်း ၁၄ရက်မှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများသည် မိမိနှင့်ပက်သက်ရာ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခို၍ ချိုချဉ်ရသာများ ဆက်ကပ်ကြပြီး စစ်ကိုင်းတောင်ရိုးတစ် လျောက် ဘုရားဖူးလည်ပတ်ကြသူများဖြင့် စည်ကားလှပါသည်။

စစ်ကိုင်းမြို့တွင့်မှ ဆွမ်းတော်ကြီးဝတ်အသင်း များကလည်း ပုညရှင်ဘုရားကြီးသို့ လ္ဆန်း(၁၄)ရက်နေ့ ညနေအရောက်လာကြပြီး လပြည့်နေ့နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူဒါန်းပြီး မဂ်လမ်းကိုဆုပန်နေကြသော တရားဓမ္မသံများကလည်း စစ်ကိုင်းတောင်တစ်ခုလုံး ဖုံးအုပ်သာယာ ကြည်နူးစရာကောင်းလှပါသည်။

ဤယဉ်ကျေးမှုအစဉ်လာကို နှစ်ပေါင်းနှစ်ရာကျော်အောင် စဉ်ဆက်မပျက် ထိန်းသိမ်းခဲ့ကြသော ဇေယျာသူ ဇေယျာသားတို့၏ သဒ္ဓါတရားကိုလည်း လေးစားထိုက်လှပါပေသည်။

“ဝါဦးပုဏ္ဏိန် ခါသမယ၌ ဇေယျာပူရ ပြည်သားပြည်သူ ဆွမ်းဦးစကပ်လှူ ပုညရှင်ဟု သမိုင်းထူသည် ဘွဲ့တော်မွေးကြူသင်းပြန့် လှပါသလေး” ဆိုသကဲ့သို့ ဝါတွင်းကာလ၏ အစဦးဆုံးဥပုဒ်နေ့ဖြစ်သည့်ဝါဆိုလပြည့်နေ့တွင် ပထမဦးဆုံး ဆွမ်းကပ်လှူရသော ဘုရားဖြစ်၍ ဆွမ်းဦးပုညရှင်စေတီ ဟုခေါ်ဆိုကြပေသည်ဟု သဗြူးမြသောင်း၏ စစ်ကိုင်းတောင်၊ မင်းဝံတောင်ဘုရားတွင် ဖော်ပြထားပါသည်။

ရှေးယခင် အင်းဝခေတ် အင်းဝမင်းများလက်ထက်တွင် သီတင်းကျွတ်လ္ဆန်း ၁၄ရက် ၁၅ ရက်၊လဆုတ်၁ရက်၊ ပေါင်းသုံးရက်တွင် ပုညရှင်စေတီတော်၌ ဆီမီးခွပ်ထွန်း ပြသာဒ်မီးခွပ်၁၀၀ မီးဇာစုံနှင့် ဆီ ၃ ပိဿာ ၊မီးထွန်းကြပ် သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်၂ယောက်ဆီခန့်၍ ဆီမီးပူဇော်ပွဲကျင်းပပြီး ရဟန်းသံဃာများအား ကန်တော့ပူဇော်ခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်းများကျင်းပမြဲဖြစ်သည်ဟု အင်းဝသာသနာဝင်တွင်ဖော်ပြထားပါသည်။

မူရင်းပိုင်ရှင်များကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ....

#ကျန်းမာပါစေ_မြန်မာပြည်

27/11/2020

❄️ အီတလီက သူတွေ နေထိုင်မကောင်းဖြစ်တဲ့အခါ ကျန်းမာရေးအတွက် Capri ဆိုတဲ့ ကျွန်းလေးမှာ သွားရောက်အနားယူကြပါသတဲ့ ။ Capri ရောက်မှပဲ သူတို့အပိုတွေမပြောဘူးဆိုတာ လက်ခံခဲ့ရတာပါ ❄️

