Perfect - Passport QR Services Myanmar

Perfect - Passport QR Services Myanmar Passport QR အတွက် ယုံကြည် စိတ်ချ မှန်ကန် တိကျ ပြီးပြည့်စုံသောဝန်ဆောင်မှု "Perfect"
(1)

မနေ့က ပေါင်းတည်မြို့က ညီလေးအတွက် ယူပေးဖြစ်တဲ့ BGO  ရက်ချိန်း Passport QR Code ပါ။ အစအဆုံး မိနစ် 20 အတွင်း QR အပ်ဖြစ်ခဲ့တ...
22/04/2024

မနေ့က ပေါင်းတည်မြို့က ညီလေးအတွက် ယူပေးဖြစ်တဲ့ BGO ရက်ချိန်း Passport QR Code ပါ။

အစအဆုံး မိနစ် 20 အတွင်း QR အပ်ဖြစ်ခဲ့တဲ့ Passport QR Code လေး ဖြစ်ပါတယ်။

ညနေပိုင်း Admin အိမ်မှာရှိနေလို့ရယ်၊ လုပ်လက်စအလုပ်များ အားလုံး ပြီးပြတ်နေတော့ 20 မိနစ်အတွင်း မြန်မြန် နှင့် မှန်မှန် QR အပ်နိုင်တာပေါ့ 😁😁😁

မြန်လည်းမြန်ချင် မှန်လည်းမှန်တာမှ ကြိုက်တယ်ဆိုရင်တော့ Perfect ကိုသာ ကြွလှမ်းခဲ့ပါ မိတ်ဆွေ။

Passport အမြန်ဝန်ဆောင်မှု မဟုတ်ပါ ❗❗❗

=============================

Bago ရက်ချိန်း 23/Aug/2024 ရောက်ရှိနေပါပြီ။

ဝန်ဆောင်မှုလုပ်ငန်းအသစ်လေးကို ယုံကြည်စိတ်ချစွာဖြင့် ဝန်ဆောင်မှုအပ်ပြီး အားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်ဗျ။

ပိုကောင်းသောဝန်ဆောင်မှုအရည်အသွေးများ ပေးနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ် ခင်ဗျာ။

ယခုဆိုရင် Passport QR ယူတာကို ရန်ကုန်ရုံးတွင်သာမက မန္တလေး၊ ပဲခူး၊ နေပြည်တော် နှင့် ပုသိမ်ရုံးများတွင်လည်း QR လျှောက်ထားနိုင်ပြီး နယ်အစုံအတွက် Perfect မှာ Passport QR ရက်ချိန်း ရယူနိုင်ပါပြီ ခင်ဗျာ။

‌Perfect အနေနဲ့ Passport QR ယူပေးရုံ သက်သက်မဟုတ်ပဲ

✅ စနစ်ကျသော ပြင်ဆင်စီစဉ်ပေးခြင်း
✅ QR Code အစစ်အမှန် ရဖို့
✅ QR ရပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ
✅ ဖောင်ဖြည့်ပုံဖြည့်နည်း
✅ ယူဆောင်သွားရမည့်စာရွက်စာတမ်းများ
✅ သိချင်တဲ့မေးခွန်းများ မေးမြန်းခွင့်
✅ QR ပျောက်သွားရင် အချိန်မရွေးပြန်တောင်းနိုင်ခြင်း

အစရှိသော အသေးစိတ် ဝန်ဆောင်မှုများ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးထားတာမို့ လိုအပ်သော မိတ်ဆွေများအနေနဲ့ ဘာများတွေဝေနေစရာ လိုသေးလဲဗျ?

Perfect မှာ Passport QR ယူတဲ့အခါ

🔹 စာအုပ်ဖိုး ဘဏ်သွင်းငွေ 35,000 ကျပ်
🔹 ဝန်ဆောင်ခ 10,000 ကျပ် သာ ကျသင့်မှာဖြစ်ပြီး မိနစ်ပိုင်းအတွင်း QR ယူပေးနေတာမို့ မြန်လည်းမြန် မှန်လည်းမှန် မှန်ကန်စိတ်ချရပါတယ်ဗျ။

