Travel Corner Myanmar- Ticketing

Travel Corner Myanmar- Ticketing We Travel Corner Travels & Tours in Myanmar providing all travel relevant services:
(17)

Travel Corner Travel & Tours Co.,Ltd ensures you a long lasting memories of your holidays - whatever your destination; whatever your budget. Be it a small (or) large company's convention groups we will impress you with our efficiency and excellent services.

Facebook ကို VPN မလိုဘဲသုံးနိုင်တဲ့နည်းကို ဒီနေ့မှာ မျှဝေပေးသွားမှာပါ ဘယ်လိုအသုံးပြု... See more
23/06/2024

Facebook ကို VPN မလိုဘဲသုံးနိုင်တဲ့နည်းကို ဒီနေ့မှာ မျှဝေပေးသွားမှာပါ ဘယ်လိုအသုံးပြု... See more

နွားနို့ပျက်သွားတဲ့အခါဒိန်ချဉ်ဖြစ်လာပါတယ်။ဒိန်ချဉ်ဟာနွားနို့ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊ဒိန်ချဥ်ဟာအဲဒီထက်ပိုပျက်သွားတဲ့အခါ...
08/06/2024

နွားနို့ပျက်သွားတဲ့အခါဒိန်ချဉ်ဖြစ်လာပါတယ်။ဒိန်ချဉ်ဟာနွားနို့ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊ဒိန်ချဥ်ဟာအဲဒီထက်ပိုပျက်သွားတဲ့အခါမှာချီစ်ဖြစ်သွားပါတယ်။ချီစ်ဟာဒိန်ချဉ်နဲ့နွားနို့ထက်ပိုပြီးတန်ဖိုးရှိပြန်ပါတယ်။

စပျစ်ရည်ဟာချဥ်သွားတဲ့အခါမှာဝိုင်ဖြစ်လာပါတယ်၊ဝိုင်ဟာစပျစ်ရည်ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊

လူတယောက်ဟာအမှားတွေလုပ်မိလို့ဘဝမှာမအောင်မြင်တဲ့လူတယောက်ဖြစ်မသွားပါဘူး၊ဘဝမှာအမှားတွေကသာလူတစ်ယောက်ကိုပိုပြီးတန်ဖိုးရှိစေပါတယ်။

Christopher Columbus ရေကြောင်းလမ်းပြမြေပုံအမှားကြောင့်အမေရိကားတိုက်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီလိုပဲAlexander Fleming’sဟာလဲသူ့အမှားကြောင့်ပယ်နစ်စလင်ဆေးကိုတွေ့ရှိခဲ့ပါတယ်။

လူတွေဟာလေ့ကျင့်ပါများလို့ပိုပြီးတော်လာတာမဟုတ်ပါဘူး။လူတွေကအမှားတွေလုပ်မိလို့အမှားတွေကသင်ခန်းစာယူပြီးပိုပြီးတန်ဖိုးရှိတဲ့လူဖြစ်လာတာဖြစ်ပါတယ်။

If milk gets bad, it becomes yoghurt. Yoghurt is more valuable than milk. If it gets even worse, it turns to cheese. Cheese is more valuable than both yoghurt and milk.

And if grape juice turns sour, it transforms into wine, which is even more expensive than grape juice. You are not bad because you made mistakes. Mistakes are the experiences that make you more valuable as a person.

Christopher Columbus made a navigational error that made him discover America. Alexander Fleming’s mistake led him to invent Penicillin. Don’t let your mistakes get you down.

It is not practice that makes perfect. It is mistakes we learn from that makes perfect !

စိတ်ချမ်းသာချင်ရင် ပြုလုပ်ရမည့်အချက်များ.....၁။  #ရေချိုးပါရေချိုးရင် စိတ်ချမ်းသာမှာလား ဆိုရင်တော့ ဟုတ်တယ် လို့ ဖြေရမှာ ...
19/05/2024

စိတ်ချမ်းသာချင်ရင် ပြုလုပ်ရမည့်အချက်များ.....
၁။ #ရေချိုးပါ
ရေချိုးရင် စိတ်ချမ်းသာမှာလား ဆိုရင်တော့ ဟုတ်တယ် လို့ ဖြေရမှာ ပဲ ။
သြဠာရိက-သုခုမ ဆေးပညာအရ ဒီခေတ်ဟာ အပူခေတ်၊ အပူကြီးစိုးတယ် လို့ ဆိုတယ်။
ဘာတွေ ပူလဲဆိုရင်တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ၄ ခုလုံး ပူတယ်တဲ့။
ကံ ဆိုတာ အလုပ်ပဲ။ ကံ ပူတယ် ဆိုတော့ လုပ်ရတဲ့အလုပ်သဘောကြောင့် ပူရတယ်။
နေပူထဲ သွားလာရတဲ့အလုပ်၊ အကြော်အလှော် အချက်အပြုတ်အလုပ်၊ အလုပ်ရုံ အလုပ်ခန်းဟာ ပူတယ်။ အချို့ဆို သံရည်ကြိုစက်လို၊ ဘွိုင်လာလို နေရာမျိုး မှာ လုပ်ကိုင်နေရတာတွေ ရှိတယ်။ အဲ့တာ ကံအပူတွေပဲ။
စိတ်အပူ ကတော့ လူတိုင်း စိတ်ပူပန်သောက ရှိနေကြရတယ်။ သားကြီးကို အိမ်ပြန်နောက်ကျလို့ ပူရတယ်။ သမီးလတ်က ဘယ်ကကောင်မှန်း မသိဘူး တွဲနေတယ်။ စိတ်ပူလိုက်တာ။
သားငယ်လေးက ကျောင်းပညာ တပိုင်းတစနဲ့။ ကျောင်းပြန်တက်ပါ ဆိုလည်း မတက်ဘူး။.ယောကျ်ား က နှလုံး အားနည်းတယ်။ သူ့ခဗျာ အသက်က ၅၀ ကျော်ပြီ ခုထိ သင်္ဘောလိုက်နေတာ သနားပါတယ် သူ့အတွက် လည်း ပူတယ်။
ခယ်မဆီက အကြွေး ပြန်မရသေးလို့ ပူတယ်။
အလုပ်မရလို့ ပူတယ်။ မရေမတွက်နိုင်အောင် များပြားလှသော စိတ်အပူတွေ ရှိတယ်။

