EGD Group

EGD Group EGD Travels Tours Busticket Airticket
(1)

*မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်မှာ နယ်ခရီးများပြန်ကြဖို့အတွက် အဆင်သင့်ဖြစ်ကြပြီလား?*သင်္ကြန်ကားလက်မှတ်များစတင်ရောင်းချပေး...
11/03/2023

*မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်မှာ နယ်ခရီးများပြန်ကြဖို့အတွက် အဆင်သင့်ဖြစ်ကြပြီလား?*

သင်္ကြန်ကားလက်မှတ်များစတင်ရောင်းချပေးနေပါပြီ

"Elite Express " အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက် သင်္ကြန်ကားလက်မှတ်များကို (၁၁.၀၃.၂၀၂၃) ရက်နေ့မှစတင်၍ ကြိုတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်းအသိပေးကြေညာခြင်း........................................................................................
မင်္ဂလာပါ
"Elite Express"ဝန်ဆောင်မှုကို အစဉ်အမြဲအားပေးနေကြသောခရီးသွားမိဘပြည်သူများခင်ဗျ

" သင်္ကြန်ပိတ်ရက်ကာလမှာ အိမ်ပြန်ဖို့ အတွက် ခရီးသွားမိဘပြည်သူများ မေးနေကြသော သင်္ကြန်ကားလက်မှတ်များအား Elite Express ၏ အမြို့မြို့အနယ်နယ်ရှိ ပင်မဂိတ်များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူနိုင်ပါတယ် EGD Travel tour တွင်လည်း Online Payment များဖြင့် ကိုယ်တိုင်ခုံးရွေး၍ ငွေပေးချေဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း ခရီးသွားမိဘပြည်သူများအား သတင်းကောင်းပါးအပ်ပါတယ်နော်......................................
အိမ်အပြန်ခရီးမှာ သက်တောင့်သက်သာ ခရီးဆက်ချင်သူများအနေဖြင့်လည်း ခုံနေရာကောင်းလေးများ ရရှိနိုင်ဖို့အတွက်ဆိုရင် မြန်မြန်လေးဝယ်ယူထားမှ စိတ်ချမယ်နော်............
ခရီးစဉ်လက်မှတ်များကို Elite Express ပင်မအရောင်းဂိတ်များတွင် (မနက် ၉ နာရီမှ ညနေ ၅ နာရီ ရုံးချိန်အတွင်း) ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း ခရီးသွားမိဘပြည်သူများအား လေးစားစွာဖြင့် ထပ်မံအသိပေးအကြောင်းကြားအပ်ပါတယ်နော်.............
ကားစင်းလုံးငှားဝန်ဆောင်မှုများအတွက်လည်း Bus Charter Service
099 64466683 သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီ.......


_Festival_April_2023

နွေအလှကိုစာဖွဲ့လို့ ကမ်းခြေမှာခံစားချက်လေးတွေ စီးမျောမယ်ဆိုရင် 𝗧𝗵𝗲 𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗥𝗲𝘀𝗼𝗿𝘁 ကို သတိရလိုက်ပါ .... သင်္ကြန်ပိုးလေးလည...
07/03/2023

နွေအလှကိုစာဖွဲ့လို့ ကမ်းခြေမှာခံစားချက်လေးတွေ စီးမျောမယ်ဆိုရင်
𝗧𝗵𝗲 𝗩𝗶𝗹𝗹𝗮𝗴𝗲 𝗥𝗲𝘀𝗼𝗿𝘁 ကို သတိရလိုက်ပါ .... သင်္ကြန်ပိုးလေးလည်းဝင်လာပြီဆိုတော့ ငွေဆောင်ရဲ့ အထင်ကရကျွန်းတွေဆီကို အလည်တစ်ခေါက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ........

