15/04/2024
Myanmar Airways International (MAI) က ရန်ကုန် ကနေ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဖူးခက်သို့ တန်ဖိုးနည်း ခရီးစဉ်တွေ ပြေးဆွဲပေးမည်
Myanmar Airways International (MAI) က ရန်ကုန် ကနေ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဖူးခက်သို့ တန်ဖိုးနည်း ခရီးစဉ်တွေ ပြေးဆွဲပေးမယ်လို့ ကြေညာလိုက်ပါတယ်။
MAI က ကုန်ကျစားရိတ် သက်သာစေမယ့် ခရီးစဉ် အသစ်တွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန် ကနေ ဘန်ကောက်ကို ၁ ပတ် ခရီးစဉ် ၅၆ ခု၊ ဖူးခက်ကို ၁ ပတ် ခရီးစဉ် ၂ ခုနဲ့ ရန်ကုန် ကနေ ချင်းမိုင် ခရီးစဉ် အသစ်ကို ၁ ပတ် ၃ ခု ပြုလုပ်ပေးမှာပါ။ လေယာဉ်လက်မှတ်ခဟာ ၅၉ ဒေါ်လာ( ဘတ် ၂,၀၀၀) ပဲ ကျသင့်မှာပါ။
ဒါ့အပြင် MAI ဟာ ရန်ကုန်-ဆိုးလ် ခရီးစဉ်ကိုလည်း ကြေညာလိုက်ပြီး အင်္ဂါ၊ ကြာသာပတေး၊ သောကြာနဲ့ တနင်္ဂနွေနေ့တိုင်းပြေးဆွဲမှာပါ။ လေယာဉ်လက်မှတ်ခက ၂၈၃ ဒေါ်လာ ဖြစ်ပါတယ်။
MAI ဟာ ATR 72-600 လေယာဉ် အသစ် ၁ စီးကို ဝယ်ယူထားပြီး မြန်မာနဲ့ အာဆီယံ နိုင်ငံတွေအကြားမှာ ခရီးစဉ် တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။ အခုဆိုရင် MAI မှာ လေယာဉ် ၁၂ စီးရှိနေပြီ ဖြစ်ပြီး A-319s, A-320s, E-190s, a B733-300F နဲ့ ATR 72-600 တို့ ပါဝင်ပါတယ်။
MAI ဟာ မြန်မာနိုင်ငံထဲမှာ တည်နေရာ ၃၀ နဲ့နိုင်ငံတကာမှာ တည်နေရာ ၁၁ ခုကို ပို့ဆောင်ပေးနေပြီး ၂၀၂၄ ခုနှစ် ဒုတိယကွာတားမှာ ပြည်ပ နိုင်ငံ ၁၄ ခုအထိ တိုးချဲ့ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။
Ref : thethaiger