ဥတုအပူ ကတော့ အခုဆို ရာသီဥတုက ပူတယ်။ မီးက ခဏခဏ ပျက်.. သိတဲ့အတိုင်းပဲ ။

အာဟာရ အပူကတော့....
အကြော်အလှော် အကင် အစပ်တွေကို မျိုးစုံ စားနေကြတာ။ ဒါဟာ အာဟာရ အပူတွေ။

#အပူငြိမ်းအောင်
ရေမှတပါး အခြားဆေး မရှိ။
ဒါကြောင့် စိတ်ချမ်းသာ ချင်ရင် #ရေချိုးပါ

#ရေချိုးနည်း
ခန္ဓာကိုယ်အပူတွေ စင်အောင် ရေမချိုးခင် ရေတဝသောက်ပါ။
ပြီးရင် ဆီးသွားပါ။
#ရေချိုးပုံ
ပါးစပ်ထဲ ရေငုံထားပြီး...
ဘယ်ခြေထောက် ၅ ခွက်လောင်းပါ။
ရေလောင်းနေစဥ်မှာ တခါတည်း manifest လုပ်လို့ ရတယ်။ manifestation ဆိုတာ အလွယ်ပြောရရင်တော့ ဆုတောင်းခြင်း ပါပဲ။
ဆုတောင်းပြည့်တဲ့ အချိန်တွေ ရှိတယ်။ ဒါက နောက်မှပဲ ရေးမယ်။
ဝေဒနါပေါ်ရင် manifest လုပ်တာ ထိရောက်တယ်။ အသားကို ရေထိလိုက်လို့ အေးသွား တဲ့အခါ စိတ်ထဲမှာ "အခုလိုမျိုး အေးသွားတာ ငါ့အတွက် ငွေရေးကြေးရေး တွေအဆင်ပြေနေပြီ။ အခုလိုမျိုးအေးသွားလို့ ငါ့အလုပ်တွေ အောင်မြင်နေပြီ" အဲ့လို တခါတည်း လုပ်လို့ ရတယ်။ ရေချိုးရင်း နဲ့ အောင်မြင်ရေးပါ တခါတည်း တွဲလိုက်တာ ပေါ့လေ။ 😁
ပြန်ပြောမယ်.... ဘယ်ခြေထောက် ၊ ညာလက်၊ ညာခြေထောက်၊ ဘယ်လက် ၅ ခွက်စီ လောင်းမယ်။ ဘယ်နားရွက်နောက် ရေကို လက်ခုပ်နဲ့ထည့်ပြီး ပုတ်ပေး ၅ ခါ၊ ညာနားရွက်နောက် နားအုံကို လက်ခုပ်နဲ့ ရေထည့်ပြီး ၅ ခါ ပုတ်ပေး။
ဒါဟာ ခန္ဓာကိုယ် အစွန်အဖျားကနေ စပြီး အေးအောင် လုပ်တာ။ အပူဟာ များရာကနေ နည်းရာကို စီးဆင်းစေလိုက်တာ ဖြစ်တယ်။
ပြီးမှ ဒူးဆစ်က စပြီး တခွက်ချင်း ဖြည်းဖြည်းချင်း လောင်းသွား။
နောက်ဆုံး မှ ခေါင်းလောင်းချိုး။ ဆံပင်ရှည် သူတွေကတော့ ခေါင်းလျှော်မယ့်ရက်ပဲ လုပ်ပေါ့။

၂။ #ကရမက်လိမ်းပါ
ကရမက်လိမ်းရင် စိတ်ချမ်းသာမှာလား ဆိုရင် ဟုတ်တယ်။
ကရမက်ဟာ အပူစုပ်ထုတ် အပူငြိမ်းစေတယ်။
ရေမချိုးခင်ကတည်းက ကရမက်သွေးထား။ အရည်ကျဲလေး။
ရေချိုးပြီး ရင် ခြေဖျားလက်ဖျားက စလိမ်း။ တကိုယ်လုံး လိမ်း။ ကရမက် မရှိရင် သနပ်ခါး လိမ်းပေးပါ။
သိသိသာသာ စိတ်ကြည်လူလန်း ဖြစ်လာမယ်။
မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ အိမ်အလုပ်၊ ဗာဟီရလေးတွေ နဲ့ ရှုပ်ပြီး ရေမချိုးအားဘူး။ ခန္ဓာကိုယ် မှာ heat က တက်နေပြီ။
တခုခုဆို စိတ်က မရှည်ချင် စိတ်ဆိုးလွယ်တယ်။ လူကလည်း ညှင်းသိုးသိုးနဲ့ ဖြစ်နေမယ်။

