GLS Travels & Tours

GLS Travels & Tours About Us:
Gloryland Star Travel & Tour is a private company established in 2016 that specialized in
(8)

23/04/2024

The BTC (the business skills and training centre) is the capacity-building center for the profession

01/09/2023

BTC English Course (4 Sep 2023)
_________________________________

1. ဖွင့်လှစ်မည့်သင်တန်:
General English 4 Skills
Upper-Intermediate Level, Batch (3)
Listening; Reading; Writing; Speaking
Plus Business English Grammar.

2. ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ?
• General English 4 Skills B1/ Intermediate Level အဆင့်တက်ရောက်အောင်မြင်ထားသူများ၊
• Further Studies Preparation အတွက် IELTS Exam ဖြေဆိုရန် Foundation Course အ‌‌နေနဲ့ စနစ်တကျလေ့လာ ပြင်ဆင်လိုသောသူများ၊
• လုပ်ငန်းခွင်မှာ နိုင်ခြားသားများနှင့် English လို ကောင်းမွန်စွာ ဆက်သွယ်ဆက်ဆံ နိုင်ရန်အတွက် English Skills ကိုနောက်တဆင့်အဆင့် မြှင့်တင်လိုသော သူများ၊

3. သင်တန်းချိန် - 4:30–5:30 PM(Mon to Fri)
4. သင်တန်းကာလ - 4 Months (Sep to Dec)
5. နေရာ - BTC Myitkyina

Contacts: 09450059357; 09400800402

24/07/2023
18/07/2023

မိုးရာသီကာလ ပုဂံအလှနဲ့ အတူ July လ တစ်လတည်းသာ ရရှိ နိုင်မဲ့ 50% Off Promotion လေးရှိပါတယ်နော် 💁🏻‍♂‍

July တစ်လလုံးကို Amazing Bagan Resort မှာရှိတဲ့ အခန်းအမျိုးအစားတိုင်းကို 50% တောင် Promotion ချပေးထားပါတယ်ရှင့် 🥰
Promotion လေးကတော့💁🏻‍♂‍
💙Amazing Bagan Resort 50% Off Promotion 💙
Starting From👇
Deluxe Garden View (02 pax) :❌️155,000 Ks✅️ 80,000 Ks ထိ Promotion လေးချပေးထားတာဖြစ်လို့ အခန်းမရတာမျိုးမဖြစ်အောင် မြန်မြန်လေး Booking တင်ထားမှ စိတ်ချရမယ်နော်

𝐖𝐡𝐞𝐫𝐞𝐯𝐞𝐫 𝐘𝐨𝐮 𝐀𝐫𝐞 𝐈𝐧 𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 ~
𝐖𝐡𝐞𝐫𝐞𝐯𝐞𝐫 𝐓𝐡𝐞 𝐋𝐢𝐟𝐞𝐥𝐨𝐧𝐠 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐌𝐚𝐲 𝐓𝐚𝐤𝐞 𝐘𝐨𝐮 ~
𝐀𝐥𝐰𝐚𝐲𝐬 #𝐒𝐭𝐚𝐲𝐀𝐦𝐚𝐳𝐢𝐧𝐠

☎Booking & Inquiries ☎
09 777 123 700
09 777 123 800
09 777 123 900

☎Hotel Direct☎️
09 76 54 22 090

18/07/2023

Japan 🇯🇵 ကို လာကြပါ❤️❤️

✈️ဘာနဲ့လာရမလဲ လာလာမေးကြတဲ့ အသဲတွေ အတွက် ပြန် ဖြေ ပေး လိုက်ပါပီ နော် ❤️

ဒီ အချိန် မှာ ဂျပန် ကို ဘာနဲ့ ဘဲ လာလာ ကောင်းပါတယ်
ဘာဖြစ် လို့လဲ ဆို တော့ ဘာနဲ့ ဘဲ လာလာ ပိုက် ဆံ တော်တော် စုမိကြလို့ပါ (ကိုက လွဲ လို့😆😆😆)
ကျောင်းသားတွေကတော့ လူပေါ်မူတည်ပါတယ်😛😛
အလုပ်နဲ့ လာမယ် ဆို ဘာနဲ့လာလာစုမိကြပါတယ်
ငွေကြေး က အရင်ကျန် တာ နဲ့ အခု ကျန် တာ ကအတူတူ ဆိုပေမယ့် ငွေကြေး ကွာခြား မှု့က အရမ်း ကွာသွား တော့ အနိမ့်ဆုံးတောင် ၂၅သိန်း အထက် ကို စုမိကြပါတယ် အဲ အတွက် ဘာနဲ့လာရလာရ လာကြပါ
ဂျပန်စာတွေ ပိုကျက်ထားရင် ပိုပီး အဆင်ပြေပါလိမ့်မယ် နော် ❤️❤️

