Travel 47

Travel 47 Travel_47 မှ ကြိုဆိုပါတယ်
(13)

ဝါဆိုလ ပုဂံသွားရင် မိူင်းညို့ညို့လေးနဲ့ သိပ်ကိုလှနေမှာ
08/06/2024

ဝါဆိုလ ပုဂံသွားရင် မိူင်းညို့ညို့လေးနဲ့
သိပ်ကိုလှနေမှာ



မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခ နှုန်းထားများ___________________________________လေအိတ်ရထား အထက်တန်း မော်လမြိုင် - ရန်ကု...
17/05/2024

မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခ
နှုန်းထားများ
___________________________________
လေအိတ်ရထား အထက်တန်း

မော်လမြိုင် - ရန်ကုန်
- ၁၁,၀၀၀ကျပ်

မော်လမြိုင် - ပဲခူး
- ၈,၀၀၀ကျပ်

မော်လမြိုင် - ဝေါ
- ၇,၀၀၀ကျပ်

မော်လမြိုင် - သိမ်ဇရပ်
- ၆,၀၀၀ကျပ်

မော်လမြိုင် - မုပ္ပလင်
- ၆,၀၀၀ကျပ်

မော်လမြိုင် - ကျိုက္ကသာ
- ၆,၀၀၀ကျပ်

မော်လမြိုင် - ကျိုက်ထို
- ၅,၀၀၀ကျပ်

မော်လမြိုင် - မရမ်းကုန်း
- ၅,၀၀၀ကျပ်

မော်လမြိုင် - တောင်စွန်း
- ၅,၀၀၀ကျပ်

မော်လမြိုင် - နှင်းပုလဲ
- ၄,၀၀၀ကျပ်

မော်လမြိုင် - သိမ်ဆိပ်
- ၃,၀၀၀ကျပ်

မော်လမြိုင် - သထုံ
- ၃,၀၀၀ကျပ်

မော်လမြိုင် - ရင်းငြိမ်
- ၂,၀၀၀ကျပ်

မော်လမြိုင် - ဇင်းကျိုက်
- ၂,၀၀၀ကျပ်

မော်လမြိုင် - ပေါင်
- ၂,၀၀၀ကျပ်

မော်လမြိုင် - မုတ္တမ
- ၁,၀၀၀ကျပ်
___________________________________

လေအိတ်ရထား ရိုးရိုးတန်း

မော်လမြိုင်မှ - ရန်ကုန်
- ၆,၀၀၀ကျပ် ( AAR - ၅,၀၀၀ကျပ်)

- ပဲခူး = ၄,၀၀၀ကျပ်

- ဝေါ = ၄,၀၀၀ကျပ်

- သိမ်ဇရပ် = ၃,၀၀၀ကျပ်

- မုပ္ပလင် = ၃,၀၀၀ကျပ်

- ကျိုက္ကသာ = ၃,၀၀၀ကျပ်

- ကျိုက်ထို = ၃,၀၀၀ကျပ်

- မရမ်းကုန်း = ၃,၀၀၀ကျပ်

- တောင်စွန်း = ၃,၀၀၀ကျပ်

- နှင်းပုလဲ = ၂,၀၀၀ကျပ်

- သိမ်ဆိပ် = ၂,၀၀၀ကျပ်

- သထုံ = ၂,၀၀၀ကျပ်

- ရင်းငြိမ် = ၁,၀၀၀ကျပ်

- ဇင်းကျိုက် = ၁,၀၀၀ကျပ်

- ပေါင် = ၁,၀၀၀ကျပ်

- မုတ္တမ = ၁,၀၀၀ကျပ်
_____________________________________

AAR ရထား နှင့် ခရီးဝေးဈေးနူန်းအနည်းငယ်သာပြောင်းလဲမူ့ရှိသည်။

မီရထားလက်မှတ်များကို
လူကိုယ်တိုင် မှတ်ပုံတင်ကိုင်ဆောင်၍
လာရောက်ဝယ်ယူရမှာဖြစ်ပြီး
(အွန်လိုင်း)မှရောင်ချချင်းမရှိကြောင်း
မြန်မာ့မီရထားထံမှသိရသည်။

😊 1.3.24 ရက်နေ့ ညထွက်ခွာရျ် ...4.3.24 ညပြန်လည်ရောက်ရှိသော ...        မော်တင်စွန်းဘုရားပွဲ ၊ ငွေတောင်ကမ်းခြေ ၊     ဟိုင်း...
13/03/2024

😊 1.3.24 ရက်နေ့ ညထွက်ခွာရျ် ...4.3.24 ညပြန်လည်ရောက်ရှိသော ...

မော်တင်စွန်းဘုရားပွဲ ၊ ငွေတောင်ကမ်းခြေ ၊
ဟိုင်းကြီးကျွန်း ၊ ချောင်းသာကမ်း‌ေခြ
ခရီးစဉ် အမှတ်တရလေးပါခင်ဗျ။

စီးနင်းလိုက်ပါ အားပေးကြပါသော
ဧည့်သည်တော်များအား
အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့်
ထပ်မံပို့ဆောင်ခွင့် ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။..☺️

#မော်တင်စွန်း
#ပုသိမ်မော်တင်စွန်း
#ဟိုင်းကြီးကျွန်း
#ငွေတောင်ကမ်းခြေ
#ချောင်းသာကမ်းခြေ






#ခရီးသွားလုပ်ငန်း

တပေါင်းလ္ဆန်း (၁) ရက် March (10) ရက်နေ့ မော်တင်စွန်းဘုရား အာရုံဆွမ်းကပ်
10/03/2024

တပေါင်းလ္ဆန်း (၁) ရက်
March (10) ရက်နေ့

မော်တင်စွန်းဘုရား အာရုံဆွမ်းကပ်

ပုသိမ်ကို ကုပ်ချောင်းချောင်းမြို့တဲ့ ရေးတဲ့သူက ပုသိမ်သားနောက်တက်လာတဲ့စာရေးဆရာက ပုသိမ်အကြောင်း ပုသိမ်ရာဇဝင်သေချာမလေ့လာ မသ...
06/03/2024

ပုသိမ်ကို ကုပ်ချောင်းချောင်းမြို့တဲ့
ရေးတဲ့သူက ပုသိမ်သား

နောက်တက်လာတဲ့စာရေးဆရာက
ပုသိမ်အကြောင်း
ပုသိမ်ရာဇဝင်သေချာမလေ့လာ မသိဘဲနဲ့
လျှောက်ရေးထားတယ်။

မွန်မင်းသမီးဥမ္မာဒန္တီအုပ်ချုပ်ခဲ့တဲ့
ပုသိမ်၃၂မြို့နယ်ဟာဧရာဝတီတိုင်းဘဲဖြစ်တယ်။

၁၁ရာစု အနော်ရထာတို့နဲ့ခေတ်ပြိုင်
အဲဒီသမိုင်း မြန်မာရာဇဝင်မှာမရှိဘူး
မွန်ရာဇဝင်မှာရှိနိုင်တယ် ။

ပုသိမ်ဆိုတဲ့အမည်က
မွန်လို ကုသိမ်ကဆင်းသက်လာတာ ဖြစ်နိုင်တယ်။

သိမ်များရှိတဲ့မြို့လိုအခေါ်တယ် ။
ပုသိမ်မှာ သိမ်ကိုးသိမ်
ကန်ကိုးကန်
ကုန်းကိုးကုန်းရှိတယ် ။

ပုသိမ်ရှေးနှစ်ပေါင်းများစွာက
ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တယ် ။

နိုင်ငံခြားသင်္ဘောကြီးတွေ
ဝင်ထွက်ဆိုက်ကပ်တဲ့မြို့ဖြစ်တယ် ။

ဒီဇယ်အင်ဂျင်မပေါ်ခင်ရေနွေးငွေ့သုံး
မီသင်္ဘောမတိုင်ခင်က ပင်လယ်ရေကြောင်း
ရွက်လွင့်သွားခဲ့တဲ့ခေတ်ကတည်းက

ပုသိမ်ကိုရွက်သင်္ဘောကြီးဆိုက်ကပ်ခဲ့သည် ။
ကိုယ်ငယ်ငယ်ကမြင်တွေ့ခဲ့ဘူးသည် ။

အာရပ်နဲ့အိန္ဒိယဘက်အသုံးအဆောင်များသယ်ဆောင်သလို အပြန်တွင်မြန်မာပြည်ထွက်သယံဇာတများကျွန်းသစ်နှင့်ဆန်စပါးတို့ကိုသယ်ဆောင်ခဲ့နိုင်ငံခြားကူးသန်းရောင်းဝယ်ရာအရေးကြီးသောဆိပ်ကမ်းမြို့တမြို့ဖြစ်ခဲ့သည်။

ယခုအခေါ်မြို့လယ်ခေါင်ကရွှေဆိုင်တန်းလမ်းမှာယခင် မေမန်လမ်းဖြစ်သည် ။
မေမန်လူမျိုးများတည်ဆောက်ခဲ့သည့်ဗလီမှာ
မေမန်ဗလီဖြစ်သည် ။

မေမန်လူမျိုးများသည်အဝတ်အထည်နှင့်အခြားလူသုံးကုန်ပစ္စည်းများရောင်းဝယ်သူများဖြစ်ကြသည်။

၁၈၂၄-၂၅အင်္ဂလိပ်မြန်မာပထမစစ်ပွဲအပြီးအင်္ဂလိပ်လက်အောက်စရောက်ခဲ့ပြီး
အင်္ဂလိပ် တည်ခဲ့သော မြို့ပြတခုဖြစ်ခဲ့သည်။

