Myanmar Road Adventure
Myanmar Road Adventure Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Road Adventure, Sightseeing Tour Agency, No. 421/D, Shwegonedine Street, Bahan Township, Yangon.
(24)
Myanmar Road Adventure မှ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြိုဆိုပြီး ကရင်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသ...
12/01/2021
Myanmar Road Adventure မှ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြိုဆိုပြီး ကရင်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်လန်းဆန်း၍ ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ဆုတောင်မေတ္တာပို့သအပ်ပါသည်။
"လွတ်လပ်ရေးနေ့"ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား Myanmar Road ...
04/01/2021
"လွတ်လပ်ရေးနေ့"
ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား Myanmar Road Adventure မိသားစုတို့မှ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။
နှစ်သစ်မှာ ကျန်းမာရေးနဲ့ပြည့်စုံပြီး ဆန္ဒတိုင်းပြည့်ဝ ပျော်ရွှင်ကြပါစေလို့ Myanmar Road Adventure မှ တောင်းဆုမေတ္တာပို့သ...
31/12/2020
နှစ်သစ်မှာ ကျန်းမာရေးနဲ့ပြည့်စုံပြီး ဆန္ဒတိုင်းပြည့်ဝ ပျော်ရွှင်ကြပါစေလို့ Myanmar Road Adventure မှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သည်။  ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှ...
06/05/2020
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ကဆုန်လပြည့်နေ့တွင် ကိုယ်စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့ပါစေကြောင်း Myanmar Road Adventure မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
HAPPY LABOUR DAY (1st MAY, 2020)၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို Myanmar Road A...
01/05/2020
HAPPY LABOUR DAY (1st MAY, 2020)
၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို Myanmar Road Adventure မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။
တပ်မတော်နေ့ (Myanmar Armed Forces Day, 2020)၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်သော (၇၅)ကြိမ်မြောက် စိန်ရတု တပ်မတော်...
27/03/2020
တပ်မတော်နေ့ (Myanmar Armed Forces Day, 2020)
၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်သော (၇၅)ကြိမ်မြောက် စိန်ရတု တပ်မတော်နေ့အား Myanmar Road Adventure မိသားစုမှ ဝမ်းမြောက်ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
မင်္ဂလာပါရှင့်Mynammar Road Adventure မှ နွေးထွေးပျုငှာစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်..🙏ဒီဇင်ဘာနှစ်သစ်ကူးပိတ်ရက်တွေမှာ....
09/12/2019
မင်္ဂလာပါရှင့်
Mynammar Road Adventure မှ နွေးထွေးပျုငှာစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်..🙏
ဒီဇင်ဘာနှစ်သစ်ကူးပိတ်ရက်တွေမှာ....
မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ Company အဖွဲ့လိုက် ဖြစ်ဖြစ် ခရီးတစ်ခုခုထွက်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့.....
ပြည်တွင်းလား/ပြည်ပလား ?🤔
ခရီးတစ်ခုခုထွက်ဖို့ အဓိကအရေးကြီးဆုံးဖြစ်တဲ့ Transportation နဲ့ နေရေးထိုင်ရေးအတွက် အသက်သာဆုံးဖြစ်အောင် ဦးစားပေးစဉ်းစားသင့်တယ်နော်!💭
Transportations အတွက်
✈️ လေယာဉ်လက်မှတ်။
🚍 ကားလက်မှတ်။
🏨 ဟိုတယ် booking နဲ့ပတ်သက်တဲ့ အကောင်းဆုံး ဝန်ဆောင်မှုများကို ဈေးနှုန်းမှန်ကန်စွာဖြင့် Myanmar Road Adventure မှ ဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ဘဝအတွက် အဓိပ္ပါယ်ပြည့်စုံပြီး ပျော်ရွှင်သာယာသော trip လေးတစ်ခု ဖန်တီးနိုင်ဖို့ MRA Travels ကို ဆက်သွယ်ကြပါစို့။😊😊
မိုးရာသီလည်း ကုန်ခါနီးပြီး ရုံးပိတ်ရက်တွေလဲ ရှိတာဆိုတော့ မိတ်ဆွေတို့အနေနဲ့ ဘယ်အရပ်ဒေသတွေကို ခရီးထွက်ဖို့ စဉ်းစားနေကြပြီလ...
