Myanmar Gay Travel

Myanmar Gay Travel I am just a normal gay Traveler who likes to experience different culture, people and food. I always Travel Tips in Myanmar and Overseas for Gay Travelers

လက်ရှိအ​ခြေအ​နေ​တွေ​ကြောင့် နိုင်ငံခြားထွက်ကြတဲ့သူ တွေလည်း များလာတာနဲ့အမျှ ရေရှည် နိုင်ငံခြားမှာ အလုပ်နဲ့​နေကြမယ့်သူ​တွေ...
20/03/2024

လက်ရှိအ​ခြေအ​နေ​တွေ​ကြောင့် နိုင်ငံခြားထွက်ကြတဲ့သူ တွေလည်း များလာတာနဲ့အမျှ ရေရှည် နိုင်ငံခြားမှာ အလုပ်နဲ့​နေကြမယ့်သူ​တွေထဲမှာ HIV positive ဖြစ်​နေတဲ့ Straight တွေ LGBT တွေကြားမှာ စိတ်​သောက​ရောက်ရတဲ့ မေးခွန်း​လေးပါ။ နိုင်ငံခြားထွက်လို့ရလားတဲ့။

အ​ဖြေက​တော့ HIV positive ဖြစ်သူ​တွေကို Long term employment / residence visa မ​ပေးတဲ့ နိုင်ငံ​တွေ (ဥပမာ စင်ကာပူ) ရှိသလို Positive သမား​တွေကို ခွဲခြားမဆက်ဆံဘဲ လက်ခံတဲ့ နိုင်ငံ​တွေလည်းရှိပါတယ်။ အ​သေးစိတ်ကို အောက်က ပို့စ်မှာ ဖတ်ကြည့်ပါ။ လက်ခံတဲ့ နိုင်ငံကို သွားမယ်ဆိုရင်​တော့ ART ဆေး​တွေ ဘယ်လိုရနိုင်မလဲ။ သူတို့အစိုးရက နိုင်ငံခြားသား​တွေကို ထောက်ပံ့​ပေးရဲ့လား၊ အပြင်မှာ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ဝယ်လို့ရရဲ့လား ဆိုတာ​တွေကို​တော့ မသွားခင် ကြိုတင်ရှာ​ဖွေ​လေ့လာထားကြပါ။ တချို့နိုင်ငံ​တွေမှာ ဆိုရင်​တော့ အစိုးရရဲ့ data base မှာ စာရင်းသွင်းလိုက်လို့ အလုပ်ရှာရာမှာ အခက်အခဲ ကြုံမလား (ဥပမာ တရုတ်မှာဆိုရင် လူ​တွေရဲ့ရာဇဝင် - အမှုဖြစ်ဖူးလား အ​​ကြွေး​ရှောင်ဖူးလား၊ ဒေဝါလီခံဖူးလား၊ ရထားခိုးစီးဖူးလားဆိုတာကအစ အစိုးရရဲ့ big data ထဲမှာသိမ်းပြီး social credit score ဆိုပြီး အမှတ်​ပေးပါတယ်၊ အဲ့အမှတ်​ပေါ်မူတည်ပြီး အလုပ်ရှာမရတာကအစ လေယာဥ်လက်မှတ် ဝယ်မရတာထိပါ ကန့်သတ်ကြပါတယ်။ HIV positive သမား​တွေကို​တော့ အမှတ်​လျှော့တယ်လို့​တော့ တရားဝင် မ​ကြေညာ​​ပေမယ့် တကယ့်အ​ခြေအ​နေဘယ်လိုရှိတယ်ဆိုတာကို ထုတ်​ဖော်​ပြောရင် censor ဖြတ်လို့ မသိရ​သေးပါ။ ) ဆိုတာကိုလည်း အဲ့နိုင်ငံက ဘဝတူလူ​တွေကို မေးမြန်းကြည့်ကြပါလို့ တိုက်တွန်းလိုပါတယ်။

https://www.facebook.com/share/p/KSHuXyQ34RXG4vch/?mibextid=xfxF2i

PLHIV များ နိုင်ငံခြား သွားရောက်ခွင့် ၊ အလုပ် လုပ်ကိုင်ခွင့် ရှိပါသလား ❓

❗ယခု Post အား အခြား Page/Group များမှ ကူးယူဖော်ပြခွင့်မပြု ပါဘူးရှင့်

❗Post အား Share ပြုလုပ်ချင်းဖြင့် မိမိ Community များအား မျှဝေနိုင်ပါသည်

လက်တလော မြန်မာပြည်တွင်း နိုင်ငံရေး ပဋိပက္ခ များကြောင့် ပြည်တွင်းမှ အခြားနိုင်ငံ များသို့ သွားရောက်အလုပ် လုပ်ကိုင်ရန် အကြံဉာဏ်တောင်းခံမှု့များကို အတော်လေးများတာကို မမမြင့်မာတို့အနေနှင့် တွေ့ရှိရပါတယ်။

နိုင်ငံရပ်ခြားသို့ အလုပ် လုပ်မည်ဆိုပါက သက်ဆိုင်ရာ နိုင်ငံများမှာ PLHIV များအား ခွင့်ပြု ထားခြင်း ရှိမရှိ အား ကြိုတင်လေ့လာသင့်ပါတယ်။

ယခု Link ရှိ Travel Database အား နိုင်ငံ အလိုက် အသေးစိတ် လေ့လာ ဖတ်ရှု နိုင်ပါသည်။

Web Site > https://hivtravel.org/

ယခု HIV Travel Global Database website တွင် နိုင်ငံ အလိုက် ရွေးချယ်လေ့လာနိုင်ပြီး အချို့နိုင်ငံများတွင် အကူအညီလိုအပ်လာပါကလည်း ဆက်သွယ်လို့ရမည့် contact information များအား အသေးဖတ်ရှု့နိုင်ပါသည်။

👉 နိုင်ငံအများစုကတော့ short term အလည်အပတ်လာရောက်ခြင်း အတွက် ခွင့်ပြုထားပါတယ်။

📌 အကြံပြုချက်
နိုင်ငံရပ်ခြားသို့ ARVs ဆေးဝါးများသယ်ယူ၍ ခရီးသွားရပါက ဆေးကုသမှု့ မှတ်တမ်း ၊ ဆရာ၀န်ထောက်ခံချက်များအား မဖြစ်မနေယူသွားသင့်ပါသည်။

အောက်ပါ နိုင်ငံများသို့ သွားရောက်ပါက သတိပြု၍ သွားလာသင့်ပါသည် 👇🏻

Countries with restrictions for short term stays (90days)

