Atlantis - Travel Consulting Service

Atlantis - Travel Consulting Service Helping people to travel the world with ease and affordability.
(2)

🇰🇭🇹🇭ခမာအင်ပါယာရဲ့ ပြယုဒ်ဖြစ်တဲ့ ကမ္ဘာကျော်”အန်ကောဝပ်” ကျောင်းတော်ကြီးကို ဘန်ကောက်ကတဆင့် သွားချင်တယ်ဆိုရင် Atlantis ကို သ...
21/12/2023

🇰🇭🇹🇭ခမာအင်ပါယာရဲ့ ပြယုဒ်ဖြစ်တဲ့ ကမ္ဘာကျော်”အန်ကောဝပ်” ကျောင်းတော်ကြီးကို ဘန်ကောက်ကတဆင့် သွားချင်တယ်ဆိုရင် Atlantis ကို သတိရလိုက်ပါနော် ။

◼️UNESCO World heritage စာရင်းဝင် “အန်ကောဝတ်”ကျောင်းတော်ကြီးရဲ့ ၁၂ ရာစု အနုပညာလက်ရာများဟာ တစ်သက်မှာ တစ်ခါ ကြည့်ရှူခံစားဖို့ ထိုက်တန်ပါတယ်။

◼️New year ကာလ ကြီးမြင့်တဲ့ လေယာဉ်လက်မှတ်တွေကြောင့် Bangkok မှာလဲ shopping ထွက်ချင်တယ် ။ ကမ္ဘောဒီးယားကိုလဲ လည်ပတ်ရင်း “အန်ကောဝပ်” ကျောင်းတော်ကြီးရဲ့ ခမ်းနားမှုကို တမေ့တမော စီးမျောခံစားချင်တယ်ဆိုရင်တော့ နေ့ကားပဲစီးသွားမလား၊ ညကားပဲစီးသွားမလား စိတ်ကြိုက်ရွေးသွားရုံပါပဲ။

🚌Pratunam ကနေပဲစီးစီး ၊ ခေါက်ဆန်လမ်းက နေပဲစီးစီး အဆင်ပြေစွာ ပြေးဆွဲပေးနေတဲ့ ကားတွေအမြဲရှိတာကြောင့် Booking လုပ်ဖို့စဉ်းစားနေရင် Atlantis ရဲ့ ဖုန်း 📱09-769691200 📱ကိုဆက်သွယ်ပြီး ခုပဲreservation လုပ်လိုက်ဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ ။

တိုကျိုတစ်ခွင် လည်ပတ်ဖို့ဆို Tokyo Metro 🚆🇯🇵တိုကျို လို ပြာပန်းခတ် လှုပ်ရှားနေတဲ့ မြို့ကြီးကို သွားရောက် လည်ပတ်မယ်ဆို စိ...
11/12/2023

တိုကျိုတစ်ခွင် လည်ပတ်ဖို့ဆို Tokyo Metro 🚆🇯🇵

တိုကျို လို ပြာပန်းခတ် လှုပ်ရှားနေတဲ့ မြို့ကြီးကို သွားရောက် လည်ပတ်မယ်ဆို စိတ်ကြိုက် unlimited စီးလို့ရတဲ့ Tokyo Metro Ticket ကို ဝယ်ထားလိုက်ပါ။

Tokyo Metro ticket ကိုတော့
▪️24 Hours Pass
▪️48 Hours Pass
▪️72 Hours Pass ဆိုပီး စိတ်ကြိုက် ကိုယ်နေမယ့် ရက်ပေါ်မူတည်ပြီး ရွေးချယ်လို့ရတာကြောင့် တိုကျိုမြို့ကြီးကို အထက်အောက် စုန်ဆန် လည်ပတ်လိုက်ရုံပါပဲ။

✅Tokyo Metro Ticket မှာပါဝင်တဲ့ Tokyo Metro Linesနဲ့ Toei Subway Lines တွေဆိုတာ တိုကျိုရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Shinjuku , Ginza , Asakusa , Ueno , Shibuya အစရှိတဲ့ နာမည်ကျော်နေရာတွေကို သွားဖို့ လမ်းကြောင်းတွေကို cover ဖြစ်ပီးသားဖြစ်တာကြောင့် One way ticket တစ်ကြောင်းချင်းဝယ်နေတာထက် အချိန်ကုန်သက်သာ ၊ အာရုံနောက်သက်သာစေပါတယ် ။

ဒါကြောင့် Tokyo Metro Ticket လိုအပ်ပီဆို Atlantis ကို သတိရလိုက်ပါနော် ။

ဒါ့အပြင် ဂျပန်သွားဖို့ လိုအပ်တဲ့ Airbnb , Hotel , Shinkansen ကျည်ဆန်ရထား, international & domestic ticket , ဂျပန်အမြို့မြို့ အနယ်နယ်က day tours တွေကို ဝယ်ယူလိုပါကလဲ စျေးနှုန်းမှန်ကန် မြန်ဆန်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ ။

For reservation details : 09-769691200

ဆိပ်ကမ်းမြို့လေးဖြစ်တဲ့ ဘူဆန်မြို့လေးကိုတော့ “Train to Busan” ရုပ်ရှင်ဇာတ်ကားနဲ့အတူ လူတိုင်းရင်းနှီးပီးသားဖြစ်မှာ အသေအချ...
06/12/2023

ဆိပ်ကမ်းမြို့လေးဖြစ်တဲ့ ဘူဆန်မြို့လေးကိုတော့ “Train to Busan” ရုပ်ရှင်ဇာတ်ကားနဲ့အတူ လူတိုင်းရင်းနှီးပီးသားဖြစ်မှာ အသေအချာပါ။

ဘူဆန်မြို့လေးဟာ တောင်ကိုရီးယားနိုင်ငံ ရဲ့အရှေ့တောင်ပိုင်းကမ်းရိုးတန်း ဒေသလေးမှာ တည်ရှိပြီးတော့ ဒီမြို့လေးရဲ့ ရင်သပ်ရှုမောဖွယ်ကမ်းခြေတွေ၊ လူစည်ကားလှတဲ့ဈေးတွေ၊ စုံလင်လှတဲ့ ရိုးရာအစားအသောက်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကြောင့် လူသိများတဲ့မြို့လေးလည်းဖြစ်ပါတယ်။

ဘူဆန်မြို့မှာတော့ ဟွန်ဒေး Haeundae ကမ်းခြေလို့ ခေါ်တဲ့ မိုင်ပေါင်းများစွာ ရှည်လျား လှပတဲ့ ကမ်းရိုးတန်းတစ်ခု ရှိပြီး အဲဒီကမ်းခြေလေးဟာရင်သပ်ရှုမောဖွယ် ကမ်းခြေအလှတွေ ၊ဖြူးနေတဲ့သဲလေးတွေနဲ့ အတူ Crystal Clear Water လို့တင်စားရအောင်ကိုပဲ ပင်လယ်ရေပြင်ကလည်း ကြည်လင်လို့နေပါသေးတယ်။

ဒီကမ်းခြေကိုတော့ နေရောင်ခံချင်တဲ့သူတွေ ၊ water sports activities တွေ စိတ်ဝင်စား ဝါသနာပါသူတွေ မဖြစ်မနေ လာရောက်လည်ပတ်သင့်သလို ချစ်သူစုံတွဲများ ညဖက် အေးအေးလူလူ လမ်းလျောက်လို့ကောင်းတဲ့ နေရာလေးတစ်ခုဆိုလဲ မမှားပါဘူးရှင်။

အဲ့လိုမဟုတ်ဘူး အေးဆေးလေးပဲ အနားယူ chill ချင်ပါတယ် ဆိုသူတွေအတွက်တော့ ဘားတွေ ၊ စားသောက်ဆိုင်တွေနဲ့ပြည့်နေတဲ့ ဂွမ်ဂါလိ ကမ်းခြေ (Gwangalli Beach)ဖက်ကို သွားသင့်ပါတယ်။ Gwangalli တံတားပေါ်မှလဲ ရောင်စုံ lightshow ကိုနေ့စဉ် ည ၈-၁၀ နာရီကြားထဲမှာ ကြည့်ရှူနိုင်တာကြောင့် ဘူဆန်ရဲ့ ညအလှကို ခံစားဖို့ မဖြစ်မနေသွားရောက်သင့်တဲ့နေရာတစ်ခုလို့လဲဆိုနိုင်ပါတယ်ရှင်။

Adventure မှသွားချင်သူတွေအတွက်လည်း ပင်လယ်သမုဒ္ဒရာနှင့် ချောက်ကမ်းပါးကြီးတွေရဲ့ မြင်ကွင်းကျယ်ရှုခင်းများကို မြင်တွေ့နိုင်ပြီး သဘာဝနဲ့ ထိတွေ့နိုင်မယ့် Taejongdae Park သို့ လဲသွားရောက်လည်ပတ်နိုင်ပါသေးတယ်ရှင့် ..စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကို လမ်းတစ်လျှောက် လှည့်ပတ် ကြည့်ရှုခံစားရင်း Taejongdae Park ရဲ့အစွန်းမှာ ရှိတဲ့ အထင်ကရ မီးပြတိုက်ကို နောက်ခံထားပြီး သဘာဝတရားရဲ့ အလှတရားများကိုခံစားနိုင်ဦးမှာပါ။

