Bangkok"s Heart

Bangkok"s Heart Travel agent
(9)

20/02/2020

မနက်က Review လေးရေးပေးတဲ့ Ma Htay Htay Kywe ကျေးဇူးပါမရေ ❤
သားအမိနှစ်ယောက်ထဲ ဘန်ကောက်သွားချင်တာ ရောက်လဲမရောက်ဖူးဘူး အဆင်ပြေအောင် စီစဉ်ပေးပါ ညီမရေဆိုလို့ Guide နဲ့ မြန်မာကားဆရာ စီစဉ်ပေးခဲ့ပါတယ်။
လေဆိပ်ကြိုကစလို့ လေဆိပ်ပြန်ပို့တဲ့အထိ အဆင်ပြေအောင် ကူညီပေးခဲ့ပါတယ်။ မနက်မိုးလင်းတော့ Viber ကနေ အဆင်ပြေပြေနဲ့ ပြန်ရောက်ပါပြီ ညီမလေးရေ ။ ကျေးဇူးတင်ပါတယ်တဲ့ ။
မနက်စောစောစီးစီး မင်္ဂလာရှိလိုက်တာ ဆိုတာ 😊။ ခရီးစဉ်အစအဆုံး လူချင်းမမြင်ဖူးဘဲ တစ်ယောက်နဲ့တစ်ယောက် ငွေလွှဲ ဘောင်ချာပို့ပြီး ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ပေးလို့လဲ ကျေးဇူးတင်ပါတယ် အမရှင့် ။
တဆက်ထဲ ကျေးဇူးတင်စကား ပြောပါရစေ။ Mandalay က mobile company ကြီးက family group ပြီးခဲ့တဲ့ နှစ်က ဘန်ကောက်ခရီးစဉ် စီစဉ်ပေးခဲ့ရတာ။
US citizen လဲ ပါတာမို့ သေချာစီစဉ်ပေးခဲ့ပါတယ်။ ခရီးစဉ်အစအဆုံး လူချင်းမမြင်ဘူးဘဲ သိန်းလေးငါးဆယ် ဘဏ်ကပဲလွှဲ ပြီး ခရီးစဉ် စီစဉ်ခဲ့တာ။ ဘန်ကောက်ရောက်တော့မှပဲ Hotel မှာ ဆုံဖြစ်ကြတယ်။
ညီမလေး Lou Quingquing အထူးကျေးဇူးတင်ပါတယ်ရှင့် ☺ အဆင်ပြေတာချည်းတင်လို့ အဆင်မပြေမှုရှိခဲ့ရင်လဲ သည်းခံခွင့်လွှတ်ပေးကြတဲ့ Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 😊
နောက်လဲအကောင်းဆုံးဝန်ဆောင်မှု ထပ်မံပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။

ဒီတခါတော့ ဘန်ကောက်မှာ ဆေးရုံပြမယ့် သူတွေအတွက် room service လေးပါ။Location ကတော့ - ဘန်ကောက်ဆေးရုံ ၊ ဘန်မွန်ဂရက် ဆေးရုံကြီ...
17/02/2020

ဒီတခါတော့ ဘန်ကောက်မှာ ဆေးရုံပြမယ့် သူတွေအတွက် room service လေးပါ။
Location ကတော့ -
ဘန်ကောက်ဆေးရုံ ၊ ဘန်မွန်ဂရက် ဆေးရုံကြီးတွေနဲ့ နီးပါတယ်။
လိပ်စာကတော့ -
RCA Rama 9 road, Bangkapi, Huay Kwang,Bangkok 10310, Thailand.
ဖြစ်ပါတယ်။
ဆေးရုံရက်ရှည်လာပြမယ့်သူတွေအတွက် ချက်ပြုတ်စားသောက်လို့လဲ ရပါတယ်။
အခန်းတစ်ခန်းမှာ ကုတင်သုံးလုံးပါပါတယ်။ air con, refrigerator နဲ့ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန် အစုံအလင်ပါပါတယ်။
ပတူနမ် area နဲ့ တော့ ငါးမှတ်တိုင်လောက်ဝေးပါတယ်။
အဓိက ဆေးရုံပြမယ့်သူတွေအတွက် အဆင်ပြေတာပေါ့။
ဈေးနှုန်းက သုံးယောက်တစ်ခန်းကို ဘတ် 900 ပါ။ ( ခန့်မှန်းခြေ မြန်မာငွေ 45000 ခန့်)
သုံးယောက်တည်းရင် တစ်ယောက်ကို တစ်သောင်းခွဲခန့်သာ ကျသင့်မှာမို့ ဈေးလေးကလဲ အရမ်းတန်ပါတယ်နော်။
စိတ်ပါဝင်စား၍ အသေးစိပ်သိလိုပါက Page messager မှ ၄င်း ၊ viber no. 09965424322
Tel: 09965424322,09787851749, 09250238004 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Bangkok car rentalBangkok သွားလို့ မြန်မာ ကားဆရာနဲ့ လည်ချင်တယ် ဆိုသူများအတွက် BKK Car rental အစီအစဉ်လေးပါရှင်။အရင်ထဲက ကာ...
16/02/2020

Bangkok car rental
Bangkok သွားလို့ မြန်မာ ကားဆရာနဲ့ လည်ချင်တယ် ဆိုသူများအတွက် BKK Car rental အစီအစဉ်လေးပါရှင်။
အရင်ထဲက ကားအငှါးလုပ်ငန်း Bangkok's Heart မှာ ရပါတယ်နော်။ Thai Driver နဲ့ ရခဲ့ပါတယ်။ ယခုအခါမှာ 6 ယောက်စီး ၊ ဆယ်ယောက်စီးကားများကို မြန်မာ Driver ဖြင့် ဝန်ဆောင်မှု ပေးနေပါပြီ။
ကားဆရာတွေကလဲ အင်မတန်စိတ်ရှည်သဘောကောင်းပြီး ဖော်ရွေကြပါတယ်။ ယနေ့အထိတော့ highly recommand ရတဲ့ ကားဆရာများကို အသုံးပြုထားတာကြောင့် Bangkok ကို မိမိတို့အစီအစဉ်နဲ့ လည်ပတ်လိုသူများအတွက် မြန်မာကားအငှါး ဝန်ဆောင်မှု ရပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
မိမိသွားမည့်ရက်ထက် အနည်းဆုံး ငါးရက်ခန့် ကြိုတင် ငှါးရမ်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

09/02/2020

သွေးတိုးရှိသူများအတွက်

March လတွင် ထွက်ရှိမည့် ဘန်ကောက် - ပတ္တရား နှစ်ညအိပ် သုံးရက် ခရီးစဉ်များထွက်ရှိမည့်ရက် - 13.3.20 to 15.3.20ထွက်ရှိမည့်ရက်...
09/02/2020

March လတွင် ထွက်ရှိမည့် ဘန်ကောက် - ပတ္တရား နှစ်ညအိပ် သုံးရက် ခရီးစဉ်များ
ထွက်ရှိမည့်ရက် - 13.3.20 to 15.3.20
ထွက်ရှိမည့်ရက် - 20.3.20 to 23.3.20

ပါဝင်သော ဝန်ဆောင်မှု -
* ခရီးစဉ်တလျှောက် ရန်ကုန်မှလိုက်ပါမည့် tour leader
* Thai license guide
* မနက်စာ ၊ နေ့လည်စာ၊ ညစာ
* Private Car
* ဝင်ကြေးများအားလုံး
* လေယာဉ်လက်မှတ်အသွားအပြန် 7 kg

မပါဝင်သော ဝန်ဆောင်မှု
* luggage kg 20 ဝယ်ယူလိုပါက အပိုကြေးထပ်မံပေးဆောင်ရပါမည်
* မြဘုရားဝင်ကြေး ဘတ် 500 ကျပ် မပါဝင်ပါဘူးရှင်။ မြဘုရားဝင်ကြေးက မိမိတို့ကိုယ်တိုင် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ကျန်တာအားလုံး အပြီးအစီးပါဝင်ပါတယ်။
လူဦးရေ တစ်ဦးကစပြီး လိုက်ပါနိုင်ပါတယ်။ room ကတော့ နှစ်ယောက်တခန်းပေါင်းနေပေးရပါမယ်နော်။
ဈေးနှုန်း - 460000 ကျပ် / pax
ခရီးစဉ် အသေးစိပ်ကတော့ -
Day 1
ရန်ကုန်မှ မနက်လေယာဉ်ဖြင့် စတင်ထွက်ခွာပါမည်။
Don mueang လေဆိပ်မှ Dream world သို့သွားရောက်လည်ပတ်ပါမည်။
နေ့လည်စာ buffet စားသုံးပြီး ကစားနည်းမျိုးစုံကစားပြီး Pattaya သို့ ဆက်လက်ထွက်ခွာပါမည်။
Pattaya တွင် ပင်လယ်စာ Buffet ညစာစားသုံးပြီး Pattaya ရဲ့နာမည်​ကျော် Walking Street လိုက်ပို့ပါမယ်ရှင်။ ထို့​နောက် Hotel check in အိပ်စက်အနားယူပါမည်။
Day 2
သဲ ဖြူကျွန်း ခေါ် Coral island သို့ speed boat ဖြင့်သွားရောက်လည်ပတ်ပါမည်။
ထို့နောက် Pattaya view point, Laser Buddha နှင့် Noon Nooch garden သို့သွားရောက်လည်ပတ်ပြီး နေ့လည်စားသုံးပါမည်။
ညနေခင်းတွင် ဘန်ကောက်သို့ပြန်ပြီး shopping ထွက် Hotel ပြန် အိပ်စက်အနားယူပါမည်။
Day 3
Hotel တွင် မနက်စာစားပြီး မြဘုရားနှင့်ဘုရင့်နန်းတော် သို့သွားရောက်လည်ပတ်ပါမည်။
ထို့နောက် Pratunam area တဝိုက်ရှိ shopping center များတွင် shopping ထွက်နေ့လည်စာစားသုံးပြီး လေဆိပ်သို့ ပြန်လည်ပို့ဆောင်မှာ ဖြစ်ပါတယ်ရှင်။
ဒီခရီးစဉ်လေးကို စိတ်ပါဝင်စား၍ လိုက်ပါလိုပါက အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီရှင်။
Bangkok's Heart Travel Service
No.I/3, Opposite To Bayint Naung Market, Mayangon Township, Yangon, Myanmar.
Tel- 09965424322, 09787851749, 09250238004
Viber - 09965424322 သို့ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

