lodggy.com

lodggy.com lodggy.com : Where you're always welcome
(59)

🙄 ငွေဆောင်ကမ်းခြေကိုသွားရင်လဲ Discount တွေ ရနိုင်ပါပြီနော်..🤑 တစ်ခန်းတစ်ညကို 42,500 MMK ထိ ဈေးပိုသက်သာမဲ့ Discount ဈေးတွ...
08/12/2023

🙄 ငွေဆောင်ကမ်းခြေကိုသွားရင်လဲ Discount တွေ ရနိုင်ပါပြီနော်..
🤑 တစ်ခန်းတစ်ညကို 42,500 MMK ထိ ဈေးပိုသက်သာမဲ့ Discount ဈေးတွေနဲ့ ငွေဆောင်က ရှယ်ဟိုတယ်တွေကို Lodggy မှာ ဘိုကင်တွေယူလို့ရတယ်ဆိုတာ သိပြီးပြီလား...
👣 ကမ်းခြေတစ်လျှောက် လမ်းလေးလျှောက်ရင်း ချစ်သူလေးနဲ့ ရိုမလား..
🏖 မိသားစုလိုက် ကမ်းစပ်မှာ ရေစကားရင်း ဖန်မလီ မန်မိုရီလေးတွေ ဖန်တီးမလား..
🍸 ငွေဆောင်က Bar အမိုက်စားလေးတွေကို သူငယ်ချင်းတွေနဲ့ Bar Hop လုပ်ဖို့ စဥ်းစားနေတာလား..
🏨 Lodggy မှာ ငွေဆောင်ကမ်းခြေတစ်လျှောက် အမိုက်စားဟိုတယ်တွေကို ဈေးတန်တန်နဲ့ ဘိုကင်လုပ်ပြီး Trip လေးတစ်ခု ကို စိတ်ကြိုက်စီစဥ်လို့ ရနေပါပြီဆိုတော့..
📱 ဖုန်းအပူခံပြီး ဖေ့စဖွတ် တစ်ခွင် ဟိုတယ်တွေ လိုက်ရှာ မနေတော့ပဲ Discount တွေလဲ ရမဲ့ Lodggy မှာပဲ ဘိုကင်လေးတွေ လာတင်လိုက်တော့နော်..
ဟိုတယ်ဈေးကြည့်ရန်: https://bit.ly/Lodggy_NgweSaung
☎ အသေးစိတ်စုံစမ်းဖို့ဆိုရင် Lodggy ဖုန်း 09 4444 38366 ကိုဖြစ်ဖြစ်၊ Messenger ကနေ ဖြစ်ဖြစ် ဆက်သွယ်ပြီး အမိုက်စား ဒီဇင်ဘာအတွက် ငွေဆောင်ကမ်းခြေခရီးတစ်ခုကို ဖန်တီးလိုက်ပါ...

📅 ယနေ့  ဒီဇင်ဘာ ၇ရက် ၂၀၂၃ တွင် ကျရောက်သော (၁၀၃)နှစ်မြောက် အမျိုးသား နေ့အား Lodggy မိသားစုမှ ဂုဏ်ပြု ကြိုဆိုပါသည်.. #အမျိ...
07/12/2023

📅 ယနေ့ ဒီဇင်ဘာ ၇ရက် ၂၀၂၃ တွင် ကျရောက်သော (၁၀၃)နှစ်မြောက် အမျိုးသား နေ့အား Lodggy မိသားစုမှ ဂုဏ်ပြု ကြိုဆိုပါသည်..

#အမျိုးသားနေ့

❄️☃️ December အတွက် နိုင်ငံရပ်ခြား ခရီးလေးသွားချင်နေပြီဆိုရင်တော့ ✈️ International Flight Tickets တွေ ကို Lodggy မှာ ယုံ...
06/12/2023

❄️☃️ December အတွက် နိုင်ငံရပ်ခြား ခရီးလေးသွားချင်နေပြီဆိုရင်တော့ ✈️ International Flight Tickets တွေ ကို Lodggy မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူလို့ရပြီနော်...
🛍️ ဘန်ကောက်ကို ရှော့ပင်းထွက်ဖို့ပဲသွားသွား...
🏔️ ချင်းမိုင်ကို အပန်းဖြေခရီးပဲထွက်ထွက်...
👟 စင်ကာပူကို အလည်အပတ်ပဲ ဒိုးဒိုး..
🎫 Flight Ticket တွေလိုအပ်ပြီဆိုရင်တော့ Lodggy ကိုသာသတိရလိုက်ပါ...

📢 Discount များနှင့် ကမ်းခြေခရီး... (‌ချောင်းသာ/ရွှေသောင်ယံ)😁  "Discount" + "ကမ်းခြေ" ??👉 ချောင်းသာနဲ့ ရွှေသောင်ယံက အမို...
04/12/2023

📢 Discount များနှင့် ကမ်းခြေခရီး... (‌ချောင်းသာ/ရွှေသောင်ယံ)
😁 "Discount" + "ကမ်းခြေ" ??
👉 ချောင်းသာနဲ့ ရွှေသောင်ယံက အမိုက်စား ဟိုတယ်တွေကို 😲😲 Lodggy မှာ Booking တင်မယ်ဆိုရင် တစ်ခန်းတစ်ညကို 70,000 MMK ထိ 🤑🤑 ဈေးသက်သာနိုင်တယ်ဆိုတာ သိပြီးပြီလား....
🏖 ချောင်းသာ ကမ်းခြေမှာပဲ အမုန်းကဲမလား....
🏖 ရွှေသောင်ယံ ဘက်ကို သွားပြီးပဲ အေးဆေး နားမလား...
👌 Lodggy မှာ ဒီလို အမိုက်စားဟိုတယ်တွေကို ဘိုကင်တင် ပြီး ဈေးသက်သာတဲ့၊ Budget ချွေတာတဲ့ အပန်းဖြေ ခရီးလေးတစ်ခုကို အခုပဲ ဖန်တီးလိုက်ပါ...
🚌 ဟိုတယ်တင်မက ချောင်းသာကိုအတွက် ကားလက်မှတ်တွေလဲ Lodggy မှာ ဝယ်လို့ရတာဆိုတော့ One Stop ထဲနဲ့ ကမ်းခြေ Trip လေး တစ်ခု ပုံဖော်လို့ရတယ်နော်...
📱 🙅‍♀️ ဘိုကင်တင်ဖို့ ဘေအကုန်ခံ ဖုန်းတွေအများကြီး လိုက်ဆက်နေစရာမလိုဘူး၊ Lodggy မှာ ရွေးစရာတွေ ရှိတယ်...
🙆‍♀️ ဖုန်းဘေမကုန်တဲ့အပြင် Discount တွေနဲ့ ဈေးသက်သက်သာသာ နဲ့ Lodggy မှာ ဘိုကင်တင်လို့ရနေတာဆိုတော့ ဘာတွေများ တွေဝေနေဦးမှာလဲ...
ဟိုတယ်ဈေးကြည့်ရန်: https://bit.ly/Lodggy_ChaungTha
☎ အသေးစိတ်စုံစမ်းဖို့ဆိုရင် Lodggy ဖုန်း 09 4444 38366 ကိုဖြစ်ဖြစ်၊ Messenger ကနေ ဖြစ်ဖြစ် ဆက်သွယ်ပြီး ထိုင်ရာကမထ ပဲ အထာကျကျနဲ့ ပြီးပြည့်စုံတဲ့ ခရီးတစ်ခုကို ဖန်တီးလိုက်ပါ...