Edit
စုမိတယ် လို့ပြော တာစုဗူး ထဲ ထည့်တာ သိမ်း ထား တာကို ပြော ခြင်းမဟုတ် ပါနော် ကိုလုပ်အား ခကို မိဘဆီ တလ ၂၅သိန်း ပြန် ပို့နိုင်ခြင်း ကို ဆို လို ပါတယ်
၂၅သိန်း ဂျပန် ယန်း နဲ့ ၁၂လောက် မကျန် ဘူး လို့
ပြော နေကြတဲ့ သူတွေ အိမ်ထောင်ပြုပီး အလုပ် မလုပ် တာ လဲ ဖြစ် န်ုင်ပါတယ် ၁၂သောင်းက တော့ လူတော် တော် များများ ကျန်ကြပါတယ် မကျန် တဲ့သူကတော့ ဘာအလုပ် လဲ မသိ ဘူးပေါ့နော်

23/04/2023
07/04/2023

နိုင်ငံခြားသွားမယ့်သူတွေ လေယာဉ်စီးတဲ့အခါ
လေဆိပ်မှာ ဖြတ်ကျော်ရမယ့်အဆင့် (၄) ဆင့်နဲ့
သတိထားရမယ့် အချက်များ
✈️ ✈️ ✈️ ✈️ ✈️ ✈️

နိုင်ငံခြားကို ကိုယ့်ဘာသာကိုယ် သွားလည်မယ့်သူတွေ
လေဆိပ်မှာ မျက်စိမလည်ဘဲ သွားတတ်အောင်..
- လေဆိပ်မှာဖြတ်ကျော်ရမယ့်အဆင့်အဆင့်အပြင်
- သတိထားရမယ့်အချက်တွေနဲ့
- အရေးကြီးတဲ့ အချက်တွေပါ သေချာပြောပြထားပါတယ်

ဘယ်လေယာဉ်ကွင်းမဆို International Flight စီးတဲ့အခါ အဓိကအားဖြင့် ဖြတ်ကျော်ရမယ့် အဆင့် လေးဆင့်ရှိပါတယ်။ အဲဒါတွေကတော…
(၁) Check-in
(၂) Immigration
(၃) Security Check
(၄) Boarding တို့ပါ

❗️ဒီလိုအဆင့်ဆင့်ဖြတ်ကျော်ရမှာဖြစ်တဲ့အတွက် လေဆိပ်ကို လေယာဉ်ထွက်ချိန်ထက် ၃ နာရီလောက်စောရောက်နေရပါမယ်။ ❗️

ဒီအဆင့်တွေမရောက်ခင် အရင်ဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲဝင်တဲ့အခါ Security Check လုပ်ရပါတယ်။ လေဆိပ်ထဲကို အပြင်လူပေးမဝင်ပါဘူး။ လေယာဉ်လက်မှတ်နဲ့ ပတ်စ်ပို့စာအုပ် (Passport) ပါမှ ပေးဝင်ပါတယ်။ ကိုယ်သယ်သွားမယ့် ခရီးဆောင်အိတ် (Luggage) နဲ့ အိတ်တွေအကုန် XRay စက်ထဲ ထည့်စစ်ပါတယ်။

အဆင့်(၁) Check-in 🛂
——————————-
လေဆိပ်ထဲရောက်တဲ့အခါ ပထမဆုံး ဖြတ်ကျော်ရမယ့်အဆင့်က Check-in အဆင့်ပါ။ ကိုယ်စီးမယ့်လေယာဉ်နဲ့ ကိုယ်သွားမယ့်နိုင်ငံအလိုက် Check-in လုပ်ရမယ့် ကောင်တာ အသီးသီးရှိပါတယ်။

Check in counter ကို လေဆိပ်ထဲကဘုတ်မှာ လေယာဉ်နံပါတ်နဲ့တိုက်ရှာကြည့်လို့ရပါတယ်။ လေယာဉ်နံပါတ်က လေယာဉ်လက်မှတ်မှာပါပါတယ်။ ကောင်တာမရှာတတ်ရင် လေဆိပ်ဝန်ထမ်းတွေကို မေးလို့ရပါတယ်။

ကောင်တာရောက်တဲ့အခါ လေယာဉ်လက်မှတ်အမျိုးအစားအလိုက် Economy နဲ့ Business Class ဆိုပြီး ရှိပါတယ်။ ကိုယ့်လက်မှတ်အလိုက် တန်းစီရမယ့်လိုင်းကွာသွားတာပါ။

ကောင်တာရောက်တဲ့အခါ လေယာဉ်ဝန်ထမ်းက
- Passport နဲ့ အသွားအပြန်လေယာဉ်လက်မှတ် တောင်းကြည့်ပါတယ်။

- တချို့နိုင်ငံတွေသွားမယ်ဆို ဟိုတယ် Booking တောင်းကြည့်ပါတယ်။ ဟိုတယ်မှာမတည်းဘူးဆိုရင်လည်း ကိုယ်တည်းမယ့်လိပ်စာအတိအကျ ပြောပြရပါတယ်။

- Visa လိုတဲ့နိုင်ငံတွေသွားရင် Visa လည်း ပြရပါတယ်။

- တချို့ Airline တွေမှာ တစ်ခါတလေ Show Money တောင်းကြည့်တတ်ပါတယ်။ အသွားအပြန်လေယာဉ်လက်မှတ်ပါရင်တော့ များသောအားဖြင့် မတောင်းကြည့်တတ်ပါဘူး။