Global Health Security Index က ၂၀၁၉ အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီ...
07/02/2020

Global Health Security Index က ၂၀၁၉ အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရမှု အရှိဆုံး ၁၀ နိုင်ငံမှာ ထိုင်းက ကမ္ဘာ့အဆင့် ၆ ... အာရှအဆင့် ၁ နေရာမှာ ရှိနေပါပြီ။ အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတေးလျ၊ ကနေဒါ တို့ရဲ့နောက်က ကပ်လိုက်နေတာ ဖြစ်ပြီး ... ဥရောပက နိုင်ငံကြီးတွေ ဖြစ်တဲ့ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ် တို့ရဲ့ အထက်ကိုရောက်နေတာ ဖြစ်ပါတယ် ... အဲဒါကြောင့် ကိုရိုနာနဲ့ ပတ်သက်လို့ သိပ်စိတ်မပူကြပါနဲ့ ... ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တာ ၂၅ ယောက်ရှိသွားပြီ ဆိုပေမယ့် တယောက်မှ မသေသေးပါဘူး။ အောင်မြင်စွာကုသနိုင်လို့ ပျောက်တဲ့သူတွေလဲ ပျောက်ကင်းပြီး အိမ်တောင်ပြန်ကုန်ကြပါပြီ။ ထိုင်းကို စိတ်ချလက်ချ လာလို့ရပါတယ်။ မတော်တဆ ဖြစ်လာခဲ့ရင်တောင် ကုလို့ရပါတယ်။ အဲဒါကြောင့် ထိုင်းကိုလာလည်ရင် စိတ်ချရပါ့မလား မေးနေကြသူများ စိတ်ချလက်ချ လာလို့ရပါတယ် လို့... တရုတ်ခရီးသွားတွေလဲ လာမလည်ကြတော့လို့ အရင်လို မြဘုရားတို့ ပတ္တယားတို့လို နေရာတွေမှာ တရုတ်တွေ တရုံးရုံးကြား တိုးဝှေ့သွားနေရတာမျိုးတွေ မရှိတော့ပဲ စိတ်ချမ်းချမ်းသာသာနဲ့ လည်ပတ်လို့ ရတာက တကြောင်း၊ လေယာဉ်လက်မှတ်ခတွေ၊ ဟိုတယ်တွေလဲ ဈေးကျတာက တကြောင်း ဆိုတော့ အခုအချိန် လာလည်ရင် ပိုတောင်မှ စိတ်ချမ်းသာစရာ ကောင်းနေပါသေးတယ် 😄

Source: Global Health Security Index 2019

Thank you & Congratulations Thailand 🇹🇭🇹🇭🇹🇭ထိုင်းနိုင်ငံမှဆရာဝန်များ Corona Virus ကို ကုသတဲ့ဆေးကိုတွေ့ရှိပါပြီ လို့ ထိုင...
03/02/2020

Thank you & Congratulations Thailand 🇹🇭🇹🇭🇹🇭
ထိုင်းနိုင်ငံမှဆရာဝန်များ Corona Virus ကို ကုသတဲ့ဆေးကိုတွေ့ရှိပါပြီ လို့ ထိုင်းဆေးဝါးဆိုင်ရာ မှ
မနေ့ညကကြော်ငြာခဲ့ပါတယ်
Virus ကူးစက်ခံထားရသူကို ကုသရာ 48 နာရီအတွင်း
အသက်ရှုလမ်းကြောင်းတွင် ကူးစက် Virus ကိုမတွေ့ရတော့ဘဲ ရောဂါဝေဒနာ ခံစားနေရမှုသက်သက်လာတယ်လို့ ထိုဆေးကို ဖော်ထုတ်ခဲ့တဲ့ဆရာဝန်က ပြောကြားခဲ့ပါတယ် 👍
အားလုံးအတွက် ဒီရောဂါဟာကြောက်စရာ မဟုတ်တော့တဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်

Credit ;

29/01/2020

Bkk ဝါးတီး

ပတူနမ် shopping area နဲ့ အနီးဆုံး apartment မှာ တည်းချင်တယ်ဆိုရင် Bangkok's Heart ကိုဆက်သွယ်ဖို့ မမေ့နဲ့နော်။နှစ်ယောက်ခန...
26/01/2020

ပတူနမ် shopping area နဲ့ အနီးဆုံး apartment မှာ တည်းချင်တယ်ဆိုရင် Bangkok's Heart ကိုဆက်သွယ်ဖို့ မမေ့နဲ့နော်။
နှစ်ယောက်ခန်း ၊ သုံးယောက်ခန်း ၊ လေးယောက်ခန်း ၊ ခြောက်ယောက် ခန်းထိရှိပါတယ်။
အားသာချက်ကတော့ ရက်ရှည်နေလျှင် ကိုယ်တိုင်ချက်ပြုတ်စားနိုင်ခြင်း၊ shopping center တွေနှင့်အနီးဆုံးမို့ သွားလာစရိတ် ကုန်ကျမှုသက်သာခြင်းတို့ပဲ ဖြစ်ပါတယ်။

😊 အခန်းခ ပုံမှန်ဈေးနှုန်းများမှာ 😊

၂ ယောက်ခန်း ၉၀၀ ဘတ်
၃ ယောက်ခန်း ၁၁၀၀ ဘတ်
၎ ယောက်ခန်း ၁၇၀၀ ဘတ်
၅ ယောက်ခန်း ၂၀၀၀ ဘတ်
၆ ယောက်ခန်း ၂၂၀၀ ဘတ်
ဖြစ်ပါတယ် ရှင်။

April,October & December
လများအတွက်

အခန်းခ ဈေးနှုန်းများမှာ
၂ ယောက်ခန်း ၁၀၀၀ ဘတ်
၃ ယောက်ခန်း ၁၂၀၀ ဘတ်
၎ ယောက်ခန်း ၁၈၀၀ ဘတ်
၅ ယောက်ခန်း ၂၁၀၀ ဘတ်
၆ ယောက်ခန်း ၂၃၀၀ဘတ်
ဖြစ်ပါတယ်ရှင်။
ထိုလများမှအပ ကျန်လများတွင် အခန်းခများမှာ ပုံမှန်ဈေးနှုန်းအတိုင်း ဖြစ်ပါတယ်။
အခန်းများ booking တင်လိုပါက -
Bangkok's Heart Travel Service
Tel - 09965424322,09787851749,09250238004
Viber - 09965424322 သို့ဆက်သွယ် booking တင်နိုင်ပါပြီရှင်။

Customer အမရဲ့ စကားလေးကြောင့် ဝမ်းသာရပါတယ် ။Page messager ကနေ စုံစမ်းပြီးနောက်နေ့ marketing သွားပေးပါတယ်။သွားတဲ့နေ့မှာပဲ...
25/01/2020

Customer အမရဲ့ စကားလေးကြောင့် ဝမ်းသာရပါတယ် ။
Page messager ကနေ စုံစမ်းပြီးနောက်နေ့ marketing သွားပေးပါတယ်။
သွားတဲ့နေ့မှာပဲ တခါထဲလေယာဉ်လက်မှတ်ဖြတ်ပြီး တပတ်အတွင်းသွားဖြစ်ခဲ့တဲ့ ခရီးလေးပါ။
Customer တွေက first time ဖြစ်လို့ စိတ်ပူခဲ့ပေမယ့် အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ လိုက်ပို့ပေးတဲ့ ကျမတို့မြန်မာကားဆရာကလဲ အရမ်းစိတ်ရှည်သဘောကောင်းတာမို့ customer တိုင်းသဘောကျကြပါတယ်။
အခုလိုအဆင်ပြေကြလို့ အရမ်းလဲဝမ်းသာပြီးကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏

Bangkok တညအိပ်နှစ်ရက်ခရီးစဉ်လေး အားပေးတဲ့ ကျမရဲ့ customer အမရဲ့ ပုံရိပ်လေးပါရှင့် 😍ဈေးသက်သက်သာသာနဲ့ နှစ်ယောက်ထဲ private...
25/01/2020

Bangkok တညအိပ်နှစ်ရက်ခရီးစဉ်လေး အားပေးတဲ့ ကျမရဲ့ customer အမရဲ့ ပုံရိပ်လေးပါရှင့် 😍
ဈေးသက်သက်သာသာနဲ့ နှစ်ယောက်ထဲ private အေးအေးဆေးဆေးလည်ပတ်ရတာပါ။
လေယာဉ်လက်မှတ်မပါဝင်ပါ။
တစ်ယောက်ကို 310000 ကျပ် ၊ နှစ်ယောက်ရှိရုံနဲ့ သွားလို့ရတာမို့ အရမ်းအဆင်ပြေတာပေါ့။
ပုံတွေကို ကာယကံရှင်ခွင့်ပြုချက်ဖြင့်တင်သည်။

နှစ်ယောက်ထဲ သွားလို့ရပြီး မိမိကြိုက်တဲ့ရက်သွားနိုင်တာမို့ အရမ်းအသွားများတဲ့ tour လေးပြန်ကြေငြာပေးပါမယ်နော်။....Bangkok's...
24/01/2020

နှစ်ယောက်ထဲ သွားလို့ရပြီး မိမိကြိုက်တဲ့ရက်သွားနိုင်တာမို့ အရမ်းအသွားများတဲ့ tour လေးပြန်ကြေငြာပေးပါမယ်နော်။....