၃။ #မညည်းညူနဲ့
လူ့သဘာဝအရ ညည်းညူရတာကို စွဲနေတတ်တယ်။ အလကားနေရင်း ညည်းနေတာ။
နေကောင်းလား မေးရင် "မကောင်းဘူးလေ ညဆို ပူလို့ အိပ်မရ။ အကြီးကောင်က ဂိမ်းဆော့ တါ နားကို ငြီးနေတာပဲ" စသည်ဖြင့် တသီတတန်းတပွေ့တပိုက်ကြီး ကို ညည်းချလိုက်တတ်တာမျိုး။
ညည်းနေလို့ ဘာမှ ပိုပြီး ထူးမလာဘူး စိတ်အပူတွေ negative တွေပဲ ဖြစ်လာမယ်။
ကုန်စျေးနှုန်းတက်လို့ ညည်းမယ်။ စျေးနှုန်း တကယ် ကျမယ်ဆိုရင်တော့ အားလုံး ဝိုင်းပြီး တူယှဥ်နွှဲပျော် အညည်းပွဲတော် ဆိုပြီး ညည်းကြမယ်လေ 😅
ရာသီဥတု ကို ညည်းလိုက်၊ ခဏခဏလာတဲ့ မီးကို ညည်းလိုက်၊ အစုံပဲ ။
မညည်းနဲ့ ကိုယ်မှ မတတ်နိုင်တဲ့အပိုင်းတွေကို မသိချင်ယောင် ဆောင်နေလိုက်။ အနည်းဆုံး တော့ စိတ်အပူတွေ လျော့တယ်။

၄။ #အပြစ်မတင်နဲ့
ဒါက ၂၁ ရက် လုပ်ရတယ်။ လူ့စိတ်သဘာဝက အကျင့်တခုကို ၂၁ ရက် တည်ဆောက်ယူရတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။.အပြစ်တင်တာကလည်း စွဲနေတတ်တဲ့ အကျင့်မျိုး။ ၂၁ ရက် မပြောနဲ့ ၃ ရက်ဆို သိသိသာသာ စိတ်ချမ်းသာ လာမယ်။

၅။ #လူပူရှောင်ပါ
အမြဲတမ်း ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ စိတ်ပျက်အားငယ်စရာတွေချည့်ပဲ ပြောနေတတ်သူတွေကို ရှောင်ပါ။ သူတို့တွေက အတော်ကြာကြာအကျင့်ဖြစ်နေတော့ negative vibes တွေ အများကြီး ထုတ်လွှတ်နေတာကြောင့် ကိုယ်ပါရောပြီး ဘူလာတတ်တယ်။

ဒီလောက်လေးကိုပဲ ကြိုးစားပြီး လုပ်ကြည့်မယ် ဆိုရင် သိသိသာသာစိတ်ကြည်လူလန်းဖြစ်လာပါလိမ့်မယ်ဗျာ...

original link👇👇

https://www.facebook.com/100067918634979/posts/775425994731348/?mibextid=Nif5oz

28/04/2024
🤔ဖိုတိုသူများဟာ
28/04/2024

🤔

ဖိုတိုသူများဟာ

တနေ့တော့အရောက်လာမယ်လို့ ဂရုစိုက်ကြနော်
26/04/2024

တနေ့တော့အရောက်လာမယ်လို့
ဂရုစိုက်ကြနော်

ဧပြီ ၂၇ စနေနေ့ ဖြစ်နိုင်တဲ့ အမြင့်ဆုံး အပူချိန်များ (စင်တီဂရိတ်)အမြင့်ဆုံး - မကွေး မုံရွာ မန္တလေး - ၄၃°Cအနိမ့်ဆုံး - ဟား...
26/04/2024

ဧပြီ ၂၇ စနေနေ့ ဖြစ်နိုင်တဲ့ အမြင့်ဆုံး အပူချိန်များ (စင်တီဂရိတ်)

အမြင့်ဆုံး - မကွေး မုံရွာ မန္တလေး - ၄၃°C
အနိမ့်ဆုံး - ဟားခါး - ၂၇°C

Credit- THN freelance journalist

တို့ဆီကနှုတ်ဆက်တာ😄မီးလာရဲ့လား🤣Photo Credit 🙏
25/04/2024

တို့ဆီကနှုတ်ဆက်တာ😄

မီးလာရဲ့လား🤣

Photo Credit 🙏

24/04/2024

ခိုးရာလိုက်ပြေးတဲ့ လူငယ်စုံတွဲလေး
ဘုရားကျောင်းကို ရောက်လာတယ်....

သင်းအုပ်ဆရာက မေးတယ်...

အသက်ပြည့်ပြီလား...
နှစ်ဦးချစ်ကြိုက်တာ အမှန်လားပေါ့....

ကောင်လေးက
မနက်ဖြန်မှ မိန်းကလေးက ၁၈ နှစ်ပြည့်မည့်အကြောင်း၊
သူကတော့ ပြည့်ပြီးကြောင်း ပြန်ဖြေတယ်.....

သင်းအုပ်ဆရာက
မနက်ဖြန်လက်ထပ်ပေးမည့်အကြောင်း၊
ယခုည အတူမနေသင့်သေးကြောင်း၊
အခန်းထဲတွင် သူအလယ်က အိပ်မည့်အကြောင်း
ပြောတော့ လက်ခံကြပြီး ညကျတော့ ဖာသာကို
အလယ်ထားပြီး အိပ်ကြတာပေါ့.....

မနက်မိုးလင်းအိပ်ယာထတော့
ဖာသာက မျက်စိမျက်နှာ ပျက်နေတယ်.....
ကောင်လေးကလည်း လက်ထပ်ပေးဖို့
ဆက်တိုက်ပြောနေရော.....

နေ့လည်ကျတော့ ကောင်လေးက စိတ်ဆိုးလာပြီး
ဖာသာ့ကို ဘာလို့ လက်ထပ်မပေးသေးတာလဲ
အတင်းမေးတော့ မင်း အဲ့မိန်းကလေးကို
လက်မထပ်ပါနဲ့တဲ့......