👠 ကမ္ဘာ့ကျော် အနုပညာရှင်များနှင့် အခြားသော ပုဂ္ဂိုလ်များက ဖိနပ်လာရောက်ချုပ်တဲ့မြို့လေးဆိုလဲမမှာပါဘူး ။ ချက်ချင်တိုင်း ချက်ချင်းချုပ်ပေးတဲ့ ဖိနပ်ကလေးတွေက လက်ရာသေသပ်လှပသလို စျေးလဲမသေးလှပါဘူး ။ သေသပ်လှပပြီး ပုံစံတူ မော်ဒယ်တူတွေ မစိုးရိမ်ရတာကြောင့် Capri ကျွန်းမြို့လေးဟာ ဖိနပ်ချစ်သူတွေကို မဖြစ်မနေလာရောက်ဖို့ ဆွဲဆောင်နေတာအမှန်ပါ 👡

🛥 Santorini မသွားနိုင်သေးတာပဲဖြစ်ဖြစ် အီတလီရောက်တဲ့အခါ ချစ်ရတဲ့သူနဲ့ သွားရောက်အပန်းဖြေဖို့ပဲဖြစ်ဖြစ် Capri ကိုရွေးချယ်သင့်ပါတယ် ။ Capri မှာတည်းမယ်ဆိုရင်တော့ တစ်ညကို 300€ လောက်နဲ့ဆို View ကောင်းကောင်းဟိုတယ်တွေ ရနိုင်ပါတယ် ။ 🛥

🚘 သွားကြမယ်ဆိုရင်ဖြင့်

🛥 Capri ကျွန်းကို သွားလည်တဲ့အခါ Rollercoaster 🎢 စီးရတာထက် စိတ်လှုပ်ရှားစရာကောင်းတဲ့ Speed Boat အကြီးစားတွေကို စီးသွားရတာ ရင်ခုန်ပျော်စရာ တခုပါပဲ ။
လူကြီးပိုင်းတွေအတွက် နောက်ဆုံးပိုင်းကပိုသင့်တော်ပါလိမ့်မယ် ။ Speed Boat စီးခ လူတစ်ယောက်ကို အသွားအပြန် 40€ လောက်ကျပါတယ် ။ နာရီဝက်ပဲကြာပါတယ် ။ တနာရီတစ်စီး ပုံမှန်ရှိပါတယ် ။ Sorrento ဆိုတဲ့ မြို့လေးက ဘုတ်ဆိပ်ကနေ စီးသွားရမှာပါ ။

👫 လူငယ် ၊ လူလတ်ပိုင်းတွေအတွက် Romantic ဆန်ချင်တဲ့သူတွေအတွက် တကယ်ကောင်းတဲ့နေရာလေးတစ်ခုပါ ။ မြို့ထဲမှာ အဓိက လမ်းလျှောက်လည်ရမှာဆိုတော့ လူကြီးပိုင်းတွေနဲ့ လမ်းလျှောက်ပျင်းတဲ့သူတွေအတွက် အခက်တွေ့ပါလိမ့်မယ် ။

🏝 ကျွန်းလေးပေါ်မှာ Branded ဆိုင်တွေရယ် ၊ ဖိနပ်ချုပ်ပေးတဲ့ ဆိုင်တွေရယ် ၊ ကြွေထည်အနုပညာလက်ရာတွေရယ် ၊ရေမွှေးဆိုင်တွေ မော်ဒိုက်ထက်လှတဲ့ ရေအောက်လှိုဏ်ဂူတွေနဲ့ တောင်ပေါ် ပန်းခြံလေးက သင့်ကို မပြန်ချင်အောင် င်္ဆွဲခေါ်ထားပါလိမ့်မယ် ။ အစားအသောက်က စျေးအရမ်းများပေမယ့် အရသာကတော့ မထိလှပါဘူး ။ ထမင်းပဲ စားရမှ ဆိုတဲ့သူတွေအတွက် မသွားတာပိုကောင်းပါလိမ့်မယ် ကျွန်းပေါ်မှာ အီတလီစာပဲ ရနိုင်တာမို့ပါ ။