Bangkok's Heart မှ လူဦးရေ အနည်းဆုံးနှစ်ယောက်ရှိရုံနဲ့ မိမိနှစ်သက်တဲ့ရက်သွားနိုင်တဲ့ trip လေးပါ။
ခရီးစဉ်အတွက် အနည်းဆုံးလူဦးရေ
- နှစ်ယောက်
ထွက်မည့်ရက်
- မိမိတို့သွားလိုသည့်ရက်
ခရီးစဉ်
- တစ်ညအိပ်နှစ်ရက်
ပါဝင်သည့်ဝန်ဆောင်မှု
- လေဆိပ်အကြို ၊ အပို့မှစ privte car, မြန်မာကားဆရာ ၊ ဝင်ကြေးများ အားလုံး ၊ ဟိုတယ် ၊ မနက်စာ ၊ နေ့လည်စာ နှင့်ညစာ အားလုံးပါဝင်တဲ့ ခရီးစဉ်လေး ဖြစ်ပါတယ် ။
ဈေးနှုန်း
- တစ်ဦးလျှင် 310000 ကျပ် 😱😱😱
အရမ်းတန်တယ်နော် 😊
ခရီးစဉ် အသေးစိပ်ကတော့ -
စနေ နေ့ မနက် (သို့) မိမိသွားလိုသည့်ရက် မနက် 8:05 am ရန်ကုန်မှ စတင်ထွက်ခွာပါမယ်။
လေဆိပ်မှာ မြန်မာ ကားဆရာ က လာရောက်ခေါ်ဆောင်ပြီး Dream world ကစားကွင်းသွားပါမယ် ။
ကစားနည်းမျိုးစုံ အပြင် snow town မှာ ရေခဲစကိတ်စီးပြီး ဓာတ်ပုံရိုက်ကြမယ်နော်.....
ပြီးရင်တော့ Hotel check in ဝင်ပြီး Shopping ထွက်ကြမယ် ။
ညစာကို Baiyoke sky 69 လွှာမှာ seafood နဲ့ Thai အစားအစာတွေကို buffet တည်ခင်းဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ် ။
ထို့နောက် hotel ပြန် အိပ်စက်အနားယူပါမယ်။
Day 2 မှာတော့ -
ဟိုတယ်မှာ မနက်စာ buffet breakfast စားသုံးပြီး Safari world ကို မနက် 8 နာရီခန့်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
တိရစ္ဆာန် show များ ၊ Hollywood showများ၊ Cow Boy show တွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သစ်ကုလားအုတ်တွေကိုလဲ ကိုယ်တိုင်အစာကျွေးနိုင်ပြီး နေ့လည်စာကို Safari World မှာ စားသုံးပါမယ်။
ညနေခင်းမှာတော့ လေဆိပ်ကို ပြန်လည်ပို့ဆောင်ပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်ရှင်။
မပါဝင်တဲ့ဝန်ဆောင်မှုက တော့ -
လေယာဉ်လက်မှတ် ဖြစ်ပါတယ် ။

မိမိတို့သွားလိုတဲ့ရက်ကို အနည်းဆုံးနှစ်ပတ်ကြိုတင် ဝယ်ယူခြင်းက ဈေးနှုန်းသက်သာစေမှာ ဖြစ်ပါတယ်။
နှစ်ရက်ထဲပေမယ့် နေရာစုံအောင် စီစဉ်ထားတာမို့ ပြီးပြည့်စုံတဲ့ ခရီးလေးဖြစ်မှာ အသေအချာပါပဲရှင်။
လိုက်ပါလိုသူများ Page messager မှ ဖြစ်စေ၊ viber no. 09965424322 သို့ဖြစ်စေ၊
ဖုန်းနံပါတ် 09965424322,0978785149,09250238004 တို့သို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။
Bangkok's Heart Travel Service
No.I/ 3 , Opposite to Bayint Naung Market, Mayangone Township, Yangon.
မှတ်ချက် -
ပထမဆုံးအကြိမ် ဘန်ကောက်ကိုသွားရောက်မယ့်သူများ တစ်ဦး show money ဘတ် တသောင်းခွဲ ပြဖို့လိုအပ်ပါတယ်ရှင်။

သင်္ကြန်တွင်း Sapa ခရီးစဉ် သွားလိုသူများအတွက် Package only -235 USDလေယာဉ်လက်မှတ် သီးသန့်ထပ်ပေးရပါမယ်ရှင်။အကျိုးကျေးဇူးများ...
17/01/2020

သင်္ကြန်တွင်း Sapa ခရီးစဉ် သွားလိုသူများအတွက် Package only -235 USD
လေယာဉ်လက်မှတ် သီးသန့်ထပ်ပေးရပါမယ်ရှင်။
အကျိုးကျေးဇူးများ
မိမိတို့သွားလိုသည့်ရက် စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း။
မိမိတို့နှစ်သက်သည့်လေကြောင်းလိုင်း ရွေးချယ်နိုင်ခြင်း။
Handcarry or 20 kg ရွေးချယ်နိုင်ခြင်း။
လေယာဉ်လက်မှတ်သည် နေ့စဉ်နှင့်အမျှ ဈေးအပြောင်းအလဲ ရှိသောကြောင့် မိမိတို့သွားလိုသည့်ရက်ကို ကြိုတင်ဝယ်ယူထားခြင်းကို ဈေးပိုမိုသက်သာစေပါသည်။
လေယာဉ်လက်မှတ်မပါ ခရီးစဉ်များကို မိမိတို့သွားလိုသည့်ရက် ရွေးချယ်၍ Air Ticket များကို Bangkok's Heart တွင် ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါတယ်ရှင်။
Sapa ခရီးစဉ် အသေးစိပ်-
https://m.facebook.com/story.php?story_fbid=787581931721731&id=255978671548729
ဆက်သွယ်ရန် -
09965424322,09787851749,09250238004
Viber +959 965424322

16/01/2020

ဘန်ကောက်ကစားကွင်းလက်မှတ်ဈေးနှုန်းများ -
Art in paradise -၂၅၀ ဘတ်
Sealife ocean world - ၆၅၀ ဘတ်
Madam Tauusad -၆၀၀ ဘတ်
Dream world with snow town and buffet lunch-၅၅၀ ဘတ်
Siam park with lunch - ၅၅၀ဘတ်
Baiyoke dinner - 76 or 78 floor -၇၀၀ ဘတ်
White orchid dinner cruise -၈၅၀ ဘတ်
Chao phaya princess dinner -၉၅၀ ဘတ်
Chao phaya dinner -
၁၀၀၀ ဘတ်
Safari park, marine park,buffet lunch - ၉၀၀ဘတ်
Noon nooch garden with lunch and show - ၆၅၀ ဘတ်
အခြား hua hin , chiang mai entrance ticket များလဲ ဈေးနှုန်းချိုသာစွာ ရရှိနိုင်ပါပြီ။

မိသားစု သီးသန့် ဘန်ကောက်မြို့တွင်း မြန်မာကားဆရာနဲ့ လည်ချင်တယ်ဆို Bangkok's Heart ကိုဆက်သွယ်ပေးနော်။တစ်ရက် ဘတ် -2700မြန်မ...
16/01/2020

မိသားစု သီးသန့် ဘန်ကောက်မြို့တွင်း မြန်မာကားဆရာနဲ့ လည်ချင်တယ်ဆို Bangkok's Heart ကိုဆက်သွယ်ပေးနော်။
တစ်ရက် ဘတ် -2700
မြန်မာကားဆရာဆိုတော့ Guide လဲ မလိုတော့ဘူးပေါ့ ။
Car နဲ့ Guide တွဲယူရင် 3500 ဘတ်ပါ။
မိမိအဆင်ပြေသလို ငှါးရမ်းနိုင်ပါတယ်။
ဆက်သွယ်ရန် -09965424322,09787851749,09250238004

Budget မှ budget ဆိုသူတွေအတွက် Sleep cafe  hostel လေးလာပါပြီရှင်။တစ်ယောက်စာ capsule bed - 250 thbနှစ်ယောက်ခန်း - 700 thb...
16/01/2020