Long term stays ရက် (၉၀) အထက် ကန့်သတ်ချက် ရှိနိုင်သော နိုင်ငံများ

⛔ Algeria
⛔ Aruba
⛔ Australia
⛔ Azerbaidjan
⛔ Bahrain
⛔ Belize
⛔ Bhutan
⛔ Brunei
⛔ Cayman Islands
⛔ China
⛔ Cuba
⛔ Cyprus
⛔ Dominican Republic
⛔ Ecuador
⛔ Egypt
⛔ Equatorial Guinea
⛔ Honduras
⛔ Iran
⛔ Iraq
⛔ Israel
⛔ Jordan
⛔ Kazakhstan
⛔ Kuwait
⛔ Kyrgyzstan
⛔ Lebanon
⛔ Malaysia
⛔ Marshall Islands
⛔ Mauritius
⛔ Montserrat
⛔ Nicaragua
⛔ Oman
⛔ Papua New Guinea
⛔ Paraguay
⛔ Qatar
⛔ Russia
⛔ Samoa
⛔ Saudi Arabia
⛔ Seychelles
⛔ Singapore
⛔ Slovakia
⛔ Solomon Islands
⛔ St. Kitts and Nevis
⛔ St. Vincent and Grenadines
⛔ Sudan
⛔ Suriname
⛔ Syria
⛔ Tonga
⛔ Tunisia
⛔ Turks and Caicos Islands
⛔ United Arab Emirates (UAE)
⛔ Virgin Islands
⛔ Yemen

Countries deporting people with HIV 🙅🏻‍♂️
(HIV ကူးစက်ခံထားရကြောင်း တွေ့ရှိပါက လက်မခံသော နိုင်ငံများ)

⛔ Bahrain
⛔ Brunei
⛔ China
⛔ Egypt
⛔ Equatorial Guinea
⛔ Iraq
⛔ Jordan
⛔ Korea (Democratic People s Republic)
⛔ Kuwait
⛔ Lebanon
⛔ Malaysia
⛔ Oman
⛔ Qatar
⛔ Russia
⛔ Saudi Arabia
⛔ Syria
⛔ United Arab Emirates (UAE)
⛔ Yemen

📌 အထက်ပါ အကြောင်းအရာများသည် HIV Travel Organization မှ သတင်းအချက်အလက်များသာ ဖြစ်သည်။ အချိန်နှင့် အမျှ ပြောင်းလဲနိုင်ပါသည်။

HIV ပိုး နှင့် ကာလသားပိုး (Syphilis) ပိုးအား ကိုယ်တိုင် အိမ်မှာပဲ စစ်ဆေးနိုင်ပါပြီ 👇

(မိနစ်ပိုင်းအတွင်း အဖြေသိနိုင်သည်) ⏰

https://web.facebook.com/HIVEduMM/videos/310571353521048/

HIV , Syphilis Self Testing Kit မှာယူရန် >> https://m.me/HIVEduMM



အူခဲမင်း​မောင်တို့လို့ ၆ ပတ်​တွေ မကြိုက်ဘူး ဘဲ (bear) ပဲလိုချင်တယ်ဆိုသူ​တွေအတွက် ဘန်​ကောက် သင်္ကြန်မှာ Gogobear တွေရှိတယ...
03/03/2024

အူခဲမင်း​မောင်တို့လို့ ၆ ပတ်​တွေ မကြိုက်ဘူး ဘဲ (bear) ပဲလိုချင်တယ်ဆိုသူ​တွေအတွက် ဘန်​ကောက် သင်္ကြန်မှာ Gogobear တွေရှိတယ်​နော်

https://www.facebook.com/share/p/N183gsZKiQp9Qv7h/?mibextid=xfxF2i

Grrr … Grab your ticket NOW!

🐻 💦 Bangkok Songkran Bear Week!

OFFICIAL GOGO-BEAR DANCER FOR BSBW 🪭

📅 12 APR 2024
Bangkok Twilight BEARBYLON: Foam & Wet Park

📅 13 APR 2024
Mega Tropicana: BEARPOOL Party
Mister Bear International 2024: Final show & Party
Bearism: Harness Cave Party

🎟️ Buy ticket > www.gcircuit.com และ www.eventpop.me/e/17122/bsbw2024

လေဆိပ်မှာ​ကြေငြာထားတာပါ။ အရမ်းလည်း မလန့်ကြပါနဲ့ဦး။
16/02/2024

လေဆိပ်မှာ​ကြေငြာထားတာပါ။ အရမ်းလည်း မလန့်ကြပါနဲ့ဦး။

LGBT တွေပါရင် 10% discount ပါတဲ့။
18/06/2022

LGBT တွေပါရင် 10% discount ပါတဲ့။

LGBTQ+ သူငယ်ချင်းနဲ့အတူ pride month ဇွန်လအတွင်း Cocky Bar ကိုလာခဲ့မယ်ဆိုရင်တော့ 10% Discount! 🥳🥳

Love is too beautiful to be hidden in the closet!
Pride Month ဖြစ်တဲ့ JUNE လမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုဂုဏ်ယူဝင့်ကြွားပြီး Cocky မှာ CHEER နိုင်ပြီနော်…🥳🥳

Discount ရဖို့အတွက်ကိုလည်း Bill ရှင်းမယ်ဆိုမှ 10% Discount ပေးပါလို့ပြောတာနဲ့ အော်တိုနားလည်ပေးမှာနော် …🌚🌚

Cocktail Tower ကိုလည်း Buy 1 Get 1 ထပ်ပေးထားလို့အမြန်ဆုံးလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်...

LGBTQ2SQIA+ ရဲ့အဓိပါယ်ကိုသိချင်ရင်တော့ First Comment မှာကြည့်လိုက်နော်...🌝🌝
Support လုပ်တယ်ဆိုရင် share လေးလုပ်ပေးအုန်းနော်..

👉အရေအတွက် ကန့်သတ်ချက်ရှိလို့ Booking လုပ်ပြီး Confirm အရင်ယူပေးဖို့တော့လိုမယ်နော်...
Booking Hotline - 09 251 232 779
+

🎉ဆိုင်ဖွင့်ချိန်မှာ 4:00pm မှ 11:00pm အထိဖြစ်ပြီး📱အသေးစိတ်အချက်အလက်များနှင့် Booking များအတွက် 09 251232779 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်🥳

👉လိပ်စာကတော့ ဆူးလေဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့် ရန်ကုန်ညဈေးပဲဖြစ်ပါတယ်...

July 1 ရက်​နေ့က​နေ စပြီး Thai ကိုသွားရင် 14 ရက် Visa Free နဲ့ဆိုရင် Insurance မလို​တော့သလို Thailand Pass လည်း လျှောက်စရ...
18/06/2022

July 1 ရက်​နေ့က​နေ စပြီး Thai ကိုသွားရင် 14 ရက် Visa Free နဲ့ဆိုရင် Insurance မလို​တော့သလို Thailand Pass လည်း လျှောက်စရာ မလို​တော့ပါဘူး။ ကာကွယ်​ဆေး ၂ ကြိမ်ထိုးထားတဲ့ Vaccination Record ကို Notary ဘာသာပြန်ထားတာ ပါရင် ရပါပြီ။

မသွားခင် ရန်ကုန်မှာ ဆေးစစ်စရာမလိုသလို ဘန်​ကောက်မှာလည်း မစစ်ရ​တော့ပါ။
မြန်မာပြည်ပြန် ဝင်ဖို့ ဘန်​ကောက်က​နေ PCR Test စစ်စရာ မလို​တော့ပါဘူး။ အပြန် ရန်ကုန်​လေဆိပ်မှာ​တော့ RDT စစ်ပါလိမ့်မယ် (15000 ကျပ် ပေးရပါမယ်)

