Prime Land Travels and Tours-Inbound/Domestic Department

Prime Land Travels and Tours-Inbound/Domestic Department Prime Land Travels & Tours Company Limited was established in 2017. We provide both Inbound , Domestic and Outbound one stop luxury and unique services.
(96)

Minions တွေတောင် ပုဂံရောက်သွားကြပီနင်တို့အဖွဲ့က ခုထိ တိုင်ပင်တုန်းလား 😅
16/05/2023

Minions တွေတောင် ပုဂံရောက်သွားကြပီ
နင်တို့အဖွဲ့က ခုထိ တိုင်ပင်တုန်းလား 😅

ခရီးထွက်ပါငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ။ပါးရည်,န...
21/04/2023

ခရီးထွက်ပါ

ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်
ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။

ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ။

ပါးရည်,နားရည်တွေပါးတုန်းမှာ ဓာတ်ပုံရိုက်ပါ။

အမှတ်တရကောင်းတွေကို ဖန်တီးပါ။

တရိုတသေ သိမ်းဆည်းပါ။

နောင်ဆယ်စုနှစ် သုံး,လေး,ငါးခုကို
ကျော်လွန်ပြီးတဲ့အခါ
သည်နေရာဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

သည်အရွယ်ဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

ရှေးဟောင်းနှောင်းဖြစ်ဆိုတာ မှတ်ဥာဏ်ထဲက,နေပဲ
တစ်စချင်းဆွဲထုတ်ပြလို့ရတဲ့အရာ
ဓာတ်ပုံထဲမှာပဲ တစ်ခုချင်းပြန်ရှာလို့ရတဲ့အရာ ...။

နှစ်စဉ်နှစ်ဆက် ခရီးထွက်ပါ။

အထင်ကရရှိတဲ့ အလှအပတွေနဲ့အတူ
ဓာတ်ပုံရိုက်ပါ။

ကိုယ်အိုမင်းလို့ ဘယ်ကိုမှမသွားနိုင်တော့တဲ့အခါ
ဘယ်သူကမှ ခေါ်မသွားချင်တော့တဲ့အခါ
စိတ်ရဲ့ဖြေရာဆိုတာ ကိုယ်ရဖူးတဲ့အမှတ်တရတွေကိုပဲ
ရေနှူးပြီး သောက်ရတာမျိုးပါ ...။

သျှင်မီးအိမ်

15-4-2019

credit :

🎊Happy Myanmar New Year 🎊
17/04/2023

🎊Happy Myanmar New Year 🎊

🐶အာဝုလေးတွေ မြောင်လေးတွေ🐱ကို ခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝမ်းမှ Hotel များ... 🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾ငွေဆောင်-Emerald Seaငွေဆောင...
07/04/2023

🐶အာဝုလေးတွေ မြောင်လေးတွေ🐱ကို ခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝမ်းမှ Hotel များ...

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
ငွေဆောင်-Emerald Sea
ငွေဆောင်-Lux
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး
ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Akariz Resort(fees charge)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees charge - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach
ငပလီ-Silver Beach Hotel
ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel
ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel
ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်
ဘားအံ-Hpa-An Breeze Hotel
မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်းguesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်
ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုဂံ- Thiri Mingalar Hotel Naung U
ပုပ်ပါး-Hotel King
ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)
ပုသိမ် - Hotel Naung Yoe
ပုသိမ် - Pathein Hotel
ပုသိမ် - New PanPawaddy
က​လော-Seint Hotel
ကလော-Hill Lodge
မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( training small pet များသာ )
ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel
တောင်ကြီး - Hotel La Vista ( Fees charge)
ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်
တောင်ငူ-Hotel Amazing
ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel
အင်းလေး- weaver’s Boutique Homestay
မြစ်ကြီးနား- Plam spring resort
သီပေါ- Hsipaw resort
ချင်း-Sor long cbt community lodge

Credit

👨‍⚕️👩‍⚕️🫀စုံစုံလင်လင် package ကို အတန်ဆုံးစျေးနှုန်းနဲ့ ဘန်ကောက်မှာ ဆေးစစ်ကြမယ် 🫁🧠🫀👀👃🦻ပါဝင်တဲ့ဝင်ဆောင်မှုများ❤️မြန်မာနို...
01/04/2023

👨‍⚕️👩‍⚕️🫀စုံစုံလင်လင် package ကို အတန်ဆုံးစျေးနှုန်းနဲ့ ဘန်ကောက်မှာ ဆေးစစ်ကြမယ် 🫁🧠🫀👀👃🦻

ပါဝင်တဲ့ဝင်ဆောင်မှုများ

❤️မြန်မာနိုင်ငံတွင်ဆေးမစစ်မှီ ဆရာဝန်နှင့်ကြိုတင် တိုင်ပင်ဆွေးနွေးနိုင်ခြင်း
❤️Check up 37မျိုးကို နိုင်ငံတကာအဆင့် ခေတ်မှီစက်ကြီးများဖြင့် တိကျသေချာစွာ ဆေးစစ်နိုင်ခြင်း
❤️ဆေးစစ်ပြီး အထူးကူဆရာဝန်ကြီးနှင့် ဆေးစစ်အဖြေများ ဆွေးနွေးနိုင်ခြင်း
❤️ဆေးစစ်ပြီး နေ့လည်စာ ကျွေးခြင်း
❤️လေဆိပ် ဆေးရုံ ဟော်တယ် ကြိုပို့ကားစီစဉ်ပေးခြင်း
❤️ဆေးရုံတွင်မြန်မာ စကားပြန်အသင့်ပါရှိခြင်း

🛎️ဒါတွေအားလုံးမှ ဘတ် ၉၀၀၀ မြန်မာငွေ ၇သိန်းကျော်ဘဲဆိုတော့ အရမ်းအရမ်းကိုတန်နေပါပီနော် (Promotion ကာလအတွင်းသာ)🛎️
Checks Up package ဝယ်ယူပါက ဆီးချို ရောဂါအတွက် HbA1c ကို ထပ်တိုးထည့်ပေးထားသေးတာမို့ အရမ်းကိုစုံလင်တဲ့ package ပါနော်

Check Up မစစ်ဘဲ အခြား သီးသန့်ပြလိုသည့် ရောဂါများအတွက်လဲ ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းယူနိုင်ပါတယ်ရှင့်

Check Up Booking ရယူလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများ ☎️09450055407 ☎️ကို viber သို့ ဖုန်းဆက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

နောက်ထပ် One Stop ရရှိနိုင်သည့် service များကတော့
✏️Airticket
✏️Hotel Booking
✏️Car Rental
✏️Attraction Ticket
✏️Tour Guide
🔔ဆေးပြရင်း အလည်ပတ်ပါစီစဉ်ပေးဆိုရင်လဲ package လုပ်ပေးပါတယ်နော် 🔔

☎️လူကြီးမင်းတို့ အတွက်တစ်နေရာထဲမှာ အစုံအလင်ရနိုင်တာမို့ Prime Land Travel Medical ကိုသာ ဟလိုလိုက်တော့နော်

FYI
22/03/2023

FYI

𝐅𝐥𝐲 𝐃𝐢𝐫𝐞𝐜𝐭 𝐓𝐨 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 🛫မင်္ဂလာပါAir Thanlwin လေကြောင်းလိုင်းမှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန...
17/03/2023