🏜 ခရီးသွားရတာ နှစ်သက်တယ် ။ ရှုခင်းလှလှလေးတွေ ကြိုက်တတ်တဲ့သူဆို မဖြစ်မနေ သွားကိုသွားသင့်တဲ့နေရာလေးပါ ။ ကျွန်းပေါ်မှာ တစ်ညအိပ်ပါ ။ ပေါ့ပေါ့ပါးပါး ကျောပိုးလွယ်အိတ်နဲ့သာသွားပါ ။ ရောမရောက်ရင်ရောမလိုကျင့်ပါဆိုသလို အီတလီ စာကို မဖြစ်မနေ စားတတ်အောင် ကြိုးစားပါ ။ ဖိနပ်ပေါ့ပေါ့ပါးပါး တရံ ၊ ကျောပိုးလွယ်အိတ် ၊ရေဗူး ၊ ကင်မရာ ကိုင်ပြီး လျှောက်သွားမယ့်သူဆိုရင်တော့ တကယ့် သုခဘုံလေးပါပဲ ။

မှတ်ချက် ။ ။ ဥရောပသွားတဲ့အခါ မြို့ထဲမှာတည်းရင် ရှေးဟောင်းအဆောက်အဦးတွေများပါတယ် ။ အဟောင်းချစ်တဲ့သူတို့အဖို့ အရောင်ကို ခပ်မှိန်မှိန်သုံးတာများပါတယ် ။ ဒါကြောင့် အာရှမှာလို ဟိုတယ်ကြီးကြီးတွေမက်ရင် မြိုပြင်က စျေးလဲသက်သာ တဲ့ Brand Hotel တွေမှာတည်းပါ ။ မြို့ထဲက ဟိုတယ်တွေ အားလုံးဟာ အခန်းကျဉ်း ကုတင်ကျဉ်း ဓါတ်လှေကားကျဉ်း အချို့တော်တော်များများက ရေတောင် Free မပေးကြပါဘူး ။ အသစ်ကြိုက်တဲ့ အာရှနဲ့အဟောင်းကြိုက်တဲ့ ဥရောပနဲ့ ကွာခြားတာတွေအများကြီးပါ ။ဥရောပမှာ အလကားပေးတာမဂှိသလောက်ပါပဲ ။ ရေနွေးကြမ်းတောင် တစ်ယောက်အနဲဆုံး ၃ကျပ်ပေးရပါတယ် ။အစစအရာရာစျေးကြီးတဲ့ ဥရောပမှာ ငွေကုန်ကြေးကျ နှမြောတတ်ရင် အခု Capri ကိုလည်းလုံးဝမသွားသင့်ပါဘူး ။


#ကျန်းမာပါစေ_မြန်မာပြည်


23/11/2020

***ရွှေစည်းခုံစေတီတော်***

" "ပုဂံသို့ ခရီးသွားလျှင် မဖြစ်မနေ ၀င်ရောက်ဖူးမြှော်ကြသည့် စေတီတစ်ဆူဖြစ်ပြီး ဧည့်သည်များသိစေရန် ရွှေစည်းခုံစေတီတော်၏ အံ့ဖွယ်များထဲမှ အတွင်းအံ့ဖွယ် (၉)ချက်ကိုယနေ့တင်ပြပါမည်။" "

( ၁ ) ထီးတော်ကိုကြိုးမဆိုင်းရပဲ မြဲမြံခြင်း...

( ၂ ) စေတီတော်အရိပ်သည် တံတိုင်းအပြင် မထွက်ခြင်း....

( ၃ ) စေတီတော်အထက်မှပစ်ချသော ရွှေလှောင်းစက္ကူတို့ တံတိုင်းအပြင်မထွက်ခြင်း....

( ၄ ) ဘုရားဖူးမည်မျှများများ မဟာရာမ်တံတိုင်းအတွင်း ပြည့်ကျပ်မနေခြင်း....

( ၅) ပထမသပိတ်တော်၌ ဆွမ်းဦးမတင်နိုင်ခြင်း....

( ၆ ) စေတီတော်ကို ရှိရင်းဥာဏ်တော်ထက်မြင့်သည် ဟုထင်ရခြင်း.....

( ၇ ) စေတီတော် တစ်ဘက်မှတီးသော စည်သံကို အခြားတစ်ဘက်မှမကြားရခြင်း.....