𝗙𝗮𝗰𝗶𝗹𝗶𝘁𝗶𝗲𝘀 များ
𝗙𝗼𝗿 𝟮 𝗣𝗮𝘅
−−−−−−−−−−−−
👉𝗗𝗮𝗶𝗹𝘆 𝗕𝗿𝗲𝗮𝗸𝗳𝗮𝘀𝘁 (𝟏𝟎 ခန်းအောက်ရက်များမှာ 𝗔 𝗟𝗮 𝗖𝗮𝗿𝘁𝗲 ပုံစံနဲ့ ပြည့်ပြည့်စုံစုံ စီစဉ်ပေးပါသည် )
👉 𝗜𝗻𝗳𝗶𝗻𝗶𝘁𝘆 𝗣𝗼𝗼𝗹
👉 𝟮𝟰 𝗵𝗿𝘀 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗶𝘁𝘆
👉𝟭𝟴 𝗵𝗿𝘀 𝗔𝗶𝗿 𝗖𝗼𝗻𝗱𝗶𝘁𝗶𝗼𝗻𝗶𝗻𝗴 ( 𝗣𝗿𝗼𝘃𝗶𝗱𝗲𝗱 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝟲 𝗣𝗠 𝘁𝗼 𝟵 𝗔𝗠 𝗮𝗻𝗱 𝟭 𝗣𝗠 𝘁𝗼 𝟰 𝗣𝗠 𝗮𝗻𝗱 𝗘𝗣𝗖 𝗣𝗹𝗮𝗻 𝗳𝗼𝗿 𝘁𝗵𝗲 𝗥𝗲𝘀𝘁)
👉 𝗪𝗶𝗳𝗶
👉𝗗𝗮𝗶𝗹𝘆 𝗥𝗼𝗼𝗺 𝗠𝗮𝗸𝗲 𝗨𝗽
👉𝗦𝗽𝗮𝗰𝗶𝗼𝘂𝘀 𝗖𝗮𝗿 𝗣𝗮𝗿𝗸 တို့ပါဝင်မှာပါ။
🏠 မြို့မလမ်း၊ငွေဆောင်မြို့၊ ဧရာဝတီတိုင်း။...EGD travel tours..
📱𝟬𝟵 964466683

ပတ်စပို့များပြန်လည်လျှောက်ထားနိုင်ပြီအွန်လိုင်းစနစ်ပြုပြင်ရန်ယာရီရပ်နားထားသောမြန်မာနိုင်ငံကူးလက်မှတ်များအား ၂၄.၂.၂၀၂၃ ရက...
22/02/2023

ပတ်စပို့များပြန်လည်လျှောက်ထားနိုင်ပြီ
အွန်လိုင်းစနစ်ပြုပြင်ရန်ယာရီရပ်နားထားသောမြန်မာနိုင်ငံကူးလက်မှတ်များအား ၂၄.၂.၂၀၂၃ ရက်နေ့မှစတင်ပြီး www.passport.gov.mm တွင် ကိုယ်တိုင် Booking ယူကာစတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ထားပါသည် ။
သို့ပါသောကြောင့် နိုင်င့ကူးလက်မှတ်လျှောက်ထားလိုသးများအနေဖြင့် အထက်ပါရက်မှစတင်ကာ Appointment Booking ယူပြီးလျှောက်ထားနိုင်မည်ဖြစ်ပါသည် ။

တန်ဆောင်မုန်းလပြည့်၊သာမညဖလ အခါတော်နေ့ အကြောင်းသိကောင်းစရာများ=========ယနေ့သည်တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့ဖြ...
07/11/2022

တန်ဆောင်မုန်းလပြည့်၊သာမညဖလ အခါတော်နေ့ အကြောင်းသိကောင်းစရာများ
=========
ယနေ့သည်တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့ဖြစ်ပါသည်။
တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။ ယင်းတို့အနက် သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုသည်။

အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။

သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ တရားတော်ကို ဟောပြောတော်မူသည်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။

ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။

ရဟန်းပြုခြင်းဖြင့်-

မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
ဈာန်တရား ရနိုင်ခြင်း။
ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။

