MIA Travel & Tours

MIA Travel & Tours MIA Travel & Tours Co.,Ltd. was established 2016 located in Yangon, Myanmar. We provide both Inbound, Outbound, and Domestic tour & ticket services. Car Rental
6.
(42)

Mingalabar from MIA Travels & Tours! We present our greetings, compliments and wishes to express our keen desire to secure the possibility of exclusively managing your travel account. It is in the connection that we are writing and enclosing for your kind consideration our brief introduction “MIA Travels & Tours” that has been licensed by the “Ministry of Hotels & Tourism in Myanmar, Union of Myan

mar Travel Association” which is a leading worldwide air ticketing and hotel to the Travel Industry services. We have highly skilled professionals for the convenience and quick services for our valuable clients. Our agency is equipped with the latest online worldwide airline computer reservation systems such as AMADEUS, SABRE and GALILEO etc., with latest back office support systems. As a travel organization, we are in the business of selling people a different environment than their day-to-day life. It is important that we consider both our home, working and destination environments in all aspects of the business. Our Service
1. Inbound, Outbound and Local Tour Packages
2. International and Domestic Air Ticket
3. Worldwide Hotel Accommodation
4. Visa Services
5. International and Domestic Cruise Ticket
7. International Entrance Ticket
8. Guide and Translator Services
9. MICE ( Meeting, Incentive, Conference, Exhibition )
Our aim is to operate a sustainable business practice that is considerate of the environment and energy resource use. MIA Travels & Tours is a leading travel service organization offering a wide range of distribution of high quality, competitively priced, and value added products and services to the travel market in Myanmar. We have professional and specialized business units that best represent our customer’s demands. We provide a complete range of ready-made and tailor-made solutions to all travel market segments including individual travel, business travel and family holidays. Information
MIA Travels & Tours Company Limited ( Myint Myat Bodhgaya Pilgrimage Group )
Address: A-1 (502), Shwe Gone Thu Housing, Lower Kyee Myin Daing Road, Kyee Myin Daing Township, Yangon, Myanmar. Tel: +959-5016690, +959-795599909, +959-775599909
Email: [email protected], [email protected]
Website: www.miatoursmyanmar.com

We are a member of:
Ministry of Planning & Finance
Ministry of Hotels & Tourism in Myanmar ( Inbound & Outbound )
Union of Myanmar Travel Association

MIA TravelandTour ခရီးသွားချစ်သူလေးတွေနဲ့အတူတူဆော့ရအောင် ✌🏻ခရီးသွားရင် ယူသွားဖြစ်တဲ့ ပစ္စည်းလေးတွေက ဘယ်နေရာလေးတွေမှာရှိန...
05/10/2020

MIA TravelandTour ခရီးသွားချစ်သူလေးတွေနဲ့အတူတူဆော့ရအောင် ✌🏻

ခရီးသွားရင် ယူသွားဖြစ်တဲ့ ပစ္စည်းလေးတွေက ဘယ်နေရာလေးတွေမှာရှိနေလည်း? 🤯

ဦးနှောက်လေးကိုလည်း Fresh ဖြစ်သွားစေမှာမို့ သူငယ်ချင်းတွေနဲ့ အတူတူရှာရအောင်…..

🙏🏼 ကိုဗစ် မြန်မြန်ကင်းရှင်းပြီး သွားချင်တဲ့ခရီးတွေလည်းအမြန်ဆုံးသွားနိုင်ပါစေလို့ MIA TraveslandTours မိသားစုကလည်း ဆုတောင်းပေးလိုက်ပါတယ်။


💪🏻ကိုဗစ် ၁၉ကာလအတွင်း ကိုယ်ခံအားကောင်းအောင်ဘာတွေလုပ်ဖို့လိုမလဲ ? 🔹လက်ရှိဖြစ်နေတဲ့ ကိုဗစ် ၁၉ ရောဂါပိုးကို ကိုယ်ခံအားကောင်း...
29/09/2020

💪🏻ကိုဗစ် ၁၉ကာလအတွင်း ကိုယ်ခံအားကောင်းအောင်ဘာတွေလုပ်ဖို့လိုမလဲ ?
🔹လက်ရှိဖြစ်နေတဲ့ ကိုဗစ် ၁၉ ရောဂါပိုးကို ကိုယ်ခံအားကောင်းအောင်နေခြင်းဖြင့် ကာကွယ်လို့ရပါတယ်။
🔸မိမိ ခန္ဓာကိုယ်မှာရှိတဲ့ သဘာဝကပေးလိုက်တဲ့ ကိုယ်ခံအားစနစ်က ရောဂါဆိုးတွေ မဝင်‌ရောက်နိုင်အောင်တားဆီးပေးတဲ့ အဓိက လက်နက်ပါ။
🔹ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုရင် အစာအုပ်စု ၃ အုပ်စုမှာပါဝင်တဲ့ အစားအစာတွေကိုမျှတအောင် စားပေးဖို့လိုအပ်ပါတယ် ။
🔸အဆီဓာတ်၊ ကဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပေးနိုင်တဲ့ အစားအစာတွေကိုအဓိကထား စားသုံးရပါမယ်။
🔹အစားအစာတင်မဟုတ်ဘဲ အိမ်မှာနေရင်း လိုက်လုပ်လို့ရမယ့် အချက်လေးတွေကို MIA TravelsandTours က ခရီးသွားချစ်သူတွေအတွက် ပြောပြပေးလိုက်ပါတယ်။

ကိုဗစ် မြန်မြန်ကင်းရှင်းပြီး သွားချင်တဲ့ခရီးတွေလည်းအမြန်ဆုံးသွားနိုင်ပါစေလို့ MIA TraveslandTours မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။


Covid - 19 ကာလအတွင်း Commerical Flight များ မရှိတော့ဘဲ  (နှစ်ဖက်နိုင်ငံအစိုးရများ၊ လေကြောင်းလိုင်းများ နှင့် သံရုံးများမ...
23/09/2020

Covid - 19 ကာလအတွင်း Commerical Flight များ မရှိတော့ဘဲ (နှစ်ဖက်နိုင်ငံအစိုးရများ၊ လေကြောင်းလိုင်းများ နှင့် သံရုံးများမှ ပူးပေါင်းချိတ်ဆက်၍ ပျံသန်းသော) Relief Flight (ကယ်ဆယ်ရေးလေယာဉ်)များသာ ပျံသန်းတော့မှာဖြစ်တဲ့အတွက် ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၊မြန်မာနိုင်ငံမှ ထွက်ခွာလိုသော နိုင်ငံခြားသားများနှင့် မဖြစ်မနေ သွားရောက်ရန် လိုအပ်နေသော ခရီးသွားများ အနေဖြင့် အချက်အလက်များ စုံစမ်းမေးမြန်းရန် အခက်အခဲများ ရှိနေတာကိုတွေ့ရပါတယ်။

👉🏻 ဒါကြောင့် MIA Travel and Tours မှ အဆင်ပြေစေရန် ရည်ရွယ်၍သက်ဆိုင်ရာမှ ပြန်ကြားသော လက်ရှိ ပြေးဆွဲလျက်ရှိတဲ့ Relief Flight များနှင့် ပက်သတ်သော သတင်းအချက်အလက်များကိုတင်ပေးသွားမှာဖြစ်ပါတယ် ။

လူစုလူဝေးကိုရှောင်ရှားပြီး အိမ်မှာပဲအတတ်နိုင်ဆုံးနေတာ အကောင်းဆုံးဖြစ်ပါတယ် ။

အပြင်ထွက်ဖို့အကြောင်းရှိလာပါကလည်း Mask 😷သေချာတပ်ပြီး လက်ကိုခဏခဏ ဆေးဖို့မမေ့ကြပါနဲ့နော် ။ 🙌🏻

Covid Second Wave ကိုလည်း အန္တရာယ်ကင်းစွာ အမြန်ဆုံးကျော်ဖြတ်နိုင်စေဖို့ MIA TravelandTours မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ 💗


❗️Covid Second Wave ရဲ့ကူးစက်မှုနှုန်းက တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပါတယ် ။ ❗️- ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့ တစ်...
12/09/2020

❗️Covid Second Wave ရဲ့ကူးစက်မှုနှုန်းက တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပါတယ် ။ ❗️

- ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့ တစ်ပြိုင်နက် ကာကွယ်ခြင်းလုပ်ငန်းတွေကိုလည်း ပိုမို ဂရုစိုက် လုပ်ဆောင်လာရပါတယ်။ 👍🏻

- မိမိကနေစပြီး မိမိ မိသားစု၊ မိမိ ပတ်ဝန်းကျင်ပါ မထိခိုက်ရအောင် ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာပေးဖို့လိုပါတယ် ။
- MIA TravelsandTour ကနေ အဓိကနဲ့ အခြေခံကျတဲ့ ကာကွယ်ရမဲ့အချက်တွေနဲ့ Covid Second Wave ကိုဘယ်လိုမျိုးအကောင်းဆုံး ဖြတ်သန်းကြမလည်းဆိုတာ ပြောပြလိုက်တယ်နော် ……🤗

