Black Sea Seafood

Black Sea Seafood ခရီးသွား သတင်းများ စုစည်းရာ Myanmar Travel Media

Myanmar Travel Media သည် ပြည်တွင်းပြည်ပရှိ
ခရီးသွား သတင်းများ၊ ဗဟုသုတများ နှင့် အသိပညာပေး
ဆောင်းပါးများကို တင်ဆက်ပေးမည် ဖြစ်ပါသည်။

မန္တလေးမြို့ကို အလည်အပတ်သွားပါမန္တလေးမြို့ဟာ ရှေးမြန်မာ ဘုရင်တွေ နေထိုင်ခဲ့သော သမိုင်းဝင် မြို့တော်တစ်ခု ဖြစ်ရုံသာမကဘဲ အလွ...
07/09/2015

မန္တလေးမြို့ကို အလည်အပတ်သွားပါ

မန္တလေးမြို့ဟာ ရှေးမြန်မာ ဘုရင်တွေ နေထိုင်ခဲ့သော သမိုင်းဝင် မြို့တော်
တစ်ခု ဖြစ်ရုံသာမကဘဲ အလွန်လှပတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ မန္တလေးတောင်
မန္တလေး ကျုံးမြို့ရိုး စတဲ့ နေရာတွေဟာ လွန်စွာ သာယာလှပ ပါတယ်။

ဒါ့အပြင် ဦးပိန်တံတားကို သွားပါ။ လတ်ဆတ်တဲ့ လေပြေ လေညင်းကိုများကို
ရှုရှိုက်နိုင်ပါတယ်။ မန္တလေး မြို့ကိုရောက်ရင် ရှေးယခင်က မြန်မာ့ အမွေအနှစ်
များကို တွေ့မြင်ရမှာ ဖြစ်တဲ့အပြင် ဗဟုသုရစရာများလည်း လေ့လာနိုင်မှာ
ဖြစ်ပါတယ်။

Myanmar Travel Media

ဒီးဒုတ်ရေပြာ အိုင်ပြင်ဦးလွင် - မန္တလေးကားလမ်း မိုင်တိုင် (၁၆) အနီးရှိ ရဲရွာ လမ်းခွဲမှ အတွင်း ဘက်သို့ ၁ နာရီ ခန့်မောင်းနှ...
05/09/2015

ဒီးဒုတ်ရေပြာ အိုင်

ပြင်ဦးလွင် - မန္တလေးကားလမ်း မိုင်တိုင် (၁၆) အနီးရှိ ရဲရွာ လမ်းခွဲမှ အတွင်း ဘက်သို့ ၁ နာရီ ခန့်မောင်းနှင်ပါက ဒီးဒုတ် ရေပြာအိုင် ရောက်ရှိပါသည်။

Myanmar Travel Media
https://www.facebook.com/mmtravelMedia

အလွန်လှပတဲ့ ရှမ်းပြည်ရှမ်းပြည်ဟာ မြန်မာနိုင်ငံရဲ့ လှပတဲ့ နေရာများ ရှိရာ မြို့တစ်မြို့ဆိုလည်း မှားမယ်မထင်ပါဘူး။ အခြားသော ...
05/09/2015

အလွန်လှပတဲ့ ရှမ်းပြည်

ရှမ်းပြည်ဟာ မြန်မာနိုင်ငံရဲ့ လှပတဲ့ နေရာများ ရှိရာ မြို့တစ်မြို့ဆိုလည်း
မှားမယ်မထင်ပါဘူး။ အခြားသော ပြည်နယ်နှင့် တိုင်းတွေနဲ့ မတူဘဲ တစ်မူ
ထူးခြား နေပါတော့တယ်။ တောင်ကုန်း တောင်တန်း ထူထပ်ပြီးတော့ ချမ်းအေတဲ့ ရှမ်းမြို့လေးပါ။

ရှမ်းပြည်ကို ရောက်ဖူးတဲ့ သူတိုင်းပျော်ရွှင်ကြပြီး မြန်မာကပါ မက ကမ္ဘာကပါ လာရောက်လည်ပတ်ကြတဲ့ ရှမ်းမြို့လေးဖြစ်ပါတယ်။ ရှမ်းပြည်မှာရှိတဲ့ ကမ္ဘာကျော် ဂုံးထိတ်တံတား၊ အင်းလေးကန်၊ ပင်းတယ စတာတွေဟာ တန်ဖိုးဖြတ်မရတဲ့ အမွေအနှစ်တွေပါပဲ။ ဒါကြောင့် ရှမ်းပြည်ကို သွားရောက်လည်ပတ် အပန်းဖြေကြည့်ဖို့ တိုက်တွန်းပါတယ်။

Myanmar Travel Media
https://www.facebook.com/mmtravelMedia

ကမ္ဘာလှည့် ခရီးသည်တွေ အထူးပြုလေ့လာတဲ့ အထဲမှာ တစ်ခုပါဝင်တဲ့ဓမ္မရံကြီးဘုရားပုဂံကို အလည်အပတ် သွားတဲ့အခါ ဓမ္မရံကြီး ဘုရားကိုတော...
04/09/2015