နောက်ပြီးတော့ "Machu Picchu of Busan" လို့ လည်းလူသိများတဲ့ Gamcheon ယဉ်ကျေးမှုကျေးရွာ (Gamcheon Culture Village)မှာတော့ ရောင်စုံအိမ်များ၊ အနုပညာလက်ရာများ (art installations) နှင့် ချစ်စရာကောင်းသော ကော်ဖီဆိုင်များဖြင့် ပြည့်နှက်နေပြီး လူသူစည်ကားတဲ့ ဒေသရပ်ဝန်းလေးတစ်ခုကိုလည်း သွားရောက်ဖို့ မမေ့ပါနဲ့။

အစားအသောက်ကောင်းကောင်း ကြိုက်သူတွေအတွက်တော့ လတ်ဆတ်တဲ့ပင်လယ်စာများကို K-drama တွေထဲကလို စားချင်ရင်တော့ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးပင်လယ်စာစျေးကြီးဖြစ်တဲ့ Jagalchi Market သို့သွားရောက်သင့်ပါတယ်နော်။ "Hoe"လို့လူသိများတဲ့ အထင်ကရငါးစိမ်းတွေ ဒါမှမဟုတ် hotteok (ပန်ကိတ်အချို) နှင့် tteokbokk (ဆန်ကိတ်များ) တွေလို ကိုရီးယား street food စစ်စစ်ကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်.. နောက်ဆုံးပိတ်အနေနဲ့ တော့ ကိုရီးယားရဲ့ signature drink ဖြစ်တဲ့ soju လေးကို သူတို့ရဲ့ အေးစိမ့်တဲ့ ရာသီဥတုကို အံတုပြီး သောက်ကြည့်ဖို့ မမေ့ပါနဲ့ရှင့်။

Yongdusan Park မှာရှိတဲ့ အထင်ကရ ဘူဆန်မျှော်စင်(Busan Tower) ကိုတော့ ညနေခင်း sunset နဲ့အတူ မြို့ရှုခင်းကို ခံစားဖို့ သွားရောက်သင့်ပါတယ်။ စည်ကားသည့် Nampo-dong ၏ လမ်းတွေမှာလည်း ခေတ်မီအရောင်းဆိုင်များ၊ ကုန်တိုက်များနှင့် traditional markets တွေအစုံ ရှိလို့ shopping ကြိုက်သူတွေအတွက် လက်မလွတ်စတမ်းသွားရောက် လည်ပတ်သင့်တဲ့ နေရာလေးဖြစ်ပါတယ်ရှင့်။

ဒါကြောင့် ကိုရီးယား cuisine ၊ street food တွေ ၊seafood တွေစားရင်း ဘူဆန်မြို့ရဲ့ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုအတွေ့အကြုံများကို လေ့လာခံစားရင်း သွားရောက်လည်ပတ်ချင်သူတို့ အတွက် Atlantis မှသက်သာ မှန်ကန်သော ဈေးနှုန်းများနဲ့ ခရီးစလည်ဆုံး မိမိသုံးချင်တဲ့ Budget ပေါ်မူတည်ပြီး လူကြီးမင်းတို့ စိတ်တိုင်းကျ တစ်ယောက်တည်းသွားသွား ၊ မိသားစုနဲ့သွားသွား
အသေးစိတ် ဆွေးနွေးပေးတဲ့အပြင် Air ticket ၊ KTX အမြန်ရထား၊ ဟိုတယ်၊ Busan day tour၊ attraction tickets များအတွက် ဘာပဲလိုလို Atlantis ရဲ့ဖုန်းနံပါတ် 📱09-769691200📱 ကိုဆက်သွယ်ပြီး Reservation လုပ်ဖို့ တိုက်တွန်းလိုက်ပါရစေရှင် ။

ဂန္တဝင်တွင်တဲ့ တောင်ကြားဒေသလေး ( သို့မဟုတ် ) ရှီရာကာဝါ (Shirakawa)☃️❄️🤍ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ UNESCO စာရင်းဝင် ...
25/11/2023

ဂန္တဝင်တွင်တဲ့ တောင်ကြားဒေသလေး ( သို့မဟုတ် ) ရှီရာကာဝါ (Shirakawa)☃️❄️🤍

ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ UNESCO စာရင်းဝင် ရှီရာကာဝါဒေသလေးဟာ ဂျပန်နိုင်ငံရဲ့ နှင်းအကျဆုံးဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီသမိုင်းဝင် ရှီရာကာဝါဂိုဒေသလေးဟာဆိုရင် ဂီဖူးခရိုင်ဒေသ(Gifu Prefecture)မှာတည်ရှိပြီးနှစ်ပေါင်း ၂၅၀ ကျော် သက်တမ်းရှိတဲ့ ချစ်စဖွယ် ရိုးရာအိမ်လေးများကြောင့် နာမည်ကျော်လှပါတယ်။

(ဂျပန်နိုင်ငံဟာ အခြားနိုင်ငံများနဲ့မတူပဲ ခရိုင်ဒေသများကို prefecture လို့ခေါ်တွင်ပါတယ်။)

ထူးခြားတဲ့ ထိုရိုးရာအိမ်လေးများကိုဆိုရင်တော့ ဂျပန်လို “ဂတ်ရှော ဇုခုရိ”( Gassho-zukuri) လို့ခေါ်တွင်ပြီး “လက်အုပ်ချီထားတဲ့လက်များ” လို့ အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့် အခုလို ခေါ်တွင်ရတာလဲဆိုတာကတော့ ဒီဒေသမှာရှိတဲ့ အိမ်လေးများဟာ လက်အုပ်ချီထားတဲ့လက် ပုံသဏ္ဏာန် တည်ဆောက်ထားကြလို့ပဲဖြစ်ပါတယ်။ 🏕

ရှေးယခင်က ချမ်းအေးလွန်း တဲ့ဆောင်းတွင်းကာလမှာ အချမ်းဒဏ်ကို အံတုနိုင်ဖို့ရာ ဒီဒေသမှ ရွာသူရွာသားများဟာ အပြန်အလှန် ဖေးမကူညီတည်ဆောက်ခဲ့ကြခြင်းကြောင့်လဲ ပုံစံတူအိမ်ငယ်လေးများနဲ့ ချစ်စရာဒေသအဖြစ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်တွင် UNESCO အမွေအနှစ်စာရင်းဝင်ပြီးနောက်မှာတော့ အေးချမ်းလှတဲ့ ဒီဒေသလေးဟာ ပြီးပြည့်စုံတဲ့ အလှတရားများပိုင်ဆိုင်ထားပြီး ရှူပ်ထွေးတဲ့ မြို့ပြက ခဏတာပြေးထွက်ဖို့ အကောင်းဆုံး “Winter Wonderland”လေးတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ⛄️

ဒီဒေသကို သွားရောက်လည်ပတ်သူများအဖို့ အလည်ပတ်သင့်ဆုံးကတော့ အိုဂိမချိရွာ (Ogimachi Village) လေးပဲဖြစ်ပြီး ထိုရွာလေးဟာ လည်ပတ်စရာရှေးဟောင်းအိမ်ငယ်လေးများအပြင် ရိုးသားလှတဲ့ ဂျပန်တောသူတောင်သားတွေရဲ့နေ့စဉ်ဘဝကို အနီးကပ်တွေ့မြင်နိုင်မယ့် ရွာလေးတစ်ခုလဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အနည်းဆုံးတစ်ညလောက် အိပ်သင့်ပြီး ရိုးသားဖော်ရွေလှတဲ့ ဂျပန်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုများကို လေ့လာသင့်ပါတယ်။

ခုဆိုရင် မြို့ကြီးများဖြစ်တဲ့ တိုကျို ၊ ကျိုတို ၊ အိုဆာကာ နဲ့ နာဂိုယာမြို့ကြီးများကပါ အလွယ်တကူ သွားရောက်နိုင်နေပြီပဲဖြစ်ပြီး လက်ရှိမှာတော့ ဂျပန်အစိုးရက ကားလမ်းတစ်ခုတည်းနဲ့သာ ဒီဒေသကို သွားရောက်ခွင့်ပြုထားပါတယ်။ ဒါကြောင့် ကိုယ်လာရောက်တဲ့ မြို့ပေါ်မှာမူတည်ပြီး အနီးစပ်ဆုံးရထားဘူတာကတစ်ဆင့် ကားတစ်ဆင့် ပြန်ပြောင်းစီးလို့လဲရပါတယ်။ (ဥပမာ- တိုကျိုမှလာပါက တိုယားမားဘူတာ(Toyama Station ) မှာဆင်းပြီး ကားပြောင်းစီးရသလို ၊ အိုဆာကာမှ လာပါကလဲ ကာနာဇာဝါ( Kanazawa Station) ကတစ်ဆင့် ကားပြောင်းစီးလို့ရပါတယ်။ )

အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးကတော့ တိုယိုတာကားမြို့တော်လို့ခေါ်တွင်ကြတဲ့ နာဂိုရာ( Nagoya ) မြို့ကတဆင့်သွားရောက်ရင်တော့ အဆင်ပြေဆုံးပဲဖြစ်ပြီး နေ့ချင်းပြန်သွားရောက်နိုင်တဲ့ ခရီးစဉ်များလဲ ပြေးဆွဲပေးနေတာကြောင့် ညအိပ်ခရီးမသွားလိုသူများအတွက်လဲ အိုကေပါတယ်။