𝐅𝐥𝐲 𝐃𝐢𝐫𝐞𝐜𝐭 𝐓𝐨 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 🛫

မင်္ဂလာပါ

Air Thanlwin လေကြောင်းလိုင်းမှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက်

ရန်ကုန်-မော်လမြိုင်✈

မော်လမြိုင်-ရန်ကုန်✈

ခရီးစဉ်အား အပတ်စဉ် တနင်္လာနေ့ ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့ များတွင် ပျံသန်းပြေးဆွဲပေးနေပြီဖြစ်ကြောင်းကို ထပ်မံ၍သတင်းကောင်းလေးပါးလိုက် ပါရစေရှင်။

ခရီးစဉ်များနှင့်ပတ်သတ်၍အသေးစိတ် သိရှိလိုပါက

☎️09-4500 544 07

ကိုဆက်သွယ်မေးမြန်း၀ယ်ယူနိုင်ပါသည်။



အင်းထဲက မူကထ 😍
15/03/2023

အင်းထဲက မူကထ 😍

ငွေဆောင်ရောက်ရင်ဝင်လည်စရာ …နေရာလေးကချစ်စရာလေးနော် 😍ငွေဆောင်အတွက် Hotel Booking /ကားလက်မှတ် နဲ့ ကျွန်းပတ်ခရီးစဉ်တွေ လိုရင...
06/03/2023

ငွေဆောင်ရောက်ရင်ဝင်လည်စရာ …
နေရာလေးကချစ်စရာလေးနော် 😍

ငွေဆောင်အတွက် Hotel Booking /ကားလက်မှတ် နဲ့ ကျွန်းပတ်ခရီးစဉ်တွေ လိုရင်တော့ Prime Land ကိုသာသတိရလိုက်ပါနော်

Passport Online booking ပြုလုပ်ရန် 👇 Booking ပြုလုပ်ရန် link 👇www.passport.gov.mmမှတ်ချက်-မနက်ပိုင်း ၉:၀၀ အချိန်လောက်ဝင်...
25/02/2023

Passport Online booking ပြုလုပ်ရန်

👇 Booking ပြုလုပ်ရန် link 👇

www.passport.gov.mm

မှတ်ချက်-မနက်ပိုင်း ၉:၀၀ အချိန်လောက်ဝင်ယူကြပါရှင်
ဖုန်းနဲ့ဝင်မရရင် Laptop Tablets များနဲ့ ဝင်ကြပါ
VPN ပိတ်ထားဖို့လဲလိုပါတယ်

 #ပုဂံကိုရထားနဲ့လာလို့ရပါပြီ😊🍀23.1.2023 ရက်နေ့မှ စ၍ ရန်ကုန် - ပုဂံ တိုက်ရိုက် အမြန်ရထား ပြန်လည် ပြေးဆွဲပါမည်။ 23.1.2023 ...
24/01/2023

#ပုဂံကိုရထားနဲ့လာလို့ရပါပြီ😊

🍀23.1.2023 ရက်နေ့မှ စ၍ ရန်ကုန် - ပုဂံ တိုက်ရိုက် အမြန်ရထား ပြန်လည် ပြေးဆွဲပါမည်။

23.1.2023
ရန်ကုန် ထွက် ညနေ ၄း၁၅
ပုဂံ ရောက် နေ့လည် ၁၂း၀၀

24.1.2023
ပုဂံ ထွက် ညနေ ၄း၁၅
ရန်ကုန် ရောက် နေ့လည် ၁၂း၀၀

👉ရိုးရိုးတန်း - 7200 ကျပ်
👉အထက်တန်း - 14400 ကျပ်
👉အိပ်စင် - 19800 ကျပ်

ခုတ်မောင်းချိန် - ၁၉နာရီ ၄၅ မိနစ် ကြာပါသည်။

✳️နေ့စဥ် ပိတ်ရက်မရှိ ပြေးဆွဲပါမည်✳️

ရပ်တန့်ဘူတာများမှာ

သာယာဝတီ
လက်ပံတန်း
မင်းလှ
အုတ်ဖို
ကြို့ပင်ကောက်
ဇီးကုန်း
နတ္တလင်း
ပေါင်းတည်
ပုတီးကုန်း
သဲကုန်း
ဆင်မြီးဆွဲ
ပြည် ( ရွှေတံခါး)
အောင်လံ
ဆတ်သွား
တောင်းတွင်းကြီး
မြို့သစ်
နတ်မောက်
လေးအိမ်
သာမြား
ပင်းချောင်း
ကျောက်ပန်းတောင်း
ငါ့မင်းမေး
စုတည်

မူရင်းပို့စ် (မြန်မာ့မီးရထား)

FYI
13/01/2023

FYI

🗓️ ၂၀၂၃ ခုနစ် ပြက္ခဒိန်🗓️________________________________၂၀၂၃ ခုနှစ်မှာဆိုရင် အစိုးရရုံးပိတ်ရက်ပေါင်း (၁၇) ရက်ရှိပြီး We...
28/12/2022

🗓️ ၂၀၂၃ ခုနစ် ပြက္ခဒိန်🗓️

________________________________

၂၀၂၃ ခုနှစ်မှာဆိုရင် အစိုးရရုံးပိတ်ရက်ပေါင်း (၁၇) ရက်ရှိပြီး Weekend ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေ အပါအ၀င်ဆိုရင်တော့ ရက်ပေါင်း (၁၂၂) ရက် ပိတ်ရက်ရှိပါတယ်။

January
_______
🗓️ ဇန်နဝါရီလမှာတော့ လွတ်လပ်ရေးနေ့အဖြစ် (၄.၁.၂၃) ဗုဒ္ဓဟူးနေ့ (၁) ရက် ပိတ်ပါတယ်။

February
_________
🗓️ ဖေဖော်ဝါရီလမှာတော့ ပိတ်ရက်မရှိပါ။

March
______
🗓️ မတ်လမှာတော့ တောင်သူလယ်သမားနေ့အဖြစ် (၂.၃.၂၃) ကြာသပတေးနေ့မှာ (၁) ရက် ပိတ်ပါတယ်။
🗓️ ထို့အပြင် တပ်မတော်နေ့အဖြစ် (၂၇.၃.၂၃) တနင်္ဂလာနေ့မှာ (၁) ရက် ပိတ်ပါတယ်။

April
____
🗓️ ဧပြီလမှာတော့ မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် (၉.၄.၂၃) မှ (၁၇.၄.၂၃) အထိ စနေ၊ တနင်္ဂနွေများအပါအဝင် စုစုပေါင်း (၉) ရက်ဆက်တိုက် ပိတ်ပါတယ်။

May
____
🗓️ မေလမှာတော့ အလုပ်သမားနေ့အဖြစ် (၁.၅.၂၀၂၃) တနင်္လာနေ့မှာ (၁) ရက် ပိတ်ပါတယ်။
🗓️ ထို့အပြင် ညောင်ရေသွန်းပွဲတော်နေ့အဖြစ် (၃.၅.၂၀၂၃) ဗုဒ္ဓဟူးနေ့မှာ (၁) ရက် ပိတ်ပါတယ်။

