T4 Express Myanmar

T4 Express Myanmar Travel agent

04/06/2018

စက်ရုံဖယ်ရီ/
တက္ကသိုလ်ဖယ်ရီများအတွက်
T4 Express ကို
လချင်းပေးစနစ်ဖြင့်
ဆက်သွယ်ငှားရမ်းနိုင်ပါပြီရှင့်..

၂၀၁၈ ခုနှစ်အတွက်
ဈေးတွေကို
အရင်နှစ်တွေထက် လျှော့ပြီး
သတ်မှတ်ထားတဲ့အပြင်
ညှိနှိုင်းဆောင်ရွက်ပေးသေးတာဖြစ်တဲ့အတွက်
ဈေးနှုန်းအတွက် စိတ်မပူပဲ

☎️Hot Line: 09402383992, 09450962475
ကိုဆက်သွယ်ပြီး စုံစမ်း ငှားရမ်းနိုင်ပါပြီနော်

🌿🌿T4 Express မှ ကျွမ်းကျင်ယာဉ်မောင်းများခေါ်ယူခြင်း🌿🌿T4 Express မှ အလည်အပတ်ခရီးစဉ်များနှင့် ဘုရားဖူး ခရီးစဉ်များကို မောင်...
17/03/2018

🌿🌿T4 Express မှ ကျွမ်းကျင်ယာဉ်မောင်းများခေါ်ယူခြင်း🌿🌿

T4 Express မှ
အလည်အပတ်ခရီးစဉ်များနှင့်
ဘုရားဖူး ခရီးစဉ်များကို
မောင်းနှင်ရန်အတွက်
မြန်မာပြည်အနှံ့တွင်ရှိ လမ်းများအား
ကျွမ်းကျင်မှုရှိပြီး
လုပ်သက် အနည်းဆုံး ၃ နှစ်ရှိကာ လိုင်စင်အနီ
ကိုင်ဆောင်ထားသော ကျွမ်းကျင်ယာဉ်မောင်း (၅)ဦး
အလိုရှိပါတယ်....🤗🤗

လျှောက်ထားလိုသူများအနေဖြင့်
T4 Express Page ၏ Messenger မှ
CV ပုံစံကို ပေးပို့၍ လျှောက်ထားနိုင်ပါတယ်....

အသေးစိတ် သိရှိလိုပါက
☎️Hot Line: 09450962475 သို့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်.....

🌿🌿T4 နဲ့ ပျော်ပျော်ပါးပါး ခရီးသွားကြမယ်🌿🌿သူငယ်ချင်းတို့ရေ....T4 နဲ့အတူ ပျော်ပျော်ပါးပါး သွားလာနိုင်မယ့် ခရီးစဉ်လေးတွေကတေ...
16/03/2018

🌿🌿T4 နဲ့ ပျော်ပျော်ပါးပါး ခရီးသွားကြမယ်🌿🌿

သူငယ်ချင်းတို့ရေ....
T4 နဲ့အတူ ပျော်ပျော်ပါးပါး သွားလာနိုင်မယ့် ခရီးစဉ်လေးတွေကတော့

1. ချင်းပြည်နယ် ခရီးစဉ်
2. ပုဂံ ~ စွယ်တော်လေးဆူ ~ ပုပ္ပါး ခရီးစဉ်
3. လွိုင်ကော် ~ ဒီမောဆို ~ ပန်ပက် ခရီးစဉ်
4. ကလော Trekking ခရီးစဉ်
5. ထားဝယ် ~ ရှင်ကိုးရှင် ~ မောင်းမကန် ကမ်းခြေ ~ မျှော်ရစ်ခရီးစဉ်
6. မြိတ်ကျွန်းစု ခရီးစဉ်
7. တောင်ကြီး ~ အင်းလေး ~ မြသပိတ် ရေပြာအိုင်
~ ပင်းတယ ~ ကလော ~ ထမ့်စမ်းဂူခရီးစဉ်
8. မန္တလေး ~ ပြင်ဦးလွင် ~ ကျောက်စိမ်းဘုရား ~ စစ်ကိုင်းခရီးစဉ်
9. ငပလီ ကမ်းခြေ ခရီးစဉ်
10. မန္တလေး ~ မုံရွာ ~ အလောင်းတော်ကဿပ ~ စစ်ကိုင်း ခရီးစဉ်
11. မြစ်ကြီးနား ~ ဗန်းမောက် ~ အင်းတော်ကြီး ~ ဆဒုံးရေတံခွန် ခရီးစဉ်
12. မြစ်ကြီးနား ~ ပန်ဝါ ~ ထိန်ချုံး ~ ဆဒုံး ရေတံခွန် ခရီးစဉ်
14. မိုးကုတ် ~ မန္တလေး ခရီးစဉ်
15. မန်းရွှေစက်တော် ~ မကွေး ခရီးစဉ်
16. ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်
17. ကရင်ပြည်နယ် ခရီးစဉ်
18. မော်လမြိုင် ခရီးစဉ်
19. သံတောင် ခရီးစဉ် ….
20. ပြည် ~ ထုံးဘို ~ အကောက်တောင် နေ့ချင်းပြန်ခရီးစဉ်
အစရှိတဲ့ ခရီးစဉ်တွေကို အလှည့်ကျ စီစဉ်ပြေးဆွဲလျက် ရှိပါတယ်နော်....