အရင်လို လေယာဥ်လက်မှတ်ကို အသွားအပြန် ၈ သိန်း​ကျော်နဲ့ အမြတ်ကြီးစားလို့ မရ​တော့ပါဘူး။ Air Asia က တစ်​ကြောင်းစာကို $45 က​နေစပြီး ရောင်း​နေပါတယ်။ ရန်ကုန် အပြင် မန္တ​လေးက​​နေလည်း တိုက်ရိုက် ပျံပါတယ်။

Nok Air က​တော့ Travel Agent ပေါ်မူတည်ပြီး တစ်​ကြောင်းကို $58 အသွားအပြန်ကို $108 လောက်​နေ ရောင်း​နေတာကို တွေ့ရပါတယ်။

Air Asia ရော Nok Air ရောက ဒွန်​မောင်း​လေဆိပ်မှာ ဆင်းလို့ မြို့နဲ့ပိုနီးပါတယ်။ အခု ရထားလိုင်းပါတိုက်ရိုက် ပေါက်သွားလို့ လေဆိပ်က​နေ Taxi စီးစရာ မလို​တော့ပါဘူး။

Air Asia's Original Post below

🔥 အရမ်းတန်တဲ့ စျေးနှုန်းနဲ့ ရန်ကုန်/ မန္တလေး ကနေ ဘန်ကောက်ကို ပျံသန်းကြမယ် 😱✈️ ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းနဲ့အတူ ဘန်ကောက်ကို တစ်ကြောင်းလျှင် အနိမ့်ဆုံး USD 45 မှ စပြီး ကြိုတင်ဝယ်ယူနိုင်ပါပြီ 🤗

ကြိုတင်ဝယ်ယူရန်လင့်ခ် - https://air.asia/HVRSr

📌 ရန်ကုန် ✈️ ဘန်ကောက် (တိုက်ရိုက်) : 08:30 - 10:15
(အပတ်စဉ် တနင်္လာ၊ သောကြာ နှင့် တနင်္ဂနွေနေ့တိုင်း)
(*) ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍

📌 မန္တလေး ✈️ ဘန်ကောက် (တိုက်ရိုက်) : 12:45 - 15:00
(အပတ်စဉ် တနင်္လာ နှင့် သောကြာနေ့တိုင်း)
(*) ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်၍



06/06/2022

Bangkok မှာ ပြီးခဲ့တဲ့ weekend တုန်းက လုပ်သွားတဲ့ Gay Parade ပါတဲ့။ Visa တွေ Quarantine တွေ မလို​တော့ အဆင်​တွေ အကိတ်​တွေလာကြတာလည်း တအားပဲ။

June လဟာဆိုရင် LGBTIQ+ တွေအတွက် Pride Month လို့ ကမ္ဘာတစ်လွှားမှာ သတ်မှတ်ထားပြီး  LGBTIQ+ တွေကို ဖိနှိပ်ခွဲခြားဆက်ဆံမှုတ...
06/06/2022

June လဟာဆိုရင် LGBTIQ+ တွေအတွက် Pride Month လို့ ကမ္ဘာတစ်လွှားမှာ သတ်မှတ်ထားပြီး LGBTIQ+ တွေကို ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ ပပျောက်သွားအောင်၊ LGBTIQ+ တွေကို လူသားတစ်ဦးလိုပဲ လက်ခံလာကြအောင် ဝိုင်းဝန်းဖေးမ ဝန်းရံကြတဲ့ လလေးပဲဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှာလည်း LGBTIQ+ တွေအတွက် 6 - 12 June ကို LGBTIQ+ Week အနေနဲ့ British Council Myanmar, Institut français de Birmanie,
Goethe-Institut Myanmar, Ô'Thentic Crêperie & Wine Bar နဲ့ Heaven On Earth တို့မှာ ပွဲလေးတွေရှိပါတယ်။ အသေးစိတ် schedule လေးကို ပုံမှာ လေ့လာလို့ရပါတယ်။

LGBTIQ+ Week (6-12 June) အပြင် ကျန်တဲ့အချိန်မှာလည်း ကိုယ့်လို LGBTIQ+ တွေ၊ LGBTIQ+ supporter တွေနဲ့ တွေ့ချင်တယ်ဆိုရင်တော့ Ô'Thentic Crêperie & Wine Bar မှာ အပတ်စဥ် အင်္ဂါနေ့တိုင်း Friends Tuesgay ဆိုပြီးရှိပါတယ်။ LGBTIQ+ တွေအတွက် Promotion တွေရှိသလို Drag Queen Show တွေလည်းရှိပါတယ်။ Heaven On Earth ကတော့ Gay Club ဖြစ်တာနဲ့အညီ Drag Show တွေ Performance တွေကတော့ အပြည့်ရှိပါတယ်။ Pride Month အတွက် Heaven on Earth ရဲ့ Schedule လေးကိုလည်း တင်ပေးလိုက်ပါတယ်နော်။

LOVE IS UNIVERSAL!

အ​ကြောင်းအမျိုးမျိုး နိုင်ငံခြားသားခံယူထားတဲ့မြန်မာနိုင်ငံသား​ဟောင်း​​တွေ၊ မြန်မာပြည်မှာ ချစ်သူ/သူငယ်ချင်း​တွေ ရှိလို့ လ...
20/05/2022

အ​ကြောင်းအမျိုးမျိုး နိုင်ငံခြားသားခံယူထားတဲ့မြန်မာနိုင်ငံသား​ဟောင်း​​တွေ၊ မြန်မာပြည်မှာ ချစ်သူ/သူငယ်ချင်း​တွေ ရှိလို့ လာလည်ချင်တဲ့ နိုင်ငံခြား​သား​တွေ ဒီ​နေ့ May 20, 2022 က စပြီး Tourist e-Visa တွေ ပြန်​လျှောက်လို့ရပါပြီ။ အောက်မှာ Link လေး​ပေးထားပါတယ်။ ကာကွယ်​ဆေးထိုးထားရင် quarantine ဝင်စရာ မလို​တော့ဘူး​နော်။ မလာခင် PCR Test စစ်ပြီး ကျန်းမာ​ရေး အာမခံ​တော့ ဝယ်ရပါမယ်။ ရန်ကုန်​လေဆိပ်​ရောက်ရင် ATK စစ်ပါတယ်။ ၁၅၀၀၀ ကျပ်​ပေးရပါမယ်။

Myanmar Tourist Visa is resumed today (May 20, 2022) through e-Visa application system (link below). If you are fully vaccinated, there won't be any quarantine requirement. However, a PCR result within 72 hours is required together with a health insurance covering covid in Myanmar. Upon arrival, you will have to take another Covid test (ATK/RDT) at 15000 Ks per person. Money changer is within luggage waiting room so that you can exchange money before going for the test.

Myanmar eVisa(Official Government Website)

Happy International Day Against Homophobia, Biphobia and Transphobia to all the LGBTQ+ people around the world!May 17 ဟာ...
17/05/2022

Happy International Day Against Homophobia, Biphobia and Transphobia to all the LGBTQ+ people around the world!