05/09/2019
မိုးရာသီလည်း ကုန်ခါနီးပြီး ရုံးပိတ်ရက်တွေလဲ ရှိတာဆိုတော့ မိတ်ဆွေတို့အနေနဲ့ ဘယ်အရပ်ဒေသတွေကို ခရီးထွက်ဖို့ စဉ်းစားနေကြပြီလဲ ?🤔
ခရီးတစ်ခုခုထွက်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ Transportation နဲ့ နေရေးထိုင်ရေး အတွက် အသက်သာဆုံးဖြစ်အောင် ဦးစားပေးစဉ်းစားသင့်တယ်နော်!💭
✈️ လေယာဉ်လက်မှတ်။
🚍 ကားလက်မှတ်။
🌧 မိုးရာသီမှာ ဘာကြောင့်ခရီးထွက်သင့်တာလဲ?မိုးတွင်းခရီးသွားရတာ ရာသီဥတုစိုစွတ်ပြီး သွားရလာရတာ ခက်တယ်ဆိုတာကတော့ မိုးရာသီရဲ့အ...
16/08/2019
🌧 မိုးရာသီမှာ ဘာကြောင့်ခရီးထွက်သင့်တာလဲ?
မိုးတွင်းခရီးသွားရတာ ရာသီဥတုစိုစွတ်ပြီး သွားရလာရတာ ခက်တယ်ဆိုတာကတော့ မိုးရာသီရဲ့အားနည်းချက်လေးတွေပေါ့နော်!!
ဒါပေမယ့် ဘယ်နေရာကြည့်ကြည့် စိမ်းစိုနေတဲ့ ရှုခင်းတွေ၊မိုးနံ့လေးတွေ၊မိုးရွာပြီးခါစ ရတတ်တဲ့ မြေသင်းနံ့လေးတွေက ဘော်ဒါတို့ရဲ့ စိတ်ကို ခံစားမှုရသတစ် ခုပေးစွမ်းနိုင်မှာ အသေအချာပါပဲ 🌳
Hotel, guest house, တွေရဲ့ဈေး နှုန်းတွေကလည်းတော်တော်တန် တန်နေပြီလေ။ တခြားခရီးသွားရာသီ တွေထက် ဈေးသက်သက်သာသာ နဲ့သွားလို့ရတာပေါ့။
အလွမ်းဓာတ်ခံရှိသူတွေ၊ LDRS တွေအတွက်တော့ ကားပေါ်ကနေ မိုးရေစက်လေးတွေနဲ့ အပြင်ကရှုခင်းလေးတွေကို အသည်းကွဲသီချင်းလေးတွေနား ထောင်ရင်း feel လို့လဲ ရပါတယ်။ 😅
Hotel အခန်းလေးတစ်ခုထဲမှာ Coffee ပူပူလေးသောက်လိုက်၊ ဝတ္တုလေးဖတ်လိုက်၊ မိုးဖွဲဖွဲရွာ‌နေတဲ့ နေရာသစ်တစ်ခုရဲ့ သဘာဝအလှအပတွေကို ခံစားရင်း ဘော်ဒါတို့ရဲ့အားလပ်ရက်တွေကိုအကျိုးရှိစွာ အသုံးချနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သင့်အတွက် ပျော်စရာတွေ၊ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတတွေ ရရှိပြီး အကောင်းဆုံးဖြတ်စေခဲ့တဲ့ ခရီးစဉ်တစ်ခုကို ဝေမျှခဲ့ပါဦး...   ...
29/07/2019
သင့်အတွက် ပျော်စရာတွေ၊ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတတွေ ရရှိပြီး အကောင်းဆုံးဖြတ်စေခဲ့တဲ့ ခရီးစဉ်တစ်ခုကို ဝေမျှခဲ့ပါဦး...
ယနေ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင်ကျရောက်သော (၇၂) ကြိမ်မြောက်အာဇာနည်နေ့တွင် နိုင်ငံအတွက် အသက်စွန့် ကြိုးပမ်းခဲ့သေ...
19/07/2019
ယနေ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင်ကျရောက်သော (၇၂) ကြိမ်မြောက်အာဇာနည်နေ့တွင် နိုင်ငံအတွက် အသက်စွန့် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို Smart Lion Group Of Companies မိသားစုမှ ပြည်သူပြည်သားများနှင့်ထပ်တူ အောက်မေ့သတိရရင်း ဂုဏ်ပြုအပ်ပါသည်။
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ခရစ်နှစ် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ (အင်္ဂါနေ့) တွင် ကျရောက်သည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြ...