ပုသိမ်မှာဆန်တမျိုးကလွဲလို့ဘာမှမထွက်ပါ ။
ပုသိမ်က ပင်လယ်နဲ့နီးတော့ ပင်လယ်ထွက်
ငါးအမျိုးမျိူး၊ငပိ၊ငါးခြောက်၊ငံပြာရည်များ
ပုသိမ်မှတဆင့်တနိုင်ငံလုံးဖြန့်ရသည်။

ပုသိမ်-ရန်ကုန်သင်္ဘောလိုင်း ပုသိမ်မှ
ကြံခင်းရထားလမ်းမှာကုန်သွယ်ရာတွင်
အဓိကကျသည်။

ကြံခင်းတောက်လျှောက်ရထားဖြင့်သယ်ဆောင်လာသောဆန်များကိုပုသိမ်ကမ်းနားကျောက်ငူအထိရထားလမ်းဖြင့်ဆန်တင်သင်္ဘောဆီတိုက်ရိုက်တင်ဆောင်နိုင်အောင်ဂိုဒေါင်ကြီးများဆောက်လုပ်ထားသည် ။

ထိုဆန်များကြာရှည်ထားနိုင်အောင်ပိုလန်နိုင်ငံမှနည်းပညာဖြင့်ဆောက်လုပ်သောကြောင့်ပိုလန်ဂိုဒေါင်ဟုခေါ်ကြသည် ။

နိုင်ငံခြားမှဆန်တင်သင်္ဘောကြီးများပါလာသည့် အရက်ဘီယာစီးကရက်မျိုးစုံပုသိမ်မှာပေါကြွယ်ဝလှသည်။

ပုသိမ်သည်ရေချိုနှင့်ရေငံထိစပ်သောနေရာကြောင့်တကြောင်းမြစ်များချောင်းများမြောက်များစွာရှိခြင်းကြောင့်ငါးပုဇွန်များပေါကြွယ်ဝလှ၏ ။

ပုသိမ်လက်ဆောင်အဖြစ်
ပုသိမ်ဟာလဝါပုသိမ်ထီးနံမည်ကြီးလှ၏ ။

ဟိုးယခင်ကနံမည်ကြီး မမလေးဟာလဝါ ။
မရန်ဟာလဝါ၊ အမာဇီဟာလဝါ၊ အမာကြည်ဟာလဝါတို့မှာ နံမည်ကြီးလှပါသည် ။

အစ္စလာမ်ဘာသာဝင်တို့ဖန်တီးတဲ့
အစာအဟာရတမျိုးဖြစ်ပါသည် ။

ပုသိမ်ထီးကတော့မရမ်းချိုရွာသား
ဦးဖိုးထွန်းကနိုင်ငံခြား ဆန်တင်သင်္ဘောဂျပန်ပါသွားပြီး သင်ယူလာတဲ့ထီးလုပ်အတတ်ပညာဖြင့်

ပုသိမ်မှာအနောက်ရိုးမကဝါကခပ်းပေါပေါနဲ့ထီးလုပ်ငန်းမှတဆင့်ပုသိမ်ထီးဟုနံမည်ကြီးလှပေ၏ ။

၁၈၂၄ အင်္ဂလိပ်မြန်မာပထမစစ်ပွဲပြီး
ရခိုင်ဧရာဝတီတနင်္သာရီ
အင်္ဂလိပ်လပ်အောက်ကျရောက်ပြီး

၁၈၅၂ ဒုတိယအင်္ဂလပ်မြန်မာစစ်ပွဲပြီး
အရှေ့ဘက်တောက်ငူ အနောက်ဘက်သရက်အထိမြန်မာပြည်အလယ်ပိုင်း အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပါတယ် ။

၁၈၈၅မှမြန်မာတပြည်လုံးအင်္ဂလိပ်လက်အောက်ရောက်ခဲ့ပါတယ်။

နယ်ချဲ့ကိုလိုနီတွေစီးပွါးရေးအရအုပ်ချုပ်ပြီးပညာရေးအရသာသနာပြုကျောင်းတွေ ဖွင့်လာပါတယ် ။

RCM ရိုမန်ကက်သလစ်သာသနာပြုကျောင်း
ABM အမေရီကန်ဘက်ပတစ်မစ်ရှင်ကျောင်း

အပြင်တဲ့

ဧရာဝတီတိုင်းအတွင်း ကရင်လူမျိုးအများစု
ပညာသင်ကြားဘို့ ကိုသာဖြူသာသနာပြုကျောင်းစသည်ဖြင့်ပုသိမ်မှာဖွင့်ခဲ့ပါတယ် ။

ထို့အပြင်အခြေခံပညာသင်ပြီးလျှင်အိန္ဒိယရှိ
ဒါဂျီလင်မှာကျောင်းသွားတက်ကြပါတယ် ။

၆၂စစ်တပ်အာဏာသိမ်းပြီး
၆၄မှာကျောင်းတွေ ပြည်သူပိုင်သိမ်းတဲ့အခါကျမှပြန်လာကြပါတယ် ။

ပုသိမ်ကလူတွေအတော်များများ
နိုင်ငံခြားမှာပညာသွားသင်တာများပါတယ် ။

နှစ်တရာကျော် အင်္ဂလိပ်နယ်ချဲ့အုပ်ချုပ်မှုကိုလက်မခံဘဲ လွတ်လပ်ရေးတောင်းဆိုဖို့အင်္ဂလန်သွားတဲ့ ဖေပုရှိန်သုံးဦးထဲက ဦးထွန်းရှိန်ဟာပုသိမ်သားပါ ခင်ဗျား ။

လေးစားစွာဖြင့် ပြန်လည်မျဝေပါသည် ။
ကိုအောင်ကျော်စိုး ပုသိမ်သား

1.3.2024 မော်တင်စွန်း / ချောင်းသာ ခရီးစဉ် အမှတ်တရ 🎈🎈🎈လိုက်ပါအားပေးသော ဧည့်သည်တော်များအားလုံး ကျေးဇူး‌များစွာတင်ရှိပါတယ်ခ...
06/03/2024

1.3.2024 မော်တင်စွန်း / ချောင်းသာ ခရီးစဉ်
အမှတ်တရ 🎈🎈🎈

လိုက်ပါအားပေးသော ဧည့်သည်တော်များအားလုံး
ကျေးဇူး‌များစွာတင်ရှိပါတယ်ခင်ဗျာ့

ဘုရားပွဲတော်ရက်အတွင်း
သောကြာနေ့မှ တနင်္လာနေ့အထိ

_8.3.2024 / 11.3.2024
15.3.2024 / 18.3.2024
22.3.2024 / 25.3.2024

အပါတ်စဉ် ပို့ဆောင်ပေးလျက်ရှိပါတယ်

အသေးစိတ်ဖက်ရူ့ရန်အတွက် 👇👇👇

https://www.facebook.com/share/p/sR6pGvVVcejKGAvq/?mibextid=Nif5oz

မော်တင်စွန်းစေတီသည် ကမ္ဘာ့မြေပြင်ပေါ်တွင်ပထမဦးဆုံးတည်ထားသည့်စေတီဖြစ်ပါသည်။ဇေယျသေနနဂါးမင်း မြတ်မော်တင်ဆံတော်ရှင်စေတီပေါ်ပ...
25/02/2024

မော်တင်စွန်းစေတီသည် ကမ္ဘာ့မြေပြင်ပေါ်တွင်ပထမဦးဆုံးတည်ထားသည့်စေတီဖြစ်ပါသည်။

ဇေယျသေနနဂါးမင်း မြတ်မော်တင်ဆံတော်ရှင်စေတီပေါ်ပေါက်ရေးအတွက် ဘီလူးတွေနဲ့စစ်ခင်းခဲ့ရသည်
ရှေးအခါက နဂါးရစ်တောင်၊ သရဏတောင်၊ နီရဘန်တောင်၊(ယခု)မော်တင်စွန်းနေရာဒေသသည် ဘီလူးများကြီးစိုးရာကျွန်းတစ်ကျွန်းဖြစ်ပါသည်။

အနောက်မဇ္ဈိမဒေသတွင် ဗုဒ္ဓဘုရားပွင့်တော်မူသည့်သတင်းသည်
ဘောဂဝတီနဂါးပြည်ထိ ပြန့်နှံ့စေပြီး
ဘုရားကိုဖူးမြှော်ခွင့် တရားနာခွင့်ရရန် နတ်နဂါးတွေနည်းမျိုးစုံနဲ့ကြိုးပမ်းကြပါသည်
တချို့နတ်နဂါးတွေဆိုရင် လူယောင်ဖန်ဆင်းပြီး ဘုရားသာသနာဘောင်ထဲဝင်ကြသည်
ဘုရားဟောတဲ့တရားတွေကို ဘောဂဝတီပြည်သို့ တဆင့်ပြန်ပို့ပေးကြသည်
အဲ့ဒီထဲမှာ ဇေယျသေနနဂါးမင်းအပါအဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘုရားဆံတော်(၈)ဆူကို တဖုဿနှင့်ဘလ္လိကကုန်သည်ညီနောင်ကို ချီးမြှင့်လိုက်ကြောင်း ထိုကုန်သည်ညီနောင်သည် ပင်လယ်ခရီးဖြင့်လာနေကြောင့်ကို ဇေယျသေနနဂါးမင်းကြားသိသောအခါ
နတ်နဂါးတွေပူဇော်ရန် ဆံတော်တောင်းယူရန်ဆန္ဒပြင်းပြနေသည်
ဘုရားဆံတော်ရရင် စေတီတည်ထားကိုးကွယ်ပါမည်ဟု အဓိဌာန်ပြုထားပြီး
ဆံတော်ရှင်စေတီတည်ရန် ပင်လယ်ကမ်းစပ်ကိုလိုက်ရှာကြည့်တဲ့အခါ ဘီလူးများကြီးစိုးရာ နဂါးရစ်တောင်(ယခု)မော်တင်စွန်းနဲ့အသင့်တော်ဆုံးမို့ ဤနေရာမှာ စေတီတစ်ဆူတည်ထားကိုးကွယ်ရန်အတွက် ဘုရားမြေအဖြစ်သတ်မှတ်ပေးဖို့ ဘီလူးတွေကို ဇေယျသေနနဂါးမင်း ခွင့်ပန်သော်လည်း ဘီလူးများကလုံးဝလက်မခံကြဘူး ဒါကြောင့် ဘီလူးနဲ့နဂါးစစ်ခင်းကြပါသည်။