😁😁 မင်ဂါမဆောင်လဲ နှင်းတောင်တန်းတွေစီကို ဓာတ်ပုံသွားရိုက်လို့ရပြီနော်...India ရဲ့ နှင်းတောင်တန်းတွေရှိရာ 🧊 Kashmir အလှအပတ...
30/11/2023

😁😁 မင်ဂါမဆောင်လဲ နှင်းတောင်တန်းတွေစီကို ဓာတ်ပုံသွားရိုက်လို့ရပြီနော်...
India ရဲ့ နှင်းတောင်တန်းတွေရှိရာ 🧊 Kashmir အလှအပတွေကို ခံစားဖို့အတွက် Special Package လေးလာပါပြီဗျို့....
Kashmir/New Delhi - Agra - Srinagar - Gulmarg စတဲ့ နေရာတွေက အထင်ကရနေရာတွေ ကို သွားလည်ဖို့ အတွက် 👉 ၅ ညအိပ် / ၆ ရက် Package လေး ဒီဇင်ဘာမှာ ထွက်ဖို့ရှိပါတယ်နော်..
📅 ခရီးစဥ်နေ့ - December 20 -> December 25
💵 ဈေးနှုန်း - 1,320 USD Per Person
ဒီ ၅ ညအိပ် / ၆ ရက် ခရီးစဥ်မှာ ဘယ်တွေကို သွားလည်မှာလဲဆိုတော့ -
💗 India ဘုရင်ကြီးရဲ့ မိဘုရားကြီးအတွက် အလွမ်းတွေနဲ့ တည်ဆောက်ထားတဲ့ Taj Mahal
⚔ ရှေးဟောင်း သမိုင်းတွေ အပြည့်နဲ့ အနီရောင် ခံတပ်ကြီး လို့ တင်စားခေါ်ကြတဲ့ Agra Fort
🌷 ပျော်ရွှင်မှုပန်းခြံလို့ အဓိပ္ပာယ်ရတဲ့ လှပတဲ့ Nishat Garden နဲ့ toursit တွေကြား ရေပန်းစားတဲ့ Shalimar Garden
🛣 လမ်းလျှောက်၊ Hiking သွားလို့ကောင်းတဲ့ တောင်ပေါ် မြို့လေးတစ်ခုဖြစ်တဲ့ Sonamarg
❄ နှင်းတောထဲမှာပျော်ချင်သူတွေအတွက် Activities တွေ အစုံ ငှားရမ်းဆော့ကစားနိုင်မဲ့ Gulmarg Ski Resort
⛵ Dal Lake ထဲက တစ်မူထူးခြားတဲ့ လှေပေါ်အိမ်လေးတွေမှာလဲ ၁ ညတာ နားခိုဦးမှာ...
🧱 New Delhi ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ India Gate, စကျင်ကျောက်ပြားကြီးတွေသုံးပြီး ကြာပန်းပုံဖော်ထားတဲ့ Lotus Temple နဲ့ Satipathan Temple
စတဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်မှာပါ..
ပါဝင်တဲ့ ဝင်ဆောင်မှုတွေကတာ့ -
🎁 သွားရောက်လည်ပတ်ဖို့အတွက် Visa၊
🎁 ရန်ကုန်ကနေ New Delhi အထိ အရောက်သွားဖို့ လေယာဥ်လက်မှတ်၊
🎁 New Delhi ကနေ တစ်ဆ့င် Sringagar ကို သွားလည်ဖို့ နဲ့ ပြန်လာဖို့အတွက် လေယာဥ်လက်မှတ်၊
🎁 အပြည့်အဝ အနားယူဖို့ Hotel မှာ ၄ ည, Dal Lake ထဲက Houseboat လေးမှာ ၁ ည တည်းခိုခွင့်၊
🎁 ခရီးစဥ်တစ်လျှောက် English Speaking Guide, Tour Leader တွေလဲ လိုက်ပါ လမ်းပြပေးဦးမှာဆိုတော့ အေးဆေးလေး လည်ရုံပဲ...
🎁 မနက်စာ၊ နေ့လည်စာ၊ ညနေစာ တွေလဲ အကုန်စီစဥ်ထားတာဆိုတော့ လည်ဖို့အတွက် အမြဲ အားရှိနေမှာလေ...
🎁 လည်မဲ့ နေရာတွေများတော့လဲ သက်တောင့်သက်သာနဲ့ သွားဖို့လာဖို့အတွက် ကား လဲစီစဥ်ထားတယ်
🎁 ပျော်ရတာ များလို့ ရေဆာနေမှာဆိုးလို့လဲ တစ်နေ့ကို ရေသန့် ၂ ဘူး
🎁 လည်စရာတွေအတွက် ဝင်ကြေးတွေလဲ အကုန် အပြီးအစီးပဲ
ကဲ့ ဒီလောက်ကောင်းတဲ့ Package လေးကို စိတ်ဝင်စားလို့ အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ Lodggy ဖုန်း 09444438366 ကို အခုပဲဆဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်နော်...

ယခုအချိန်အခါ တန်ဆောင်တိုင်မှာ အားလုံး စိတ်ကျန်းမာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်မှုများပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်...
27/11/2023

ယခုအချိန်အခါ တန်ဆောင်တိုင်မှာ အားလုံး စိတ်ကျန်းမာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်မှုများပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်တို့ Lodggy ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ငွေဆောင်ရောက်တိုင်း တစ်ခါ‌လောက်တော့ ရောက်အောင် သွားရမဲ့နေရာတစ်ခု....
24/11/2023

ငွေဆောင်ရောက်တိုင်း တစ်ခါ‌လောက်တော့ ရောက်အောင် သွားရမဲ့နေရာတစ်ခု....

🐸 ငွေဆောင်မှာ ထိုင်လို့ကောင်းတဲ့ Bar လေးတွေ....🍸 ဘယ် Bar အမိုက်ဆုံးလဲ????
22/11/2023

🐸 ငွေဆောင်မှာ ထိုင်လို့ကောင်းတဲ့ Bar လေးတွေ....
🍸 ဘယ် Bar အမိုက်ဆုံးလဲ????

🏔️ ဘားအံဟိုတယ်များ📅 အခုလို ခရီးသွားရာသီလေးမှာ ကရင်ပြည်နယ်က 🥰 ချစ်စရာကောင်းတဲ့ ဘားအံမြို့လေးကတော့ အလည်ပတ်သွားချင်တာလား?🙏 ...
09/11/2023

🏔️ ဘားအံဟိုတယ်များ
📅 အခုလို ခရီးသွားရာသီလေးမှာ ကရင်ပြည်နယ်က 🥰 ချစ်စရာကောင်းတဲ့ ဘားအံမြို့လေးကတော့ အလည်ပတ်သွားချင်တာလား?
🙏 ရွှေယဉ်မျှော်ဘုရား၊ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူ၊ ကော့ကွန်းဂူ၊ ဆဒ္ဒန်ဂူ၊ လင်းနို့ဂူ တို့နဲ့ ဘုရားဖူးရင်း လည်စရာဂူတွေများတဲ့ အပြင် 😶‍🌫️ ဇွဲကပင်တောင်၊ ကျောက်ကလပ်စေတီ နဲ့ တောင်ဝိုင်းတောင် စတဲ့ မှင်သေလောက်အောင် 😲😳 View လှလွန်းတဲ့ နေရာလေးတွေကို တစ်ခေါက်တစ်ခါလောက် ရောက်ဘူးချင်တာလား...
🚗 လည်စရာစုံလင်တဲ့ ဘားအံ မြို့လေးကိုသွားရောက်လည်ပါတ်ချင်သူတွေအတွက် 🏨 တည်းခိုလို့ အဆင်ပြေစေဖို့ Lodggy ကနေတစ်ဆင့် ဘိုကင်လေးတွေ တင်လို့ရမဲ့ ဘားအံမြို့က ဟိုတယ်တွေ စုစည်းဖော်ပြပေးလိုက်ပါတယ်.
ဟိုတယ်ဈေးနှုန်းများကြည့်ရန် -
🔗 https://lodggy.notion.site/Hpa-An-c0fac3284b0246c29417b0f6a542a22c?pvs=4

𝐁𝐨𝐨𝐤𝐢𝐧𝐠 အတွက် စုံစမ်းချင်ရင်တော့ ရုံးချိန်အတွင်းကို 𝐋𝐨𝐝𝐠𝐠𝐲 ရုံးဖုန်း
📱 09 4444 38366
ကိုဆက်သွယ်၍ဖြစ်စေ၊ 💬 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကတဆင့်ဖြစ်စေ၊ စုံစမ်းဘိုကင်တင်နိုင်ပါတယ်။
ကျွန်တော်တို့ Lodggy.com မှာ မြန်မာပြည်အနှံ့ ဟိုတယ်ပေါင်း (၁၀၀၀) ကျော်ကိုချိတ်ဆက်ထားတယ်ဆိုတော့ ဟိုတယ်ဘိုကင်အတွက်ဆိုရင်တော့ Lodggy ကိုသာဆက်သွယ်လိုက်ပါ။
#ဘားအံ

Discount တွေနဲ့ ပုဂံမှာ မီးပုံးပျံစီးကျမယ်...-----------------------------------🖼 ပုဂံရဲ့  ပန်းချီလေးပမာ အရမ်းလှတဲ့ ⛅ နေ...
02/11/2023