June
____
🗓️ ဇွန်လမှာတော့ ပိတ်ရက်မရှိပါ။

July
____
🗓️ ထို့နောက် အာဇာနည်နေ့အဖြစ် (၁၉.၇.၂၃) ဗုဒ္ဓဟူးနေ့မှာ (၁) ရက် ပိတ်ပါတယ်။

August
______
🗓️ ဩဂုတ်လမှာတော့ ဓမ္မစကြာနေ့အဖြစ် (၁.၈.၂၀၂၃) အင်္ဂါနေ့မှာ (၁) ရက်ပိတ်ပါတယ်။

September
_________
🗓️ စက်တင်ဘာလမှာတော့ ပိတ်ရက်မရှိပါ။

October
_______
🗓️ အောက်တိုဘာလမှာတော့ သီတင်းကျွတ်ရုံးပိတ်ရက်အဖြစ် (၃၀.၁၀.၂၃) တနင်္လာနေ့ (၁) ရက် ပိတ်ပါတယ်။

November
_________
🗓️ နို၀င်ဘာလမှာတော့ တန်ဆောင်မုန်းလပြည့်နေ့အဖြစ် (၂၇.၁၁.၂၃) တနင်္လာနေ့ (၁) ရက် ပိတ်ပါတယ်။

December
_________
🗓️ ဒီဇင်ဘာလမှာတော အမျိုးသားနေ့အဖြစ် (၇.၁၁.၂၃) ကြာသပတေးနေ့ (၁) ရက် ပိတ်ပါတယ်။

🗓️ ဒီဇင်ဘာလမှာတော့ ကရင်နှစ်သစ်ကူးနေ့အဖြစ် (၂၅.၁၂.၂၃) တနင်္လာနေ့ (၁) ရက် ပိတ်ပါတယ်။

အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်တော့......

🗓️ဇန်နဝါရီလ - လွတ်လပ်ရေးနေ့ ပိတ်ရက် (၁) ရက်။
🗓️ဖေဖော်ဝါရီလ - ပိတ်ရက်မရှိပါ။
🗓️မတ်လ - တောင်သူလယ်သမားနေ့ ပိတ်ရက် (၁) ရက်၊ တပ်မတော်နေ့ ပိတ်ရက် (၁) ရက်။
🗓️ဧပြီလ - မြန်မာ့နှစ်သစ်ကူးသင်္ကြန် ပိတ်ရက် (၉) ရက်။
🗓️မေလ - အလုပ်သမားနေ့ ပိတ်ရက် (၁) ရက်၊ ညောင်ရေသွန်းပွဲတော်နေ့ ပိတ်ရက် (၁) ရက်။
🗓️ဇွန်လ - ပိတ်ရက်မရှိပါ။
🗓️ဇူလိုင်လ - အာဇာနည်နေ့ ပိတ်ရက် (၁) ရက်။
🗓️ဩဂုတ်လ - ဓမ္မစကြာနေ့ ပိတ်ရက် (၁) ရက်။
🗓️စက်တင်ဘာလ - ပိတ်ရက်မရှိပါ။
🗓️အောက်တိုဘာလ - သီတင်းကျွတ် ပိတ်ရက် (၁) ရက်။
🗓️နိုဝင်ဘာလ - တန်ဆောင်မုန်းလပြည့်နေ့ ပိတ်ရက် (၁) ရက်။
🗓️ဒီဇင်ဘာလ - အမျိုးသားနေ့ ပိတ်ရက် (၁) ရက်၊ ကရင်နှစ်သစ်ကူးနေ့ ပိတ်ရက် (၁) ရက်။

" အီဒုလ်အဿွာဟာနေ့ (ကုရ်ဘာနိအီးဒ်) ပိတ်ရက် (၁) ရက် နှင့် ဒီပါဝလီနေ့အတွက် ပိတ်ရက် (၁) ရက် ကျန်ရှိပါသေးတယ်ဗျ "

#၂၀၂၃ပြက္ခဒိန်

Credit to Original uploader

ထိုင်းကိုသွားရင် …လေဆိပ်မှာ ရစ်မှာလား ? ဘာတွေမေးလဲ ? ထိုင်းစကားရော english လိုရော ကောင်းကောင်းမဖြေတတ်လို့ ပြန်ပို့ခံရမှာ...
17/11/2022

ထိုင်းကိုသွားရင် …
လေဆိပ်မှာ ရစ်မှာလား ?
ဘာတွေမေးလဲ ?
ထိုင်းစကားရော english လိုရော ကောင်းကောင်းမဖြေတတ်လို့ ပြန်ပို့ခံရမှာကြောက်တယ်ဆိုသူများတွက် Thailand VIP AIRPORT PASS လေး လုပ်သွားရင် စိတ်ချရပြီနော်

❤️Air tickets
❤️Hotels Booking
❤️Visa Services
❤️Thailand Airport Vip Pass
❤️Vaccine Notary
❤️Attraction Ticket
❤️Car Rental services
တို့ကို One Stop Service တစ်နေရာထဲမှာရနိုင်ပါတယ်

Airticket သို့ Hotel Booking အားပေးသူများအတွက် Thailand Airport Vip Service အထူးစျေးလဲ ရှိတယ်နော်

အသေးစိတ်သိရှိိလိုပါက PRIME LAND TRAVEL call center ph number-09450054407 (viber) သို့ messenger တွင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ


vip pass

10/11/2022

FYI

शुभ दीवाली , শুভ দীপাবলি , دیوالی مبارک , ਦੀਵਾਲੀ ਮੁਬਾਰਕ , இனிய தீபாவளி வாழ்த்துக்கள்ဟိန္ဒူဘာသာဝင်တို့ရဲ့ပျော်ရွှင်ဖွယ်ရာ...
24/10/2022

शुभ दीवाली , শুভ দীপাবলি , دیوالی مبارک , ਦੀਵਾਲੀ ਮੁਬਾਰਕ , இனிய தீபாவளி வாழ்த்துக்கள்
ဟိန္ဒူဘာသာဝင်တို့ရဲ့ပျော်ရွှင်ဖွယ်ရာ ဒီပါဝလီ ပွဲတော်ချိန်ခါ ရောက်ရှိလို့လာပါပြီ 🪔
ဒီပဆိုတာ အလင်းရောင်.. ဒီပါဝလီ (Deepawali) ဆိုတာ အမှောင်ထုကိုဖြိုးခွင်းကာအဆိုးအညံ့တွေကုန်ဆုံးစေပြီး မျှော်လင့်ချက်တွေရရှိစေမယ့် အလင်းရောင်ဆီမီးကို ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါတယ်။🙏

ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွင်ခြင်းများနှင့် ပြည့်စုံသော ဒီပါဝလီပွဲတော် အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🪔

Happy Deepawali
May the festival of lights herald a joyous year ahead for you 🙏

✈️🎆𝑯𝒂𝒑𝒑𝒚 𝑻𝒉𝒂𝒅𝒊𝒏𝒈𝒚𝒖𝒕 𝑯𝒐𝒍𝒊𝒅𝒂𝒚𝒔!! 🎆✈️သီတင်းကျွတ် ရုံးပိတ်ရက်များအတွင်း❤️ခရီးစဉ်များ ❤️လေယာဉ်လက်မှတ်❤️Hotel Booking ❤️Visa ❤...
07/10/2022