ရေထဲကနဂါးကို ကုန်းပေါ်ကဘီလူးတွေက ကျောက်တောင် ကျောက်သား ကျောက်တုံးတွေနဲ့လှမ်းထုကြတယ်
နဂါးတွေကလဲ မီးလျှံမီးတောက်နဂါးငွေ့ဖြင့် ပစ်မူတ်ကြတယ် တချို့နဂါးတွေက ဒီရေလှိုင်းလုံးကြီးတွေနဲ့ ရိုက်ခတ်ကြတယ်
ဧရာပထနဂါးမင်းတို့ နမ္မဒါနဂါးမင်းတို့ပါ စစ်ကူပေးတယ်လို့ဆိုပါတယ်
ဘီလူးတွေအင်အားကြီးတဲ့အတွက် ဇေယျသေနနဂါးမင်းက စစ်ဗျူဟာခင်းဉာဏ်သုံးပြီး တောင်ကို နဂါးအမြီးတွေနဲ့ရစ်ပတ်ထားပြီး ပင်လယ်ထဲသို့ဆွဲချရန် ပြင်ဆင်ကြပါသည်။

တောင်ကုန်းပေါ်ကဘီလူးတွေ မင်းတို့ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ရေထဲရောက်ရင် နဂါးအစာပဲဟု ဇေယျသေနအော်ပြောတဲ့စကားသံကြောင့် ဘီလူးတွေကြောက်လန့်ပြီးထွက်ပြေးသွားကြသည်
ဒါကြောင့် နဂါးရစ်တောင်ဟုအမည်တွင်လေသည်
ဇေယျသေနနဂါးမင်းတို့သည် နဂါးရစ်တောင်ကို စေတီတည်ရန် ကြိုတင်သန့်ရှင်းရေးလုပ်ထားကြပြီး
တဖုဿနှင့်ဘလ္လိကညီနောင်တို့ ကုန်သည်လှေဆိုက်ရောက်လာသွားအခါ နတ်နဂါးတွေကိုးကွယ်ပူဇော်ရန်အတွက် ဘုရားဆံတော်နှစ်ဆူတောင်းခံသော်လည်း မရသဖြင့် ဘုရားဆံတော်နှစ်ဆူကို ခိုးယူလိုက်ပါသည်။

#စကားရပ်ရှင်းလင်းချက်။
ဗုဒ္ဓရဲ့ဓာတ်တော်စစ် ဆံတော်စစ်များကို မည်သူမှ ခိုးယူခြင်း ဖျက်ဆီးခြင်း မရကြောင်း ဓမ္မစာပေများမှာတွေ့ရပါတယ်
ဒါကြောင်း ဘုရားပရိနိဗ္ဗာန်ပြုပြီး ဓာတ်တော်မွေတော်များလုယူရန် အတိုင်းတိုင်းအပြည်ပြည်မှ စစ်ခင်းယူရန်ကြိုးပမ်းလာကြသဖြင့် အညီအမျှဓာတ်တော်ဝေခန်းကိုလည်း ဗုဒ္ဓဝင်ကျမ်းမှာတွေ့ရပါသည်။

ရန်ကုန်ဗိုလ်တထောင်ဘုရားသမိုင်းမှာ ဇေယျသေနနဂါးမင်းခိုးသွားသည့် ဆံတော်၂ဆူသည် ရွှေကြုပ်ထဲသို့ပြန်ရောက်လာကြောင့် ဖော်ပြထားပါတယ်။

တဖုဿနှင့်ဘလ္လိကညီနောင်ထံမှ ဘုရားဆံတော်ကို ဇေယျသေနနဂါးမင်း ယူမှာကို ဗုဒ္ဓဘုရားကြိုသိနေကြောင်း၊
ဤဆံတော်သည် နောင်တချိန်တွင် မော်တင်စွန်းစေတီအဖြစ် လူနတ်ဗြဟ္မာ နဂါးဘီလူးတို့ ကိုးကွယ်ရာစေတီတစ်ဆူဖြစ်လာမှာဖြစ်ကြောင်း၊ ငါဘုရားကိုယ်တော်တိုင်ကြွရောက်ဖူးမြှော်ရမည့် ဘုရားတစ်ဆူဖြစ်ကြောင်းကို ဘုရားကြိုသိကြိုမြင်သဖြင့် ဘုရားကိုယ်တိုင်ကျေနပ်စွာခွင့်ပြုခဲ့လို့သာ ဇေယျသေနနဂါးမင်း ဆံတော်ကိုပင့်ယူလို့ရသွားတာဖြစ်ပါတယ်။

တဖုဿနှင့်ဘလ္လိကတို့ ဘုရားဆံတော်ပင့်ဆောင်လာသောလှေမှာ သိကြားမင်းနှင့် နတ်စစ်သည်ပေါင်းများစွာ ခြံရံလိုက်ပါလာသဖြင့် ရန်သူမျိုးငါးပါးကို လုံခြုံစိတ်ချရသည်ဟု
သိကြားသာသနာ မှတ်တမ်းမှာပြဆိုထားပါတယ်။

ဇေယျသေနနဂါးမင်း ဘုရားဆံတော်ကို ဘာကြောင်းရယူသွားသလဲဆိုရင် ဘုရားလောင်း ဘူရိဒတ်ဇာတ်နဂါးမင်းနှင့် ဇေယျသေနနဂါးမင်းတို့ သွေးဆက်သားဆက်တော်စပ်မူကြောင့် ဇေယျသေနနဂါးမင်း ဘုရားဆံတော်ရသွားသည်ဟုဆိုပါတယ်။
(ဖြစ်နိုင်၏ မဖြစ်နိုင်၏ကို စဉ်းစားတွေးခေါ် ဆက်စပ်ကြည့်ရင်သိနိုင်ပါတယ်)

ဇေယျသေနနဂါးမင်း မော်တင်စွန်း ဆံတော်ရှင်စေတီ စတင်တည်သည့်နေ့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေဖြစ်ပါသည်။
၎င်းနေ့မှာ မြတ်စွာဘုရား မိဂဒါဝုန် အင်ကြင်းတော၌ ပဉ္စဝဂ္ဂီ ငါးဦးကို ဓမ္မစကြာ တရားဦးဟောသောနေ့နှင့်တိုက်ဆိုင်နေတာတွေ့ရပါသည်
ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိစဉ်၊ တရားဦးဓမ္မစကြာတရားဟောကြားချိန်မှာ ဇေယျသေနနဂါးမင်း မော်တင်စွန်းဘုရားကို စတင်တည်ဆောက်နေပါပြီ။

ဒါကြောင့် မော်တင်စွန်း ဆံတော်ရှင်စေတီတော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးတည်သည့် စေတီတော်ဖြစ်ပြီး ကမ္ဘာမြေပြင်ပေါ်တွင် ပထမဆုံးတည်ထားသည့် စေတီတော်အဖြစ်မှတ်တမ်းတင်ခဲ့ပါသည်။

မြတ်စွာဘုရားပွင့်တော်မူရာ မဇ္ဈိ မဒေသတွင်ပင် စေတီမတည်နိုင်သေးဘူး မော်တင်စွန်းစေတီကိုတည်ထားနိုင်သဖြင့် သာသနာတော် အစ မော်အစွန်းကဟုပင် ဆိုကြပါသည်။
ဇယျသေန နဂါးမင်းသည် ဘုရားဆံတော်နှစ်ဆူအား မော်တင်နဂါးရစ်တောင်ထိပ်၌ ဌာပနာသွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူကို ပူဇော်ထားခဲ့ပါသည်။
စိုင်တမော့အရွယ်ဆိုသည်မှာ လူတရပ်ခန့်အမြင့်ကိုဆိုလိုပါသည်။

မြတ်စွာဘုရားသည် ၈ ဝါမြောက်တွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွလာခဲ့သောအခါ မော်တင်တောင်ထိပ်သို့ကြွရောက်လာပြီး နဂါးမင်းတည်ခဲ့သည့် မော်တင်စွန်းစေတီတော်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် မြတ်စွာဘုရားသည် စေတီတော်ကို လက်ယာရစ်ပတ်ပူဇော်ခဲ့ပါသည် ဒုတိယအကြိမ် ကြွတော်မူလာသည့်အခါတွင်လည်း လက်ယာရစ်ကြွတော်မူပြီး မေတ္တာတော်ဓာတ်လွှမ်းခြုံပေးခဲ့ပါသည်။

သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဖုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြပါသည်။

ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးသည် တိုင်းခန်းလှည့်လည်ရာ စေတီတော်ရှိရာ နဂါးရစ်အငူ မော်တင်စွန်းသို့ ရောက်သောအခါ မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင်စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ရပြီးဖောင်တော်ရပ်တန့်ဖူးမြှော်ခဲ့ကြသည်။

ထို့နောက် စေတီတော်ကို တက်ရောက် ပူဇော်၏။ ထိုစေတီတော်၏ အနီးတွင် မင်းမြှောက်တန်ဆာ ငါးငါး၊ သင်္ကန်းနှင့် ဓာတ်တော်များကို ဌာပနာ၍ဖောင်တော်ဆိုက်ကပ်သည့် အနေဖြင့် ဖောင်တော်ဦးစေတီတော်ကို တည်ထားခဲ့သည်။