16/07/2019
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ခရစ်နှစ် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ (အင်္ဂါနေ့) တွင် ကျရောက်သည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ မြတ်ဗုဒ္ဓ၏ ပဋိသန္ဓေတည်သည့်နေ့၊ တောထွက်သည့်နေ့၊ ဓမ္မစင်္ကြာတရားဦးဟောသည့်နေ့များနှင့် တိုက်ဆိုင်သည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) နေ့ထူးနေ့မြတ်လေးမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တရားများပွားများနိုင်ပါစေကြောင်း Myanmar Road Adventure Travels and Tour မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Smart Lion Group Of Companies မိသားစု၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကိုဇာနည်လွင်မြင့်+မနန်းသန္တာကို တို့၏ သားရတနာ...
12/07/2019
Smart Lion Group Of Companies မိသားစု၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကိုဇာနည်လွင်မြင့်+
မနန်းသန္တာကို တို့၏ သားရတနာ ရှင်းသန့်ဇာနည် ၏ ၂နှစ်ပြည့်မွေးနေ့အလှူ
မိုးတွင်းကာလ ဝါကပ်ကြမည့် ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်သံဃာများအား ဝါဆိုသင်္ကန်း ဆက်​ကပ်​လှူဒါန်း ပူ​ဇော်​ပွဲကို (၁၂.၇.၂၀၁၉)သောကြာနေ့တွင် မင်္ဂလာသုခပါဠိတက္ကသိုလ် တွင်ကျင်းပပြုလုပ်​ခဲ့ပါသည်​။ မိတ်​​ဆွေများအ​နေဖြင့်​ Smart Lion Group Of Companies မိသားစုနှင့်​အတူ ကြည်နူးကုသိုလ်သဒ္ဓါပွားများနိုင်ရန်​ မှတ်​တမ်းတင် ဓာတ်ပုံများအား တင်​ပြလိုက်​ပါသည်​။
မိတ်ဆွေ ခရီးသွားပြီး အပန်းဖြေခြင်းကိုကြိုက်နှစ်သက်ပါသလား?ခရီးသွားပြီး အပန်းဖြေခြင်းဟုဆိုရာတွင်- - တစ်ယောက်တည်းသီးသန့်ခရီ...
10/07/2019
မိတ်ဆွေ ခရီးသွားပြီး အပန်းဖြေခြင်းကိုကြိုက်နှစ်သက်ပါသလား?
ခရီးသွားပြီး အပန်းဖြေခြင်းဟုဆိုရာတွင်-
- တစ်ယောက်တည်းသီးသန့်ခရီးသွားခြင်း။
- မိသားစုလိုက်အတူတကွခရီးသွားခြင်း။
- သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူတကွခရီးသွားခြင်း အစရှိသည်များထဲမှာ " မိသားစုလိုက်အတူတကွခရီးသွားခြင်း "ဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ဆောင်ရန်ရှောင်ရန်များကို Myanmar Road Adventure Travels and Tours မှ ပြောပြပေးလိုက်ပါတယ်နော်
မိသားစုလိုက်အတူတကွခရီးထွက်ခြင်းဖြင့် မိမိတို့ရဲ့ကလေးငယ်လေးများအတွက် ဒေသန္တရ ဗဟုသုတတိုးပွားစေပါတယ်။
တစ်မြို့တစ်ရွာများသို့ခရီးရက်ရှည်သွားခြင်းဖြင့် ကျောင်းသင်ခန်းစာများတွင်သင်ယူရသော ပထဝီသင်ခန်းစာများကို ပြင်ပတွင်လက်တွေ့လေ့လာနိုင်သလို ရုပ်ရှင်၊ ရုပ်ပြများတွင်တွေ့ဖူးနေရသော တိရစ္ဆာန်လေးများ၊ သစ်ပင်ပန်းပန်များ၊ နေရာထိုင်ခင်းများ၊ အစားအသောက်များ၊ ဓလေ့စရိုက်နေထိုင်ပြုမူပုံများ အစရှိသည့် ဒေသန္တရ ပတ်ဝန်းကျင်ဗဟုသုတများကို ရရှိစေတဲ့အတွက် ကလေးရောလူကြီးများအတွက်ပါအကျိုးရှိစေပါတယ်။
