26/08/2023
❗️Golden Sea Myanmar ကုမ္ပဏီအမည်တတ်ပြီး
လိမ်လည်နေတဲ့သူများသိစေရန် ။ ❗️
❗️သတင်းစာမှာကြော်ငြာထားပြီ …
မကြာခင်မှာ လူလိမ်တွေရဲ့နာမည် ၊ဓာတ်ပုံနဲ့
တကွဖော်ပြပေးမှာမို့…
ကျေးဇူးပြုပြီး Share ပေးကြပါအုံးနော်.....🙏
➡️ အများသိစေရန်ကြေညာခြင်း ➡️
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း (အောက်)၊ အမှတ် (၉၂-မြေညီထပ်) ရှိ Golden Sea Myanmar Co.,Ltd (ရွှေပင်လယ်မြန်မာ ကုမ္ပဏီလိမိတက်) ၏ ပိုင်ရှင်ဖြစ်သူ ဦးသန်းတင် ၊ ၁၃/တကန(နိုင်) ၀၈၀၁၉၉ ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် အသိပေးကြေညာအပ် ပါသည်။
Golden Sea Myanmar Co.,Ltd (ရွှေပင်လယ်မြန်မာကုမ္ပဏီလိမိတက်) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြု ချက်လိုင်စင်အမှတ် 063/2004 ဖြင့် ၂၀၀၄ ခုနှစ်မှစ၍ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လုပ်ငန်းကို ယနေ့ထိလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယခုအခါ မသမာသူအချို့မှ Golden Sea Myanmar Co.,Ltd ၏ အမည်၊ Logo ၊ဓာတ်ပုံများကို ကူးယူအသုံးပြုလျှက် မသိနားမလည်သူများထံမှ ငွေကြေးလိမ်လည်တောင်းခံခြင်း များကို Social Media များဖြစ်သော Facebook Messenger ၊ Viber တို့မှတဆင့် ပြုလုပ်နေကြောင်းသိရှိရပါသည်။
Golden Sea Myanmar Co.,Ltd သည် 018 398207 ၊ 018 379741 ၊ 09 5186313 ၊ 09 5021917 ဖုန်းများကိုသာအသုံးပြုပြီး လုပ်ငန်းနှင့်ပတ်သက်သော ကိစ္စအဝဝကို ဆောင်ရွက်ပါသည်။ အဆိုပါဖုန်းများမှလွဲ၍ အခြားဖုန်းများဖြင့် ဆက်သွယ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိခဲ့ပါက Golden Sea Myanmar Co.,Ltd နှင့် မသက်ဆိုင် ကြောင်း၊ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းနှင့် အဆိုပါ လိမ်လည်နေသူများ ကိုလည်း ရှာဖွေဖော်ထုတ်၍ တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။