✅ သွားလို့ကောင်းတဲ့ အချိန်ကတော့ တစ်နှစ်ပတ်လုံးပဲ ဖြစ်ပြီး နှင်းတွေတဖွဲဖွဲကျနေမှကြိုက်တယ်ဆိုရင်တော့ ဒီဇင်ဘာအကုန်လောက်ကနေ မတ်လထိသွားရောက်နိုင်ပါတယ်ခင်ဗျာ။ ❄️

ခုလို ရှီရာကာဝါရွာလေးကို တစ်ယောက်ထဲဖြစ်စေ ၊ မိသားစုနဲ့ဖြစ်စေ သွားရောက်လည်ပတ်လိုပါကလဲ စျေးနှုန်းသက်သာသော day tour များကိုAtlantisမှာ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။

ဒါ့အပြင် ဂျပန်နိုင်ငံနိုင်မှာ လည်ပတ်မည့် hotel ၊ airbnb ၊ Shinkansen ကျည်ဆန်ရထား ၊ attraction tickets များနှင့် လည်ပတ်မည့် tour များကိုလဲ စျေးနှုန်း မှန်ကန်စွာ ဝယ်ယူနိုင်ပါကြောင်း ထပ်လောင်းအသိပေးပါရစေခင်ဗျာ။

For details inquiry : 📱09-769691200📱

အီတလီ လူမျိုးများ နာပိုလီ( Napoli) လို့ ချစ်စနိုးခေါ်တွင်ကြတဲ့နေပယ်စ်( Naples )မြို့လေးဟာ Campania ၏ ဒေသတွင်းမြို့တော် (...
23/11/2023

အီတလီ လူမျိုးများ နာပိုလီ( Napoli) လို့ ချစ်စနိုးခေါ်တွင်ကြတဲ့နေပယ်စ်( Naples )မြို့လေးဟာ Campania ၏ ဒေသတွင်းမြို့တော် (regional capital) ဖြစ်ပြီး ရောမနှင့် မီလန်ပြီးရင် အီတလီ၏ တတိယအကြီးဆုံးမြို့ တစ်ခုလည်းဖြစ်ပါတယ်။ ဒီမြို့လေးကို တော့ သူ့ရဲ့ ထူးကဲတဲ့သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အစားအစာများကြောင့် လူသိများလှပါတယ်။

ရောမမြို့( Rome) ကနေ အမြန်ရထားနဲ့ သွားမယ်ဆို တစ်နာရီ ကျော်ကျော်ခန့်သာ သွားရတဲ့ Naples မြို့လေးဟာ စစ်မှန်တဲ့အီတလီအတွေ့အကြုံကို ရှာဖွေနေတဲ့ ခရီးသွားများအတွက် မဖြစ်မနေလည်ပတ်သင့်တဲ့မြို့လေးတစ်မြို့ဆိုလဲ မမှားပါဘူး ။

ဂရိနှင့် ရောမတို့ခေတ်က Naples ရဲ့ ရှေးဟောင်း အရင်းအမြစ်များကလည်း သမိုင်းဝါသနာအိုးများ အထူးစိတ်ဝင်စားတဲ့ နေရာလေး အဖြစ်ဖြစ်တည်ခဲ့ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် (UNESCO World Heritage site)နေရာတစ်ခုဖြစ်တဲ့Naples မြို့ရဲ့ City center ဟာလဲ အံ့ဖွယ်ရတနာသိုက်တစ်ခုသဖွယ်ဖြစ်နေပါသေးတယ်။ Naples Cathedral နှင့် Royal Palace of Naples ကဲ့သို့ အထင်ကရ နေရာများတွေဆီသွားရင်း အဆောက်အအုံတွေ ၊ နံရံတွေကြား ကွယ်ပျောက်နေတဲ့ လမ်းကြိုလမ်းကြားလေးများကို လည်ပတ်ကြည့်ရင်း Naples မြို့ရဲ့ ခမ်းနားထည်ဝါမှုနဲ့ ထင်ရှားတဲ့ သမိုင်းနောက်ခံတွေကိုလည်း စူးစမ်းလေ့လာနိုင်မှာလဲဖြစ်ပါတယ်။

ပန်းချီဝါသနာရှင်များအတွက်ကတော့ Naples ၏ ကမ္ဘာ့အဆင့်မီ ပြတိုက်များနှင့် ပြခန်းများတွင် လာရောက်လေ့လာနိုင်မယ့်အပြင် အမျိုးသားရှေးဟောင်းသုတေသနပြတိုက်မှာလည်း Pompeii နှင့် Herculaneum တို့မှ စွဲမက်ဖွယ်ကောင်းသော ရှေးဟောင်း ရောမလူမျိုးများ၏နေ့စဉ်ဘဝများကို တစေ့တစောင်း ပြသပေးတဲ့ အထင်ကြီးလောက်စရာ ရှေးဟောင်းပစ္စည်းများကို စုစည်းပေးထားပါသေးတယ်။ Museo di Capodimonte ပြတိုက်မှာလည်း Caravaggio နှင့် Titian တို့လိုမျိုး နာမည်ကျော် အီတလီအနုပညာရှင်များ၏ လက်ရာများကို ပြသထားလို့ ပန်းချီဝါသနာရှင်တွေ အကြိုက်တွေ့မှာမလွဲပါဘူး။

ပန်းချီတွေ သမိုင်းဝင်တွေ စိတ်မဝင်စားပါဘူး… စိတ်တွေမွန်းကျပ်လို့ သဘာဝနဲ့နီးတဲ့နေရာတွေပဲ သွားချင်တာပါဆိုတဲ့လူတွေအတွက်လည်း Naples ပတ်ဝန်းကျင်မှာရှိတဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ ရှိပါသေးတယ်… နောက်ပြီးတော့ Naplesကနေ နည်းနည်းလေး ဆက်မောင်းသွားရင် ဘွားကနဲပေါ်လာတဲ့ ရင်သပ်ရှူမောဖွယ် ချောက်ကမ်းပါးကြီးတွေ၊ စိမ်းလဲ့ပြာနေတဲ့ရေတွေနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ပင်လယ်ကမ်းခြေလေးတစ်ခုရှိပါတယ်… အဲ့နေရာလေးကိုတော့ Amalfi ကမ်းခြေ လို့ခေါ်တွင်ပါတယ်..

အဲ့ဒီကမ်းရိုးတန်းလမ်းတစ်လျှောက်ကို ဆက်မောင်းသွားမယ်ဆိုရင်တော့ Positano နှင့် Ravello တွေလို လှပသာယာတဲ့ ကမ္ဘာကျော်တံငါရွာလေးတွေကို လည်ပတ် နိုင်သေးသလို နာမည်ကျော် ပင်လယ်စာများ စားသုံးရင်းပင်လယ်ကွေ့လေးရဲ့ အလှကို ခံစားနိုင်ဦးမှာဖြစ်ပါတယ်။

ခုလို Naples ရဲ့ထူးခြားသောသမိုင်း၊ ယဉ်ကျေးမှုနှင့် သဘာဝအလှတရားများတွေကို သွား‌ရောက်လည်ပတ်လေ့လာချင်တယ်ဆိုရင်တော့အခုပဲ Atlantis နဲ့ အသေးစိတ်ဆွေးနွေးရင်း စီစဉ်နိုင်ဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

For details inquiry : 📱09-769691200 📱

🇻🇳 ဗီယက်နမ် နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမြို့ဟာ သမိုင်းအစဉ်အလာကြီးမားတဲ့ ဟိုချီမင်း ခေါင်းချရာမြို့ဖြစ်ပါတယ် ။ 🇻🇳ဟနွိုင...
09/11/2023

🇻🇳 ဗီယက်နမ် နိုင်ငံရဲ့ မြို့တော်
ဟနွိုင်းမြို့ဟာ သမိုင်းအစဉ်အလာကြီးမားတဲ့ ဟိုချီမင်း ခေါင်းချရာမြို့ဖြစ်ပါတယ် ။ 🇻🇳

ဟနွိုင်းမြို့မှာဆိုရင်လည်ပတ်စရာ သမိုင်းဝင်နေရာများနဲ့ ညဖက်စည်ကားတဲ့ nightlife ရှိရာ ပျော်စရာ destination တစ်ခုဖြစ်ပြီး ဟနွိုင်းမြို့ ကို သွားရောက်လည်ပတ်မယ်ဆို အနီးအနားမှာရှိတဲ့ ဟာလောင်းဘေး ( Halong Bay ) ၊ နင်းဘင်( Ninh Binh) နဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ဆာပါး( Sapa)တို့ကို တစ်ပါတည်း သွားရောက်လည်ပတ်သင့်ပါတယ်။

လူများနဲ့ လဲ မသွားချင်ဘူး ၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ် independently သွားချင်တယ်။
စားချင်ရင်စားမယ် ၊ အိပ်ချင်ရင် အိပ်မယ်ဆိုသူတွေအတွက်တော့ ဟာလောင်းဘေး( Halong Bay) နင်းဘင် ( Ninh Binh)နဲ့ ဆာပါး (Sapa) တို့ကို သွားလည်ဖို့အတွက် စိတ်ပူမနေပါနဲ့တော့ ။