ထို သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်းပြုအပ်ပေသည်။
ကထိန်သင်္ကန်း၏ နာမည်ထူးတစ်မျိုးပင်ဖြစ်သည်။ ထိုခေတ်က ရဟန်းသံဃာတော်များသည် ကထိန်ခင်းရန်အတွက် လှူဒါန်းသောအဝတ်ကို ညသိပ် သိမ်းဆည်းမထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအချိန်အတွင်း သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုကိစ္စများ ပြီးစီးအောင် ဆောင်ရွက်ကြရသည်။ ယင်းကဲ့သို့ ကိစ္စအားလုံးကို နေ့ချင်းပြီးအောင် လုပ်ဆောင်နိုင်သော သင်္ကန်းမျိုးကို "မသိုးသင်္ကန်း" ဟုခေါ်သည်။ သင်္ကန်းချုပ်ဆိုးနေစဉ် အရုဏ်တက်ခဲ့လျှင်ဖြစ်စေ၊ သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုတို့ကို လုံးဝမပြုဘဲ ညအိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟုဆိုသည်။ အချိန်မီအောင် မဆောင်ရွက်နိုင်သဖြင့် သင်္ကန်းသိုးသွားသည်အခါ ထိုသင်္ကန်းဖြင့် ကထိန်ခင်း၍ မရတော့ပေ။

ယခုမျက်မှောက်ကာလ၌ကား အလှူရှင် ဒါယကာ ဒါယိကာမများက ချုပ်ဆိုးပြီး သင်္ကန်းများကို ကထိန်သင်္ကန်းအဖြစ် လှူဒါန်းကြသဖြင့် ချုပ်ခြင်း၊ ဆိုးခြင်းကိစ္စများကို သံဃာတော်များကိုယ်တိုင်ပြုလုပ်ရန် မလိုတော့ပေ။ အသင့်ချုပ်ဆိုးပြီး လှူဒါန်းသော သင်္ကန်းဖြင့် ကထိန်ခင်းကြရန်သာရှိပေတော့သည်။ မသိုးသင်္ကန်းရက်လှူပွဲသည် ကထိန်ပွဲတော်မှ ဖြာထွက်လာသော ပွဲငယ်တစ်ခုဖြစ်၏။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများက မသိုးသင်္ကန်းရက်၍ မြတ်စွာဘုရားအား လှူဒါန်းပူဇော်ကြရာမှ "မသိုးသင်္ကန်းရက်လှူပွဲ" ဟူသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပံ့သကူပစ်ပွဲ
ပြင်ဆင်
"ပံ့သကူပစ်ပွဲ" သည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်သည်။ ပံ့သကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ "ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။

ဤတန်ဆောင်မုန်းလသည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာပွဲတော် အများဆုံးသော ကာလဖြစ်၏။
ကိုးကား/wikpedia
D.မင်း
၇.၁၁.၂၀၂၂

09/10/2022

🏮သီတင်းကျွတ်လပြည့်နေ့
🏮(အဘိဓမ္မာအခါတော်နေ့)

သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်း နှင့်ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ ဒီရေအလား တိုးတက်ကြပါစေလို့ EGD Group မှ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် . . . .🙏🤗🥰💖

စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဆထတိုးကြီးပွားအောင်မြင်ကြပါစေကြောင်းEGD Group  မိသားစုမှဆုမွန်ကောင်းတောင်:အပ်ပါသည်🙏🙏🙏
08/10/2022

စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဆထတိုး
ကြီးပွားအောင်မြင်ကြပါစေကြောင်း
EGD Group မိသားစုမှဆုမွန်ကောင်းတောင်:အပ်ပါသည်🙏🙏🙏

ကဲကဲ ခရီးသွားကြမယ်လေ
04/10/2022

ကဲကဲ ခရီးသွားကြမယ်လေ

ခရီးလည်း အဝသွား...ကြက်ကြော်လည်း ဖရီးစား...

အောင်မ​င်္ဂလာ အဝေးပြေးကနေ
ခရီးသွားဖို့ တာဆူနေသူများ လက်ထောင်ပါ...