May 17 ဟာ အပြည်ပြည်ဆိုင်ရာ LGBTQ+ များအားမုန်းတီးစက်ဆုပ်မှု ဆန့်ကျင်းရေးနေ့ဖြစ်ပါတယ်။ LGBTQ+ တွေဟာ နေ့စဥ်နဲ့အမျှ အလုပ်ခွင်မှာ၊ ကျောင်းနဲ့တခြားအဖွဲ့အစည်းတွေက တိုက်ရိုက်ဖြစ်စေ၊ မသိမသာဖြစ်စေ ခွဲခြားဆက်ဆံခံနေရဆဲပါ။ အဲ့လို ခွဲခြားမှုတွေ၊ မုန်းတီးမှုတွေကို တိုက်ရိုက်ဖို့ ၂၀၀၄ ခုနှစ်လောက်ကစပြီး ​LGBTQ+ တွေအတွက် နေ့လေးတစ်နေ့သတ်မှတ်ဖို့ စတင်စဥ်းစားလာခဲ့ကြတာ ၂၀၀၅ ခုနှစ်ကစပြီး မေလ ၁၇ ရက်နေ့ကို IDAHO အဖြစ်သတ်မှတ်ပြီး လူပေါင်း ၂၄၀၀၀ ကျော်လောက်နဲ့ စတင် ကျင်းပခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ရောက်တဲ့အခါမှာတော့ Homophobia သာမက Transphobia ကိုပဲ ထည့်သွင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Biphobia လည်းပါဝင်လာပါပြီး IDAHOBIT ဖြစ်လာပါတော့တယ်။

ဘာလို့ မေလ ၁၇ ရက်နေ့ကို သတ်မှတ်ရသလဲဆိုရင်တော့ LGBTQ+ တွေအတွက် သမိုင်းတစ်ခေတ်ပြောင်းစေခဲ့တဲ့ နေ့မို့လို့ပါပဲ။ ၁၉−၂၀ ရာစုခေတ်အထိ အနောက်နိုင်ငံတွေမှာ LGBT တွေကို သာမန်မဟုတ်တဲ့သူ၊ စိတ်ရောဂါရှိတဲ့သူအဖြစ် သတ်မှတ်ပြီး အတင်း Straight ဖြစ်အောင်လုပ်ကြတာ၊ ခွဲခြားဆက်ဆံတာတွေရှိခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် မေလ ၁၇ ရက်နေ့မှာတော့ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းကြီး ဖြစ်တဲ့ World Health Organization က လိင်တူချင်းစုံမက်ချင်းဟာ စိတ်ရောဂါမဟုတ်ပါဆိုတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ အဲ့ဆုံးဖြတ်ချက်ကြောင့် နိုင်ငံအတော်များများမှာလည်း Gay တွေဟာ ပြစ်မှုကျူးလွန်ပါတယ်ဆိုတဲ့ ဥပဒေကို ဖြတ်သိမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့အထိ နိုင်ငံပေါင်း ၆၉ နိုင်ငံမှာတော့ ၂ ဦးသဘောတူ လိင်တူဆက်ဆံတာဟာ ပြစ်မှုမြောက်နေဆဲပါ။ အဲ့ထဲမှာ မြန်မာနိုင်ငံလည်း ပါပါတယ်။ မြန်မာပြည်က ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဆိုတာဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကတည်းက ပါလာတာပါ။ ဥပဒေထုတ်ခဲ့တဲ့ ဗြိတိသျှတွေတောင် ဒီဥပဒေကို ပယ်ဖျက်လိုက်တာကြာနေပေမယ့် သူ့ကိုလိုနီဖြစ်ခဲ့တဲ့ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန်တို့လို နိုင်ငံတွေမှာကတော့ ဒိတ်အောက်နေတဲ့ ကိုလိုနီဥပဒေကြီးကို ဖက်တွယ်ထားဆဲပါ။ ပါကစ္စတန်ဆိုရင် သေဒဏ်အထိ အပြစ်ပေးပါတယ်။ နိုင်ငံခြားကို ခရီးတွေထွက်ပြီး ဒေသစာတွေစားတတ်တဲ့ ကွီးတို့လည်း ကိုယ်သွားမယ့် နိုင်ငံမှာ ဝက်အူချောင်းတို့၊ အီကြာကွေးတို့စားတာ ပြစ်မှုမြောက်မမြောက် ကြိုတင်လေ့လာထားကြနော်။ သာမန်အခြေအနေမှာတော့ ဘာမှာ မဖြစ်ပေမယ့် ၃၇၇ ဆိုတာ စောက်မြင်ကတ်ပုဒ်မလိုကြိုက်သလို သုံးလို့ရတာကိုတော့ မမေ့ပါနဲ့နော်။

Malaysia သွားမယ့်သူများ 2022 May 1 ရက်​နေ့ကစပြီး၍  PCR/ RTK-AG test နှင့် Insurance များ မလိုတော့ပါကိုဗစ် ကာကွယ်ဆေး ၂ ကြ...
29/04/2022

Malaysia သွားမယ့်သူများ 2022 May 1 ရက်​နေ့ကစပြီး၍ PCR/ RTK-AG test နှင့် Insurance များ မလိုတော့ပါ

ကိုဗစ် ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများနဲ့ အသက် ၁၂ နှစ်အောက် ကလေးများ အတွက် ဒါ​တွေ မလို​တော့ပါ။
❌ မသွားခင် ၇၂ နာရီအတွင်း စစ်ဆေးရသော PCR Test
❌ မလေးရှားရောက်လျှင် ၂၄ နာရီအတွင်း စစ်ဆေးရသော RTK-AG Test
❌ မ​လေးရှားဟိုတယ်ကွာရန်တင်း
❌ Covid အတွက် Health Insurance

ကာကွယ်ဆေး မထိုးရသေးရင်​တော့ ဒါ​တွေ လိုပါ​သေးတယ်​နော်။
✅ မလေးရှားမသွားခင် ၇၂ နာရီအတွင်း စစ်ဆေးရသော PCR Test
✅ မလေးရှားရောက်လျှင် ၂၄ နာရီအတွင်း စစ်ဆေးရသော RTK-AG Test
✅ ကွာရန်တင်း ၅ ရက်

ကျန်းမာ​ရေးအာမခံက​တော့ လုံးဝ မလို​တော့ပါ။

Nok Air is back!MAI နဲ့ MNA လက်ဝါးကြီးအုပ်ထားလို့ Yangon-Bangkok လေယာဥ်လက်မှတ်တွေ မတန်တဆ ဈေး​တွေ​ခေါင်ခိုက်​နေတဲ့ ကာလက မ...
28/04/2022

Nok Air is back!