ကမ္ဘာလှည့် ခရီးသည်တွေ အထူးပြုလေ့လာတဲ့ အထဲမှာ တစ်ခုပါဝင်တဲ့
ဓမ္မရံကြီးဘုရား

ပုဂံကို အလည်အပတ် သွားတဲ့အခါ ဓမ္မရံကြီး ဘုရားကိုတော့ သွားရောက် ဖူးမြော်ဖို့ မမေ့ပါနဲ့။ ဓမ္မရံကြီး ဘုရားဟာ ပုဂံမှ ထုထည် အကြီးမားဆုံးသော စေတီတော် တစ်ဆူဖြစ်တဲ့ အပြင် ရှေးကျသော ဗိသုကာ လက်ရာများကလည်း အံ့မခန်း ဖြစ်ပါတယ်။

ဒါ့အပြင် နံရံ တစ်ခုချင်း စီမှာလည်း အလွန် စိတ်ဝင်စားဖွယ် ဖြစ်အောင် ထုဆစ်ပုံဖော် ထားပါတယ်။ ဘုရားကြီး၏ အတွင်းဘက် မှာလည်း ဗုဒ္ဓ ရုပ်ပွားတော်များ ထားရှိပြီး လျှပ်စစ်မီး မလို သဘာဝ အလင်းရောင် ရရှိပါတယ်။ ဒါ့အပြင် အတွင်းထဲကို ဝင်သွားလို့ အသက်ရှု ကျပ်ခြင်း ချွေးထွက်ခြင်း လုံးဝ မရှိအောင် ရှေးခေတ် ဟန်ပန် များဖြင့် ဆောက်လုပ် ထားတာဟာ အတုယူဖွယ် ကောင်းမွန်လှပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း အုတ်နံရံတွေဟာ ခိုင်မာပါတယ်။ ယခုအချိန်ထိလည်း အတော်ပင် ခိုင်ခံ့လျက် ရှိနေပါသေးတယ်။ ဒီလို အချက်များကြောင့် ဓမ္မရံကြီး ဘုရားကို သွားရောက် ဖူးမြော်ပါလို့ တိုက်တွန်း ရေးသားလိုက် ရပါတယ်။

Myanmar Travel Media

ကိုယ်ချစ်တဲ့ သူတွေနဲ့ ခရီးသွားရင်ရနိုင်မယ့် အကျိုးကျေးဇူးတစ်ချို့မိမိချစ်တဲ့သူတွေနဲ့ ခရီးသွားရင် ရရှိနိုင်မယ့် အကျိုးကျေ...
01/09/2015

ကိုယ်ချစ်တဲ့ သူတွေနဲ့ ခရီးသွားရင်ရနိုင်မယ့် အကျိုးကျေးဇူးတစ်ချို့

မိမိချစ်တဲ့သူတွေနဲ့ ခရီးသွားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးများကတော့

၁။ ပျော်ရွှင်စေတယ်

၂။ အမှတ်တရ ဓာတ်ပုံတွေက ပြန်ကြည့်တဲ့အခါမှာ ကြည်နူးနေလိမ့်မယ်

၃။ စိတ်ညစ်စရာတွေ အပူအပင်တွေ ပြေပျောက်စေမယ်

၎။ အတွေးအမြင် အသစ်တွေ ရရှိလိမ့်မယ်

၅။ ခေတ္တအရာအားလုံးကို မေ့ပြီး ရှေ့ဆက်မယ့် ဘဝခရီး လမ်းကို
စဉ်စားနိုင်မယ်

၆။ ချစ်တဲ့သူတွေနဲ့ ပိုမိုးပြီး သံယောဇဉ်တွေ ရလိမ့်မယ်

Myanmar Travel Media

ကမ္ဘာလှည့် ခရီးသည်တွေ အလွန်နှစ်သက်တဲ့ မြန်မာ့ သနပ်ခါးမြန်မာ့ သနပ်ခါးဟာ မြန်မာတွေ စွဲမက်စွာအ သုံးပြုကြတဲ့ ရှေးရိုးရာ မိပ်တ...
31/08/2015

ကမ္ဘာလှည့် ခရီးသည်တွေ အလွန်နှစ်သက်တဲ့ မြန်မာ့ သနပ်ခါး

မြန်မာ့ သနပ်ခါးဟာ မြန်မာတွေ စွဲမက်စွာအ သုံးပြုကြတဲ့ ရှေးရိုးရာ မိပ်တစ်မျိုးပေါ့။ သို့သော်လည်း မြန်မာပြည်သို့ လာရောက်ကြတဲ့ ခရီးသွား
ဧည့်သည် တွေလည်း ကြိုက်နှစ် သက်ကြပါတယ်။

သနပ်ခါးဟာ မျက်နှာကို အေးဆေးပြီး နေလောင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်သော သဘာဝ အပင်တစ်မျိုး ဖြစ်ပါတယ်။ သနပ်ခါး တစ်ပင်ရဖို့လည်း မလွယ်လှသလို နေရာတိုင်းမှာလည်း စိုက်လို့မရတဲ့ အပင်တစ်မျိုးပါ။ ထိုအရာကို နိုင်ငံခြား ခရီးသွားတွေက သိပါတယ်။ ဒါကြောင့် သူတို့၏ မျက်နှာလေးတွေမှာ သနပ်ခါး လိမ်းရတာကို လွန်စွာ နှစ်သက်ကြပါတယ်။

Myanmar Travel Media

အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်၎င်းဟလောင်းပင်လယ်အော်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တည်ရှိသော ပင်လယ်အော...
30/08/2015

အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်

၎င်းဟလောင်းပင်လယ်အော်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တည်ရှိသော ပင်လယ်အော် တစ်ခု ဖြစ်ပါတယ်။ အလွန်ပင် လှပသော ကျွန်းဆွယ်များစွာ ရှိပြီး ရှုခင်းများကလည်း စိတ်ကြည်နူး မူများစွာကို ရရှိစေမှာ ဖြစ်ပါတယ်။

ထိုပင်လယ်အော်တွင် သင်္ဘောဟိုတယ်များစွာ ရှိပြီး နေထိုင်စားသောက်ဖို့ အတွက်ပါ စီစဉ်ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။ သင်္ဘောကြီးဟာ ရွေ့လျားနေပြီး ထောင်ပေါင်း များစွာသော ကျွန်းစွယ်လေး များ၏ အလှအပကိုလည်း ကြည်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ငါးဖမ်းဝါသနာ ပါသူများ အတွက်လည်း ညဘက်တွင် ငါးဖမ်းနိုင်ရန် စီစဉ်ပေး ထားပါတယ်။

ဒါ့အပြင် လှေလှော်ဝါသနာ ပါသူများ အတွက်လည်း ကျွန်းဆွယ် ကမ်းခြေဒေသတွင်လှော်ခတ်နိုင်ပါတယ်။ သင်္ဘောပေါ်တွင် အရသာရှိသော ပင်လယ် စာများနှင့်ကျွေးမွေးမှာ ဖြစ်ပြီး ကိုယ်တိုင်ချက်ပြုတ် ချင်သူများ အတွက်ပါ စီစဉ်ပေးထားကြောင်းသိရှိရပါတယ်။ ဒီလိုအချက် များကြောင့် အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်ဟာ သွားရောက် လည်ပတ်သင့်သော နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

Myanmar Travel Media

ထိုင်းနိုင်ငံမှ သစ်ပင် အိမ်သာသစ်ပင် အိမ်သာ ဆိုတာ သစ်ပင်ကို ထွင်းပြီး အတွင်းထဲတွင် အိပ်သာ တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ ...
30/08/2015

ထိုင်းနိုင်ငံမှ သစ်ပင် အိမ်သာ

သစ်ပင် အိမ်သာ ဆိုတာ သစ်ပင်ကို ထွင်းပြီး အတွင်းထဲတွင် အိပ်သာ တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ သစ်ပင်ရဲ့ ကိုယ်ထည်က ကြီးတော့ အတွင်းထဲမှာ အခန်း ၄ ခန်း ၅ ခုလောက်တော့ ရှိပါတယ်။ ဒါတင် မကသေးပါဘူး အတွင်းမှာ လက်ဆေးကြော သန့်စင်ရန် အတွက်လည်း ထားရှိပေးထား ပါတယ်။

ဝင်ကြေး ပေးစရာ မလိုတဲ့အပြင် အသုံးပြုသူ ဧည့်သည်တွေကို စိတ်ချမ်း သာအောင် သန့်ရှင်းအောင် ပြုလုပ်ပေးထား ပါတယ်။ ဒီသစ်ပင် အိမ်သာဟာ ထိုင်းနိုင်ငံရှိ နာမည်ကြီး အထင်ကရ နေရာဖြစ်တဲ့ Safari World မှာ ရှိတာပဲ ဖြစ်ပါတယ်။

Safari World ဟာ ကမ္ဘာ့လှည့် ခရီးသည်တွေကို အထူးပင် ကြိုက်နှစ် သက်တဲ့ နေရာတစ်ခု ဖြစ်တဲ့ အပြင် လာရောက် လည်ပတ် သူတွေလည်း များစွာရှိကြောင်း သိရပါတယ်။

မှတ်ချက်။ ။သစ်ပင်စစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။ သစ်ပင်ကဲ့သို ဏ္လန်ထွင်း ဆေးရောင် ချယ်သထားသော နည်းပညာ အဆင့်မြင့်ခြင်းကြောင့် သစ်ပင် အစစ်ဟု ထင်မြင်ရခြင်း ဖြစ်ပါတယ်။

ရောက်ဖူးသူတိုင်း ပျော်ကြတဲ့ အင်းလေးကန်အင်းလေးကန်ကို ရောက်ဖူးပါသလား ?မရောက်ဖူးသေးဘူး ဆိုရင်တော့ တစ်နေ့လောက် အလည်အပတ် သွား...
30/08/2015

ရောက်ဖူးသူတိုင်း ပျော်ကြတဲ့ အင်းလေးကန်

အင်းလေးကန်ကို ရောက်ဖူးပါသလား ?

မရောက်ဖူးသေးဘူး ဆိုရင်တော့ တစ်နေ့လောက် အလည်အပတ် သွားဖို့ တိုက်တွန်းပါတယ်။ အင်းလေကန် ဟာ မြန်မာနိုင်ငံ၏ အထင်ကရ
နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၂၉၀၀ တွင် တည်ရှိပြီး ၄၄.၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရာသီဥတု အလိုက် ရေဟာ အတက် အကျ ရှိပါတယ်။