KFC အောင်မင်္ဂလာဆိုင်ခွဲမှာ
ရွှေမန္တလာ App က ဖြတ်ဖြတ်၊ ကိုယ်တိုင် ပဲ ဝယ်ဝယ် ကိုယ်ဝယ်ထားတဲ့ လက်မှတ်လေး ပြလိုက်တာနဲ့
ကြက်ကြော် (၄)တုံးဝယ်ပြီး (၁)တုံး FREE ထပ်ရမယ်တဲ့‼️

အောက်တ်ိုဘာလ (၆)ရက်နေ့ကနေ ဒီဇင်ဘာလကုန်ထိ ပေးမှာဆိုတော့
ဘယ်ချိန်သွားသွား
ခရီးလည်းသွား
ရွှေမန္တလာနဲ့ လက်မှတ်ဝယ်ထားရင်
ကြက်ကြော် FREE လည်း ယူသွား…

🌟ရန်ကုန်​အောင်မင်္ဂလာ အ​ဝေး​ပြေး🌟
📱09-2228735, 09-5042644, 09-760410430, 09765478384, 09797170003

ဓမ္မစင်္ကြာအခါတော်နေ့━━━━━━━━━━━━━━━━━ ဝါဆိုလပြည့်နေ့ကိုဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့၌ ဓမ္မ...
12/07/2022

ဓမ္မစင်္ကြာအခါတော်နေ့
━━━━━━━━━━━━━━━━━
ဝါဆိုလပြည့်နေ့ကိုဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည် ။

ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကိုဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည် ။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ "ပဉ္စဝဂ္ဂိယကထာ" အမည်ဖြင့်လာရှိပါသည်၊ပဋိသမ္ဘိဒါ မဂ္ဂပါဠိတော်၌ "ဓမ္မစက္က ပဝတ္တနဝါရ" အမည်ဖြင့်လာရှိပါသည်။မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ "ဓမ္မစက္က ပဝတ္တန သုတ္တ" အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္က ပဝတ္တန-၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို သိစေ လည်စေတော်မူခြင်းဟု အဓိပ္ပါယ် ရပါသည်(ဓမ္မစက္ကတရားတော် + ပဝတ္တန-ဖြစ်စေလည်စေခြင်း)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားတော်ကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား "အစွန်း (၂) ခု"ကို ရှောင်ကြဉ်ရေးမဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကိုညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြာင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကိုတွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မင်္ကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစြင်္ကာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက် ရှိကြပါသည်။


ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ
━━━━━━━━━━━━━━━━━
မြန်မာ့ရိုးရာ (၁၂)လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစင်္ကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ "ဧဟိ ဘိက္ခု" ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသသေအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့သွားရောက်၍ ဝါဆိုပန်းများ ကပ်လှုခြင်း ဝါဆိုသင်္ကန်း လှုဒါန်းခြင်းဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် "ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" ကို ဆင်နွှဲပြုလုပ်ကြပါသည်။

 #ငလျင်သတိပေးချက် 🚨🚨🚨အိန္ဒိယ နှင့် မြန်မာဖြစ်လာနိုင်သည့်ငလျင်ကြီးများအတွက်ကြိုတင်ပြင်ဆင်ရအောင်အိမ်တွင်းအိမ်ပ ဆောင်ရန်ရှေ...
05/07/2022

#ငလျင်သတိပေးချက် 🚨🚨🚨
အိန္ဒိယ နှင့် မြန်မာ
ဖြစ်လာနိုင်သည့်
ငလျင်ကြီးများအတွက်
ကြိုတင်ပြင်ဆင်ရအောင်
အိမ်တွင်းအိမ်ပ
ဆောင်ရန်ရှောင်ရန်
အချက်များပါခင်ဗျာ 🙏

မြို့ပြတိုက်ခန်းနေ
ပြည်သူတွေ အထူးသတိထားပါဗျ

၁) ပြုတ်ကျနိုင်တဲ့ ပစ္စည်းများကို
သိမ်းဆည်းပါ။

၂) Gas အိုး သုံးနေတယ်ဆို
ချက်ချင်းပိတ်ပစ်ပါ။

၃) ထွက်ပေါက်တွေကို
ရှင်းထားပါ
လှုပ်လိုက်တဲ့အခါ
ပြုတ်ကျပြီး ပိတ်ဆို့နိုင်တာမျိုး
ကြိုရှင်းထားပါခင်ဗျာ
တကယ်အရေးကြုံလျှင်
အသေးအဖွဲအစ
ပြုတ်ကျပိတ်ဆို့နိုင်ပါတယ်