( ၈ ) မဟာရာမ်တံတိုင်း၌ မိုးရေမတင်ခြင်း....

( ၉ ) ဘုရားအနီးရှိ ခရေပင်တို့ တစ်နှစ်ပတ်လုံးပွင့်ခြင်း....

စသည့်ထူးခြားချက်များနှင့် ရွှေစည်းခုံစေတီတော်သည် မရိုးနိုင်သော ပုဂံခေတ်ဦးလက်ရာဖြစ်သည်။ မြတ်စွာဘုရား၏ စွယ်တော် ။ ညှပ်ရိုးတော် ။ နဖူးသင်းကျစ်တော် ။ ဆံတော် စသောဓါတ်တော် မွေတော်များ ထည့်သွင်းဌာပနာကာ သက္ကရာဇ် ( ၄၂၁ )ခုနှစ်တွင် အနော်ရထာမင်းကြီးကစတင် တည်ထားခဲ့ပြီး အပြီးမသတ်နိုင်၍ ကျန်စစ်မင်းကြီးလက်ထက်တွင် အပြီးသတ်တည်ခဲ့သည်။
အလှမှာ ရွှေစည်းခုံဟု အမည်ကျော်သော ပုဂံရှိတန်ခိုးကြီးထင်ရှားသော ဘုရားများထဲမှ တစ်ဆူပင်ဖြစ်သည်။.

မူရင်းပိုင်ရှင်များကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ....

#ကျန်းမာပါစေ_မြန်မာပြည်

17/11/2020

မကွေးမြသလွန်ဘုရား
--------------------

မြသလွန်ဘုရားသည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့၏ အနောက်မြောက်ဘက်အစွန် ဧရာဝတီမြစ်ကမ်းဘေး နဂုတ္တမ တောင်ကုန်းပေါ်တွင်တည်ရှိသည်။ မကွေးမြသလွန် မလွန်မြသပိတ် ဟု ဆိုရိုးရှိသည့်အတိုင်း မြန်မာနိုင်ငံ တန်ခိုးကြီးဘုရားများတွင် မြသလွန် ဘုရားလည်း အပါအဝင်ဖြစ်သည်။ လုံးတော်ပြည့် ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး စုစုပေါင်း အချပ်ရေမှာ "ဒွေးအစ်အဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး" ဟု ဆိုစကားရှိသည်။

သမိုင်း
-------

သမိုင်းအဆိုအရ မြသလွန်ဘုရားသည် ကဿပဘုရား၏ ရွှေသလွန်တော်နှင့်
ဂေါတမမြတ်စွာဘုရား၏ မြသလွန်တော်တို့ကို ဌာပနာ၍တည်ထားသည်ဟု ဆိုသည်။ဂေါတမမြတ်စွာ ဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော်
နှစ်ဆယ်သို့ ရောက်သောအခါ သုနာပရန္တတိုင်း လယ်ကိုင်းသားတို့သည် စန္ဒကူးသားဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကို အလှူခံတော်မူရန်
မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြ၏။ ဘုရားသခင်လည်းမဟာ သက္ကရာဇ် ၁၂၃ ခု၊ ဝါဆိုလဆုတ် ၈ ရက်နေ့တွင် လယ်ကိုင်းစန္ဒကူးနံ့
သာကျောင်းကို အလှူခံတော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာခြင်းဖြင့် မွေ့လျော်တော်မူ၍ တရားဒေသနာ တိုက်ကျွေးတော်မူသည်။

