Myanmar Eternity Tour Co.,Ltd.

Myanmar Eternity Tour Co.,Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Eternity Tour Co.,Ltd., Travel Agency, Yangon.

09/01/2023
31/10/2022

Send a message to learn more.

31/10/2022

Passport စာအုပ်
🔷အသစ်လျှောက်ချင်သူများ
🔷ပျောက်ဆုံးပြန်လျှောက်ချင်သူမ်ား
🔷သက်တမ်းတိုးချင်သူများ
🔷အလည်အပတ် passport မ်ားကို
ဝန်ဆောင်မှုပေးနေပါတယ်။
ဝန်ဆောင်မှုရယူရန် Messenger မှလည်း မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန် 09448888795

Send a message to learn more.

" အောင် " အိုးကပ်​​ဖက်ထုပ်ကြော်​ရပါပီရှင့်​ မနက်​စာ​ ​ကော်​ဖီ​လေးနဲ့ဘဲ စားစား​နေ့လည်​ သူငယ်ချင်းေ​​တွနဲ့ မုန့်​စားတဲ့အခ...
11/06/2021

" အောင် " အိုးကပ်​​ဖက်ထုပ်ကြော်​ရပါပီရှင့်

မနက်​စာ​ ​ကော်​ဖီ​လေးနဲ့ဘဲ စားစား
နေ့လည်​ သူငယ်ချင်းေ​​တွနဲ့ မုန့်​စားတဲ့အချိန်​မှာဘဲ စားစား
အသားများများနဲ့
အ​ခြားဖက်ထုပ်တွေနဲ့မတူတဲ့အချက်က သူကကုဆိုင်ထည့်ပီးလုပ်ထားတော့ ရှယ်ပဲပေါ့ ဘိတ်ချဉ်လေးနဲ့တို့ပြီးစားလိုက်တော့ပိုလို့တောင်လိုက်ဖက်နေသေးတယ် 😋

ကြက် ဝက် ပုစွန် သုံးမျိုးရှိပါမယ်နော်
ု ပွဲ​သေး - ၁၃ ခု ၊ ပွဲကြီး - ၂၆ ခု ပါတယ်
ကြက်/ဝက် ဖက်ထုပ် ပွဲ​သေး - ၂၀၀၀ ၊ ပွဲကြီး - ၄၀၀၀
ပုစွန် ဖက်ထုပ် ပွဲ​သေး - ၂၅၀၀ ၊ ပွဲကြီး - ၅၀၀၀
မှာယူမယ်ဆိုတရက်တော့ကြိုမှာပေးပါရှင့်
ကျေးဇူးတင်ပါတယ်နော် ❣️🤗

ဖက်ထုပ်​အော်​ဒါကို
👉09448888795
👉09250089144
ကိုတိုက်ရိုက်ဆက်သွယ်ပီးမှာယူနိုင်ပါတယ်
မြို့နယ်​အလိုက်​ deli လည်းရှိပါတယ်
ကျေးဇူးတင်ပါတယ်ရှင့် ❣️

ဆိုင်​မှာစားမယ်​ဆိုရင်​​တော့
အမှတ်​-231 ၊ ပထမလွှာ(ညာ)၊ ၃၂ လမ်း (အထက်​)၊ ပန်းဘဲတန်းမြို့နယ်

Unicode

အောင် အိုးကပ်ဖက်ထုပ်ကြော်ရပါပီရှင့်

မနက်စာ ကော်ဖီလေးနဲ့ဘဲ စားစား
နေ့လည် သူငယ်ချင်းတွေနဲ့ မုန့်စားတဲ့အချိန်မှာဘဲ စားစား
အသားများများနဲ့
အခြားဖက်ထုပ်တွေနဲ့မတူတဲ့အချက်က သူကကုဆိုင်ထည့်ပီးလုပ်ထားတော့ ရှယ်ပဲပေါ့ ဘိတ်ချဉ်လေးနဲ့တို့ပြီးစားလိုက်တော့ပိုလို့တောင်လိုက်ဖက်နေသေးတယ် 😋