Discount တွေနဲ့ ပုဂံမှာ မီးပုံးပျံစီးကျမယ်...
-----------------------------------
🖼 ပုဂံရဲ့ ပန်းချီလေးပမာ အရမ်းလှတဲ့ ⛅ နေထွက်ချိန်ဆည်းဆာလေးကို ငှက်ကလေးလို 🍃 ဝေဟင်ကနေ မျှော်ကြည့်ရတဲ့ 🤗 Feeling အမိုက်စားလေးက ဒီလို ပွင့်လင်းရာသီ 📅 Balloon တွေပျံတဲ့ အခုလို အချိန်လေးမှာပဲ ရနိုင်တာနော်.. 🤩🤩
မီးပုံးပျံကြီးစီးရင်း 📸 ဓာတ်လေးဖမ်းရင်းနဲ့ စီးပြီးတဲ့အခါကျရင်လဲ ဘာနဲ့မှမတူတဲ့ 😍 Feeling လေး ရင်ထဲမှာ အမြဲစွဲနေကျန်ရစ်စေမဲ့ Package လေးဆိုတော့ 🙅‍♂️🙅‍♀️ လုံးဝကို လက်လွတ်မခံသင့်ဘူးနော်..
Package ထဲမှာ ဘာတွေပါမှာလဲဆိုတော့ -
🎟 STT Balloon (Classic) ၁ ကြိမ် စီးနှင်းခွင့်၊
🎟 မနက်စာ ၂ ကြိမ်၊ ရေကူးကန်လဲပါတဲ့ အမိုက်စား ပုဂံကဟိုတယ်မှာ ၂ ညတည်းခိုခွင့်၊
🎟 Balloon စီးဖို့ ဟိုတယ်ထိ အကြိုအပို့၊
🎟 နန်းမြင့်မျှော်စင်နဲ့ နန်းတော်ရာ အခမဲ့ ဝင်ခွင့်၊
🎟 Bagan Viewing Tower Restaurent မှာ 20% F&B Discount၊
စတာတွေအကုန်ပါတဲ့ ဒီ Balloon + Hotel Package ကို ‌Lodggy မှာ ဘိုကင်တင်လို့ရပါပြီနော်...
ဈေးတွေကရော??
🛎 Hotel Yadanarbon x Balloon Package => ✅ 386,000 MMK Per Person (❌ 397,000 MMK)
🛎 Bagan Heritage Hotel x Balloon Package => ✅ 445,000 MMK Per Person (❌ 457,000 MMK)
🛎 Thiripyitsaya Sanctuary Resort x Balloon Package => ✅ 475,000 MMK Per Person (❌ 500,000 MMK)
ဒီလို တန်တဲ့ Package ကို အနည်းဆုံး၂ ယောက်ရှိရင် သွားနိုင်မှာဖြစ်ပြီး၊ 📅 Nov 2023 ကနေ 📅 Feb 2024 အတွင်း ကြိုက်တဲ့ရက်လေးတွေ ရွေးသွားလို့ရတယ်နော်...
ဒါတင်မကသေးဘူး ပုဂံကိုသွားဖို့ ကားလက်မှတ်၊ လေယာဥ်လက်မှတ်နဲ့ လည်ဖို့ ကားတွေလဲ Lodggy မှာ တစ်ခါထဲ စီစဥ်ပေးလို့ရတာဆိုတော့ တစ်နေရာထဲ ပြီးပြည့်စုံဖို့ဆိုတာ Lodggy မှာ ဘိုကင်တင်ရုံပဲနော်.
😲 ဒီလိုမျိုး အမိုက်စား Discount ဈေးတွေနဲ့က Lodggy မှာပဲ ရနိုင်မှာဆိုတော့ အသေးစိတ်ကို ဖုန်း 📞 09444438366 ကို ဆက်သွယ်စုံစမ်းနိုင်သလို၊ Messenger ကနေတစ်ဆင့်လဲ စုံစမ်း ဘိုကင်တင်နိုင်ပါတယ်နော်။

ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ လအားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ကျွန်တေ...
29/10/2023

ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ လအားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ Lodggy ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

👋 ပိတ်ရက်မှာ ကလောမှာ ရှိနေမယ်ဆို???👉 ဒီကော်ဖီဆိုင်လေးတွေ သွားကြည့်.... 😉📅 ဒီပိတ်ရက်မှာ အခန်းမရလို့လဲ စိတ်မညစ်နဲ့... 👌 နေ...
26/10/2023

👋 ပိတ်ရက်မှာ ကလောမှာ ရှိနေမယ်ဆို???
👉 ဒီကော်ဖီဆိုင်လေးတွေ သွားကြည့်.... 😉
📅 ဒီပိတ်ရက်မှာ အခန်းမရလို့လဲ စိတ်မညစ်နဲ့...
👌 နောက်ပိတ်ရက်အတွက် ဘိုကင်လေး ကြိုလုပ်ထားလိုက်တော့...
Kalaw Hotels များကြည့်ရန် 🔗 https://lodggy.notion.site/Kalaw-02a13eaa275541deaaec4182422ab067?pvs=4

🕯 များများယူ များများ Discount ရမဲ့ Bagan Thadingyut Balloon Promotion!!!☁ ပုဂံမှာ တိမ်တွေလို လေပေါ်ဝဲရင်း တစ်မြို့လုံး ...
24/10/2023

🕯 များများယူ များများ Discount ရမဲ့ Bagan Thadingyut Balloon Promotion!!!
☁ ပုဂံမှာ တိမ်တွေလို လေပေါ်ဝဲရင်း တစ်မြို့လုံး မြင်ရတဲ့ Feeling ခံစားဖူးလား??
📅 ဒီနှစ်ပိတ်ရက်ကို ပုဂံကို အပန်းဖြေခရီးသွားတွေအတွက် 😲 တစ်မူထူးခြားတဲ့ ဘယ်နေရာမှာမှ မရနိုင်တဲ့ 👌 ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေ ခံစားဖို့... 😍😍
Oct 28, 29, 30 ရက်တွေအတွက် Balloon Tickets တွေကို ကျွန်တော်တို့ Lodggy မှာ သီတင်းကျွတ် အထူး Special Promotion တွေနဲ့ ဝယ်လို့ရပြီနော်...
ဘယ်လို Special Discount တွေလဲဆိုတော့..
ပုံမှန် Balloon ဈေး (336,000 MMK) ကို...
- လက်မှတ် ၁ စောင်ဝယ်မယ်ဆိုရင် Discount 10,000 MMK Per Ticket
- လက်မှတ် ၂ စောင် ဆိုရင်တော့ 20,000 MMK Discount Per Ticket
- လက်မှတ် ၃ စောင်နဲ့ အထက် ဆိုရင်တော့ 31,500 MMK Discount Per Ticket
ဆိုပြီး အလန်းစား 🤑🤑 Discount တွေ ပေးနေပြီနော်...
ဒီလို Discount လေးတွေက 👉 Lodggy မှာ ပဲရမှာနော်။ နောက်ပြီး Promotion ကလဲ 24 Oct ကနေ 27 Oct အထိပဲဆိုတော့ ကိုယ်တိုင်စီးဖို့ ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ် အမြန်ဆုံးဘိုကင်တင်ဖို့တော့ လက်မနှေးနဲ့နော်..
Booking တင်ရန်နှင့် အသေးစိတ် စုံစမ်းချင်ရင်တော့ ဖုန်း 09 4444 38366 ကိုဆက်သွယ်၍ဖြစ်စေ၊ Lodggy page Messenger ကတဆင့်ဖြစ်စေ၊ စုံစမ်းဘိုကင်တင်နိုင်ပါတယ်။
#ပုဂံ

💊💊 Lodggy မှာ ပုဂံအတွက် အလွမ်း‌ဖြေဆေးလေး ရပြီဗျို့....🌅 ပုဂံမှာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်းတဲ့ နေဝင်ဆည်းဆာလေး ကြည့်ဖူးလာ...
19/10/2023