ပြီးတဲ့အခါ လေယာဉ်ပေါ်တင်ဖို့ ကိုယ့်ရဲ့ခရီးဆောင်အိတ် (Luggage)အပ်ရပါတယ်။ Luggage ကို ဝိတ်ချိန်ပါတယ်။ လေယာဉ်လိုင်းက သတ်မှတ်ထားတဲ့ အလေးချိန်ကျော်ရင် ပစ္စည်းတွေ ပြန်လျှော့ရင်လျှော့၊ မလျှော့ရင် ပေါင်ပိုကြေး ပေးရပါတယ်။ ပေါင်ပိုကြေးမပေးချင်ရင်ပြန်လျှော့ပြီး ကိုယ်လက်နဲ့ကိုင်သွားမယ့်အိတ် လက်ဆွဲအိတ် (Hand carry) ထဲ ပြောင်းထည့်ပါ။

Hand-carry အိတ်ကိုလည်း ဝိတ်ချိန်ပါတယ်။ သတ်မှတ်ထားတဲ့ အလေးချိန်နဲ့ အရွယ်အစားဖြစ်ရပါမယ်။ များသောအားဖြင့် Hand-carry အိတ်ကို ၇ ကီလို- ၁၀ ကီလိုလောက်ပေးထည့်ပါတယ်။

❗️လေယာဉ်ပေါ် တစ်ယောက်ကို ဘယ်နှကီလိုထိ သယ်လို့ ရမလဲဆိုတာကို လေယာဉ်လက်မှတ်မှာပါပါတယ်။ မကြည့်တတ်ရင် လေယာဉ်လက်မှတ်ဝယ်ရင်းနဲ့ တစ်ခါထဲမေးလို့လည်းရပါတယ်။

❗️Luggage ထဲ Battery၊ Laptop၊ Power Bankနဲ့ ကွဲတတ်တဲ့ပစ္စည်းတွေ ပါမပါမေးပါတယ်။ Luggage ထဲဒါတွေ ထည့်လို့မရပါဘူး။ ကိုယ်နဲ့တစ်ပါထဲ ယူသွားရမှာပါ။

Luggage အပ်ပြီးရင် လေယာဉ်ပေါ်တက်တဲ့အခါ ပြရမယ့်ကတ် (Boarding Pass) ပေးပါတယ် ။ Boarding Pass မှာ Luggage Tag လို့ခေါ်တဲ့ ကပ်ခွါလေးပါတစ်ခါထဲ ကပ်ပေးပါတယ်။ အဲဒီကပ်ခွါက ကိုယ်အပ်ထားတဲ့ Luggage ကို တခြားသူတွေရဲ့ အိတ်တွေနဲ့မရောအောင် နံပါတ်တိုက်ကြည့်လို့ရတဲ့ဟာပါ။

နောက်ပြီးတော့ Immigration Counter မှာပြရမယ့် ပြည်ပထွက်ခွါဖောင် (Departure Card) လည်း ပေးပါတယ်။

အဆင့်(၂) Immigration 👮‍♂️👮
——————————-
ရန်ကုန်လေဆိပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးကောင်တာ (Immigration) က အပေါ်ထပ်မှာရှိပါတယ်။ စက်လှေကားနဲ့တက်သွားလိုက်ပါ။ အပေါက်ဝမှာ Passport နဲ့ Boarding Pass ပြရပါတယ်။

အထဲမှာ ကောင်တာတွေအများကြီးပါ။ မြန်မာနိုင်ငံသားများလို့ ရေးထားတဲ့ကောင်တာမှာ တန်းစီလို့ရပါတယ်။ တန်းစီနေရင်း Departure ကတ်မှာ မေးထားတာတွေဖြည့်ပါ။ အထဲမှာ ဖောင်ဖြည့်လို့ရတဲ့ စားပွဲလည်းရှိပါတယ်။

ကောင်တာရောက်တဲ့အခါ အရာရှိက
Passport၊ Boarding Pass နဲ့ Departure Card တောင်းကြည့်ပါမယ်။ ဘယ်သွားမှာလဲတို့ ဘယ်သူနဲ့လဲတို့လို့ မေးခွန်းတွေလည်း မေးပါတယ်။ Departure Card ဖြည့်ထားတဲ့ထဲ လိုအပ်တာတွေလည်း မေးပါတယ်။ မေးတာပဲဖြေရပါမယ်။ ပြီးတဲ့အခါ သူတို့ကင်မရာနဲ့ ဓာတ်ပုံမှတ်တမ်းယူပါတယ်။

ပြီးတဲ့အခါ Boarding Pass နဲ့ Passport မှာ တံဆိပ်တုံးထုပေးပြီး ကိုယ့်ကိုပြန်ပေးပါတယ်။
Departure ကတ်ကတော့ကောင်တာမှာ ထားခဲ့ရပါတယ်။

❗️Immigration ကောင်တာမှာ ဖုန်းသုံးလို့မရပါဘူး။ ဓာတ်ပုံ၊ Video မရိုက်ရပါဘူး။

❗️လေယာဉ်စီးတဲ့အခါ ဘောပင်ဆောင်သွားပါ။ လေဆိပ်မှာရော လေယာဉ်ပေါ်မှာရော ဖြည့်ရမယ့် ဖောင်တွေရှိပါတယ်။