🔉🔉လက်မှတ်များကို ဖုန်းဆက်မှာယူပါက
ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့
အစီအစဉ်လဲ ရှိတဲ့အတွက် လက်မှတ်ဝယ်ရမယ့်အချိန်ကို
သီးသန့် ပေးစရာ မလိုတော့ဘူးပေါ့...🔉🔉

သီးသန့်သွားလိုသောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့်
ကျောင်းများကိုလည်း စင်းလုံးငှား အထူးဈေးနှုန်းများဖြင့် စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင့်...

💁ခုံနေရာကောင်းလေးတွေရယူနိုင်ဖို့
☎️Hot Line: 09402383992, 09450962475 ကိုအခုဘဲဆက်သွယ်ပြီးမှာယူနိုင်ပါပြီနော်...

ပြည်- အကောက်တောင် ခရီးစဉ်သွားချင်တဲ့သူတွေရှိလား ❗️❗️ပြည်မြို့ရဲ့ သမိုင်းအကျဉ်းလေးကိုလဲ အောက်မှာ ရှင်းပြထားတယ်နော့်...🌿(၂...
15/03/2018

ပြည်- အကောက်တောင် ခရီးစဉ်သွားချင်တဲ့သူတွေရှိလား ❗️❗️

ပြည်မြို့ရဲ့ သမိုင်းအကျဉ်းလေးကိုလဲ အောက်မှာ ရှင်းပြထားတယ်နော့်...

🌿(၂၇၀၀၀)ကျပ်တည်းနဲ့  မြန်မာနိုင်ငံဧ။် တန်ခိုးကြီးဘုရားများ၊ သမိုင်းဝင်သရေခေတ္တရာမြို့ဟောင်းနဲ့ ပင်ပန်းသမျှအပန်းပြေသွားစေမယ့် ရင်သပ်ရှုမောဖွယ်ရာ ရှုမြော်ခင်းများ တည်ရှိရာ ပြည်မြို့လေးဆီသို့
T4 နဲ့အတူ လိုက်ပါနိုင်မယ့်

🌿ရန်ကုန်- ပြည်- ထုံးဘို- အကောက်တောင်- ရန်ကုန် နေ့ချင်းပြန် ခရီးစဉ်

💁 Mar 24 ည (၉:၀၀) ရန်ကုန်မှကားစတင် ထွက်ခွာမှာဖြစ်ပြီး
Mar 25 တွင် ရန်ကုန်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်နော်..💁🏻‍

🌿ခရီးစဉ်တလျှောက်လည်ပတ်မယ့်နေရာလေးတွေကတော့

🍂ပြည်မြို့ဧ။်ကျက်သရေဆောင် ရွှေဆံတော်ဘုရား

🍂ထူးခြားအံ့သြဖွယ်ကောင်းသော တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရား

🍂ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်း နှင့် ပြတိုက်

🍂ဗိသာနိုးဘုရင်မကြီး၏ကောင်းမှုတော်ဘော်ဘော်ကြီးဘုရား

🍂ပြည်မြို့အပြန် လက်ဆောင် ၀ယ်ရန် ယိုမျိုးစုံ နှင့် မလိုင်လုံး များ ရောင်းချသော ဈေးဆိုင်တန်း များ

🍂မုနိလေးဆူတွင် တစ်ဆူအပါဖြစ်သော ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရား

🍂ဧရာဝတီမြစ်အလှအပနှင့်အတူ တောင်နံရံကမ်းပါးတွင် ထွင်းထုပူဇော်ထားသည့် ဘုရားများကိုဖူးမျှော်ရမည့် အကောက်တောင်

🍂မျက်စိဝေဒနာရှင်များ ဖူးမျော်သင့်သည့် ရွှေတောင်မြို့ရှိ ရွှေမျက်မှန်ဘုရား တို့ဖြစ်ပါတယ်...