၄) မှန် တွေနားမှာ
ရှိနေတာမျိုးဆို
အမြန်ရှောင်ရှားနေပါ

၅) အိမ်မှာနေလို့ safe ဖြစ်နေရင်တောင်
အသက်ဆက်ရှင်ဖို့ လိုအပ်တာမျိုးတွေ
စုဆောင်းထားပါဗျ

အပြင်မှာရောက်နေတယ်ဆို
၆) ဘီးပါတဲ့TH အရာဝတ္ထုမျိုးတွေကနေ
အထူးဂရုစိုက်ရှောင်ရှားနေပါ

၇) အဆောက်အဦး ရုံး|ကျောင်း| တို့မှာဆို
အိမ်အတွင်းမှာကဲ့သို့
ပြုမူနေထိုင်ပါခင်ဗျာ
Emergency Exit တွေလည်း
ဂရုတစိုက်ကြည့်ထားပါဗျ

ငလျင်တစ်ခုခုဆို တွေဖူးမှာပေါ့
ခုံအောက်ကို ပြေးဝင်ကြတာ
တစ်ခုခုပြုတ်ကျရင် ခံနိုင်အောင်
အကာအကွယ်ယူကြရပါမယ်

၇၂ နာရီ အသက်ကယ်ကိရိယာအစုံ

📌AIR
☑️Filtration Mask

📌SHELTER
☑️Tent
☑️Emergency Blanket
☑️Sleeping bag

📌WATER
☑️Filtration system
☑️Water carrying solution

📌FOOD
☑️Rations*
☑️Fishing tools

📌CLOTHING
☑️Gloves
☑️Head gear
☑️Waterproof jacket
☑️Extra clothes

📌WARMTH
☑️Matches/Firestarter
☑️Hand warmers

📌LIGHTING
☑️Chem lights*
☑️Flash lights
☑️Head lamp

📌FIRST AID KIT
☑️For wounds/Burns
☑️Medicines
☑️And other medical supplies

📌NAVIGATION TOOLS
☑️Map
☑️Compass
☑️Pen/Waterproof notepad
☑️GPS tracking system

📌 MULTI-PURPOSE TOOLS
☑️Mini shovel
☑️Axe
☑️Multi tool
☑️Paracord
☑️Crowbar
☑️Folding saw
☑️Duct tape

📌MISCELLANEOUS
☑️Whistle
☑️Goggles
☑️Sewing kit
☑️Charger
☑️Extra phone/Battery
☑️Prescription drugs
☑️small mirror
☑️Emergency cash
☑️Hygiene kit
☑️Important documents

📌DEFENSE
☑️Knife
☑️Pepper spray
☑️Defensive telescopic stick
☑️Others

Ref: Internet

ဘေးကင်းကြပါစေ

Stay Alert 🦺

05/07/2022
01/07/2022
27/06/2022
25/06/2022
🚨အခုကာလမှာ အဝေးပြေးကားနဲ့ခရီးသွားတဲ့အခါညကားတွေစီးရင် လမ်းမှာ အိပ်ရလားဆိုတာ အမေးများကြပါတယ်...✅ဟုတ်ကဲ့... ညကားတွေ စီးရင် ...
23/06/2022

🚨အခုကာလမှာ အဝေးပြေးကားနဲ့ခရီးသွားတဲ့အခါ
ညကားတွေစီးရင် လမ်းမှာ အိပ်ရလားဆိုတာ အမေးများကြပါတယ်...