အဆင့် (၃) Security Check 🧳
—————————————
လေယာဉ်ပေါ်မတက်မီ ကိုယ့်ရဲ့ လက်ဆွဲအိတ် Hand-carry အိတ်တွေကို X-Ray Machine နဲ့ သေချာထပ်စစ်ပါတယ်။

လေယာဉ်ပေါ် ရေဗူးတွေ၊ အအေးတွေ သယ်လို့မရပါဘူး။ ချွန်ထက်တဲ့အရာတွေ (ကတ်ကြေး၊ဓား) သယ်လို့မရပါဘူး။ Skin Care၊ ရေမွှေး၊ သွားတိုက်ဆေး၊ ဂျယ်လ်၊မျက်ကပ်မှန်ဆေးရည်ဘူးတို့လည်း သတ်မှတ်ထားတဲ့ ပမာဏ (တစ်ဗူးကို 100ml) ကျော်ရင်သယ်လို့မရပါဘူး။ ခုနကပြောထားတာတွေအပြင် Pepper Spray၊ Hair Sprayတို့လို ဂက်စ်တွေ၊ ဂေါက်ရိုက်တံ၊ ဘေ့စ်ဘောတုတ်တွေကို သယ်လို့မရပါဘူး။

ဒါတွေကို သယ်ချင်ရင် Luggage ထဲ တစ်ခါထဲထည့်သယ်ထားရမှာပါ။

ရှူးဖိနပ်တွေ၊ ဒေါက်မြင့်တွေ ဝတ်ထားရင် ဖိနပ်ပါချွတ်စစ်ပါတယ်။ ဂျာကင်တွေဝတ်ထားရင်လည်း ချွတ်စစ်ပါတယ်။ တစ်ခါတလေ နာရီတွေ၊ ခါးပတ်တွေလည်း ချွတ်စစ်ပါတယ်။ လေဆိပ်နဲ့နိုင်ငံပေါ်မူတည်ပြီး Security တင်းကျပ်ရင်တင်းကျပ်သလို စစ်ဆေးပါတယ်။

အဆင့် (၄) Boarding ✈️
——————————-
နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်လေယာဉ်ထွက်မယ့် Boarding Gate ဆီသွားရမှာပါ။
Boarding Pass မှာ ဂိတ်နံပါတ်ပါပါတယ်။ ထိုင်ခုံနံပါတ် (Seat)နဲ့ လေယာဉ်ပေါ်တက်ရမယ့် အချိန် (Boarding Time)၊ လေယာဉ်ထွက်ခွါမယ့်အချိန် (Departure Time) လည်း ရေးထားပါတယ်။

ရန်ကုန်လေဆိပ်မှာတော့ Boarding Gate ကို သွားဖို့ Security Check ပြီးရင် စက်လှေကားနဲ့ အပေါ်တစ်ထပ်ထက်တက်ရပါတယ်။ ဆိုင်ခန်းတွေကို ဖြတ်ကျော်ပြီးနောက် ဂိတ်ရှိရာ အထပ်ကို စက်လှေကားနဲ့ ပြန်ဆင်းရပါတယ်။

ကိုယ့်လေယာဉ်ထွက်မယ့် ဂိတ်ကို အချိန်စောရောက်နေရင် ထိုင်စောင့်နေပါ။ လေယာဉ်ပေါ်တက်လို့ရတဲ့ အချိန်ကျရင် ကြေငြာပါမယ်။ လေယာဉ်ပေါ်တန်းစီပြီး တက်ကြရမှာပါ။

လေယာဉ်ပေါ်တက်တဲ့အခါ Passport နဲ့ Boarding Pass ပြရမှာဖြစ်တဲ့အတွက် လက်မှာ အသင့်ကိုင်ထားပါ။

လေယာဉ်ပေါ်ရောက်တဲ့အခါ Boarding Pass မှာပါတဲ့ ထိုင်ခုံနံပါတ် (Seat Number) အလိုက်ထိုင်ရတာပါ။ ကိုယ့်ခုံကိုယ်ရှာထိုင်ရပါတယ်။

❗️ကိုယ်က ပြတင်းပေါက်ဘေးတို့ လျှောက်လမ်းဘေးတို့မှာထိုင်ချင်ရင် စစချင်းအဆင့်ဖြစ်တဲ့ Check In အဆင့်မှာကတည်းက ကောင်တာမှာ Request လုပ်ထားရပါမယ်။

ကိုယ့်မှာပါလာတဲ့အိတ်တွေကို ထိုင်ခုံပေါ် အမိုးနဲ့ကပ်နေတဲ့ Overhead Compartment ထဲထည့်ထားရပါမယ်။ ဒါမှမဟုတ် ရှေ့ထိုင်ခုံအောက် ထားရပါမယ်။ လျှောက်လမ်းပေါ် ဘာပစ္စည်းမှချထားလို့မရပါဘူး။