1. အပြင်သွားတိုင်း Maskတပ်ပါ ။ 😷

__Mask ကတော့ ဘယ်သွားသွားတပ်ကိုတပ်ရမှာဖြစ်ပါတယ် ။ လေထုထဲကတစ်ဆင့်ကူးစက်နိုင်တာမို့ Mask ကိုသေချာစွာဂရုတစိုက်လေးနဲ့ တပ်ပေးစေလိုပါတယ် ။ တစ်ခါသုံးပြီးရင်လည်း ပြန်မသုံးပဲနဲ့ သေချာလွှတ်ပစ်ပေးပါနော် ။

2.တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ဆေးရည် (သို့) ဆပ်ပြာ ဖြင့်သေချာစွာဆေးကြောပါ ။ 🚿🧼

__လက်ကနေတစ်ဆင့် မျက်လုံး ၊ ပါးစပ် တို့ကနေ လည်ချောင်းထဲရောက်ပြီး ကူးစက်တတ်စေတာမို့ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း Hand Sanitizer ဒါမှမဟုတ် ဆပ်ပြာနဲ့ ၂ မိနစ်ခန့် ဆေးကြောပါ ။

3.ကိုယ်ခံအား ကောင်းစေဖို့ အိပ်ရေးဝဝ အိပ်ပါ။ 😴
__အိပ်ရေးမဝရင် ကိုယ်ခံအားကျပြီး ရောဂါအစုံဝင်နိုင်တဲ့အတွက် အိပ်ရေးဝဝအိပ်စက်အနားယူဖို့ လုံးဝလိုအပ်ပါတယ်။

4.အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးပါ ။ 🍞🥚🍗🍤

__ကိုယ်ခံအားကောင်းစေဖို့အတွက်က အစားအသောက်တွေလည်း အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့ လိုအပ်ပါတယ် ။ အပြင်စာကိုတတ်နိုင်သလောက်လျှော့စားပြီး အိမ်မှာနေရတုန်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေများများလုပ်စားကြပါ ။

5. မဖြစ်မနေအပြင်သွားတဲ့အခါ အနဲဆုံး ( 6 )ပေအကွာမှာနေပါ ။ 🧍🏻‍♂️< 6’ > 🧍🏻‍♀️

__လူစုလူဝေးရှောင်ရှားပြီး အပြင်မသွားတာကတော့ အကောင်းဆုံးဖြစ်ပေမယ့် အရေးကြီး ကိစ္စတွေရှိလို့သွားဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အနဲဆုံး 6 ပေ ကွာပြီးသွားလာပါ ။

💁🏻‍♀️အားလုံးပဲ Covid Second Wave ကိုအကောင်းဆုံးကျော်ဖြတ်ပြီး အရင်လို ခရီးတွေလည်းအမြန်ဆုံးပြန်သွားနိုင်ပါစေလို့ MIA TravelsandTour က ဆုတောင်းပေးလိုက်ပါတယ် ။ 🙏🏼



💥 အမှတ်ရစရာတွေနဲ့ တောင်ကြီးမီးပုံးပျံပွဲ 💥🔥  တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲဆိုတာက မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ရိုးရာဓလ...
02/09/2020

💥 အမှတ်ရစရာတွေနဲ့ တောင်ကြီးမီးပုံးပျံပွဲ 💥🔥

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲဆိုတာက မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ရိုးရာဓလေ့ပွဲတော် တစ်ခုပါ ။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို တန်‌ဆောင်မုန်းလ( နိုဝင်ဘာလ) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ် ။

ပွဲတော်ကို လဆန်းရက်တွေက စတင်ကျင်းပတက်ပြီး လပြည့်နေ့ နှင့် ဖွင့်ပွဲတို့တွင် လူပိုများပါတယ် ။


အရင်က တောင်ကြီး မီးပုံပျံပွဲရယ်လို့ ကြီးကြီးမားမား မကျင်းပကြသေးဘဲ ဆီမီးထွန်းတာတွေ ၊ မီးရှူးမီးပန်းလွှတ်တင်တာတွေပဲလုပ်ခဲ့ကြပြီး အထူးသဖြင့် မိမိတို့ ရပ်ရွာကနေ မကောင်းဆိုးဝါးများ နှင်ထုတ်ဖို့အတွက်လောက်ပဲ ရည်ရွယ်ပြီးကျင်းပခဲ့ကြတယ်လို့သိရပါတယ်။

ယခုအခါ နေ့မီး , ညမီးကြီး , စိန်နားပန် နှင့် နေ့လွှတ်အရုပ် ဟူ၍ပြိုင်ပွဲများကျင်းပကာ လွှတ်တင်လေ့ရှိပါတယ် ။

ဒိုင်တွေရဲ့ အားပေးစကားများနဲ့ ပရိတ်သတ်တွေရဲ့ အားပေးသံတွေကိုကြားရတာက ပိုပြီး အားတက်ပြီး ပျော်စရာကောင်းပါတယ် ။ အန္တရာယ်လဲ အနည်းငယ်ရှိတာမို့ သတိလေးလည်းထားပြီး အားပေးကြဖို့လိုပါတယ် ။ ကွင်းထဲမှာ လာရောက်သူတွေနဲ့ကျိတ်ကျိတ်တိုး အားပေးကြတာမို့ အရမ်းစည်ကားပြီး အရမ်းကိုပျော်စရာ ကောင်းတဲ့ မြန်မာ့ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ။

ပွဲတော်ရက်တွေနဲ့ကိုက်ပြီး လာသူများလည်းရှိပါတယ် ။ လပြည့်ရက် မတိုင်ခင် လာမှလည်း Hotel တွေရနိုင်မှာဖြစ်ပြီး တောင်ကြီးမြို့ထဲမှာ လျှောက်လည်လျှောက်စား လုပ်လို့ရပါသေးတယ်နော် ။

တောင်ကြီးမီးပုံးပျံပွဲ ကို လေကြောင်း 🛫၊ Express 🚍 ၊ မိသားစုလိုက်ကား🚘 များနှင့်လည်း လာရောက်ဆင်နွှဲလေ့ရှိပါတယ် ။

MIA Travel&Tours မှာလည်း ပွဲတော်ရက်နီးလေလေ, တောင်ကြီး Air Tickets တွေ ရော Bus Tickets တွေပါ အရောင်းရဆုံးပါပဲ….

ဒါဆို Covid ကြီးပြီးသွားရင်သွားမယ့် ခရီးသွား list ထဲ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ပါထည့်ထားလိုက်တော့ ….

MIA Travel&Tours ကလည်းကပ်ဘေးကြီး အမြန်ဆုံးပြီးဆုံးကာ ပျောက်ကင်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။ 🙏🏼🙏🏼🙏🏼



မင်္ဂလာပါရှင့်  💎    MIA Travel&Tours ကနေ ကိုဗစ်ကြောင့် ခရီးတွေမသွားဖြစ်ကြပေမယ့် အရင်သွားခဲ့ဖူးတဲ့ အမှတ်တရ တွေပြန်လည်အမှ...
29/08/2020

မင်္ဂလာပါရှင့် 💎
MIA Travel&Tours ကနေ ကိုဗစ်ကြောင့် ခရီးတွေမသွားဖြစ်ကြပေမယ့် အရင်သွားခဲ့ဖူးတဲ့ အမှတ်တရ တွေပြန်လည်အမှတ်ရစေဖို့အတွက်နဲ့ ကိုဗစ်ပြီးလို့ MIA Travel&Tours နဲ့ ခရီးသွားရင် ဘယ်တွေသွားမယ်ဆိုပြီး ကြိုပြီး စိတ်ကူးယဥ်လို့ရအောင် ခရီးသွားအကြောင်းတွေကိုမရိုးနိုင်အောင် တင်ပေးလျက်ရှိပါတယ်နော် ။

ဒီတစ်ခါလည်း ပြင်ဦးလွင် မှာရှိတဲ့ နာမည်ကြီး 🏞ရေတံခွန် (၃) ခုအကြောင်းကို ရွေးချယ်ဖော်ပြ‌ပေးလိုက်ရပါတယ် ။

ဘယ် ( ၃ ) ခုဖြစ်မလဲဆိုတာ ပုံလေးတွေကို နှိပ်ပြီး ကြည့်သွားပေးကြဦးနော် ❣️

အမှတ်တရတွေရှိခဲ့ရင်လဲ Comment မှာပြောပြသွားလို့ရပါတယ် 👀.. ….