Budget မှ budget ဆိုသူတွေအတွက် Sleep cafe hostel လေးလာပါပြီရှင်။
တစ်ယောက်စာ capsule bed - 250 thb
နှစ်ယောက်ခန်း - 700 thb
ငါးယောက်ခန်း -1000 thb ပါ။
Booking service - 5 USD ပါ။
မနက်စာ မပါဝင်ပါ။
ရေသန့်တဘူး၊ ခေါင်းလျှော်ရည် ၊ ညဝတ်အကျီ ပါပါတယ်။
ငါးယောက်ခန်းက အိမ်သာ၊ရေချိုးခန်း အခန်းတွင်းပါပါတယ်နော်။
Phetchaburi 13 လမ်းမှာမို့ သွားရေးလာရေး အဆင်ပြေပါတယ်။
လုံခြုံမှု အာမခံပါတယ် ။
ငါးယောက်ခန်းက များများစားစားမရှိလို့ အခန်းလိုချင်ရင် မြန်မြန်တော့ ဆက်သွယ်ပေးပါနော်။

Hostel ကိုမှ - အဆင့်မြင့်မြင့်လဲနေချင်တယ်.....Location လဲ ကောင်းရမယ်......လုံခြုံမှုရှိရမယ်.......Breakfast လေးလဲပါရမယ်.....
15/01/2020

Hostel ကိုမှ -
အဆင့်မြင့်မြင့်လဲနေချင်တယ်.....
Location လဲ ကောင်းရမယ်......
လုံခြုံမှုရှိရမယ်.......
Breakfast လေးလဲပါရမယ်......
ဈေးလဲသင့်ရမယ်.....
ဒါမျိုးလေးရှာနေတာလား?
Phara Thai BTS station နဲ့ အနီးဆုံး ၊ Hostel ကထွက်လိုက်တာနဲ့ ရောက်တယ်....
Location ကတော့ ⭐⭐⭐⭐⭐
အတွင်းခန်းပုံလေးတွေ ပြထားပါတယ်နော်
အရမ်းကိုသေ သပ်သန့်ရှင်းပါတယ်။ Air con ကလဲ အေးစိမ့်နေတာပဲ။
လုံခြုံမှုက ✅✅✅✅✅
မနက်စာလဲ ပါပြီးပြီဆိုတော့ ဘာလိုသေးလဲ.....
တည်းဖူးသူ 99% recommand ပေးတဲ့ Hostel လေးပါ။
ဈေးနှုန်း
Single bed - 450 Thb
Double bed - 750 Thb
All including breakfast
Booking တင်ချင်ရင်တော့ ငွေကြိုရှင်းရမှာဖြစ်ပြီး Booking fee 5 USD ကျသင့်မှာ ဖြစ်ပါတယ်။
ဘယ်နှရက်တည်းတည်း 5 USD Charge ပဲ ပေးရမှာနော် 😊
ကဲ.....
Booking တင်ချင်ရင်တော့ - 09965424322,09787851749,09250238004 ကိုဆက်သွယ်လိုက်တော့နော် 😊

Bangkok's Heart မှ အပတ်စဉ် စနေ ၊ တနင်္ဂနွေတိုင်း ထွက်ရှိမည့် Weekend tour စနေ တနင်္ဂနွေ မဟုတ်ဘဲ ကြားရက်လဲ သွားလို့ရတယ်နော် 😊...
15/01/2020

Bangkok's Heart မှ အပတ်စဉ် စနေ ၊ တနင်္ဂနွေတိုင်း ထွက်ရှိမည့် Weekend tour
စနေ တနင်္ဂနွေ မဟုတ်ဘဲ ကြားရက်လဲ သွားလို့ရတယ်နော် 😊
ခရီးစဉ်အတွက် အနည်းဆုံးလူဦးရေ
- နှစ်ယောက်
ထွက်မည့်ရက်
- မိမိတို့သွားလိုသည့်ရက်
ခရီးစဉ်
- တစ်ညအိပ်နှစ်ရက်
ပါဝင်သည့်ဝန်ဆောင်မှု
- လေဆိပ်အကြို ၊ အပို့မှစ privte car, မြန်မာ ဂိုက် ၊ ဝင်ကြေးများ အားလုံး ၊ ဟိုတယ် ၊ မနက်စာ ၊ နေ့လည်စာ နှင့်ညစာ အားလုံးပါဝင်တဲ့ ခရီးစဉ်လေး ဖြစ်ပါတယ် ။
ဈေးနှုန်း
- တစ်ဦးလျှင် 310000 ကျပ် 😱😱😱
အရမ်းတန်တယ်နော် 😊
ခရီးစဉ် အသေးစိပ်ကတော့ -
စနေ နေ့ မနက် (သို့) မိမိသွားလိုသည့်ရက် မနက် 8:05 am ရန်ကုန်မှ စတင်ထွက်ခွာပါမယ်။
လေဆိပ်မှာ မြန်မာ guide က လာရောက်ခေါ်ဆောင်ပြီး Dream world ကစားကွင်းသွားပါမယ် ။
ကစားနည်းမျိုးစုံ အပြင် snow town မှာ ရေခဲစကိတ်စီးပြီး ဓာတ်ပုံရိုက်ကြမယ်နော်.....
ပြီးရင်တော့ Hotel check in ဝင်ပြီး Shopping ထွက်ကြမယ် ။
ညစာကို Baiyoke sky 69 လွှာမှာ seafood နဲ့ Thai အစားအစာတွေကို buffet တည်ခင်းဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ် ။
ထို့နောက် hotel ပြန် အိပ်စက်အနားယူပါမယ်။
Day 2 မှာတော့ -
ဟိုတယ်မှာ မနက်စာ buffet breakfast စားသုံးပြီး Safari world ကို မနက် 8 နာရီခန့်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
တိရစ္ဆာန် show များ ၊ Hollywood showများ၊ Cow Boy show တွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သစ်ကုလားအုတ်တွေကိုလဲ ကိုယ်တိုင်အစာကျွေးနိုင်ပြီး နေ့လည်စာကို Safari World မှာ စားသုံးပါမယ်။
ညနေခင်းမှာတော့ လေဆိပ်ကို ပြန်လည်ပို့ဆောင်ပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်ရှင်။
မပါဝင်တဲ့ဝန်ဆောင်မှုက တော့ -
လေယာဉ်လက်မှတ် ဖြစ်ပါတယ် ။ မိမိတို့သွားလိုတဲ့ရက်ကို အနည်းဆုံးနှစ်ပတ်ကြိုတင် ဝယ်ယူခြင်းက ဈေးနှုန်းသက်သာစေမှာ ဖြစ်ပါတယ်။
နှစ်ရက်ထဲပေမယ့် နေရာစုံအောင် စီစဉ်ထားတာမို့ ပြီးပြည့်စုံတဲ့ ခရီးလေးဖြစ်မှာ အသေအချာပါပဲရှင်။
လိုက်ပါလိုသူများ Page messager မှ ဖြစ်စေ၊ viber no. 09965424322 သို့ဖြစ်စေ၊
ဖုန်းနံပါတ် 09965424322,0978785149,09250238004 တို့သို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။

ဗီယက်နမ်ကို တောင်ပိုင်း ၊ မြောက်ပိုင်း နှံ့နေပြီလား?တစ်နေ့ထဲနဲ့ ရာသီဥတု လေးမျိုး ခံစားရတဲ့နေရာ ......တိမ်ပင်လယ် ကို အပေါ်...
15/01/2020