အင်းလေးကန်ဟာ ပျမ်းမျှ ရေအနက်မှာ နွေရာသီတွင် ၇ ပေခန့်ရှိပြီး အနက်ဆုံး နေရာတွင် ၁၂ ပေခန့် ရှိပါတယ်၊ မိုးရာသီမှာ ၅ ပေခန့် ပိုမြင့်တက်လာပါတယ်။
တောင်တွေ ဝိုင်းရံထားလို့ မြင်ရသူတိုင်း စိတ်ကို ကြည်နှုးစေပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသည်တွေလည်း စွဲဆောင်စေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အိမ်လေးတွေဟာ သစ်သား ဝါးတို့ဖြင့် ဆောက်လုပ်ထားပြီး လာလည်ကြတဲ့ ဧည့်သည်တွေကိုလည်း အပြုံးကိုယ်စီဖြင့် နုတ်ဆက်လေ့ ရှိတာဟာ အင်းသူ အင်းသားများ၏ ဓလေ့ တစ်ခုဖြစ်ပါတယ်။ သေးငယ်တဲ့ လှေလေးများနှင့် သွားလာခြင်းဟာ အခြားသူအဖို့ နှစ်သက်ဖွယ်ကောင်း လှပါတယ်။ ဒါကြောင့် အင်းလေးကန်ကို အလည်သွားဖို့ တိုက်တွန်ပါရစေ။

Myanmar Travel Media

လိုဏ်ခေါင်းအောက်က ငါးအလှမွေးကန်တရုတ်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ၎င်းငါးအလှ မွေးကန်ဟာ ငါးနှင့် အခြားရေသတ္တဝါများကို လှောင်...
30/08/2015

လိုဏ်ခေါင်းအောက်က ငါးအလှမွေးကန်

တရုတ်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ၎င်းငါးအလှ မွေးကန်ဟာ ငါးနှင့် အခြားရေသတ္တဝါများကို လှောင်၍ ဖန်ဖြင့် ပြုလုပ်ထားသောကန် ဖြစ်ပါတယ်။

လှိုဏ်ခေါင်းသဘောမျိုး ပြုလုပ်ထားတာ ဖြစ်ပြီး ထိုလှိုဏ်ခေါင်း အတွင်းထဲတွင် စားသောက် ဆိုင်ကိုလည်း ထားရှိပေးထားတာ ဖြစ်ပါတယ်။ ထိုနေရာတွင် ပွဲများပြုလုပ်နိုင်ပြီး ရေအောက် ဖျော်ဖြေမူ အစီအစဉ် များလည်း ရှိပါတယ်။

ဘေးပတ်လည်တွင် ငါးများနှင့် လိပ်များ ဝန်ရံနေလျက်ရှိပြီး ထူးခြားဆန်းပြားတဲ့ နေရာတစ်ခု အဖြစ်လည်း မှတ်တမ်းတင် ထားပါတယ်။ အသေးစိတ်ကို ပုံတွင် လေ့လာနိုင်ပါတယ်။

Myanmar Travel Media

ဂရိနိုင်ငံမှ အလွန်လှပသော Melissani လှိုဏ်ဂူ၎င်းလှိုဏ်ဟာ အလွန်ပင် လှပပါတယ်။ လှိုဏ်ဂူအတွင်းမှာ ရှိတဲ့ ရေများဆိုရင် ကြည်လင်ပြီးေ...
30/08/2015

ဂရိနိုင်ငံမှ အလွန်လှပသော Melissani လှိုဏ်ဂူ

၎င်းလှိုဏ်ဟာ အလွန်ပင် လှပပါတယ်။ လှိုဏ်ဂူအတွင်းမှာ ရှိတဲ့ ရေများဆိုရင် ကြည်လင်ပြီး အောက်ခြေကြမ်းပြင်ကိုတောင် တွေ့မြင်နေရပါတယ်။ လှိုဏ်ဂူထဲမှာ အပျော်စီး လှေများ စီးနိုင်ပါတယ်။

ဂရိနိုင်ငံမှ တည်ရှိပြီးတော့ ထူးဆန်းသော သဘာဝ လှိုဏ်ဂူ တစ်ခုအဖြစ်လည်း လူသိများပါတယ်။ လှိုဏ်ဂူ အတွင်းထဲမှာ ရေကန်ပုံစံ ဖြစ်တည်နေကြောင်း သိရပါတယ်။ လှိုဏ်ဂူရဲ့ အပေါ်ဘက်မှာဆိုရင် သစ်တောများလည်း ဝိုင်းရံထား ပါတယ်။

Myanmar Travel Media

ပွဲကောက်ရေတံခွန် ကတော့ မြန်မာနိုင်ငံ၏ အထက်ပိုင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင့်မြို့အနီးတွင် တည်ရှိသော သဘာဝ ရေတံခွန်တစ...
30/08/2015

ပွဲကောက်ရေတံခွန် ကတော့ မြန်မာနိုင်ငံ၏ အထက်ပိုင်း မန္တလေးတိုင်း
ဒေသကြီး ပြင်ဦးလွင့်မြို့အနီးတွင် တည်ရှိသော သဘာဝ ရေတံခွန်တစ်ခု
ဖြစ်ပါတယ်။

လာရောက် လည်ပတ်သူ အများအပြား ရှိပြီး အထူးသဖြင့် ကတော့
ပြည်တွင်း ခရီးသွား အများစု ဖြစ်ပါတယ်။ ပိတ်ချင်းမြောင် လှိုက်ဂူနှင့် တွဲဖက်ကာ လာရောက်လည်ပတ် ကြပါတယ်။

Myanmar Travel Media

ထူးဆန်းအံ့သြဖွယ်ရာများနှင့် ဗီယက်နမ်နိုင်ငံမှ Surprise လှိုဏ်ဂူ၎င်းလှိုဏ်ဂူကြီးသည် ဗီယက်နမ်နိုင်ငံ ဟလောင်း ပင်လယ်အော်ရှိ ဘိုဟ...
30/08/2015