🚲🚲စက်ဘီးသံလေးတွေကလင်ကလင်နဲ့ ကျက်သရေရှိလှတဲ့ လှပတဲ့ ကျုံးနဲ့ ခမ်းနားထည်ဝါလှတဲ့ မြနန်းစံကျော်ရွှေနန်းတော်ကြီး တည်ရှိတဲ့ မန...
28/08/2020

🚲🚲စက်ဘီးသံလေးတွေကလင်ကလင်နဲ့ ကျက်သရေရှိလှတဲ့ လှပတဲ့ ကျုံးနဲ့ ခမ်းနားထည်ဝါလှတဲ့ မြနန်းစံကျော်ရွှေနန်းတော်ကြီး တည်ရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ကြီးဖြစ်ပါတယ် ။

သမိုင်းအဆက်ဆက် ခတ်အဆက်ဆက်နောက်ခံသမိုင်းကြောင်းများနှင့်ထင်ရှားတဲ့မန္တလေးကို သွားရောက်လည်ပတ်သော ပြည်တွင်းဧည့်သည်များနှင့် လာရောက်လည်ပတ်သော နိုင်ငံခြားသား ဧည့်သည်များ အများအပြားရှိပါတယ် ။

မန္တလေးသည် ဘယ်နှစ်ကြိမ်သွားသွား မရိုးနိုင်သော ခံစားမှုရသ ပေးစွမ်းနိုင်သော မြို့တစ်မြို့လဲဖြစ်ပါတယ် ။
မန္တလေးသွားလျှင် မဖြစ်မနေ သွားရောက်လည်ပတ်လေ့ရှိသောနေရာများကို 🌸MIA TravelandTours 🌸မှ ခရီးသွားချစ်သူများအတွက် သတိတရရှိစေဖို့ဖော်ပြပေးလိုက်ပါတယ်နော်။


^  ကရင်ပြည်နယ် (သို့မဟုတ်) ဒေါနမြေ  ^ကရင်ပြည်နယ် လို့ပြောလိုက်တာနဲ့ ဇွဲကပင်တောင် နဲ့ ဘားအံ မြို့က ဖားစည် ကို ပြေးမြင်ကြမ...
25/08/2020

^ ကရင်ပြည်နယ် (သို့မဟုတ်) ဒေါနမြေ ^

ကရင်ပြည်နယ် လို့ပြောလိုက်တာနဲ့ ဇွဲကပင်တောင် နဲ့ ဘားအံ မြို့က ဖားစည် ကို ပြေးမြင်ကြမှာ အမှန်ပါပဲ

_ ဖားအမ်းမှ တစ်ဆင့် ဘားအံလို့ လူသိများလာခဲ့တာပါတဲ့ ။ ဘားအံမြို့မှာကလည်ပတ်စရာ ဂူတွေ ၊ တောင်တွေ များပြားပါတယ် ။

_ ဘားအံမြို့မှာရှိတဲ့ ဂူတွေကအရမ်းလှပြီးကျောက်စက် ပန်းဆွဲ တွေ၊ ကျောက်ဆောင် ကျောက်သား တွေက သဘာဝအလျောက် ဖြစ်ပေါ် နေပြီး ကျောက်သားနံရံ တွေထဲမှာ ဗုဒ္ဓရုပ်ပွားတော်များ ကို ဖူးမြော်နိုင်ပါတယ် ။

_ ဒါ့အပြင် ဘားအံ မြို့ဟာ နေဝင်ချိန် ( Sunset) အလှကြည့်ဖို့အတွက် တောင်တွေလဲ ရှိ ၊ လှိုင်ဂူတွေကလဲ အံ့မခန်းဖြစ်လို့ ဘယ်နေရာဖြစ်ဖြစ် ဓာတ်ပုံရိုက်လိုက်တာနဲ့လှ ၊ နေရတဲ့ ရာသီဥတုကလဲအေးအေးချမ်းချမ်းလေးဖြစ်တယ် ။

🌈Covid ပြီးလို့ခရီးတွေပြန်ထွက်တဲ့အခါကျရင် MIA Travel&Tours နဲ့ အတူတူသွားကြမယ်နော်

အခုတော့ ဘားအံမြို့က လည်ပတ်စရာ အရမ်းများပြီး အားလုံးလဲရင်းနှီးပြီးဖြစ်နေလို့ ကော့ဂွန်းဂူ 🌟ဘုရင့်ညီဂူ 🌟 ဆန္ဒန်ဂူ 🌟 တို့ကို MIA Travel&Tours က မင်မင် သွားရောက်လည်ပတ်တုန်းက အတွေ့အကြုံတွေကို Trip အရမ်းသွားချင်နေတဲ့ ချစ်တို့အတွက် အမှတ်တရအနေနဲ့ Sharing လုပ်ပေးလိုက်ပါတယ် ။


အခု‌ခေတ်မှာ  တစ်ခါမှခရီးမသွားဘူးတဲ့သူဆိုတာ  ဘယ်သူမှမရှိလောက်ဘူးထင်ပါတယ် ??? 😌အကြောင်းအမျိုးမျိုးနဲ့တော့ အားလုံးခရီးထွက်ဖ...
22/08/2020

အခု‌ခေတ်မှာ တစ်ခါမှခရီးမသွားဘူးတဲ့သူဆိုတာ
ဘယ်သူမှမရှိလောက်ဘူးထင်ပါတယ် ??? 😌
အကြောင်းအမျိုးမျိုးနဲ့တော့ အားလုံးခရီးထွက်ဖူးကြတယ် ဟုတ် ??😎
Business Trip ပဲဖြစ်ဖြစ်🧳

မိသားစုနဲ့ Holidays ရက်တွေကြောင့်ပဲဖြစ်ဖြစ် 🧳

သူငယ်ချင်းတွေနဲ့ Memories ကောင်းတွေဖန်တီးချင်တာပဲဖြစ်ဖြစ် 🧳

တစ်ယောက်ထဲ Work Stress တွေဖြေဖျောက်ချင်လို့ သွားခဲ့တာတို့ အမျိုးမျိုးရှိမှာပဲလေ Trip သွားလိုက်ရင်အနဲဆုံးတော့ လူတိုင်းစိတ်ပေါ့ပါးသွားတက်ကြတယ်လေ🌝

အဲဒါမို့ Traveller လေးတွေကရော ဘယ်လိုမျိုးတွေ Reason တွေကြောင့်သွားဖူးကြလဲ ?

ဘယ်လိုအမှတ်တရကောင်းတွေရှိခဲ့လဲဆိုတာ မင်မင်နဲ့ Comment မှာအပြန်အလှန် Sharing လုပ်ရအောင်💁🏻‍♀️


🎋🌈 မြိတ်မြို့ က မြိတ်ကျွန်းစုလို့ နာမည်လေး ကြားလိုက်တာနဲ့  💙ပင်လယ်ပြာပြာလေးတွေရယ်  💙သဲသောင်ဖြူဖြူလေးတွေရယ် 💙လှပလွန်းတဲ့သ...
18/08/2020

🎋🌈 မြိတ်မြို့ က မြိတ်ကျွန်းစုလို့ နာမည်လေး ကြားလိုက်တာနဲ့

💙ပင်လယ်ပြာပြာလေးတွေရယ်

💙သဲသောင်ဖြူဖြူလေးတွေရယ်

💙လှပလွန်းတဲ့သန္တာကျောက်တန်းတွေရယ်

💙ထူးဆန်းတဲ့ ရေအောက်သတ္တဝါလေးတွေ နဲ့ ပြည့်နေတဲ့ နေရာလေးတွေကို အရင်ဆုံးပြေးမြင်မိတယ်မဟုတ်လား..🥶

ဟုတ်ပါတယ် မင်မင်ကလဲ တင်္နသာရီတိုင်းဒေသကြီး မှာရှိတဲ့ အဲ့ဒီကျွန်းစုတွေအကြောင်းကိုပဲ ပြောပြမှာပါ

💦 ကော့‌သောင်းမှာက မြိတ်ကျွန်းစုပေါင်း ၈၀၀ ကျော်ရှိပြီး Mergui Archipelago လို့လဲလူသိများပါတယ်။
💦 နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကိုလဲ ဆွဲဆောင်ပေးနိုင်တဲ့ နိဗ္ဗာန်ဘုံ‌လေးတစ်ခုဖြစ်ပါတယ်။
💦 ကျွန်းစုတွေကတစ်ခုနဲ့တစ်ခုဆက်နေပြီးမြိတ်မြို့နဲ့‌ကော့သောင်းမြို့ကြားမှာတည်ရှိနေကြတော့ မြိတ်မြို့နဲ့နီးတဲ့ ကျွန်းတွေကို မြိတ်မြို့ကနေတဆင့်သွားလို့ရပြီး ကော့သောင်းနဲ့နီးတဲ့ ကျွန်းတွေကိုတော့ ကော့သောင်းကတစ်ဆင့်သွားလို့ရပါတယ်။

🚘 ကားလဲအကြာကြီးစီးစရာမလိုဘူး။

📸ကျွန်းတော်တော်များများမှာ ဓာတ်ပုံကြိုက်တဲ့နေရာမှာ ရိုက် Backgraound View က အမြဲမိုက်

🍲🍝🍜အစားအသောက်တွေကလဲ ပင်လယ်စာပဲစားစား European, Chinese,Thai အကုန်ရတယ် ။ Chef တွေရဲ့လက်ရာကလဲ ပြောစရာကိုမလိုတာ ။

ပြီးတော့ ပင်လယ်ပျော်လေးတွေစိတ်ကြိုက် Snorkelling, 🤿 Diving 🤿 တွေလုပ်ရင်း Long Beach မှာ Corals တွေလဲတစ်ဝကြီးကြည့်လိုရတယ်...

ကဲ ..မြိတ်ကျွန်းစုပေါင်း ၈၀၀ ကျော်ထဲကမှ
Traveller လေးတို့ကရော ဘယ်ကျွန်းကိုသွားချင်ကြလဲ ??