မော်တင်စေတီတော်ကိုမူ ဉာဏ်တော် အတောင်၄၀ အထိ မြှင့်တင်ကာ ရတနာအုတ်ကျောက်တို့ဖြင့် မွမ်းမံခဲ့သည်။ ထို့ပြင် ဖောင်တော်ဆိပ်စေတီတော်ကိုလည်း ကျောက်ဆောင်ပေါ်တွင် တည်ခဲ့လေသည်။
#ဇေယျသေနနဂါးမင်းနှင့်အလောင်းစည်သူမင်း တို့ ဇာတ်လမ်းကိုစာတန်းရှည်၍ မရေးတော့ပါ။

မော်တင်စွန်းဘုရားသက်တမ်းကိုတွက်ကြည့်တဲ့အခါ
မဟာသက္ကရာဇ်(၁၀၃)ကဆုန်လပြည့်နေ့ ဘုရားပွင့်ပြီး ၃-လမြောက်မှာ ဆံရှင်တော်မြတ်မော်တင်စေတီကိုတည်ထားကိုးကွယ်ခဲ့ပါသည်
ယခုဆိုရင် သာသနာသက္ကရာဇ်၂၅၆၆နှစ်ဖြစ်သည့်အတွက်
မော်တင်စွန်းဘုရားသက်တမ်းသည် နှစ်ပေါင်း၂၆၀၀ကျော်ရှိသည်ကိုတွေ့ရပါသည်။

Crd ...

 #မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါခေါ်မယ် 🗓️ တစ်နှစ်မှာ တစ်လသာ ကျင်းပတဲ့ 🙏 မြတ်မော်တင်စွန်းဘုရားပွဲတော်နှင့်အတူ 🏊 ချောင်း...
25/01/2024

#မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါခေါ်မယ်

🗓️ တစ်နှစ်မှာ တစ်လသာ ကျင်းပတဲ့
🙏 မြတ်မော်တင်စွန်းဘုရားပွဲတော်နှင့်အတူ
🏊 ချောင်းသာကမ်းခြေ ခရီးစဉ် ...

🌸တစ်ဦး ( 160,000 ) ကျပ်
🏘️( Motelတည်း အပြီးအစီး စာရိတ်ငြိမ်း )
___________________________________________

💁 လည်ပါတ်ဖူးမျှော်ရမည့်နေရာများမှာ

မဟာကုဋရံသီ မော်တင်စွန်းစေတီတော်မြတ်

#ရွှေမုဌောစေတီ (ပုသိမ်)
#‌ဖောင်‌ေတာ်ဦး‌စေတီ
#ကျိုက်တိစေတီ

#ဟိုင်းကြီးကျွန်း
#ခမောက်မှော်

#‌ေငွတောင်ကမ်းခြေ

#ချောင်းသာကမ်းခြေ ___________________________________________

🧳 ခရီးသွားမည့်ရက်

👉 1.3.2024( သောကြာ ညနေထွက်)
4.3.2024 ( တနင်္လာ ညရောက်)

👉 8.3.2024 ( သောကြာ ညနေထွက်)
11.3.2024 ( တနင်္လာ ညရောက်)

👉 15.3.2024 ( သောကြာ ညနေထွက်)
18.3.2024( တနင်္လာ ညရောက်)

👉 22.3.2024 ( သောကြာ ညနေထွက်)
25.3.2024 ( တနင်္လာ ညရောက်)
___________________________________________

ခရီးစဥ်Packageတွင်ပါဝင်သောဝန်ဆောင်မှုများ

♦️ Higer , Yutong ( 40 / 33 seater နောက်ဆုံးပေါ်ကားကြီးများဖြင့်ပို့‌ေဆာင်ပါမည်။)
♦️ Motel 2 Night
♦️ တဆင့်သွားကားခ /ဝင်ကြေးများ
♦️ စက်လှေခ
♦️ နေ့လည်စာ ၊ညစာ များကို နာမည်ကြီး ထမင်းဆိုင်များတွင် ကျွေးပါမည်။
♦️ အဆာပြေ snackမုန့် နှင့် အချိုရည်
♦️ ရေသန့် / mask / tissue / စနိုးတာဝါ
♦️ သွားတိုက်ဆေး ၊သွားပွတ်တံ
♦️ ခရီးသွားအာမခံ
♦️ အခြေခံအိမ်သုံးဆေးဝါးများ
♦️ ယဥ်ကျေးပြူဌာသော ကျွမ်းကျင်သောtour guideများမှ ခရီးစဥ်အစအဆုံးလိုက်ပါဝန်ဆောင်မှုပေးပါမည်။
_______________________________________________

🚍Tour နဲ့သွားတဲ့ခရီးဆိုပေမယ့် တစ်နေရာနဲ့တစ်နေရာ အလုအယက်သွားစရာမလိုပဲ
အေးအေးဆေးဆေး လိုက်ပို့ပေးမယ့် ခရီးလေးပါ

💁 ခရီးစဥ်လေးမှာ ဘယ်လိုလည်ပါတ်ရမယ်ဆိုတာ စိတ်ပါဝင်စား၍ မေးမြန်းသိရှိလိုပါက
Page massenger သို့ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ့
__________________________________________

Travel 47 အနေဖြင့် ခရီးစဉ်လမ်းကြောင်းတစ်ခုလုံးအပေါ်တာဝန်ယူနိုင်ပြီး ဖော်ရွေပျူငှာပြူငှာသော Tour Leader တွေနဲ့သာပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။

နှစ်စဥ် #ကားစင်းလုံးငှား အော်ဒါများကိုလည်း
အဆင်ပြေစွာ မြန်မာပြည်အနှံ့ ၀န်ဆောင်မှုပေးနေတဲ့ #ခရီးသွားလုပ်ငန်း တစ်ခု ဖြစ်ပါတယ်။

Travel 47 နဲ့ ခရီးသွားဖူးသူတိုင်း
ကျနော်တို့ရဲ့စေတနာ နဲ့ ၀န်ဆောင်မှုကို သိနေပြီမို့
ခရီးသွားတော့မယ်ဆိုရင် ....

#အသက်သာဆုံးသောနူန်းထား

#အကောင်းဆုံးသောဝန်ဆောင်မူ့

#ယုံကြည်စိတ်ချရဆုံးသော

ကျနော်တို့ Travel 47 နှင့်လိုက်ခဲ့ဖို့
ဖိတ်ခေါ်ပါရစေခင်ဗျာ
___________________________________________

ရွှေစက်တော်ခရီးစဥ်လည်းရှိပါတယ် ခင်‌ဗျာ ။___________________________________________

🏢 Travel 47 , ၂/၅၀၆၊ ပန်းလိူင်အိမ်ယာ၊
အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊
ရန်ကုန်မြို့။ Post code - 11101

☎️ 09 96 447 4141 ( Viber & Whatsapp )
☎️ 09 42 567 5957

ယခုမှစတင်လုပ်ကိုင်သော ခရီးသွားလုပ်ငန်း
မဟုက်ပဲ ကမ္ဘာ့ကပ်ရောဂါ ( corona-19)
ဖြစ်ပွားနေစဉ် ခေတ္တရပ်နားထားသော
ခရီးသွားလုပ်ငန်းဖြစ်ပါသည်။

လိုက်ပါအားပေးသူများနှင့်
Like 👍 & Share 🤝 လုက်ပေးသူများလည်း
ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ့ 😍







မော်တင်စွန်း ခရီစဥ်လေးလမ်းကြောင်းအညွန်း....        ပုသိမ်ကနေ မော်တင်စွန်း ကိုပုံမှန်အေးဆေးမောင်းမယ်ဆို ၅နာရီဝန်ကျင်ခန့်မ...
24/01/2024