MAI နဲ့ MNA လက်ဝါးကြီးအုပ်ထားလို့ Yangon-Bangkok လေယာဥ်လက်မှတ်တွေ မတန်တဆ ဈေး​တွေ​ခေါင်ခိုက်​နေတဲ့ ကာလက မကြာခင် ပြီးဆုံးပါ​တော့မယ်။ July 1 ရက်​နေ့က စပြီး ရန်ကုန်နဲ့ဘန်​ကောက် (ဒွန်​မောင်း​လေဆိပ်)ကို Nok Air က စပျံမယ်လို့ ကြေညာလိုက်ပါပြီ။ (Apr 17 ကတည်းက လေဆိပ်ပြန်ဖွင့်တာကို July 1 မှ ပျံခွင့်ရ​အောင် သက်သက်ယုတ်မာပြီး အချိန်ဆွဲတာ)

Nok Air က Yangon - Don Muang ခရီးစဥ်များကို အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ နေ့များမှာ ပြန်လည်ပျံသန်းပြေးဆွဲပါမယ်။

RGN-DMK (Mon, Wed, Fri, Sun)

DD-901 RGN-DMK 08:05AM - 09:50AM
DD-900 DMK-RGN 06:30AM - 07:15AM

ဘန်​ကောက်အပြန် အချိန်က​တော့ သိပ်မ​ကောင်းဘူး။ လေဆိပ်ကို မနက် ၅ နာရီ မထိုးခင် ရောက်ရမယ့် ကိန်းပဲ။ Air Asia schedule ထွက်ရင်တော့ အပြန် Air Asia စီးချင်စီး​ပေါ့။

April 26 ရက်စကပြီး Singapore သွားရင် ​အောက်ပါ ခရီးသည်များ PCR/RDT Test စစ်ဆေးရန် မလိုတော့ပါ။ 🇸🇬 ကာကွယ်ဆေး (၂) ကြိမ် အပြည...
28/04/2022

April 26 ရက်စကပြီး Singapore သွားရင် ​အောက်ပါ ခရီးသည်များ PCR/RDT Test စစ်ဆေးရန် မလိုတော့ပါ။

🇸🇬 ကာကွယ်ဆေး (၂) ကြိမ် အပြည့်ထိုးပြီးထားတဲ့ Fully Vaccinated Travellers များနဲ့
🇸🇬 အသက် (၁၂) နှင့် အောက် ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးငယ်များ

အခု Singapore သွားမယ်ဆိုရင်
❎ Hotel Quarantine မလို
❎ Entry Permit မလို
❎ Visa ကြို​လျှောက်ရင် မလို (30 Days Visa Free ရမယ်)
❎ Health insurance မလို
❎ PCR / RDT Test စစ်ရန်မလိုတော့ပါဘူး။

နှစ်စဥ် Jun-Jul ​ရောက်တိုင်း ဈေးချ​နေတဲ့ Great Singapore Sales ကလည်း မကြာခင်​ရောက်​တော့မှာဆို​တော့ လက်မှတ်​တွေ ကြိုဝယ်ထားကြဦး​နော်။
https://www.gov.sg/article/facilitating-the-resumption-of-travel-using-the-vaccinated-travel-framework

June 1 ရက်​နေ့က စပြီး Thailand Pass ပါ မလို​တော့ပါဘူး။ နောက်ဆုံးကျန်တာက​တော့ Covid insurance တစ်ခုကလွဲရင် အရင် Covid မတိ...
28/04/2022

June 1 ရက်​နေ့က စပြီး Thailand Pass ပါ မလို​တော့ပါဘူး။ နောက်ဆုံးကျန်တာက​တော့ Covid insurance တစ်ခုကလွဲရင် အရင် Covid မတိုင်ခင် ကာလ​တွေ တုန်းကလိုပဲ ပြန်ဖြစ်သွားပါပြီ။

Covid ကာကွယ်​ဆေး ၂ ကြိမ်​တော့ ထိုးထားဖို့ လိုမယ်​နော်။

မေလ ၁ ရက်​နေ့က​နေစပြီး ထိုင်းကိုသွားရင် ကိုဗစ်ကာကွယ်​ဆေး ၂ ကြိမ် ထိုးထားတဲ့သူဆို အရင်လို Hotel Quarantine ၁ ရက် နဲ့ PCR ...
23/04/2022

မေလ ၁ ရက်​နေ့က​နေစပြီး ထိုင်းကိုသွားရင် ကိုဗစ်ကာကွယ်​ဆေး ၂ ကြိမ် ထိုးထားတဲ့သူဆို အရင်လို Hotel Quarantine ၁ ရက် နဲ့ PCR Test စစ်စရာ မလို​တော့ပါဘူး။ ကိုဗစ်ကာလ မတိုင်ခင်ကလိုပဲ အေး​အေး​ဆေး​ဆေး Visa Exemption 14 ရက် နဲ့ ကြိုက်တဲ့ အချိန် သွားလို့ရပါပြီ။ မသွားခင် မြန်မာပြည်မှာ PCR Test စစ်ထားစရာလည်း မလို​တော့ပါဘူးတဲ့။

ဒါဆို ဘာ​တွေလိုလဲ?

၁။ ရိုးရိုး​လေယာဥ်လက်မှတ်
၂။ Covid insurance $10,000 တန်ဲ့
၃။ Thailand Pass (ဒါလည်းဖြုတ်မယ်လို့ သတင်းကြားပါတယ်) ပဲ လိုပါ​တော့တယ်။

မြန်မာပြည်ကို ပြန်တဲ့အခါမှာ​တော့ Hotel quarantine ရန်ကုန်မှာ ၁ ရက် ဝင်ရပါဦးမယ်။ လေယာဥ်မစီးခင် Bangkok မှာ Covid Test စစ်ဖို့လည်း လိုပါ​သေးတယ်။

https://www.facebook.com/133643127712/posts/10159941045937713/

🔥မေလ (၁၃) ရက်နေ့ ၂၀၂၂ မှ စတင်ပြီး မလေးရှားသို့ အဲအေးရှားလေကြောင်းလိုင်းဖြင့် တိုက်ရိုက် ပျံသန်းနိုင်ပါပြီ 😍✈️🇲🇾 👉 သတင်းက...
08/04/2022

🔥မေလ (၁၃) ရက်နေ့ ၂၀၂၂ မှ စတင်ပြီး မလေးရှားသို့ အဲအေးရှားလေကြောင်းလိုင်းဖြင့် တိုက်ရိုက် ပျံသန်းနိုင်ပါပြီ 😍✈️🇲🇾 👉 သတင်းကောင်းကတော့ ရန်ကုန် ✈️ ကွာလာလမ်ပူ သို့ တိုက်ရိုက်လေယာဉ်လက်မှတ်ကို ယနေ့မှစ၍ ကြိုတင်ဝယ်ယူနိုင်ပါပြီ။

ကြိုတင်ဝယ်ယူရန်လင့်ခ် - https://air.asia/EMmGK

ရန်ကုန် - မလေးရှားလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် အချိန်ဇယား-
📌 ရန်ကုန် ✈️ ကွာလာလမ်ပူ (တိုက်ရိုက်) : 08:25 - 12:40
(အပတ်စဉ် သောကြာနေ့တိုင်း)
(*) မေလ (၁၃)ရက်နေ့မှ စတင်၍

🎁 အခမဲ့ လေယာဉ်ပြောင်းလဲမှုအား သတ်မှတ်ရက် မတိုင်ခင် ပြုလုပ်နိုင်တာကြောင့် ခရီးစဉ်ပြောင်းလဲမှု အတွက် စိတ်ပူရန် မလိုတော့ဘူးနော်။

✏️ မေလ (၁၃) ရက်နေ့မှ စတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သော စာရွက်စာတမ်းများကို ဝင်ရောက်လေ့လာလိုက်ပါ။ https://air.asia/S7WY9

https://www.facebook.com/1584354358482287/posts/3024493994468309/

Apr 17 က​နေစပြီး​တော့ မြန်မာပြည်ထဲ ပြန်ဝင်လာမယ့်သူ​တွေကို Quarantine 1 ရက်ပဲ ဝင်ရ​တော့မယ်လို့ Travel Agent တချို့ဆီက​နေ ...
06/04/2022