✅Private ကားငှါးမလား? 🚙
✅အိပ်စင်ပါexpress ကားနဲ့ပဲသွားမလား?🚌
✅Luxury Limousine ပဲစီးမလား? 🚐

မိမိစိတ်ကြိုက် သွားချင်တဲ့ အချိန်နဲ့ လက်မှတ်များကို Atlantis မှာ ခုပဲအလွယ်တကူ ဝယ်ယူလိုက်ပါ။

ပြေးဆွဲပေးနေတဲ့ အကြိမ်ရေများကတော့

📍Hanoi to Sapa 📍( အိပ်စင်ပါ)
▪️တစ်နေ့ သုံးကြိမ်

📍Sapa- Hanoi📍( အိပ်စင်ပါ)
▪️တစ်နေ့ ၇ ကြိမ်

📍Hanoi - Halong bay/ Halong Bay- Hanoi📍
▪️တစ်နေ့ ၈ ကြိမ်
————————————————————————
Luxury limousine ( Round trip transportation)
📍Hanoi - Halong Bay📍
▪️တစ်နာရီခြားတစ်ခါ ( မနက် ၆ နာရီမှ ည၆ နာရီထိ)

Luxury limousine (Round trip transportation)
📍Hanoi - Ninh Binh 📍
▪️တစ်နေ့ ၆ ကြိမ်
ပြေးဆွဲပေးနေပါတယ် ။

🔲 Private transportation ငှါးရမ်းလိုပါကလဲ မိမိထွက်လိုတဲ့အချိန်ကို ထွက်လို့ရအောင် စီစဉ် ညှိနှိုင်းပေးပါတယ်ခင်ဗျာ။

🔲 Luxury limousine စီးနင်းမည့်သူများကိုတော့ မိမိတည်းခိုရာ Old Quarter မှာရှိတဲ့ ဟိုတယ်တွင်ဖြစ်စေ၊ ရောက်ရောက်ချင်းလေဆိပ်ကပဲ စောင့်စီးလိုလျှင်ဖြစ်စေ မိမိသွားမယ့်အချိန်နဲ့ ကိုက်ညီမှုရှိမယ့် ကားကို ရွေးချယ်စီးနင်းလိုက်ရုံပါပဲ။

🔲ဟာလောင်းဘေး(Halong Bay)၊ နင်းဘင်( Ninh Bing) နဲ့ ဆာပါး( Sapa)တို့မှာဆိုရင်လဲ မိမိတည်းခိုသည့် ဟိုတယ်၊ Cruise center( Tuan Chau Harbor) များထိ လာရောက် ကြိုဆို/ပို့ဆောင်ပေးပါတယ်။

ဒါ့အပြင် ဗီယက်နမ်မှာတည်းခိုဖို့ ဟိုတယ်၊ ညအိပ် Cruise များ၊ Airbnb ၊ transportation နဲ့ day tour တို့ကိုပါ တစ်ပါတည်းဝယ်ယူနိုင်သေးတာကြောင့်
ခုလာမယ့် ပွင့်လင်းရာသီမှာ ဗီယက်နမ်မှာ အပန်းဖြေဖို့ စဉ်းစားနေရင်တော့ Atlantis ကိုဆက်သွယ်ဖို့ တွေဝေမနေပါနဲ့တော့ ။

အသေးစိတ်ကိုလဲ Atlantis team ရဲ့ ဖုန်းနံပါတ် 📱09-769691200 📱ကိုဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါပီခင်ဗျာ။

Happy Thadingyut to you all 🙏သီတင်းကျွတ် အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း A...
29/10/2023

Happy Thadingyut to you all 🙏

သီတင်းကျွတ် အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း Atlantis team မှာ ဆုမွန်ကောင်းပို့သအပ်ပါတယ်ခင်ဗျာ 🕯️

ဘန်ကောက်ဆေးရုံကြီး မှာ Medical check-up လုပ်တာဖြစ်ဖြစ် ၊ ကာလရှည် ဆေးကုသမှုခံယူတာဖြစ်ဖြစ် နေထိုင်နိုင်မယ့် 2 bed rooms အခ...
27/10/2023

ဘန်ကောက်ဆေးရုံကြီး မှာ Medical check-up လုပ်တာဖြစ်ဖြစ် ၊ ကာလရှည် ဆေးကုသမှုခံယူတာဖြစ်ဖြစ် နေထိုင်နိုင်မယ့် 2 bed rooms အခန်းလေးတွေကို Atlantis မှာ အလွယ်တကူဝယ်ယူလိုက်ပါ။ 🏥🧑‍⚕️👩‍⚕️

📍ဒီဖော်ပြပါ အခန်းလေးတွေဟာ ဘန်ကောက်ဆေးရုံကြီး( Bangkok Hospital) ကို မိနစ်အနည်းငယ်ခန့် လမ်းလျောက်သွားရုံနဲ့ အလွယ်တကူရောက်နိုင်မယ့် အခန်းလေးတွေဖြစ်တဲ့ အပြင် ရေကူးကန် ၊ Gym အစရှိတဲ့ facilities တွေကိုလဲ အသုံးပြုနိုင်မှာဖြစ်တာကြောင့် မိသားစုလိုက် Medical check-up လုပ်ရင်း အပန်းဖြေဖို့ အထူးသင့်လျော်ပါတယ်။

👨‍🍳ရက်ရှည်နေမယ့်သူများအတွက်လဲ Kitchen Utensils တွေပါ ထည့်သွင်းပေးထားလို့ ကိုယ်တိုင်စိတ်ကြိုက်ချက်ပြုတ်စားသောက်နိုင်ပါသေးတယ် ။

🏡Airbnb မှာနေတဲ့ အားသာချက်၊ အားနည်းချက်လေးတွေကိုတော့ ဒီ post မှာဖတ်နိုင်ပါတယ် ။

https://m.facebook.com/story.php?story_fbid=761734959291558&id=100063651837203&mibextid=hubsqH

ဒါကြောင့် ဘန်ကောက်မှာ Medical check-up လုပ်ရင်း အပန်းဖြေခရီးထွက်မယ်ဆို Atlantis ကိုသတိရလိုက်ပါခင်ဗျာ။ 🙋🏽‍♂️

( Bumrungrad ဆေးရုံအနီးမှာရှိတဲ့ အခန်းလေးတွေကိုလဲ post တစ်ခုသက်သက်တင်ပေးပါ့မယ်ခင်ဗျာ။)

For reservation : 📱09-769691200📱

ဒဏ္ဏာရီဆန်တဲ့ ဩစတြီးယားမြို့ငယ်လေး (သို့မဟုတ်) ဟောလ်စတတ်( Hallstatt) 🇦🇹🌥ဥရောပတိုက်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ဩစတြီးယားနိုင်...
23/10/2023

ဒဏ္ဏာရီဆန်တဲ့ ဩစတြီးယားမြို့ငယ်လေး (သို့မဟုတ်) ဟောလ်စတတ်( Hallstatt) 🇦🇹🌥

ဥရောပတိုက်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ဩစတြီးယားနိုင်ငံလေးဟာ ကုန်းတွင်းပိတ် နိုင်ငံလေးတစ်ခုဖြစ်သလို Alpine တောင်တန်းကြီးများ ဝန်းရံနေပြီး လူဦးရေ ကိုးသန်းခန့်သာရှိတဲ့ နိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ ဂျာမန်စကားအဓိကထားပြောတဲ့ ဒီနိုင်ငံငယ်လေးဟာ ဆွစ်ဇာလန်၊ ဂျာမနီ၊ ချက်ရီပဘလစ်၊ ဟန်ဂေရီ နဲ့ အီတလီနိုင်ငံတို့ရဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်နေပြီး ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ ၂၀ထဲမှာ အစဉ်မပြတ်ပါဝင်ပါတယ်။

သိပ်မကျယ်ဝန်းလှတဲ့ ဒီနိုင်ငံလေးဟာ သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့အလှတရားများကြောင့် ကျော်ကြားတဲ့ အပြင် ရဲတိုက်ကြီးများ ၊ နန်းတော်များနဲ့ ရှေးဟောင်းလက်ရာများ စုစည်းရာ မြို့တော်ဖြစ်တဲ့ ဗီယင်းနား(Vienna) မြို့ကြောင့်လဲ လူသိများလှပါတယ်။