ထူးဆန်းအံ့သြဖွယ်ရာများနှင့် ဗီယက်နမ်နိုင်ငံမှ Surprise လှိုဏ်ဂူ

၎င်းလှိုဏ်ဂူကြီးသည် ဗီယက်နမ်နိုင်ငံ ဟလောင်း ပင်လယ်အော်ရှိ ဘိုဟွန်ကျွန်းတွင် တည်ရှိပါတယ်။ လှိုဏ်ဂူကြီးဟာ ထူးဆန်း အံ့သြဖွယ်ရာများနှင် ပြည့်နက်နေပြီး သွားရောက်လေ့လာ သင့်သော နေရာတစ်ခု ဖြစ်ပါတယ်။

လှိုဏ်ဂူ အတွင်းထဲတွင် ကျောက်စက်ကျရေများ တစ်စက်စက် ကျဆင်းနေပြီး
ကျောက်ကျိုး ကျောက်ဆွယ်များနှင့် ပြည့်နှက်နေ ပါတယ်။ ဒါ့အပြင် လှိုဏ်ဂူ အတွင်းတွင် ကြီးမားသော လိပ်ပုံသဏ္ဍန် ကျောက်ဆောင်များလည်း ရှိပါတယ်။ လှိုဏ်ဂူထဲသို့ ရောက်ရှိသွားပါက အေးမြသော ဓာတ်သဘာဝကို ခံစားရပြီး သွားလာရ လွယ်ကူအောင် မီးအလင်းရောင်တွေ ပေးထားပါတယ်။

ဒါ့အပြင် သဘာဝအလျောက် ဖြစ်တည်နေသော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် တစ်ခြားသော ကျောက်ဆောင်များကိုလည်း ထိုလှိုဏ်ဂူကြီးတွင် လေ့လာနိုင် ပါတယ်။ ဒါ့တင်မကသေးပါဘူး ထိုလှိုဏ်ဂူ အဝမှနေ၍ ပင်လယ်ပြင်ကြီး၏ အလှအပနှင့် တစ်ခြားသော ကျွန်းဆွယ်များ၏ ကြည်နှုးဖွယ် ရာတွေကို တွေ့မြင်ရမှာ မလွဲပါဘူး။

Myanmar Travel Media

ချောင်းသာကမ်းခြေမှာ ရေမကူးတတ်ရင် တစ်ယောက်တည်း ရေမကစားသင့်ဘောကွင်းပါတယ် ဆိုရင်လည်း ရေမကူးတတ်ပါက ချောင်းသာ ကမ်းခြေမှာတစ်ယေ...
30/08/2015

ချောင်းသာကမ်းခြေမှာ ရေမကူးတတ်ရင် တစ်ယောက်တည်း ရေမကစားသင့်

ဘောကွင်းပါတယ် ဆိုရင်လည်း ရေမကူးတတ်ပါက ချောင်းသာ ကမ်းခြေမှာ
တစ်ယောက်တည်း ရေးကစားခြင်းဟာ အန္တရာယ် ရှိစေနိုင်ပါတယ်။ ရေကစား
ကြတဲ့ သူတွေက အရမ်းများကြတော့ ရုတ်တရက် လှိုင်းပုတ်ခတ်မူကြောင့်
ဘောကွင်းပေါ်ကနေ ပြုတ်ကျပြီး လှိုင်းအောက်သို့ ရောက်ရှိသွားနိုင်ပါတယ်။

တစ်ချို့ဆို ဘေးနားကတော့ ထိန်းပေးမယ့်သူ ပါတယ် ဆိုရင်တောင်
ရေနစ်တဲ့ ဘက်သို့ ရောက်ရှိသွားတဲ့ အခါ အင်အားကြီးမားတဲ့ လှိုင်းပုတ် ခတ်မူကြောင့် ရေနစ်တတ်ပါတယ်။ တစ်ခုကောင်းမွန်တာကတော့ ချောင်းသာ
ကမ်းခြေမှာ လှိုင်းဟာ လူကိုကမ်းခြေဘက်သို့ တွန်းပို့ပေးပါတယ်။ ဒီအချက်
ကတော့ ရေကစားသူတွေ အတွက် အထူးကောင်းမွန် စေပါတယ်။

အကယ်၍ ချောင်းသာ ကမ်းခြေသို့ အလည်ပတ် သွားတဲ့ အခါ ရေမကူး
တတ်ဘူးဆိုရင် တစ်ယောက်တည်း အတင့်ရဲပြီးတော့ ရေနစ်ပိုင်းသို့ မသွားဖို့ တိုက်တွန်း ပါတယ်။ အသက်ကယ် ဘောကွင်းဟာ ကြီးမားသော လှိုင်းဒဏ်ကို
မခံနိုင်ပါဘူး။

Myanmar Travel Media

မြန်မာနိုင်ငံသို့ အလည်အပတ်သွားရင် စားသင်တဲ့ အစားအစာ ၁၀ မျိုးဒီသတင်းကိုတော့ CNN သတင်းဝက်ဘ်ဆိုက်ကနေ ဖော်ပြရခြင်း ဖြစ်ပါတယ်...
30/08/2015