ကြက် ဝက် ပုစွန် သုံးမျိုးရှိပါမယ်နော်
ပွဲသေး - ၁၃ ခု ၊ ပွဲကြီး - ၂၆ ခု ပါတယ်
ကြက်/ဝက် ဖက်ထုပ် ပွဲသေး - ၂၀၀၀ ၊ ပွဲကြီး - ၄၀၀၀
ပုစွန် ဖက်ထုပ် ပွဲသေး - ၂၅၀၀ ၊ ပွဲကြီး - ၅၀၀၀
မှာယူမယ်ဆိုတရက်တော့ကြိုမှာပေးပါရှင့်
ကျေးဇူးတင်ပါတယ်နော် ❣️🤗

ဖက်ထုပ်အော်ဒါကို
👉09448888795
👉09250089144
ကိုတိုက်ရိုက်ဆက်သွယ်ပီးမှာယူနိုင်ပါတယ်
မြို့နယ်အလိုက် deli လည်းရှိပါတယ်
ကျေးဇူးတင်ပါတယ်ရှင့် ❣️

ဆိုင်မှာစားမယ်ဆိုရင်တော့
အမှတ်-231 ၊ ပထမလွှာ(ညာ)၊ ၃၂ လမ်း (အထက်)၊ ပန်းဘဲတန်းမြို့နယ်

13/01/2021
23/12/2020
14/08/2020
🤩ကယားပြည်နယ် လွိုင်ကော်မြို့ သုံးညအိပ်သုံးရက် (hotel နှစ်ညအိပ်) ခရီးစဉ်လေး ထွက်ဖြစ်ပါတယ်.... 🤩🤩လူပြည့်ဖို့ ၆ ယောက်သာလိုတ...
29/07/2020

🤩ကယားပြည်နယ် လွိုင်ကော်မြို့ သုံးညအိပ်သုံးရက် (hotel နှစ်ညအိပ်) ခရီးစဉ်လေး ထွက်ဖြစ်ပါတယ်.... 🤩

🤩လူပြည့်ဖို့ ၆ ယောက်သာလိုတော့လို့ အမြန်ဆုံးဆက်သွယ်မှ အဆင်ပြေမှာပါနော်🤩

09-449999579 , 09420030856
လိပ်စာ - အမှတ် ၂၃၁ ၊ ၃၂ လမ်း အပေါ်ဘလောက် ၊ ပန်ပဲတန်းမြို့နယ် ၊ ရန်ကုန်။
Email – [email protected]📧
Website – mmeternitytour.com

🤩ကယားပြည်နယ် လွိုင်ကော်မြို့ သုံးညအိပ်သုံးရက် (hotel နှစ်ညအိပ်)  ခရီးစဉ်..…🤩ဈေးနှုန်းလေးကတော့ အပြီးအစီး စရိတ်ငြိမ်း  💸12...
26/07/2020

🤩ကယားပြည်နယ် လွိုင်ကော်မြို့ သုံးညအိပ်သုံးရက် (hotel နှစ်ညအိပ်) ခရီးစဉ်..…🤩

ဈေးနှုန်းလေးကတော့ အပြီးအစီး စရိတ်ငြိမ်း 💸120,000💸 သာကျသင့်ပါမယ်…..

🔺31.07.2020 သောကြာနေ့ ညနေ လေးနာရီ ရန်ကုန်မြို့မှ ထွက်ခွာပြီး 3.08.2020 တနင်္လာနေ့ည ပြန်လည်ရောက်ရှိ မည်ဖြစ်လို့ ရုံးသမားတွေအတွက်လည်း အရမ်းကို အဆင်ပြေနေပါပြီနော်…..

🔺Little Newzeland လို့လူသိများကြတဲ့ ဆင်ဖြူတောင် ကိုလည်း အရောက်ပို့ပေးမဲ့အပြင် အခြားသော အထင်ကရ နေရာများကိုလည်း ပို့ဆောင်ပေးအုံးမှာ ဖြစ်ပါတယ်…

🤩10 ယောက်တစ်ယောက် free promotion အစီအစဉ် လည်းရှိလို့ အမြန်ဆုံးဆက်သွယ်လိုက်တော့နော်….. 🤩

📞ခရီးစဉ်အသေးစိတ်သိလိုပါကလည်း 09-449999579 , 09420030856 များကို ဆက်သွယ်မေးမြန်းနိုင်သလို….

✉️Page Chat box မှလည်းမေးမြန်းနိုင်ပါတယ်…..