🏝 Beach Lovers 🏖လေးတွေအတွက် Memories BringBack လေး 💡🎈  ကမ်းခြေဆိုတာက လူကြီးလူငယ် အသက်အရွယ်မရွေး နှစ်သက်ကြတဲ့ စိတ်အပန်းဖြ...
17/08/2020

🏝 Beach Lovers 🏖လေးတွေအတွက် Memories BringBack လေး 💡🎈

ကမ်းခြေဆိုတာက လူကြီးလူငယ် အသက်အရွယ်မရွေး နှစ်သက်ကြတဲ့ စိတ်အပန်းဖြေရာနေရာလေးတစ်ခုပါ။စိတ်ဖိစီးမှုတွေပြေပျောက်စေဖို့ပဲဖြစ်ဖြစ်၊ ကမ်းခြေက သဲဖြူလေးတွေကိုချစ်လို့ပဲဖြစ်ဖြစ် နီးလဲနီးတော့ အများအားဖြင့် ကမ်းခြေကိုရွေးချယ်ကြတာများပါတယ်။အခုနောက်ပိုင်း Pre-Wedding တွေရိုက်တာခေတ်စားလာတော့ Beach မှာပိုပြီးလူစည်လာကြပါတယ်။
🏡😻 အိမ်တွင်းပုန်းကာလပြီးရင် 🏖 Beach Lover 🏖လေးတို့ ဘယ်Beach သွားရမလဲ ကြိုစဉ်းစားထားလို့ရအောင် MIA Travel & Tours ကအများစုသွားတက်တဲ့ Beachလေး ( 3) ခုအကြောင်းကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။💁🏻‍♀️


13/08/2020

🎈Hot Air Balloon 🎈လေးဘယ်နှခါစီးပြီးကြပြီလဲ ချစ်တို့ရေ💗
စီးဖို့ရော စိတ်ကူးထားပြီးပြီလား?? 🥰

It’s Your Excited Time at Bagan 🌟


မြန်မာနိုင်ငံရဲ့ အလှအပဆုံး ‘ 🌲တောင်စခန်းမြို့လေး                                                              ပြင်ဦးလွင...
11/08/2020

မြန်မာနိုင်ငံရဲ့ အလှအပဆုံး ‘ 🌲တောင်စခန်းမြို့လေး
ပြင်ဦးလွင်မြို့🌲 ’ ဆိုတာ ဗြိတိသျှတွေအုပ်ချုပ်စဉ်က အုပ်ချုပ်ရေးနဲ့ စစ်ဖက်ဆိုင်ရာအကြီးအကဲတွေနေခဲ့တဲ့မြို့ကလေး ဖြစ်ပြီး ဥရောပဆန်တဲ့ တောင်စခန်းမြို့လေးအဖြစ် အုပ်ချုပ်သူတွေက ပုံဖော်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိသျှတွေအုပ်ချုပ်စဉ်က ပူပြင်းလှတဲ့နွေရာသီမှာ အပန်းဖြေဖို့အတွက် နွေရာသီအပန်းဖြေစခန်း ဆောက်ဖို့ရွေးချယ်ကြတဲ့အခါ အေးချမ်းတဲ့ ရာသီဥတုလေးနဲ့ နေထိုင်လို့ကောင်းတဲ့ ပြင်ဦးလွင်မြို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် ပြင်ဦးလွင်မြို့လေးဟာ ကိုလိုနီခေတ်အငွေ့အသက်တွေနဲ့ ဥရောပဆန်စွာ တည်ရှိနေတဲ့ အပန်းဖြေတောင်စခန်းမြို့လေးပဲဖြစ်ပါတယ်။

ယနေ့အခါမှာတော့ ပြင်ဦးလွင်မြို့လေးကို ကိုယ်ချစ်တဲ့သူ 🙆🏻‍♀️💗ဘယ်သူမဆို ယောင်္ကျားလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် အတူအတူသွားလည်ပတ်ချင်စရာ နေရာလေးအဖြစ်လူငယ်တွေကြားရေပန်းစားလျက်ရှိနေပါတယ်။ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါသွားသွား ရိုးသွားတယ်လို့မရှိဘဲ အမြဲသွားလည်ချင်အောင်ဆွဲဆောင်နိုင်တဲ့ ပြင်ဦးလွင်မြို့လေးပဲဖြစ်ပါတယ်။ပြင်ဦးလွင်မြို့လေးမှာဆိုရင် ပွဲကောက်ရေတံခွန် ၊ ဒီဇင်ဘာခြံ ၊ပိတ်ချင်းမြောင် ၊ National Garden တို့လိုမျိုး မိသားစုအတွက်စိတ်အပန်းဖြေစရာ နေရာတော်တော်များလဲရှိပါတယ်။

လူငယ်တွေအတွက်လဲ သူငယ်ချင်းတွေအုပ်စုလိုက်ပဲဖြစ်ဖြစ်၊ချစ်ရသူနဲ့ပဲဖြစ်ဖြစ် Budget Trip လဲသွားလို့သင့်တော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။နိုင်ငံခြားသားအများစုလာရောက်လည်ပတ်တဲ့အတွက် မြို့ရဲ့ပတ်ဝန်းကျင်ဟာလဲအမြဲသန့်ရှင်းသပ်ရပ်နေပါတယ်။✅

ပြင်ဦးလွင်မြို့ရဲ့သင်္ကေတ တစ်ခုဖြစ်တဲ့ " Purcell Clock Tower "လို့ခေါ် တဲ့နာရီစင်ဟာဆိုရင်လဲနိုင်ငံခြားသားများတကူးတက ဓာတ်ပုံလာရောက်ရိုက်ကူးရလောက်အောင်နာမည်ကြီးပါတယ်။မေမြို့သွားမယ်ဆိုရင် Traveller များပြေးမြင်တဲ့အရာတစ်ခုလဲရှိပါသေးတယ်။ ဒါကတော့ 💕မြင်းလှည်းလေး 💕တွေ နဲ့ Day Tour သွားတာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ မြန်မာပြည်ရဲ့တောင်ပေါ်စခန်းမြို့လေးဖြစ်တဲ့အေးချမ်းတဲ့ရာသီဥတုလေးရှိတဲ့ ပြင်ဦးလွင်မြို့ (မေမြို့) ကို သွားရောက်လည်ပတ်ဖို့ MIA မှ အကြံ​ပြုလိုက်ပါတယ် 🤗🤗🤗


တောင်ပေါ်ချယ်ရီပန်းတို့မြေ🌸‘’ထင်းရှူးတောကြီးများရယ်.....  လက်ဖက်ယာခင်းများရယ်.....စတော်ဘယ်ရီခင်းနဲ့........ရှုတိုင်းလှနေ...
07/08/2020

တောင်ပေါ်ချယ်ရီပန်းတို့မြေ🌸

‘’ထင်းရှူးတောကြီးများရယ်..... လက်ဖက်ယာခင်းများရယ်.....စတော်ဘယ်ရီခင်းနဲ့........ရှုတိုင်းလှနေပါတဲ့......ရှမ်းမြေ’’🌸 ဆိုတဲ့ တောင်ပေါ်သားကြီး ဦးစိုင်းဆိုင်မောဝ်ရဲ့ သီချင်းသံလေးတွေကြားတိုင်း တောင်ပေါ်ရှုမျှော်ခင်းတွေတစ်ဆုံးနဲ့ မောရှမ်းတို့ပြည်ကို သွားလည်ချင်ကြမှာပါ ။ အေးချမ်းလှပြီး ဘယ်နေရာကြည့်ကြည့် တောင်တန်းတွေနဲ့အတူ စိမ်းစိမ်းစိုစိုသစ်တောရဲ့အငွေ့အသက်တွေလှပနေတဲ့ မောရှမ်းတို့ရဲ့ဌာနေက မြို့ပြရဲ့မွန်းကြပ်မှုတွေကနေ လွတ်မြောက်ချင်သူတွေအတွက် မက်မောဖွယ်ရာတွေပဲဖြစ်ပါလိမ့်မယ်။

အေးချမ်းတဲ့ ရာသီဥတုလေးနဲ့အတူ ဆီမပါတဲ့ အသီးအရွက်လေးတွေကို ချက်ပြုတ်ထားတဲ့ ရိုးရာအစားအသောက်ပူပူနွေးနွေးလေးကို စားချင်တဲ့ အာသီသတွေလည်းရှိကြမှာပါ။ ဘယ်နေရာရောက်ရောက်အပြုံးတွေနဲ့ ဆီးကြိုတတ်တဲ့ ဒေသခံ တောင်ပေါ်သားတွေရဲ့ ရိုးရာဓလေ့တွေနဲ့အတူ လည်ပတ်စရာမကုန်ခမ်းနိုင်တဲ့ တောင်ပေါ်ချယ်ရီပန်းတို့မြေကို ရောက်ခဲ့ရင်ဘယ်‌နေရာတွေကို သွားရောက်လည်ပတ်သင့်လဲ ဆိုတာ MIA ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။💓


✨ပုဂံဆိုတာ မြန်မာတို့ရဲ့ ပထမဧကရာဇ်နိုင်ငံတည်ထောင်ရာမြို့တော်လည်းဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခဲ့တဲ့ နယ်...
05/08/2020

✨ပုဂံဆိုတာ မြန်မာတို့ရဲ့ ပထမဧကရာဇ်နိုင်ငံတည်ထောင်ရာမြို့တော်လည်းဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခဲ့တဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက တည်ရှိခဲ့တဲ့ ရှေးဟောင်းနယ်မြေတစ်ခုပါ။ ရှေးဟောင်းစေတီပုထိုးတွေ၊ လှပလွန်းလှတဲ့အညာမြေ၊ ဖော်ရွေနွေးထွေးတဲ့ ဒေသခံတွေ၊ တစ်သက်တာမမေ့နိုင်စရာ အရသာရှိလွန်းတဲ့ ရိုးရာအစားအသောက်တွေကြောင့် မြန်မာတို့ရဲ့ ဂုဏ်ယူစရာနယ်မြေတစ်ခုအဖြစ် ရပ်တည်နေတာပါ။