Apr 17 က​နေစပြီး​တော့ မြန်မာပြည်ထဲ ပြန်ဝင်လာမယ့်သူ​တွေကို Quarantine 1 ရက်ပဲ ဝင်ရ​တော့မယ်လို့ Travel Agent တချို့ဆီက​နေ သတင်းတွေ ထွက်လာပါတယ်။ Confirm ဖြစ်မဖြစ် မကြာခင် သိရပါ​တော့မယ်။ လက်ရှိမှာ​တော့ ကာကွယ်​ဆေး ၂ ကြိမ် ထိုးထားရင် ၅ ရက် / မထိုးထားရင် ၇ ရက် ဝင်​နေရပါ​သေးတယ်။

နှစ်ဆန်းတစ်ရက်​နေ့ ရန်ကုန်​လေဆိပ်ဖွင့်ပြီးတာနဲ့ အရင်လို လေ​ကြောင်း​လိုင်း​တွေ ပြန်စ​တော့မှာပါ။ အဲ့ထဲမှာ နာမည်ကြီး Budget...
05/04/2022

နှစ်ဆန်းတစ်ရက်​နေ့ ရန်ကုန်​လေဆိပ်ဖွင့်ပြီးတာနဲ့ အရင်လို လေ​ကြောင်း​လိုင်း​တွေ ပြန်စ​တော့မှာပါ။ အဲ့ထဲမှာ နာမည်ကြီး Budget Airline တွေထဲက တစ်ခုဖြစ်တဲ့ Air Asia လည်း အပါအဝင်ပါပဲ။

လက်ရှိပျံမယ့်ခရီးစဥ်တွေကတော့

ရန်ကုန် ✈️ ဘန်ကောက် : 80 $
ရန်ကုန် ✈️ စင်္ကာပူ : 129$
ရန်ကုန် ✈️ တိုကျို : 375$ (Bangkok Transit)
🤳 ကြိုတင်ဝယ်ယူရန်လင့်ခ် - https://air.asia/KW2rA

Thai/Singapore မှာအခု Quarantine ဝင်စရာလည်း မလို​တော့လို့ အလည်သွားမယ့် လူ​တွေသာမက Bangkok transit နဲ့ တခြားနိုင်ငံဆက်သွားမယ့်သူ​တွေလည်း Budget Airline option တွေပါတိုးလာပြီမို့ အဆင်ပို​ပြေလာကြမှာပါ။
https://www.facebook.com/1584354358482287/posts/3022379581346417/

Update: Covid insurance လည်း ဝယ်စရာ မလို​တော့ပါတဲ့။ ------------‐--------------------------------Apr ၁ ရက်​နေ့က​နေစပြီး ...
24/03/2022

Update: Covid insurance လည်း ဝယ်စရာ မလို​တော့ပါတဲ့။

------------‐--------------------------------
Apr ၁ ရက်​နေ့က​နေစပြီး စင်ကာပူကို လွတ်လွတ်လပ်လပ် သွားလည်လို့ရပါပြီ။

- Hotel မှာကွာရန်တင်း ဝင်စရာမလို​တော့ပါ။
- စင်ကာပူရောက်ပြီးစစ်ရတဲ့ PCR Test စစ်စရာလည်း မလို​တော့ပါ။
- Vaccinated Travel Pass / Entry Approval တို့ လျှောက်ထားစရာလည်း မလို​တော့ဘူး။
- လေဆိပ်မှာ ခရီးသည် အ​ရေအတွက် quota သတ်မှတ်ချက်လည်း ပယ်ရှားလိုက်ပြီး ဘာ flight နဲ့ ဝင်ဝင် (relief flight/VTL flight ဖြစ်စရာမလို​တော့ပါ) ရပြီဆို​တော့ air ticket ဈေး​တွေလည်း ကျလာပါ​တော့မယ်။

*** ကိုဗစ်ကာကွယ်​ဆေး ၂ ကြိမ် အနည်းဆုံး ထိုးထားသူ ဖြစ်ရပါမယ်။
*** လေယာဥ်မထွက်ခင်​ ၄၈ နာရီအတွင်းမှာ​တော့ PCR test သို့မဟုတ် ART test kit စစ်ထားရပါမယ်။ စင်တာ​တွေမှာ သွားမစစ်နိုင်ရင် ကိုယ့်အိမ်မှာပဲ ART test kit ကို စင်ကာပူ အစိုးရက ခွင့်ပြုထားတဲ့ ကုမ္ပဏီ​တွေက​နေ online က​နေ စောင့်ကြည့်ခိုင်းပြီးလည်း စစ်လို့ရပါတယ်တဲ့။ မြန်မာပြည်အတွက်တော့ ဘယ်ကုမ္ပဏီ​အဖွဲ့အစည်း​တွေက online က​နေ ကြီးကြပ်​ပေးမလဲ​တော့ မသိ​သေးပါ။ စင်တာ​တွေဆီမှာ လူကိုယ်တိုင်သွားစစ်​ရတဲ့ ART test result လည်း လက်ခံတယ်ဆို​တော့ အဆင်​ပြေပါတယ်။
*** Singapore Arrival Card ကိုလည်း departure မတိုင်ခင် ကြို​ဖြည့်​ပေးထားရင် check-in ရော arrival မှာ​ရော manual စစ်စရာနည်းသွားလို့ ပိုမြန်လာပါ လိမ့်မယ်။

Outdoors မှာလည်း Mask က optional ဖြစ်သွားပါပြီ။ Indoors ဆိုရင်​တော့ မဖြစ်မ​နေ တပ်ရပါမယ်။ F&B outlets တွေကိုလည်း Covid restriction တွေ ဖြေ​လျှော့လိုက်ပြီဆို​တော့ Clarke Quay တို့ Chinatown တို့က Gay bar / club / sauna တွေလည်း ပြန်စည်လာ​တော့မှာပါ။ စင်ကာပူကို ဈေးဝယ်သွားမယ့်သူ​တွေ၊ စာ​မေးပွဲ​ဖြေ၊ အလုပ်သွားရှာမယ့် သူ​တွေအတွက်​တော့ သတင်း​ကောင်းပါ။

ရန်ကုန်​လေဆိပ်ကလည်း Commercial flight တွေကို နှစ်ဆန်း ၁ ရက်​နေ့မှ စဖွင့်မှာဆို​တော့ အဲ့​နောက်ပိုင်းမှ သွားရင် လေယာဥ်လက်မှတ်ခ ပိုသက်သာပါလိမ့်မယ်။ အဲ့မတိုင်ခင်က​တော့ အစိုးရပိုင် MNA နဲ့ KBZ ပိုင် MAI က လက်ဝါးကြီးအုပ်ထားတဲ့ Relief / Special Flight ကိုပဲ ဈေးကြီး​ပေးစီးရမှာပါ။ 17 ရက်​နေ့ နောက်ပိုင်းမှ Singapore Airline / Silk Air ပြန်စဆွဲ​တာကို စောင့်စီးမယ်ဆိုရင်​တော့ service ကောင်း​ကောင်းရနိုင်ပါလိမ့်မယ်။

*စင်ကာပူမှာ quarantine မလို​တော့​ပေမယ့် မြန်မာပြည်ပြန်လာရင်​တော့ quarantine ပြန်ဝင်ရပါမယ် (မတ်လ ၂၄ ရက် ပို့စ်တင်ချိန်အထိ quarantine က လိုအပ်ပါ​သေးတယ်။ မကြာခင် ပယ်ဖျက်​ပေးဖို့ မျှော်လင့်ရပါတယ်။)

From 1 April, Singapore will reopen its borders to all fully-vaccinated travellers, and will transition to a new Vaccinated Travel Framework.