🔺COVID ကာလ မွန်းကြပ်မှုတွေကို အေးချမ်းသာယာလှတဲ့ လွိုင်ကော်မြို့ကို လည်ပတ်ရင်း ဖြေလျော့ချင်ရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါနော်….

🔺ခရီးစဉ်တစ်လျှောက် ညအိပ်စက်ရာတွင်လည်း သက်တောင့်သက်သာ အနားယူအိပ်စက်နိုင်ရန် 3 stars အဆင့်ရှိ hotel များတွင်စီစဉ်ပေးထားသည့်အပြင် ခရီးစဉ်တစ်လျှောက် လိုအပ်သောဆေးဝါး ၊ ရေသန့် ၊စနိုးတာဝါ Service များလည်းပါဝင်ပါတယ် ဗျာ….

🔺COVID ကာလတွင်း လူကြီးမင်းတို့ကျန်မာရေး အတွက် Face Mask များနှင့် hand gel များကိုလည်း ကားပေါ်တွင် စီစဉ်ပေးထားပါတယ် ဗျ………

💸-KBZ , CB Bank
-K Pay , CB Pay
-Visa , Master , Credit Card များဖြင့်လည်း ငွေပေးချေနိုင်ပါပြီ……

🔺လူကြီးမင်းတို့ ခရီးစဉ်အတွက် လိုအပ်သော Car rental Service များလည်း ရှိလို့ ဖုန်းလေး တစ်ချက်သာ ဆက်လိုက်တော့နော်…..

09-449999579 , 09420030856
Email – [email protected]📧
Website – mmeternitytour.com

Crd original up loader

ပုဂံ
22/07/2020

ပုဂံ

23/02/2020
ညောင်ဦးဖီး ကျွန်း
30/01/2020

ညောင်ဦးဖီး ကျွန်း

30/01/2020
မော်လမြိုင် မြို့ 🌅
19/01/2020

မော်လမြိုင် မြို့ 🌅

ဝင်္ဂဘော် ဆင်စခန်း 🐘🐘🐘
19/01/2020

ဝင်္ဂဘော် ဆင်စခန်း 🐘🐘🐘

ကယားပြည်နယ် လွိုင်ကော်မြို့ 🏞
19/01/2020

ကယားပြည်နယ် လွိုင်ကော်မြို့ 🏞

ဘားအံမြို့
19/01/2020

ဘားအံမြို့

ဘားအံ
17/01/2020

ဘားအံ

မိုးကုတ်မြို့၊ ဘားနဒ်ရွာ၊ စစ်သင်္ချိုင်း လက်နက်တိုက်
25/12/2019

မိုးကုတ်မြို့၊ ဘားနဒ်ရွာ၊ စစ်သင်္ချိုင်း လက်နက်တိုက်

12/09/2019
🤩🤩ကယားပြည်နယ် လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ စသည်တို့ကို စုံလင်စွာလည်ပတ်နိုင်မည့် သီတင်းကျွတ်ပိတ်ရက် 4 ညအိပ် 5 ရက် ခရီးစဥ...
11/09/2019

🤩🤩ကယားပြည်နယ် လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ စသည်တို့ကို စုံလင်စွာလည်ပတ်နိုင်မည့် သီတင်းကျွတ်ပိတ်ရက် 4 ညအိပ် 5 ရက် ခရီးစဉ်🤩🤩

❤️ခရီးစဉ်အသေးစိတ်လေးကတော့....❤️

🔺Day 1

11.10.19 မနက် 6 နာရီတွင်စတင်ထွက်ခွာပြီး သဘာဝအလှတရားများဖြင့်ပြည့်နက်နေသော ဖယ်ခုံ လွယ်ပန်းစုံ ကျွန်းတွင် သဘာဝ အငွေ့အသက်များကို ခံစားရင်း တစ်ညတာ အိပ်စက် အနားယူပါမယ်ခင်ဗျာ....

🔺Day 2

12.10.2019 တွင် မနက်စာ စားပြီး ပန်းပေါင်းစုံ ဖူးပွင့်နေ သည့် လွယ်ပန်းစုံကျွန်း ကလေးပေါ်တွင် ရက်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖြစ်သည့် (CBT ) အစီစဉ်ဖြင့် သဘာဝ ဆန်သည့်အလှအပများ ၊ ရိတို့၏ယဉ်ကျေးမှုများ ၊ ကျေး ငှက်များ ကိုသာယာလှပ စွာတွေ့မြင်ရသည့် အပြင် ရင်းတိုင်းရင်းသား တို့၏ရိုးရာဓလေ့များ နေထိုင်မှု့ပုံစံများ လုပ်ငန်းခွင်များ ကိုပါ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်ခင်ဗျာ...