ကောင်လေးက
ဘာဖြစ်လို့လဲ ငယ်ရည်းစားမို့ လက်ထပ်မှာဖြစ်ကြောင်း၊ လက်မထပ်ရမယ့် ဘာအကြောင်းရှိလို့လဲဆိုပြီး
အတင်းမေးတော့တာပေါ့.....

"ငါပြောရင် မင်းလက်ခံမလား...."

"ခိုင်လုံရင် လက်ခံမယ်...."

"မင်းကောင်မလေးက သစ္စာမရှိဘူး....
မင်းနဲ့ဒီနေ့ လက်ထပ်ရတော့မဲ့ဟာကို၊
ညက တစ်ညလုံး ငါ့ ဟိုဒင်းကို ကိုင်ထားတာ
မနက်မှ ပြန်လွှတ်ပေးတယ်......
ဒီမိန်းကလေးကို မင်းမယူသင့်ဘူး....."

"ဟာ အဲ့ဒါ သူ မဟုတ်ဘူး ကျွန်တော်ဗျ.....
ဖာသာ့ကို စိတ်မချလို့ ကျွန်တော်ကိုင်ထားတာ....."

🍂”စာမဖတ်သောနေ့ကို အဓိပ္ပာယ်မဲ့သောနေ့”လို့ ရှိတ်စပီးယားက ပြောခဲ့တယ်။  ”စာဖတ်ချိန် မရှိလောက်အောင် အောင်မြင်ဖို့ ကြိုးစားနေ...
24/04/2024

🍂”စာမဖတ်သောနေ့ကို အဓိပ္ပာယ်မဲ့သောနေ့”လို့
ရှိတ်စပီးယားက ပြောခဲ့တယ်။

”စာဖတ်ချိန် မရှိလောက်အောင် အောင်မြင်ဖို့ ကြိုးစားနေပါတယ် ဆိုတဲ့ သူတွေဟာ ဘယ်တော့မှ အောင်မြင်တဲ့သူတွေ ဖြစ်လာ
မှာမဟုတ်ဘူး” လို့ ကွန်ဖြူးရှပ်က ပြောခဲ့
တယ်။

ဆရာကြီးဦးအောင်သင်းကလည်း ”မင်းကိုမင်း ချစ်ရင် စာဖတ်ပါ၊ပညာသင်ပါ။

မိဘကိုချစ်ရင် စာဖတ်ပါ၊ပညာသင်ပါ။တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် စာဖတ်ပါ၊ပညာသင်ပါ” ပါလို့ ပြောကြားခဲ့ဖူးပါတယ် ........... ။

~ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိူင်တာ
စာဖတ်လို့ပါ။
~ အာရုံစူးစိုက်မှု အားကောင်းစေတာ
စာဖတ်လို့ပါ။
~ ဗဟုသုတများစွာကြွယ်ဝစေတာ
စာဖတ်လို့ပါ။
~ အတွေးအခေါ် မြင့်တက်လာနိူင်စေတာ
စာဖတ်လို့ပါ။
~ စိတ်ဖိစီးမှု လျော့ကျစေနိူင်တာ
စာဖတ်လို့ပါ။
~ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိူင်တာ
စာဖတ်လို့ပါ။
~ လူတွေကိုပိုပြီး နားလည်ပေးနိူင်တာ
စာဖတ်လို့ပါ။
~ အတွေးအကြံ အတွေ့အကြုံကို
လက်ဆင့်ကမ်းပေးနိူင်တာ
စာဖတ်လို့ပါ။
~ စာအုပ်ကောင်းတစ်အုပ်ဟာ
အခြားကမ္ဘာဆီ ဆွဲခေါ်သွားနိူင်တာ
စာဖတ်လို့ပါ။
~ ဘယ်သူတွေ ဘာပြောနေနေ မင်းကိုမင်း
ချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ။
~ မိဘကို ချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ။
~ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ။

မောင်သိမ်မွေ့ (မန်းတက္ကသိုလ်)

Photo credit

24/04/2024
 #ထိန်းသိမ်းသင့်တဲ့5M----------------ဒီ(5)ချက်ကို ထိန်းသိမ်းနိုင်ရင် ဘဝမှာ အပိုဒုက္ခတွေ၊ ပြဿနာတွေ၊ စိတ်ညစ်ရတာတွေ နည်းသွာ...
23/04/2024

#ထိန်းသိမ်းသင့်တဲ့5M
----------------

ဒီ(5)ချက်ကို ထိန်းသိမ်းနိုင်ရင်
ဘဝမှာ အပိုဒုက္ခတွေ၊ ပြဿနာတွေ၊ စိတ်ညစ်ရတာတွေ နည်းသွားနိုင်ပါတယ်။

(1)
ပါးစပ် (ပြောသင့်သလောက်ပဲ ပြော၊ လျှာ မရှည်မိစေနဲ့။ ကောင်းကျိုးမရှိတဲ့၊ မလိုအပ်တဲ့ စကားအပိုတွေ မပြောနဲ့။
နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ)

(1)
စိတ် (မကောင်းတာ မတွေးမိစေနဲ့၊ ကောင်းတာပဲ တွေးကြံပြီး စိတ်ကောင်းထား။ ကောင်းကျိုးမရှိတဲ့ အတွေးတွေ မတွေးနဲ့)

(3)
စိတ်ခံစားချက် (စိတ်လေတယ်ဆိုပြီး ဘဝကို မဖြုန်းတီးပစ်နဲ့။ စိတ်ခံစားချက် အတိုင်း မလိုက်ဘဲ ဦးနှောက်နဲ့ ဆုံးဖြတ်။ ကောင်းကျိုးမရှိတဲ့ အလုပ်တွေကို မလုပ်နဲ့)