💁ဒီခရီးစဉ်လေးအတွက် အတွေ့အကြုံရှိတဲ့ Car Driver နဲ့ Review အမိုက်စားလေးတွေရထားတဲ့ Tour Leaderက ဦးဆောင်သွားမှာဖြစ်ပြီး Air Con Express ကားအမိုက်စားလေးတွေနဲ့ အတူ T4 က စီစဉ်ထားပါတယ်နော်.. 🙂💁

ဒါ့အပြင်သီးသန့် ၀န်ဆောင်မှုအနေနဲ့ ကားပေါ်မှာ ရေသန့် နဲ့ စနိုးတာဝါပါရှိမှာဖြစ်ပါတယ်ရှင့်...

💁T4 ခရီးစဉ်ရဲ့ထုံးစံအတိုင်း မနက်စာ နဲ့ နေ့လည်စာ တော့မပါဝင်ပါဘူးနော်သူငယ်ချင်းတို့...❌❌ ဒါပေမယ့် စိတ်မပူပါနဲ့
T4 ကဦးဆောင်ပြီးသန့်ရှင်းကောင်းမွန်တဲ့ စားသောက်ဆိုင်လေးတွေကိုအရောက်ပို့ဆောင်ပေးသွားမှာပါနော်..

သီးသန့်သွားလိုသောကုမ္ပဏီများ၊ အဖွဲ့အစည်းများ နှင့် ကျောင်းများကိုလည်း အထူးနှုန်းထားများဖြင့် စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင့်..

💁ခုံနေရာကောင်းလေးတွေရယူနိုင်ဖို့
☎️Hot Line: 09402383992, 09450962475 ကိုအခုဘဲဆက်သွယ်ပြီးမှာယူနိုင်ပါပြီနော်...☎️

သူငယ်ချင်းတို့အားလုံး အောက်မှာရေးထားတဲ့
ပြည်မြို့ရဲ့ သမိုင်းလေးကို ဖတ်ကြည့်လိုက်ကြပါဦးရှင့်..
👇👇👇👇👇

နှစ်ပေါင်း (၂၀၀၀)ကျော် န၀၀ါသီ (သို့မဟုတ်) ပြည်မြို့ သမိုင်းအကျဉ်း

အင်္ဂလိပ်တို့သည် န၀၀ါသီ (ပြည်မြို့)ဟောင်းနှင့် ပြည်ရွှေနန်းတို့ကို လုံးဝအစဖျောက် ဖြိုဖျက်ပြီးနောက် သာမန်ပြည်မြို့သစ်ကို ခရစ်နှစ် (၁၈၆၂)ခုနှစ်တွင် ၎င်းတို့စိတ်တိုင်းကျ မြို့ကွက်ရိုက်ခဲ့ . . .
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ဘုရားဖြစ်သည်မှ (၉)ကိုးလမြောက်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ပြာသိုလပြည့်၊ ဘီစီ(၅၇၇)တွင် သီဟပဗ္ဗတ အမည်ရှိသော “ဖိုးဦးတောင်”သို့ ပထမအကြိမ် ကြွရောက်တော်မူပြီးနောက် (၁၂)နှစ်ကာလကြာသော် ဝေဋ္ဌဒီပမင်း၏သားတော် သီရိခေတ္တမင်းသားသည် မိမိ၏နောက်လိုက် ဗိုလ်ခြေအများ နှင့်တကွ မြို့သစ်တည်ထောင်ရန်အတွက် သလ္လာဝတီ ဧရာဝတီမြစ်များကို ကူး၍မြို့သစ်တည်ရန် နေရာ ရှာဖွေကြသည်။

ယခု ပြည်မြို့တည်ရှိရာ အရပ်သို့ ရောက်ကြရာတွင် မြို့သစ်တည်ရန် မြေအနေအထား အလွန်ကောင်းမွန် သင့်မြတ်လှသဖြင့် သီရိခေတ္တမင်းသားသည် ပညာရှိတို့အား အတိတ်၊ နိမိတ်ဖတ်စေသည်။ ပညာရှိတို့က ဤအရပ်၌မြို့သစ် တည်သည်ရှိသော် ကြည့်ရှုမစသူများပြီး အဓွန့်ရှည်စွာ တည်လတ္တံ့၊ သားတော်မြေးတော် အစဉ်အဆက် ဘုန်းတန်ခိုးကြီးမားသော မင်းများဖြစ်၍ “ဂဠုန်နဂါး”တို့ကို အစိုးရလတ္တံ့ဟု နိမိတ်ကောင်း ဖတ်ကြားကြကုန်၏။