ခုဖော်ပြသွားမယ့် ဟောလ်စတပ်မြို့လေးဟာဆိုရင်လဲ ဩစတြီးယားနိုင်ငံရဲ့ မြောက်ပိုင်းမှာတည်ရှိပြီး မြို့တော်ဖြစ်တဲ့ ဗီယင်းနားမြို့(Vienna) ကဖြစ်စေ ဂျာမနီနယ်စပ်မြို့လေးဖြစ်တဲ့ ဆဲလ်ဘတ်မြို့(Salzburg)ကဖြစ်စေ အလွယ်တကူသွားရောက်နိုင်တဲ့ ပုံပြင်ဆန်ဆန်မြို့လေးပဲဖြစ်ပါတယ်။ မကြာသေးသောနှစ်များက ဥရောပခရီးသွားများအပြင် ကမ္ဘာ့လှည့်ခရီးသွားများက ဒီဟောလ်စတပ်မြို့လေးကို သိပ်သတိမထားမိကြပဲ လူအရောက်အပေါက်နည်းပြီးတိမ်မြုပ်နေခဲ့ပါတယ်။ လူဦးရေ ၁၀၀၀ ဝန်းကျင်ခန့်သာနေထိုင်ပြီး ရှေးက ဆားတွင်းများ တူးဖော်ခြင်းလုပ်ငန်းကိုသာ မှီခိုခဲ့ရတဲ့ ဒီဟောလ်စတတ်မြို့သားများဟာ ခုဆို ကမ္ဘာက သိလာတဲ့ ဒီမြို့လေးကြောင့် ခရီးသွားများအပေါ်မူတည်ပြီး ဝင်ငွေများတိုးပွါးလာခဲ့ပြီပဲဖြစ်ပါတယ်။

မြို့တော် ဗီယင်နာကဆိုရင် ကားနဲ့ဆို လေးနာရီခန့်သာ မောင်းရပြီး ဆဲလ်ဘတ်မြို့ကဆို ၂ နာရီကျော်ကျော်လေးသာ မောင်းရတာကြောင့် ခရီးသွားများ မျက်စိကျခဲ့ကြတဲ့ ဒီမြို့လေးဟာ နွေရာသီကာလများမှာဆိုရင် ခရီးသွားများပြည့်နက်နေလေ့ရှိတာကြောင့် အေးအေးဆေးဆေး သွားချင်သူများအဖို့ ဆောင်းတွင်းဖက်ကို သွားဖို့တိုက်တွန်းလိုပါတယ်။အားလုံးသိကြတဲ့အတိုင်း ဥရောပရဲ့ မြို့ကြီးများဟာ နွေလတွေဖြစ်တဲ့ ဂျူလိုင်ကနေ စက်တာဘာလများမှာဆို ခရီးသွားအလွန်များတတ်တာကြောင့် ရှောင်ရှားသင့်ပြီး မြန်မာလူမျိုးများရဲ့ ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလကနေ ဖေဖော်ဝါရီလောက်ထိ သွားရောက်ရန်သင့်တော်ပါတယ်ခင်ဗျာ။

၁၉၉၇ ခုနှစ်မှာ UNESCO စာရင်းဝင်ခဲ့တဲ့ ဒီမြို့လေးဟာဆိုရင် အလှဆုံးလမ်းသွယ်လေးများ ၊ ဟောလ်စတတ်ရေကန်ကြီးနဲ့အတူ ရေခဲတောင်ကြီးနောက်ခံထားတဲ့ ချစ်စရာအိမ်လေးများနဲ့ ပနံရလှတဲ့အပြင် ချစ်စရာ Cafe’ဆိုင်လေးများကလဲ မြို့ရဲ့အလှကိုပံ့ပိုးပေးလျက်ရှိပါတယ်။

နီးစပ်ရာမြို့များဖြစ်တဲ့ မြူးနစ်မြို့ နဲ့ ဆဲလ်ဘတ်မြို့တို့ကနေ နေ့ချင်းပြန်ခရီးစဉ်များလဲရှိတာကြောင့် သွားရောက်လည်ပတ်ဖို့လဲ လွယ်ကူလာပြီဖြစ်ပါတယ်။ ညအိပ်ညနေသွားရောက် လည်ပတ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပြီး လူရှင်းတဲ့ မနက်၆ နာရီဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်လှပနေတဲ့ မြို့လေးတစ်ပတ်လမ်းလျောက်ရတာလဲ ဘာနဲ့မှမတူတဲ့ ခံစားချက်မျိုးရရှိမှာပါ။ အချိန်ရရင်လဲ တောင်ထိပ်မှာရှိတဲ့ ဆားတွင်းများတူးဖော်ပုံကို Cable car စီးကာသွားရောက်လေ့လာသင့်ပါတယ်။ Cable car ပေါ်ကမြင်ရတဲ့မြင်ကွင်းဟာလဲ မတူကွဲပြားတဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်ရသလိုခံစားရမှာအသေအချာပါ။

ဒါကြောင့် ဥရောပကို တစ်ခါတစ်ခေါက်ရောက်ခဲ့ရင် ကမ္ဘာ့အပျော်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဩစတြီးယားကို သွားရောက်လည်ပတ်ရင်း ဟောလ်စတတ်မြို့လေးကိုပါ အရောက်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ခုလို Instagrammable ဖြစ်တဲ့ ဟောလ်စတတ်မြို့လေးကို honeymoon သွားရောက်ချင်ရင်ဖြစ်စေ၊ မိသားစုလိုက်သွားရောက်ချင်ရင်ဖြစ်စေAtlantis မှာအသက်သာဆုံးစျေးနှုန်းများနဲ့အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

For reservation and inquiry:📱09-769691200📱

ခရစ်စမတ် အမှီ Santa Clausဖိုးဖိုးကြီးဆီ သွားကြမည်🌲🎅🏻🇫🇮🛑 Finland နိုင်ငံရဲ့ မြောက်ဖက်စွန်းစွန်းမှာရှိတဲ့ လက်ပ်လန်း( Lapla...
20/10/2023

ခရစ်စမတ် အမှီ Santa Clausဖိုးဖိုးကြီးဆီ သွားကြမည်🌲🎅🏻🇫🇮

🛑 Finland နိုင်ငံရဲ့ မြောက်ဖက်စွန်းစွန်းမှာရှိတဲ့ လက်ပ်လန်း( Lapland) ဧရိယာဟာ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ အတော်လေးကို ရေပန်းစားလှပါတယ်။ လက်ပ်လန်း( Lapland)ရဲ့ မြို့တော်ဖြစ်တဲ့ ရိုဗယ်နှယ်မီ ( Rovaniemi ) မြို့လေးဟာ သဘာဝအလှတရားပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့ ချစ်စရာမြို့လေး ဖြစ်တဲ့အပြင် အနောက်နိုင်ငံ တစ်ဝှမ်းမှ ကမ္ဘာလှည့် ခရီးသွားမိသားစုများရဲ့ “Dream land” တစ်ခုဆိုလဲ မမှားသလို Santa Claus ဖိုးဖိုးကြီးရဲ့ “Official Hometown” လဲဖြစ်နေပါသေးတယ် ။

အာတိတ်စက်ဝိုင်းအနီးမှာရှိတဲ့ ဒီချစ်စရာ ရိုဗယ်နှယ်မီ( Rovaniemi) မြို့လေးမှာလူပေါင်း ၆ သောင်းကျော်သာ အခြေချနေထိုင်ပြီး အခုလိုမျိုး ဆောင်းနှင်းဝေတဲ့ ခရစ်စမတ်ကာလမျိုးမှာ​ဆို ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများဟာ Santa Claus ဘိုးဘိုးကြီးရဲ့ blessingကို ခံယူဖို့ နေရာအနှံ့မှ နှစ်စဉ် လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းတို့ကို ကိုယ်စားပြုတဲ့ Santa Claus ဖိုးဖိုးကြီးနဲ့ တွေ့ဆုံဖို့ဆိုတာ မိသားစုတိုင်း၊ ကလေးတိုင်းရဲ့ အိမ်မက်တစ်ခုဆိုလဲမမှားလှပါဘူး။

ဒီ Santa Claus Villageရှိရာ ရိုဗယ်နှယ်မီ( Rovaniemi) ကိုလာတဲ့ ရည်ရွယ်ချက်ကတော့ Santa Clausဖိုးဖိုးကြီးနဲ့တွေ့ရုံတင်မကသေးပဲ ချစ်တဲ့ မိသားစုနဲ့အတူ Winter activities တွေဖြစ်တဲ့

🎄Husky tours
🦌Reindeer rides
❄️Snowmobiling
💚 Northern lights hunting tours
တို့ကို ပြုလုပ်နိုင်တဲ့အပြင် ညဖက်ထိ နေမဝင်တဲ့ Midnight sun အောက်မှာ

🐾ဟက်စကီးခွေးလေးတွေနဲ့ အတူ တောင်တက်မလား?
🛶 ကနူးလှေလှော်မလား?
🌞 Midnight sunအောက်မှာ ပျော်ပွဲစား ထွက်မလား?
🛟ရေကန်ထဲမှာ ပေါလော်ဖော်ပြီး ရေစိမ်မလား?
🎣 ငါးမျှားမလား?
စတဲ့ ကမ္ဘာ့တစ်ဝှမ်းမှာ မရနိုင်တဲ့ ထူးထူးဆန်းဆန်း activities တွေလဲ လုပ်နိုင်ဦးမှာဖြစ်လို့ပါပဲ။

🏚️ညဖက်အိပ်ယာဝင်တဲ့အခါမှာလဲ ကိုယ်တည်းခိုရာ Glass Igloo လို့ခေါ်တဲ့ မှန်သားပြင် အိမ်ခုံးလေးတွေမှာပဲတည်းတည်း၊ Cottage လေးတွေမှာပဲနေနေ Northern lights နဲ့ကြယ်တာရာတွေကို ညလုံးပေါက် ငေးကြည့်ခွင့်ရမယ့် နေရာကလဲ တစ်ကမ္ဘာလုံးမှာ နေရာသိပ် များများစားစားမရှိလှပါဘူး။

