09/11/2022
မနေ့က ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မြန်မာ ၂၈ ယောက် (deport) လုပ်ခံလိုက်ရပါတယ်
ဒါ့ကြောင့် ထိုင်းနိုင်ငံ သို့ သွားရောက်မဲ့ မြန်မာများ အနေနဲ့
ပြင်ဆင်ရမဲ့ အချက်လေးတွေ အဓိကထားရေးသားပေးလိုက်ပါတယ်
✅လေကြောင်းလိုင်း
ထိုင်းနိုင်ငံကို မြန်မာပြည်ကသွားနေတဲ့လေကြောင်းလိုင်းတွေများပါတယ် .... MAI , MNA , Thai Smile , Bangkok Airway တို့က သုဝဏ္ဏဘူမိလေဆိပ်တွေ ဆင်းသက်ပီး Air Asia , Nok Air စတဲ့ budge Airline တွေက ဒွန်မောင်းလေဆိပ်ကို ဆင်းသက်ပါတယ် ( လက်ရှိ ဒွန်မောင်း လေဆိပ်က အစစ်ဆေးကြမ်းပီး မြန်မာတွေကို Target ထားပါတယ် )
ခရီးသွားများအနေနဲ့ အပြန်လက်မှတ်များ လက်ဝယ်ထားရှိရပါ့မယ် )
✅ Show money
ထိုင်းနိုင်ငံကို ဝင်ရောက်လာမဲ့ ဧည်သည်တိုင်းဟာ
ဘတ် ၂၀၀၀၀ (သို့) အမေရိကန်ဒေါ်လာ ၇၀၀ ကိုသုံးစွဲမဲ့ ငွေကြေး အဖစ်ပြသပေးရပါ့မယ်
✅ Hotel booking
ထိုင်းနိုင်ငံသို့လာရောက်မဲ့ ဧည်သည်တိုင်း Hotel booking ကိုပြုလုပ်ထားရပါ့မယ် ။ ကိုယ့်နေထိုင်မဲ့ ဟိုတယ်ကို နေထိုင်မဲ့ရက်အတိုင်း ပြူလုပ်ထားရန်လိုအပ်ပါတယ် (တခါတရံ ငွေချေထားကြောင်း ပြသခိုင်းတတ်ပါတယ် ) အသိမိတ်ဆွေ အိမ်များနေထိုင်မည်လို့ ပြောဆိုချင်က အခက်အခဲများ နဲ့ ရင်ဆိုင်ရနိုင်ပါတယ် ။
‼ ဒါ့အပြင် စကားကို English or Thai စကား အခြေခံသိရှိထားသင့်တယ် ..... ဒါ့မှသာလျှင် တဖက်က မေးမြန်းတာကို တိတိကျကျ ပြန်ဖြေဆိုနိုင်မှာပါ
‼အဝတ်အစား သေသပ်အောင်ဝတ်ဆင်ခြင်းလဲ
လိုအပ်ပါသေးတယ်
အထက်ပါ အချက်အလက်တွေက ထိုင်းနိုင်ငံသို့
သွားရောက်မဲ့ မြန်မာများ အနေနဲ့ အထူးအလေးပြုပြင်ဆင်ထားသင့်ပါတယ် .....
ဖော်ပြပါ အချက်များကို
ကွကိုယ်ပြင်ဆင်သွားရမည်ဖစ်သလို
မပြုလုပ်တတ်ပါက
ရွှေမြန်မာထံမှအာမခံ ဝန်ဆောင်မှုများလဲ ရယူနိုင်ပါတယ်
သွားရောက်မဲ့ ခရီးသည်တိုင်း ခရီးစဥ်အဆင်ပြေပါစေလို့
ရွှေမြန်မာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်