(4)
အမူအကျင့် (ကိုယ့်အကျင့်စရိုက်ကြောင့် တပါးသူ စိတ်အနှောင့်အယှက် မဖြစ်စေနဲ့၊
သနားညှာတာ ကူညီတတ်တဲ့ သူဖြစ်ရင် ပိုကောင်း)

(5)
ပိုက်ဆံ (ရှာတတ်ရမယ်၊ ထိန်းသိမ်းတတ်ရမယ်၊ တိုးပွားအောင် လုပ်တတ်ရမယ်၊ သမ္မာအာဇီဝ ဖြစ်ရမယ်)

ဟဲ့ နာလဲအာ့လိုရိုက်ဦးမှ😄
20/04/2024

ဟဲ့ နာလဲအာ့လိုရိုက်ဦးမှ😄

၄၀ တန်းရောက်နေသူများအတွက်သာအက်ဒမင်တို့ငယ်ငယ်ကဆို အိမ်က ပုဆိုးတွေနဲ့ ဇာတ်ရုံလုပ်ပြီး ဇာတ်ကသေးတာ😄🤣Photo credit to original...
20/04/2024

၄၀ တန်းရောက်နေသူများအတွက်သာ

အက်ဒမင်တို့ငယ်ငယ်ကဆို အိမ်က ပုဆိုးတွေနဲ့ ဇာတ်ရုံလုပ်ပြီး ဇာတ်ကသေးတာ😄🤣

Photo credit to original uploader 🙏

'' ကို ကို့သမီးကိုပြောဦးရှစ်တန်းပဲရှိသေးတယ်ရည်းစားစာ အပေးခံနေရပြီ '''' ဟ အဲ့ဒါ ကလေးက ဘာမှားလို့လဲ ?? '''' ဘာမှားရမှာလဲ ဒ...
18/04/2024

'' ကို ကို့သမီးကိုပြောဦး
ရှစ်တန်းပဲရှိသေးတယ်
ရည်းစားစာ အပေးခံနေရပြီ ''

'' ဟ အဲ့ဒါ ကလေးက ဘာမှားလို့လဲ ?? ''

'' ဘာမှားရမှာလဲ ဒီအရွယ်လေးနဲ့
ပဲများတာကိုး ပေးမှာပေါ့ ''

'' ဟ သူလှချင်တာ အပြစ်လားဟ ? ''

'' ကိုမပြောရင် မေပြောလိုက်မယ်
ကို ကစကားပိုပေါက်လို့ ''

'' နေနေ ငါ ပဲပြောလိုက်မယ် !! ''

******************

'' သမီး ''

'' ရှင် ဖေဖေ ''

'' ကျောင်းမှာ အဆင်ပြေလား ? ''

'' ပြေပါတယ် ဖေဖေ ''

'' သမီးကို မေမေ ဘာပြောသေးလဲ ? ''

'' ဒီအရွယ်လေးနဲ့ပဲသိပ်များနဲ့ တဲ့
သူတို့တုန်းက ဒီအရွယ်ကလေးလိုနေတာ တဲ့ ''

'' သမီး ကလေးဟုတ်လားမဟုတ်လား
သမီးအသိဆုံးပဲ.....
ဖေဖေတို့မျက်လုံးထဲမှာတော့
သမီး က ကလေးပဲ...
ဒါပေမယ့် သမီးက ၁၃နှစ်သမီးဖြစ်နေ ပြီ... သမီးအပျိုဖော်ဝင်နေပြီ ''

'' ဟာ ဖေဖေကလည်း !!
သမီးက ကလေးပဲရှိသေးတာ ''

ကျနော် ရယ်မိတယ် ။
ကလေးတွေကလည်း
အဖေအမေကို ဒီလိုဂျင်းထည့်တတ်သား...!!!

'' သမီး လှချင်တာကို ဖေဖေ သဘောကျတယ်...
လှတယ်ဆိုတာလည်း အားသာချက် တစ်ခုပဲ
လှတဲ့မိန်းကလေးက အလှတရားနဲ့ဆိုင်တဲ့ကဏ္ဍမှာ ယုံကြည်ချက်ရှိတယ် ။
သမီးလှချင်တာကို ဖေဖေသဘောကျ တယ်... တစ်ခုပဲ...ဘာကြောင့်လှသင့်တယ်ဆိုတာကို
သမီးသဘောပေါက်ရမယ်... ! ''

'' ရှင် ''

'' လှချင်တယ်ဆိုတာ မိမိကိုယ်မိမိ တင့်တယ်အောင် ပြင်ဆင်ခြင်းပဲသမီး !
သမီးက ခြံလေးကိုလှအောင်ပြင်တယ်ဆိုပါစို့ ! သမီးခြံလေးကို လူတိုင်းကငေးမယ် သဘောကျမယ် ဆို သမီးမပျော်ဘူးလား ?? ''

'' ပျော်မှာပေါ့ ဖေဖေ ''

'' အဲ့ဒီ ခြံလှလှလေးထဲကို တွေ့သမျှ လူအဝင်ခံမလား ? ''

'' အဝင်မခံဘူး ဖေဖေ ! ''

'' ဘာလုပ်သင့်လဲ ? ''

'' ခြံစည်းရိုးကာရမယ် ''