☃️❄️ဒါ့အပြင် ဘယ်နေရာမှာမှ မရှိတဲ့ ရေခဲပြင်များနဲ့ တည်ဆောက်ထားတဲ့ Arctic Snow hotel ကို လဲသွားရောက် လည်ပတ်တည်းခိုနိုင်ဦးမယ့်အပြင် Ice Bar နဲ့ Ice Restaurant တို့မှာလဲ သွားရယ်ယိုစရာ nordic အစားအသောက်များကိုလဲ သုံးဆောင်နိုင်သေးတာကြောင့် ကိုယ့်မိသားစုကို အကောင်းဆုံး၊ အထူးခြားဆုံးအရာများကိုသာ ပေးလိုတဲ့ သူများအတွက်တော့ အထူးspecial နေရာလေးတစ်ခုဖြစ်နေမှာအမှန်ပါပဲ။

🛫🚅 အခုဆို Finland မြို့တော် ဟယ်လ်စင်းကီး(Helsinki ) ကနေလဲ direct flight တွေ နေ့စဉ်ပြေးဆွဲပေးနေသလို Santa Claus Train လို့ခေါ်တဲ့ အိပ်စင်ပါ နှစ်ထပ် ညရထားများလဲပြေးဆွဲနေတာမို့လို့ အလွယ်တကူသွားရောက်နေနိုင်ပီပဲ ဖြစ်ပါတယ်။

ခုလို ခရစ်စမတ်နီးတဲ့ကာလမျိုးမှာဆို KLM Airlines ကလဲ seasonal flight များ ပြေးဆွဲပေးနေလို့ ဥရောပသွားလည်ရင်း တစ်ခါထဲ ဝင်လည်မယ့်သူတွေအတွက်လဲ အဆင်ပြေသွားစေပါတယ် ။

သွားလည်လို့ အကောင်းဆုံးအချိန်ကတော့ နိုဝင်ဘာကနေ မတ်လထိပဲဖြစ်ပါတယ်။

အခုဆိုရင် Finland visa ကိုလဲ မြန်မာနိုင်ငံ VFS center မှာ အလွယ်တကူလျောက်နိုင်နေပီဖြစ်တာကြောင့် ခရစ်စမတ်ကျောင်းပိတ်ရက် ကိုယ့်ချစ်သူနဲ့ သွားချင်ရင်ဖြစ်ဖြစ်၊ ကိုယ့်မိသားစုနဲ့ သွားချင်ရင် Atlantis ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

မိမိစိတ်ကြိုက်ခရီးစဉ်ကို အသေးစိတ်ရေးဆွဲပေးမယ့်အပြင် Scandinavian တိုင်းပြည်တွေဖြစ်တဲ့ ဆွီဒင်၊ဒိန်းမတ်၊ နော်ဝေတို့ဖက်ကို ဆက်လက်လည်ပတ်ချင်ပါကလဲ ၈ ယောက်ထက်မကျော်သော မိသားစုများအတွက် Private tour များစီစဉ်ပေးနေပီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။

For reservation: 📱09-769691200 📱

Disclaimer: No copyright infringement is intended. I do not own nor claim to own the rights to any of the photos shared.


အိုက်စလန်ရဲ့ နာမည်ကျော် ရေပူစမ်း Blue Lagoon ကိုသွားလည်မယ်ဆို ဆောင်ရန်ရှောင်ရန်များ 💦💧🌋အိုက်စလန် ဆိုတာနဲ့ သဘာဝ အတိုင်းဖြ...
15/10/2023

အိုက်စလန်ရဲ့ နာမည်ကျော် ရေပူစမ်း Blue Lagoon ကိုသွားလည်မယ်ဆို ဆောင်ရန်ရှောင်ရန်များ 💦💧🌋

အိုက်စလန် ဆိုတာနဲ့ သဘာဝ အတိုင်းဖြစ်တည်နေတဲ့ မီးတောင်များ၊ ရေတံခွန်များ ၊စိမ်းလန်းတဲ့ကွင်းပြင်ကြီးများ၊ ရေပူစမ်းများ စုစည်းရာ နိုင်ငံတစ်နိုင်ငံအဖြစ် သိရှိကြမှာပါ။ ပင်လယ်ထဲမှာ ထီးထီး တည်ရှိနေတဲ့ စကင်ဒီနေဗီးယားအဖွဲ့ဝင်နိုင်ငံငယ်လေးဟာ “The Land of Ice and Fire” လို့ လူသိများတဲ့အပြင် ထူးခြားတဲ့ ဂုဏ်ပုဒ်များနဲ့ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်တဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ 🧊🔥

နိုင်ငံလေးကသေးငယ်သော်ငြား လူနေမှု ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် တော်ရုံလူအနားမကပ်နိိုင်တဲ့ ဒီနိုင်ငံလေးဟာ ကမ္ဘာ့စတုတ္ထမြောက် စျေးအကြီးဆုံး နိုင်ငံလို့တောင်သိရှိရပြီး နိုင်ငံရဲ့ လူဦးရေ သုံးပုံ နှစ်ပုံကလဲ မြို့တော်ဖြစ်တဲ့ ရေဂျာဗစ်(Reykjavik) မြို့မှာ အများစု နေထိုင်ကြတာဖြစ်တဲ့ အတွက် သိပ်သည်းကျစ်လစ်တဲ့ နိုင်ငံငယ်လေးအဖြစ်ဖွဲ့စည်းထားပါတယ်။

အိုက်စလန်ကိုရောက်ရှိခဲ့ရင် လူအများရဲ့ Bucket-list မှာထိပ်ဆုံးက ပါဝင်တာကတော့ Blue Lagoon ရေပူစမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် Blue lagoon ကို သွားရောက်မယ်ဆိုရင် ကြိုတင်စဉ်းစားသင့်တဲ့ အချက်လေးတွေကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

📌Blue Lagoon ဆိုတာဘာလဲ ?📌

လူအများစုက Blue Lagoon ကို သဘာဝအတိုင်းဖြစ်တည်နေတဲ့ ရေပူစမ်းလို့ထင်ကြပါတယ်။ တကယ်တမ်းမှာတော့ အဲဒီထင်မြင်ယူဆချက်ဟာ လုံးလုံးမှားယွင်းပြီး Blue lagoon ဟာ man-made ရေပူစမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီရေပူစမ်းအနီးမှာရှိတဲ့ Svartsengi Geothermal Power plant က တဆင့် စီးဆင်းလာတဲ့ရေတွေဟာ ဆီလီကာနဲ့ ဆာလဖာဓာတ်များ ကြွယ်ဝပြီး ထိုရေများဟာ လူ့ခန္ဓာကိုယ်မှ ယားယံခြင်းနဲ့ အညစ်အကြေးများကို သဘာဝအတိုင်း သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် လူအများ လာရောက်အပန်းဖြေအနားယူနိုင်အောင် ဖန်တီးထားတဲ့ Spa Resort တစ်ခုပဲဖြစ်ပါတယ်။

📌တည်နေရာ 📌

Blue lagoon ကို သွားရောက်မယ်ဆိုရင် အများစုကတော့ လေယာဉ်ဆိုက်ရောက်ရောက်ချင်း (သို့မဟုတ်) နောက်ဆုံးရက် လေယာဉ်ကွင်းမသွားမှီသွားရောက်လည်ပတ်သင့်ပါတယ်။ အကြောင်းရင်းကတော့ ဒီရေပူစမ်းဟာ အဓိကလေဆိပ်ဖြစ်တဲ့Keflavik International Airport အနီးမှာပဲတည်ရှိလို့ပဲဖြစ်ပါတယ်။ လေဆိပ်ကနေ တဆင့်လာမယ်ဆိုရင် မိနစ်နှစ်ဆယ်ဝန်းကျင်ခန့်သာ ကွာဝေးပြီး မြို့တော်ဖြစ်တဲ့ ရေဂျာဗစ်က လာရောက်မယ်ဆိုရင်တော့ မိနစ် ငါးဆယ်ခန့်ကားစီးရမှာဖြစ်လို့ အစောပိုင်း လေယာဉ်နဲ့ဆိုက်ရောက်တယ်ဆို ရောက်ရောက်ချင်းတန်းသွားတာလဲ မမှားပါဘူး။ ဒါကြောင့် မိသားစု နည်းနည်းနဲ့ လာရောက်ကျတဲ့ သူများအဖို့တော့ လေဆိပ်မှ Shuttle bus နဲ့လာရောက်လို့လည်းရသလို Blue lagoon ရောက်ရင်လဲ Luggage ကို store လုပ်ထားလို့ရတဲ့ ဝန်ဆောင်မှုလည်းရှိတာမို့ အဆင်ပြေလှပါတယ်။ တချို့သောခရီးသွားများကတော့ ဒီရေပူစမ်းအပါအဝင် တခြား sightseeing များပါဝင်တဲ့ package များ ဝယ်ပြီး မြို့တော် ရေဂျာဗစ်ကတဆင့် လည်ပတ်သူများလဲရှိပါတယ်။