လေယာဉ်ပေါ်အေးလို့ ချမ်းတတ်ရင် အနွေးထည်၊ ပုဝါဆောင်ထားပါ။ Passport၊ Boarding Pass နဲ့ ဘောပင်ဆောင်ထားပါ။ တချို့နိုင်ငံတွေမှာ Arrival Card တို့ ကိုဗစ်ဖောင်တို့ ဖြည့်ရင်လိုပါလိမ့်မယ်။

❗️အရေးကြီးဆုံးအချက်က လေယာဉ်ပေါ် ဖုန်းသုံးလို့မရပါဘူး။ သုံးချင်ရင် Flight Mode ဖွင့်ထားရပါမယ်။ ❗️

✅ လေယာဉ်အတက်အဆင်းနဲ့ အချက်ပြမီးလင်းတဲ့ အခါ ထိုင်ခုံခါးပတ်ပတ်ထားရပါမယ်။

✅လေယာဉ်အတက်အဆင်းမှာ ထိုင်ခုံမတ်မတ်ထားရပါမယ်။

❌လေယာဉ်ပေါ် ဆေးလိပ်မသောက်ရပါဘူး။

တစ်ဖက်လေဆိပ်ရောက်တဲ့အခါ
———————————————-
တစ်ဖက်လေဆိပ်ရောက်တဲ့အခါမှာ ဆိုက်ရောက် Arrival လူဝင်မှုကြီးကြပ်ရေးကောင်တာ Immigration ရောက်အောင်သွားပါ။

အဲဒီမှာ Passport စာအုပ်ပြရပါမယ်။ ဟိုတယ် Booking နဲ့ အပြန်လေယာဉ်လက်မှတ်ရှိရင်ပြပါ။ တောင်းကြည့်တာများပါတယ်။

ဆိုက်ရောက်ကတ် Arrival ကတ်ဖြည့်ရတဲ့နိုင်ငံတွေဆို Arrival ကတ်ပါပြရပါမယ်။ Arrival ကတ်ဖြည့်ရမယ်ဆိုရင်လည်း ကိုယ်တည်းမယ့်ဟိုတယ် (သို့) အိမ်လိပ်စာ အတိအကျဖြည့်ဖို့လိုပါလိမ့်မယ်။

နုမြတ်တို့ ဒီနှစ်ဖေဖော်ဝါရီလတုန်းက ဘန်ကောက်ကို သွားလည်ခဲ့တုန်းကတော့ Arrival ကတ်တောင်ဖြည့်စရာမလိုတော့ပါဘူး။ အခုတော့ လိုမလို မပြောတတ်ပါဘူး။

Immigration ကောင်တာမှာ အရာရှိမေးတဲ့ မေးခွန်းတွေကို အေးအေးဆေးဆေးဖြေပါ။ စိတ်မလှုပ်ရှားပါနဲ့။ ဘာလာလုပ်လဲတို့၊ ဘယ်နှရက်နေမလဲ၊ ဘယ်မှာတည်းမလဲတို့က မေးတတ်တဲ့မေးခွန်းတွေပါ။
လက်ဗွေနှိပ်၊ ဓာတ်ပုံမှတ်တမ်းယူပြီးတဲ့အခါ ပတ်စ်ပို့စာအုပ်မှာ တုံးထုပေးပါလိမ့်မယ်။

ပြီးတဲ့အခါ ကိုယ့် Luggage အိတ်ရွေးရမယ့် Belt Number ရှာပြီး ကိုယ့်အိတ်ကိုရွေးပါ။ Belt Number ကို ကိုယ့်လေယာဉ်နံပါတ်နဲ့ LED ဆိုင်းဘုတ်မှာ တိုက်ရှာလို့ရပါတယ်။ Luggage တွေ ဆင်တူရှိတတ်တာမလို့ Boarding Pass မှာ ကပ်ပေးထားတဲ့ Luggage Tag ကနံပါတ်နဲ့ကိုယ့် Luggage မှာတပ်ပေးထားတဲ့ နံပါတ်တိုက်ကြည့်ပါ။

အိတ်ရွေးပြီးလို့ လေဆိပ်ကနေ အပြင်ထွက်ပြီးရင်တော့ လေယာဉ်စီးခြင်းအမှု အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

အားလုံးပဲ အဆင်ပြေကြပါစေ 😊😊

ချစ်ခင်လျှက် ❤️
Dr. Nu Myat Theingi Oo
(Nu Myat around the World)

မှတ်ချက်။ ။ အစက ဒီအကြောင်းအရာကို Video လေးနဲ့ရှင်းပြမယ်ဆိုပြီး Video တွေရိုက်လာတာပါ။ Video အတွက် Script ရေးရင်းသေချာရှင်းပြချင်သွားလို့ စာနဲ့ပါရှင်းပြလိုက်တာပါ။

Video ပဲရိုက်လာတဲ့အတွက် လေဆိပ်ထဲ ဓာတ်ပုံသေချာမရိုက်လာဖြစ်လို့ စာနဲ့တွဲပြရမယ့် ပုံကောင်းကောင်းမရှိပါဘူး။ ဒါကြောင့် ခုပို့စ်မှာ ပုံနဲ့သေချာရှင်းမပြတော့ဘူးနော်။

Video လေးထပ်တင်မှ တွဲကြည့်ပေးပါနော်။
Video ထဲမှာလည်း ဒီလောက်အသေးမစိတ်ပေမဲ့ အဆင့်ဆင့်ကို ရှင်းပြပေးမှာပါ။ 😊

24/03/2023

အဆောင်ခန်းရှာနေတဲ့ သမီး လေး ညီမလေး တို့အတွက်
အဆောင်မှာအခန်းလွတ်တွေရှိသေးတယ်နော်..

