20/12/2023
မြန်မာပြည် အရှေ့ပိုင်း ရှမ်းပြည်နယ်ရဲ့ မြို့လေးတမြို့ဖြစ်တဲ့ ကျိုင်းတုံ မြို့က တိမ်ပင်လယ် လေးအကြောင်းပြောပြချင်ပါတယ် 😍
ကျိုင်းတုံ - တာချီလိတ် High Way လမ်းပေါ်က ပန်ကွဲတောင် ဆီ သွားလည်ကြရအောင် 🥰😍🥰😘😘
မြင့်မားတဲ့ ပန်ကွဲတောင်ပေါ်မှာ နိုဝင်ဘာလကစလို့ လှပတဲ့တိမ်ပင်လယ်တွေ မြင်နေရပြီနော်😇😇😇😍😍😍
အေးမြတဲ့ရာသီဥတု မှာ Hot Pot လေးစားရင်း တိမ်ပင်လယ်တွေကို တနေကုန် ထိုင်ကြည့်ရတဲ့ အရသာက ဘာနဲ့မှ ကို မလဲနိုင်အောင် စိတ်ချမ်းသာစရာကောင်းလွန်းလှတယ် ❤️
ကော်ဖီဆိုင်လေးကနေ တွေးရင်းငေးရင်းဆွေးရင်း နဲ့လဲ feel လို့ရတယ်လေ
ညအိပ်အနားယူမယ်ဆိုရင်လဲ ရွက်ဖျင်တဲလေးတွေမှာ အိပ်မလား
သဘာဝ နဲ့အညီ ဆောက်ထားတဲ့ ဝါးတဲလေးတွေမှာ အိပ်မလား ? ကာကာတို့ စိတ်ကြိုက်ရွေးချယ်လို့ရပါတယ် 😍
ပန်ကွဲတောင် တိမ်ပင်လယ်က လှ လား
မလှဘူးလား 😀 ဓါတ်ပုံလေးတွေကိုသာကြည့်လိုက်တော့
ကျိုင်းတုံ - ချင်းရိုင် - ချင်းမိုင် ခရီးစဉ်မှာလိုက်ပါရင်း တိမ်ပင်လယ်တွေ နဲ့ အတူ ပန်ကွဲတောင်မှာ တညတာ အိပ်စက်ပြီး အနားယူ အပန်းဖြေကြမယ်နော် ❤️❤️❤️