တကယ်တော့ ကလေးများနှင့်ခရီးသွားလာရာတွင် ပျော်ပွဲစားထွက်သလိုမဟုတ်ဘဲ ခရီးမထွက်မှီ ကြိုတင်ပြင်ဆင်ရခြင်း၊ ခရီးဆောင်အိတ်များ ထုတ်ပိုးရခြင်း၊တစ်မြို့တစ်ရွာတွင် ကလေးများခရီးပန်းကာ ဖျားနာခြင်းမျိုးအတွက် စိုးရိမ်ရခြင်း၊ အိပ်ရေးဝဝ မအိပ်ရခြင်း အစရှိသည့်တို့ ကြုံတွေ့နိုင်သော်လည်း မိသားစုချစ်ခြင်းမေတ္တာကိုပိုမိုတိုးပွားစေပြီးပျော်ရွှင်စရာတန်ဖိုးရှိသောအချိန်များကို ပိုင်ဆိုင်နိုင်စေမည့် မိသားစုနှင့်အတူခရီးသွားလာခြင်းဟာ ကလေးများအတွက်ပြုလုပ်ပေးသင့်သည့် မိဘများရဲ့ ဝတ္တရားတစ်ခုဆိုလဲ မမှားပါဘူးနော်။
ဒါပေမယ့် မိသားစုလိုက်ခရီးသွားတယ်ဆိုရာမှာ အချိန်နှင့် ကုန်ကျစရိတ်ရှိသေးတာမို့ ရတဲ့အချိန်၊ တတ်နိုင်တဲ့ဘတ်ဂျက်အခြေနေပေါ်မူတည်ပြီး ခရီးသွားမည့်နေရာကိုရွေးချယ်ဖို့လဲလိုအပ်ပါတယ်။ မိမိနေထိုင်ရာမြို့မှ အပြောင်းအလဲအသစ်အဆန်းဖြစ်သော အခြားတစ်နေရာသို့ခရီးသွားရောက်လည်ပတ်ဆိုတယ်ဆိုရင်ပဲ လူကြီးရောကလေးများအတွက်ပါ မြို့ပြ၏မွန်းကျပ်မှုများမှကင်းဝေးပြီး လမ်းခရီးအတွေ့အကြုံများ၊ သဘာဝရှုခင်းများ၊ အဆောက်အဦးများအစရှိသည်တို့ကို လေ့လာနိုင်မှာ အသေအချာပါပဲနော်။ ခရီးသွားလာဖို့အတွက်လည်း လေယာဉ်၊ ကား၊ ရထား၊ သင်္ဘောအစရှိသည့် လေလမ်း၊ ကုန်လမ်း၊ ရေလမ်း တို့ထဲကမှ မည့်သည့်နည်းဖြင့် သွားစေကာမူ ကလေးများအတွက်ကတော့ အသစ်အဆန်းတွေနဲ့တက်ကြွပျော်ရွှင်မှုတွေရရှိနေမှာပါ။
မိသားစုလိုက်ခရီးသွားခြင်းဖြင့် ကလေးများအတွက်အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင်ထည့်စေခြင်းဖြင့် တာဝန်ယူတတ်မှုနှင့်စီမံခန့်ခွဲမှုတို့ကို ကလေးများအားလေ့ကျင့်ပေးရာရောက်ပါတယ်။ ဘယ်ကိုသွားရင်ကောင်းမလဲလို့စဉ်းစားတဲ့အခါမှာတော့ မိမိနိုင်ငံ၏သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့၊ ဒေသထွက်အစားအသောက်များ၊ရှေးခေတ်လက်ရာအဆောက်အဦးများရှိသော နေရာဒေသများသို့ ပို့ဆောင်ပေးခြင်းဖြင့် ကလေးများအတွက် ဒေသန္တရဗဟုသုတတိုးပွားစေပါတယ်။ခရီးထွက်မည့်နေရာကိုရွေးချယ်သောအခါမှာလည်း လူကြီးရောကလေးပါနှစ်သက်ပျော်ရွှင်မှုများရရှိနိုင်သော နေရာများဖြစ်ရန်လည်း အဓိကလိုအပ်လှပါတယ်။
သမိုင်းဝင်အဆောက်အဦးများကိုမြင်တွေ့ခြင်းဖြင့် သမိုင်းသင်ခန်းစာတွင်ပါရှိသော အကြောင်းအရာများကို မျက်ဝါးထင်ထင်တွေ့မြင်ဗဟုသုတရနိုင်သလိုတော၊ တောင်၊ ရေ၊ မြေ၊ သဘာဝရှုခင်းများကိုမြင်တွေ့ခြင်းဖြင့် ပထဝီသင်ခန်းစာတွင်ပါရှိသော အကြောင်းအရာများကို ပြန်လည်မှတ်မိစေနိုင်ပါတယ်။
ဒီတော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လေးတွေမှာ လူကြီးရောကလေးများပါ အလုပ်တာဝန်၊ အိမ်မှုတာဝန်၊ ကျောင်းသင်ခန်းစာများဖြင့် စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်ခြင်းမှအနားယူရင်း အဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်စရာမိသားစုအချိန်လေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် မြို့ပြ၏မွန်းကျပ်မှုများနှင့်ကင်းဝေးရာ ခရီးတစ်ခုခုသို့ မိသားစုလိုက်အပန်းဖြေခရီးသွားသင့်ကြောင်း Myanmar Road Adventure Travels and Tours မှ တိုက်တွန်းလိုက်ပါရစေ။
မြန်မာ့အနုအလှ သုခုမလက်ရာများနဲ့ ပြည့်နှက်နေပြီး မြန်မာတို့ရဲ့ နှလုံးသားဖြစ်တဲ့  သမိုင်း အစဉ်အလာ ကြီးမားသော ပုဂံဒေသတစ်ခုလ...