ထိုမှတစ်ဖန် ရွှံ့ပွက်တောင်တို့ဖြင့် ခြံရံလျက်ရှိသော မင်းဘူးမြို့ရှိ စက္ကတဲတောင်ထိပ်သို့ ကြွချီကာ သိတင်းသုံးနေတော်မူသည်။ ရှေးဘုရား အဆူဆူပွင့်တော်မူစဉ်က ထိုတောင်ထိပ်သို့ ရောက်သည်ရှိသော် သိကြားနတ်မင်းသည် ရတနာ သလွန်တော်ကို လှူဒါန်းမြဲဖြစ်သည်
အတိုင်းဂေါတမ မြတ်စွာဘုရားအားလည်း မြသားအတိပြီးသော သလွန်တော်ကို လာရောက် လှူဒါန်းလေသည်။ ထိုအချိန်တွင် ဧရာဝတီမြစ် အရှေ့ဖက်ကမ်း ခပ်လှမ်းလှမ်း တောနက်ကြီးတစ်ခု၌
နေသော ဘောသော၊ ဘောကျော်၊ ဘောသူ၊ ဘောရသမည်သော ဘီလူးညီနောင် ၄ ဦးတို့သည် မြတ်စွာဘုရားထံ ကြစုဖန်ခါးသီးများ သွားရောက်လှူဒါန်း၍ ဘုရားသခင်၏ တရားတော်ကို နာကြားရသဖြင့် အကျွတ်တရားရကုန်၏။ တရားနာပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးသနားတော် မူပါရန် လျှောက်ထားသည်တွင်
မြသားလွန်တော်ကို ပေးအပ်လေတော့၏။ ဘီလူးညီနောင်တို့လည်း အားရ ရွှင်လန်းစွာဖြင့် သလွန်တော်ကို ပင့်ဆောင်ကာ မကွေးမြို့ဖက်ကမ်းရှိ မိမိတို့နေရာ တောကြီးအတွင်း၌ ဌာပနာ၍ ဘုရားတည်ကိုးကွယ်ကြသည်။

သို့သော် နေရာမှန် မဟုတ်သည့်အတွက် သိကြားမင်းသည် သူ၏တန်ခိုးဖြင့် ထိုဘုရားကိုဖြိုကာ မြသလွန်တော်ကို ပင့်ဆောင်သွားခဲ့ရာ ယခုထက်တိုင်အောင် ထိုဘုရားပြိုရှိသောနေရာကို အမှီပြု၍ ဘုရားပြိုရွာဟု
တည်ရှိနေပေသေးသည်။သိကြားမင်းသည် ဘီလူးတို့ တည်ထားသော ဘုရားကိုဖျက်ကာ မြသားသလွန်တော်ကို ယူ၍ ဧရာဝတီမြစ်ကမ်းတွင် သိတင်းသုံးနေကြသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဒ္ဒိဗ္ဗဃာနမည်သော ရသေ့ကြီး သုံးဦးထံ သို့ ပင့်ဆောင် သွားလေသည်။ ထိုနောက် ကဿပဘုရား လက်ထက်တော်အခါက ရွှေသား သလွန်တော်ကို ဌပနာခဲ့ဘူးသော နဂုတ္တမတောင်ထိပ်တွင် မြသလွန်တော်ကိုလည်း ဌာပနာရန် စီမံ၏။ ထိုအခါ ပထမလှေတစင်းတွင် ပတ္တမြားပြာသာဒ်တော်၌ ဂေါတမမြတ်စွာဘုရား၏
မြသလွန်ကို တင်ဆောင်၍၎င်း၊ ဒုတိယ လှေတစ်စင်းတွင်
ရွှေသားပြာသာဒ်တော်၌ကဿပ ဘုရား၏ ရွှေသား သလွန်တော်ကို တင်ဆောင်၍၎င်း မဟာသက္ကရာဇ် ၁၂၈ ခု တပေါင်းလပြည့်နေ့တွင် ဧရာဝတီမြစ်ရေနှင့် အညီ စီမံကာ ဌာပနာတော်မူလေသည်။
နောက်ထပ် စေတီတည်ရန်မှာ ဘီလူးညီနောင်တို့ စုတေ၍ လူသားစင်စစ်ဖြစ်သောအခါမှသာ ဘုရားတည်ရန် သင့်ကြောင်း ရသေ့တို့အား ပန်ကြား၍ တာဝတိံသာသို့ ပြန်ကြွသွားလေသည်။