✨မိုးတွင်းမှာ သွားလို့အကောင်းဆုံးနေရာဆို ပုဂံမြေကိုပဲညွှန်းဆိုကြမှာပါ။ မြေသင်းရနံ့ သင်းသင်းလေးရယ်သူငယ်ချင်းတွေနဲ့ပဲအတူသွားသွား၊ မိသားစုနဲ့အတူတူ ဘုရားဖူးခရီးလေးပဲ သွားသွား သွားလို့လည်းကောင်း
ပြီး ခရီးလည်းမပန်းစေပဲ သာယာတဲ့အမှတ်တရလေးတွေနဲ့ကျန်ခဲ့မယ့် ခရီးသွားလို့ကောင်းတဲ့ ရာသီလေးပါ။
အချို့ဘုရားတွေပိတ်ထားပေမယ့်လည်း အတော်အသင့်လည်ပတ်စရာမကုန်တဲ့ ပုဂံမြေကိုတော့ သွားရောက် လည်ပတ်သင့်ပါတယ်။

✨ပုဂံသည် အိမ်နီးချင်းနိုင်ငံများရှိ ရှေးဟောင်းမြို့တော်များထက်ပိုမိုရှေးကျပေမယ့် ထိမ်းသိမ်းစောက်ရှောက်မှု အပိုင်းမှာတော့ အားနည်းမှုတွေ ရှိနေဆဲပါ။ သန့်ရှင်းသပ်ရပ်မှု အားနည်းခြင်း ၊အလှူခံတောင်းရမ်းသူ များပြားခြင်း ၊ စေတီပုထိုးများကို ထိန်းသိမ်းစောက်ရှောက်မှု အားနည်းခြင်း စတဲ့ အချက်တွေကြောင့် ယိုယွင်းမှုတွေရှိနေဆဲပါ။

ဒီနေ့လိုခရီးသွားလုပ်ငန်း အထိနာနေတဲ့ ခေတ်ကြီးထဲမှာပုဂံမြို့ဟောင်းကတော့ ပြည်တွင်းခရီးသွားများနှင့် ပြန်လည်စည်ကားစပြုလာပါပြီ။


04/08/2020

Boring Tuesday လေးမှာ မင်မင်တို့နဲ့အတူ
🎮Game လေးဆော့လိုက်ကြရအောင်💫
✈လေယာဥ်လေးကို ဘယ်သူဖမ်းနိုင်မလဲ?💚

Screenshoot လေးနဲ့ comment မှာ မင်မင် ကိုကြွားသွားကြဦးနော်💓…

မြန်မာသက္ကရာဇ် ၁၃၈၂ ဒုတိယဝါဆိုလတွင် ကျရောက်သော ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင်  ခုနှစ်ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖ...
03/08/2020

မြန်မာသက္ကရာဇ် ၁၃၈၂ ဒုတိယဝါဆိုလတွင် ကျရောက်သော ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် ခုနှစ်ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ MIA Travel and Tours မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။🙏🙏

#ဓမ္မစကြာအခါတော်နေ့

သူငယ်ချင်းဆိုတာ အကြောင်းအကျိုး အကောင်းအဆိုးကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူစိမ်းတွေပါပဲ။💙ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်...
30/07/2020

သူငယ်ချင်းဆိုတာ အကြောင်းအကျိုး အကောင်းအဆိုးကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူစိမ်းတွေပါပဲ။💙

ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်အမြဲ ရှိနေပေးတဲ့ သူငယ်ချင်းတွေကို Mention ခေါ်လိုက်ပြီး အမှတ်တရတွေရှိခဲ့တဲ့အချိန်တွေကို ပြန်ပြောလိုက်ကြရအောင်…💙
အချစ်ဆုံး Bff တွေနဲ့ အမှတ်တရကောင်းတွေကျန်ခဲ့တဲ့ ခရီးစဥ်လေးတွေဖြစ်ဖို့ဆိုရင် MIA က အသင့်ရှိနေမှာပါ။💙

သင်ဒီနေရာတွေ မရောက်ခဲ့ရင် Thailand မရောက်ဖူးသေးပါဘူး ...အရှေ့တောင်အာရှရဲ့ Land of Smile အဖြစ် ကျော်ကြားထင်ရှားလှတဲ့ Thai...
26/07/2020

သင်ဒီနေရာတွေ မရောက်ခဲ့ရင် Thailand မရောက်ဖူးသေးပါဘူး ...

အရှေ့တောင်အာရှရဲ့ Land of Smile အဖြစ် ကျော်ကြားထင်ရှားလှတဲ့ Thailand ဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ထင်ရှားလှပါတယ်။အဆုံး မသတ်နိုင်တဲ့ ပျော်ရွင်မှုတွေ၊ ညမအိပ်တဲ့ မြို့တော်ဘန်ကောက် စတဲ့ နေရာတွေ‌ကြောင့်ပြည်တွင်း ခရီးသွားလုပ်ငန်းတွေမှာ ကျော်ကြားလှပါတယ်။ Thailand ကို အလည်အပတ်သွားရောက်ခဲ့ ရင်ဘယ်နေရာတွေကို သွားသင့်လဲ ဆိုတာ MIA ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။


ပျော်ရွှင်မှုတွေကို ကိန်းဂဏန်းတွေနဲ့ တိုင်းတာဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ U.N ရဲ့ထုတ်ပြန်နေကြဖြစ်တဲ့ ပျော်ရွှင်မှုညွှန်းကိန...
24/07/2020

ပျော်ရွှင်မှုတွေကို ကိန်းဂဏန်းတွေနဲ့ တိုင်းတာဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ U.N ရဲ့ထုတ်ပြန်နေကြဖြစ်တဲ့ ပျော်ရွှင်မှုညွှန်းကိန်းအများဆုံးနိုင်ငံ စာရင်းနှစ်စဥ်ထွက်ပေါ်လာခဲ့ပါတယ်။

ပျော်ရွှင်မှုတွေကို ဘယ်လိုတိုင်းတာကြတာလဲ???
နိုင်ငံ တစ်နိုင်ငံရဲ့ ပျမ်းမျှပျော်ရွှင်မှုကို လူတစ်ချင်းစီရဲ့ပျမ်းမျှဝင်ငွေ ၊ နိုင်ငံသားအခွင့်အရေး ၊အကျင့်ပျက်ခြစားမှုနှုန်း၊ကျန်းမာရေးအထောက်အပံ့ ၊ပေးကမ်းရက်ရောမှု ၊အစိုးရထောက်ပံ့မှုနှုန်းစတဲ့ အချက်တွေပေါ် အခြေခံပြီးထုတ်ပြန်ခဲ့တာပဲဖြစ်ပါ
တယ်။

ဒါဆို... ဘယ်နိုင်ငံတွေကပျော်ရွှင်မှု အမြင့်ဆုံးတွေ ဖြစ်မလဲ ဆိုတာ MIAပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်…

Finland 🇫🇮

ပျော်ရွှင်မှု အကောင်းဆုံး နိုင်ငံ အဖြစ် Finland နိုင်ငံ က ၃ နှစ်ဆက်တိုက်ရပ်တည်ခဲ့ ပါတယ်၊၊
ဒါ့ အပြင် South Korea ၊ Japan ၊ Singapore လို စတဲ့ Asian ထိပ်တန်းနိုင်ငံတွေကိုပါကျော်လွန်ပြီး ပညာရေးစနစ် အကောင်းဆုံး နိုင်ငံ အဖြစ်ပါရပ်တည်နေပါသေးတယ်၊၊ Finland နိုင်ငံရဲ့ ပညာရေးဟာ လက်ရှိတွင် ကမ္ဘာတွင် ဦးဆောင်စံပြလောက်ရပြီး၊ တန်းတူညီမျှမှုပေါ်တွင် အခြေခံထားတဲ့ ပညာရေးအဆင့်အတန်းဖြစ်ပြီး စာတတ်မြောက်မှုနှုန်းမှာ နိုင်ငံ့လူဦးရေရဲ့ ၉၉% ရှိပါတယ်။

Denmark 🇩🇰

အဆင့်နှစ်နေရာမှာ ရပ်တည်နေတဲ့ နိုင်ငံကတော့Denmark နိုင်ငံပဲဖြစ်ပါတယ်။ Denmark နိုင်ငံဟာ နိုင်ငံသား အခွင့်အရေး၊ ကျန်းမာရေးအထောက်အပံ့စတဲ့ အပိုင်းတွေမှာ ကောင်းမွန်လွန်းလှပါတယ် ။ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ် သုံးစွဲမှုကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့ လေအားလျှပ်စစ်ကို အဓိကသုံးစွဲပြီး နိုင်ငံရဲ့ လူဦးရေအတော် များများဟာ နေ့စဉ် လှုပ်ရှားသွားလာမှုတွေမှာ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် မော်တော်ကားတွေ အစား စက်ဘီးတွေကို သာအသုံးပြုကြပြီး သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ နိုင်ငံ တစ်နိုင်ငံ ပဲဖြစ်ပါတယ်။