✅ဟုတ်ကဲ့... ညကားတွေ စီးရင် လမ်းမှာကားရပ်ပြီး အိပ်ရပါတယ်။

✅ညမထွက်ရအမိန့်ရှိနေသေးတာကြောင့် အရင်လို ခရီးစဉ်အစအဆုံး တောက်လျှောက်မောင်းလို့ မရပါဘူး။

✅ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ရောက်ရင် အမြန်လမ်းပေါ်နဲ့ အခြားလမ်းကြောင်းတွေက တိုးဂိတ်တွေ၊ မြို့ဝင်ဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းသွားလာခွင့်မပေးတော့တဲ့အတွက် ကားတွေရပ်ထားပြီး မနက် (၄)နာရီထိုးတဲ့အထိစောင့်ရပါတယ်။

✅ဒါဆို ဘယ်မှာအိပ်ရတာလဲ... စားသောက်ဆိုင်တွေမှာ အိပ်ရတာလား...အိပ်စရာနေရာစီစဉ်ပေးလားဆိုတာတွေ ထပ်မေးကြပါတယ်။

✅စားသောက်ဆိုင်တွေလည်း ညမထွက်ရအချိန်မှာ ပိတ်ထားရပါတယ်။ အိပ်စရာနေရာလည်း မစီစဉ်ပေးပါဘူး။

✅ကားပေါ်မှာပဲ အိပ်ရပါတယ်

✅ကားတွေစုရပ်လေ့ရှိတဲ့ တချို့နေရာတွေမှာတော့ လမ်းဘေးစျေးသည်လေးတွေရှိတတ်ပါတယ်။ ဖျာတို့၊ စောင်ခေါင်းအုံးတို့ ငှားပေးတဲ့သူတွေလည်း ရှိပါတယ်။ ကားပေါ်မှာမအိပ်ချင်ရင် လမ်းပေါ် သို့မဟုတ် လမ်းဘေးမှာ ဆင်းအိပ်လို့ရပါတယ်။

✅ဒါက လက်ရှိအချိန်မှာ အဝေးပြေးညကားတွေ စီးတဲ့အခါ ကြုံတွေ့နေရတဲ့ အခြေအနေအမှန်ပါပဲ။

✅လမ်းမှာကားရပ်ပြီး ညအိပ်ရတာကို အဆင်မပြေဘူးဆိုရင်တော့ မနက်ကားတွေ စီးဖို့ တိုက်တွန်းချင်ပါတယ်။

✅ညကားပဲစီးစီး၊ မနက်ကားပဲ စီးစီး ဘယ်ခရီးပဲသွားသွား မှတ်ပုံတင်(မူရင်း)တော့ ဆောင်သွားဖို့ လိုပါတယ်။

✅အသွားများတဲ့ ခရီးစဉ်လမ်းကြောင်းတွေနဲ့ ညကားတွေ အများစုညအိပ်ရပ်နားလေ့ရှိတဲ့နေရာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

🚍ရန်ကုန် - မန္တလေး ခရီးစဉ်
🔰ညအိပ်ရပ်နားသည့်နေရာ - 285 မိုင် တိုးဂိတ်

🚍မန္တလေး - ရန်ကုန် ခရီးစဉ်
🔰ညအိပ်ရပ်နားသည့်နေရာ - 173 မိုင် (သို့မဟုတ်) 115 မိုင်

🚍ရန်ကုန် - ကလော - တောင်ကြီး ခရီးစဉ်
🔰ညအိပ်ရပ်နားသည့်နေရာ - ယင်းမာပင်

🚍တောင်ကြီး - ကလော - ရန်ကုန် ခရီးစဉ်
🔰ညအိပ်ရပ်နားသည့်နေရာ - 173 မိုင် (သို့မဟုတ်) 115 မိုင်

🚍ရန်ကုန် - ပုဂံ/ညောင်ဉီး - ပခုက္ကူ
🔰ညအိပ်ရပ်နားသည့်နေရာ - 285 မိုင် (သို့မဟုတ်) ကျောက်ပန်းတောင်း တိုးဂိတ်

🚍ပခုက္ကူ - ပုဂံ/ညောင်ဉီး - ရန်ကုန် ခရီးစဉ်
🔰ညအိပ်ရပ်နားသည့်နေရာ - 173 မိုင် (သို့မဟုတ်) 115 မိုင်

✅ညဖက် အဝေးပြေးကားစီးပြီး ခရီးသွားမယ့်သူတွေအနေနဲ့ ကြိုတင်သိရှိပြင်ဆင်ထားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်ခင်ဗျ...

