29/11/2019
မင်္ဂလာပေါင်းနှင့် ပြည့်စုံကြပါစေလို့........
ဓမ္မမိတ်ဆွေအပေါင်းတို့အား ပထမဆုံးအနေနှင့် နုတ်ခွန်းဆက်သ ဂါရဝပြုလိုက်ပါတယ်။
🙏မြတ်သစ္စာ ၂၀၁၉-၂၀၂၀ ခုနစ်ဗုဒ္ဓဂယာဘုရားဖူအဖွဲ့မှ🙏
🙏မင်္ဂလာပါလို့ နူတ်ခွန်းဆက်သလိုက်ပါတယ်
👉၁၄ညအိပ် ၁၅ရက်ခရီးစဉ်
👉၁၁ ညအိပ် ၁၂ ရက်ခရီးစဉ်
👉၇ ညအိပ် ၈ ရက်ခရီးစဉ်
မဇ္ဈိမဒေသ မြတ်စွာဘုရားအဆူဆူပွင့်တော်မူခဲ့သော ဗုဒ္ဓဂယာ မြေမြတ်မဟာနှင့် ဘုရားရှင်တိုင်းမစွန့်လွှတ်အပ်သော အဝိဇဟိတ လေးဌာန သံဝေဇနိယလေးဌာနအပါအဝင် မြတ်စွာဘုရားနှင့်ပတ်သက်သောနေရာဒေသအသီးသီးသို့ဘုရားဖူးလှည့်လည်ဖူးမြော်ကြည်ညိုခွင့်ရရှိပြီး ဓမ္မပီတိများရင်ဝယ်ပြည့်နှက်လျှက် သံဝေဂရယူ ကြည်ညိုပူဇော်နိုင်စေရန်,......။
ခရီးစဉ်အတွင်း
🙏 ဗုဒ္ဓဂယာ-ဘုရားရှင်တိုင်း ဘုရားအဖြစ် ပွင့်ထွန်းတော်မူခဲ့သော ဗုဒ္ဓဂယာအတွင်းရှိ မဟာဗောဓိစေတီတော် သတ္တဌာန ၇ ဌာန ဗောဓိပင်နှင့်ရွှေပလ္လင်
🙏 ဗာရာဏာသီ-တရားဦး ဓမ္မစကြာတရားကိုဟောကြားတော်မူခဲ့သော ဓမ္မရာဇိကစေတီ၊အနတ္တလက္ခဏသုတ်ကိုဟောကြားတော်မူခဲ့သော ဓမ္မေခစေတီ၊ ပဉ္စဝဂ္ဂီငါးဦးခရီးဦးကြိုဆိုသော ချောက်ခဏ္ဍီစေတီ၊ ဟိန္ဒူဘာသာတို့၏အထွဋ်အမြတ်ထားရာ ဂင်္ဂါမြစ် အပါအဝင် လှည့်လည်ဖူးမြော်သင့်သောနေရာများ
🙏 သာဝတ္ထိ-မြတ်စွာဘုရား၂၅ဝါတိုင်တိုင်သီးတင်းသုံးတော်မူခဲ့သော ဇေတဝန်ကျောင်းတော်ရာများနှင့် မြတ်စွာဘုရားရှင်တိုင်း ကျိန်းစက်အနားယူတော်မူခဲ့သောကုဋင်ညောင်စောင်းတည်ရှိခဲ့ရာ မူလဂန္ဓကုဋိတိုက်၊ မြတ်စွာဘုရား နှစ်လှမ်းသုံးဖဝါးဖြင့် တာဝတိံသာနတ်ပြည်သို့ကြွလှမ်းတော်မူခဲ့သော သရက်ဖြူကုန်အပါအဝင် တချိန်တခါက မရှိဟူသောစကားကိုမကြားဖူးခဲ့သော ကောသလမင်းကြီး၏ ဒဏ္ဍာရီဆန်သော သာဝတ္ထိမြို့ဟောင်းနေရာများ။
🙏 သင်္ကဿနဂိုရ်-မြတ်စွာဘုရားရှင် အဘိဓမ္မာ ၇ကျမ်းကို မယ်တော်အားကျေးဇူးဆပ်တရားဟောကြားပြီး မဟာပဝါရဏာနေ့တွင်လူပြည်သိုပြန်လည်ကြွမြန်လာခဲ့ရာ ပထမဆုံးညာဘက်ခြေတော်ချတော်မူခဲ့သည့်နေရာ၌တည်ထားသော အစလစေတီတည်ရှိရာ သင်္ကဿ ကုန်းတော်နေရာနှင့် အရှင်သာရိပုတ္တရာ၏ကျောင်းတော်ရာနေရာ။