မြန်မာနိုင်ငံသို့ အလည်အပတ်သွားရင် စားသင်တဲ့ အစားအစာ ၁၀ မျိုး

ဒီသတင်းကိုတော့ CNN သတင်းဝက်ဘ်ဆိုက်ကနေ ဖော်ပြရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ နိုင်ငံခြားကနေ မြန်မာနိုင်ငံသို့ အလည်အပတ်သွားတဲ့ အခါ စားသင့်တဲ့ အစားအစာ ၁၀ မျိုးကို အခုလို သူတို့က ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ -

(၁) လက်ဖက်သုပ်
(၂) ရှမ်းထမင်းချဉ်
(၃) မြန်မာ့ထမင်းဝိုင်း
(၄) လက်ဖက်ရည်နှင့် အချိုမုန့်မျိုးစုံ
(၅) လက်လုပ်မုန့်များ
(၆) အကြော်စုံ
(၇) ရှမ်းတို့ဟူးနွေး
(၈) နန်းကြီးသုပ်
(၉) မုန့်ဟင်းခါး
(၁၀) ရှမ်းခေါက်ဆွဲ

ဖော်ပြပါ အစားအစာတွေ ကတော့ မြန်မာနိုင်ငံကို အလည်အပတ်သွားမယ့် သူတွေအတွက် စားသင့်တဲ့ အစားအစာ တွေကို CNN သတင်းဝက်ဘ်ဆိုက်မှ လမ်းညွှန်ရေးသား ထားခြင်းဖြစ်ပါတယ်။

Myanmar Travel Media

ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ် တံတား (ဦးပိန်တံတား)ကမ္ဘာလှည့် ခရီးသည်တွေ အလွန် ကြိုက်နှစ်သက်တဲ့ မြန်မာပြ...
30/08/2015

ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ် တံတား (ဦးပိန်တံတား)

ကမ္ဘာလှည့် ခရီးသည်တွေ အလွန် ကြိုက်နှစ်သက်တဲ့ မြန်မာပြည်မှ အထင်ကရ နေရာတွေထဲကမှ ဦးပိန် တံတားဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဦးပိန် တံတားဟာ မန္တလေးမှာ တည်ရှိပြီး ကမ္ဘာ့အထင်ကရ သစ်သား တံတားတွေထဲမှာလည်း ပါဝင်ပါတယ်။ အဓိက တည်ဆောက်တဲ့သူ ဦးပိန်ကို အဆွဲပြုပြီးတော့ ဦးပိန်တံတားလို့ ခေါ်ဆိုကြောင်း သိရပါတယ်။

တစ်ချို့ကလည်း ဦးပိန်တံတားလို့ မခေါ်ဘဲ တောင်သမန်အင်းပေါ်မှာ တည်ရှိလို့ တောင်သမန် တံတားလို့ ခေါ်ဝေါ်ကြောင်း သိရပါတယ်။ တံတားဟာ ၃၉၆၇ ပေ ရှည်ပြီးတော့ ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ် တံတား တစ်စင်း အဖြစ် အသိအမှတ် ပြုထားတာကိုလည်း တွေ့ရပါတယ်။

သူ့ထက်ရှည်တဲ့ တံတားတွေ ကမ္ဘာပေါ်မှာ ရှိပေမယ့် ကျွန်းသစ် မဟုတ်ပါဘူး။ ဦးပိန် တံတားကတော့ ကျွန်းသစ်နဲ့ ပြုလုပ် တည်ဆောက် ထားတဲ့ တံတားတွေထဲမှာ အရှည်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ၁၈၅၀ ခုနှစ်လောက်မှာ စတင် တည်ဆောက် ခဲ့တာ ဖြစ်လို့ ယခုဆိုရင် များစွာကြာမြင့် နေခဲ့ပါပြီ။ နှစ်တွေ ကြာတာနဲ့ အမျှ တစ်ချို့ နေရာလေးတွေကတော့ အနည်းငယ် ယို့ယွင်း ပျက်စီးမူတွေ ရှိလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာပြည် ကိုယ်စားပြုတဲ့ အထင်ကရ နေရာများထဲမှ တစ်ခုဖြစ်တဲ့ ဦးပိန် တံတားဟာ တန်ဖိုးဖြတ်လို့ မရတဲ့ အမွေအနှစ် တစ်ခု ဖြစ်ပါတယ်။ နိုင်ငံ့ ဂုဏ်ဆောင် ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ်သား တံတား တစ်ခုလည်း ဖြစ်လို့ ရေးသားလိုက် ရပါတယ်။

Myanmar Travel Media

စင်္ကာပူမှ Marina Bay Sands အဆောက်အဦး အမြင့်ပေါ်မှာ သင်္ဘောပုံဖန်တီးပြီး လူအများကို စိတ်ဝင်စားအောင် ပြုလုပ်ထားတဲ့ Marina Bay...
30/08/2015

စင်္ကာပူမှ Marina Bay Sands

အဆောက်အဦး အမြင့်ပေါ်မှာ သင်္ဘောပုံဖန်တီးပြီး လူအများကို စိတ်ဝင်စားအောင် ပြုလုပ်ထားတဲ့ Marina Bay Sands ကတော့ စင်္ကာပူ၏ အထင်ကရ နေရာများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Marina Bay Sands ကေနေပြီးတော့ စင်္ကာပူမှာ ရှိတဲ့ အလွန်လှပတဲ့ နေရာတွေကို မြင်နိုင်တဲ့ အပြင် ရေကစားလို့လည်း ရတဲ့ နေရာဖြစ်ပါတယ်။