Yangon Airport ကို နှစ်ဆန်း ၁ ရက်​နေ့ 17 April က​နေစပြီး  Commercial Flight တွေ ပြန်ဖွင့်ခွင့်​ပေးလိုက်ပါပြီတဲ့။ အရင်လို...
19/03/2022

Yangon Airport ကို နှစ်ဆန်း ၁ ရက်​နေ့ 17 April က​နေစပြီး Commercial Flight တွေ ပြန်ဖွင့်ခွင့်​ပေးလိုက်ပါပြီတဲ့။ အရင်လို Relief flight တွေဆိုပြီး ဈေးကြီး​ပေးစရာမလို​တော့ဘူး။ ထိုင်းကလည်း April 1 ကစလို့ Covid vaccine ၂ ကြိမ် ထိုးထားရင် Pre-departure PCR test တောင်မလို​တော့ဘူးဆို​တော့ လွယ်လွယ်ကူကူသွားလို့ ရပြီ​ပေါ့။ Negative ဆို ထိုင်းမှာ quarantine တောင် ဝင်စရာ မလို​ပေမယ့် မြန်မာပြည် ပြန်လာရင်​တော့ quarantine ၁ ပတ် ဝင်​ပေးရပါမယ်တဲ့။ မဝင်ချင်တဲ့သူ​တွေက​တော့ လေဆိပ်ရဲ့​ပေါင်းပြီး home quarantine ဝင်လို့ရပါသတဲ့​လေ။

Apr 1 ရက်​နေ့က​နေစပြီး ထိုင်းသွားမယ့်သူ​တွေအ​နေနဲ့ ကိုဗစ်ကာကွယ်​ဆေး ၂ လုံး ထိုးထားရင် လေယာဥ်မစီးခင် ၇၂ နာရီအတွင်း စစ်ရတဲ...
19/03/2022

Apr 1 ရက်​နေ့က​နေစပြီး ထိုင်းသွားမယ့်သူ​တွေအ​နေနဲ့ ကိုဗစ်ကာကွယ်​ဆေး ၂ လုံး ထိုးထားရင် လေယာဥ်မစီးခင် ၇၂ နာရီအတွင်း စစ်ရတဲ့ PCR Test ကို စစ်စရာ မလို​တော့ပါဘူး။ ထိုင်းရောက်​တော့မှ ဟိုတယ်မှာ PCR Test စစ်ရုံပါပဲ။ Negative ဆိုရင် quarantine လည်း ဝင်စရာမလိုဘဲ စစ်ပြီး​နောက်​နေ့ကစလို့ ဖလန်းဖလန်း ထလို့ရပါပြီ။ သင်္ကြန်သွားမယ့်လူ​တွေ Visa free 14 ရက်လည်းရ​တော့ အ​တော်ပဲဖြစ်သွားတာ​ပေါ့။ ဒီ​နေ့ Songkran ကိုလည်း ပိတ်ရက် ၆ ရက် သတ်မှတ်လိုက်ပါတယ်တဲ့။

Pre-departure PCR Test စစ်ဖို့ မလို​တော့​ပေမယ့်
Thailand Pass တော့ကြို​လျှောက်ထားပြီး Covid health insurance တော့ ဝယ်ထားရပါမယ်။

Visitors vaccinated for COVID-19 will no longer need a test before traveling to Thailand starting April 1. Visitors will still need to test after arrival.

ဥမ္မာခင်ကြောက်လို့ ခဏပြန်ပိတ်ထားတဲ့ ဘန်ကောက်ရဲ့ Test & Go အစီအစဥ်ကို Feb 1 ရက်နေ့ကနေပြန်စပါတော့မယ်တဲ့။ Test & Go နဲ့ဆိုရ...
20/01/2022

ဥမ္မာခင်ကြောက်လို့ ခဏပြန်ပိတ်ထားတဲ့ ဘန်ကောက်ရဲ့ Test & Go အစီအစဥ်ကို Feb 1 ရက်နေ့ကနေပြန်စပါတော့မယ်တဲ့။ Test & Go နဲ့ဆိုရင် ဟိုတယ်မှာ Quarantine 7 ရက်ဝင်စရာမလိုတော့ဘူး။ ဟိုတယ်မှာ ရောက်တာနဲ့ Covid Test စစ်ပြီး ပိုးမရှိရင် ကြိုက်တဲ့နေရာသွားလို့ရပါပြီ။ ပိုးရှိခဲ့ရင်တော့ Quarantine ပြန်ဝင်ရမှာပါ။ ဘန်ကောက်မှာ Visa ဝင်မယ့်သူတွေ၊ ဆေးသွားကုမယ့်သူတွေ၊ စာမေးပွဲသွားဖြေမယ့်သူတွေအတွက်တော့ Quarantine 7 ရက်စာ သက်သာစေပါမယ်။ မသွားခင်တော့ အာမခံတွေ၊ Covid Test result တွေကိုကြိုပြင်ထားဖို့တော့လိုမယ်နော်။

Thailand will resume the 'Test & Go' quarantine waiver for vaccinated arrivals from Feb 1, the Centre for Covid-19 Situation Administration (CCSA) said on Thursday, in response to slowing coronavirus infections.

Nov 19 ရက်နေ့က စပြီးတော့ စင်ကာပူသွားရင် Quarantine (၇) ရက်ကို Hotel တွေမှာ မဝင်ဘဲ ကိုယ့်အသိမိတ်ဆွေတွေရဲ့ အိမ်မှာဝင်လည်း ...
17/11/2021

Nov 19 ရက်နေ့က စပြီးတော့ စင်ကာပူသွားရင် Quarantine (၇) ရက်ကို Hotel တွေမှာ မဝင်ဘဲ ကိုယ့်အသိမိတ်ဆွေတွေရဲ့ အိမ်မှာဝင်လည်း ရနေပါပြီ။ မသွားခင် ၄၈ နာရီအတွင်းမှာတော့ PCR / ART Test စစ်ထားရပါမယ်။

ဒီနေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူတွေ ကမ္ဘောဒီးယားကို ကွာရန်တင်းဝင်စရာမလိုဘဲ သွားနိုင်ပါပြီတဲ့။ http://www.aseanth...
15/11/2021

ဒီနေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူတွေ ကမ္ဘောဒီးယားကို ကွာရန်တင်းဝင်စရာမလိုဘဲ သွားနိုင်ပါပြီတဲ့။

http://www.aseanthai.net/english/ewt_news.php?nid=4323&filename=index

ပြည်တွင်းမှာ လေယာဉ်နဲ့ ခရီးသွားမယ့်သူတွေ လေယာဉ်မထွက်ခင် ၄၈ နာရီအတွင်း ကိုဗစ်စစ်ရပါမယ်။ အခမဲ့ စစ်လို့ရမယ့်နေရာလေးတွေ မှတ်...
12/11/2021