💊💊 Lodggy မှာ ပုဂံအတွက် အလွမ်း‌ဖြေဆေးလေး ရပြီဗျို့....
🌅 ပုဂံမှာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်းတဲ့ နေဝင်ဆည်းဆာလေး ကြည့်ဖူးလား....
🛵 E-Bike လေးနဲ့ နေရာအနှံကို စိတ်တိုင်းကျ လည်ဖူးလား...
🎈 ပုဂံရဲ့ အလှတရားကို မီးပုံပျံကြီးစီးပြီး ဝေဟင်ပေါ်က ခံစားဖူးပြီလား...
😎 ဒါတွေ အကုန်လုပ်ဖူးတယ်ဆိုရင် ပွင့်လင်းရာသီ ရောက်တိုင်း ပုဂံမြေကို လွမ်းနေရမှာတော့ အမှန်ပဲနော်..
🧳 ဒီအလွမ်းတွေ ဖြေသိမ့်ဖို့ လာမဲ့ တန်ဆောင်မုန်း နဲ့ ဒီဇင်ဘာပိတ်ရက်တွေ မှာ အလွမ်းဖြေခရီးလေးထွက်မလား...
😤 တစ်ခါမှ မရောက်ဖူးဘူး အပြောမခံရ‌အောင် တစ်ခေါက်တစ်ခါလောက်တော့ သွားချင်တာလား...
👌 ဘယ်လိုပဲဖြစ်ဖြစ် ပုဂံမြေသို့ ခြေဆန့်တော့မယ်ဆိုရင်တော့ Lodggy မှာ ဟိုတယ်ဘိုကင်တွေကို တစ်နေရာထဲ One Stop ကြိုက်ရာ ရွေးခြယ်ပြီး ဘိုကင်တင်လို့ရနေပါပြီနော်..
လည်တာနဲ့ အားမရတဲ့ ‌‌ဘော်ဒါတွေ အတွက်လဲ Balloon Tickets တွေလဲ ရနိုင်သလို၊ လေယာဥ်လက်မှတ်၊ ကားလက်မှတ်တွေ ပါအစအဆုံးစီစဥ်ပေးနေတာဆိုတော့ ပုဂံမြေအတွက် အလွမ်းဖြေဆေး ဖော် မယ်ဆိုရင်တော့ Lodggy မှာ Ingredients တွေ အစုံရှိတယ်နော်..
ဟိုတယ်ဈေးတွေကြည့်ရန်: https://bit.ly/Lodggy_Bagan
အသေးစိတ် စုံစမ်းရန်နဲ့ ဘိုကင်တင်ဖို့ကိုတော့ Lodggy ဖုန်း 09444438366 ကိုဖြစ်ဖြစ်၊ Messenger နေတစ်ဆင့် ဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်နော်..
#ပုဂံ #ဟိုတယ် #ဘိုကင်

👋👋 ဒီနှစ်ပွင့်လင်းရာသီမှာ 🤔🤔 ဘယ်ခရီးထွက်ဖို့ ပြင်ထားလဲ???
16/10/2023

👋👋 ဒီနှစ်ပွင့်လင်းရာသီမှာ 🤔🤔 ဘယ်ခရီးထွက်ဖို့ ပြင်ထားလဲ???

🌊 ဒုဌဝတီမြစ်ဘေးက ပျော်စရာအပြည့်နဲ့ Paradise လေး...🗺 မန္တလေးကနေ ပြင်ဦးလွင်ကိုသွားတဲ့ လမ်းပေါ် ၇ မိုင်မှာရှိပြီး ဒုဌဝတီမြစ...
07/10/2023

🌊 ဒုဌဝတီမြစ်ဘေးက ပျော်စရာအပြည့်နဲ့ Paradise လေး...
🗺 မန္တလေးကနေ ပြင်ဦးလွင်ကိုသွားတဲ့ လမ်းပေါ် ၇ မိုင်မှာရှိပြီး ဒုဌဝတီမြစ်ကမ်းဘေးမှာ ဆောက်ထားတဲ့ Mandalay Bay Resort မှာ အပန်းဖြေမလား
💦 Mandalay Waterboom မှာ ရေကစားမလား..
👉 တစ်ယောက်ကိုမှ 85,000 MMK ကနေစတဲ့ Special Package ရှိတယ်ဆိုတာ သိပြီးပြီလား..
👪 မိသားစုလိုက်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ 🧑🧔 ဘော်ဒါတွေနဲ့ အတူတူသွားကဲလို့လဲ ကောင်းတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ Mandalay Bay Resort မှာ ၂ ညအိပ် ၃ ရက် ပျော်ကြီးပျော်ရမဲ့ Package လေးတစ်ခု စီစဥ်ထားတယ်နော်...
Resort လေးအကြောင်းသိချင်ရင် ဒီမှာ Review လေးဖတ်..
🔗 https://www.facebook.com/lodggycom/posts/pfbid037m5QpVu5GFnCwfG25BsAE6XgZvSZa1U8JcBctJnRjXpGgkxaPMgvAvGTtMHu2Mjgl
ဒီ Package လေးထဲမှာ -
✅ Mandaly Bay Resort က အလန်းစားအခန်းတွေမှာ ၂ ညတာ တည်းခိုခွင့်
✅ ဒုဌဝတီမြစ် တစ်လျှောက် Boat Ride လေးစီးရင်းအပန်းဖြေလို့ရမယ်။
✅ Boat Ride စီးရင်း ကမ်းတစ်ဖက်ဘေးက Win Organic Farm လေးကိုလဲ သွားလည်လို့ရမယ်။
✅ ဝီရိယကောင်းတဲ့ ခရီးသွားတွေအတွက်လဲ ဟိုတယ်ကိုစောစောရောက်ရင် 10 AM ထဲ က Early Check In လဲဝင်နိုင်မယ်။
✅ ဒါတင်မက တစ်ယောက်ကို 25,000 MMK ပေးဝင်ရတဲ့ Waterboom ကိုလဲ ၂ ယောက်စာ Ticket လေး ရတာနဲ့ကို တန်နေပြီနော်...
⚠ Waterboom ကတော့ လောလောဆယ် Sat, Sun နဲ့ Public Holiday လေးတွေပဲဖွင့်သေးတာဆိုတော့ သွားမယ်ဆို အဲ့ရက်လေးတွေ ရွေးသွား.. ဒါမှ အပျော်တကာ့အပျော်တွေ စုနေတဲ့ Vacation လေးတစ်ခုဖြစ်မှာနော်...
🎁 Package လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဈေးလေးတွေကို အောက်က ပုံလေးတွေမှာ ကြည့်လို့ရပါတယ်နော်..
အသေးစိတ် စုံစမ်းရန်နဲ့ ဘိုကင်တင်ဖို့ကိုတော့ Lodggy ဖုန်း 09444438366 ကိုဖြစ်ဖြစ်၊ Messenger နေတစ်ဆင့် ဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်နော်..
☺ အပြည့်အဝ အနားယူဖို့ ရွှေမန်းမြေကနေ ဟိုတယ်ကို ကားနဲ့ အကြိုအပို့ လိုချင်တာလား..
🏙 ရန်ကုန်ကနေ သွားကဲချင်တာလား
အဲ့ဒီ့အတွက်လဲ 🚌 ကားလက်မှတ်၊ 🏨 ဟိုတယ် အကြိုအပို့တွေပါ ထပ်ပေါင်းစီစဥ်ပေးနေတာဆိုတော့ 😲😲 One Stop နဲ့ Vacation လေးအကုန်ပြည့်စုံစေဖို့ဆို အခုပဲဆက်သွယ်လိုက်တော့နော်...
#ဒုဌဝတီ

😲😲 မန်းလေးမှ ငပလီသို့...ရွှေမန်းမြေက ရွှေဧည့်သည်‌တော်တွေ မျှော်နေတဲ့ 🎁 Mandalay - Ngapali Package လေးလာပြီနော်။ 📅 Oct ကစ...
06/10/2023

😲😲 မန်းလေးမှ ငပလီသို့...
ရွှေမန်းမြေက ရွှေဧည့်သည်‌တော်တွေ မျှော်နေတဲ့ 🎁 Mandalay - Ngapali Package လေးလာပြီနော်။ 📅 Oct ကစပြီး 2 ညအိပ် 3 ရက် ခရီးလေးတွေကို အမိုက်စား ကမ်းခြေ‌ဘေးက ဟိုတယ်တွေမှာ တည်းလို့ရမဲ့ Mandalay - Ngapali Package လေးတွေကို Lodggy မှာ ဘိုကင်တင်လို့ရနေပါပြီနော်။
✔ ခဏတာနားဖို့ ၂ ည အိပ် ပက်ကေ့ချ်လား?
✔ သာသာယာယာ Chill ဖို့‌ရေကူးကန်ပါတဲ့ ဟိုတယ်လား?
အေး‌အေးဆေးဆေးနဲ့ 🌊 ပင်လယ်ကြီးကို ငေးဖို့ အတွက် Lodggy မှာ Mandalay - Ngapali Package လေးတွေ အမြန်ဆုံး ဘိုကင်တင်လိုက်တော့နော်။
Package ထဲမှာ -
✅ မန္တလေး - သံတွဲ လေယာဥ်လက်မှတ် အသွားအပြန်
✅ ကမ်းခြေဘေးက ဟိုတယ်ကြီးတွေမှာ ၂ ညအိပ် တည်းခိုခွင့်
✅ ဟိုတယ်မှာ မနက်စာ ၂ ကြိမ်
✅ သံတွဲ လေဆိပ် အကြိုအပို့
စတာတွေ ပါတဲ့ Package လေးပါနော်...
ဈေးနှုန်းလေးတွေကြည့်ရန် - 🔗 https://bit.ly/MandalayNgapali
စိတ်ဝင်စားတယ်ဆိုရင်တော့ ဖုန်း 09444438366 ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းလို့ ရသလို Lodggy Messenger/Viber မှာလာမေးချင်တယ်ဆိုလဲ ရပါတယ်နော်..