ပြီးနောက် ညနေ 3 နာရီတွင် စက်လှေ ဖြင့် စူးအက်တူးမြောင်းအငယ်စားဟု တင်စားခေါ်ဝေါ်ကြသော မိုးဗြဲ ရေကာတာ ရေတံခါးကိုဖြတ်ပြီး မိုးဗြဲ တွင် ကားပြန်စီးကာ လွိုင်ကော်သို့ ဆက်လက်ထွက်ခွါကြပါမယ်ခင်ဗျာ...

လွိုင်ကော်မြို့ကိုရောက်ရင်တော့ တောင်ကွဲစေတီညအလှ ၊ မြို့နာမ်စေတီ နှင့် နောင်ယားကန်ညဈေးတို့ကို လည်ပတ်ပြီး 3 star အဆင့်ရှိ hotel တွင် အိပ်စက်အနားယူကြပါမည်ခင်ဗျာ....

🔺Day 3

13.10.2019 တွင် Hotel မှ မနက်စာစားပြီး Little Newzeland ဟု တင်စားခေါ်ဝေါ်ကြသော ဆင်ဖြူတောင်သို့ ခရီးဆက်ကြပါမယ်ခင်ဗျာ... ပြီးလျှင်တော့ ကြေးကွင်းစွပ် ကယန်းလူမျိုးများနေထိုင်ရာ ပန်ပက်ကျေးရွာ(CBT) ၊ ငွေတောင်ဆည် ၊ ကန်ခုနှစ်ဆင့် ၊ ထီးပွင့် ကန် ၊ တနီးလာလဲ ကျေးရွာ(CBT)တို့ကို လည်ပတ်ပြီး 3 star အဆင့်ရှိ hotel တွင် အိပ်စက်အနားယူကြပါမည်ခင်ဗျာ....

🔺Day 4

14.10.2019 တွင် Hotel မှ မနက်စာစားပြီး ကယန်းစော်ဘွားတို့၏ ဟော်နန်း ကိုလည်ပတ်ရင်း နယ်မြို့လေး၏ ရိုးရာဓလေ့အတိုင်း ဘုန်းကြီးကျောင်းတက်ကြပါမယ်ခင်ဗျာ ၊ တောင်ကွဲစေတီ ၊ ကန္ဒရ၀တီ ဈေး ၊ လောပိတရေအားလျှပ်စစ် စက်ရုံနှင့် ရေတံခွန် ၊ အံ့သြဖွယ်ရာများနှင့်ပြည့်နက်နေသော ကြတ်ဂူ ၊ ရိုးရာရက်ကန်းရုံတို့ကို လည်ပတ်ပြီး 3 star အဆင့်ရှိ hotel တွင် အိပ်စက်အနားယူကြပါမည်ခင်ဗျာ....

🔺Day 5

15.10.2019 တွင် Hotel မှ မနက်စာစားပြီး Check Out ထွက်ကာ အောင်သပြေဂူ ၊ လွယ်တမူဂူ ၊ ထီးစဲခါးရေတံခွန်တို့ကို လည်ပတ်ပြီး ပြန်လည်ထွက်ခွာကာ ညတွင် ရန်ကုန်ရွှေမြို့တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါတယ်ခင်ဗျာ.......