ပြည်တွင်းမှာ လေယာဉ်နဲ့ ခရီးသွားမယ့်သူတွေ လေယာဉ်မထွက်ခင် ၄၈ နာရီအတွင်း ကိုဗစ်စစ်ရပါမယ်။ အခမဲ့ စစ်လို့ရမယ့်နေရာလေးတွေ မှတ်ထားကြနော်။

ယူတို့ တရုတ်ပြည်သွားလည်ချင်နေကြပြီမလား။ 🤣🤣🤣https://9gag.com/gag/aDdmdAw
28/01/2021

ယူတို့ တရုတ်ပြည်သွားလည်ချင်နေကြပြီမလား။ 🤣🤣🤣

https://9gag.com/gag/aDdmdAw

🦠

Copied မကြာခင်အချိန်အတွင်းမှာ Vote result တွေ စုစည်း ဖော်ပြပေးမှာ ဖြစ်ပါတယ် ဒီမှာကြည့်ပါ🇲🇲 Myanmar https://election2020....
08/11/2020

Copied

မကြာခင်အချိန်အတွင်းမှာ Vote result တွေ စုစည်း ဖော်ပြပေးမှာ ဖြစ်ပါတယ် ဒီမှာကြည့်ပါ

🇲🇲 Myanmar https://election2020.lovelyfamilymm.com/

🇲🇲 Nyipyitaw https://m.facebook.com/story.php?story_fbid=998388327342085&id=100015127817119
🇲🇲 ဇေယျာသီရိမြို့နယ် ပျဉ်းမနား
https://www.facebook.com/permalink.php?story_fbid=124757262739686&id=103142738234472

🇲🇲 နတ်မောက် https://www.facebook.com/ko.pike.58/posts/2722846344593535

🇲🇲 Kamayut 8
https://m.facebook.com/story.php?story_fbid=180467580377066&id=100611238362701
🇲🇲 Kamauyt 4
https://m.facebook.com/groups/700145130089495/permalink/3099545146816136/

🇲🇲 N-Chinstate https://m.facebook.com/ZOGAMNLD/posts/?

🇲🇲 M-Chinstate https://m.facebook.com/story.php?story_fbid=2911447559076096&id=1722606901293507

🇲🇲 S-Chinstate https://m.facebook.com/story.php?story_fbid=3617450631649620&id=167011980026853

🇲🇲 MYANMAR ELECTION RESULT 2020 – ရွေးကောက်ပွဲရလဒ်ကြည့်ရှုနိုင်မည့် ဝက်ဆိုဒ်များ

🇲🇲 Skynet Live https://www.facebook.com/skynetutd/videos/369548097700356/

Website: https://uec.gov.mm/

2. NLD 2020 Election Dashboard
https://bit.ly/2020nldresult

3. Myanmar Electio by Ko Nyein Chan Ko Ko
https://bit.ly/MMelection

4. NLD Dashboard:
https://datastudio.google.com/reporting/95acc39a-6a84-4fcf-b769-5ffdfd7d42f2/page/CNNjB?s=j4ALD-vmhIA

5. 2020 Myanmar Election Resulty by Ko Soe Lin Myat:
https://www.soelinmyat.com/myanmar2020?

📍 ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်များစာရင်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ည ၈ နာရီသတင်းနှင့် နောက်တစ်နေ့တွင် နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာတို့မှ ထပ်ဆင့်ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကြည့်ရန်

အပြည်ပြည်ဆိုင်ရာလေယာဉ်တွေကို အောက်တိုဘာ ၃၁ ထိ လက်မခံသေးပါဘူးတဲ့။ Relief flight တွေကတော့ အစိုးရ ခွင့်ပြုချက်နဲ့ ဆင်းသက်ခွ...
24/09/2020

အပြည်ပြည်ဆိုင်ရာလေယာဉ်တွေကို အောက်တိုဘာ ၃၁ ထိ လက်မခံသေးပါဘူးတဲ့။ Relief flight တွေကတော့ အစိုးရ ခွင့်ပြုချက်နဲ့ ဆင်းသက်ခွင့်ပေးမှာပါ။

ဒီနေ့ကစပြီး ရန်ကုန်(ကိုကိုးကျွန်းကလွဲလို့)ကို Stay at Homeအမိန့် ထပ်မံတင်းကြပ်လိုက်ပါပြီ။ ဘဏ်တို့ဆေးဆိုင်တို့စားသောက်ကုန...
20/09/2020

ဒီနေ့ကစပြီး ရန်ကုန်(ကိုကိုးကျွန်းကလွဲလို့)ကို Stay at Homeအမိန့် ထပ်မံတင်းကြပ်လိုက်ပါပြီ။ ဘဏ်တို့ဆေးဆိုင်တို့စားသောက်ကုန်တို့လို လုပ်ငန်းတွေကလွဲလို့ ကျန်အလုပ်တွေအကုနါ Work From Home ပဲခွင့်ပြုပါတယ်။ ဈေးဝယ်ဖို့၊ ကျန်းမာရေးအတွက်ဆေးရုံဆေးခန်းသွားဖို့ကလွဲရင် ထွက်လို့မရပါတဲ့။ အားလုံးပဲ ဒီကပ်ဆိုးကြီးကို တူတူဖြတ်ကျော်ကြရအောင် အားတင်းထားကြနော်။

Myanmar National Airlines, Air KBZ, Golden Myanmar Airlines, Mann Yadanarpon Airlines, Air Than Lwin suspended all domes...
10/09/2020

Myanmar National Airlines, Air KBZ, Golden Myanmar Airlines, Mann Yadanarpon Airlines, Air Than Lwin suspended all domestics flight until 30 Sep, 2020 due to increasing rate of COVID outbreak.

ကိုဗစ်ကူးစက်မှု ပြင်းထန်လာလို့ စက်တင်ဘာလကုန်ထိ ပြည်တွင်းလေကြောင်းလိုင်းအားလုံး ခရီးစဉ် ရပ်နားပါမယ်တဲ့။

[𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓]

မြန်မာနိုင်ငံအတွင်းတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်း လေယာဉ်ခရီးစဉ်များအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ မှ (၃၀) ရက်နေ့ အထိ ခေတ္တ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ထိုကာလအတွင်း ဝယ်ယူထားသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးပါသည်။ Agent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက [email protected] သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်ပါတယ်ရှင်..

ခရီးစဉ်များကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင်ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။

ပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တပြေးညီ ကြေငြာပေးမည် ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်မေးမြန်း နိုင်ပါတယ်ရှင်..

ခရီးသွားပြည်သူအပေါင်း ကျန်းမာရွှင်လန်းကြပါစေရှင်

To effectively prevent Covid-19 spreading across Myanmar, all Myanmar National Airlines' domestic flights will be temporarily suspended starting from 11 September 2020 to 30 September 2020. We are offering Full Refund or Free Date Change to the passengers.

For those who booked via travel agent can contact the respective travel agent to get refund/ free date change, and for passengers who booked via website can get refund/ free date change by emailing to [email protected]

All Flights will resume operating on 1 October 2020. Any changes will be announced on time.

For detailed information, please contact MNA Call Center at:
+951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42

We wish for your safety and health.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Gay Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Gay Travel:

Videos

Share


Other Yangon travel agencies

Show All