Marina Bay Sands ပေါ်သို့ တက်မယ်ဆိုရင် စင်္ကာပူ ဒေါ်လာ ၂၅ ဝန်းကျင် ပေးရမှာဖြစ်ပြီး ရေကူဒ ရေကစားလို့ မရပါဘူး။ ရေကူး ရေကစားချင်တယ်ဆိုရင် Marina Bay Sands Hotel မှာ တည်ခိုးမှ ရပါတယ်။ ညဘက်ဆိုရင်လည်း မီးရောင်စုံ တောက်ပနေပြီး အဝေးက ကြည့်ကြည့် အနီးက ကြည့်ကြည့် အလွန်လှပပြီး ဓာတ်ပုံ နောက်ခံထားရိုက်ရင်လည်း တကယ်ကို
ခန့်ညားထည်ဝါ လှပါတယ်။

စင်္ကာပူနိုင်ငံကို ဝင့်ထည်အောင် ဖော်ဆောင်ပေးတဲ့ အဆောက်အဦးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့် စင်္ကာပူကို အလည်သွားမယ်ဆိုရင်တော့ ထိုနေရာကိုသွားပြီး ဓာတ်ပုံ ရိုက်ဖို့လည်း မမေ့ပါနဲ့။

Myanmar Travel Media

ထိုင်းနိုင်ငံမှ အလွန်လှပသော Phi Phi ကျွန်း***************************လှပသော Phi Phi ကျွန်းဟာ ထိုင်းနိုင်ငံတွင် တည်ရှိပါတ...
24/08/2015

ထိုင်းနိုင်ငံမှ အလွန်လှပသော Phi Phi ကျွန်း
***************************
လှပသော Phi Phi ကျွန်းဟာ ထိုင်းနိုင်ငံတွင် တည်ရှိပါတယ်။ ၎င်းကျွန်းဟာ
ဖူးခက်နှင့် ပြည်မကြီး၏ အနောက်ဘက် မလက္ကာ ရေလက်ကြားတွင်
တည်ရှိသော ကျွန်းတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် အကြီးဆုံး ကျွန်းများထဲမှ တစ်ခု အပါဝင်လည်း ဖြစ်ပြီး နာမည်ကြီးသော ကျွန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Phi Phi ကျွန်းဟာ ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကျွန်းတစ် ခုလည်း
ဖြစ်တယ်လို့ သိရပါတယ်။ အရမ်းလှပြီး ဆွဲဆောင်မူ ရှိသည့် အတွက်
ကမ္ဘာ့လှည့် ခရီးသည်များ လာရောက်သည့် ကျွန်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ပုံများကို ကြည့်ရှုပြီး လေ့လာနိုင်ပါတယ်။

Myanmar Travel Media

ကမ္ဘာလှည့် ခရီးသည်တွေ ကြိုက်တဲ့ မြန်မာနိုင်ငံမှ နေရာ  ၁၀  ခု(၁) ရန်ကုန်မြို့မှာ ရှိတဲ့ ရွှေတိဂုံဘုရား(၂) မွန်ပြည်နယ်မှာ ရိ...
24/08/2015

ကမ္ဘာလှည့် ခရီးသည်တွေ ကြိုက်တဲ့ မြန်မာနိုင်ငံမှ နေရာ ၁၀ ခု

(၁) ရန်ကုန်မြို့မှာ ရှိတဲ့ ရွှေတိဂုံဘုရား
(၂) မွန်ပြည်နယ်မှာ ရှိတဲ့ ကျိုက်ထီးရိုးဘုရား
(၃) ပုဂံမှာ ရှိတဲ့ ရွှေစည်းဂုံဘုရား
(၄) ပုဂံမှာ ရှိတဲ့ ရွှေဆံတော်ဘုရား
(၅) ပုဂံမှာ ရှိတဲ့ အာနန္ဒာဘုရား
(၆) မန္တလေးတိုင်းဒေသကြီးမှာ ရှိတဲ့ မဟာမုနိဘုရား
(၇) မန္တလေးတိုင်းဒေသကြီးမှာ ရှိတဲ့ အင်းဝရွာ
(၈) စစ်ကိုင်းတိုင်းဒေသကြီးမှာ ရှိတဲ့ မင်းကွန်းရွာ
(၉) မန္တလေးတိုင်းဒေသကြီးမှာ တည်ရှိတဲ့ ဦးပိန်တံတား
(၁၀) ရှမ်းပြည်နယ်မှာ ရှိတဲ့ အင်းလေးကန်

ခရီးသွားတော့မယ်ဆိုရင် ရှောင်ရန်၊ ဆောင်ရန်များအထူးသဖြင့် ခရီးဝေးသွားတော့ မယ်ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ မိမိအနေနဲ့ ခဏ...
24/08/2015

ခရီးသွားတော့မယ်ဆိုရင် ရှောင်ရန်၊ ဆောင်ရန်များ

အထူးသဖြင့် ခရီးဝေးသွားတော့ မယ်ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ မိမိအနေနဲ့ ခဏခဏ ခရီမသွားတဲ့ သူဆိုရင်တော့ ပိုမိုပြီးတော့ ဂရုစိုက် သင့်ပါတယ်။