💬 Mandalay Bay Resort Review-----------------------------🌳 တောအုပ်လေးလို ဖြစ်နေတဲ့ အစိမ်းရောင် သစ်ပင်တွေရယ်...☁ တိမ်တွေန...
04/10/2023

💬 Mandalay Bay Resort Review
-----------------------------
🌳 တောအုပ်လေးလို ဖြစ်နေတဲ့ အစိမ်းရောင် သစ်ပင်တွေရယ်...
☁ တိမ်တွေနဲ့အပြိုင် မြင့်မားပြီး တစ်တောင်နဲ့တစ်တောင် သွယ်ယှက်နေတဲ့ တောင်တန်းတွေရယ်...
💦 မြစ်ငယ်မြစ်လို့လည်း ခေါ်တဲ့ ဒုဌဝတီမြစ်ကြီးရယ် အားလုံးကို တစ်နေရာထဲ စုနေတဲ့ နေရာ...
☺ အေးအေးချမ်းချမ်း အပန်းဖြေ အနားယူဖို့ဆိုရင်တော့ အသင့်တော်ဆုံး
🏨 Hotel
——————
ဟိုတယ်ရဲ့ တည်နေရာကတော့ မန္တလေးကနေ ပြင်ဦးလွင်ကိုသွားတဲ့ လမ်းပေါ် ၇ မိုင်မှာရှိပြီး ဒုဌဝတီမြစ်ကမ်းဘေးမှာ ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဟိုတယ်ကနေ မန္တလေးမြို့ထဲကို သွားချင်ရင်တော့ မိနစ် ၄၀ လောက် အနည်းဆုံးမောင်းရပါတယ်။
🚪 Rooms
——————
အခန်းကတော့ ၆၀ကျော်ရှိပြီး အင်ကြင်းဆောင်၊ ဂန္ဓမာဆောင်၊ ကုမုဒြာဆောင်ဆိုပြီး ပန်းနာမည်လေးတွေ ပေးထားပါတယ်။ ဂန္ဓမာဆောင်ကတော့ River Viewဖြစ်ပြီး ကုမုဒြာဆောင်ကတော့ Water Boom Viewလေး ဖြစ်ပါတယ်။ အင်ကြင်းဆောင်မှာတော့ အခန်းလေးတွေက နည်းနည်းကျဉ်းတယ်ရယ်။ Water Boomဖွင့်တဲ့ weekendတွေဆိုရင်တော့ သီချင်းတွေ ဖွင့်ထားတာကြောင့် အခန်းတွေထဲမှာ ဆူညံသံ နည်းနည်းရှိပါတယ်။ ကျွန်တော်တို့ကတော့ ဂန္ဓမာဆောင်ရဲ့ အပေါ်ထပ်အခန်းလေးမှာ နေခဲ့တာပါ။ River Viewမို့ အနောက်ဖက် ဝရန်တာကနေ ကြည့်ရင် တိမ်စိုင်လှလှလေးတွေရယ် တောင်တန်းမြင့်မြင့်ကြီးတွေရယ် တသွင်သွင်စီးဆင်းနေတဲ့ ဒုဌဝတီမြစ်ရယ်ကို တစ်ပြိုင်တည်းမြင်ရပါတယ်။ သိပ်ကို သဘောကျလွန်းလို့ ညနေနေဝင်ချိန်နဲ့ မနက်နေထွက်ချိန်တွေကိုတော့ မလွတ်စေဘဲ ကြည့်ဖြစ်အောင်ကြည့်ခဲ့ပါတယ်။
🍽 Breakfast
——————
Breakfastအနေနဲ့ကတော့ ဧည့်သည်များတဲ့နေ့တွေဆိုရင် Buffetခင်းပေးပြီး ဧည့်သည်နည်းတဲ့နေ့တွေဆိုရင်တော့ A La Carte ကျွေးပါတယ်။ ကျွန်တော်တို့သွားတုန်းကတော့ ပထမနေ့မှာ Buffet ဒုတိယနေ့မှာ A La Carte နဲ့ သွားကြုံပါတယ်။ Buffet နေ့ကတော့ ပြောစရာမလိုအောင် အစားအသောက်တွေ စုံပြီးသားပေမယ့် A La Carteနေ့မှာ ကျွေးတဲ့ အစားအသောက်တွေက ထင်ထားတာထက် အမျိုးအစားစုံတော့ Buffetနေ့ကထက်တောင် ပိုစားဖြစ်ခဲ့ကြပါသေးတယ်။ အစားအသောက်တွေ အားလုံးက သန့်ရှင်းပြီး အရသာကောင်းသလို ဝန်ထမ်းတွေကလည်း ဖော်ရွေလွန်းလို့ ချီးကျူးမိပါသေးတယ်။
💯 ဝန်ထမ်းတွေရဲ့ Service
——————
အပေါ်မှာပြောခဲ့သလိုပဲ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းက ဖော်ရွေပြီး service လည်း ကောင်းလွန်းတာမို့ "ဒီကဝန်ထမ်းတွေ service တော်တော်ကောင်းတာပဲ"ဆိုတဲ့ စကားက ဟိုတယ်မှာ ရှိနေတဲ့ အတောအတွင်း အပြောအများဆုံးထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။
✨️ Hotel Activities
——————
Hotel Activityတွေအနေနဲ့ကတော့ အရင်ဆုံး Main Signatureဖြစ်တဲ့ Water Boomမှာ ရေကစားလို့ ရပါတယ်။
ဒုဌဝတီမြစ်ကြီးပေါ်မှာ Boat Trip နဲ့ Jet Ski စီးလို့ရသလို Win Organic Farmမှာ ကိုယ်စားချင်တဲ့ အသီးတွေကို လတ်လတ်ဆတ်ဆတ် ခူးစားလို့ရနိုင်ပြီး Horse Clubမှာလည်း မြင်းစီးလို့ ရပါသေးတယ်။
💦🛝 Water Boom
——————
ပေ၁၃၀ထိမြင့်တဲ့ နှစ်ယောက်စီး Water Slideအပါအဝင် တစ်ယောက်တည်းစီးလို့တဲ့ Slide အမျိုးမျိုးလည်း ရှိပါတယ်။ လှိုင်းစီးလို့လည်းရပြီး Adventure Waterboomမှာလည်း စိတ်ကြိုက်ကစားလို့ ရပါသေးတယ်။ ဝင်ကြေးကတော့ တစ်ယောက်ကို 25,000 MMK ဖြစ်ပြီး Sat, Sun နှစ်ရက် မနက်၁၀နာရီကနေ ညနေ၅နာရီထိ ဖွင့်ပါတယ်။ ဒါပေမယ့် Water Slideအမြင့်ကြီးတွေကတော့ 4 နာရီခွဲဆိုရင် ပိတ်ပါတယ်။
🛶 Boat Trip
——————
Mandalay Bay Resortကစလို့ ဒုဌဝတီမြစ်ကြီးတစ်လျှောက် ကောင်းကင်ပေါ်မှာ မျောလွင့်ရင်း လှချင်တိုင်းလှနေတဲ့ တိမ်တွေရယ် တိမ်တွေနဲ့အပြိုင် လှနေပြီး ပတ်ပတ်လည် ဝန်းရံထားတဲ့ တောင်တန်းမြင့်မြင့်ကြီးတွေရယ်ကို ကြည့်ရင်း လှေစီးခဲ့ရတဲ့ တစ်နာရီကြာအချိန်လေးဟာ စိတ်အေးချမ်းရတဲ့ အချိန်လေးဖြစ်ခဲ့ပါတယ်။
🌻 Win Organic Farm
——————
တစ်နာရီကြာ လှေစီးပြီးတဲ့နောက်မှာ Mandalay Bay Resortရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လှေကားရင်းလေးမှာ လှေစိုက်ပြီး အဲဒီလှေကားလေးကနေ တက်သွားရင် Win Organic Farmလေးကို ရောက်ပါတယ်။ Organic Farmလေးကတော့ ဧက(၃၀)ဝန်းကျင်ထိရှိပြီး မာလကာသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ခရမ်းသီး စတဲ့ အသီးအနှံလေးတွေ ဟင်းသီးဟင်းရွက်လေးတွေ စိုက်ထားပြီး နွားလေးတွေလည်း မွေးထားပါသေးတယ်။ အဲဒီ့အပြင် နေကြာပန်းခင်းကြီးလည်း ရှိပြီး ဓာတ်ပုံဝင်ရိုက်လို့ အဆင်ပြေအောင်လည်း စိုက်ထားပေးပါသေးတယ်။ ပုံမှန်ဆို စိုက်ထားတဲ့ အသီးလေးတွေကို လတ်လတ်ဆတ်ဆတ် ခူးပြီးစားလို့ ရပေမယ့်လည်း ကျွန်တော်တို့သွားတဲ့အချိန်တုန်းက အသီးတွေ စွတ်ထားတာ မကြာသေးတာမို့ ခူးစားလို့ မရခဲ့ပါဘူး။ ဒီ့အပြင် မိုးမကုန်သေးတာမို့ နေကြာပန်းတွေလည်း မပွင့်သေးပါဘူး။ အောက်တိုဘာလလယ်လောက်သွားမယ်ဆိုရင်တော့ နေမင်းကြီးကို မျှော်ကြည့်ရင်း လှလှပပလေး ပွင့်လန်းနေကြတဲ့ နေကြာပန်းလေးတွေနဲ့ ဓာတ်ပုံလှလှလေးတွေ အများကြီး ရိုက်လို့ ရနိုင်ပါတယ်။
🐴 Horse Club
——————
မြင်းစခန်းကိုရောက်တော့ မွေးထားတဲ့ မြင်းလေးတွေရဲ့အကြောင်း၊ ဂရုတစိုက်မွေးမြူရတဲ့ အကြောင်းလေးတွေကို သေချာရှင်းပြပေးပါတယ်။ အသွေးအမွေးလှပြီး ကျန်းမာတဲ့ မြင်းလေးတွေကို မြင်ရုံနဲ့တင် ဘယ်လောက်ထိ ဂရုတစိုက်မွေးမြူထားသလဲဆိုတာ သိနိုင်ပါတယ်။ ကျန်းမာလှပတဲ့ မြင်းလေးတွေကို စီးရင်း အထာကျတဲ့ ဓာတ်ပုံလှလှလေးတွေကိုလည်း ရိုက်လို့ရပါသေးတယ်။
💦 ဒီးဒုတ်(ရေပြာအိုင်) 🙏 ခိုနန်းရှင်ဂူ နဲ့ 🐘 ဆင်စခန်း
——————
ဒီးဒုတ်ရေတံခွန်(ရေပြာအိုင်)နဲ့လည်း နီးတာကြောင့် ပြာလဲ့နေတဲ့ ရေတံခွန်ကြီးဆီကို လည်ပတ်လို့ရပါသေးတယ်။ ဒါပေမယ့် မိုးရာသီဆိုရင်တော့ များသောအားဖြင့် ရေက ပြာလဲ့မနေဘဲ နောက်ကျိနေတတ်ပါတယ်။ ဟိုတယ်ကနေ ရေပြာအိုင်ကို သွားတဲ့လမ်းမှာလည်း ခိုနန်းရှင်ဂူလည်းရှိတာမို့ ဘုရားဝင်ဖူးလို့ ရပါသေးတယ်။ လှေကားထစ်ပေါင်း ၂၅၀နီးပါးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ ကျောက်စက်ပန်းဆွဲတွေနဲ့ ဝန်းရံထားပြီး သပ္ပါယ်လှတဲ့ စေတီတော်တွေကို ဖူးမြှော်နိုင်သလို မိုးရာသီဆိုရင်လည်း တစက်ချင်းကျနေတဲ့ တောင်ကျရေကိုလည်း တွေ့နိုင်ပါသေးတယ်။ ဒီ့အပြင် ဆင်စခန်းနဲ့လည်း နီးတာကြောင့် ဆင်စီးလို့ရနိုင်သလို ဆင်လေးတွေကို အစာကျွေးလို့လည်း ရပါသေးတယ်။ ကျွန်တော်တို့သွားတဲ့အချိန်တုန်းက ရာသီဥတုက သိပ်ပူတာမို့ ကိုယ့်ကိုယ်ကို ရေနဲ့ဖြန်းနေတဲ့ ဆင်ကလေးတွေလည်း ရှိနေပါတယ်။ ကျွန်တော်ကတော့ အဲဒီဆင်ကလေးနားမှာ အစာကျွေးမိလို့ ရေဖြန်းခံထိလိုက်ပါသေးတယ်။ ဒါကြောင့် ကံကောင်းရင်တော့ ကျွန်တော့်လိုမျိုး ဆင်လေးရဲ့ ရေချိုးပေးတဲ့ serviceကို ရနိုင်ပါသေးတယ်။