'' ဒီ သဘောပါပဲ ! သမီး ခြံလေးကို လှအောင်ပြင်သလို သမီးကိုယ်သမီး လှအောင်ပြင်ပါ... !
ခြံလှလှလေးကိုငေးသလို
သမီးကိုငေးတဲ့အခါ ကျေနပ်ပါ
ဂုဏ်ယူပါ...!
တွေ့သမျှလူတော့ သမီးနားကို မကပ်စေနဲ့ ! သမီး...အိန္ဒြေ ကို ခြံစည်းရိုးလို ကာ,ထားပါ
ဖေဖေပြောတာ သဘောပေါက်ရဲ့လား ? ''

'' ဟုတ်ကဲ့ပါ ဖေဖေ ''

' 'သမီး စာပေးခံရတယ်ဆို ''

'' ဟုတ်တယ် ''

'' ဘယ်လိုခံစားရလဲ ? ''

'' ရှက်လည်းရှက်တယ်
ကြောက်လည်းကြောက်တယ် ''

'' မယုံကြည်မှုဟာ
ရှက်ခြင်းကိုဖြစ်စေတယ် သမီး !
သမီးကိုယ်သမီး ယုံကြည်မှုမရှိလို့ သမီးရှက်နေတာ...!!! သမီး စာပေးခံရတာကို
သမီးက ဘာမှားလို့ရှက်နေတာလဲ ???
သမီးယူခဲ့လား ? ''

'' မယူခဲ့ဘူးဖေဖေ ထွက်ပြေးလာတာ ! ''

'' သတ္တိဟာ ကာယခွန်အားမှာမတည်ဘူး သမီး ယုံကြည်ချက်မှာ တည်တယ် !
သမီးမမှားဘူးဆိုရင် ရင်ဆိုင်ရဲရမယ် !!!
ထွက်ပြေးလာစရာမလိုဘူး !
အဲ့ဒါက ပါးရိုက်ဖို့ ဆဲဆိုဖို့ပြော
တာမဟုတ်ဘူး... !!!
အိန္ဒြေရရ ငြင်းရဲဖို့ပဲ
မအော်ဘူး မငေါက်ဘူး..
sorryပါလောက်ကို ခပ်တည်တည် ပြောပြီး ထွက်လာခဲ့ သမီး...!!!
ကိုယ်ထိလက်ရောက်ဖြစ်ရင်တော့
ဖေဖေတို့ပါရှင်းပေးမယ်... ''

'' ရှင်ကလည်း ဒီစကားတွေပြော
ဖို့ ကလေးက ငယ်မနေဘူးလား ? ''

'' အေး မိန်းမရေ ... ငါရှစ်တန်းတုန်းက တော့ ရှစ်တန်းကျောင်းသူတွေကို ကလေးလို့မမြင်ခဲ့တာတော့ အမှန်ပဲ ''

သမီးက ဒီစကားကြားတော့ ရယ်တယ် ။
သမီးစိတ်ကို ကျနော်မြင်နေရပါတယ် ။
ဆေးပညာအရလည်း ဟော်မုန်းတွေ ပြောင်းလာရင် စိတ်ကစားတတ်လာ တာ ကျနော်သိနေပြီးသားပဲ !
ဒါဟာ အပြစ်မဟုတ်ဘူး !
ဒါဟာ သဘာဝ...!!!
သမီးအပေါ်ကို ကျနော်နားလည်နိုင် အောင်ကြိုးစားရမယ်...!!!

'' သမီး သမီး အိုးပုတ်ဂျိုးရုပ် ကစားချင် သေးလား...? ''

'' ဟင့်အင်း ဖေဖေ ပျင်းစရာကြီးကို ''

'' သမီးငယ်ငယ်တုန်းကတော့ တော်တော်ဆော့ပါတယ် ။ ဖေဖေဖွက်ထားလို့တောင် သမီးငိုသေးတယ်...မှတ်မိလား ? ''

' 'မှတ်မိတာပေါ့ ဖေဖေကလည်း
သမီးတောင် ငိုသေးတဲ့ဟာကို ''

'' အေး သမီး အဲ့ဒါဖေဖေ ရည်ရွယ်ချက်ရှိရှိဖွက်ခဲ့တာ...အဲ့ဒီတုန်းကတော့ အိုးပုတ်တွေကသာ
ပျော်စရာလို့ သမီးကထင်ခဲ့တယ် !
သမီးက ကလေးပဲရှိသေးတာကိုး !!!
ဥာဏ်ရည်နိမ့်သေးတာကိုး !!!
ဖေဖေတို့အတွက် အဓိပ္ပယ်မရှိတဲ့
အိုးပုတ်လေးက သမီးအတွက် အဓိပ္ပယ်ရှိခဲ့ဖူးတယ်...!!
ဒီအရွယ်မှာ ဆော့ဆိုရင် သမီးဆော့မှာမဟုတ်တော့ဘူး...!!!
အဲ့ဒိအရွယ်တုန်းကတော့
ဖွက်ခဲ့တဲ့ဖေဖေ့ကို သမီးစိတ်တိုခဲ့တယ်လေ...''

'' ဖေဖေက ဘာပြောချင်တာလဲ ? ''

'' လာမယ်လေ...အခုသမီး ဒီအရွယ်... အပျိုဖော်ဝင်စ အရွယ်... သမီးရင်ခုန်တတ်လာမယ် ။
ကောင်လေးတွေချောရင် သဘောကျ တတ်လာမယ်...။
သမီး အသက်အရွယ်မှာတော့
အဲ့ဒါဟာ သိပ်ပျော်စရာပဲ....!!!
ဖေဖေတို့ကတားရင် သမီးအိုးပုတ်လေးကို ဖွက်ခဲ့သလို သမီး ဖေဖေ့ကို စိတ်တိုမယ် !!!