📌လည်ပတ်သင့်တဲ့ အချိန် 📌

Blue lagoon ကို သွားရောက်အသင့်ဆုံးအချိန်ကတော့ လူရှင်းတဲ့ ဖွင့်ဖွင့်ချင်း မနက်ခင်းအချိန်ပဲဖြစ်ပါတယ် ။ မနက်ခင်းဆို လူရှင်းတဲ့ အပြင် ဝင်ကြေးလဲ တခြားအချိန်ထက် စျေးပိုသက်သာတာမို့ ရာသီအလိုက် Blue Lagoon ဖွင့်ချိန်ကို ကြိုတင်စုံစမ်းပြီး လူအများ မလာတဲ့ အချိန်ကို ရွေးလာတာ အကောင်းဆုံးပါပဲခင်ဗျာ ။ ရာသီအလိုက်လည်ပတ်မယ်ဆိုရင်တော့ နွေရာသီချိန်ဖြစ်တဲ့ ဂျူလိုင်ကနေ စက်တင်ဘာထိလည်ပတ်သင့်ပြီး နေ့တာရှည်လျားတာကြောင့် ဖွင့်ချိန်/ ပိတ်ချိန် ပိုမိုရှည်ကြာတဲ့အပြင် Midnight sun အောက်မှာ ရေပူစမ်းစိမ်နိုင်ရန် ပိတ်ချိန်ကို ည၁၀ နာရီဝန်းကျင်ထိ တိုးထားပေးပါသေးတယ်။

ဆောင်းတွင်းဖက် သွားမယ်ဆိုလည်း မတူညီတဲ့ ခံစားချက်မျိုးရရှိမှာဖြစ်ပြီး ချမ်းချမ်းအေးအေးရာသီဥတုမှာ အပူချိန် ၃၇ မှ ၄၀ ဒီဂရီ ဆဲလ်စီးယက်ထိရှိတဲ့ ရေပူစမ်းထဲမှာ စိမ်ရင်း ဇိမ်ခံနိုင်မှာဖြစ်ပါတယ်။ တချို့ဆိုလျှင်ကံကောင်းထောက်မစွာနဲ့ ညနေဖက်ရေပူစမ်းစိမ်ရင်း Northern light ကိုတောင် မြင်တွေ့နိုင်ပါသေးတယ်တဲ့ခင်ဗျာ ။

📌လက်မှတ်အမျိုးအစားများ📌

အခြေခံအားဖြင့် Blue lagoon လက်မှတ်ကို သုံးမျိုးသုံးစားခွဲခြားထားပါတယ်။ Blue lagoon လက်မှတ်ဝယ်လိုက်ပီဆိုတာနဲ့ Eletronic လက်ပတ်လေး တစ်ခုပေးမှာဖြစ်ပြီး မိမိဝယ်ယူတဲ့ လက်မှတ်ပေါ်မူတည်ပြီး ပါဝင်မှုများကွဲပြားမှာဖြစ်ပါတယ်။ Sauna and Steam rooms အသုံးပြုမှုကတော့ package အမျိုးအစားတိုင်းမှာ ပါဝင်ပါတယ်။

✅Comfort package - စျေးအသက်သာဆုံးလက်မှတ်အမျိုးအစားဖြစ်ပြီး ရေပူစမ်း ရေကန်သုံးခွင့်အပြင် ရေချိုးတာဝါ၊ ဆီလီကာရွံ့စေး Mask ၊နဲ့ Drink တစ်ခု သောက်သုံးခွင့်ပါဝင်ပါတယ်။ Locker ပါဝင်တဲ့အပြင်Shampoo နဲ့ conditioner တို့လည်းပါဝင်ပါတယ်။

✅Premium package - ဒီ package မှာတော့ comfort package မှာပါဝင်တဲ့ ပစ္စည်းများအပြင် Face mask အပိုတစ်ခု ၊ slipper တစ်ရံ ၊ bathrobe တစ်စုံ နဲ့ စပါကလင်ဝိုင် တစ်လုံးအပိုပါတယ်။

✅Luxury retreat spa package - ဒီ package မှာတော့ လေးနာရီကြာ Private Lagoon မှာ Spa Retreat ရရှိမယ့်အပြင် ၊ ကိုယ်ပိုင် အဝတ်အစားလဲခန်း၊ Skin Care ပစ္စည်းများ နဲ့ Special treatment room အသုံးပြုခွင့်တို့ ပါဝင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Spa restaurant မှာ သုံးဆောင်ခွင့်တို့လဲပါဝင်ပါတယ်။

📌ကြိုတင် Reservation လုပ်သင့် /မလုပ်သင့် 📌

Blue lagoon ကို သွားရောက်မယ်ဆိုတာနဲ့ ကြိုတင် reservation လုပ်ကိုလုပ်သင့်ပါတယ်။ နေ့စဉ်လာရောက်လည်ပတ်သူ ထောင်ချီရှိတာကြောင့် ကြိုတင် စီစဉ်မှုမရှိပါက မလိုအပ်ပဲစောင့်ဆိုင်းရတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူတစ်ယောက်ချင်းစီတိုင်းကို time slot နဲ့ တကွပေးဝင်တာဖြစ်တဲ့အတွက်ကြောင့် သွားရောက်မယ်လို့ စိတ်ကူးထားပါက ကြိုတင် Reservationလုပ်ထားမှသာ စိတ်ချရပါမယ်ခင်ဗျာ ။

📌ကလေးများ လာရောက်ခွင့်ပြုပါသလား?📌

Blue lagoon ဟာ မိသားစုများ အဓိက လာရောက်အပန်းဖြေဖို့ အသားပေးဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးများကိုလဲ အုပ်ထိန်းသူမိဘနဲ့အတူ လာရောက်ခွင့်ပြုထားပါတယ်။ ရေအနက်ဟာ ၄ပေ ၇လက်မ ရှိတာကြောင့် ၂ နှစ်အောက် ကလေးများကိုတော့ လာရောက်ခွင့်မပြုပဲ ၂ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးများကိုတော့ အုပ်ထိန်းသူမိဘနဲ့ လာရောက်ပါက အခမဲ့ ဝင်ခွင့်ပြုထားပါတယ်။ Arm floats ရေပေါ်လေထိုးအရုပ်လေးတွေကိုတော့ မဖြစ်မနေတတ်ရပြီး အခမဲ့အသုံးပြုလို့လဲရပါတယ်ခင်ဗျာ။

📌ရေပူစမ်းထဲကို မဝင်ခင် ရေချိုးရပါသလား📌

ဟုတ်ကဲ့... ရေပူစမ်းကို မဝင်ခင် သန့်ရှင်းစင်ကြယ်စေဖို့ ကိုယ်လုံးတီး ရေချိုးရပါတယ်။ကျား/မ ခွဲခြားထားပြီး Privacy အပြည့်အဝရှိတဲ့ ရေချိုးခန်းတွေလဲ ရှိတာကြောင့် စိတ်ပူစရာမလိုပါဘူးခင်ဗျာ ။
ပြီးမှ ကိုယ့်ရေကူးဝတ်စုံလဲပြီး ရေပူစမ်းထဲကို ဆင်းခွင့်ပြုပါတယ်။

📌Blue Lagoon မှာ ညအိပ်လို့ရလား?📌

Blue lagoon မှာ ညအိပ်လိုပါကလဲ ကပ်လျက်မှာတင် The Silica hotel နဲ့ The Retreat Hotel တို့ရှိတာကြောင့် မိသားစုနဲ့လာလို့ အေးအေးဆေးဆေး အနားယူချင်ရင်လဲ တည်းခိုလို့ရပါသေးတယ်။ The Retreat Hotel ကတော့ ကြယ်ငါးပွင့်အဆင့်ရှိတာမို့ ဇိမ်ခံချင်သူများအဖို့ ပိုမိုသင့်တော်ပါတယ်။

📌နောက်ထပ် ဆောင်ရန်ရှောင်ရန်များ 📌

☑️ Blue lagoon ဟာ ဝင်ကြေးအနေနဲ့ အနည်းငယ်မြင့်မားမှုရှိတာကြောင့် Budget traveler များအနေနဲ့ ရောက်ဖူးချင်ရုံသက်သက်ဆို အထဲကိုမဝင်ပဲလဲ Resort အပြင်ကနေ Blue lagoon နောက်ခံနဲ့ဓာတ်ပုံသွားရောက်လို့လဲရပါသေးတယ် ။

☑️Blue lagoon ဟာ wheelchair အသုံးပြုသူများအဖို့လဲ အဆင်ပြေအောင် စီစဉ်ပေးထားတာကြောင့် Wheelchair parking သပ်သပ်စီစဉ်ထားပေးသလို Disable ဧည့်သည်တော်များ အတွက်လဲ အဆင်ပြေအောင် စီစဉ်ထားရှိပါတယ်။

☑️Blue lagoon မှ ရေများဟာ Chemical ပစ္စည်းများ ပါဝင်တဲ့အတွက် အမျိုးသမီးများ အနေနဲ့
ဆံသားများပျက်စီးမှု မရှိအောင် ရေထဲသို့မဆင်းမှီ Hair conditioner များလိမ်းကျံပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