✈️🎆𝑯𝒂𝒑𝒑𝒚 𝑻𝒉𝒂𝒅𝒊𝒏𝒈𝒚𝒖𝒕 𝑯𝒐𝒍𝒊𝒅𝒂𝒚𝒔!! 🎆✈️

သီတင်းကျွတ် ရုံးပိတ်ရက်များအတွင်း

❤️ခရီးစဉ်များ
❤️လေယာဉ်လက်မှတ်
❤️Hotel Booking
❤️Visa
❤️Tour package
❤️Car Rental များ ကို မနက် ၉:၀၀ မှ ညနေ၅:၀၀ အတွင်း Hotline Number | +95 9 4500 544 07 သို့ဆက်သွယ်မေးမြန်း နိုင်ပါတယ်ရှင်။

ရုံးချိန်ပြင်ပမေးမြန်းနိုင်ရန်အတွက် 09 4500 544 07 (viber ) ကနေလဲ ဆကိသွယ်မေးမြန်းနိုင်ပါတယ်

🎊သာယာပျော်ရွှင်သော ပိတ်ရက်လေးများပိုင်ဆိုင်နိုင်ပါစေရှင် 🎊

23/08/2022

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များ

၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း
၂။ ဘားလမ်း (Barr Street ) = မဟာဗန္ဓုလပန်းခြံလမ်း
၃။ လွစ္စလမ်း (Lewis Street) = ဆိပ်ကမ်းသာလမ်း
၄။ ဖယ်ရာလမ်း (Phayre Road) = ပန်းဆိုးတန်းလမ်း
၅။ မဂိုလမ်း (Mogul Road) = ရွှေဘုံသာလမ်း
၆။ ကာနယ်လမ်း (Canal Street) = အနော်ရထာလမ်း (လမ်းမတော် ကျုံကြီးနား)
၇။ ဖရေဇာလမ်း (Fraser Road) = အနော်ရထာလမ်း (ကျောက်တံတား၊ ပန်းဘဲတန်းအနီး မြို့လယ်ခေါင်)
၈။ စထရန်းလမ်း (Strand Road) = ကမ်းနားလမ်း
၉။ စပတ်လမ်း (Sparks Road) = ဗိုလ်အောင်ကျော်လမ်း
၁၀။ သော်မဆင်လမ်း (Thompson Road) = ဗိုလ်တထောင်ဘုရားလမ်း
၁၁။ မောင်ထော်လေးလမ်း (Maung Htaw Lay Street) = ဗိုလ်ဆွန်ပက်လမ်း
၁၂။ ကော်မရှင်နာလမ်း (Commissioner's Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်ဆေးရုံကြီးရှေ့လမ်း)
၁၃။ မောင့်ဂိုမာရီလမ်း (Montgomery Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း
၁၄။ ဘဂိုးဒါးလမ်း (Pagoda Road) = ရွှေတိဂုံဘုရားလမ်း
၁၅။ အက်ဒွပ်လမ်း (Edward Street) = ကုန်စျေးတန်းလမ်း
၁၆။ ဂေါ်ဒွင်လမ်း (Godwin Road) = လမ်းမတော်လမ်း
၁၇။ ခရစ်လမ်း (Christ Street) = ဗိုလ်မြတ်ထွန်းလမ်း
၁၈။ ယောက်လမ်း (York Street) = ယောမင်းကြီးလမ်း
၁၉။ စတော့ကိတ်လမ်း (Stockade Road) နှင့် ဂျူဒါအီစကယ်လမ်း (Judah Ezekiel Road) = သိမ်ဖြူလမ်း
၂၀။ မောင်ခိုင်လမ်း (Maung Khaing Street) = ဗိုလ်ရွဲလမ်း
၂၁။ ဟယ်လ်ပင်လမ်း (Halpin Road) = ပြည်ထောင်စုရိပ်သာလမ်း
၂၂။ ကင်းဘဲလ်လမ်း (Campbell Road) = ငါးထပ်ကြီးဘုရားလမ်း
၂၃။ ဒတ်ဖရင်လမ်း (Dufferin Road) = စန္ဒကူးလမ်း
၂၄။ ကုတ်ကိုင်းလမ်း (Kokine Road) = ကမ္ဘာအေးဘုရားလမ်း
၂၅။ မဂျစ်လမ်း (Masjid Road) = သမိန်ဗရမ်းလမ်း
၂၆။ လန်ကက်စတာလမ်း (Lancaster Road) = နဝဒေးလမ်း
၂၇။ မစ်ရှင်လမ်း (Mission Road) = အလုံလမ်း
၂၈။ ပရုမ်းလမ်း (Prome Road) = ပြည်လမ်း
၂၉။ စတီဗင်ဆန်လမ်း (Stevenson Road) = လှည်းတန်းလမ်း
၃၀။ ဗိုးလ်လမ်း (Voyle Road) = ဦးဝိစာရလမ်း
၃၁။ ၀င်ဒါမီယာလမ်း (Windermere Road) = သံလွင်လမ်း
၃၂။ ၀င်ဆာလမ်း (Windsor Road) = ရှင်စောပုလမ်း
၃၃။ ကီလီလမ်း = ဝါးတန်းလမ်း (လမ်းမတော်)
၃၄။ မော်တင်လမ်း = လမ်းသစ်လမ်း (လမ်းမတော်)
၃၅။ စိန်ဂျွန်းလမ်း = မင်းရဲကျော်စွာလမ်း (လမ်းမတော်)
၃၆။ အောလီဖင်းလမ်း = ရွှေတောင်တန်းလမ်း (လမ်းမတော်)
၃၇။ စတီဘင်ဆင်လမ်း = လှည်းတန်းလမ်း (လမ်းမတော်)
၃၈။ လတ္တာလမ်း = လသာလမ်း (လသာ)
၃၉။ ကရစ္စလမ်း = စဉ့်အိုးတန်းလမ်း (လသာ)
၄၀။ ဂွတ္တလစ်လမ်း = ဆရာစံလမ်း (ဗဟန်း)
၄၁။ လင့်ခ်လမ်း = ရွှေဂုံတိုင်လမ်း (ဗဟန်း)
၄၂။ လောင်း၀စ်လမ်း = အင်းယားမြိုင်လမ်း (ဗဟန်း)
၄၃။ ဂွတ္တလစ်ရိပ်သာလမ်း = သာယာ၀တီလမ်း (ဗဟန်း)
၄၄။ ဝိတိုရိယအဲဗင်းနယူးလမ်း = ဂျိုးဖြူလမ်း (ဗဟန်း)
၄၅။ ကင်းဂျော့အဲဗင်းနယူးလမ်း = ကွမ်းခြံလမ်း (ဗဟန်း)
၄၆။ ချင်းချောင်းအဲဗင်းနယူးလမ်း = ကမ္ဘောဇလမ်း (ဗဟန်း)
၄၇။ ရဲဒီယာအဲဇင်းနယူးလမ်း = ၀င်္ကာဘာလမ်း (ဗဟန်း)
၄၈။ ဟာမစ်တစ်လမ်း = သာသနာ့ရိပ်သာလမ်း (ဗဟန်း)
၄၉။ တာဝါလိမ်းလမ်း = ဗိုလ်ချုပ်ပြတိုက်လမ်း (ဗဟန်း)
၅၀။ မောင့်ပုလဲဆင့်လမ်း = ပုလဲလမ်း (ဗဟန်း)
၅၁။ ပတ်လိန်းလမ်း = နတ်မောက်လမ်းသွယ် ၁ လမ်း (ဗဟန်း)
၅၂။ ပတ်အဲဗင်းနယူးလမ်း = နတ်မောက်လမ်းသွယ် ၂ လမ်း (ဗဟန်း)
၅၃။ ကွန်ဘိုကေးရှင်းလမ်း = ဘွဲ့နှင်းသဘင်လမ်း (ကမာရွတ်)
၅၄။ ချန်စလာလမ်း = အဓိပတိလမ်း (ကမာရွတ်)
၅၅။ စိန်ဗင်ဆင့်လမ်း = ဇောတိကလမ်း (ကမာရွတ်)
၅၆။ မာတင်အဲဗင်နယူးလမ်း = ခပေါင်းလမ်း (ကမာရွတ်)
၅၇။ နစ်ကလပ်အဲဗင်းနယူး = နှင်းပန်းလမ်း (ကမာရွတ်)