ဗီယက်နမ်ကို တောင်ပိုင်း ၊ မြောက်ပိုင်း နှံ့နေပြီလား?
တစ်နေ့ထဲနဲ့ ရာသီဥတု လေးမျိုး ခံစားရတဲ့နေရာ ......
တိမ်ပင်လယ် ကို အပေါ်စီးကမြင်ရတဲ့ ခံစားချက်........
တိမ်တွေရဲ့အထက် နတ်ဘုံနတ်နန်းရောက်သလို ခံစားမှုတွေ ပေးစွမ်းနိုင်တဲ့ တောင်ပေါ်မြို့လေး Sapa ❤
ခရီးစဉ်
သုံးညအိပ် လေးရက်
ဈေးနှုန်း -510000 ကျပ် ( တစ်ဦးလျှင်)
အနည်းဆုံးလူဦးရေ
နှစ်ဦး
ပါဝင်သောဝန်ဆောင်မှု
*လေယာဉ်လက်မှတ် အသွားအပြန် 7 kg
*English speaking guide
* မနက်စာ၊ နေ့လည်စာ၊ ညစာ
* Air condition car
တို့ပါဝင်ပါတယ်။
ခရီးစဉ် အသေးစိပ်
Day 1
ရန်ကုန်မှ ညနေ 6 နာရီလေယာဉ်ဖြင့် ထွက်ခွာမှာဖြစ်ပါတယ် ။
Noi Bai လေဆိပ်ကို ညအချိန်ရောက်ရှိပြီး Hotel Check in အိပ်စက်အနားယူပါမည်။
Day 2
Hotel မှ မနက်စာစား အပြီး Sapa ကိုသွားရောက်ပါမည်။ နေ့လည်တစ်နာရီခန့် Sapa ကို ရောက်ရှိပြီး Hotel check in ခေတ္တ အနားယူပါမည်။
ထို့နောက် Black H'mong လူမျိုးများရှိရာ Cat Cat Village သို့ သွားရောက်လည်ပတ်ပါမည် ။
လူမျိုးစု ဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်တာဟာ ဒီရွာကိုလာရောက်လည်ပတ်တဲ့ အဓိက အချက်ပါ။
သက်တောင့်သက်သာ ရှိတဲ့ ဖိနပ်မျိုး စီးသွားဖို့ အကြံပြုပါတယ် ။
ထို့နောက် Hotel ပြန် ညစာစား အနားယူပါမည်။
Day 3
Roof of Indochina လို့ခေါ်တဲ့ 3143 m ရှိတဲ့ Phansipan တောင်ကို Cable ကားနဲ့သွားရောက်ပါမည် ။
-° အထိ အေးတတ်တာမို့ အနွေးထည်ထူထူ ၊ လက်အိတ် ၊ ခြေအိတ် ၊ ခေါင်းစွပ် တွေပါယူဆောင်သွားသင့်ပါတယ် ။
ခရီးစဉ်ရဲ့ အရေးအကြီးဆုံး နေရာက ဒီနေရာပါပဲ။ ခမ်းနားလှပတဲ့ Cable Station ကနေ Cable ကားစီးပြီး တိမ်ပင်လယ်အလှကို ကြည့်ရှုနိုင်သလို တောင်ထိပ်ရောက်ခဲ့ရင် နတ်ဘုံနတ်နန်းရောက်သလို ခံစားချက် ခံစားရမှာ အသေအချာပါပဲ။
တောင်ပေါ်ကအဆင်း ကော်ဖီတစ်ခွက်လောက် မြည်းစမ်းကြည့်ခဲ့ဖို့လဲ မမေ့နဲ့နော် ။
တောင်အတက်နဲ့အဆင်းကို ရာသီဥတု တမျိုးစီလဲ ခံစားရနိုင်ပါတယ် ။
ဒီနောက်မှာတော့ နေ့လည်စာ စားပြီး Hanoi မြို့ကို ပြန်မှာဖြစ်ပါတယ် ။
ထို့နောက်ညစာစားပြီး Hotel ပြန်အိပ်စက်အနားယူပါမယ်။
Day 4
Hotel မှ မနက်စာစားပြီး West lake မှာရှိတဲ့ Tran Quac Pagoda, Sunrise bridge တို့ကို သွားရောက်လည်ပတ်ပါမည်။
Hanoi ရဲ့နာမည်ကြီးတဲ့ ကြက်ဥကော်ဖီကို မြည်းစမ်းကြည့်ဖို့ မမေ့နဲ့နော် ။
Hanoi old quarter မှာရှိတဲ့ D**g Xuan market မှာ ဗီယက်နမ်လူမျိုးတွေရဲ့ လူနေမှုကို လေ့လာနိုင်မှာ ဖြစ်ပါတယ် ။
Shopping ထွက်ဖို့ Aeon shopping mall ကို လဲ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ် ။
အစားအသောက် ၊ အဝတ်အထည် ၊ လက်ဆောင်ပစ္စည်းအားလုံး တစ်နေရာထဲ စုံလင်အောင် ဝယ်လို့ရပါတယ်နော် ။
ဈေးအင်မတန် သင့်ပါတယ် ။
ထို့နောက်မှာတော့ Noi Bai လေဆိပ်ကို ပြန်လည် ပို့ဆောင်ပြီး ကျမတို့ရဲ့ ခရီးစဉ်ကြီး ပြီးဆုံးမှာ ဖြစ်ပါတယ်ရှင်။
စိတ်ပါဝင်စားပြီး လိုက်ပါလိုသူများအနေဖြင့် -
09965424322, 09787851749, 09250238004 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

2020 January လမှာ admin တို့ Fam trip ထွက်ခဲ့တဲ့ ခရီးစဉ်လေးမျှဝေချင်ပါတယ် ။Vietnam နိုင်ငံရဲ့ Sapa လို့ ခေါ်တဲ့ တောင်ပေါ်ြ...
10/01/2020

2020 January လမှာ admin တို့ Fam trip ထွက်ခဲ့တဲ့ ခရီးစဉ်လေးမျှဝေချင်ပါတယ် ။
Vietnam နိုင်ငံရဲ့ Sapa လို့ ခေါ်တဲ့ တောင်ပေါ်မြို့လေးပါ။
ဒီခရီးစဉ်အတွက် အကြံပြုချင်တာက -
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ ၊ တောင်တက်အတွေ့အကြုံရှိသူ တွေက ပိုအဆင်ပြေမယ်လို့ အကြံပြုပါတယ် ။
ဒီ trip လေးက Bangkok လို shopping ထွက် လည်ပတ်ခရီးစဉ်မျိုးမဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင်နဲ့ ပိုမိုနီးစပ်တာမျိုးပါ။
ကျမတို့ ရန်ကုန်က ညနေလေယာဉ်နဲ့ ထွက်ခွာပြီး Hanoi မြို့ကို ညဘက်ရောက်ရှိပါတယ် ။ hotel မှာ ညဘက် အိပ်စက်ပြီး နောက်တနေ့မနက်မှာ Sapa မြို့ကို ထွက်ခွာပါတယ်။ Hanoi မှ Sapa ကို 6 နာရီခန့်ကားစီးရပါတယ် ။
Sapa ဟာတောင်ပေါ်မြို့လေးပါ။ မြို့ကို ရောက်ပြီဆိုရင် ပထမဆုံးရေကန်ကြီးကို မြင်ရလိမ့်မယ်။ အဲဒီနောက်မှာတော့ ခေတ်မီပြီး အရမ်းချစ်စရာကောင်းတဲ့ Sapa မြို့လေးကို မြင်ရတာပါပဲ။
မြို့တွင်းလမ်းကို ကားကြီးတွေပေးမဝင်တာကြောင့် မြို့လေးက သန့်ရှင်းသပ်ယပ်ပြီး သိပ်ချစ်စရာကောင်းပါတယ်။ ရောက်ရောက်ချင်း နေ့လည်စာ စားတော့ Sapa ရဲ့ favourite ဖြစ်တဲ့ hot pot နဲ့ ဧည့်ခံပါတယ် ။
Salmon ငါးရယ် နောက်ထပ်ငါးတမျိုးက အရိုးကပါ jelly လို တထုပ်ထုပ်ဝါးစားလို့ရပါတယ် ။ ပုံတွေမှာ ကြည့်ပေးပါနော်။ အရမ်းအေးတဲ့ အချိန်မှာ hot pot ပူပူလေးစားရတာ အလိုက်ဖက်ဆုံးပါပဲ။
အဲဒီနောက် Cat Cat Village မှာ သူတို့ရဲ့တိုင်းရင်းသားလူမျိုးသဘာဝကို သွားရောက်လေ့လာပါတယ် ။ အမှတ်တရ ပစ္စည်းတွေလဲ ဝယ်နိုင်ပါတယ် ။
ဒီနေရာမှာ trekking လို့ပြောပေမယ့် တောင်တက်တောင်ဆင်းလမ်းများတာမို့ သက်တောင့်သက်သာ ရှိစေမယ့် ဖိနပ်ကို စီးသင့်ပါတယ် ။ လမ်းမလျှောက်နိုင်တဲ့ ကလေးနဲ့ သက်ကြီးရွယ်အို မခေါ်သင့်ပါဘူး။
အဲဒီနောက် ညစာစား ဟိုတယ်ပြန် အိပ်စက်အနားယူပြီးမှာတော့ နောက်တနေ့မှာ Indochina ရဲ့ အမြင့်ဆုံးတောင်တစ်ခု ဖြစ်တဲ့ Fancipan တောင်ပေါ် တက်ကြပါတယ် ။
ဒီခရီးစဉ်မှာ ကျမအကြိုက်ဆုံးနေရာတစ်ခုဖြစ်သလို ပင်ပင်ပန်းပန်း လာရကျိုး ကျိန်းသေပေါက်နပ်တဲ့ နေရာတစ်ခုပါပဲ။
ဘာနဲ့ တင်စားပြောရမလဲဆို နတ်ပြည်ကို ခနရောက်သွားသလို ခံစားရတယ် ။ ငယ်ငယ်က ဝူခုံးကားတွေ ကြည့်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းမျိုး ကိုယ်တိုင်လက်တွေ့ ရောက်သွားခဲ့တာပါပဲ။
Station ကနေ Cable ကားစီးတယ် ။ လူ 20 ဆန့်တဲ့ Cable ကြီးတွေနဲ့ တောင်တက်တဲ့အတွေ့အကြုံ အံ့မခန်းပါပဲ။ အောက်ကိုမြင်ရတဲ့ ရှူခင်းတွေ လှပလွန်းလို့ အသက်ရှူဖို့တောင် မေ့တယ်ရှင်။
ပုံတွေတပုံချင်း ထောက်ကြည့်ပေးနော်။ မနေ့က ကြည့်ထားတဲ့ ရာသီဥတုက -2° ရှိပေမယ့် တကယ်ရောက်သွားတဲ့အခါ -4° ရှိပါတယ်။ နှင်းမိုးတွေရွာပြီး အရမ်းအေးတာမို့ အနွေးထည်ထူထူ၊ ခြေအိပ် ၊ လက်အိတ် ၊ ခေါင်းစွပ် နဲ့ နားအအုပ်တွေပါ ဆောင်သွားသင့်ပါတယ်။
လှေကားထစ်အနဲငယ်ကို တက်ပြီးချိန်မှာ နောက်ထပ် cable တခု ထပ်စီးရပါတယ် ။ တယောက်ကို ဗီယက်နမ်ငွေ 70000 ပေးရပါတယ်။
အဲဒီနောက်မှာ တောင်ပေါ်ကိုရောက်ခဲ့ပါတယ် ။
Vietnam အလံနဲ့ ဓာတ်ပုံတွေရိုက်ခဲ့ကြတယ် ။ ဘဝရဲ့ အမှတ်တရတွေထဲကတစ်ခု ။ ခရီးထွက်တယ်ဆိုတဲ့ ခံစားချက်အပြင် စိတ်ကျေနပ်မှု တစ်ခုလဲ ရခဲ့ပါတယ် ။
နောက်တနေ့မှာ ဟနွိုင်းမှာ လည်ပတ်ပြီး ပြန်ခဲ့ကြပါတယ်။ နံမည်ကြီး ကြက်ဥကော်ဖီလဲ မြည်းစမ်းကြည့်ခဲ့သလို ကြက်နက်အသားလဲ စားခဲ့ရပါတယ်။
လေဆိပ်ဆင်းကာနီး Aeon shopping mall ပို့ပေးတယ်။ အရမ်းဈေးဝယ်လို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။ အပေါ်ထပ်မှာ အဝတ်အစားတွေ 50% discount ရှိပြီး ညီမတွေကတော့ Brand T shirt တွေကို မြန်မာငွေ7000,8000 ဝန်းကျင်နဲ့ ရခဲ့ပါတယ် ။ ဆိုဒ်တော့မစုံပါဘူးတဲ့ ။ လက်ဆောင်အစားအသောက်တွေလဲ တနေရာထဲမှာ ဝယ်လို့ရနိုင်တာမို့ shopping ကြိုက်တဲ့ ကိုကို ၊ မမများ မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ အခြားလူသုံးကုန်တွေလဲ discount ရှိပါတယ် ။
စာလဲ ရှည်ပြီမို့ ဒီမှာပဲ နိဂုံးချုပ်ပါမယ်နော် ။
တောင်တန်းကြီးတွေရယ် ၊ လှေကားထစ်စိုက်ခင်းတွေရယ် ၊ နတ်ဘုံနတ်နန်းရောက်သလို ခံစားရမယ့် Fansipan တောင်ထိပ်ရယ် ၊ ထူးခြားတဲ့ အစားအသောက်တွေ မြည်းစမ်းဖို့ Sapa ခရီးစဉ်ကို March လထဲ ထွက်ရှိမှာပါ။
မြန်မာငွေ 5 သိန်းကျော်နဲ့ လေးညအိပ်ငါးရက် အပြီးအစီးခရီးစဉ်လေး စိတ်ပါဝင်စားရင် Page ကို see first လုပ်ထားပေးနော် ။
မကြာမီ လာမည်..... မျှော် 😁