သီရိခေတ္တမင်းသားသည် ထိုသို့သောမင်္ဂလာ အတိတ်နိမိတ်တို့ကို အကြောင်းပြု၍ ဘီစီ(၅၈၉)၊ မဟာသက္ကရာဇ် (၁၁၅)ခု၊ တပေါင်းလဆန်း(၁) ရက်မှ အစပြု၍ မြို့အင်္ဂါ အစုံအလင်ဖြင့် တည်ဆောက်ရာ လပြည့်နေ့တွင် ပြီးစီး လေသည်။ မြို့အမည်ကိုလည်း တောအုပ်ကို အသစ်ခုတ်ထွင် ရှင်းလင်း၍ မြို့သစ် တည်ထောင်သောကြောင့် ““န၀၀ါသီ””ဟု ကမ္ပည်းမော်ကွန်း ထိုးခဲ့ပေသည်။ ဤသို့ န၀၀ါသီတွင် မင်းများစဉ်ဆက်မပြတ် စိုးစံလာကြရာ တွင် ရှရီချေတ္တရ(သို့) သရေခေတ္တရာ မြို့ပြနိုင်ငံတော် ခေတ်တွင်လည်း သရေခေတ္တရာ ပြည့်ရှင် ဒွတ္တဘောင် မင်းကြီးသည် ယောက်ဖတော် “နန္ဒသူရိယ” မင်းသားကို သာသနာနှစ် (၁၀၅)ခုနှစ်တွင် န၀၀ါသီ (ပြည်မြို့)၌ ထီးနန်းပြု၍ အုပ်ချုပ် မင်းပြုစေခဲ့သည်။

ပုဂံမြို့တည် သမုဒ္ဒရာမင်းသည် သီဟသူကို သမီးတော် သာလာဝတီနှင့် လက်ထပ်ပေးပြီး ထီးဖြူနှင့်တကွ မင်းမြောက် တန်ဆာတို့ကို ပေးသနား၍ နန်းတည်ပြီးလျှင် သက္ကရာဇ် (၈၁)ခုနှစ်တွင် န၀၀ါသီ(ပြည်မြို့)တွင် မင်းပြုစေပြီး သတိုးသီဟ ရာဇာဘွဲ့တော် အပ်နှင်းခဲ့သည်။

ဤသို့ဖြင့် န၀၀ါသီ (ပြည်မြို့)သည် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထောင်သည့် မြို့တစ်မြို့ ဖြစ်ကြောင်း မြန်မာ့ရှေးဟောင်း စာပေသမိုင်းများက မှတ်တမ်းပြု ထားခဲ့သည်။ ဤသို့ဖြင့် န၀၀ါသီမြို့သည် ဘုရားရှင်လက်ထက် ကာလကပင် မြို့တစ်မြို့အဖြစ် နှစ်ပေါင်း (၂၀၀၀)ကျော် ထင်ရှား ရပ်တည်လာခဲ့ သော်လည်း သရေခေတ္တရာပြည်ကြီး လုံးဝပျက်သုဉ်းသွားသည့် နောက်ပိုင်း ကူးသန်း သွားလာမှု လွယ်ကူသည့် ဧရာဝတီ မြစ်ကမ်းပါးရှိ န၀၀ါသီမြို့သို့ သရေခေတ္တရာ ပျူလူမျိုးများ ပြောင်းရွှေ့ နေထိုင်လာကြသည်။ န၀၀ါသီမြို့တွင် ပျူလူဦးရေ တဖြည်းဖြည်းများလာပြီး ပျူလူမျိုးတို့ အမျိုးအနွယ် အစဉ်အလာမပျက် နေထိုင် လာသည်ကို အစွဲပြု၍ “ပျူမြို့”ဟု ခေါ်တွင်ခဲ့ကြသည်။