၅၈။ ပီတာလမ်း = ကြယ်ပြာလမ်း (ကမာရွတ်)
၅၉။ အာတီးယားလမ်း = သီရိမင်္ဂလာလမ်း (ကမာရွတ်)
၆၀။ ကော်ပိုရေးရှင်းလမ်း = စည်ပင်လမ်း (ကျောက်တံတား)
၆၁။ ရှပ်ဇရပ်ဇ်လမ်း = ဘဏ်လမ်း (ကျောက်တံတား)
၆၂။ စိန်မိုက်ကယ်လမ်းကျယ် = မဏိမေခလာလမ်း (ကြည့်မြင်တိုင်)
၆၃။ စိန်မိုက်ကယ် ၁ လမ်း = ရေတွင်းကုန်း ၁ လမ်း (ကြည့်မြင်တိုင်)
၆၄။ စိန်မိုက်ကယ် ၂ လမ်း = ရေတွင်းကုန်း ၂ လမ်း (ကြည့်မြင်တိုင်)
၆၅။ ဝိုင်းလမ်း = သိန္နီလမ်း (ကြည့်မြင်တိုင်)
၆၆။ ဘလုတ်လမ်း = ဗာဒံပင်လမ်း (ကြည့်မြင်တိုင်)
၆၇။ ဟာဂျီ အေ နှင့် ဘီ လမ်း = သရက်တော ၁ လမ်း (ကြည့်မြင်တိုင်)
၆၈။ ဟာဂျီ ၂ လမ်း = သရက်တော ၂ လမ်း (ကြည့်မြင်တိုင်)
၆၉။ ဟာဂျီ ၃ လမ်း = သရက်တော ၃ လမ်း (ကြည့်မြင်တိုင်)
၇၀။ ဟာဂျီ ၄ လမ်း = သရက်တော ၄ လမ်း (ကြည့်မြင်တိုင်)
၇၁။ ကိုတင်းလမ်း = သစ်ခွပန်းလမ်း (ကြည့်မြင်တိုင်)
၇၂။ ချင်းချောင်း ၁ လမ်း = ဒေါန ၁ လမ်း (ကြည့်မြင်တိုင်)
၇၃။ ချင်းချောင်း ၂ လမ်း = ဒေါန ၂ လမ်း (ကြည့်မြင်တိုင်)
၇၄။ ချင်းချောင်း ၃ လမ်း = ဒေါန ၃ လမ်း (ကြည့်မြင်တိုင်)
၇၅။ ချင်းချောင်း ၄ လမ်း = ဒေါန ၄ လမ်း (ကြည့်မြင်တိုင်)
၇၆။ ချင်းချောင်း ၅ လမ်း = ဒေါန ၅ လမ်း (ကြည့်မြင်တိုင်)
၇၇။ ဘောဂါတန်းလမ်း = ဘောဂလမ်း (ကြည့်မြင်တိုင်)
၇၈။ ဝင်ဆာလမ်း = ရှင်စောပုလမ်း (စမ်းချောင်း)
၇၉။ ဟုမ်းလမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၀။ အင်းနစ်လမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၁။ ကာလီမာလမ်း = မဟာဘောဂလမ်း (စမ်းချောင်း)
၈၂။ ခရစ်ရှနာလမ်း = ရန်ကင်းလမ်း (စမ်းချောင်း)
၈၃။ ဂုရုလမ်း = သုခမိန်လမ်း (စမ်းချောင်း)
၈၄။ စုပရာမန်းနီးလမ်း = ရတနာလမ်း (စမ်းချောင်း)
၈၅။ စူရတီပန်းခြံလမ်း = ပန်းခြံလမ်း (စမ်းချောင်း)
၈၆။ ဒူဗလီလမ်း = မြေနီကုန်းဈေးလမ်း (စမ်းချောင်း)
၈၇။ နာသာလမ်း = မြဝတီလမ်း (စမ်းချောင်း)
၈၈။ မော်ဂင်ဝတ်လမ်း = ဓမ္မာရုံလမ်း (စမ်းချောင်း)
၈၉။ မူဆာကြီးလမ်း = အောင်တော်မူလမ်း (စမ်းချောင်း)
၉၀။ မဟာမက်ပတေးလမ်း = စေတနာလမ်း (စမ်းချောင်း)
၉၁။ မူလာအီစမန်လမ်း = ပဒေသာလမ်း (စမ်းချောင်း)
၉၂။ မဒရာစာလမ်း = ဗိုလ်မိုးလမ်း (စမ်းချောင်း)
၉၃။ ယူနီယံလမ်း = ပြည်ထောင်စုလမ်း (စမ်းချောင်း)
၉၄။ ရှောလမ်း = ခတ္တာလမ်း (စမ်းချောင်း)
၉၅။ ရစ်ရှီလမ်း = သပြေညိုလမ်း (စမ်းချောင်း)
၉၆။ လက်ချမီးလမ်း = သုခလမ်း (စမ်းချောင်း)
၉၇။ အင်ဂလန်မင်လမ်း = သီရိမင်္ဂလာလမ်း (စမ်းချောင်း)
၉၈။ အလဝါလမ်း = သော်တာလမ်း (စမ်းချောင်း)
၉၉။ ဂျိုးဇက်လမ်း = မြန်မာ့ဂုဏ်ရောင်လမ်း (တာမွေ)
၁၀၀။ ဂေါ်ဒွင်လမ်း = မြို့မကျောင်းလမ်း (ဒဂုံ)
၁၀၁။ စင်ဂနယ်ပဂိုးဒါးလမ်း = အလံပြဘုရားလမ်း (ဒဂုံ)
၁၀၂။ ဘောင်ဒရီလမ်း = ဓမ္မစေတီလမ်း (ဒဂုံ)
၁၀၃။ စတီးဝပ်လမ်း = မော်ကွန်းတိုက်လမ်း (ဒဂုံ)
၁၀၄။ ဆင်းဒဝစ်လမ်း = နတ်သျှင်နောင်လမ်း (ဒဂုံ)
၁၀၅။ ဆင်မဆင်လမ်း = ပန်တျာလမ်း (ဒဂုံ)
၁၀၆။ လင့်ခ်လမ်း = သံတမန်လမ်း (ဒဂုံ)
၁၀၇။ ထရန်စပို့လမ်း = အာဇာနည်လမ်း (ဒဂုံ)
၁၀၈။ နယူးလင့်လမ်း = စကားဝါလမ်း (ဒဂုံ)
၁၀၉။ လင်တက်စတာလမ်း = နဝဒေးလမ်း (ဒဂုံ)
၁၁၀။ လီဒီစလမ်း = ခရေပင်လမ်း (ဒဂုံ)
၁၁၁။ ဝင်ဒါမီယာအောက်လမ်း = ချင်းတွင်းလမ်း (ဒဂုံ)
၁၁၂။ ဝင်ဒါမီယာကုတ် = ရွှေလီလမ်း (ဒဂုံ)
၁၁၃။ ဝင်ဒါမီယာဂါးဒင်း = ဥယျာဉ်လမ်း (ဒဂုံ)
၁၁၄။ ဝင်ဒါမီယာပတ်ခ် = ဇော်ဂျီလမ်း (ဒဂုံ)
၁၁၅။ ဝင်ဒါမီယာကရဲဆင့်လမ်း = ပန်းဝါလမ်း (ဒဂုံ)
၁၁၆။ ကဲင့်လမ်း = စမုံလမ်း (ဒဂုံ)
၁၁၇။ ချပ်ခ်ျလမ်း = အိမ်တော်ရာလမ်း (ဒဂုံ)
၁၁၈။ ဇဖါးရှားလမ်း = ဇီဝကလမ်း (ဒဂုံ)
၁၁၉။ ဖရေဇာလမ်း = တော်ဝင်လမ်း (ဒဂုံ)
၁၂၀။ ဖော်ဆိုက်လမ်း = ကင်းဝန်မင်းကြီးလမ်း (ဒဂုံ)
၁၂၁။ ဘဒ်လမ်း = ပဒုမ္မာလမ်း (ဒဂုံ)
၁၂၂။ လှိုက်လမ်း = မင်းကျောင်းလမ်း (ဒဂုံ)
၁၂၃။ လော့ဖို့ဒ်လမ်း = စွယ်တော်လမ်း (ဒဂုံ)
၁၂၄။ အီဒင်လမ်း = ဗိုလ်တထောင်ဈေးလမ်း (ပုဇွန်တောင်)
၁၂၅။ ကေလမ်း = ကရမက်လမ်း (ပုဇွန်တောင်)
၁၂၆။ ကိတ်လမ်း = ကြာညိုလမ်း (ပုဇွန်တောင်)
၁၂၇။ ဂျေလမ်း = နံသာဖြူလမ်း (ပုဇွန်တောင်)
၁၂၈။ နေကရွန်းလမ်း = နေကြာလမ်း (ပုဇွန်တောင်)
၁၂၉။ ပို့ကော်မရှင်နာလမ်း = ရေဝန်လမ်း (ပုဇွန်တောင်)
၁၃၀။ ဟိဝ်လမ်း = စိန်ခြယ်လမ်း (ပုဇွန်တောင်)
၁၃၁။ လင်းစဒေါင်းလမ်း = ရာဇဓိရာဇ်လမ်း (ဗိုလ်တထောင်)