08/07/2019
မြန်မာ့အနုအလှ သုခုမလက်ရာများနဲ့ ပြည့်နှက်နေပြီး မြန်မာတို့ရဲ့ နှလုံးသားဖြစ်တဲ့ သမိုင်း အစဉ်အလာ ကြီးမားသော ပုဂံဒေသတစ်ခုလုံး ယူနက်စကို စာရင်းဝင် ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံလိုက်ရတဲ့အတွက် Myanmar Road Adventure Travels and Tours မိသားစု မှလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
သူငယ်ချင်းတွေအတူတူစုပြီး ကမ်းခြေသွားဖို့ စီစဉ်၊ အပြတ်ကဲမယ်ဆိုပြီး စိတ်ကူးတွေယဉ်ပြီး ထွက်လာကြပေမယ့် ကမ်းခြေရောက်တဲ့အခါ ဟေ...
04/07/2019
သူငယ်ချင်းတွေအတူတူစုပြီး ကမ်းခြေသွားဖို့ စီစဉ်၊ အပြတ်ကဲမယ်ဆိုပြီး စိတ်ကူးတွေယဉ်ပြီး ထွက်လာကြပေမယ့် ကမ်းခြေရောက်တဲ့အခါ ဟော်တယ်ခန်းထဲက မထွက်ပဲ တနေကုန် အိပ်နေတတ်တဲ့ သူတွေကလည်း ရှိကြသေးတယ်။
သူငယ်ချင်းတွေထဲမှာ အဲ့လိုကမ်းခြေရောက်ပြီး ဟိုတယ်မှဟိုတယ်ဖြစ်နေတဲ့ သူငယ်ချင်းလေးတွေများရှိရင် Mention ခေါ်ပေးသွားပါဦးနော်။
Smart Lion Construction ရဲ့ ဗီယက်နမ်နိုင်ငံ အပန်းဖြေခရီးစဉ်လေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဗီယက်နမ်နိုင်ငံရဲ့ လှပတဲ့ ရှုခင...
06/05/2019
Smart Lion Construction ရဲ့ ဗီယက်နမ်နိုင်ငံ အပန်းဖြေခရီးစဉ်လေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဗီယက်နမ်နိုင်ငံရဲ့ လှပတဲ့ ရှုခင်းနောက်ခံတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ လည်ပတ်နေကြပုံလေးတွေကိုတော့ အမှတ်တရ album လုပ်လိုက်ပြီနော်။
ဘယ်တွေကို လည်ပတ်ခဲ့တယ်၊ ဘယ်လိုအတွေ့အကြုံတွေကို ရရှိခဲ့တယ်ဆိုတာ သိချင်တဲ့ သူငယ်ချင်းလေးတို့က အောက်ကလင့်ခ်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/mmroadadventure/posts/2141664562812779
Smart Lion Construction Company ရဲ့ ဗီယက်နမ် အပန်းဖြေခရီးစဉ် ဒုတိယနေ့ ပုံရိပ်များပါ။ ဒီနေ့တော့ တောတောင်တွေနဲ့ လှပနေတဲ့ ဗ...
03/05/2019
Smart Lion Construction Company ရဲ့ ဗီယက်နမ် အပန်းဖြေခရီးစဉ် ဒုတိယနေ့ ပုံရိပ်များပါ။ ဒီနေ့တော့ တောတောင်တွေနဲ့ လှပနေတဲ့ ဗီယက်နမ်နိုင်ငံရဲ့ အလှအပတွေကို ခံစားခဲ့ကြပါတယ်။
Address
Yangon
11201
Opening Hours
Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Telephone
+95 9401226913
Alerts
Be the first to know and let us send you an email when Myanmar Road Adventure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Myanmar Road Adventure:
Videos
Share
Nearby travel agencies
Other Sightseeing Tour Agencies in Yangon
Show All