ဤသို့ဖြင့် န၀၀ါသီမြို့ အမည်ပျောက် ပြီးပျူမြို့မှ နောင်အခါတွင် “ပြည်မြို့”ဟူ၍ ခေါ်တွင် ထင်ရှားလာသည်မှာ ယနေ့တိုင် ဖြစ်ပေသည်။ (ပျူလူမျိုးများ နေထိုင်ခဲ့သည့် မှော်ဇာကျေးရွာ အနီးတွင် မြို့ရိုးများ၊ ဘုရားစေတီ၊ ပုထိုးများ၊ ဂူသင်္ချိုင်း နှင့်ပျူခေတ် ယဉ်ကျေးမှု ပြတိုက်လည်းရှိသည်။)
ပုဂံပြည့်ရှင် နရသီဟပတေ့မင်း (တရုတ်ပြေးမင်း)၏ သားတော်သီဟသူ (၆၀၄-၆၄၆)သည် ပြည်မြို့ကို မြို့အင်္ဂါရပ်များနှင့် အညီ ပြန်လည် အသစ်တည်ဆောက်ခဲ့သည်။ ပြည်မင်းသီဟသူသည် ရှေးမင်းအဆက်ဆက် တည်ဆောက် စိုးစံခဲ့သော ပြည်မြို့ဟောင်းကိုပင် ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပစ္စင် အစရှိသော မြို့အင်္ဂါရပ်များဖြင့် ပြည်ရွှေနန်းမြို့ကို အခိုင်အမာ တည်ဆောက် မင်းပြုခဲ့သည်။

ထိုသို့ဖြင့် ပြည်မြို့သည် တစ်ခါတစ်ရံ ဘုရင်အုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း၊ မြို့စားမြို့ဝန် အုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း၊ မြို့စားမြို့ဝန် အုပ်ချုပ်သော မြို့အဖြစ်လည်းကောင်း အသွင်အမျိုးမျိုးဖြင့် စိုးစံအုပ်ချုပ် ခဲ့ရာမှ ခရစ်နှစ် (၁၈၅၂)ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် တိုင်းတစ်ပါး ကျူးကျော် နယ်ချဲ့အင်္ဂလိပ် တို့၏ ကိုလိုနီ လက်အောက်သို့ ပြည်မြို့ကျရောက်ခဲ့ရပြီး သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရသည်။ ပြည်ရွှေထီး၊ ရွှေနန်း လည်း ကွယ်ပျောက် ခဲ့ရပေတော့သည်။

ခရစ်နှစ် (၁၈၅၂)ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့သည် ပြည်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထောင်စိုးစံခဲ့သည့် ပြည်ရွှေနန်း မြို့နေရာပေါ်တွင် အင်္ဂလိပ်တို့က အကျဉ်းသား ချုပ်နှောင်ရာ အကျဉ်းထောင်ကိုဦးစွာ ပထမတည်ထောင်ခဲ့သည်။ (ပြည်ရွှေနန်းတော်သည် ယနေ့စည်ပင်သာယာ ဈေးကြီးနေရာဖြစ်သည်။)
အင်္ဂလိပ်တို့သည် မြန်မာမင်းများ နှစ်ပေါင်း (၂၀၀၀)ကျော် တည်ထောင်စိုးစံခဲ့သည့် ပြည်ရွှေ နန်းမြို့ကို လုံးဝ အစဖျောက် ဖျက်သိမ်းပြီး ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ သာမန်မြို့သစ် တည်ဆောက်ရန် မြို့သစ် တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ကြိုးပမ်းခဲ့ကြသည်။

ဤသို့လုပ်ဆောင်ရင်း (၁၀)နှစ် အကြာ ခရစ်နှစ်(၁၈၆၂) ခုနှစ်တွင် ပြည်မြို့၌ မြို့လုံးကျွတ် အရပ်လေးမျက်နှာ တစ်ပြိုင်နက်တည်း မီးအကြီး အကျယ် လောင်ကျွမ်းခဲ့သည်။ မြန်မာမင်းများ တည်ထောင်ခဲ့သည့် ပြည်တစ်မြို့လုံး ပြာပုံဘ၀ ရောက်ခဲ့ရပြီး မရိုးသားသည့် လုပ်ကြံ မီးလောင်တိုက်သွင်းမှု တစ်ရပ်ပင်တည်း။ အင်္ဂလိပ်တို့၏ အကြံပက်စက် ရက်စက် ယုတ်မာလှသည့် လုပ်ကြံမှုတစ်ရပ် ဖြစ်သည်။