မော်တင်စွန်း ခရီစဥ်လေးလမ်းကြောင်းအညွန်း....
ပုသိမ်ကနေ မော်တင်စွန်း ကိုပုံမှန်အေးဆေးမောင်းမယ်ဆို ၅နာရီဝန်ကျင်ခန့်မောင်းရပါတယ်.
ပုသိမ်ကနေမော်တင်စွန်းကို ၉၅ မိုင်ရှိပါတယ်
ပုသိမ်ကြိုးတံတားကနေပြီ မိုင်တိုင်စမှတ်ဖြစ်ပါတယ်
မော်တင်စွန်းသွားတဲ့လမ်းဟာ တောင်တတ်တောလမ်းဖြစ်လို့ ရိုးမရဲ့တောတောင်ရှုခင်းများကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်
ပုသိမ်ကစထွက်မယ်ဆို ငွေဆောင်.မော်တင်စွန်းလမ်းခွဲကိုအရင်ရောက်မှာဖြစ်ပါတယ်. မိုင်တိုင် ၁၁မိုင်ဖြစ်ပါတယ်
အကွေ့အကောက်မရှိသေးလို့ ပုံမှန်လေးဘဲမောင်းသွားရင် မိနစ် ၃၀ ဝန်ကျင်လောက်ဆိုရောက်ပါတယ် လမ်းမှာ တွန်ပလွန်းတံတား..သလပ်ခွာရွှာနှင့်တံတားကျော်ပြီ စိန်တောင်တိုးဂိတ်ကျော်တာနဲ့ မိုင်တိုင် ၁၁ ငွေဆောင်...မော်တင်စွန်းလမ်းခွဲရောက်ပါပြီ
လမ်းခွဲကနေ မော်တင်စွန်းကို ရိုးမတောင်တတ်တောလမ်း ၈၄မိုင်ထက်မံမောင်းရမှာဖြစ်ပါတယ်
ခက်မှန်မှန်လေးဆက်မောင်းလိုက်ရင် ၂၈မိုင် ၅ဖာလုံတွင် မဏ္ဍိပ်ရွာလေးကိုရောက်ပါပြီ ပုသိမ်မြို့နယ်အဆုံးဖြစ်ပါတယ် ငပုတောမြို့နယ်ရဲ့ရိုးမတောစပ်အစဖြစ်ပါတယ်
မဏ္ဍိပ်ရွာလေးမှာ ထမင်ဆိုင်များကိုတွေ့ရမှာဖြစ်ပြီ တောကောင်းသားများလဲရတတ်ပါတယ်..မဏ္ဍိပ်ရွာကျော်လာရင်တော့ တောင်တတ်တောင်ဆင်း
မတ်စောက်များပြားလာမှာဖြစ်ပါတယ်
မဏ္ဍိုပ်ရွာကနေ ပုံမုန်လေးဆက်မောင်းလိုက်မယ်ဆို ၁ နာရီဝန်ကျင်ခန့်လောက်မှာ ငရုပ်ကောင်းတောင်ရွာလေးကိုရောက်ပါပြီ မိုင်တိုင်၅၄ မိုင်ဖြစ်ပါတယ် ငရုပ်ကောင်းမြို့ကိုသွားသောလမ်းခွဲရှိပါတယ် လမ်းခွဲနားမှာ စျေးဆိုင်..စားသောက်ဆိုင်..ဆီဆိုင်များရှိပါတယ် ဂေါ်ရန်ဂျီကျွန်းသွားတဲ့လမ်းခွဲက ငရုပ်ကောင်းမြို့သွားတဲ့လမ်းမှာရှိတာဖြစ်ပါတယ်
ငရုပ်ကောင်းမြို့လမ်းခွဲကနေ မော်တင်စွန်းဘက်ကို ၁နာရီဝန်ကျင်လောက်မှန်မှန်လေးဆက်မောင်းလိုက်ရင်တော့ ငရုပ်ကောင်းတောင် ငပြေမတောင်ကိုကျော်ပြီရင် ငပြေမစံကျောင်းဖြစ်တဲ့ ရဟန္တာစံကျောင်းလို့လဲခေါ်ဝေါ်သမုတ်ကြတဲ့ မိုင်တိုင် ၈၂ ကိုရောက်ပါပြီ
စံကျောင်းကိုဝင်ဖူးလို့ရပါတယ် ကားလဲခတ္တေနားသင့်ပါတယ် ငရုပ်ကောင်းရွာကနေ စံကျောင်းကိုမောင်းရတဲ့လမ်းက တောင်တတ်တောင်ဆင်းရှည်၍
မတ်စောက်လွန်းတဲ့အတွက်ဖြစ်ပါတယ် တချို့နေရာတွေမှာ ရိုးမရဲ့အလှကိုအပေါ်စီးကမြင်တွေ့ရမှာဖြစ်ပါတယ် ပုသိမ်မြစ်ဖြစ်တဲ့ ငဝန်မြစ်ကိုလဲအဝေးကလှမ်းမြင်တွေ့နိင်ပါတယ် လမ်းမှာပိုးလောင်းလမ်းခွဲ.
ကျုံကူးလမ်းခွဲများရှိပါတယ် အဲ့တာတေကျော်မှ စံကျောင်း ၈၂ မိုင်ကိုရောက်တာဖြစ်ပါတယ်
ငပြေမစံကျောင်းကနေ မှန်မှန်လေးဆက်မောင်းလာရင်တော့ ရှေ့မှာအတတ်အဆင်နည်းသွားပါပြီ နာရီဝက်လောက်မောင်းလိုက်ရင် မရမ်းကွင်း.ကုန်းတန်း.ကညင်ချောင်းနှင့်ရေနောက်အိုင်ရွှာလမ်းခွဲများ ကျော်တာနဲ့ ဟိုင်းကြီးကျွန်း..မော်တင်စွန်းလမ်းခွဲကိုရောက်ပါပြီ
ဟိုင်းကြီးကျွန်းကိုသွားရင် ၁၀မိနစ်လောက်မောင်းလိုက်တာနဲ့ ခမောက်မော်တံတားကိုရောက်ပါတယ် တံတားကျော်ရင် ဟိုင်းကြီးကျွန်းရောက်ပါတယ်
မော်တင်စွန်းကိုတော့ ၄ မိုင်လောက်ဆက်မောင်းလိုက်ရင်ရောက်ပါပြီ မော်တင်စွန်း ဆံတော်ရှင်စေတီကို ဖူးလို့ဝသွားရင်တော့ လည်ပတ်စရာနေရာတေကျန်သေးပါတယ် မော်တင်စွန်းရောက်ရင် ဘုရားဖူးအများစုလည်ပတ်တဲ့နေရာတေကတော့ ....
ဟိုင်းကြီးကျွန်းအဏ္ဏဝါဆိပ်ကမ်း.. ငွေတောင်ကမ်းခြေ...ဧရာဝတီတိုင်းရဲ့အစွန်းအကျဆုံး ထိပ်စွန်းကမ်းခြေ.. ကျောက်ကလပ်စေတီ တို့ဖြစ်ပါတယ်....

မော်တင်စွန်းခရီးစဥ်လေးကိုသွားချင်တယ်ဆိုရင်ဖြင့်... အချိန်မရွေး ဆက်သွယ် မေးမြန်း စုံစမ်းနိုင် ပါတယ် ခင်ဗျာ

Crd. မူရင်း

နေထွက်ချိန် ( Sunrise ) ကိုကြည့်ရူ့ခံစားနိုင်မယ့် မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ကမ်းခြေ  Daw Nyein Village Beach (ဖျာပုံ...
16/01/2024

နေထွက်ချိန် ( Sunrise ) ကိုကြည့်ရူ့ခံစားနိုင်မယ့် မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ကမ်းခြေ

Daw Nyein Village Beach (ဖျာပုံ)
__________________________________________

ရန်ကုန်မြို့မှ စတင်၍ တွံတေး ဖျာပုံမြို့များမှ အထင်ကရ စေတီပုထိုးများ ဖူးမျော်ရင်း

နေ့လည်စာသုံးဆောင်ပြီးချိန် ကမ်းခြေရှိရာသို့
ခရီးဆက်မည်ဖြစ်ပါတယ်

ဒေါ်ညိမ်းရွာကမ်းခြေသို့ နေ့လည်ရောက်ရှိပြီး

ဒေသထွက် လတ်ဆတ်သော ပင်လယ်စာ ဟင်းလျာများဖြင့် ညစာတည်ခင်းဧည့်ခံကျွေးမွေးပါမည်။

နောက်တစ်နေ့မနက် ပင်လယ်အတွင်းမှ
တရိပ်ရိပ်ထွက်ပေါ်လာမည့် နေထွက်ချိန်
( Sea Sunrise ) 🌅 နှင့်အတူ
မနက်စာ Breakfast သုံးဆောင်ပါမည်။

လူသိနည်းသော ကမ်းခြေဖြစ်သောကြောင့်
Natural Beach ကိုခံစားနိုင်မယ့်
Adventure Trip လေးကို လိုက်ပါဖို့
ဖိတ်ခေါ်ပါရစေ ခင်ဗျာ ...
__________________________________________

💁အခြား​သသောခရီးစဥ်တွေနဲ့ မတူပဲ
မရောက်ဖူးသေးသော နေရာနှင့်
အ​တွေ့အကြုံသစ်​တွေ ရရှိခံစားရရှိနိုင်​မယ့်
Travel 47 ရဲ့ ခရီးစဥ်အသစ်​လေးဖြစ်ပါတယ်

🚍Tour နဲ့သွားတဲ့ခရီးဆို​ပေမယ့် တစ်​နေရာနဲ့တစ်​နေရာ အလုအယက်သွားစရာမလိုပဲ
​အေး​​အေး​ဆေး​ဆေး လိုက်ပို့​ပေးမယ့်
ခရီးလေးပါ

💁​ခရီးစဥ်​လေးမှာ ဘယ်လိုလည်ပါတ်ရမယ်ဆိုတာ စိတ်ပါဝင်စား၍ ​မေးမြန်းသိရှိလိုပါက
Page massenger သို့ အချိန်မ​ရွေးဆက်သွယ်​မေးမြန်းနိုင်ပါတယ် ခင်ဗျာ့

📸တစ်ညအိပ် ၂ရက်တည်းဆို​ပေမယ့် အမှတ်တရဖြစ်​စေမှာမို့ လိုက်ခဲ့ဖို့ ​ဖိတ်​ခေါ်ပါရ​စေ​ ....
___________________________________________

ထွက်မည့်နေ့ - ဇန်နဝါရီလ ( 27 / 28 )
- ဖေဖော်ဝါရီလ ( 3 / 4 ) ___________________________________________

Travel 41 ရဲ့ဝန်ဆောင်မူ့များမှာ ....