၁၃၂။ ကလပ်လမ်း = ၅၅ လမ်း (ဗိုလ်တထောင်)
၁၃၃။ တင်းပယ်လ်လမ်း = ဝတ်ကျောင်းလမ်း (ဗိုလ်တထောင်)
၁၃၄။ ဒပ်ဖရင်လမ်း = စန္ဒကူးလမ်း (ဗိုလ်တထောင်)
၁၃၅။ မေရိုးလမ်း = မေယုလမ်း (ဗိုလ်တထောင်)
၁၃၆။ သွန်မဆင် ပထမရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၁ လမ်း (ဗိုလ်တထောင်)
၁၃၇။ သွန်မဆင် ဒုတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၂ လမ်း (ဗိုလ်တထောင်)
၁၃၈။ သွန်မဆင် တတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၃ လမ်း (ဗိုလ်တထောင်)
၁၃၉။ သွန်မဆင် စတုတ္ထရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၄ လမ်း (ဗိုလ်တထောင်)
၁၄၀။ ဟိဇယ်ဝတ်လမ်း = ဧရာမြိုင်လမ်း (ဗိုလ်တထောင်)
၁၄၁။ အဒမိမ်ဆင်လမ်း = ၅၄ လမ်း (ဗိုလ်တထောင်)
၁၄၂။ ဂရန့်လမ်း = ကြာဖြူလမ်း (ဗိုလ်တထောင်)
၁၄၃။ ဘက်ထရီလမ်း = ဝရစိန်လမ်း (ဗိုလ်တထောင်)
၁၄၄။ လစ်ဖိလမ်း = မီးပြလမ်း (ဗိုလ်တထောင်)
၁၄၅။ အယ်လ်ဂျင်လမ်း = ဧကရာဇ်လမ်း (ဗိုလ်တထောင်)
၁၄၆။ ဘရွတ်ကင်းလမ်း = ဗိုလ်ကလေးဈေးလမ်း (ဗိုလ်တထောင်)
၁၄၇။ စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်)
၁၄၈။ ကနေဒီလမ်း = ဦးအောင်မြတ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၄၉။ ကင်းအက်ဒွပ်အဲဗင်းနယူး = ဗိုလ်မင်းခေါင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၀။ လစ်ကင်းလံစစ်စတားလမ်း = ဒေါ်သိန်းတင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၁။ အီဗင်ဆင်လမ်း = မြယာကုန်းလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၂။ ဘိုးလိန်းလမ်း = ဗညားဒလလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၃။ စိန်အန်ထော်နီလမ်း = ဦးဖိုးကျားလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၄။ နီကိုလ်းလမ်း = ငမိုးရိပ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၅။ မတ္တရီကာလမ်း = သစ္စာလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၆။ အဲရိုးလိန်းလမ်း = နောင်ရိုးလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၇။ သမိုင်းလင့်ခ်လမ်း = ကျိုက်ဝိုင်းဘုရားလမ်း (မရမ်းကုန်း)
၁၅၈။ ဒူးဘန်းလမ်း = မေလိခလမ်း (မရမ်းကုန်း)
၁၅၉။ ယာဒီလမ်း = သလ္လာဝတီလမ်း (မရမ်းကုန်း)
၁၆၀။ ကိုဟင်းလမ်း = ရွက်လှလမ်း (မရမ်းကုန်း)
၁၆၁။ ကရ်စ်ခ်လမ်း = သိင်္ဂီလမ်း (သင်္ဃန်းကျွန်း)
၁၆၂။ ချန်စဖို့လမ်း = အောင်သီရိလမ်း (သင်္ဃန်းကျွန်း)
၁၆၃။ စော်လမွန်လမ်း = ဥယျာဉ်လမ်း (သင်္ဃန်းကျွန်း)
၁၆၄။ တင်းပယ်လ်လမ်း = ဘောဂလမ်း (သင်္ဃန်းကျွန်း)
၁၆၅။ ကာပင်တိုင်လမ်း = ယုဇနလမ်း (သင်္ဃန်းကျွန်း)
၁၆၆။ ပနဒီယာလမ်း = သော်ကလမ်း (သင်္ဃန်းကျွန်း)
၁၆၇။ ဘာတာဖီလ်းလမ်း = နှင်းဆီကုန်းလမ်း (သင်္ဃန်းကျွန်း)
၁၆၈။ ဘတ်စ်လမ်း = မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၆၉။ မဟူရာဂျာလမ်း = မဟာမြိုင်လမ်း (သင်္ဃန်းကျွန်း)
၁၇၀။ ရှီမူရမ်လမ်း = အောင်မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၇၁။ ရမ်းမင်းလမ်း = ယုဝလမ်း (သင်္ဃန်းကျွန်း)
၁၇၂။ ဝိတိုရိယလမ်း = ရတနာလမ်း (သင်္ဃန်းကျွန်း)
၁၇၃။ ဝီလျံလမ်း = သီတာအေးလမ်း (သင်္ဃန်းကျွန်း)
၁၇၄။ ဟာဒင်လမ်း = အောင်သုခလမ်း (သင်္ဃန်းကျွန်း)
၁၇၅။ ဟာမစ်ရှင်လမ်း = ဟင်္သာတလမ်း (သင်္ဃန်းကျွန်း)
၁၇၆။ အဗူးကေတဘာလမ်း = ကြိုးစက်ရုံလမ်း (သင်္ဃန်းကျွန်း)
၁၇၇။ အားနိုလ်းလမ်း = ပြည်တော်သာလမ်း (သင်္ဃန်းကျွန်း)
၁၇၈။ ကောလိပ်လမ်း = သခင်မြပန်းခြံလမ်း (အလုံ)
၁၇၉။ ကူရှင်လမ်း နှင့် အနောက်လမ်း = အောင်ရတနာလမ်း (အလုံ)
၁၈၀။ ဆူပါပင်လမ်း = ငုဝါလမ်း (အလုံ)
၁၈၁။ ဖူးကားလမ်း = စကားစိမ်းလမ်း (အလုံ)
၁၈၂။ ဖိုက်ခ်ျလမ်း = ရှမ်းလမ်း (အလုံ)
၁၈၃။ ချန်းမာဖီလမ်း = နှင်းဆီလမ်း (အလုံ)
၁၈၄။ စတားရက်လမ်း = နွယ်သာကီလမ်း (အလုံ)
၁၈၅။ နော်မန်ကျောင်းလမ်း = နံ့သာလမ်း (အလုံ)
၁၈၆။ ဖွိုင်လမ်း = ရန်ပိုင်လမ်း (အလုံ)
၁၈၇။ ဘင်တန်လမ်း = သီတာလမ်း (အလုံ)
၁၈၈။ ဆရာမတ်ကြီးလမ်း = ဝေဘာဂီလမ်း (အလုံ)
၁၈၉။ ပိုင်းလမ်းဖြတ်လမ်း ၁ = သိန္နီဖြတ်လမ်း ၁ လမ်း (အလုံ)
၁၉၀။ ပိုင်းလမ်းဖြတ်လမ်း ၂ = သိန္နီဖြတ်လမ်း ၂ လမ်း (အလုံ)
၁၉၁။ ပိုင်းလမ်းဖြတ်လမ်း ၃ = သိန္နီဖြတ်လမ်း ၃ လမ်း (အလုံ)