၂ယောက်ခန်းတွေရှိပါတယ် 💫✨

နှစ် ယောက်ခန်းကို တစ်ယောက်တည်း တခန်း လုံး ပိုီင် ပြီးသီးသန့် နေချင်တဲ့
ညီမလေး ၊သမီးလေးတို့ အတွက် ဆိုရင်တော့ - 65000 Kyats

တခန်းမှာ နှစ် ယောက် နေမယ်ဆိုရင်တော့
တစ်ယောက်ကို - 55000 Kyats
အခန်း ကတော့ ဆယ် ပေ ပတ် လည် ခန်းဖြစ် ၍နှစ် ယောက် တခန်း နေ ယင် လည်း အဆင် ပြေ ပါ တယ် နော်
အနီးအနားမှာ ကုန်စုံဆိုင် ၊ထမင်းဆိုင် ၊ဆေး ဆိုင် တွေရှိလို့ အစစအရာရာ အဆင်ပြေပါတယ်
အဆောင်လိပ်စာ 📌
အမှတ် (SNN - 9A)၊အမက (၄)စီတာပူအနီး၊ ကောင်ရာလမ်း၊ ဆွတ်ငိုင်မြောက်၊စီတာပူရပ်ကွက် (၆) ၊မြစ်ကြီးနားမြို့။

အခမဲ့ ဝန်ဆောင်မှုများ ☕

- Wifi (Free)
- ပန်ကာ
- ကိုယ်တိုင်ချက်/ပြုတ်နိုင်
- လခ တစ်လချင်းပေးသွင်းနိုင်
- ရေဖိုး / မီးဖိုး ( Free )

- ဆိုင်ကယ်ထားရန်နေရာ

ဆက်သွယ် ရန် ☎️☎️☎️☎️☎️☎️

☎️ 09 400 390 100

☎️ 09 45 9999 530

14/02/2023

KBZPay နဲ့ အချစ်ကြီး ခြစ်ပြီး Valentine လက်ဆောင်တွေ ရယူပြီးပြီလား?
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမဲ့ ‘KBZPay နဲ့ အချစ်ကြီး ခြစ်မယ်’ အစီအစဉ်ကနေ KBZPay နဲ့ ငွေရှင်း ၊ ငွေသွင်း ခြင်း ပြုလုပ်ရုံနဲ့ နေ့စဉ်အထူးဆုများအပြင် ပြန်အမ်းငွေ နဲ့ လျှော့ဈေးကူပွန်များစွာကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီနေ့အတွက် ပေးအပ်သွားမဲ့ အထူးဆုကတော့ Samsung Galaxy Buds Live ပဲဖြစ်ပါတယ်။ Samsung Galaxy Buds Live အထူးဆုအပြင် ပြန်အမ်းငွေ နဲ့ လျှော့ဈေးကူပွန်များကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ KBZPay နဲ့ ငွေရှင်း ၊ ငွေသွင်း ခြင်းများပြုလုပ်ပြီး အောက်ပါလင့်ကတစ်ဆင့် Valentine လက်ဆောင်များရယူလိုက်ပါ။

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J

23/01/2023
🔔ခရစ္စမတ် နှင့် New Year မှာ    ခရီးသွားမိတ်ဆွေများအားလုံး ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာပါစေကြောင်း Gloryland Star မိသားစ...
24/12/2022

🔔ခရစ္စမတ် နှင့် New Year မှာ
ခရီးသွားမိတ်ဆွေများအားလုံး
ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာပါစေကြောင်း Gloryland Star မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်💝
🎄ပျော်ရွှင်စရာ
ခရစ္စမတ်နေ့လေးဖြစ်ပါ‌စေ 🎁

14/04/2022
08/04/2022

GLS Travel & Tour ခရီးသွား ချစ်မိတ်ဆွေများ အချိန်နှင့် တပြည်းညီ သိရှိနိင်ရန် ထပ်ဆင့် Share ပေးလိုက်ပါတယ်....