Feb လတွင် Bangkok's Heart မှ ထွက်ရှိမည့် ရန်ကုန် - ဘန်ကောက် - ပတ္တရား ခရီးစဉ်များထွက်ရှိမည့်ရက် Feb 14, Feb 21ဈေးနှုန်း -...
10/01/2020

Feb လတွင်
Bangkok's Heart မှ ထွက်ရှိမည့် ရန်ကုန် - ဘန်ကောက် - ပတ္တရား ခရီးစဉ်များ

ထွက်ရှိမည့်ရက် Feb 14, Feb 21

ဈေးနှုန်း - 299 USD / pax
(မြန်မာငွေ 450000 ဝန်းကျင်)

ပါဝင်သော ဝန်ဆောင်မှုများ
* ရန်ကုန်-ဘန်ကောက် အသွားအပြန် လေယာဉ်လက်မှတ် (7 kg hand carry)
*3 star hotel
* မနက်စာ၊ နေ့လည်စာ၊ ညစာ
*ဝင်ကြေးများအားလုံး
*လိုင်စင်ရ Thai Guide
*fully air-con car

မပါဝင်သော ဝန်ဆောင်မှု
*မြဘုရားဝင်ကြေး ဘတ် 500 နှင့် မိမိတို့အသုံးစရိတ်ပဲ ဖြစ်ပါတယ် ။

ကဲ.......နှစ်ညအိပ် သုံးရက် အပြီးအစီးကိုမှ 450000 ပဲဆိုတော့ အရမ်းတန်နေပါပြီနော် ။

ခရီးစဉ် အသေးစိပ်
Day 1
ရန်ကုန်မှ မနက်လေယာဉ်ဖြင့် ထွက်ခွာပြီး Dream world တွင် နေ့လည်စာ buffet စားသုံးပါမည်။
ကစားနည်းမျိုးစုံ ကစားပြီး ပတ္တရားသို့ ဆက်လက်ထွက်ခွာပါမည်။
ပတ္တရားတွင် seafood buffet ညစာ စားသုံးပြီး walking street လည်ပတ်ပြီး ဟိုတယ်ပြန် အိပ်စက်အနားယူပါမည်။

Day 2
Speed boat ဖြင့် သဲ ဖြူကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။
ထို့နောက် -
Pattaya view point
Laser buddha
Silver lake စပျစ်ခြံတို့သို့ လည်ပတ်ပါမည်။
Noon nooch garden တွင် နေ့လည်စာ buffet စားသုံးပြီး ဆင်လိမ္မာကပွဲများ ၊Thai cultural show များ ကြည့်ရှုနိုင်ပါသည်။
ထို့နောက် Bangkok သို့ ပြန်ပါမည်။
လေးမျက်နှာ ဘုရား ၊ Big C သို့ shopping ထွက်ပြီး hotel ပြန် အိပ်စက်အနားယူပါမည်။

Day 3
မြဘုရားနှင့် ဘုရင့်နန်းတော် သို့သွားရောက်လည်ပတ်ပါမည်။
ထို့နောက် နေ့လည်စာ စား Pratunam အနီးတဝိုက် Platinum fashion mall, Central world, Big C တို့သို့ လည်ပတ်ပြီး လေဆိပ်သို့ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ် ။

အတန်ဆုံးဈေးနှုန်းနဲ့ နေရာအစုံလည်ပတ်မယ့် ခရီးစဉ်လေးတွေကို Feb 14 နဲ့ 21 မှာ ထွက်ရှိပေးမှာမို့
လိုက်ပါလိုသူများ အမြန်ဆုံး စာရင်းပေးသွင်းပေးကြပါနော် ။
Bangkok's Heart Travel Service
Ph- 09965424322,09787851749,09250238004,09674632494
Viber - +959 965424322

နောင်ချို တိမ်ပင်လယ် ခရီးစဉ် အခုအရမ်းခေတ်စားနေတဲ့ နောင်ချိုက တိမ်ပင်လယ်ခရီးစဉ်လေးကို free & easy သွားချင်သူများအတွက် အစီ...
21/12/2019

နောင်ချို တိမ်ပင်လယ် ခရီးစဉ်
အခုအရမ်းခေတ်စားနေတဲ့ နောင်ချိုက တိမ်ပင်လယ်ခရီးစဉ်လေးကို free & easy သွားချင်သူများအတွက် အစီအစဉ်လေးပါနော် ။
မနှစ်ကတော့ ဖေဖော်ဝါရီလအထိ တိမ်ပင်လယ်ရှိပါတယ်ရှင်။
အနည်းဆုံး လူဦးရေ နှစ်ယောက်ကစလို့ သွားလို့ရပါပြီနော်။
ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုများ -
🌠ရန်ကုန် - နောင်ချို အသွားအပြန်ကားခ
🌠နောင်ချို - တိမ်ပင်လယ် အသွားအပြန်ကားခ
🌠တိမ်ပင်လယ် တညတာတည်းခိုခွင့် (နှစ်ယောက်အိပ် Tent ဖြင့်)
🌠တိမ်ပင်လယ်တွင် ညစာ ၊ မနက်စာ တို့ပါဝင်ပါတယ်။
ဈေးနှုန်း - တစ်ဦးလျှင် 85000 ကျပ်
နောင်ချိုထိ ကိုယ့်အစီအစဉ်နှင့်လာလျှင် - တစ်ဦး 35000 ကျပ်
လူဦးရေ နှစ်ယောက်ရှိရုံဖြင့် မိမိတို့သွားလိုသည့်ရက် စီစဉ်ပေးနေပြီမို့ အမြန်ဆုံးဆက်သွယ်လိုက်ပါနော်။
Hotline no. 09787851749

EditedDecember လအတွက် Yangon River Cruise ထွက်ရှိမယ့် ရက်တွေကတော့ -🎫 8.12.19 (Sunday) (Unplugged Band)🎫 9.12.19 (Monday)...
03/12/2019

Edited
December လအတွက် Yangon River Cruise ထွက်ရှိမယ့် ရက်တွေကတော့ -

🎫 8.12.19 (Sunday) (Unplugged Band)
🎫 9.12.19 (Monday) (Unplugged Band)
🎫 10.12.19 (Tuesday)

