23/07/2020
ချောင်းသာသို့....... မကြာမီ 😍
ချစ်ခင်လေးစားရပါသော Gerizim မိတ်ဆွေဟောင်း မိတ်ဆွေသစ်များခင်ဗျာ
Gerizim Hotel Resort အား ပြန်လည်ဖွင့်လှစ်ရန် အတွက် ယနေ့ 23.07.20 တွင် “ဧရာဝတီတိုင်းဒေသကြီးCovid19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ” မှ လာရောက်စစ်ဆေးခြင်းအား ခံယူပြီးဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ရမည့် ရက်အား မကြာမှီ ရက်ပိုင်းအတွင်း သိရှိရတော့မည် ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာစွာ သတင်းကောင်းပါးအပ်ပါသည်။
သို့ဖြစ်ပါရျ် COVID-19 ထိန်းချုပ်ရေးကာလအတွင်း တိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက်များ အရ မိိမိတို့ Gerizim Hotel Resort ၏ ကျန်းမာရေးနှင့်အညီ ပြောင်းလဲ ဆောင်ရွက်သွားမည့် ဝန်ဆောင်မှုများ အား ဧည့်သည်တော်များ သိရှိစေရန် ကြိုတင် အသိပေးအပ်ပါသည်။
🚨လူစုလူဝေးမဖြစ်စေရန်
1.မိမိတို့ ၏
8 ဧက ကျယ်ဝန်းသော Hotel ခြံဝန်း နှင့် သင့်လျော်သော လူဦးရေသာ လက်ခံမည်ဖြစ်သောကြောင့် အခန်းများအား ကန့်သက် အရည်အတွက် ဖြင့်သာရောင်းချပေးသွားမည်ဖြစ်ပါသည်။
2.Restaurant တွင် Table အား ကန့်သက် အရည်အတွက်ဖြင့်သာ တည်ခင်းထားပြီး နေရာပြည့်သွားခဲ့ပါက Room Service ဖြင့်သာလျှင် အခန်းရှေ့ Balcony နှင့် မြက်ခင်းပြင် များတွင် တည်ခင်းပေးသွားပါမည်။
🚨ဧည့်သည်နှင့်ဝန်ထမ်းထိတွေ့မှု နဲစေရန်
1.နေထိုင်မည့်ရက် အလိုက် လိုအပ်သော အသုံးအဆောင်များအား စတင်တည်းခိုသည့်နေ့တွင် တစ်ခါထဲ အပြီးခင်းကျင်းဖြည့်စွက်ထားပေးပါမည်။
2.မဖြစ်မနေသန့်ရှင်းရေးလုပ်ရန် အခြေအနေ မှသာလျှင် Room Makeup ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မိမိတို့ အခန်းအား ဝင်ရောက် ရှင်းစေလိုပါက Room Makeup Sign အား တံခါးတွင်ချိတ်ဆွဲထားရန် (သို့မဟုတ်) ဖုန်းဖြင့်အသိပေးရန် ၊ ထိုသို့မဆောင်ရွက်ထားပါက သန့်ရှင်းရေးလုပ်ရန် မလိုအပ်ဟု သတ်မှတ်ပြီး ဝင်ရောက် ရှင်းလင်းပေးမည်မဟုတ်ပါ။
3.ငွေသားစက္ကူ အသုံးပြုမှု လျော့ကျစေရန်အခန်းခအား Booking တင်စဉ်တွင် အပြီးအပြည့် Bank မှတစ်ဆင့် လွှဲရျ် ပေးချေထားရပါမည်
4.လာရောက်တည်းခိုမည့် လူအယောက်စီတိုင်း ၏ အမည်
မှတ်ပုံတင်နံပါတ်
မှတ်ပုံတင်ကဒ် အရှေ့အနောက်ပုံ
ဖုန်းနံပါတ်
ကားနံပါတ်
နေရပ်လိပ်စာ Profile အတိအကျအား ဖြည့်ရန် မိမိတို့ဘက်မှ Registration Form ပို့ထားပေးပါမည်ဖြစ်ပြီး
Hotel သို့ Viber , Email တို့မှ တဆင့် Form အားပြန်လည်ပေးပို့ပေးရပါမည်။
5.Check In ဝင်ရန် ဟိုတယ်သို့ဆိုက်ရောက်လာခဲ့ပါက လူတစ်ဦးသာလျှင် Reception သို့ လာရောက်ကာ Booking Name အား အသိပေးရမည်ဖြစ်ပြီး ၊ ကားအား တည်းခိုမည့် အခန်းနှင့်အနီးဆုံး Parking သို့ တစ်ခါထဲမောင်းနှင်ရန် ဝန်ထမ်းတစ်ဦးမှ လိုက်ပါ ညွှန်ပြရျ် အိပ်ခန်းသို့ ပို့ဆောင်ပေးပါမည်။
ဧည်သည်တော်များမှ အထက်ပါစည်းကမ်းများအား နားလည်မှု အပြည့်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်လေးစားစွာ အသိပေးအပ်ပါသည်။