ထိုရသေ့မြတ်သုံးပါးတို့ သီတင်းသုံးတော်မူရာ နေရာနှင့် မကွာဝေးသောနေရာတွင် မဟာဂါမမည်သော ရွာကြီးတစ်ရွာရှိ၏။ ထိုရွာကြီးတွင် ကုဋေများစွာ ကြွယ်ဝသည့် သုဘောဂဟူသော သူဌေးကြီးတစ်ဦးရှိရာ ရသေ့တို့၏ ပစ္စည်းလေးပါးဒါယကာဖြစ်၏။ တစ်နေ့သ၌ သူဌေးကြီးသည် ရသေ့သုံးဦးထံ ရောက်သွား၍ ဘုရားသခင်၏ သလွန်တော် ဌပနာရာ နဂုတ္တမ တောင်ထိပ်တွင် စေတီတည်ပါရန်လျှောက်ထားလေသည်။ သို့သော် လူဝင်စားများ ဖြစ်ကြသည့် ဘီလူးညီနောင်တို့နှင့် တိုင်ပင်၍ ပူးပေါင်းစေတီတည်မှသာ ထမြောက်အောင်မြင်မည့် အကြောင်းကို မိန့်ကြားလေသည်။ ထိုကြောင့် သူဌေးကြီးသည် လူဝင်စား ဘီလူးညီနောင်တို့အား မည်သူမည်ဝါဟူ၍ မသိဘဲ ရှာဖွေရတော့၏။ သူဌေးကြီးတွင် အဆင်းအင်္ဂါ တင့်တယ်လှပသည့် ပုဏ္ဏဝတီမည်သော သမီးတစ်ယောက် ရှိ၏။ သူဌေးသမီးလည်း လူဝင်စားဘီလူးညီနောင်တို့အား ထိုမှဤမှ ရွာစဉ် လျှောက်၍ ရှာဖွေသော်လည်း မတွေ့သည့်အဆုံး၌
မြသားသလွန်ဌပနာထားသော နဂုတ္တမတောင်၏ တောင်ဖက် တစ်ခုသော ကုန်းမြင့်ပေါ်သို့ ရောက်သွားလေသည်။ ထိုတောင်ကုန်းပေါ်၌ အမျိုးမျိုးသော ပန်းတို့ကို သီကုံး၍ ပန်းကုံးတစ်ခု ပြုလုပ်ပြီးလျှင် အလိုရှိသော စာခွေကိုလည်း ရေးသားထား၏။ ထိုစာခွေကို ပန်းကုံးဖြင့်ရစ်ပတ်ကာ ဘီလူးဝင်စားသော လူသားများသာလျှင် တွေ့မြင်နိုင်ပါစေသတည်းဟု သစ္စာအဓိဋ္ဌာန်ပြု၍ ထားခဲ့လေသည်။ (ထိုနေရာတွင် ပန်းရစ်တောင်စေတီဟူ၍ ရှိသည်။)