သမီး ငယ်ငယ်က သမီးဆော့ခဲ့တဲ့
အိုးပုတ်ဂျိုးရုပ်က သမီးကို ဒုက္ခမပေး
ဘူး... အဓိပ္ပာယ်မရှိမှန်း သိရက်နဲ့
သမီးပျော်ပါစေဆိုပြီး...
ဖေဖေတို့ ခွင့်ပြု ခဲ့တယ်...!!!

အခုဒီအရွယ်မှာ သမီးရဲ့
အိုးပုတ်ဂျိုးရုပ်လေးကို ဖွက်ရလိမ့်ဦးမယ် !!!
ဒီအရွယ်မှာ ဆော့ချင်မယ့် အိုးပုတ်ဂျိုးရုပ်က
အန္တရာယ်ရှိတယ် ''

'' ရှင် ''

'' ဖေဖေမကြိုက်တဲ့ ခေါက်ရိုးကျိုး
စကားလုံးတွေ ရှိတယ် ။
ကလေးလိုပဲနေ !
ရည်းစားမထားနဲ့ !
စိတ်မကစားနဲ့ စတဲ့စကားတွေပေါ့...

ခေတ်အဆက်ဆက်ပြောခဲ့
ခေတ်အဆက်ဆက်ဖီဆန်ခဲ့...

ဖေဖေကတော့ ဖောက်ထွက်မယ်
သမီးကို ရည်းစားမထားနဲ့လို့
မပြောဘူး ။
ဒီအရွယ်မှာ ရည်းစားထားရင်
မှားတယ်လို့ပြောမယ် ။
သမီးကို အမိန့်မပေးဘူး
ပညာပဲ ပေးမယ်...
သမီးကို ဖေဖေယုံကြည်နေသ၍
အမိန့်မပေးဘူး အကြံပဲပေးမယ်...။

သမီး သိမှာပါ !!!
ဖေဖေက သမီးစာကြည့်လို့
အမိန့်မပေးခဲ့ဘူး ။
သမီးကို စာကြည့်သင့်ကြောင်းပဲ
ပြောခဲ့တာ...
သမီးနားလည်ရဲ့လား ? ''

'' ဟုတ်ကဲ့ ဖေဖေ ''

'' သမီးက ဖေဖေတို့အတွက် ကလေးပါ ။
ဒါပေမယ့် လူ့ပါတ်ဝန်းကျင်မှာ
သမီး က ကလေးမဟုတ်တော့ဘူး !
ဒီတော့ ယုံကြည်ရဲရင့်ပါ !!!
အိန္ဒြေရပါ... သမီးအပျိုဖြစ်နေပြီ...''

'' ဟာ ဖေဖေကလည်း ''

'' အေ့လေ ကိုကလည်း သမီးလေးကို ''

'' ငါတို့အတွက် ကလေးလေးပါပဲ !!!
ဒါပေမယ့် သမီးက ငါ့တို့အတွက်ချည်း
ဖြစ်လာတာမဟုတ်ဘူး ။
သူ့အတွက်သူ ဖြစ်လာတာ...
ဒါငါ့တို့အတွက် အသက်သိစရာမလိုတဲ့
ကလေး ၊ လူ့အဖွဲ့အစည်းအတွက် ၁၃ နှစ်အရွယ်
အပျိုပေါက်မလေး...''

*************************
ဒီစကားတွေဟာ တစ်ထိုင်တည်း
ပြောဖို့တော့ အဆင်မပြေလောက်ဘူး ။
ဒါပေမယ့်... ဖခင်တစ်ယောက်အဖြစ် သမီးအပေါ်မှာ ပွင့်လင်း ရဲရင့်သင့် တယ်... ။
သဘာဝဟာ အပြစ်မဟုတ်ဘူး ။
ဒါကိုလည်း နားလည်ပေးရမယ် ။

အဲ့ဒိသဘာဝဟာ မထိန်းကြောင်းနိုင် ရင် အဲ့ဒီသဘာဝလေဒဏ်ကို မခံနိုင်
ရင် လှေကလေးမှောက်သွားလိမ့်မယ်...!
လေကိုမတိုက်နဲ့ တားမရလို့
လှေကိုပဲ မမှောက်အောင်ထိန်းရ
မယ်..!!!

'' သမီးလေးရေ... လူဆိုတာ
လောကဓံလှိုင်းချက်တွေအပေါ်က
လှေကလေးပါ !!! လူးမယ် လွန့်မယ်
လှေလေးမမှောက်ဖို့......မိမိမှာသာ တာဝန်ရှိပါတယ်...''

Credit to original writer

#ဘဝရဲ့ခရီးသည်

17/04/2024
🤣ဆမီးတော့ကြောက်ကြောက်
13/04/2024

🤣
ဆမီးတော့ကြောက်ကြောက်

ပစ္စည်းကောင်းလေးတွေမို့'သင်္ကြန်ပရိုမိုးရှင်း'ပေးပြီနော်
ယူချင်တယ်ဆို🤣 "ယူ"တစ်လုံးပဲမန့်သွားပေး 🤣

မင်မင်ပါ 🤣ဒါ့ပုံသများဟာ
13/04/2024

မင်မင်ပါ 🤣

ဒါ့ပုံသများဟာ

ကဲ ဖြေခဲ့ပေးကြပါဦး အချစ်ကလေးတို့ရယ် ❤️
13/04/2024

ကဲ ဖြေခဲ့ပေးကြပါဦး အချစ်ကလေးတို့ရယ် ❤️

2024 တွင် စနိုးဝှိုက် မင်းသမီးလေးမြန်မာနိုင်ငံတွင် လူဝင်စားလေသည်။စနိုးဝှိုက် မှာ Atom ဖြင့် သူငယ်ချင်းဆီဖုန်းဆက်ရာ ဖုန်း...
13/04/2024