#သွားမယ်&တည်းမယ်


Credit

[UPDATE INFORMATION]ဩဂုတ်လ (၁)ရက်နေ့ မှ စတင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်မှီ ​ကာကွယ်ဆေး ၂ကြိမ် အပြည့်ထိုးပြီးပ...
30/07/2022

[UPDATE INFORMATION]

ဩဂုတ်လ (၁)ရက်နေ့ မှ စတင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်မှီ ​ကာကွယ်ဆေး ၂ကြိမ် အပြည့်ထိုးပြီးပါက ၄၈နာရီအတွင်း စစ်ဆေးထားသော RDT (Negative) ဓါတ်ခွဲ အဖြေနှင့်
ကာကွယ်ဆေး ၂ကြိမ် အပြည့်မထိုးထားပါက (၄၈) နာရီအတွင်းစစ်ဆေးထားသော PT- PCR ( Negative) ဓာတ်ခွဲအဖြေစစ်ဆေးချက်မဖြစ်မနေလိုအပ်ပါပြီခင်ဗျာ ။

✈️ပြည်ပမှဝင်ရောက်လာမည့် နိုင်ငံခြားသားများ မြန်မာ လေဆိပ်ကိုဝင်ရင် ဘာတွေလိုမလဲ ?✈️- Passport - Visa (မြန်မာvisaလိုအပ်သောန...
13/07/2022

✈️ပြည်ပမှဝင်ရောက်လာမည့် နိုင်ငံခြားသားများ မြန်မာ လေဆိပ်ကိုဝင်ရင် ဘာတွေလိုမလဲ ?✈️

- Passport
- Visa (မြန်မာvisaလိုအပ်သောနိုင်ငံ)
- Vaccine certificate
- Insurance

🛎မြန့်မာ Insurance ကို Prime Land Travel မှာ ဝယ်ယူရရှ်ိနိုင်ပါပြီနော် 🛎

📌မြန်မာ့ Insurance ဝယ်ယူရန်လိုအပ်ချက်များ

-ခရီးသွားလိုသူ၏အသက်
-ဝယ်လိုသည့်ရက်
-Coverage ဖြစ်လိုသော Amount

အသက်နဲ့ဝယ်ယူလိုသည့် package ပေါ်မူတည်၍စျေးနှုန်းမတူညီတာမို့ အသေးစိတ်ဆက်သွယ်တိုင်ပင်မေးမြန်းနိုင်ပါတယ်နော်

☎️Hotline - 09 4500 54407 ☎️

✅Visa မလျောက်ရသေးသူများ E Visa များလျောက်ထားပေးပါတယ် ရှင်✅

🏪Office Address- No.42,Ngu Wa Street,Ahlone Township,Yangon

02/07/2022
ကဲကဲ လာပီ ဇူလိုင်လမှာ ဘန်ကောက်မှာ ဈေးပဲဝယ်ဝယ် အလည်အပတ်ပဲ သွားသွား ဆေးခန်းပဲသွားပြပြ သွားကြမဲ့ မင်မင်ရဲ့ အချစ်လေးတွေအတွက်...
17/06/2022

ကဲကဲ လာပီ
ဇူလိုင်လမှာ ဘန်ကောက်မှာ ဈေးပဲဝယ်ဝယ် အလည်အပတ်ပဲ သွားသွား ဆေးခန်းပဲသွားပြပြ သွားကြမဲ့ မင်မင်ရဲ့ အချစ်လေးတွေအတွက် လေကြောင်းလိုင်း ရက်လေးတွေ လာပီနော် 🥰

🇹🇭 July 1 က စလို့ လေကြောင်းလိုင်းတွေ စုံပြီ 🇹🇭
ရန်ကုန်- ဘန်ကောက်- ရန်ကုန်

✈️ MAI (Every Day)
✈️ MNA (Every Day)
✈️ Thai Smiles (Every Day)
✈️ Nok Air (Monday, Wednesday, Friday, Sunday)
✈️ Air Asia (Monday, Wednesday, Friday, Sunday)