✔️စိတ်ဝင်စားစရာကောင်းတဲ့
✔️စိတ်လှုပ်ရှားစရာကောင်းတဲ့
✔️စိတ်ကိုအေးချမ်းစေတဲ့ Activityလေးတွေ အမျိုးမျိုး ရှိတဲ့အပြင်...
ဒီလိုမျိုး တောတောင်ရေမြေ သဘာဝရှုခင်း ဆိုတဲ့ ခေါင်းစဉ်အောက်က အလှတရားတွေကို တစ်နေရာတည်းမှာ ခံစားရင်း အေးအေးချမ်းချမ်း အပန်းဖြေ အနားယူဖို့ဆိုရင်တော့ အသင့်တော်ဆုံးနေရာလေးတစ်ခုပါ...
------------------
Written By: Khin Htate Htr Tin (Lodggy Team)
Photos By: Yee Yee Win Thein (Lodggy Team)
ဒီလိုမျိုး Weekend Family Trip လေး၊ ဘော်ဒါတွေနဲ့ အပျော်ခရီးလေးတွေအတွက် Mandalay Bay, Mandalay Waterboom ကို သွားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
ကျွန်တော်တို့ Lodggy မှာ တစ်ယောက်ကို 💸 135,000 MMK နဲ့ Package လေးတွေ စီစဥ်ထားတာဆိုတော့ အသေးစိတ်ကိုတော့ ဖုန်း 09 4444 38366 ကို ဆက်သွယ်စုံစမ်း ဘိုကင်တင်နိုင်ပါတယ်နော်..

🏖️ ကမ်းခြေလား? 🙏 ပုဂံလား? 🛶 အင်းလေးလား? 🏔️ ကလောလား?📅 လာမဲ့ ပွင့်လင်းရာသီ အတွက် ဟိုတယ်တွေ အချိန်ကုန်ခံပြီးရှာမနေတော့ပဲ 👉 ...
30/09/2023

🏖️ ကမ်းခြေလား?
🙏 ပုဂံလား?
🛶 အင်းလေးလား?
🏔️ ကလောလား?
📅 လာမဲ့ ပွင့်လင်းရာသီ အတွက် ဟိုတယ်တွေ အချိန်ကုန်ခံပြီးရှာမနေတော့ပဲ 👉 Lodggy မှာပဲ 🏨 ဟိုတယ်၊ 🎟️ လက်မှတ်၊ 🚗 လည်ဖို့အတွက် ကား စတာတွေ အကုန်လုံး တစ်နေရာထဲမှာ ရနိုင်မှာဆိုတော့.... 😲😲
အခန်းလေးတွေ ဘိုကင်မပြည့်ခင် မြန်မြန်လေးကြိုတင်ထားဖို့လိုမယ်နော်.....
ဘိုကင်နဲ့ အသေးစိတ်စုံစမ်းဖို့အတွက်ကိုတော့ ရုံးဖုန်း 09444438366 ကိုဖြစ်စေ၊ Messenger မှ တစ်ဆင့်ဖြစ်စေ စုံစမ်း ဘိုကင်တင်လို့ရနေပါပြီနော်...

🏙️ ကွန်ကရစ်လှောင်အိမ်ကြီးထဲ ကနေရုန်းထွက်ဖို့ 🏔️ ကလောကို သွားလည်ပါ.....🏔️ တောင်တန်းတွေ စီခြယ်ထားပြီးလှလွန်းတဲ့ မြို့....🏞...
26/09/2023

