04/03/2020
နွေရာသီကျောင်းပိတ်ရက် မိုးကုတ်မြို လေးကို သီးသန့်သွားချင်တဲ့ သူငယ်ချင်းမိတ်ဆွေ တွေ အတွက် မိမိသွားချင်တဲ့ရက်ကို ရွေးချယ်နိုင်တဲ့အပြင် အချိန်ကန့်သတ်မထားပဲ အေးအေးဆေးဆေးနဲ့ နေရာစုံအောင် လိုက်ပို့ပေးဦးမယ့် အရမ်းကိုမိုက်တဲ့Free and Easy Package လေးနဲ့  မိတ်ဆက်ပေးပါရစေခင်ဗျာ။
ခရီးစဉ်ပုံစံလေးကတော့ အောင်မင်္ဂလာအဝေးပြေးဝင်းကနေ High Class (VIP) Express နဲ့  ညနေ စထွက်မှာဖြစ်ပါတယ်။ နောက်နေ့ မနက်ပိုင်းလောက် မိုးကုတ်ကိုရောက်ပါမယ်။Hotel (သို့ ) Guest House မှာ ၂ညတည်းခိုးမယ်။ အပြန် High Class ဂိတ်ကနေ ညနေ ပိုင်း စထွက်ပါမယ် နောက်နေ့  မနက်စောစောပြန်ရောက်ပါမယ်။
တည်းခိုရမယ့်နေရာကတော့ ကြယ်သုံးပွင့်အဆင့်ရှိ Mogok Hill Hotel (သို့ )
စခန်းသာ အဆင့်မြင့် Guest House ဆိုပြီး Package ၂မျိုးရှိပါတယ်။
Hill Hotel က ၄ ယောက်ရှိရင် တစ်ယောက်ကို ၁၅၀,၀၀၀ကျပ်၊ ၆ယောက်ရှိရင် တစ်ယောက်ကို ၁၄၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး
#အဆင့်မြင့် Guest House က ၄ ယောက်ရှိရင် တစ်ယောက်ကို ၁၃၅,၀၀၀ကျပ်၊ ၆ ယောက်ရှိရင် တစ်ယောက်ကို ၁၂၃,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ (သွားမယ့် ရက် နှင့် လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်)
လည်ပတ်ဖို့ကိုတော့ Toyota Wish ကားလေးစီစဉ်ပေးထားပါတယ်။ လည်ပတ်မယ့်  နေရာတွေကတော့ 
#မိုးကုတ်မြို့၏ သမိုင်းဝင် ကျောက်ပြသာဒ်
#ပတ္တမြားငမောက်သမိုင်းကြောင်းနဲ့ ဆက်စပ်နေတဲ့ ဒေါ်နန်းကြည်တောင်
#မိုးကုတ်ဒေသထွက် အိမ်ပြန်လက်ဆောင်
#မိုးကုတ်တွင်းထွက်ကျောက်မြတ်ရတနာတွေကို သွားရောက်လေ့လာလို့ရမယ့် မဏိမင်္ဂလာထာပွဲ
#မိုးကုတ်မြို့၏ သမိုင်းဝင်အင်းကန်ဘောင်
#မိုးကုတ်မြို့ရဲ့ ရှုခင်းအလှအပလေးတွေကို ခံစားလို့ရမယ့် View Point နဲ့ သဘာဝလှိုင်ဂူ
#ဓါတ်ပုံလှလှလေးတွေ ရိုက်လို့ရမယ့် ကင်းချောင်းရေတံခွန်
#မိုးကုတ်မြို့၏ ကျက်သရေဆောင်ချမ်းသားကြီးဘုရား၊ ရွှေဂူကြီးဘုရား၊ မဟာမြတ်မုနိဘုရား၊ ကျောက်လက်ညှိုးဘုရား
#မိုးကုတ်မြို့၏ အလှအပများကို တောင်ပေါ်ကနေ ကြည့်ရှုခံစားလို့ရမယ့် ပတ္တမြားစေတီ
#မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဖယောင်းရုပ်ထုကို ဖူးမျှော်လို့ရမယ့် ဖောင်တော်ဦးစေတီ
#ထူးခြားပြီး အရသာရှိတဲ့ ဒေသထွက် အစားအစာများကို မြည်းစမ်းလို့ရမယ့် မိုးကုတ်ညဈေး အစရှိတဲ့ မိုးကုတ်မြို့ ၏ အထင်ကရနေရာစုံအောင် လိုက်ပို့ပေးမယ့်အပြင် သမိုင်းကြောင်းတွေကိုလည်း ပြောပြပေးဦးမှာနော်။
အစားအသောက်ကတော့ မိုးကုတ်မြို့ရဲ့ ဒေသစားသောက်ဆိုင်များမှာ ကားဆရာမှ ကားရပ်ပေးမှာဖြစ်ပါတယ်။ (packageထဲမှာတော့ စားသောက်စရိတ်နဲ့  ကင်းချောင်ရေတံခွန်ဝင်ကြေးကတော့  မပါဝင်ပါဘူးနော်။) ဒါပေမယ့် အဲဒီအတွက်စိတ်မပူပါနဲ့နော်။ မိုးကုတ်ဒေသက အစားအစာတွေက အရသာရှိတဲ့အပြင် ဈေးနုန်းလည်း အရမ်းချိုသာပါတယ်တဲ့နော်။
ပါဝင်သောဝန်ဆောင်မှုတွေ အနေနဲ့ကတော့
အသွားအပြန် ကားလက်မှတ်
3 Star Hotel (သို့) Guest House 2 ည
သွားရောက်လည်ပတ်မည့် စီးလုံကားလေး
မပါဝင်သောဝန်ဆောင်မှုတွေကတော့
မနက်စာ / နေလည်စာ/ ညစာ
ခရိးသွားအာမခံ
ကိုယ်ပိုင်အသုံးစရိတ်တွေပဲ ဖြစ်ပါတယ်နော်။
အသေးစိတ်သိရှိလိုပါက
.1208, 12 floor, Pearl Condo, Kabar Aye Pagoda Road, Bahan, Yangon
– 09 776 7777 61, 09 776 7777 62, 09776 7777 63 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။