2024 တွင် စနိုးဝှိုက် မင်းသမီးလေး
မြန်မာနိုင်ငံတွင် လူဝင်စားလေသည်။

စနိုးဝှိုက် မှာ Atom ဖြင့် သူငယ်ချင်းဆီ
ဖုန်းဆက်ရာ ဖုန်းလိုင်းများကြောင်ပြီး မင်းသားဆီ
ရောက်သွား၊ မင်းသားနှင့် ဖုန်းပြော၊ အီစီကလီ
ရိုက်ရာမှ မြန်မာကားဆန်စွာ ရည်းစားများ
ဖြစ်သွားကြ၏... 💕

စနိုးဝှိုက်ကို ကြည့်မရတဲ့ စုန်းမကြီးမှာ i pad ကြီး
ရှေ့ချ၍ " ဒီနားတစ်ဝိုက် မှာ ဘယ်သူအလှဆုံးလဲ "
ဟု စံဇာဏီဘို၏ online ဗေဒင် နှိပ်လိုက်ရာ စံဇာဏီဘိုမှ " စနိုးဝှိုက် အလှဆုံး " ဟု ဖြေလေသည်။

ဤတွင် စုန်းမကြီးမှာ ဒေါသအမျက် ချောင်းချောင်းထွက်ကာ စနိုးဝှိုက်ကို မမြင်ချင်တော့သဖြင့်
ကိုရီးယားကားထဲကလို အမေရိကသို့ ပညာတော်သင် မစေလွှတ်ပဲ မြောက်ကိုရီးယားသို့ စေလွှတ်လိုက်ရာ စနိုးဝှိုက်ဟာ
မြောက်ကိုရီးယားတွင် လူပုလေး ၇ ယောက်နှင့်အတူနေရလေသည်။

စုန်းမကြီးက online ဗေဒင် နောက်တစ်ခါထပ်မေးရာ စံဇာဏီဘိုက " စနိုးဝှိုက် အလှဆုံး " ဟုပင် ထပ်ဖြေသဖြင့် ဒေါသထွက်ကာ i pad ကြီးကို ရိုက်ခွဲလိုက်၏။ ထို့နောက် ရုပ်ဖျက်ကာ စနိုးဝှိုက်ကို လုပ်ကြံရန် စီစဥ်တော့သည်။

စနိုးဝှိုက် မြန်မာပြည်ကို လူပုလေး ၇ ယောက်နှင့်
အတူ ပြန်ရောက်လာစဥ် စုန်းမကြီးက ပိုင်တံခွန်
ကဲ့သို့ တက်တူးများ နှင့် 6 packs များထားကာ ရုပ်ဖျက်၍ coffee mix ထုပ်ထဲတွင် 500 ks ဟု ရေးထည့်ကာ စနိုးဝှိုက်အား သွားပေးလေ၏။

စနိုးဝှိုက် မှာ coffee mix ထုပ် ဖောက်ကြည့်လိုက်ရာ တစ်သက်လုံး Thank You ဟု တွေ့လာရာမှ ယခု 500 ks ဟု တွေ့လိုက်ရသဖြင့် ဝမ်းသာလုံးဆို့ကာ Heart Attack ဖြင့်ခေါက်ခနဲလဲသေလေတော့၏။

စနိုးဝှိုက်ကို ဆေးရုံချက်ချင်းပို့ရန် အိမ်နီးချင်းများက ပြောသော်လည်း လူပုလေး ၇ ယောက်က
" ပိုက်ဆံမပါရင် လူသေကိုတောင် ပြန်ရှင်အောင်
ကုမပေးတဲ့ဆေးရုံ မသွားဘူးကွာ " ဟု ဝိုင်းငြင်းကြပြီး စနိုးဝှိုက်အလောင်းကို Sweety Home မွေ့ယာပေါ်တင်၍ ဝိုင်းငိုကြလေသည်...

ထိုစဉ် မင်းသားမှာ စနိုးဝှိုက် အလောင်းအနား
ရောက်လာကာ နားနား ကပ်ပြီး " မီးလာပြီ " ဟု ခုနစ်ချီသံနှင့် အော်လိုက်ရာ စနိုးဝှိုက်ဟာ အကျင့်ပါနေသဖြင့် ငုတ်တုတ်ထထိုင်ကာ " ဟေး " ဟု
အော်လေ၏။

ဤတွင် စနိုးဝှိုက် ပြန်ရှင်သွားကာ မင်းသားနှင့် ညား၍ အပိတ်သီချင်းအနေဖြင့် ကျီစားသလား
သီချင်းဖြင့် နှစ်ယောက်သားဒွန့်ကာ ပိတ်ကားချလေတော့သတည်း။
မြန်မာပြည်မှာ မီးသည် အာ့လောက် အရေးပါ၏။
ဤတွင်ဇာတ်လမ်းပြီး၏။ ( THE END )

Credit

ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ...
07/04/2024

ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။

အဲ... ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက် သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။

သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။

အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရေရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။

တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရပြန်တယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း မဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..

အဲ့အချိန်မှာဘဲ.. အဲ့ဒီ အဖြစ်အပျက်တွေကို " ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲ” က ပြုံးနေလေသတဲ့ ...
😆

(ဘ၀အမောပြေနိုင်ကြပါစေ)
မူရင်း post တင်သူကိုလေးစားစွာ credit ပေးပါသည်🙏

Address

10, Myakanthar Shop House, Mya Kan Thar Street , 2 Quarter
Yangon
11041

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 14:00

Telephone

959420048320

Alerts

Be the first to know and let us send you an email when Travel Corner Myanmar- Ticketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel Corner Myanmar- Ticketing:

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Yangon

Show All