✅အဝေးပြေးကားလက်မှတ်တွေ ကြိုတင်ဝယ်ယူထားချင်တယ်ဆိုရင်တော့

EGD Travel - Bus Ticketing Service
💬Page Chat Box သို့မဟုတ်
📱09 964466683 (Viber Available)
တို့ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ

EGD မှာ ကားလက်မှတ်ဝယ်မယ်ဆိုရင်
❤ ဂိတ်ရင်းဈေးအတိုင်းဝယ်လို့ရမယ်
❤ စိတ်ကြိုက်ကားလိုင်းရွေးလို့ရမယ်
❤ သွားချင်တဲ့အချိန်ရွေးလို့ရမယ်
❤ ထိုင်ခုံနေရာလည်းရွေးလို့ရမယ်
❤ ရောက်မယ့်အချိန်သိရမယ်
❤ မြို့တွင်းကြိုပို့ရှိမရှိသိရမယ်ဆိုတော့ ဘာလိုသေးလဲဗျာ..

-----------[ 🗺 Our Services ]----------
✅ Domestic & International Air Ticketing
✅ Highway Express Bus Ticketing
✅ Beach Express Bus Ticketing

23/06/2022
ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် ဆေး(၂)ကြိမ်  အပြည့်ထိုးပြီးသူများ RDT Test စစ်ဆေးရန်မလိုအပ်တော့ပါ✅June လ ( ၂ ) ရက်နေ့...
01/06/2022

ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် ဆေး(၂)ကြိမ် အပြည့်ထိုးပြီးသူများ RDT Test စစ်ဆေးရန်မလိုအပ်တော့ပါ

✅June လ ( ၂ ) ရက်နေ့မှစတင်၍ ပြည်တွင်းလေကြောင်းခရီးစဉ်များ စီးနင်းရာတွင် (၃၆) နာရီအတွင်း စစ်ဆေးထားသော RDT Test Result မလိုအပ်တော့ပါဘူး ခင်ဗျာ

✅ #ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များ နှင့် ပြည်ပ လေယာဉ်လက်မှတ်များ

☎09 964466683 (viber number )

22/05/2022
21/05/2022
 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အ...
25/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

ရန်ကုန် - မိထ္တီလာ   ညဘက် အမြန်လမ်းအိပ်စရာ မလိုပဲ ရန်ကုန် - မိထ္တီလာ ခရီးစဥ်အား ရန်ကုန်မှ ည​နေ ၄ နာရီထွက် ည ၁၁ နာရီ​ရောက...
27/03/2022

ရန်ကုန် - မိထ္တီလာ

ညဘက် အမြန်လမ်းအိပ်စရာ မလိုပဲ ရန်ကုန် - မိထ္တီလာ ခရီးစဥ်အား ရန်ကုန်မှ ည​နေ ၄ နာရီထွက် ည ၁၁ နာရီ​ရောက်ပါမည်။ ခရီးစဥ်အား ( ၂၉ . ၃ . ၂၀၂၂ ) ရက်​နေ့မှ စတင်​ပြေးဆွဲမည် ဖြစ်ပါသည်။ မိထ္တီလာ ~ ရန်ကုန် ထီလာမှ ရန်ကုန် သို့ နံက် ( ၈ ) နာရီ ပြေးဆွဲ​ပေးပါမည် 🌟 📱09-964466683

အဝေးပြေးကားဖြင့် ခရီးသွားမည့် ခရီးသွားများနိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)မူရင်းပါမှယာဉ်စီးခွင့်ရပါမယ်နော်....
27/03/2022

အဝေးပြေးကားဖြင့် ခရီးသွားမည့် ခရီးသွားများ

နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)မူရင်းပါမှ

ယာဉ်စီးခွင့်ရပါမယ်နော်....

Address

81/85, Room No. (104), Anawrahta Road, Pazundaung
Yangon
11171

Telephone

09964466683

Website

Alerts

Be the first to know and let us send you an email when EGD Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EGD Group:

Share

Category


Other Travel Agencies in Yangon

Show All