🚍 (Fully Aircon Car )
💦 ​ရေသန့် ( Fully Drinking Water )
☕️ အဆာ​ပြေမုန့် + ​ကော်ဖီ
🚦 တဆင့်သွားကားခများ ( Via )
👱 ဒေသန္တရဗဟုသုတများ ရှင်းပြပေးမည့်
👱 ခရီးသွားလမ်းညွှန် (Guide)
🛍️ အိမ်အပြန်အမှတ်တရလက်ဆောင်များနှင့်
🎁 ကံစမ်းမဲအစီအစဉ်များ
💳 ခရီးသွားအာမခံ ( Insurance )
👦 ခရီးစဉ်တစ်လျောက်လိုက်လံဝန်ဆောင်မူ့ပေးမည့် ( Tour leader ) ပါဝင်ပါမည်။
_____________________________

Travel 47 အနေဖြင့် ခရီးစဉ်လမ်းကြောင်းတစ်ခုလုံးအပေါ်တာဝန်ယူနိုင်ပြီး ဖော်ရွေပျူငှာပြူငှာသော Tour Leader တွေနဲ့သာပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။

နှစ်စဥ် #ကားစင်းလုံးငှား အော်ဒါများကိုလည်း
အဆင်ပြေစွာ မြန်မာပြည်အနှံ့ ၀န်ဆောင်မှုပေးနေတဲ့ #ခရီးသွားလုပ်ငန်း တစ်ခု ဖြစ်ပါတယ်။

Travel 47 နဲ့ ခရီးသွားဖူးသူတိုင်း
ကျ​နော်တို့ရဲ့စေတနာ နဲ့ ၀န်ဆောင်မှုကို သိနေပြီမို့
ခရီးသွားတော့မယ်ဆိုရင် ....

#အသက်သာဆုံးသောနူန်းထား

#အကောင်းဆုံးသောဝန်ဆောင်မူ့

#ယုံကြည်စိတ်ချရဆုံးသော

ကျနော်တို့ Travel 47 နှင့်လိုက်ခဲ့ဖို့
ဖိတ်ခေါ်ပါရစေခင်ဗျာ
_____________________________

အခြား​သောခရီးစဥ်များလည်းစုံစမ်းနိုင်ပါသည်။
_____________________________

🏢 Travel 47 ,
၂/၅၀၆၊ ပန်းလိူင်အိမ်ယာ၊ ​
အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊
ရန်ကုန်မြို့။ Post code - 11101

Ph _ 09 42 567 5957
09 96 447 4141 ( Viber & Whatsapp )


ယခုမှစတင်လုပ်ကိုင်သော ခရီးသွားလုပ်ငန်း
မဟုက်ပဲ ကမ္ဘာ့ကပ်ရောဂါ ( corona-19)
ဖြစ်​ပွားနေစဉ် ခေတ္တရပ်နားထားသော
ခရီးသွားလုပ်ငန်းဖြစ်ပါသည်။

လိုက်ပါအား​ပေးသူများနှင့်
Like 👍 & Share 🤝 လုက်​ပေးသူများလည်း
​ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ့ 😍







#သွားမယ်တည်းမယ်

03/01/2024
သံလွင်မြစ်ဝှမ်းက ရိုမီရိုနဲ့ ဂျုးလိယက် (သို့မဟုတ်)ဇင်းမယ်အိမ်ရှေ့မင်းသား စောနွဲ့ နဲ့ မော်လမြိုင်သူလေး မမြတို့ရဲ့ တကယ့်ဖြ...
03/01/2024

သံလွင်မြစ်ဝှမ်းက ရိုမီရိုနဲ့ ဂျုးလိယက်
(သို့မဟုတ်)
ဇင်းမယ်အိမ်ရှေ့မင်းသား စောနွဲ့ နဲ့ မော်လမြိုင်သူလေး မမြတို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ချစ်ဇာတ်လမ်းတစ်ပုဒ်
=======
၁၈၉၉ ခုနှစ်မှာ ဇင်းမယ်ဘုရင် စောကြို့ဟာ သားတော်ဖြစ်သူ အိမ်ရှေ့မင်းသား စောနွဲ့ကို မော်လမြိုင်မြို့က စိန့်ပက်ထရစ် သာသနာပြုကျောင်းကို စာသင်ဖို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာဘုရင် သီပေါမင်း ပါတော်မူပြီး ၁၄နှစ်အကြာ တနိုင်ငံလုံးလည်း အင်္ဂလိပ်က သိမ်းပိုက်ထားပြီး ဖြစ်လို့ အင်္ဂလိပ်လက်အောက်ကို အစောဆုံးကျရောက်ခဲ့တဲ့ မော်လမြိုင်ဟာ ပညာရေး၊ စီးပွားရေး အပိုင်းမှာ အတန် အသင့် ရှေ့ပြေးနေပြီလို့ ဆိုရမှာပါ။စီးပွားရေးဘက်မှာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာကြောင့်ကူးသန်းရောင်းဝယ်ရေးသာမက သင်္ဘောတည်ဆောက် ရေးလုပ်ငန်းတွေအပြင် သစ်လုပ်ငန်းနဲ့ တခြားသော ဆန်စပါး အရောင်းအဝယ်တွေဟာ အပြိုင်အဆိုင် တိုးတက်နေ သလို ပုံနှိပ်လုပ်ငန်းကလည်း ဝင်ရောက်လာတော့အရှေ့တောင်အာရှရဲ့ ပထမဆုံးသတင်းစာလို့ ဆိုနိုင်တဲ့ မော်လမြိုင် ခရော်နီကယ် သတင်းစာကိုတောင်မှ ဂုဏ်ယူစွာနဲ့ ထုတ်ဝေနိုင်ခဲ့ချိန်လည်း ဖြစ်ပါတယ်။ ခရစ်ယာန်သာသနာပြု ကျောင်းတွေကြောင့် ခေတ်သစ်ပညာရေးဘက်မှာဆိုရင်လည်း မော်လမြိုင်သားတွေ ရှေ့ဆုံး ကလို့ဆိုရမှာပေါ့။ အခုခေတ် ပိုက်ဆံတတ်နိုင်သူ မြန်မာပြည်သားတချို့ ထိုင်းနိုင်ငံက ဘန်ကောက်နဲ့ ချင်းမိုင်မြို့က တက္ကသိုလ်တွေ အပါ အဝင် နိုင်ငံတကာ အဆင့်မီကျောင်းတွေ ပြောင်းပြီး ပညာရှာကြသလိုပါပဲ၊ ဇင်းမယ်အိမ်ရှေ့မင်းသား စောနွဲ့ကိုလည်း သူ့ခမည်းတော်က မော်လမြိုင်ကို လွှတ်ပြီး ကျောင်းကောင်းကောင်း တက်ကာ ပညာရှာစေခဲ့ပါတယ်။ ဒါပေမယ့် မင်းပျိုမင်းလွင် ဖြစ်တဲ့ မင်းသားစောနွဲ့ဟာ ပညာရှာရုံသာမက ကြင်ယာပါ ပါခဲ့တယ်လို့ ပြောရမယ့် ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်၊ ဒါကတော့ မော်လမြိုင်သူ မမြဆိုတဲ့ မြန်မာအမျိုးသမီးလေးနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာပါပဲ။ မမြဟာ သာမန်မြန်မာမိသားစုက ပေါက်ဖွားလာပြီး မိဘရဲ့အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ ဆေးလိပ်ခုံ ထောင်တဲ့ လုပ်ငန်းကို ကူညီလုပ်ကိုင်နေသူဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းဟာ ဖြောင့်ဖြူးမှာ မဟုတ်တာ အသေအချာပါ။ နေမြင့်လေ အရူးရင့်လေဆိုသလို သူတို့နှစ်ဦး အချစ်က ပိုမိုခိုင်မြဲလာတဲ့အခါ မင်းသားစောနွဲ့ရဲ့ ကိစ္စအ၀၀ အတွက် မော်လမြိုင်အထိ လိုက်ပါစောင့်ရှောက်ရတဲ့ အကြီးတော်ဟာလည်း ဒီကိစ္စမှာတော့ ရေငုံနှုတ် ပိတ်နေလို့ မရတော့ ပါဘူး။ လူငယ်တွေရဲ့ ချစ်ခရီးလမ်းကို မဖျက်ဆီးချင်ပေမယ့်လည်း တဖက်မှာက ဇင်းမယ်ဘုရင် ကျောက်ချီဝိ(စောဇီဝိ)ရဲ့ အမျက်တော်ရှ အသတ်ခံရမှာ ကြောက်တာကြောင့် စာရေးပြီး အကျိုးအကြောင်း လျှောက်ရပါတော့တယ်။ အဲ့ဒီမှာ ဇင်းမယ်ဘုရင် ကျောက်ချီဝိဟာ သားတော်စောနွဲ့ကို မော်လမြိုင်ကနေ ချက်ခြင်းပြန်လာဖို့ တချက်လွှတ်အမိန့် နဲ့ ခေါ်ပါတော့တယ်။ အိမ်ရှေ့မင်းသား စောနွဲ့ဟာ မိဘရဲ့ စကားကို မလွန်ဆန်နိုင်တာကြောင့် ဇင်းမယ်ကို ပြန်ရပေမယ့် တဖက်က လည်း ချစ်သူရည်းစားကို မခွဲနိုင်၊ ဒါကြောင့် မမြကို ယောက်ျားလေး တယောက်လို ဝတ်စေကာ ဇင်းမယ်ကို လိုက်ပါ ဖို့ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဟန်ဆောင်ဟန်ဆောင် ကြာလာတော့ အဖြစ်မှန်ဆိုတာ ဖုံးဖိမရတာကြောင့် ဇင်းမယ် ဘုရင်သိ သွားတဲ့အခါ မမြကို မော်လမြိုင် ပြန်ပို့ဖို့ အမိန့်ထုတ်ရပါတော့တယ်။ မင်းဆွေမင်းမျိုးတို့ရဲ့ နန်းဓလေ့ထုံးစံအတိုင်း မင်းသားစောနွဲ့ဟာ သားကြီးသြရသ ဖြစ်သလို အိမ်ရှေ့မင်းသားလည်း ဖြစ်တာကြောင့် ရှင်ဘုရင်ဖြစ်ခဲ့ရင် သာမန် မော်လမြိုင်သူ မမြကို မိဖုရားမြှောက်လို့ မဖြစ်ပြန်ပါဘူး။ဒီလိုပဲ တဖက်မှာကလည်း ဘန်ကောက်အစိုးရနဲ့ ဗြိတိသျှဘားမားတို့အကြား အားပြိုင်လာမယ့် တိုင်းရေးပြည်ရေး အခြေအနေကလည်း ရှိနေသေးတာကြောင့် မမြကို အစောင့်အရှောက် လူ ၂၀အပါအဝင် ဆင်သုံးကောင်နဲ့ မော်လမြိုင်ကို မဖြစ်မနေ ပြန်ပို့ရပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ဇတ်သိမ်းခန်းမြင်ကွင်းဟာ အနောက်ဖက်တံခါးပေါက်မှာ လာရောက်စောင့်ကြည့်နေကြတဲ့ ဇင်းမယ်သူ ဇင်းမယ်သားတွေအတွက်တော့ ယနေ့တိုင် မမေ့နိုင်ဆိုသလို ဖြစ်ရတယ်လို့ သိရပါတယ်။ မမြဟာ ဆင်ပေါ်မတက်ခင် ကျုံကျုံလေး ဒူးတုတ်ထိုင်ပြီး မျက်ရည်တွေကြားက သူ့ချစ်သူ မင်းသားရဲ့ ခြေထောက်ကို ဆံပင်နဲ့ ပွတ်ကာ နောက်ဆုံးကန့်တော့ခဲ့တဲ့ မြင်ကွင်းဟာ အားလုံးအတွက် ရင်နင့်စရာ ဖြစ်ခဲ့မယ် ထင်ပါတယ်။ မင်းသားစောနွဲ့လည်း နောက်ပိုင်းမှာတော့ သူရဲ့ ခမည်းတော်အလိုကျ မင်းသမီး စောယဉ်ဘွာချွမ်နဲ့ လက်ဆက်ခဲ့ ပေမယ့် ချစ်သူမမြအပေါ် လွမ်းစိတ်မကုန်တာကြောင့် ယစ်ရွှေရည်နဲ့သာ အဖော်ပြုနေတဲ့အတွက် သုံးနှစ်ခန့်အကြာမှာ ကံကုန်ခဲ့ပါတယ်။ မမြကတော့ မော်လမြိုင်ပြန်ရောက်ပြီးတဲ့နောက် မလာနိုင်တော့တဲ့ ချစ်သူကိုစောင့်ပေမယ့် ပြန်လည်မဆုံဆည်း နိုင်တော့တာကြောင့် လောကီလူ့ဘောင်ကို စွန့်ခွာကာ သီလရှင်အဖြစ်နဲ့ လောကုတ္တရာကိုပဲ အသက်ထက်ဆုံး အားထုတ်သွားတော့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ မော်လမြိုင်မြိုက ကျိုက်သံလံကုန်းမှာရှိတဲ့ မင်းသားစောနွဲ့နဲ့ မမြတို့ သစ္စာပြုခဲ့ကြတဲ့ဘုရား၊ မမြ သီလရင် ဝတ်ခဲ့တဲ့ ကျောင်းတို့ကို ထိုင်းခရီးသွားတွေအဖို့ လာရောက်ကြည့်ရှု့ရတဲ့နေရာ ဖြစ်နေပါပြီ။