Switzerland 🇨🇭

Switzerland နိုင်ငံကို ပြည်ပချေးငွေလုံးဝ မရှိသောနိုင်ငံ ရာဇဝတ်မှုအနည်း ဆုံးနိုင်ငံ စတဲ့ အချက်တွေကြောင့်ကျော်ကြားပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံးနဲ့ အအေးချမ်းဆုံးနိုင်ငံဖြစ်ပြီး ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် တွေမှာလည်း ပါဝင်ခဲ့ ခြင်းမရှိခဲ့ တဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တောင်တန်းတွေနဲ့ ဝန်းရံနေပြီး ကောင်းမွန်တဲ့ ကျန်းမာရေး စောက်ရှောက်မှု တွေရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးနိုင်ငံ စာရင်းမှာလည်း ပါဝင်နေပါသေးတယ်။

Iceland 🇮🇸

နံပါတ်လေးနေရာမှာ ရပ်တည်နေတာကတော့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့ Iceland ကျွန်းနိုင်ငံပဲဖြစ်ပါတယ်။ လူဦးရေထူထပ်မှုမှာ ၃သိန်း၂သောင်းခန့်သာ ရှိပေမယ့် ပျော်ရွှင်မှု ညွှန်းကိန်းအများဆုံး နိုင်ငံတွေမှာ နှစ်စဉ် ပါဝင်နေကျနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ သဘာဝတောတောင်ရေမြေ အလှအပတွေနဲ့ အတူ နှစ်လိုဖွယ်ကောင်းတဲ့ လူမှုအသိုက်အဝန်းတွေကြောင့် ပျော်ရွှင်ဖို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေပါတယ်။

ယဥ်ကျေးမှုသမိုင်းကြောင်းတွေနဲ့ ပြည့်နှက်ခဲ့ တဲ့ မြန်မာနိုင်ငံ မှာ   သမိုင်းဝင်ရှေးဟောင်း နေရာတွေပေါများလှပါတယ်။ရှေးဟောင်...
22/07/2020

ယဥ်ကျေးမှုသမိုင်းကြောင်းတွေနဲ့ ပြည့်နှက်ခဲ့ တဲ့ မြန်မာနိုင်ငံ မှာ သမိုင်းဝင်ရှေးဟောင်း နေရာတွေပေါများလှပါတယ်။ရှေးဟောင်းစေတီ ပုထိုးတွေ နဲ့ ပြည့်နှက်နေပြီးယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ်ထင်ရှား တဲ့ ပုဂံ၊နန်းမွေလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ မြနန်းစံကျော်ရွှေနန်းတော် စတဲ့ ထင်ရှားတဲ့ နေရာအများအပြား ရှိသလို သမိုင်းကြောင်းအရ ထင်ရှားခဲ့ပေမဲ့ ယနေ့ခေတ်ရဲ့ အမေ့ပျောက်ခံ သမိုင်းဝင်ရှေးဟောင်း နေရာများလည်း ရှိပါတယ်။ဘယ်နေရာတွေဖြစ်မလဲဆိုတာ MIA ပရိတ်သတ်ကြီးသိ​အောင် တင်ဆက်ပေးလိုက်ပါတယ်။

🌅🏞ကမ္ဘာပေါ်ကအလှပဆုံးနေရာတွေ အကြောင်းသင်တွေးဖူးပါသလား?🏝🏔သင်စိတ်ကူးထဲက အလှပဆုံးနေရာတွေက 🌍🌎🌏   ကမ္ဘာကြီးရဲ့ ဘဘာဝအလှတရားတွေထ...
21/07/2020

🌅🏞ကမ္ဘာပေါ်ကအလှပဆုံးနေရာတွေ အကြောင်းသင်တွေးဖူးပါသလား?🏝🏔

သင်စိတ်ကူးထဲက အလှပဆုံးနေရာတွေက 🌍🌎🌏 ကမ္ဘာကြီးရဲ့ ဘဘာဝအလှတရားတွေထက်ပိုလှနေမလား ဆိုတာကြည့်လိုက်ကြရအောင်💫💫...

🇲🇲ရွှေမြန်မာတို့ရဲ့ ဂုဏ်ယူစရာ ရှေးဟောင်းပုဂံမြေမှာ ဘုရားစေတီပုထိုးပေါင်းဘယ်လောက်ရှိသလဲ?MIA ချစ်သူတို့ရဲအဖြေကရော မှန်နေမလ...
20/07/2020

🇲🇲ရွှေမြန်မာတို့ရဲ့ ဂုဏ်ယူစရာ ရှေးဟောင်းပုဂံမြေမှာ ဘုရားစေတီပုထိုးပေါင်းဘယ်လောက်ရှိသလဲ?

MIA ချစ်သူတို့ရဲအဖြေကရော မှန်နေမလားဆိုတာ comment မှာအဖြေလေးတွေ ပြောပေးသွား အုံးနော် 😉💚


ကျရှုံးလေပြီးသော  အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်များအား MIAမှ လေးစားစွာ ဦးညွတ်ဂါဝရပြုအပ်ပါသည်။ 'day &tours
19/07/2020

ကျရှုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်များအား MIAမှ လေးစားစွာ ဦးညွတ်ဂါဝရပြုအပ်ပါသည်။

'day
&tours

🏞🌅အတွေ့အကြုံသစ်တွေရရှိခဲ့တဲ့ ခရီးစဥ်တိုင်းမှာ အမှတ်တရတွေရှိခဲ့ကြမှာပါ🎑🏖ပထမဆုံးသွားခဲ့တဲ့ ခရီးသွားစဥ်တွေမှာရော ဘယ်လိုအမှတ...
16/07/2020

🏞🌅အတွေ့အကြုံသစ်တွေရရှိခဲ့တဲ့ ခရီးစဥ်တိုင်းမှာ အမှတ်တရတွေရှိခဲ့ကြမှာပါ🎑🏖

ပထမဆုံးသွားခဲ့တဲ့ ခရီးသွားစဥ်တွေမှာရော ဘယ်လိုအမှတ်တရတွေရှိခဲ့ဖူးလဲ??
စိတ်လှုပ်ရှားစရာတွေလား?? ပျော်ရွှင်ခဲ့တဲ့အမှတ်တရတွေလား?? 😍😍
ခရီးသွားဘော်ဘော်လေးတွေရဲ့ First Trip Experience ကို comment မှာပြောပေးသွားအုံးနော် 😉😉

2020ပြည့်နှစ် June လမှာတော့ Covid 19ဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကို မုန်တိုင်းတစ်ခုသဖွယ် ရိုက်ခတ်ခဲ့ပြီး ခရီးသွားလုပ်ငန်းကိ...
15/07/2020

2020ပြည့်နှစ် June လမှာတော့ Covid 19ဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကို မုန်တိုင်းတစ်ခုသဖွယ် ရိုက်ခတ်ခဲ့ပြီး ခရီးသွားလုပ်ငန်းကိုမှီခို အားထားနေရတဲ့ နိုင်ငံတွေဟာ အနည်းနဲ့အများ ထိခိုက်ခဲ့ပါတယ်။ ဥရောပနဲ့ အနောက် ပစိဖိတ်ဒေသများနှင့် အမေရိကနိုင်ငံများရဲ့ ခရီးသွားလုပ်ငန်းများကိုလည်း အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ နှစ်စဥ်ထုတ်ပြန်နေကျဖြစ်တဲ့ Asian Tourism Rankingsတွေမှာ
နှစ်စဥ် Ranking မြင့်နေကျနိုင်ငံတွေကအဆင့်တွေ ကျဆင်းခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုတွေကောင်းခဲ့တဲ့ South East Asia နိုင်ငံတွေကတော့ Rankingကောင်းနေခဲ့ပြီး ဖြေလျော့မှုတွေ ရှိလာမဲ့ အချိန်မျိုးတွေမှာ ခရီးသွားလုပ်ငန်း အတွက်အလားအလာကောင်းတွေရှိလာခဲ့ပါတယ်။

ကူးစက်မှုတွေဆက်တိုက်လျော့ကျခဲ့တဲ့ Thailand ကတော့ Asia နိုင်ငံတွေထဲမှာ အဆင့် ၂ နဲ့ Ranking ကောင်းနေဆဲပါ။South East Asia ရဲ့ ခရီးသွားလုပ်ငန်းမှာထိပ်ဆုံးမှာ ရှိနေခဲ့တဲ့ 🇹🇭Thailand ရဲ့ Tourism လုပ်ငန်းဟာလည်း တဖန်ပြန်လည်ဦးမော့နိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

South East Asiaရဲ့ စီးပွားရေး အင်အားအကောင်းဆုံးဖြစ်တဲ့ 🇸🇬 Singaporeနိုင်ငံဟာ ASIA Tourism Rankings မှာ အဆင့် ၆ နေရာမှာရပ်တည်ပါတယ်။

သဘာဝတောတောင်ရေမြေအလှတွေကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ နေရာတစ်နေရာရရှိနေတဲ့ 🇻🇳Vietnam နိုင်ငံကတော့ Ranking ၇ နဲ့ အတူ အဆင့်တွေကောင်းနေခဲ့ပါတယ်။