💰Ticket Price💰

🔆 Sundeck
Local 1 pax➡️ 15,000 ks
Foreigner 1 pax ➡️ $15

🔝 Rooftop
Local 1 pax ➡️ 18,000 ks
Foreigner 1 pax ➡️ $20

Child aged (1-4) ➡️ FOC
Child aged (5-10) Local/Foreigner ➡️ 30% off

Inclusive of:
1). Buffet Dinner
2). 2 hours duration of cruising

ည​နေ ၅:၃၀🕠 က​​နေ ည ၇:၃၀🕢 ထိဖြစ်ပြီး ဗိုလ်တ​ထောင်ဆိပ်ကမ်း Jetty No.3 ကစတင်ထွက်ခွာမှာဖြစ်ပါတယ်
Promotion
အထူး Promotion အနေနဲ့ Kpay နဲ့ ဝယ်ယူတဲ့ customer များအတွက် တစ်ဦးလျှင် 500 ကျပ် Discount ရရှိမှာ ဖြစ်ပါတယ်။
10 ယောက်အထက် group များအတွက် တစ်ယောက်ကို 1000 ကျပ် Discount ပေးနေတာမို့ Promotion လက်မလွတ်ရအောင် Kpay အသုံးပြုပြီး အမြန်ဝယ်လိုက်ကြရအောင်နော်.....
Hotline no.- 09965424322
Kpay no.- 09965424322

September 27 နှင့် October 18 တွင် ထွက်ရှိမည့် ရန်ကုန်-ဘန်ကောက်-ပတ္တရား-အယုဒ္ဒယ ခရီးစဉ် ( နှစ်ညအိပ် သုံးရက်)Day 1 လေဆိပ်ကြ...
23/09/2019

September 27 နှင့် October 18 တွင် ထွက်ရှိမည့် ရန်ကုန်-ဘန်ကောက်-ပတ္တရား-အယုဒ္ဒယ ခရီးစဉ် ( နှစ်ညအိပ် သုံးရက်)
Day 1
လေဆိပ်ကြို ၊ Dream World သွား ၊ Dream World တွင် ကစားနည်းမျိုးစုံကစားပြီး နေ့လည်စာစား။
Snow Town တွင် ရေခဲပန်းပုများနှင့် ဓာတ်ပုံရိုက်၊ ရေခဲစကိတ်စီး နိုင်ပါသည်။
Hollywood Show များနှင့် ကစားနည်းမျိုးစုံ စိတ်ကြိုက်ကစားနိုင်ပါသည်။
Day 2
Hotel တွင် မနက်စာ သုံးဆောင်ပြီး Pattaya View Point တွင် ဓာတ်ပုံများရိုက်ကူးနိုင်ပါသည်။
ထို့နောက် လေဆာဘုရား၊ Silver Lake စပျစ်ခြံ ၊ Noon Nooch Garden တွင် နေ့လည်စာ စား ၊ ရိုးရာ Show ပွဲ များ ၊ဆင်လိမ္မာ ပြကွက်များ ကြည့်ရှုနိုင်ပါသည်။
ထို့နောက် ပတ္တရားမှ ဘန်ကောက်သို့ ပြန်ပြီး Plantinum Shopping Mall , BiG C , Central World တို့သို့လည်ပတ်ပါမည်။
အချိန်ရပါက BTS ဖြင့်Terminal 21 , Soi Cowboy တို့သို့လိုက်ပါပို့ဆောင်ပါမည်။
Day 3
ဘန်ကောက်မှ အယုဒ္ဒယ မြို့ဟောင်းသို့ ပို့ဆောင်ပါမည်။
Wat Bophit , Wat Mahathat နှင့် Big C , Outlet Mall တို့သို့ ပို့ဆောင်ပြီး လေဆိပ်သို့ ပြန်လည်ပို့ဆောင်ပါမည်။
ပါဝင်သော ၀န်ဆောင်မှုများ
လေယာဉ်လက်မှတ် အသွားအပြန် ( 7kg handcarry)
နံနက်စာ ၊ နေ့လည်စာ ၊ညစာ
Thai လိုင်စင်ရဧည့်လမ်းညွှန်
ဝင်ကြေးများ
Fully Air-con Car
3 Stars Hotel နှစ်ညတည်းခိုခွင့်(နှစ်ယောက်တခန်း)
ဈေးနှန်း
တစ်ဦး - 295 USD ( မြန်မာငွေ လေးသိန်းကျော်)
ကျသင့်ပါမည်။
အားလုံးအပြီးအစီးဈေးနှုန်းမို့ အရမ်းအရမ်းတန်နေပါပြီနော်။
အထက်ပါ ခရီးစဉ်ကို လိုက်ပါလိုပါက
Bangkok's Heart Travel Service
No.I/3 . Opposite to Bayint Naung Market,
Mayangone Township , Yangon , Myanmar.
Tel: 09965424322 , 09787851749 , 09250238004
email - [email protected]
viber - +959 965424322

Yangon River Cruise သင်္ဘောကြီး ယခုလာမယ့် စနေ ၊ တနင်္ဂနွေမှာ ပြန်လည်ထွက်ရှိပါမယ်ရှင် ။ထွက်ရှိမည့်ရက် 21.9.2019 ( Saturday)22...
18/09/2019

Yangon River Cruise သင်္ဘောကြီး ယခုလာမယ့် စနေ ၊ တနင်္ဂနွေမှာ ပြန်လည်ထွက်ရှိပါမယ်ရှင် ။

ထွက်ရှိမည့်ရက်
21.9.2019 ( Saturday)
22.9.2019 ( Sunday)

ဈေးနှုန်း
Sundeck - 14500 ကျပ် - 500ကျပ် discount
Rooftop - 17500 ကျပ် - 500 ကျပ် discount

ပါဝင်သော ဝန်ဆောင်မှုများ
- Buffet Dinner
- သင်္ဘောနှစ်နာရီစီးနင်းခွင့်

Buffet Dinner Menu
- ကြက်ကင်
- ငါးမာလာဟင်း
- ကြက်သားအသီးအရွက်သုတ်
- အစိမ်းကြော်
- ထမင်းဖြူ
- ခေါက်ဆွဲကြော် / ကြာဇံကြော်
- အာလူးကြော်
- ငါးအသားချောင်းကြော်
- ကြက်တို့ဟူးဟင်းချို
- အချိုပွဲ ဖရဲသီး၊ သင်္ဘောသီး
- သောက်ရေသန့်
တို့ပါဝင်ပါတယ်။

E-ticket များ ဝယ်ယူလိုပါက KBZ, CB, AYA, Yoma, Kpay, CB pay, Wave money တို့မှ ငွေလွှဲဝယ်ယူနိုင်ပါတယ် ။
hotline no. - 09965424322

မထွက်သေးဘူးလား ခနခန မေးနေကြတဲ့ Yangon River Cruise သင်္ဘောကြီး ပြန်ထွက်ပါတော့မယ်နော် ။ဈေးနှုန်းကတော့ ယခင်နှစ်များအတိုင်း -...
14/09/2019

မထွက်သေးဘူးလား ခနခန မေးနေကြတဲ့ Yangon River Cruise သင်္ဘောကြီး ပြန်ထွက်ပါတော့မယ်နော် ။
ဈေးနှုန်းကတော့ ယခင်နှစ်များအတိုင်း -
Sundeck - 15000 ကျပ်
Rooftop - 18000 ကျပ်ပါ။
ထုံးစံအတိုင်း တစ်ယောက်ချင်းစီအတွက် 500 ကျပ် discount ရှိတာမို့ -
Sundeck - 14500 ကျပ်
Rooftop - 17500 ကျပ်ပါ။
ဒီနှစ်မှာ E-ticket စနစ်ဖြင့်သာ နိုင်ငံတကာ တွင်အသုံးပြုနေသည့်အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။
အပတ်စဉ် စနေ ၊ တနင်္ဂနွေတိုင်း ထွက်ရှိမှာဖြစ်ပြီး ညနေ 5 နာရီ ဗိုလ်တထောင်ဆိပ်ကမ်းမှ ထွက်ရှိပြီး ည 7 နာရီတွင် ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ် ။
လက်မှတ်တစောင်ကို သင်္ဘော နှစ်နာရီစီးနင်းခွင့်နှင့် ညစာ Buffet Dinner တို့ ပါဝင်မှာ ဖြစ်ပါတယ် ။
E-Ticket ဝယ်ယူပုံ
1. ပထမဦးစွာ Hotline no. 09965424322 သို့ ဖုန်းဆက်ပြီး လက်မှတ်ရမရ စုံစမ်းရပါမည်။
2.လက်မှတ်ရမည်ဆိုပါက KBZ,CB,AYA,YOMA,CB Pay, KBZ Pay, WAVE Money မိမိအဆင်ပြေရာဖြင့် ငွေလွှဲရပါမည်။
3. ငွေလွှဲ ပြီး နာရီဝက်အတွင်း E-ticket ပြန်လည်ရရှိပါမည်။
4.E-ticket ရရှိပါက သက်ဆိုင်ရာ သင်္ဘောကို ဖုန်းဆက်ပြီး မိမိ အမည် Confirm ဖြစ်မဖြစ် Check နိုင်ပါသည်။
5.သင်္ဘောစီးနင်းမည့်နေ့တွင် သင်္ဘောမထွက်ခင် နာရီဝက်စောလာပြီး E-ticket ကို ဖုန်းဖြင့်ပြပြီး Check in လုပ်ရပါမည်။
အထက်ပါ အချက်အလက်များ မရှင်းလင်းပါက 09965424322 သို့ ဖုန်းဆက် မေးမြန်းနိုင်ပါသည်။
Kbz account - 99930700501894401
CB account - 2002600500033081
AYA account - 0016201010051916
YOMA account - 9503190003176791
Name - Khin Su Su Lwin
CB pay - 09965424322
KBZ pay - 09965424322
Wave acount - 09787851749
( password မလို ၊ လွှဲခမကုန်ပါ)