(၁) သံပုရာသီးဆောင်ပါ
-------------
သံပုရာသီးဟာ အမူးအမော ပြေစေရုံသာမကဘဲ တစ်ခြားသော ဘေးအန္တရာယ် အတွက်လည်း ကောင်းမွန်စေပါတယ်။ ဥပမာ - ကားစီးလို့ မူးတာ အန်တာ ဖြစ်တာနဲ့ သံပုရာသီးကို ချက်ချင်းပဲ ရှုရှိုက်လိုက်ပါ။ နောက်တစ်နည်း သံပုရာသီးဖြင့် နဖူးစတဲ့ နေရာတွေကို ပွတ်နိုင်ပါတယ်။

(၂) အလွယ်တကူ စားလို့ရမယ့် မုန့်တစ်ခုခုဆောင်ထားပါ
--------------
မိမိက အစားအစာတိုင်းကို မကြိုက်တတ်ဘူး ဒါမှမဟုတ် အစားရှောင်တတ်တဲ့ သူတွေရင် ခရီးဆောင် အိတ်ထဲမှ ပေါင်မုန့်ကဲ့သို့ အလွယ်တကူ စားနိုင်မယ့် အစားအစာတွေကို သယ်သွားဖို့ မမေ့ပါနဲ့။

(၃) ဆေးဝါးများဆောင်ထားပါ
--------------
အကြောင်းတစ်ခုခုကြောင့် ထိမိခိုက် မိတာ ဖြစ်ဖြစ် ၊ နေမကောင်း ဖြစ်တာ ဖြစ်ဖြစ် အဲအတွက်ဆေးဝါးများ ဆောင်ထား ခြင်းဖြင့် မိမိ အတွက်လည်း ကောင်းသလို တစ်ခြားသူ အခက်အခဲ ကိုလည်း ကူညီနိုင် ပါလိမ့်မယ်။

(၄) ဝမ်းပျက်စေနိုင်သော အစာအသောက်များ ရှောင်ပါ
----------------
ခရီးသွားတော့မယ်ဆိုရင် ဝမ်းပျက်စေနိုင်သော အစားအစာများကို မစားပါနဲ့။ တစ်ချို့ဒေသ တွေမှ အလွယ်တကူ အပေါ့အပါး သွားနိုင်သလို တစ်ချို့ဒေသ တွေကြတော့ အခက်အခဲတွေ ရှိလို့ပါ။

(၅) ဖုန်းဘတ္တရီအပိုထည့်ဖို့ မမေ့ပါနဲ့
-----------------
ဖုန်းဟာ မိမိအတွက် အရေးကြီးပါတယ်။ အကြောင်းကြောင်းကြောင့် အရေးကြီး ကိစ္စရှိရင် အားကုန် သွားပါက ဒုက္ခရောက်ပါလိမ့်မယ်။ ဒါကြောင့် ဖုန်းဘတ္တရီ အပိုဖြစ်ဖြစ် ပါဝါပန့်ခ် ဖြစ်ဖြစ် ဆောင်ထားစေချင် ပါတယ်။ တစ်ချို့ဒေသ များက လျှပ်စစ် အလွယ် တကူ မရနိုင်လို့ပါ။

(၆) ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအကုန်ထည့်မထားပါနဲ့
--------------------
ဒီအချက် ကလည်း လိုအပ်ပါတယ်။ တစ်ခါတစ်လေ ပိုက်ဆံအိတ် ကျပျောက်တာ ဖြစ်ဖြစ် ခါးပိုက်နိုက်ခံရတာ ဖြစ်ဖြစ် ငွေလိုအပ်ရင် သုံးနိုင်အောင် ပိုက်ဆံကို ခွဲထည့်ထားပါ။

(၇) ရွှေများနှင့် လက်ဝတ်ရတနာများ မဝတ်ဆင်ပါနဲ့
---------------
လုံးလုံး မဝတ်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ထိုလက်ဝတ် ရတနာတွေက မိမိကိုယ် ဒုက္ခပေးတတ်လို့ပါ။

Myanmar Travel Media

ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ မိကျောင်းပွဲထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည် များစွာ လာရောက်လည်ပတ်တဲ့ နိုင်ငံတစ်ခ...
24/08/2015

ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ မိကျောင်းပွဲ

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည် များစွာ လာရောက်လည်ပတ်တဲ့
နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အထူးအဆန်း ပြကွက်တွေကလည်း လာရောက်လည်ပတ် သူတွေကို စိတ်ဝင် စားစေသော အချက်ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်စေသော ပြပွဲများစွာ ထဲကမှ မိကျောင်း
ပွဲဟာလည်း တစ်ခုပါပါတယ်။ မိကျောင်းတွေကို လိမ္မာအောင် မွေမြူထားပြီး အတော်လေး လေ့ကျင့် ထားပုံ ပေါ်ပါတယ်။ မိကျောင်း ပါးစပ်ထဲ ခေါင်းဝင်ခြင်း၊ လက်အဆုံး ထည့်ခြင်း၊ မိကျောင်းနဲ့ အတူ ကစားပြခြင်းတွေဟာ အတော်လေး ထိတ်လန့်စရာ ကောင်းလှပါတယ်။

ပွဲကြည့်သူများ အဖို့လည်း အသဲတလှပ်လှပ် ဖြစ်အောင် ပြသထားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို အလည်အပတ် သွားတော့မယ် ဆိုရင် Tiger Zoo မှာ ရှိတဲ့ မိကျောင်းပြပွဲ ကိုတော့ ကြည့်ရှုဖို့ မမေ့ပါနဲ့။

Myanmar Travel Media

Address

No 1 Hinthata Street
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Black Sea Seafood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Black Sea Seafood:

Share

Category


Other Travel Companies in Yangon

Show All