ဖြေလျော့မှုတွေရှိလာမဲ့ အချိန်မျိုးမှာ သင်တို့ရဲ့ စိတ်ကူး အိပ်မက်တွေဆီကိုပို့ဆောင်ပေးနိုင်ဖို့MIA နဲ့ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်..
--------------------------------------------
💭 အသေးစိတ်သိရှိလိုပါက
MIA Travel & Tours
☎ဖုန်းနံပါတ်: ၀၁-၅၁၉၄၁၅
📱၀၉-၄၅၃၃၀၀၃၃၉
📱၀၉-၄၅၃၃၀၀၄၄၉
📱၀၉-၇၇၇၅၆၅၄၄၉
📱၀၉-၇၇၇၅၆၇၄၄၉
အီးမေးလ် 📧 [email protected]
🏢 လိပ်စာ တိုက် A-1၊ အခန်း ၅၀၂၊ ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်။

🏞သွားခဲ့ဖူးတဲ့ခရီးစဥ်🌅 လေးတွေနဲ့ Bingo Game🎮 လေး အတူတူဆော့ရအောင် 🌠🌠ကိုယ်ရောက်ခဲ့ဖူးတဲ့ ခရီးစဥ်​​လေးတွေကို ဝိုင်းပြီး BIN...
12/07/2020

🏞သွားခဲ့ဖူးတဲ့ခရီးစဥ်🌅 လေးတွေနဲ့ Bingo Game🎮 လေး အတူတူဆော့ရအောင် 🌠🌠

ကိုယ်ရောက်ခဲ့ဖူးတဲ့ ခရီးစဥ်​​လေးတွေကို ဝိုင်းပြီး BINGO😍 ဖြစ်ရဲ့လားဆိုတာ Comment မှာ Screenshot📱 လေးပြန်ပြခဲ့ပါအုံးနော်….😍

သွားခဲ့ဖူးတဲ့ ခရီးတွေနဲ့အတူ အမှတ်တရတွေရှိခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို လည်း Challenge ခေါ်လိုက်ကြပါအုံး…😎😎



ကမ္ဘာ့အကောင်ဆုံး အပန်းဖြေဥယျာဥ်များမိသားစုပျော်ပွဲစားလေး ထွက်မယ်လို့ စဥ်းစားမိလိုက်ရင် အပန်းဖြေဥယျာဥ်တွေကို အရင်ပြေးမြင်...
10/07/2020

ကမ္ဘာ့အကောင်ဆုံး အပန်းဖြေဥယျာဥ်များ

မိသားစုပျော်ပွဲစားလေး ထွက်မယ်လို့ စဥ်းစားမိလိုက်ရင် အပန်းဖြေဥယျာဥ်တွေကို အရင်ပြေးမြင်မိကြမှာပါ။ လူကြီးလူငယ်မရွေး ကိုယ်နှစ်သက်အောင် ဆွဲဆောင်နိုင်တဲ့ အပန်းဖြေဥယျာဥ်​တွေဟာ ပျော်ရွှင်မှုတွေကိုပေးနိုင်တဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။

ကမ္ဘာပေါ်ကအကောင်းဆုံး အပန်းဖြေဥယျာဥ်တွေရော ဘာတွေဖြစ်မလဲ?

ဘာလို့ အကောင်းဆုံးဖြစ်ကြတာလဲ?
ဆိုတာ MIA မှတင်ဆက်ပေးလိုက်ပါတယ်နော်..

Universal Studios- Japan🇯🇵
Japan ကို ရောက်ရင် မသွားမဖြစ်အလည်အပတ်သွားရောက်ရမယ့် နေရာထဲမှာဆို Universal Studios ကို စာရင်းထိပ်ဆုံးမှာထားသင့်ပါတယ်။

Universal Studiosရဲ့ ကျော်ကြားတဲ့ ဇာတ်ကောင်တွေရဲ့ တေEntertainmentတွေ အပြင် The Wizarding World of Harry Potter, Desicable Me Minion Mayhem စတဲ့ Theme parkတွေ ကြောင့် လူကြီးလူငယ်မရွေး နှစ်သက်ကြပါတယ်။

Gröna Lund- Sweden🇸🇪
1883ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ Gröna Lund ဟာကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး အပန်းဖြေဥယျာဥ်​​တွေထဲကတခုပါ။

ဆွီဒင်ယဥ်ကျေးမှုတွေ့နဲ့ ရောယှက်ထားတဲ အပန်း​ဖြေဥယျာဥ် Gröna Lund နဲ့အတူကျော်ကြားတဲ့ Theme parkရဲ့ကောက်ကြောင်းတွေကြောင့် ပြိုင်ဘက်ကင်းလှပါတယ်။ အဓိကဆွဲဆောင်မှု ဖြစ်တဲ့ ကမ္ဘာ့အမြင့်ဆုံး Roller Coasterကြီးရဲ့ကျော်ကြားမှုကိုလည်းတွေ့မြင်နိုင်ပါသေးတယ်။

Tivoli Gardens-Denmark🇩🇰
ဒိန်းမတ် နိုင်ငံရဲ့ နိုင်ငံရတနာတစ်ခုလို့တောင် တင်စားရထားတဲ့ Tivoli Garden ကအကောင်းဆုံး အပန်းဖြေဥယျာဥ်တွေထဲမှာ ပါဝင်နေပါတယ်။Tivoli Garden ရဲ့ညဘက်မီးရောင်စုံတွေနဲ့ Fairy Tale ပုံစံ အခင်းအကျင်း​တွေကြောင့် မိသားစုတွေရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်လေးတွေ ရရှိနိုင်မဲ့နေရာတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။

Alton Towers- England 🇬🇧
England နိုင်ငံရဲ့ အခမ်းနားဆုံးကို ပြပါဆိုရင် Alton Towers အပန်းဖြေဥယျာဥ်ကိုပဲရွေးရမှာပါ။1980 ခုနှစ်ကတည်း ကစတင်ဖွင့်လှစ်ခဲ့တဲ့ Alton Towersဟာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေနဲ့အတူ ကမ္ဘာ့ပထမဆုံး Divie Coaster၊ Europe ရဲ့ ပထမဆုံး Inverted Coaster
တွေကြောင့်ကျော်ကြားလှပါတယ်။

Efteling- Netherlands 🇳🇱
Netherlands ရဲ့ Efteling အပန်းဖြေယျာဥ်ဟာ ပျော်ရွှင်မှုတွေ မကုန်ဆုံးနိုင်တဲ့ နေရာအဖြစ် လူသိများပါတယ်။ California ရဲ့ Disneylandထက် နှစ်ဆကျော်ကျယ်ဝန်းတဲ့ အ​ပြင် လူကြီးလူငယ်မရွေး ပျော်ရွှင်နိုင်တဲ့Entertaimentsတွေနဲ့ ဆွဲဆောင်နိုင်တာကြောင့်
ဥရောပရဲ့တတိယ လူဝင်မှုများဆုံး အပန်းဖြေဥယျာဥ်ဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားပါတယ်။


Coronavirusကြောင့် လပေါင်းများစွာ အိမ်ထဲမှာပိတ်မိနေတဲ့ အချိန်ကာလက လူငယ်တွေအတွက် ပျင်းဖို့ကောင်းလွန်းလှပါတယ်။ Eat Sleep R...
08/07/2020

Coronavirusကြောင့် လပေါင်းများစွာ အိမ်ထဲမှာပိတ်မိနေတဲ့ အချိန်ကာလက လူငယ်တွေအတွက် ပျင်းဖို့ကောင်းလွန်းလှပါတယ်။ Eat Sleep Repeat ဆိုတဲ့ Life Circle ကနေရုန်း ထွက်ပြီး အရင်းနှီးဆုံသူတွေနဲ့ နယ်မြေအသစ်တွေကိုဖြတ်သန်းပြီး အတွေအကြုံအသစ်တွေ၊ စွန့်စားခန်းအသစ်တွေ၊ ပျော်ရွှင်ဖို့ကောင်းတဲ့အတိတ်နဲ့ အောက်မေ့လွမ်းဆွတ်စရာတွေ ဖန်တီးဖို့ကို အခုချိန်မှာ လူငယ်တိုင်းက စိတ်အားထက်သန်နေကြပါပြီ။ ဖြေလျော့မှုတွေရှိ
လာတဲ့ အချိန်မျိုးတွေမှာ ခရီးသွားအစီအစဥ်​တွေအကြောင်း တိုင်ပင်ထားဖို့က အကောင်းဆုံး အချိန်တွေပါပဲ။

အမှတ်တရကောင်းတွေ နဲ့ ကျန်ခဲ့မယ့် Reunion Travelling Plan လေးဖြစ်စေဖို့ MIA မှ အကြုံပြုချက်လေးတွေ ကို ​ဖော်ပြပေးလိုက်ပါတယ်။


Covid ပြီးရင် သွားချင်တဲ့ခရီးတွေက ဘယ်နေရာတွေဖြစ်မလဲ ??Work from Home လုပ်နေရတဲ့ Quarantine ကာလ ပြီးဆုံးဖို့ နီးလာပြီဆိုတ...
06/07/2020

Covid ပြီးရင် သွားချင်တဲ့ခရီးတွေက ဘယ်နေရာတွေဖြစ်မလဲ ??