မန္တလေး- ဘန်ကောက်- မန္တလေး
✈️ MAI (Tuesday/ Thursday /Saturday /Sunday)
✈️ Air Asia (Monday , Friday)

⚠️သယ်လာမယ့်အထုပ်အပိုး များများစားစားမပါဘူးဆိုရင် ကီလိုမပါ Nak Air သာဝယ်လိုက် ဇူလိုင်တစ်လလုံး 60 USD အောက်မှာပဲရှိတယ်။

⚠️ သယ်စရာဘာညာများတယ်ဆိုရင် Thai Smiles ဝယ်သင့်တယ်။

လက်မှတ်ဝယ်မယ်ဆိုရင်

📲 09-4500-54407

#လေယာဥ်လက်မှတ် #ဘန်ကောက်သွားမယ် #မနီလာ

၁၅.၆.၂၀၂၂ မှစတင်၍ နိုင်ငံခြားမှပြန်လာမည့်မြန်မာနိုင်ငံသူ/သားများ ကာကွယ်ဆေး ၂ကြိမ်ထိုးထားပြီးပါက RT-PCR test စစ်ဆေးလာရန် ...
15/06/2022

၁၅.၆.၂၀၂၂ မှစတင်၍ နိုင်ငံခြားမှပြန်လာမည့်မြန်မာနိုင်ငံသူ/သားများ ကာကွယ်ဆေး ၂ကြိမ်ထိုးထားပြီးပါက RT-PCR test စစ်ဆေးလာရန် မလိုတော့ပါ

Nok Air USD 50 ကျော်ကျော်နဲ့ ဘန်ကောက် သွားကြမယ် 🛫" ဇူလိုင် ပထမပတ်ထဲ ဘန်ကောက်သွားမယ့် သူတွေ မြန်မြန်သာဖြတ်ထားလိုက်တော့" ခ...
12/06/2022

Nok Air USD 50 ကျော်ကျော်နဲ့ ဘန်ကောက် သွားကြမယ် 🛫

" ဇူလိုင် ပထမပတ်ထဲ ဘန်ကောက်သွားမယ့် သူတွေ မြန်မြန်သာဖြတ်ထားလိုက်တော့"

ခုဆိုရင် Budget လေကြောင်း နှစ်ခု ဇူလိုင် ၁ ကစ ပျံတော့မှာဖြစ်ပါတယ်။
◾️ Air Aisa
◾️Nok Air

➡️ Nok Air က ဘယ်ရက်တွေရှိမလဲ။
◾️ ရန်ကုန် - ဘန်ကောက်က အပတ်စဥ် Monday, Wednesday, Friday, Sunday လေးရက်ရှိပါမယ်။
ရန်ကုန်-ဘန်ကောက် ⏰ 08:05 - 09:50
ဘန်ကောက်- ရန်ကုန် ⏰ 06:30 - 07:15

➡️ Air Aisa က ဘယ်ရက်တွေရှိမလဲ။
◾️ ရန်ကုန် - ဘန်ကောက်က အပတ်စဥ် Monday, Wednesday, Friday, Sunday လေးရက်ရှိပါမယ်။
ရန်ကုန်-ဘန်ကောက် ⏰ 08:30 - 10:15
ဘန်ကောက်- ရန်ကုန် ⏰ 07:15 - 08:00
◾️ မန္တလေး - ဘန်ကောက်က တစ်ပတ်မှာ Monday , Friday ပဲရှိပါမယ်။
မန္တလေး - ဘန်ကောက် ⏰ 12: 45 - 15:00
ဘန်ကောက် - မန္တလေး ⏰ 11:00 - 12:15

✈️ Air Aisa ရော Nok Air ရော နှစ်ခုစလုံးက ဒွန်မောင်းလေဆိပ်မှာ ဆင်းသက်ပါတယ်။
🛄 ကီလိုက ကိုယ်သယ်လိုသလောက် ထပ်ဆောင်းဝယ်ယူရမှာဖြစ်ပါတယ်။ လက်မှတ်ခထဲမှာ 7 KG
🍲 အစားသောက်အတွက် ထပ်ဆောင်းပေးရပါမယ်။

မှတ်ချက် ။ ။ ခုံအရေအတွက် အကန့်အသတ်နဲ့သာ ရောင်းတာမို့ ခုံ မကုန်ခင် အမြန် ဟယ်လို လိုက်တော့နော် ။

☎️ 09-450054407

𝟐𝐱 𝐘𝐚𝐧𝐠𝐨𝐧 < > 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐨𝐩𝐞𝐫𝐚𝐭𝐞 𝐨𝐧 𝐌𝐨𝐧𝐝𝐚𝐲 & 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲 𝐬𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐟𝐫𝐨𝐦 𝟏𝟓 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟐✈𝘿𝙖𝙞𝙡𝙮 𝙁𝙡𝙞𝙜𝙝𝙩𝙨 𝘼𝙫𝙖𝙞𝙡𝙖𝙗𝙡𝙚!မြန်မာ...
11/06/2022

𝟐𝐱 𝐘𝐚𝐧𝐠𝐨𝐧 < > 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐨𝐩𝐞𝐫𝐚𝐭𝐞 𝐨𝐧 𝐌𝐨𝐧𝐝𝐚𝐲 & 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲 𝐬𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐟𝐫𝐨𝐦 𝟏𝟓 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟐
✈𝘿𝙖𝙞𝙡𝙮 𝙁𝙡𝙞𝙜𝙝𝙩𝙨 𝘼𝙫𝙖𝙞𝙡𝙖𝙗𝙡𝙚!

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် -ဘန်ကောက်-ရန်ကုန် ခရီးစဉ်များ နေ့စဉ် ပျံသန်းပြေးဆွဲလျက်ရှိပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင်ကာ တနင်္လာ၊ ဗုဒ္ဓဟူးနေ့များတွင် ခရီးစဉ် (၂)ကြိမ်နှုန်းဖြင့် ထပ်တိုးပျံသန်းပြေးဆွဲသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

𝐅𝐀𝐑𝐄
ရန်ကုန် < > ဘန်ကောက် လက်မှတ်ဈေးနှုန်း
One way ticket starts from USD 170
Round trip ticket starts from USD 284

𝐅𝐋𝐈𝐆𝐇𝐓 𝐒𝐂𝐇𝐄𝐃𝐔𝐋𝐄
𝑴𝒐𝒏, 𝑾𝒆𝒅 & 𝑭𝒓𝒊
Departure Arrival
Yangon-Bangkok 06:35 08:30
UB-019
​Bangkok-Yangon 09:30 10:25
UB-020

𝑴𝒐𝒏, 𝑻𝒖𝒆, 𝑾𝒆𝒅, 𝑻𝒉𝒖, 𝑺𝒂𝒕 & 𝑺𝒖𝒏
Departure Arrival
Yangon-Bangkok 15:00 16:55
UB-017
​​Bangkok-Yangon 18:25 19:20
UB-018

ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သက်မှတ်ချက်များ ကိုအတိအကျလိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါသည်။

☎️ 09-4500-54407

Address

No. 105, 3rd Floor, Ngu War Street, Alone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09261315455

Alerts

Be the first to know and let us send you an email when Prime Land Travels and Tours-Inbound/Domestic Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Prime Land Travels and Tours-Inbound/Domestic Department:

Share

Category

Nearby travel agencies