✨လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်😇
All rights and credits go to rightful owner.

Credit to The Irrawaddy - Burmese Edition

https://bit.ly/3TPfbyq

✨မျှဝေသူ - နန့်ဟယ်လင် 🍀 🙏

04/12/2023

2023 တန်ဆောင်မုန်းလပြည့်နေ့

တောင်ကြီး မီးပုံးပျံပွဲ

အင်းလေးဖောင်တော်ဦးဘုရား 🙏🙏🙏ဒေသစာရီကြွချီပူဇော်ခံမည့် အစီအစဉ် (၁၅.၁၀.၂၀၂၃ မှ ၁.၁၁ ၂၀၂၃) ထိအင်း‌လေး ဖောင်တော်ဦး ရုပ်ရှင်တေ...
11/10/2023

အင်းလေးဖောင်တော်ဦးဘုရား 🙏🙏🙏
ဒေသစာရီကြွချီပူဇော်ခံမည့် အစီအစဉ်
(၁၅.၁၀.၂၀၂၃ မှ ၁.၁၁ ၂၀၂၃) ထိ

အင်း‌လေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်သီတင်းကျွတ် လဆန်း (၁) ရက် (၁၅.၁၀.၂၀၂၃) ရက် တနင်္ဂနွေနေ့မှအစပြု၍ ရှေးအစဉ်အလာတိုင်း (၂၁) ဌာနသို့ အပူဇော်ခံ ကြွရောက် မည်ဖြစ်ကြောင်း

ကျင်းပမည့်‌‌ နေ့ရက်

သီတင်းကျွတ်လဆန်း (၁)ရက်
(၁၅-၁၀-၂၀၂၃) ရက် နေ့မှ
သီတင်းကျွတ်လပြည့်ကျော် (၃)ရက် (၁-၁၁-၂၀၂၃) ရက်နေ့အထိ အပူ‌ဇော်ခဲကြွရောက်္မည်ဖြစ်ကြောင်း အသိပေးကြေ ငြှာအပ်ပါတယ်ဗျာ

ရပ်ဝေးရပ်နီးမှ မိဘပြည်သူညီ‌ကိုမောင်နှမများအားလုံးလာရောက်ဖူးမျှော်နိုင်ကြစေရန် ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်ဗျာ

မူရင်းဓါတ်ပုံပိုင်ရှင်များအားလေးစားစွားဖြင့် Credit ပေးပါတယ်ဗျာ 🙏🙏🙏

ောင်ကြီးချစ်သူရှမ်းပြည်သား

🍂 ဝါမကျွတ်ခင် ပုဂံသွားလည်ချင်သူများအတွက် အထူးလျော့ဈေးဖြင့် .... 🍂 ဧရာဝတီမြစ်ကမ်းဘေး ပုဂံမြို့သူဇာတ်ဝင်ခန်း ရိုက်ကူးခဲ့တဲ...
07/10/2023

🍂 ဝါမကျွတ်ခင် ပုဂံသွားလည်ချင်သူများအတွက်
အထူးလျော့ဈေးဖြင့် ....

🍂 ဧရာဝတီမြစ်ကမ်းဘေး ပုဂံမြို့သူဇာတ်ဝင်ခန်း
ရိုက်ကူးခဲ့တဲ့ ရွှေကွန်ခြာဘုရားမှာ
(ငါးအမြှီးပုံ ကျစ်ဆံမြှီးသွားကျစ်မယ်)

🍂 မှန်တံတားပေါ်လမ်းလျှောက်ရင်းဖူးရမည့်
လျို့ဝှတ် ပုဂံဘုရားတစ်ဆူ ရယ်
( Reflector Photo ရိုက်တဲ့နေရာလေး)

🍂 အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာ‌ေစတီ‌ေတာ် ပုံစံတူ
(အေဒီ ၁၃ရာစုခေတ်) ပုဂံဗုဒ္ဓဂါယာ နဲ့

🍂 မြင်းလှည်းလေးစီးပြီး ဘုရားဖူးရမယ့် အစီအစဉ်လေးလည်းပါဝင်ပါသေးတယ်နော် ...
___________________________________________

🪔 ဝါကျွတ်မတိုင်ခင် အထူးလျော့ဈေး 🪔

🍂 ပုဂံ ညောင်ဦး ပုပ္ပါး (၂ညအိပ် ၃ရက်)

💁 တစ်ဦးနူန်း - ၁၅၀,၀၀ဝိ/ကျပ်
( ရေကူးကန်ပါ ဟိုတယ် ၂ ညအိပ် )

စထွက်မည့်နေ့ - ၁၂.၁၀၂၀၂၃ (ညနေ ၅နာရီ)
ပြန်ရောက်မည့်နေ့ - ၁၅.၁၀.၂၀၂၃
___________________________________________

လည်ပါတ်ရမယ့်နေရာလေးတွေ
အသေးစိတ်အနေဖြင့်

🍂 နတ်တို့ပျော်စံရာ #ပုပ္ပါးတောင်ကလပ်
နှင့်အတူ ...

#ပုဂံရှေးဟောင်းယဥ်ကျေးမူ့
နယ်မြေမှာလည်း

🙏 ရွှေစည်းခုံစေတီ
🍂 လောကနန္ဒာစေတီ
🙏 တုရင်းတောင်စေတီ နှင့်

🍂 ပြည့်ငါးပြည့်

🙏 အာနန္ဒာ
🍂 သဗဗြညု
🙏 အလိုတော်ပြည့်
🍂 မနူဟာဘုရား
🙏 မြစေတီ
🍂 ထီးလိုမင်းလို
🙏 ငှက်ပစ်တောင်
🍂 ဗူးဘုရား
🙏 ဂူပြောက်ကြီး
🍂 ကန်တော့ပလ္လင်
🙏 ဓမ္မံရံကြီး
🍂 ဓမ္မာ့ရာဇက
🙏 စူဠာမဏိ
🍂 တာမဏီသိမ်
🙏 ရှင်အဇ္ဇျဂေါနဘုရား

အစရှိသည့် စေတီပုထိုးကျောင်းကန်များလည်း
စုံလင်အောင်ပို့ဆောင်ပေးပါမည်။
_______________________________________________

ထန်းရေခ‌ျို ထန်းရေခါး မြည်းစမ်းရင်း ...
အညာဒေသထွက်ကုန်
လက်ဆောင်ပစ္စည်းဝယ်ဖို့ ပိုင်ထန်းတော
လည်းဝင်‌ေရာက်ပို့‌ေဆာင်ပေးပါ့မည်။ ________________________________________________

ခရီးစဥ်တိုင်းတွင်ပါဝင်သော ဝန်ဆောင်မူ့များမှာ

🚍 Yutone / Higer (33/45 seater)

🏩 Accommodation in Hotels

🍱 Breakfast, Lunch & Dinner

🚖 VIA & Entrance fee Complete

📃 Travel insurance

👫 Tour Leader and Guide

🚰 Fully Drinking water
________________________________________________

Travel 47 အနေဖြင့် ခရီးစဉ်လမ်းကြောင်းတစ်ခုလုံးအပေါ်တာဝန်ယူနိုင်ပြီး ဖော်ရွေပျူငှာပြူငှာသော Tour Leader တွေနဲ့သာပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။

နှစ်စဥ် ကားစင်းလုံးငှားအော်ဒါများကိုလည်း
အဆင်ပြေစွာ မြန်မာပြည်အနှံ့ ၀န်ဆောင်မှုပေးနေတဲ့
ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

Travel 47 နဲ့ ခရီးသွားဖူးသူတိုင်း
ကျနော်တို့ရဲ့စေတနာ နဲ့ ၀န်ဆောင်မှုကို သိနေပြီမို့
ခရီးသွားတော့မယ်ဆိုရင် ....