ဈေးနှုန်းလေးကတော့ တစ်ဦးလျှင် စားစရိတ်အပြီးအစီး "180,000" ကျပ် 💵💵

Toyota Hiace အံစာတုံးကားဖြင့် 10 ယောက်တစ်စီးနှုန်း သတ်မှတ်ထားလို့ အမြန်စာရင်းပေးလိုက် ကြရအောင်နော်.......😉

ခရီးစဉ်တစ်လျှောက် လိုအပ်သော ဆေးဝါး ၊ ရေသန့် ၊စနိုးတာဝါ Service များလည်း ပါဝင်ပါတယ်ခင်ဗျာ.....👈

ခရီးစဉ်တစ်လျှောက် ညအိပ်စက်ရာတွင်လည်း သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်ရန် 3stars အဆင့်ရှိ Hotel များတွင် စီစဉ်ပေးထားပါတယ်ခင်ဗျာ...
စက်လှေများစီးမည့် အချိန်များတွင်လည်း ဘေးကင်းစိတ်ချနိုင်စေရန် Life Jackets များပါဝင်မည်ဖြစ်ပါတယ်ခင်ဗျာ

💵💵💵
-KBZ , CB Bank .
ငွေပေးချေ နိုင်ပါတယ် ခင်ဗျာ

အသေးစိတ် သိလိုပါအောက်ပါဖုန်းနံပါတ်များကို
ဆက်သွယ်မေးမြန်း နိုင်ပါတယ် ခင်ဗျာ ။
Hotline - 09449999579 , 09444730748📱📱

Page Chat Box မှ တစ်ဆင့်လည်း သိလိုသည်များကို မေးမြန်းနိုင်ပါသည် ခင်ဗျာ။

Email – [email protected]📧

photo credit to original uploader

လိန်းလီတံတာ ပျဉ်းမနား ပေါင်းလောင်းလမ်း မှာ တည်ရှိပါတယ်ရန်ကုန်ကနေ တောင်ကြီး သို့မဟုတ် လွိုင်ကော် သွားမယ်ဆိုရင် အဆင်ပြေမယ်...
14/12/2018

လိန်းလီတံတာ
ပျဉ်းမနား ပေါင်းလောင်းလမ်း မှာ တည်ရှိပါတယ်
ရန်ကုန်ကနေ တောင်ကြီး သို့မဟုတ် လွိုင်ကော် သွားမယ်ဆိုရင် အဆင်ပြေမယ့် ဖြတ်လမ်းတစ်ခုပါ

12/12/2018

၂၁ ရာစုပင်လုံညီလာခံ ကို Myanmar Eternity Tour Co.,Ltd. မိသာစုမှ လှိုင်လှဲစွာကြိုသောကြောင့် သစ်လွင်အောင်(လွိုင်ကော်)ရေးသားထား
ပြီး စောဖိုးခွါး ၊ ထက်အောင် ၊ နင်ဇီမေ တို့ သီဆိုထားသော ပင်လုံစီတ်ထား သီချင်းဖြင့် ဂုဏ်ပြုလိုက်ပါတယ်။

ဟဲဟိုးသီခေါင်ပုံးအင်းယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန်ရေပြင်သည် ယခင်က ပထ၀ီ အနေထား...
29/03/2017

ဟဲဟိုးသီခေါင်ပုံးအင်း

ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန်
ရေပြင်သည် ယခင်က ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈ မိုင်
အနံ ၈ မိုင်ခန့်ထိ ရှိခဲ့သည်။ ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂)ရေဦး (၃) ဟိုနမ့် နှင့် (၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။ ယခုညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ဤမျှမက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော တောင်နီ ကျေးရွာ (အင်းဦးစေတီ)အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။ ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည်အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ တောင်နှင့် လက်မောင်းကွေး တောင်တန်းများအထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။ တောင်နှင့်မြောက်မှာ ၅ မိုင် ၆ မိုင်ကျောရှိပေမည်။ ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့်တင့်တယ်လို့ နေပါသည်။ ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့်အင်းလေးအင်းကြီးထဲသို့ စီးဝင်သွားသည့်အတွက် အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင်အနံ ၈မိုင် ထိ ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါးကွဲအက် ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု ယူဆရပါမည်။မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည် အရှိန်အဟုန်ပြင်းစွာဖြင့်အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။ ပြင်းထန်သော ရေအားကြောင့်ပေါက်ထွက်ခြင်း(သို့မဟုတ်) မြေငလျှင် လှုပ်ခါမှြုေ့ကာင့် ကွဲအက်ခြင်းများ ဖြစ်နိုင်ပါသည်။မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခုပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာပြီးအရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင်အနံ ၈မိုင် အထိ ပထ၀ီ အနေ အထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။ ဤဖြစ်ရပ်မှန် ကို သိနိုင်ရန်သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်း လေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍ နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည် ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမ တို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန် ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး ရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။

တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့်မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မ၀တီမြို့ဟောင်းကြီးအား တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက နန်းတော်ရာဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့်တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ရမ္မာဝတီ မြို့သူမြို့သားများလည်း ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွေ့လာကြပြီး။မိုင်းသောက် (ရှမ်းအခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှဖြစ်၍ အဓိပ္ပာယ်မှာ မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။ ထိုမှ တဖန်အင်းရေ အတော်အတန်ကျသွာသည့် အခါ၌ မြောက်ဘက်သို့ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများကျုံးများဖြင့် တည်ဆောက်ကြပြန်သည်။ ၄င်းမြို့ ၂မြို့မှာ ဖန်းဖယ် နှင့်မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာ နှစ်မြို့ဟု
အဓိပ္ပာယ်ရပါသည်။ ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင်စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခု ညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ် နှင့် အညီတည်ထောင်ခဲ့သည်။ ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာကြာမြင့်လာသောအခါ ရေများလည်း ကျသွားပြီး ကုန်းမြေများပေါ်ထွန်း လာသည်။ ယခု အခါညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟိုဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။ ညောင်ရွှေသည်ရှမ်းဘာသာဖြင့် ယောင်ဟွေ့ ဟု အသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု
အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဖြစ်သည်။အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင်ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချိုမှာ ကွယ်ပျောက်ကုန်ကြပေပြီ။မပျောက်ပျက်သေးသော မြို့ရိုး ၊ အုတ်ရိုး နေရာ တော်တော်များများလည်းကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်းလွန်းစွာပေါများလှသည်။ အင်းတ၀ိုက်နှင့် အနီးအနား ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။ ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ
ရှေးဟောင်းအမွှေအနှစ်များ ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာလှပေသည်။

Credit by မူရင်ရေးသားသူ

ဘ၀စုံလင်အင်းရေပြင်အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှစတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင်...
29/03/2017

ဘ၀စုံလင်အင်းရေပြင်

အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှစတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှားလာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်း လောက်သည်။အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကိုဖြတ်သန်း ခဲ့ရသလို ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန်ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက်တက်လိုက်ဖြင့် သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။

လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ညောင်ရွှေမြို့၏ မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင်ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကား ခဲ့သည်။ ဧက ၉၇၀ ကျော် ကျယ်ဝန်းကြီးမားသောထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ၀န်းရံထားပါသည်။ ထိုမြို့ကို ဒေသခံများက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမားတန်ခိုးထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ )မိုင် အနံ (၄ မှ ၅ ) မိုင်ထက် သေးငယ်သည်။ ရေမျက်နှာပြင် ကျင်းသော်လည်းပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃အလောင်းစည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကိုထပ်မံ တည် ကြပြန်သည်။

အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည် ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦး လာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည ရှမ်းအသံ ထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။

မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက် ဘက်တွင် ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယ တည်ထောင်ခဲ့ သော ရမ္မ၀တီမြို့သည် သဘာဝဘေးဒဏ်ြေ့ကာင့်ပျက်ခဲ့ရသည်။
Credit by မူရင်ရေးသားသူ

အင်းလေးကန် ပေါ်ပေါက်လာပုံဘူမိဗေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime stone) ခေါ် ထုံးကျောက်မ...
29/03/2017

အင်းလေးကန် ပေါ်ပေါက်လာပုံ

ဘူမိဗေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါကြွယ်ရာ ဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။တစ်ချို့သော ဘူမိဗေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကိုရေတိုက်စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာသောထုံးကျောက်အိုင် ဟူ၍ ဆိုကြသည်​။

တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထု အောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်း ဆိုကြ၏။

မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ လောက်ကပင်ရှိနေပြီဖြစ် သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့် မြင့်သည် ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာတိတိကျကျ မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့်ကျဉ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။

အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင်
ထုံးဓါတ်အများအပြားပါဝင် သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟုဆိုနိုင်ပါသည်။

Credit by မူရင်ရေးသားသူ

Address

Yangon
959

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Myanmar Eternity Tour Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Eternity Tour Co.,Ltd.:

Videos

Share

Category


Other Travel Agencies in Yangon

Show All