☑️ရေစိမ်ပြီးနောက် မိမိရဲ့ ရေစို Swim suit များကိုလဲ ထည့်ရန်အတွက်လဲ ပလပ်စတစ်အိတ်များကို အခမဲ့ တောင်းယူနိုင်ပါတယ်။

☑️လာရောက်တဲ့ ဧည့်သည်တိုင်းကို Electronic လက်ပတ်လေးပေးတဲ့အတွက်ကြောင့် ထိုလက်ပတ်လေးမပျောက်အောင် သေချာထိန်းသိမ်းထားဖို့ တော့လိုအပ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အချက်များကတော့အိုက်စလန်နိုင်ငံရဲ့ နာမည်ကျော် Blue lagoon ရေပူစမ်းကို သွားရောက်လည်ပတ်ရင်သိထားသင့်တဲ့အချက်များပဲဖြစ်ပြီး Atlantis မှာလဲ စျေးနှုန်းမှန်ကန်တဲ့ Package များကို ဝယ်ယူနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ ။

For reservation: ☎️ 09-769691200 ☎️


❄️နှင်းတွေ ဖုံးလွှမ်းနေတဲ့ တော၊တောင်၊ ရေတံခွန်တွေရဲ့အလှကို ခံစားရင်း ဥရောပ ကောင်းကင်တစ်ခွင်မှာ ပျံသန်းကြဖို့ Helicopter ...
12/10/2023

❄️နှင်းတွေ ဖုံးလွှမ်းနေတဲ့ တော၊တောင်၊ ရေတံခွန်တွေရဲ့အလှကို ခံစားရင်း ဥရောပ ကောင်းကင်တစ်ခွင်မှာ ပျံသန်းကြဖို့ Helicopter Tours လာပါပီ 🚁😍

🏔️ဥရောပတစ်ခွင်မှာ Helicopter စီးပြီး ပျံသန်းတော့မယ်ဆို Alps တောင်တန်းတွေလောက် လှနိုင်မယ့် နေရာမရှိတော့ပါဘူး။

🏔️ဥရောပရဲ့ အရှည်လျားဆုံးတောင်တန်းကြီးဖြစ်တဲ့ Alps တောင်တန်းတွေဆိုတာ တစ်နှစ်ပတ်လုံး ရေခဲပြင်များဖုံးလွှမ်းနေတဲ့အပြင် အရှေ့ဖက်( Eastern Alps) မှာဆို ဆွစ်ဇာလန်၊ လစ်ချန်စတိန်း ၊ ဩစတြီးယား ၊ အီတလီအရှေ့တောင်ပိုင်း၊ ဂျာမနီတောင်ပိုင်း နဲ့ ဆလိုဗေးနီးယားတောင်ပိုင်းတို့ အထိ ထိစပ်နေတဲ့အပြင် အနောက်ဖက် ( Western Alps) မှာဆိုလဲ ပြင်သစ်အရှေ့တောင်ပိုင်း၊ အီတလီအနောက်မြောက်ပိုင်း၊ ဆွစ်ဇာလန်အနောက်တောင်ပိုင်းနဲ့ မိုနာကိုတို့ထိ ရှည်လျားလှတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ လခြမ်းပုံသဏ္ဏန် တောင်တန်းကြီးဖြစ်ပါတယ်။ ဒီနေရာမှာ တန်ဖိုးမဖြတ်နိုင်ဘူးဆိုတဲ့ အကြောင်းတရားရှိပါတယ်။

✅ဘာလို့လဲဆိုတာတော့ အခု ဥရောပမှာ သုံးစွဲနေတဲ့ ရေ ၉၀ ရာခိုင်နှုန်းကျော်ရဲ့ ရင်းမြစ်ဟာ ဒီ Alps တောင်တန်းတွေဆီက ရရှိနေလို့ပဲဖြစ်ပါတယ် ။ ဒီတောင်တန်းကြီးတွေနဲ့ တောက်လျောက်ထိစပ်နေတဲ့ နိုင်ငံ ၈ နိုင်ငံကိုတော့ Alpine Countries တွေလို့ ခေါ်တွင်ပါတယ်။ ဒီနေရာမှာ လူတွေ အမှတ်မှားနေကြတဲ့ အရာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ Alps တောင်တန်းဆိုတာနဲ့ ဆွစ်ဇာလန် ကိုပြေးမြင်ကြခြင်းပဲ ဖြစ်ပါတယ် ။ ဆွစ်ဇာလန်က မြင်လဲမြင်ချင်စရာဖြစ်အောင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ခုလိုလှပတဲ့ Alps တောင်တန်းကြီးတွေနဲ့ ဝိုင်းရံထားပါတယ် ။ တကယ်တမ်းကျတော့ အထက်မှာဖော်ပြထားတဲ့ နိုင်ငံတွေနဲ့လဲ ထိစပ်နေခြင်းပဲဖြစ်ပါတယ် ။

✅ ကျနော်တို့ ခုAtlantis မှာ ရောင်းချပေးနေတဲ့ Helicopter tours တွေဆိုတာကတော့ ခုအထက်ပါဖော်ပြတဲ့ ရေခဲပြင်ဖုံးလွှမ်းနေတဲ့ Alps တောင်တန်းတွေရဲ့ အပေါ်ကနေ ပျံသန်းမှာဖြစ်ပြီး တော်ရုံကားနဲ့ သွားရင်တောင် မမြင်တွေ့နိုင်တဲ့ လျိုမြောင်၊ တောင်ကြား၊ ရေတံခွန် ၊ ရဲတိုက်တို့ကို မတူတဲ့ ရှူထောင့်ကနေ မြင်တွေ့ခွင့်ရမှာပဲဖြစ်ပါတယ် ။

🇨🇭 ဆွစ်ဇာလန်မှာအလှဆုံးရှူခင်းတွေဖြစ်တဲ့ Swiss Alps တစ်လျောက်မှာတော့ :

🔲Stockhorn Helicopter Tour
🔲Swiss Alps Helicopter Tour
🔲Jura and Seeland Helicopter Tour
🔲Matterhorn Helicopter Tour
🔲Capital City Tour
ဆိုပီးတော့ ဆွစ်ဇာလန်ရဲ့ မြို့တော် ဘန်း(Bern) မြို့ကနေထွက်ခွါတဲ့ Tour တွေကိုရောင်းပေးပါတယ်။

⏳အချိန်ကတော့ ကိုယ်ယူတဲ့ Tour ပေါ်မူတည်ပြီး မိနစ် ၂၀ ကနေ မိနစ် ၇၀ ထိကြာမြင့်ပါတယ် ။
————————————————————————-
🇫🇷ပြင်သစ်ကနေ စီးနင်းနိုင်တဲ့ French Alps Tours တွေကိုတော့ အမြင့်ဆုံး ရေခဲတောင်ကြီးဖြစ်တဲ့ Mont Blanc တစ်ဝိုက် ပျံသန်းမှာဖြစ်ပြီး ရှမူနီ ( Charmonix) ski resort တစ်ဝိုက်မှာရှိတဲ့ လေဆိပ်( Base camp) လေးခုကနေ စီးနင်းနိုင်မှာဖြစ်ပါတယ် ။

🚁 Mont Blanc တစ်ဝိုက်က Helicopter Tours တွေကိုတော့ မိနစ် ၂၀ ၊ မိနစ် ၃၀ နဲ့ မိနစ် ၅၀ ဆိုပြီး ကိုယ်ကြိုက်တဲ့ Package ကို စီးနင်းနိုင်မှာဖြစ်ပြီး ကိုယ့်စိတ်ကြိုက်Base Camp ကနေလဲ စီးနင်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံ တစ်ဝိုက်မှာလဲ ပဲရစ်မြို့အပါအဝင် Base camp ရှိတဲ့ မည်သည့် မြို့မှာမဆို စီးနင်းနိုင်မှာလဲဖြစ်ပါတယ် ။ ပျံသန်းမယ့် ခရီးစဉ် အမျိုးအစားကတော့ တစ်ခုနဲ့တစ်ခုကွာခြားပါတယ်။

💶စျေးနှုန်းလေးတွေကလဲ Affordable ဖြစ်ပြီး လူဦးရေ အနည်းဆုံး ၃ ယောက်ကနေ ၅ ယောက်ရှိတာနဲ့ စီးနင်းနိုင်မှာဖြစ်တာကြောင့် မိသားစုများခရီးသွားရင်း တစ်သက်မှာတစ်ခါ Alps တောင်တန်းကြီးရဲ့ အလှကို ကြည့်ရှူခံစားဖို့ Atlantis ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ ။

ခရီးစဉ်ကို အသေးစိတ်သိလိုပါကလဲ ဖုန်းနံပါတ် ☎️ 09-769691200 ☎️ကိုဆက်သွယ်ပြီးဖြစ်စေ၊ [email protected] ကို email ပို့၍ဖြစ်စေ အသေးစိတ်မေးမြန်း စုံစမ်းနိုင်ပြီဖြစ်ပါတယ်။

လာ

Address

No 102 , Kan Yeik Mon Condo, Kan Street , Hlaing Township
Yangon
11051

Telephone

+959769691200

Website

Alerts

Be the first to know and let us send you an email when Atlantis - Travel Consulting Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Atlantis - Travel Consulting Service:

Videos

Share

Category

Nearby travel agencies