အင်္ဂလိပ်တို့သည် မြန်မာတိုင်းရင်းသားများ ဇာတိသွေး ဇာတိမာန်၊ အမျိုးသားရေး စိတ်ဓာတ် လုံးဝချုပ်ငြိမ်း ပျောက်ကွယ်စေရန် ကိုလိုနီအုပ်ချုပ်ရေး၊ ယန္တရား စတင် အကောင်အထည်ဖော်ရန် ရည်မှန်းချက်ဖြင့် ဗုဒ္ဓဘုရားရှင် လက်ထက်ကပင် စတင်တည်ဆောက်ခဲ့သည့် ပြည်ရွှေနန်းမြို့ကို အစအနမကျန်အောင် အုတ်မြို့ရိုးများကို ဖြိုချပြီး ကျုံးများကို လုံးဝပျောက်ကွယ်သွားသည်အထိ မြေဖို့ခဲ့ကြသည်။ မြို့ရိုးများ၊ ကျုံးများနှင့် နန်းတော်ရာပါ မကျန်အောင် စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီး ဗြိတိသျှကိုလိုနီတို့သည် ပြည်မြို့ကို သာမန်မြို့သစ် တည်ဆောက်ရေး (၃)နှစ် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်တို့ (၁၈၆၂)ခုနှစ်က စတင်ခဲ့သည့် (၃)နှစ် စီမံကိန်းဖြင့် တည်ဆောက်ခဲ့သည့် ပြည်မြို့သစ်သည် ယနေ့တည်ရှိနေသည့် ပြည်မြို့ပင် ဖြစ်ပါသည်။

အင်္ဂလိပ်တို့သည် န၀၀ါသီ (ပြည်မြို့)ဟောင်းနှင့် ပြည်ရွှေနန်းတို့ကို လုံးဝအစဖျောက် ဖြိုဖျက်ပြီးနောက် သာမန်ပြည်မြို့သစ်ကို ခရစ်နှစ် (၁၈၆၂)ခုနှစ်တွင် ၎င်းတို့ စိတ်တိုင်းကျ မြို့ကွက်ရိုက်ခဲ့သည်။ အင်္ဂလိပ်တို့ မြို့သစ် တည်ဆောက်ရာတွင် ပြည်မြို့ကို စတင်သိမ်းစဉ်က ပြည်ရွှေနန်းတော်နေရာတွင် အကျဉ်းထောင်အဖြစ် တည်ဆောက်ထားသည်။ (ယနေ့ တည်ရှိနေသည့် ပြည်စည်ပင်သာယာ ဈေးကြီးနေရာ ဖြစ်သည်) နောက်ပိုင်း ပြည်မြို့သစ် အရှေ့မြောက်ဘက်သို့ အကျဉ်းထောင်အသစ် ပြောင်းရွှေ့တည်ဆောက်သည်။ (ယနေ့တည် ရှိနေသည့် ပြည်အကျဉ်းထောင် ဖြစ်သည်။)

အင်္ဂလိပ်တို့သည် ပြည်မြို့သစ် တည်ရာတွင် န၀၀ါသီပြည်မြို့ဟောင်းထက် ပိုမိုကျယ်ဝန်းစွာ မြို့ကွက် ရိုက်ခဲ့သည်။ ပြည်မြို့သစ် အရပ်လေးမျက်နှာ၌ ရပ်ကွက်ကြီးများ တိုးချဲ့ သတ်မှတ်ခဲ့သည်။ ပြည်မြို့သစ် အရှေ့ဘက်တွင် ရွာဘဲရပ်ကွက်၊ အနောက်ဘက်တွင် ကျောင်းကြီးရပ်ကွက်၊ တောင်ဘက်တွင် ဆင်စုရပ်ကွက်၊ မြောက်ဘက်တွင် န၀င်းချောင်းကို အစွဲပြု၍ န၀င်းရပ်ကွက်နှင့် မြို့အလယ်တွင် လေးဆူဓာတ်ပျော် ရွှေဆံတော် ထီးတော်ရိပ်အောက်တွင် တည်ရှိရာ ဆံတော်ရပ်ကွက်နှင့် မြို့အတွင်း လမ်းများကိုလည်း ရာဇ၀င် အကြောင်း အရာများနှင့် လိုက်ဖက်အောင် ခေါ်တွင်စေခဲ့ပါသည်။

ကျမ်းကိုး။ ပြည်အစိုးရကျောင်းအမှတ်(၁) အထက မှတ်တမ်းနှင့် န၀၀ါသီ(ပြည်မြို့) မှတ်တမ်းအကျဉ်း။ ကျော်ဒင်ဟန် (B.A, Dip.Ed) သမိုင်းသုတေသီ ပညာရှင်၊ ပြည်မြို့။

Address

Yangon
11231

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

09402383992

Website

Alerts

Be the first to know and let us send you an email when T4 Express Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Travel Companies in Yangon

Show All

You may also like