🙏 နယူးဒေလီ-ကုရုတိုင်း ကမ္မာသဓမ္မ နိဂုံး ဟုနာမည်ကျော်ကြားခဲ့သော မဟာသတိပဌာန်သုတ်ဟောကြားတော်မူခဲသောနေရာ ၊မူဆလင်ဘာသာကိုအဃြေံပြီး ဘာသာပေါင်းစုံးငြိမ်ချမ်းရေးအထိမ်းအမှတ်တည်ဆောက်ထားသော ပွင့်တောမည့်ကြာပွင့်ပုံစံ ဗဟာအီဝတ်ပြုကျောင်း၊ India Gate အပါအဝင် လည်ပတ်သင့်သောနေရာများနှင့် ၊အိန္ဒိယ၌ အချစ်၏သင်္ကေတအဖြစ်တင်စားကြသော ကမ္ဘာ့အံ့ဘွယ် ကမ္ဘာကျော် Taj mahal..။
🙏 နီပေါ-မြတ်စွာဘုရားရှင် အလောင်းတော်ဖွားမြင်တော်မူရာ လုမ္ဗိနီသာမောအင်ကြင်းတော ကပိလ၀တ်ပြည်နန်းတော်ရာ နိဂြောဓာရုံကျောင်း
🙏 ကုသီနာရုံ- မြတ်စွာဘုရားခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့သော မဟာပရိနိဗ္ဗာနစေတီနှင့် မဟာပရိနိဗ္ဗာနရုပ်ပွားတော်၊ မြတ်စွာဘုရားရုပ်ကလာပ်တော်အား
တေဇောဓာတ်မီးပူဇော်သောနေရာအင်္ဂါရစေတီ၊ မြတ်စွာဘုရားနောက်ဆုံး ရေကြည်တော်သောက်သုံးခဲ့သောနေရာ မာထကူဝ။
🙏ဝေသာလီ-မြတ်စွာဘုရား သပိတ်တော်အား ဌာပနာပြီးတည်ထားသော ကေဆရိယစေတီတော်၊ဒုတိယသင်္ဂါယနာတင်တော်မူခဲ့သော ထူပါရုံစေတီတော်နှင့်အသောကကျောက်စာတိုင်၊လိစ္ဆဝီမင်းများဝေစုရခဲ့သော ဓာတ်တော်များကို ဌာပနာထားကိုးကွယ်ခဲ့သော ဓာတ်တော်စေတီ။
🙏နာလန္ဒာ-အရှင်သာရိပုတ္တရာစေတီနှင့်ဝမ်းနည်းဖွယ်ရာ၊ကြေကွဲဖွယ်ရာများဖြင့်ပြည့်နှက်နေသော နာလန္ဒာတက္ကသိုလ်ကြီး၊ဆုတောင်းပြည့်Black Buddha ရုပ်ပွားတော်။
🙏ရာဇဂြိုလ်- ဗိမ္ဗိသာရမင်းကြီးဆောက်လုပ်လှူဒါန်းခဲ့သော ဝေဠုဝန်ကျောင်းတော်ရာနှင့် ဩဝါဒပါတိမောက်ပြတော်မူခဲ့သောနေရာ၊ဗိမ္ပိသာရမင်းကြီး
၏ဆွန်ဘဏ္ဍာတိုက် ဗိမ္ဗိသာရမင်းကြီး၏အကျဉ်းထောင် သာသနာ(၂၅၀၀) အထိမ်းအမှတ် ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ ကျောက်လှည်းဘီးရာ ထိုင်ခုံစက်လှေကားဖြင့် ဂီဇ္ဈကုဋ်တောင်၊ဇီဝကသရက်ဥယျာဉ်။
🙏ဂယာ-ဘုရားလောင်းဒုက္ကစရိယာကျင့်တော်မူရာ ဒုက္ကစရိယာတောင် ဃနာနို့ဆွမ်းကပ်လှူရာနေရာ မြက်ရှစ်ဆုပ်လှူဒါန်းရာနေရာ သုဇာတာအိမ်ယာ ကမာကူရဂျပန်ဘုရား
🍚🍚ဘုရားဖူးများ စိတ်ချမ်းသာစေရန် မြန်မာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးပါမည်။
🙏ဒေသစကားကျွမ်းကျင်သော ဧည့်လမ်းညွှန် သံဃာတော်တစ်ပါးမှ အနီးကပ်လိုက်ပါ၍ ခရီးစဉ်အစအဆုံး ရှင်းလင်းဟောကြားပေးပါမည်။
