Amazing Grace Travels & Tours

Extremely Severe Cyclonic Storm ပါ။ အနီရောင် အဆင့်ပါ။ မုန်တိုင်း လမ်းကြောင်းပေါ်က ပြည်သူများ ဘေးလွတ်ရာကို ရွေ့ပြောင်းသင်...
13/05/2023

Extremely Severe Cyclonic Storm ပါ။ အနီရောင် အဆင့်ပါ။ မုန်တိုင်း လမ်းကြောင်းပေါ်က ပြည်သူများ ဘေးလွတ်ရာကို ရွေ့ပြောင်းသင့်ပါတယ်။ ရွေ့ပြောင်း ရပါမယ်။ ဘာတွေလုပ်သင့်တယ်၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေကိုလည်း တတ်သိနားလည်သူတွေက မျှဝေသင့်ပါတယ်။

မုန်တိုင်းအကြောင်း အသေးစိတ်ကို အောက်မှာ ဖတ်လို့ရပါတယ်။

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင် ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အနီရောင်အဆင့်သည် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
-------------------------------------------------------------------------

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့ လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်
----------------------------------
(၁) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) သို့ဖြစ်ပါ၍ ယနေ့နံနက်မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄)ပေမှ (၁၈)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမ ကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(၃) ယနေ့နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။
(၅) အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)၏အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင် သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင် ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

Admin တယောက်ရဲ့ ရင်တွင်းဖြစ်ပါ ခင်ဗျာ 📌 တစ်ခါလောက်တော့ အမေ့ကိုခရီးတွေပို့ပေးချင်သေးတယ် အမေများစွာကို care လုပ်ပြီး လိုက်...
04/05/2023

Admin တယောက်ရဲ့ ရင်တွင်းဖြစ်ပါ ခင်ဗျာ

📌 တစ်ခါလောက်တော့ အမေ့ကိုခရီးတွေပို့ပေးချင်သေးတယ် အမေများစွာကို care လုပ်ပြီး လိုက်ပို့ပေးခဲ့ပြီးပေမယ့် ကိုယ့်အမေကိုတော့ မြို့ထိပ်ပို့ပေးဖို့တောင်တိုင်ပတ်နေတယ်

📌 အမေရေ ဒါက ဖြူး (115) ပေါ့ ဒါကြီးကနေပြည်တော် ဒါက ကျောက်ပန်းတောင်း ဒါက မန်းလေး ဒါကတောင်ကြီး Etc..ပေါ့

📌 ခရီးတစ်ခုကပြန်လာတိုင်း အမေရေ သား (........) ကိုရောက်ပြီဆိုလိုက်ရင် အမေကမရောက်ဖူးတော့အကွာအဝေးမတွက်တတ်ဘူး တစ်ခါတလေ 24 နာရီပြန်မောင်းရမယ့် ခရီးတွေရှိတယ် တစ်ခါတစ်လေ 12 နာရီလောက်ပြန်မောင်းရမယ့်ခရီးတွေရှိတယ် ဘယ်ချိန်ဖုန်းဆက်ဆက် အမေပြန်ပြောတတ်တာက ညစာချန်ထားမယ်တဲ့ ရီလည်းရီမိ သနားလည်းသနားမိတယ်

📌 တောင်ကြီးဆိုတာအမေငယ်ငယ်ကနေခဲ့ဖူးတဲ့မြို့လေးဆိုတော့ တောင်ကြီးကိုတော့ first target အဖြစ် ဦးစားပေးပေါ့

📌 မင်းအမေမင်းပို့ချင်တာ ဘာလို့လျှောက်ပြော(ရေး)နေလဲဆိုရင်တော့ အခုနောက်ပိုင်းအမေးများလာကြတဲ့ မိဘတွေကိုခရီးပို့ပေးချင်တယ် ဘယ် tour တွေအဆင်ပြေပါသလဲ ဆိုတဲ့မေးခွန်းလေးတွေအတွေ့များလာလို့ပါ

📌 မိသားစု နဲ့ အမေနဲ့ အတူတူခရီးသွားကြပါ သက်ရှိထင်ရှားရှိနေတုန်းလေး အတူတူခရီးသွားကြည့်ကြပါ ပိုက်ဆံကပြန်ရှာလို့ရပါတယ်ဗျာ

🙏🏻 ကျမ်းမာချမ်းသာ ကြပါစေ

📌 #မူရင်းဓာတ်ပုံပိုင်ရှင်ကိုလည်းလေးလေးစားစား_credit_ပေးပါတယ်

မင်္ဂလာပါခင်ဗျာ   🚎 မဆုံဖြစ်တာကြာပြီမို့ အားလုံးကို သတိတရရှိပါတယ်ဗျ ။ များပြားတဲ့ အခက်အခဲတွေကြား အားလုံးပဲ အဆင်ပြေပါစေလိ...
29/04/2023

မင်္ဂလာပါခင်ဗျာ

🚎 မဆုံဖြစ်တာကြာပြီမို့ အားလုံးကို သတိတရရှိပါတယ်ဗျ ။ များပြားတဲ့ အခက်အခဲတွေကြား အားလုံးပဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျ

🚎 ခုကာလထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားကြရတဲ့အခါ အခက်အခဲတစုံတရာကြောင့် ခရီးစဉ်အနှောင့်အယှက်မဖြစ်ဖို့ လိုအပ်တဲ့ဝန်ဆောင်မှုတွေအတွက် Amazing Grace က တာဝန်ယူပေးပါရစေ

🚎 ခရီးစဉ်တလျှောက်လုံးမှာ လိုအပ်မယ့် ဝန်ဆောင်မှုအားလုံးကို ကျွမ်းကျင်ဝန်ထမ်းတွေနဲ့အတူ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး အသေးစိတ်ကျတဲ့ အစီအစဉ်တွေကိုတော့ နောက် Post တွေမှာ တင်ပေးပါ့မယ်ဗျ

🚎 အားလုံးပဲ လုံခြုံနွေးထွေး ကျန်းမာဘေးကင်းပြည့်စုံချမ်းသာကြပါစေ ခင်ဗျ

Address

No. 39 , 1st Floor, KyunTaw St; & Nyaung Tone St; Corner , Sanchaung Tsp
Yangon
11111

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:00
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 14:00

Telephone

+959252929755

Alerts

Be the first to know and let us send you an email when Amazing Grace Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amazing Grace Travels & Tours:

Share

Category

Nearby travel agencies


Other Travel Agencies in Yangon

Show All