#အသက်သာဆုံးသောနူန်းထား

#အကောင်းဆုံးသောဝန်ဆောင်မူ့

#ယုံကြည်စိတ်ချရဆုံးသော

ကျနော်တို့ Travel 47 travel & tour နှင့်လိုက်ခဲ့ဖို့
ဖိတ်ခေါ်ပါရစေခင်ဗျာ
_______________________________________________

အခြားသောခရီးစဥ်များလည်းစုံစမ်းနိုင်ပါသည်။
_______________________________________________

🏢 Travel 47 , ၂/၅၀၆၊ ပန်းလိူင်အိမ်ယာ၊
အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊
ရန်ကုန်မြို့။ Post code - 11101

☎️ - 09 96 447 4141 ( Viber & Whatsapp )
- 09 79 552 3001
- 09 42 567 5957

ယခုမှစတင်လုပ်ကိုင်သော ခရီးသွားလုပ်ငန်း
မဟုက်ပဲ ကမ္ဘာ့ကပ်ရောဂါ ( corona-19)
ဖြစ်ပွားနေစဉ် ခေတ္တရပ်နားထားသော
ခရီးသွားလုပ်ငန်းဖြစ်ပါသည်။

#ပုဂံ #ပုပ္ပါး

Sky Walk Mae Sai မကြာမှီ အချိန်အတွင်းမှာ မယ်ဆိုင်မြို့ရဲ့ အထင်ကရ မှန်တံတားကြီးဆောက်လုပ်ပြီးစီးတော့မှာဖြစ်ပါတယ် ဦးအောင်ဇေ...
03/10/2023

Sky Walk Mae Sai

မကြာမှီ အချိန်အတွင်းမှာ မယ်ဆိုင်မြို့ရဲ့ အထင်ကရ မှန်တံတားကြီးဆောက်လုပ်ပြီးစီးတော့မှာဖြစ်ပါတယ်

ဦးအောင်ဇေယျတောင်လို့ခေါ်ဝေါ်ကြတဲ့ မယ်ဆိုင်မှန်တံတားကြီးက မယ်ဆိုင်မြို့နဲ့ တာချီလိတ်တစ်မြို့လုံးကိုရှင်းလင်းပြတ်သားစွာမြင်ရပြီး Breathtaking views လေးတွေကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်

Photo Crd to Walk Mae Sai

https://www.facebook.com/SkywalkMaesai?mibextid=LQQJ4d

စိတ်ပြေပျောက်ဖို့ မွန်းကျပ်မှုတွေကို ဖြေဖျောက်ဖို့ဆိုရင် ခရီးထွက်ပါနုပျိုနေစဉ်အချိန် ခရီးထွက်ပါခရီးထွက်တယ်ဆိုတာ အပေါင်းအ...
23/09/2023

စိတ်ပြေပျောက်ဖို့ မွန်းကျပ်မှုတွေကို ဖြေဖျောက်ဖို့ဆိုရင် ခရီးထွက်ပါ

နုပျိုနေစဉ်အချိန် ခရီးထွက်ပါ

ခရီးထွက်တယ်ဆိုတာ အပေါင်းအသင်းတွေရသလ်ို ဒေသန္တရဗဟုသုတတွေလည်းရသလို့ ကို့ကိုယ် ယုံကြည်မှုတွေလည်း တိုးလာစေပါတယ်

တောတောင်တွေ လက်ဆက်တဲ့သဘာဝတွေရှိတဲ့နေရာကို ခရီးထွက်ပါ

အေးအေးဆေးဆေးနဲ့ အနားယူခြင်တယ်ဆိုရင် Relax ဖြစ်တဲ့နေရာတွေမှာ အချိန်ကြာကြာနေပါ။ တောတောင်တွေ၊ ပင်လယ်ကမ်းခြေတွေရှိတဲ့နေရာကို ခရီးထွက်ပါ

အမှတ်တရတွေကို ဖန်တီးပါ။ ဓာတ်ပုံတွေများများရိုက်ပါ။ ကိုယ်နဲ့ပြန်ပါလာမှာဆိုလို့ ဓာတ်ပုံတွေပဲရှိပါတယ်

(ဓာတ်ပုံရိုက်ပေးတက်တဲ့ သူငယ်ချင်းကို မပါပါအောင်ခေါ်သွားပါ 😁😁 ဒါမီမဟုတ်ချစ်သူကောင်လေးက ဓာတ်ပုံရိုက်တတ်ပါစေ)

ခရီးထွက်တယ်ဆိုတာ တစ်ယောက်တည်းခရီးထွက်လို့ရသလို ချစ်သူစုံတွဲတွေလည်း ခရီးထွက်လို့ရပါတယ်။ သူငယ်ချင်းတွေစုပြီးခရီးလည်းထွက်လို့ရပါသေးတယ်။ နောက်ပြီး မိသားစုနဲ့လည်း ခရီးထွက်လို့ရပါတယ်။

ခရီးမထွက်ခင် ဘယ်လိုနေရာတွေကို လည်ပတ်ခြင်လဲဆိုတာ အရင်လေ့လာပါ။ ကုန်ကျစရိတ်ကို တွက်ချက်ပါ။ ကြိုတင်စီစဉ်ပါ။

(အဲဒီနေရာကို ဘာနဲ့သွားမှာလဲ၊ ဘယ်မှာတည်းမှာလဲ၊ sightseeing တွေကို ဘာနဲ့လည်ပတ်မှာလဲ၊ ဘယ်လို့နေရာတွေကို အဓိကထားပြီးလည်ခြင်တာလဲ၊ ဒေသအစားအသောက်တွေကအစ ကြိုတင်လေ့လာပါ)

ဘယ်လိုနေရာတွေကိုပဲ ခရီးထွက်ထွက် အရေးအကြီးဆုံးတစ်ချက်က - - -

#ဓာတ်ပုံကလွဲပြီး_ဘာမှမယူခဲ့ပါနဲ့

#ခြေရာတွေကလွဲပြီး_ဘာမှမချန်ခဲ့ပါနဲ့

ကျနော်တို့ Travel 47 ရဲ့ တာချီလိတ် ချင်းမိုင် ခရီးစဉ်လေးမှာ ပါဝင်တဲ့🐑 Akha FarmVille! 🐑  🌿သဘာဝရှုခင်း တွေနဲ့ပြည့်နှက်နေတ...
20/09/2023

ကျနော်တို့ Travel 47 ရဲ့ တာချီလိတ် ချင်းမိုင် ခရီးစဉ်လေးမှာ ပါဝင်တဲ့
🐑 Akha FarmVille! 🐑

🌿သဘာဝရှုခင်း တွေနဲ့ပြည့်နှက်နေတဲ့ သိုးခြံလေး

⛰️တောင်ပေါ်ဒေသလေးမှာရှိတော့ အေးချမ်းတယ်
ပျော်ဖို့လည်းကောင်းတယ် စိတ်ကြည်နူးပြီးလန်းဆန်းစေတယ်
သဘာဝလေ Oxygen အပြည့်ရတဲ့နေရာလေး

⛺️သိုးကလေးတွေကလည်းအရမ်းချစ်ဖို့ကောင်း

အဲ့ နေရာလေးကိုအလည်သွားချင်တယ်ဆိုရင် သို့
ဆက်သွယ်လိုက်ပါနော်

👌🏻မိသားစုနဲ့သီးသန့်သွားချင်လို့ပဲဖြစ်ဖြစ်
👌🏻သူငယ်ချင်းတွေနဲ့စုပြီးသွားချင်လို့ပဲဖြစ်ဖြစ်
👌🏻Business Trip သွားချင်လို့ပဲဖြစ်ဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ အလှအပတွေခံစားရင်း
နဲ့အတူ ခရီးစဉ်လေးကိုလိုက်ပါဖို့
ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ့ ...🙏 ‌

ခရီးစဉ်အသေးစိတ်လေးကို အောက်က post လေးမှာ
ဝင်ကြည့်လို့ရပါတယ်နော် 😍

https://m.facebook.com/story.php?story_fbid=716731903804456&id=100064029577309&mibextid=Nif5oz

For more Details & Call Us now!
☎️ 09-96 447 4141
09-42 567 5957
(Or) Page Measenger သို့ဆက်သွယ်နိူင်ပါတယ်ခင်ဗျာ့……

#သီတင်းကျွတ် #ချင်းရိုင်းချင်းမိုင်

Address

2/506 PanHlaing Housing, , Lower Kyimyindine Road, Kyimyindine
Yangon
11101

Telephone

+959964474141

Website

Alerts

Be the first to know and let us send you an email when Travel 47 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel 47:

Videos

Share

Nearby travel agencies


Other Yangon travel agencies

Show All