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version)
ကို MoH, Myanmar ၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ကြောင်း ဒီကနေ့ (7 April 2022) အသိပေးထုတ်ပြန် ကြေညာထား တာတွေ့ရတယ်။

Electronic Vaccination Certificate ကို လျှောက်ထားနိုင်သူများ

• ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ၊
• ကာကွယ်ဆေးထိုးအချက်အလက်များအား VMIS စနစ်တွင် စာရင်းမှတ်တမ်းသွင်းပြီး မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code, Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်း ရှိသူ၊

လျှောက်ထားရာတွင် တင်သွင်းရန် လိုအပ်သည့်အချက်များ

• Online စနစ်ဖြင့် လျှောက်ထားသူမှ အမည်၊ အဘအမည်၊ Passport No.၊ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID) နှင့် ဖုန်းနံပတ် စသည့်အချက်များကို ဖြည့်သွင်းရပါမည်၊

• လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ Passport ၏ Bio data ပါသည့် စာမျက်နှာနှင့် VMIS-မြန်မာဘာသာဆေးထိုးမှတ်တမ်းဓါတ်ပုံများ တွဲ၍ လျှောက် ထားရပါမည်၊

• အချက်အလက်များဖြည့်သွင်းပြီးပါက mobile payment ဖြင့် လျှောက်ထားသူ တစ်ဦး လျှင် ငွေ(၅,၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပြီး mobile payment အသုံးပြုမှုအတွက် transaction charge (၂၀၀)ကျပ်ပေးသွင်းရမည်ဖြစ်ပါသည်၊ mobile payment အတွက် ကနဦးအနေဖြင့် CB Pay, Myanmar Citizen Pay, UAB Pay, KBZ Pay တို့အသုံးပြု၍ ငွေပေးသွင်းနိုင်မည်ဖြစ်ပါသည်။

• Vaccination Certificate လျှောက်ထားသူများသည် အချက်အလက်များ ပြည့်စုံမှန်ကန် စွာ ဖြည့်သွင်းလျှောက်ထားပါက ရုံးဖွင့်ရက် (၅)ရက်အတွင်း COVID-19 Vaccination Electronic Certificate အား c19vc.moh.gov.mm တွင် မိမိကိုယ်တိုင် ရယူနိုင်ပါသည်၊

• ထိုကဲ့သို့ ဆောင်ရွက်ရန် မိမိတို့ စတင်လျှောက်ထားစဉ်က ရရှိသည့် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ရယူရမည်ဖြစ်ပါသည်၊

• အချက်အလက်မပြည့်စုံသူများ၊ မှားယွင်းနေသူများမှ လိုအပ်သည့် ပြင်ဆင်မှုများဖြင့် ပြန် လည် လျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ အမှားပြင်ဆင်ခြင်းအတွက် နောက်တစ်ကြိမ် ငွေထပ်မံပေးဆောင်ရန် မလိုအပ်ပါ၊

• ထုတ်ပေးပြီးသည့် COVID-19 Vaccination Electronic Certificate ပျောက်ဆုံးပါက လည်း c19vc.moh.gov.mm တွင် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ထပ် မံရယူခြင်း (download)ပြုလုပ်နိုင်မည်ဖြစ်ပါသည်

Credit to MoH, Myanmar

Send a message to learn more

❄️ ❄️❄️ ပျော်ရွှင်စရာ  ခရစ္စမတ်နေ့လေးမှာ မိသားစုနဲ့အတူ နွေးထွေးစွာဖြတ်သန်းရင်း နှစ်သစ်ကိုကျော်လွှားနိုင်ပါစေလို့ - ခရီးသ...
25/12/2020

❄️ ❄️❄️ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးမှာ မိသားစုနဲ့အတူ နွေးထွေးစွာဖြတ်သန်းရင်း နှစ်သစ်ကိုကျော်လွှားနိုင်ပါစေလို့ - ခရီးသွားဧည့်သည်များနှင့် မိဘဆွေမျိုးများအားလုံး ကို Gloaryland Star Travels & Tours အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်။ ☃️☃️☃️

❄️ ပျော်ရွှင်စရာ
ခရစ္စမတ်နေ့လေးဖြစ်ပါ‌စေ ☃️

28/10/2020
27/10/2020
ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့်ကိစ္စရပ်များမပါ) အား ဇွန် ၁၅ ရက်အထိ...
29/05/2020

ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့်ကိစ္စရပ်များမပါ) အား ဇွန် ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်

IMPORTANT ANNOUNCEMENT:Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel.မြန်မာနိုင်ငံ...
29/03/2020

IMPORTANT ANNOUNCEMENT:

Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel.

မြန်မာနိုင်ငံမှ/သို့ ဆင်းသက်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာလေကြောင်းလိုင်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် လေဆိပ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၃-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၄/၂၀၂၀ ဖြင့် ထုတ်ပြန်လိုက်သည်။

Ref: 29 March 2020: Department of Civil Aviation Myanmar

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်...
29/03/2020

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်

၁။ COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှု့လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား အားလုံးအပေါ် ၂၉-၃-၂၀၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှစတင်၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ အောက်ဖော်ပြပါအတိုင်း ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်လိုက်သည်-

(က) နိုင်ငံခြားသားအားလုံးအား (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာ နိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ/ သင်္ဘောအရာရှိ များ၊တာဝန်ရှိအမှုထမ်းများမှလွဲ၍)လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း။

(ခ) အာဆီယံနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီ ရပ်ဆိုင်းခြင်း။

(ဂ) မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး တို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထား ရယူနိုင်မည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂)နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည် ဖြစ်ပါသည်။

(ဃ) မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပ နိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

၂။ သို့ရာတွင် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ဖော်ပြပါ ပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး များသို့ ဆက်သွယ်အကူအညီတောင်းခံရန် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်

Source: နိုင်ငံခြားရေးဝန်ကြီးဌာန

29/03/2020

Announcement on Temporary suspension of all types of visas
for foreign nationals from all countries visiting Myanmar

1. With a view to further strengthening measures to prevent the spread of COVID-19 pandemic, the Government of the Republic of the Union of Myanmar has decided to adopt the following entry visa restrictions for visitors from all countries with effect from 29 March 2020, 0001 hours (Myanmar standard time). These temporary measures will be in force till 30 April 2020:

(a) Suspension of the issuance of all types of visa (including social visit visa) to all foreign nationals, except diplomats accredited to Myanmar, United Nations officials resident in Myanmar and crew of ships and aircraft operating to and from Myanmar.