Bangkok's Heart Travel Service မှ ဘန်ကောက်တွင် Booking တင်နိုင်သောဟိုတယ်များ - Asia Bangkok Hotel Doube / twin room - 17...
28/08/2019

Bangkok's Heart Travel Service မှ ဘန်ကောက်တွင် Booking တင်နိုင်သောဟိုတယ်များ -

Asia Bangkok Hotel
Doube / twin room - 1750 thb
Triple room - 2550 thb

Baiyoke Boutique hotel
1800 thb

Baiyoke suite hotel
Double / twin room - 1800 thb
Triple room - 2450 thb

Bangkok Palace Hotel
1800 thb

Bird Room Hotel
1050 thb

Center Point Hotel
Double / twin room - 2650 thb
Triple room - 3850 thb

Citin Pratunam
1550 thb

Dream Town hotel
1050 thb

Eco tel Hotel
1355 thb

First House Hotel
1600 thb

For You Resience Silom
850 thb
with breakfast 950 thb

Grand Alpine Hotel
Standard room - 1350 thb
Deluxe room - 1500 thb

Haven't Met Hotel silom
2230 thb

Hotel De Bangkok
Double / Twin room - 1350 thb
Triple Room - 2000 thb

I residence hotel silom
1750 thb

J Two S hotel
1050 thb

Klub Pratunam
1650 thb

Lazy Sunday Hostel
1640 thb
Male only - 470 thb
Female only - 470 thb

Metro Resort
1500 thb

Nanda Heritage Hotel
2250 thb

Pj Water gate hotel
1200 thb

Spenza Hotel
Weekday - 1650 thb
Weekend - 1850 thb

Tarawish hotel
1400 thb

White Palace Hotel
1450 thb

Pattaya Hotel
Pattaya Baron Beach Hotel - 1400 thb
Bella Express Hotel - 1400 thb
Phuphaya Reort - 1000 thb

Hua Hin Hotel
Nice Beach Hotel - 1000 thb

Chiang Mai Hotel
Bann Dinki Hotel - 900 thb
Buraya Hotel - 1200 thb
Casa Marocc Hotel by Andacura - 1250 thb
Royal Peninsula - 1100 thb
Victoria Nimman Hotel - 1050 thb

Kanchanaburi Hotel
Home Phutoey River Kwai - 2580 thb
Triple room - 3230 thb

The River Kwai Resotel - 2450 thb

Aspery Patong Hotel - 1900 thb

The Crib Patong Hotel - 1900 thb

အထက်ပါဟိုတယ်များကို Booking တင်လိုပါက Customer Passport တစ်ခုပေးပို့ရမည်ဖြစ်ပြီး လူကိုယ်တိုင်ရုံးကို လာရောက်၍သော်၎င်း ၊ နယ်မှ Customer များအနေဖြင့် KBZ , CB , AYA, KBZ PAY , CB PAY ,WAVE MONEY တို့မှတဆင့်ငွေလွှဲပြီး
Voucher ကို Page Messager , Viber တို့မှ ပြန်လည် ပေးပို့မည်ဖြစ်ပါသည်။
Bangkok's Heart Travel Service
No, I /3 , Opposite to Bayint Naung Market , Mayangone Township, Yangon , Myanmar.
Tel : 09965424322 , 09787851749 , 09250238004
viber - +959 965424322

Bangkok ရောက်ရင် ကျောက်ဖရားမြစ်အောက်မှာပြေးဆွဲနေတဲ့ ရထားလိုင်းသစ် သွားရောက်စီးကြည့်ကြဖို့ အကြံပြုပါတယ်။ Hua Lamphong ကနေ...
26/08/2019

Bangkok ရောက်ရင် ကျောက်ဖရားမြစ်အောက်မှာပြေးဆွဲနေတဲ့ ရထားလိုင်းသစ် သွားရောက်စီးကြည့်ကြဖို့ အကြံပြုပါတယ်။
Hua Lamphong ကနေ The Phra ထိ ပြေးဆွဲမှာဖြစ်ပါတယ်။
မြစ်အောက်ကို ဖြတ်ပြီး စီးနင်းရတဲ့ ထူးခြားတဲ့ အတွေ့အကြုံကို လေ့လာနိုင်ဖို့အတွက် ယခုမှ စပြီး September 28 ထိ free စီးနင်းခွင့်ပြုထားတာမို့ သွားရောက်လည်ပတ်ကြဖို့ အကြံပြုပါတယ်ရှင်။

Cambodia အန်​​ကောဝပ်​ ခရီးစဉ်၁၂ရာစုအ​စောပိုင်းကာလ ဗိသုကာပညာရှင်​များရဲ့​ကျောက်​တုန်းကြီးများထပ်​ကာတည်​​ဆောက်​ခဲ့ကြတဲ့....
21/08/2019

Cambodia အန်​​ကောဝပ်​ ခရီးစဉ်
၁၂ရာစုအ​စောပိုင်းကာလ ဗိသုကာပညာ
ရှင်​များရဲ့​ကျောက်​တုန်းကြီးများထပ်​ကာ
တည်​​ဆောက်​ခဲ့ကြတဲ့...🎪
⭐ Angkor Wat အန်​​ကောဝပ်​ကျောင်း၊
⭐ Bayon ​ ​ဘေယွန်​​ကျောင်း ၊
⭐ Ta Prohm တာ့ပရွန်​ ​ကျောင်း ၊
ကမ္ဘာ့အံ့ဖွယ်​ အထင်​ရ ​ကျောင်း​တော်​ကြီးများ
ကို​လေ့လာရင်း အလှဆုံးဓာတ်​ပုံ​တွေ အမိအရရိုက်​ယူကြရ​အောင်​ ...🌳
👉​ရှေးအ​ဆောက်​ဦး​တွေကြားထဲ​ပေါ်လွင်
နေ​အောင်​ အ​ရောင်​​တောက်​​တောက်​​လေး
တွေဝတ်​ဆင်​ကြဖို့ လည်းလိုအပ်​မယ်​​နော်​👈

⭐Ta Prohm Hotel တည်းပါမည်​၊
ဟိုတယ်​နဲ့ကပ်​ရက်​ည​ဈေးများဖြစ်​တဲ့....
Old market....🌜
Night Market ...🌛
Pub street ..🍷🍷
တို့မှာလည်း ​ဈေးဝယ်​ထွက်​နိုင်​ပါ​သေးတယ်​၊
Siem Reap ည ရဲ့အလှပ​လေးကို
ရင်​ခုန်​ခွင့်​ ရရှိအုံးမှာဖြစ်​ပါတယ်​...💞
ဟိုတယ်​တွင်းအပန်း​ဖြေ ​ရေကူးကန်​​လေး
ပါရှိမှာဖြစ်​သလို Gym ​ဆော့နိင်​ပါ​သေးတယ်
🏊‍♀️👙🤽‍♀️🏋🏋️‍♀️

ဘန်​​ကောက်​မြို့ ပတူနာမ်​ ဧရိယာ မှ အန်​စာတုန်း ကားများ ဖြင့်​ 🚌 ထွက်​ခွာပါမည်​ ​နေ့လည်​စာ တစ်​နပ်​ ​မေတ္တာ လက်​​ဆောင်
ကျွေး​မွေး ပါ သည်​..🍴🍕🍜
ဟိုတည်​တွင်​ မနက်​စာ Breakfast
အပါဝင်​ ဖြစ်​ပါသည်​ ...🍚🍝🍷

⭐ ဟိုတယ်​ Ta Prohm
⭐အံစာတုန်းကား
⭐ဝင်​​ကြေးလက်​မှတ်​ 37 ​ဒေါ်လာ
⭐​နေ့လည်​စာ တစ်​နပ်
⭐ဟိုတယ်​ Breakfast
⭐အန်​​ကောဝပ်​ခရီး နှစ်​ ၂၀
ကျွမ်းကျင်​ မြန်​မာ လမ်းညွန်​ ခရီးစဉ်​ အစ မှ အဆုံး..ပါဝင်​မည်​ ဖြစ်​ပါသည်​ 👈

Thai Re - entry Visa ဘတ်​ 1200
မပါဝင်​ပါ 👈
2 လက်​မခန့်​ဓာတ်​ပုံ ၁ ပုံ လိုအပ်​ပါသည်​၊ မပါလာပါက ဘတ်​ ၁၀၀ ပို​ပေးရသည်​👈

👉ဘုရား​ကျောင်းများအတွင်း
လက်​ပြတ်​ ၊ ဒူး​ပေါ်၊ ​ပေါင်​​ပေါ် အဝတ်
များ ဝတ်​ဆင်​ခွင့်​ မရှိပါ 👈

လူတစ်​ဦးလျင်​ US 210 ကျသင့်​ပါမည်​၊

🔸ကြာသာပ​တေး သွား ​သောကြာပြန်
အန်​​ကောဝပ်​ အပတ်​စဉ်​ ခရီးစဉ်​ ရှိပါသည်​၊
🔸လူဦးရေ 6 ယောက်ပြည့်လျှင် သီးသန့်ထွက်ပေးပါသည်။

Address

Yangon
0095

Telephone

09965424322

Website

Alerts

Be the first to know and let us send you an email when Bangkok"s Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bangkok"s Heart:

Videos

Share

Category