ထိုမှတစ်ဖန် ပုဏ္ဏဝတီသည် နဂုတ္တမတောင်သို့ တက်ကာ မြသားသလွန်ကို ရှိခိုးပူဇော်ပြီးလျှင် မြောက်ဖက်စူးစူး တစ်မိုင်ခန့် ဝေးသောကုန်းမြင့်တစ်ခုသို့
ရောက်လေသော် ငါ၏ လင်လောင်းလျာ ဘောကျော်ဆိုသူ လူဝင်စားသည် ယခုအခါ အဘယ်အရပ်တွင် ရှိလိမ့်မည်နည်းဟု မျှော်မှန်း တောင့်တလေသည်။ (ဤနေရာတွင် ရွှေလင်မျှော် စေတီတော် တစ်ဆူရှိသည်။) ထို့နောက် မိမိရွာသို့ပြန်လေ၏။ လူဝင်စားများ ဖြစ်လာကြသော ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့သည် အရွယ်ရောက်လာကြသောအခါ ကုန်သည်ဘဝဖြင့် တစ်နေ့တွင် ရသေ့ကြီး သုံးဦးထံ ရောက်လာကြပြီးနောက် မြသလွန် ဌပနာရာ ဖြစ်သော နဂုတ္တမ တောင်ထိပ်သို့ အသွားတွင်
တောင်ဖက်ကုန်းမြင့်သို့ ရောက်လာကြ၏။ ထိုကုန်းထက်၌ ပုဏ္ဏဝတီ အဓိဋ္ဌာန်ပြုခဲ့သည့် ပန်းကုံးရစ်ပတ်ထားသော စာခွေကို တွေ့ရာဖတ်ရှုကြည့်သဖြင့် အကြောင်းစုံ သိရှိကြလေသည်။ ထိုနောက် သလွန်တော်ကို ဖူးပြီးလျှင် ပုဏ္ဏဝတီရှိရာ ရွာသို့သွားကြ၏။ သူဌေးကြီးလည်း အနှစ်နှစ်က တောင့်တစောင့်မျှော်နေရသော
ဘောသော၊ ဘောကျော် လူဝင်စားညီနောင်တို့အား တွေ့ရသောကြောင့် များစွာဝမ်းမြောက်၏။ ထို့နောက် သူဌေးကြီးနှင့်တကွ
ဘောကျော်တို့ညီနောင်နှင့်အတူ ပုဏ္ဏဝတီ သူဌေးသမီးတို့သည် ဆရာရသေ့သုံးဦးထံ သွားရောက် ဖူးမျှော်ကြရာ ရသေ့တို့က သိကြားမင်း မှာစကားကို ပြောကြားလေတော့၏။ သူဌေးကြီးသည် ညီတော်ဘောသောအား ရွှေသားနွားဝန်တစ်တင်း၊ ငွေသား နွားဝန်တစ်တင်း တင်ဆောင်စေ၍ ပြန်လွှတ်လိုက်၏။ နောင်တော် ဘောကျော်အား သမီးတော်နှင့် ထိမ်းမြားလိုက်လေသည်။

အရွယ်အစား
------------
မဟာ သက္ကရာဇ် ၁၅ဝ ပြည့်နှစ်တွင် ရသေ့ကြီး သုံးဦးနှင့်တကွ သိကြားမင်း၊ သူဌေးကြီး သမီး သုဏ္ဏဝတီနှင့် သားမက်ဘောကျော်တို့သည်
ရွှေသားသလွန်တော်နှင့် မြသားသလွန်တော်တို့ကို ဌာပနာကာ
စေတီတည်ကြလေသည်။ ထိုပထမဆုံးအကြိမ်တည်သော စေတီတော်မှာ အမြင့် သံတောင် ၃၅ တောင်ရှိသည်ဟူ၏။ ဤကား မြသလွန်စေတီကို ပထမဆုံအကြိမ် တည်ခြင်းဖြစ်သည်။ ထို့နောက် ပုဂံခေတ်၊ သက္ကရာဇတ် ၄၂၁ ခုနှစ်တွင် နန်းတက်သော စောလူးမင်းသည် သံတောင် ၅၅ တောင်မြင့်သော မြသလွန် စေတီတော်ကို ဒုတိယအကြိမ် ထပ်မံပြုပြင် တည်ပြန်သည်။ သက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် မြေငလျင် ကြီးကျယ်စွာ လှုပ်သောကြောင့် မြသလွန်စေတီတော်ကြီး ကွဲအက်ပျက်စီး၍ ပြိုခဲ့ရလေသည်။ ထိုနှစ် တပေါင်းလဆန်း ၁၅ ရက်နေ့တွင် မကွေးမြို့ သူကြီးမင်းမင်းထင် မင်းလှကျော်ခေါင်သည် သံတောင် ၆၆ တောင် ၂ မိုက်မြင့်သော
စေတီတော်ကြီးကို အသစ်တဖန် ထပ်မံတည်ပြန်သည်။ ထိုမှ တစ်ပါး ပထမခွေတွင် အချင်း ၅ တောင်တစ်မိုက် ၊ အစောက် ၁၇ တောင်မြင့်သော ထီးတော်ကြီးကိုလည်း လှူဒါန်းခဲ့လေသည်။

မူရင်းပိုင်ရှင်များကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ....

#ကျန်းမာပါစေ_မြန်မာပြည်

Address

No. 156, 3rd Floor, Insein Road, Kamayut Tsp
Yangon
11041

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 14:00

Telephone

09252929722

Alerts

Be the first to know and let us send you an email when Thu Kha Lann Nyoun Travels & Tours - Domestic Dept; posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category