🏙️ ကွန်ကရစ်လှောင်အိမ်ကြီးထဲ ကနေရုန်းထွက်ဖို့ 🏔️ ကလောကို သွားလည်ပါ.....
🏔️ တောင်တန်းတွေ စီခြယ်ထားပြီးလှလွန်းတဲ့ မြို့....
🏞️ ရှုငေးစရာ ရှုခင်းဝေဆာတဲ့ မြို့....
🧳 လည်ပတ်စရာအများကြီးနဲ့ ချစ်စရာကောင်းတဲ့ မြို့...
မြို့ပြရဲ့ အပူဒဏ်တွေထဲကနေ ရုန်းထွက်ဖို့ ကလောကိုသွားလည်မယ့်သူတွေအတွက် Lodggy မှာ ဟိုတယ်တွေ ကို တစ်နေရာထဲမှာ စိတ်ကြိုက် ရွေးချယ်ပြီး ဘိုကင်တင်လို့ရနေပါပြီနော်...
🛌 တစ်ခန်း 🌃 တစ်ညကို ¨40,000 MMK¨ မှစတဲ့ Budget Hotel လေးတွေအပြင်၊ ရှုခင်းလှတဲ့ ဟိုတယ်လေးတွေလိုချင်တာလား၊ ဘန်ဂလို ဟိုတယ်လေးတွေ လိုချင်တာလား? Lodggy မှာ စိတ်ကြိုက်ရွေးလို့ရတယ်လေ...
ဒါတင်မကသေးဘူး Kalaw အတွက် 🚌 ကားလက်မှတ်၊ ✈ လေယာဥ်လက်မှတ်တွေ၊ လည်ဖို့ 🚗 ကားငှားတာတွေ အစအဆုံးစီစဥ်ပေးတာဆိုတော့ 👌 တစ်နေရာထဲနဲ့ ပြည့်စုံတဲ့ခရီးလေးတစ်ခု ဖန်တီးနိုင်ပါပြီ....
Kalaw Hotel များ ကြည့်ရန် =>
🔗 https://lodggy.notion.site/Kalaw-02a13eaa275541deaaec4182422ab067
အသေးစိတ်စုံစမ်းဖို့နဲ့ ဘိုကင်တင်ဖို့ဆိုရင်တော့ 09 4444 38 366 ကိုဖြစ်စေ၊ Messenger ကနေတစ်ဆင့်ဖြစ်စေ ဆက်သွယ်လို့ရပါတယ်နော်...
#ကလော

🥳🥳🥳
22/09/2023

🥳🥳🥳

19/09/2023

📅 သီတင်းကျွတ်ပိတ်ရက်ကို ငွေဆောင်မှာ အပန်းဖြေကျမယ်...
😪 နေ့စဥ်ရုန်းကန် လှုပ်ရှားနေရတော့ ပင်ပန်းလာသမျှကို ကုစားဖို့ 💊 တစ်ခုထဲသောဆေးက ပင်လယ်ကြီးစီ တစ်ခေါက် အလည်သွားဖို့ပါပဲ... 💼 အလုပ်များနေတဲ့ကြားထဲက ပိတ်ရက်လေးကို အလုအယက် ခရီးထွက်ရတာဆိုတော့ 😳 အကောင်းဆုံးနဲ့ အတန်ဆုံးဖြစ်ချင်ကျတာတော့ သဘာဝပဲလေ... 👍👍
အခုပြောပြပေးမဲ့ 👉 Lodggy ရဲ့ အမိုက်စား သီတင်းကျွတ်ပိတ်ရက် အတွက် ငွေဆောင် ၃ ည အိပ် Package လေးကတော့ လန်းလဲ လန်းမယ် 😎😎၊ တန်လဲ တန်တဲ့ 🤑🤑 Package လေးနော်...
😎 လန်းတယ်???
ဒီ Package လေးက
✅ ကမ်းခြေဘေးက ဟိုတယ် အမိုက်စား ဟိုတယ်မှာ ၃ ညအိပ်ရင်း အပြီကဲလို့ရမယ်..
✅ ရန်ကုန်ကနေ ငွေဆောင်ကို အသွားအပြန် ကားလက်မှတ် လဲ ပါမယ်...
✅ ဟိုတယ်မှာ ၃ ရက်စာ မနက်စာလဲ အဝဆွဲလို့ရမယ်...
✅ ဟိုတယ်မှာရှိတဲ့ ကမ်းခြေမေးတင်ဆောက်ထားတဲ့ Infinity Pool လေးမှာလဲ ရေကစားလို့လဲရတယ်လေ...
တန်တယ်???
တန်တယ်ဆိုတာ ဒီ ၃ ညအိပ် Package လေးက -
✅ ပင်လယ်စာတွေ များများ ပိုဆွဲ၊ ပိုကဲ နိုင်အောင် Budget နည်းနည်း ချွေချင်သူတွေ အတွက် 🛏️ Garden View မှာ တည်းမယ်ဆိုရင်တော့ တစ်ဦးကို 256,000 MMK (တစ်ညကိုမှ ~83,000 MMK ပဲကျမှာ)
✅ အကောင်းကြိုက်သူတွေအတါက်က အခန်းထဲကနေ အပြင်ကို ခြေချလိုက်တာနဲ့ သဲသောင်ပေါ်တန်းရောက်မဲ့ 🛏️ Sea View အခန်းလေးမှာတည်းမယ်ဆို တစ်ဦးကို 340,000 MMK (တစ်ည မှ ~113,000 MMK ကျော်ကျော်လေးပဲရှိတာနော်)
ဒီလိုဈေးတွေနဲ့ ငွေဆောင်ကို ကားလက်မှတ်လဲ ပူစရာမလို၊ ဟိုတယ်လဲ လိုက်ရှာစရာမလိုပဲ အမိုက်စား အပန်းဖြေခရီးလေးတစ်ခုထွက်လို့ရမှာဆိုတော့ တန်တာပေါ့လို့....
ဒီလို တန်လဲတန် လန်းလဲလန်းတဲ့ 🎁 Package မျိုးက လူကြိုက်များတော့ အခန်းလေးတွေ မကုန်ခင်တော့ အမြန်ဆုံး 😃 လက်ဦးအောင် ဘိုကင်လေးတင်ထားဖို့လိုမယ်နော်..
စုံစမ်းဖို့နဲ့ ဘိုကင်တင်မယ်ဆိုရင်တော့ ဖုန်း 🤳 09444438366 ကို ဖြစ်စေ၊ Messenger ကတစ်ဆင့်ဖြစ်စေ အခုပဲဆက်သွယ်ပြီး ဘိုကင်တင်ထားလိုက်ပါ....

lodggy.com : Where you're always welcome

📢📢 iPhone (အဲလေ...) iTravel ဖုန်းလေးတွေရမယ်ဗျို့.... ကျွန်တော်တို့ရဲ့ 🧳 iTravel ဖုန်းက 'ကိုတင်ကွတ်'တို့ အဖွဲ့ ဟိုတနေ့က ပ...
15/09/2023

📢📢 iPhone (အဲလေ...) iTravel ဖုန်းလေးတွေရမယ်ဗျို့....
ကျွန်တော်တို့ရဲ့ 🧳 iTravel ဖုန်းက 'ကိုတင်ကွတ်'တို့ အဖွဲ့ ဟိုတနေ့က ပြသွားတဲ့ iPhone လိုမျိုး...
🤙 ဖုန်းခေါ်လို့မရ၊ 🧮 အမိုက်စား ပရော်စက်စာတွေ မပါပေမဲ့ ဝယ်ပြီးရင် ✈️ မြန်မာနိုင်ငံ အနှံက အမိုက်စား ခရီးတွေထွက်ပြီး 📸 အလန်းစားဓာတ်ပုံတော့ရိုက်လို့ရတယ်လေ...
(ကင်မရာလေးတော့ ကိုယ့်ဘာကိုယူခဲ့ကျနော်... 😁😁)
1️⃣ [https://bit.ly/iTravel_15_128_GB]
iTravel 15 ဆိုရင် ပုဂံကို အပေါ်စီးကနေ မီးပုံးပျံကြီးစီး၊ူ ဧရာဝတီကမ်းဘေးက အမိုက်စားဟိုတယ်ကြီးမှာလဲ ၂ ညအိပ် တည်းနိုင်မဲ့ ပက်ကေ့ချ် ၆ ယောက်စာ ပါတယ်နော်...
2️⃣ [https://bit.ly/iTravel_Plus]
iTravel 15 Plus လေးယူချင်တာ ဆိုရင်တော့ ငပလီက အလန်းစားဟိုတယ်ကြီးမှာ ၃ ညအိပ်၊ ၄ ရက် ခရီးကို Private Pool နဲ့ အခန်းမှာ ဘော်ဒါတွေ နောက်ထပ် ၃ ယောက်လောက်ခေါ်ပြီး ကဲဖို့၊ ပျော်ဖို့ ခရီးထွက်လို့ရမယ်...
3️⃣ [https://bit.ly/iTravel_Pro]
ရှယ်ကြိုက်တဲ့သူတွေအတွက် iTravel 15 Pro လေးလဲရှိတယ်။ သူဆိုရင်က နိုင်ငံရပ်ခြားက တောင်တန်းလေးတွေနဲ့ ရှုခင်းအရမ်းလှတဲ့ ရှုခင်းလေးတွေလိုမျိုးကို Passport မလိုပဲနဲ့ သွားလို့ရတဲ့ နေရာတစ်ခုဖြစ်တဲ့ ပူတာအိုကို ၄ ည အိပ် ချစ်သူလေးနဲ့အတူတူ ခရီးလေးသွားလို့ရမှာပါ..
4️⃣ [https://bit.ly/iTravel_Pro_Max]
အကောင်းတကာ့ အကြောင်းဆုံးလိုချင်သူတွေ ရွေးရမဲ့ iTravel 15 Pro Max လေးကတော့ မြန်မာရဲ့ အလှဆုံး နေရာတစ်ခုဖြစ်တဲ့ ညောင်ဦးဖီးကျွန်းလေးကို ၃ ညအိပ် ၄ ရက် ၂ ကိုယ်တူ သွားပြီး အလှတွေ ကို 576 Megapixel ပါတဲ့ ကိုယ်ပိုင်မျက်လုံးနဲ့ ရှုငေးလို့နိုင်ပါတယ်...
ကဲ ဒါဆိုရင် အရမ်းအရောင်းမြန်လွန်းတဲ့ အမိုက်စား iTravel ဖုန်းလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Pre-order လေးတင်ဖို့ကို အခုပဲဆက်သွယ်ထားလိုက်ပါနော်...