Work from Home လုပ်နေရတဲ့ Quarantine ကာလ ပြီးဆုံးဖို့ နီးလာပြီဆိုတော့ အိမ်တွင်းအောင်း‌ထားရလို့ မအီမလည်ဖြစ်နေတဲ့ စိတ်တွေကို ပြန်လန်းဆန်းလာအောင် ခရီးသွားပြီး အနားယူဖို့ လူတိုင်းမှာ အစီအစဥ်ကိုယ်စီ ရှိနေကြပါပြီ။ သူတို့ထက် ခြေတစ်လှမ်းသာနေအောင် အပန်းဖြေခရီးထွက်ဖို့ နေရာလေးတစ်ခုကို ကိုယ်က ကြိုပြီးရွေးချယ်ထားသင့်ပါတယ်။

သူငယ်ချင်းတွေနဲ့ လွပ်လွပ်လပ်လပ် ပျော်ပါးချင်တယ် ဆိုရင်တော့ ဆန့်ကျင်ဘက် သဘာဝတရား နှစ်ခုဖြစ်တဲ့ ကုန်းမြေနှင့် ရေပြင် ထိတွေ့ရာ ကမ္ဘာကြီးရဲ့ အလှဆုံးနေ၀င်ချိန်တွေကိုလည်း တစ်ဝကြီးခံစားနိုင်မယ့် ပင်လယ်ကမ်းခြေတွေကို ရွေးချယ်ရမှာပါ။

Volleyball၊ Football တို့လို ဘော်ဒါတွေ ပျော်ပျော်ပါးပါး အသင်းခွဲဆော့ရတဲ့ Games တွေကို ကမ်းခြေရဲ့ နူးညံတဲ့ သဲပြင်ပေါ်မှာ ကစားနိုင်မှာဆိုတော့ မတော်တဆ ချော်လဲလို့ ထိခိုက်ဒဏ်ရာရတာမျိုးတွေ မဖြစ်တော့ပါဘူး။ ဘေးမှာ အသင့်ရှိနေတဲ့ ရေပြင်ကလည်း လှိုင်း တဖွေးဖွေးနဲ့ ဆိုတော့ မောလာရင် ‌‌ရေဆင်းကူးပြီး စိတ်တိုင်းကျ အပန်းဖြေနိုင်ပါတယ်။

‌သမိုင်းကို စိတ်ဝင်စားပြီး အေးဆေးဆေး အနားယူရတာကို နှစ်သက်သူတွေအနေနဲ့ ‌‌တစ်ချိန်က ထင်ရှားခဲ့တဲ့ အထိမ်းအမှတ်နေရာတွေကို သွားရောက်လည်ပတ်သင့်ပါတယ်။ ဒေသန္ဒရ ဗဟုသုတတွေကိုလည်း လေ့လာနိုင်လို့ ဗဟုသုတလည်းတိုးပွားစေမှာပါ။

အတွေ့အကြုံအသစ်တွေကို နှစ်သက်သူတွေအနေနဲ့တော့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် လည်ပတ်သင့်ပါတယ်။ မတူညီတဲ့ ယဥ်ကျေးမှုတွေကို ခံစားနိုင်ပြီး ဒေသထွက်အစားအစာတွေရဲ့ အရသာနဲ့ ကွဲပြားတဲ့ ရိုးရာဓလေ့တွေက စိတ်ကို တစ်ဖန်လန်းဆန်းလာစေမှာပါ။


MIA Travels & Tours မှ Air KBZ စစ်တွေခရီးစဉ်အတွက် အထူးလက်မှတ်စျေးနှုန်းများကို ရယူခံစားလိုက်ပါ။နွေရာသီခရီးစဉ်အတွက် ၂၀၂၀ခ...
10/06/2020

MIA Travels & Tours မှ Air KBZ စစ်တွေခရီးစဉ်အတွက် အထူးလက်မှတ်စျေးနှုန်းများကို ရယူခံစားလိုက်ပါ။

နွေရာသီခရီးစဉ်အတွက် ၂၀၂၀ခုနှစ် မေလ ၂၆ ရက်နေ့မှစတင်၍ ရန်ကုန်-စစ်တွေ အပြီးအစီးလက်မှတ်စျေးနှုန်းများရောက်ရှိလို့လာပါပြီ။
--------------------------

ခရီးစဉ်များကို အသေးစိတ် စိတ်ဝင်တစား စုံစမ်းမေးမြန်းလိုသူများအတွက် ဖုန်း / Viber / Chat Box တို့မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်...

☎ 01-519415
📱 09-453300339
📱 09-453300449
📱 09-777565449
📱 09-777567449

📧 Email - [email protected], [email protected]

🏬 ရုံးခန်းလိပ်စာ - (A-1/502) ၊ ရွှေဂုဏ်သူအိမ်ရာ ၊ အောက်ကြည်မြင်တိုင်လမ်း နှင့် ဟုမ်းလမ်းထောင့် ၊ ကြည်မြင်တိုင်မြို့နယ် ၊ ရန်ကုန်။
❤ သင့်ခရီးလမ်းအဆင်ပြေစေဖို့ MIA နဲ့အတူခရီးသွားကြပါစို့ ❤
ပြည်ပခရီးသွားလိုင်စင်အမှတ် (ပခ-၀၃၈၀)

𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐈𝐑𝐋𝐈𝐍𝐄𝐒 (𝐌𝐍𝐀) 𝐈𝐒 𝐂𝐔𝐑𝐑𝐄𝐍𝐓𝐋𝐘 𝐎𝐏𝐄𝐑𝐀𝐓𝐈𝐍𝐆 𝐃𝐎𝐌𝐄𝐒𝐓𝐈𝐂 𝐅𝐋𝐈𝐆𝐇𝐓𝐒မြန်မာအမျိုးသားလေကြောင်း (MNA)မှ ယခုကာလအတွင်း ခရီ...
10/06/2020

𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐈𝐑𝐋𝐈𝐍𝐄𝐒 (𝐌𝐍𝐀) 𝐈𝐒 𝐂𝐔𝐑𝐑𝐄𝐍𝐓𝐋𝐘 𝐎𝐏𝐄𝐑𝐀𝐓𝐈𝐍𝐆 𝐃𝐎𝐌𝐄𝐒𝐓𝐈𝐂 𝐅𝐋𝐈𝐆𝐇𝐓𝐒

မြန်မာအမျိုးသားလေကြောင်း (MNA)မှ ယခုကာလအတွင်း ခရီးသွားပြည်သူများ၏ အရေးကြီး ခရီးသွားလာမှုများအစဉ်ပြေစေရန် ပြည်တွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပါသည်။

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါသည်။

W̲e̲b̲ ̲C̲h̲e̲c̲k̲-̲I̲n̲ ပြုလုပ်လိုသောခရီးသည်များ (www.flymna.com/checkin)
Check-In Baggage မပါဝင် သောခရီးသည်များအနေဖြင့် လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄နာရီ နှင့် ၇၅မိနစ်ကြားတွင် Online မှတစ်ဆင့် Web Check-in ပြုလုပ်၍ Boarding Gate သို့တိုက်ရိုက်သွားရောက်နိုင်ပါသည်။ ခရီးဆောင်အိတ် Check-in ပြုလုပ်လိုပါက Check-in Counter မပိတ်မီ သွားရောက်၍ Check-in ပြုလုပ်ရပါမည်။ Web Check-in ကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့မှ ထွက်ခွာမည့်ခရီးစဉ်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး e-boarding pass ကို Print ထုတ်လာရပါမည်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒 & 𝐌𝐄𝐀𝐋
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါသည်။
မြန်မာအမျိုးသားလေကြောင်း (MNA)၏ ခရီးစဉ်များအားလုံးတွင် ခရီးသည်များအား Meal (သို့) Snack Box တို့ဖြင့် ကျွေးမွေးဧည့်ခံပါသည်။

--------------------------

ခရီးစဉ်များကို အသေးစိတ် စိတ်ဝင်တစား စုံစမ်းမေးမြန်းလိုသူများအတွက် ဖုန်း / Viber / Chat Box တို့မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်...

☎ 01-519415
📱 09-453300339
📱 09-453300449
📱 09-777565449
📱 09-777567449

📧 Email - [email protected], [email protected]

🏬 ရုံးခန်းလိပ်စာ - (A-1/502) ၊ ရွှေဂုဏ်သူအိမ်ရာ ၊ အောက်ကြည်မြင်တိုင်လမ်း နှင့် ဟုမ်းလမ်းထောင့် ၊ ကြည်မြင်တိုင်မြို့နယ် ၊ ရန်ကုန်။
❤ သင့်ခရီးလမ်းအဆင်ပြေစေဖို့ MIA နဲ့အတူခရီးသွားကြပါစို့ ❤
ပြည်ပခရီးသွားလိုင်စင်အမှတ် (ပခ-၀၃၈၀)

Address

Building A-1, Room 502, Shwe Gone Thu Housing, Lower Kyee Myin Daing Road, Kyee Myin Daing Township
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959795599909

Alerts

Be the first to know and let us send you an email when MIA Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MIA Travel & Tours:

Videos

Share

Our Story

About Us

MIA Travel & Tours is a travel agency located in Yangon, Myanmar that has been licensed by the “ Ministry of Hotels & Tourism in Myanmar ( Inbound & Outbound ), Ministry of Planning & Finance, and Union of Myanmar Travel Association”.We have been committed to bringing our clients the best in value and quality travel arrangements. We manage almost every type of travel needs from simplest to the complex, and create an unparalleled experience that our customers could rely on. We are the travel agency anchored by our values, integrity and dedication to customer service. We know the growth and success of our company depends upon fulfilling our clients needs every day. This is also our promise.

Company Vision


  • We seek to be the most trusted and respected Travel Agency recognized by our clients for delivering excellence service while reducing your travel costs.

  • Other Yangon travel agencies

    Show All