🙂🙂အတတ်နိုင်ဆုံး အကောင်းဆုံး အဆင်အပြေဆုံး စိတ်ချမ်းချမ်းသာသာ သွားလာစားသောက်ဖူးမြော်နိုင်စေရန်နှင့် ဘုရားဖူးဓမ္မမိတ်ဆွေများ၏ လိုအပ်ချက်မှန်သမျှဖြည့်ဆည်းပေးနိုင်စေရန် အိန္ဒိယစကားကို မိခင် ဘာသာစကားလို တတ်ကျွမ်းတဲ့Tour Leader တစ်ဦးနှင့် ကူညီဝန်ဆောင်မှုပေးမည့် Helperလည်းပါရှိပါမည်။
🎁🎁ဘုရားဖူးဓမ္မမိတ်ဆွေများ အတွက် အ၀တ်ထည့်ရန် အိတ်ကြီး ၊ ဘေးလွယ်အိတ်၊ ယောဂီတဘက်၊ ဘုရားရင်ထိုး၊ ဘုရားဖူးလမ်းညွှန်စာအုပ်များကိုလည်း မေတ္တာလက်ဆောင်ပေးပါဦးမည်။
💿💿ဘုရားဖူးခရီးစဉ်တလျှောက်တွင် သံဝေဂရစွာဖြင့် ကြည်ညိုစွာ ဘုရားဖူးခဲ့ကြသည်တို့ကို မှတ်တမ်းတင်ပေးပြီး ဘုရားဖူးပြန်လက်ဆောင်အဖြစ် ဒီဗီဒီတစ်စုံပေးအပ်၍ ကျေးဇူးဆပ်ပါဦးမည်။
🙏ဗုဒ္ဓဂယာရှိ ဘူမိဖဿရုပ်ပွားတော်ကြီး နှင့် ကုသိနာရုံရှိ မြတ်စွာရှင် မဟာပရိနိဗ္ဗာန်စံဝင်တော်မူဟန် ရုပ်ပွားတော်အား
ကြာသင်္ကန်းများဖြင့် လှူဒါန်းဆက်ကပ်ပူဇ်ာကြမည်ဖြစ်ပါသည်။
🙂စိတ်ချမ်းချမ်းသာသာ အေးအေးဆေးဆေးသွားရောက်ဖူးမြော်ကြည်ညိုနိုင်မည် ဖြစ်သောကြောင့် အဖိုး အဘွားများ လူကြီးသူမများ သက်တောင့်သက်သာအနားယူဖူးမြော်နိုင်ပါသည်။
✔️အသက်အရွယ်ကြီးသော လမ်းကောင်းစွာမလျှောက်နိုင်သော လူကြီးသူမများအတွက်လည် wheel chair များစီစဉ်ပေးထားပါသည်။
✔️ခရီးစဉ်တစ်လျှောက် Aircon Car ကိုသာအသုံးပြုသွားမည်ဖြစ်ပါသည်။
**ဘုရားဖူးဓမ္မမိတ်ဆွေများထံမှ မည်သည့် အပိုငွေများကိုမျှ ထပ်ဆောင်းပေးရန်မလိုအပ်ပါ။**
📧📧ခရီးစဉ်အသေးစိတ်နှင့် ဗုဒ္ဓဂယာခရီးစဉ်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အကြံပြုချက်များကို ဖတ်ရှုလိုပါက Email ဖြင့်ဖြစ်စေ Viber ဖြင့်ဖြစ်စေ ပို့ပေးမည်ဖြစ်ပါသည်။
သာယာချမ်းမြေ့သောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်ကြပါစေ။
ဆက်သွယ်စုံစမ်းလိုပါကလည်း 📱 09 746 296 900 , 09 409 789 359
Viber 09 453 068 143 သို့လည်း သိလိုသည်များကို မေးမြန်းနိုင်ပါသည်။
�ဆက်သွယ်ရန်လိပ်စာ📫- အမှတ်(543),(A) ပထမထပ်၊ (6) လမ်း
( ၁) ရပ်ကွက် ၊ သမိုင်းမြို့ဟောင်း ၊ မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့။