(b) Suspension of visa exemption granted to all foreign nationals on the basis of bilateral arrangements, including those from ASEAN member countries, except those holding diplomatic and official passport.

(c) All diplomats accredited to Myanmar and United Nations officials resident in Myanmar may obtain entry visas through respective Myanmar Missions abroad. They shall be required to provide certification of the absence of COVID-19 infection issued by a recognized laboratory no more than 72 hours prior to the date of travel and before boarding any aircraft destined for Myanmar. They shall be subject to home quarantine for 14 days on their arrival in Myanmar.

(d) Crew of ships or aircraft operating to and from Myanmar may also obtain entry visa through respective Myanmar Missions abroad. They shall be required to follow the latest guidelines and directives issued by the Ministry of Transport and Communication of the Republic of Union of Myanmar.

2. Foreign nationals who are required to visit Myanmar on urgent official mission or for a compelling reason may contact the nearest Myanmar Missions abroad for possible exception on certain entry restrictions from the authorities concerned of the Republic of the Union of Myanmar.

Ministry of Foreign Affairs
Nay Pyi Taw
Dated. 28 March 2020

Source: Ministry of Foreign Affairs

(Unicode ဖြင့်ဖတ်ရန်)Myanmar Govt Asks Tour Operators to Suspend Travel Services for Chinese Visitorsမြန်မာနိုင်ငံသို့လာ...
05/02/2020

(Unicode ဖြင့်ဖတ်ရန်)
Myanmar Govt Asks Tour Operators to Suspend Travel Services for Chinese Visitors
မြန်မာနိုင်ငံသို့လာရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ (Visa On Arrival - VOA) ခေတ္တရပ်ဆိုင်းမည့်ကိစ္

(Zawgyiျဖင့္ဖတ်ရန် )
်မန္မာနိုင်ငံသို့လာရောက္မည့် တရုတ်ပည်သူ့သမ္မတနိုင်ငံသားမ်ားအား ဆိုက်ရောက္ဗီဇာ (Visa On Arrival - VOA) ခေတ္တရပ္ဆိုင်းမည့္ကိစ်

It’s been always our great pleasure and honour to welcome Mr Bob, MEP director and his team members whenever they are in...
28/01/2020

It’s been always our great pleasure and honour to welcome Mr Bob, MEP director and his team members whenever they are in Myanmar. Thank you for choosing the Gloryland Star Travels & Tours. Bon Voyage!

06/01/2020

10 Jan 2020 ရန်ကုန်-မြစ်ကြီးနား 5:00 Pm
High Class 2+1 VIP Seat No .3C ကိုရောင်းရန်ရှိပါသည် ။
ဖုန်းနံပါတ် 09-400800402 ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Tel: +959 400800402 09769438780 (Viber)
Email: [email protected]
Address: No.18/1A,Chantha St, Sanchaung Tsp, Yangon

Happy New Year 2020 ❤️❤️❤️ပျော်ရွှင်စရာ နှစ်သစ်ချိန်ခါမှာ ချစ်တဲ့သူတွေနဲ့အတူခရီးသွားရင်း မေ့မရနိုင်တဲ့အမှတ်တရတွေကို ပိုင...
31/12/2019

Happy New Year 2020 ❤️❤️❤️
ပျော်ရွှင်စရာ နှစ်သစ်ချိန်ခါမှာ ချစ်တဲ့သူတွေနဲ့အတူခရီးသွားရင်း မေ့မရနိုင်တဲ့အမှတ်တရတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ Gloryland Star မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Dan Hkawng NawGita EainAdrianna NdingJabu HtingbaiKaw Kaw MaripHaludi ShehHkawng Hkawng NdingSeng Bu LuHtingbai SinwaWalu Hkun LiSeng Pan Lahpai

Address

No. 16 (5B), May Nu Street, May Ni Gone
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when GLS Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GLS Travels & Tours:

Share

Category

TRAVEL & TOUR SERVICES

Our commitment is delivering the best value to achieve total customer satisfaction that the services are based on the needs of our customers and the community rather than our own convictions. We always work to make our customers’ journey as memorable and enjoyable as possible. To be more innovative and market-driven business in the competitive environment, we listen to our customers. Then we constantly update and re-evaluate our existing products. We cater a variety of tour packages and travel arrangement to both group and individual travelers across the globe who seeks to explore to Myanmar.

Our Travel & Tour Services Include:


  • Air Ticket Booking

  • Other Travel Agencies in Yangon

    Show All