🎉🎉🎉 ပွင့်လင်းရာသီ ငပလီ....📅 အောက်တိုဘာ၊ နိုဝင်ဘာ ဆိုတာ ခရီးသွားလို့ အကောင်းဆုံးအချိန်... 👌👌 အဲ့လိုအချိန်မှာမှ အဇမ်းလှတဲ့...
10/09/2023

🎉🎉🎉 ပွင့်လင်းရာသီ ငပလီ....
📅 အောက်တိုဘာ၊ နိုဝင်ဘာ ဆိုတာ ခရီးသွားလို့ အကောင်းဆုံးအချိန်... 👌👌 အဲ့လိုအချိန်မှာမှ အဇမ်းလှတဲ့ ငပလီကမ်းခြေကို လျှော့ဈေးတွေနဲ့ သွားလို့ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်... 😁😁
Discount နဲ့ Package?? 📅 Oct, Nov အတွက် အလန်းစား ငပလီ Package လေးတွေကို စောစောကြိုပြီး ⌛ အခုထဲက ဘိုကင်တင်ထားမယ်ဆိုရင်က 🤑🤑 ဈေးသက်သက်သာသာနဲ့ သွားလို့ရမှာလေ..
Package ထဲမှာ ဘာတွေပါလဲဆိုတော့ -
🎁 ဟိုတယ် ၂ ည (သို့) ၃ ည အိပ်
🎁 ရန်ကုန် - ငပလီ လေယာဥ်လက်မှတ် အသွားအပြန်
🎁 မနက်စာ
🎁 လေဆိပ် အကြိုအပို့ စတာတွေလဲ ပါတယ်ဆိုတော့ လူစု၊ အထုတ်လေးဆွဲပြီး ခရီးသွားရုံပဲနော်...
ဒီ Package လေးတွေကတော့ ၂ ယောက်ကစပြီးသွားလို့ရပါတယ်နော်။
ဈေးလေးတွေ အတိအကျသိချင်ရင်တော့ - https://bit.ly/Yangon-Ngapali
အသေးစိတ်ကိုတော့ ဖုန်း 09444438366 ကိုဖြစ်စေ၊ Messenger ကဖြစ်ဖြစ် စုံစမ်းဘိုကင်တင်လို့ရပါတယ်နော်...
ဒီ Discount လေးတွေကတော့ အကန့်အသက်ရှိတာဆိုတော့ သူများတွေစီမပါသွားဖို့တော့ လက်ဦးထားလိုက်တော့နော်...

🐱🐱🐱 မင်မင်တို့ရဲ့ နောက်ဆုံးပေါ် ဘတ်ဂျတ် ပက်‌ကေ့ချ်လေး ဝယ်ကျပါဦး...Original Comic by Dave Blazek @ FriendlyPlanetTravel,...
09/09/2023

🐱🐱🐱 မင်မင်တို့ရဲ့ နောက်ဆုံးပေါ် ဘတ်ဂျတ် ပက်‌ကေ့ချ်လေး ဝယ်ကျပါဦး...
Original Comic by Dave Blazek @ FriendlyPlanetTravel
,

ရန်ကုန်က ဟိုတယ်တွေမှာ Staycation သွားရင်း ရေကူးမယ်... 🏊‍♂️👙ရန်ကုန်မှာ အမိုက်စား ဟိုတယ်တွေမှာ Staycation လေးထွက်ရင်း အေးဆ...
31/08/2023

ရန်ကုန်က ဟိုတယ်တွေမှာ Staycation သွားရင်း ရေကူးမယ်... 🏊‍♂️👙
ရန်ကုန်မှာ အမိုက်စား ဟိုတယ်တွေမှာ Staycation လေးထွက်ရင်း အေးဆေးလေး ရေလေးကူး အပန်းဖြေချင်သူတွေအတွက် Lodggy မှာ Staycation သွားရင် ရေကူးဖို့ Lodggy မှာ ဘိုကင်ရနိုင်မဲ့ ဟိုတယ်တွေကို စုစည်းပေးလိုက်ပါတယ်။
အသေးစိတ်ကို - https://bit.ly/Lodggy_Yangon မှာ ဝင်ကြည့်နိုင်ပါတယ်နော်။
🏊‍♂️ Prestige Residence at Golden Valley
🏊‍♂️ Zelax Hotel & Residence
🏊‍♂️ Awei Metta
🏊‍♂️ Espace Avenir Serviced Apartments
🏊‍♂️ Sayar San Hotel
🏊‍♂️ Jasmine Palace Hotel
🏊‍♂️ Park Royal Hotel
🏊‍♂️ Chatrium Hotel Royal Lake Yangon
Staycation အတွက် ဘိုကင်တင်ချင်တယ်ဆိုရင် Lodggy ရဲ့ ဖုန်း ၀၉၄၄၄၄ ၃၈၃၆၆ ကို ဆက်သွယ်လို့ရပါတယ်နော်...

အထူးလျှော့ဈေးတွေနဲ့ Special Payday Promo!--------------------------------------‌🙄🙄 ဟိတ်.... လကုန်ပြီဆိုတော့ Payday ရောက်...
29/08/2023

အထူးလျှော့ဈေးတွေနဲ့ Special Payday Promo!
--------------------------------------
‌🙄🙄 ဟိတ်.... လကုန်ပြီဆိုတော့ Payday ရောက်တော့မှာဆိုတော့ စိတ်လှုပ်ရှားနေပြီလား??
အဲ့ထက်ပို စိတ်လှုပ်ရှားစရာကောင်းတဲ့ 🤑 Payday Promotion လေးရှိတယ်ဆိုတာလေး လာပြောပြမလို့...
⛰️ ပူတာအို၊ ပုပ္ပား၊ ငွေဆောင်၊ ပြင်ဦးလွင်၊ ငပလီ၊ ပုဂံ၊ အင်းလေး စတဲ့ အပန်းဖြေလို့ ကောင်းတဲ့ Destination တွေက...
🏨 အမိုက်စားဟိုတယ်ကြီးမှာ 📆 Oct 2023 ကနေ Feb 2024 အတွင်း (gazetted holiday များမှအပ) သွားတည်းဖို့ကို အရမ်းတန်တဲ့ဈေးတွေနဲ့ ဘိုကင်တင်လို့ရမဲ့ အခွင့်အရေးနော်..
📆 ဖေဖော်ဝါရီအထိ သွားလို့ရတာဆိုတော့ အခုထဲကတင်ထားလိုက်ရင် အခန်းမရမှာလဲ စိတ်မပူရတော့သလို၊ လျှော့ဈေးလဲ ရဦးမှာနော်..
Promotion ကာလကတော့ -
💠 Aug 30 - Sept 01 အတွင်းဘိုကင်အပြီးတင်ထားရမယ်။
💠 ပွင့်လင်းရာသီမှပဲ ခရီးသွားမှဆိုသူတွေအတွက် အကြိုက် Oct 2023 - Feb 2024 အတွင်း သွားတည်းရမယ်။
💠 သွားမဲ့ရက်အတိအကျမသိသေးသူတွေလဲ ဘိုကင်တင်ထားလို့ရမယ်။
💠 အခုထဲက ဘိုကင်တင်ထားရင် အမိုက်စား Promotion ဈေးတွေနဲ့ ရမှာနော်...
ဒီ 3️⃣ ရက်အတွင်းတင်တဲ့ဘိုကင်တွေပဲ ဒီ Payday Promotion ရနိုင်မှာနော်...
Promotion အချက်အလက် အသေးစိတ်ကိုတော့ 09444438366 ကို ဖြစ်စေ၊ Messenger ကို ဖြစ်စေ ဆက်သွယ်စုံစမ်းလို့ရပါတယ်နော်....

Address

42D, 1st Floor, Pantra Road, Dagon Township
Yangon
11191

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 12:00

Telephone

+959444438366

Alerts

Be the first to know and let us send you an email when lodggy.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby travel agencies



You may also like