ဘယ်တော့မှ မမှားသော ကြိုတင်ပြင်ဆင်မှုထဲမှာ Passport လုပ်ထားခြင်းကို ထိပ်ဆုံးကနေ ထည့်သွင်းထားနိုင်ပြီး Passport QR ယူမယ်ဆို ရက်ချိန်းနောက်ကျမှု မရှိရလေအောင် လိုအပ်မယ်ထင်ရင် ကြိုတွေးပါ ကြိုယူထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျ။ (လက်ရှိအနေအထားအရ ကြိုလုပ်ထားမှ အဘက်ဘက်က အဆင်ပြေပါလိမ့်မယ်)

Passport နဲ့ပတ်သတ်သော အသိပညာဗဟုသုတများ။ နေ့စဉ်တင်ပေးမှာမို့ စိတ်ဝင်စားတယ်ဆိုရင် Page ကို Like & Follow လုပ်ထားလိုက်တော့နော်။

Perfect ရဲ့ဝန်ဆောင်မှုများကို အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ link ကိုနှိပ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ

m.me/perfectpassportqrservicesmm

ဆက်သွယ်ရန် Contact:
📱 09 781 412 275 (Phone / Viber)
📱 09 979 303 295 ( Phone / Viber)

ရုံး (အိမ်) မှာ ကိုယ်တိုင်လာတင်ချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများအတွက်

Address:
အမှတ် ၅(ဃ)၊ ဦးရေခဲလမ်း၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
(နာမည်ကြီး ဦးရေခဲလမ်း (သို့) ဒေါ်ရင်ရွှေ မုန့်ဟင်းခါးဆိုင် ရှိတဲ့လမ်းပါ)
ရုံးသို့ လာမယ်ဆို ဖုံးကြိုဆက်ပေးပါ ခင်ဗျာ။ သက်ဆိုင်သူ Admin တခါတရံ အပြင်ထွက်တတ်လို့ (မတွေ့ခဲ့ရင် လာမောဖြစ်နေမှာစိုးလို့ပါ ခင်ဗျာ)


#နိုင်ငံကူးလက်မှတ်


ဲ့မှစိတ်ချရ
🇲🇲

21/04/2024

မနက်ဖြန် Passport ရုံးဖွင့်ပါပြီ။

သင်္ကြန်ရုံးပိတ်ရက်ရှည် ပိတ်ပြီး ရုံးပြန်စဖွင့်တဲ့နေ့ဖြစ်တာကြောင့် လာရောက်ဆောင်ရွက်သူ များပါလိမ့်မယ်။ အချိန်ပိုစောင့်ရပါလိမ့်မယ်။

ရက်ချိန်းသမားများ အလျင်မလိုသေးရင် အကြာကြီးတန်းမစီချင်သူများ လာမည့်ဗုဒ္ဓဟူးလောက်မှ ရုံးဝင်တာ (သို့) စာအုပ်သွားထုတ်တာမျိုး လုပ်ကြပါ။

ဲ့မှစိတ်ချရ
🇲🇲

Passport QR Appointment Date (21.Apr.2024)လိုအပ်မယ်ဆို ကြိုတွေးပါ။ ကြိုတင်ပြင်ဆင်ကြပါ။  ို  ဲ့မှစိတ်ချရ
21/04/2024

Passport QR Appointment Date (21.Apr.2024)

လိုအပ်မယ်ဆို ကြိုတွေးပါ။ ကြိုတင်ပြင်ဆင်ကြပါ။

ို
ဲ့မှစိတ်ချရ

Passport (PJ) လျှောက်ဖို့ လိုအပ်သော Labour Card ကိုဘယ်လိုလုပ်ကြမလဲ ???လေဘာကဒ်လုပ်ဖို့လိုအပ်တဲ့စာရွက်စာတမ်းများ==========...
21/04/2024

Passport (PJ) လျှောက်ဖို့ လိုအပ်သော Labour Card ကိုဘယ်လိုလုပ်ကြမလဲ ???

လေဘာကဒ်လုပ်ဖို့လိုအပ်တဲ့စာရွက်စာတမ်းများ

====================================

🟦မှတ်ပုံတင် မူရင်း + မိတ္တူ ၁ စောင် သာလိုပါတယ်
🟦ပညာအရည်အချင်းမှတ်တမ်း မိတ္တူ (နောက်ဆုံးတက်ခဲ့သောကျောင်းသားကဒ် ၊အောင်လက်မှတ်)
🟦Labour card သက်တမ်းက ၁ နှစ် ပါ
🟦ကုန်ကျ‌ငွေ ၁၀၀၀ ကျပ်

လေဘာကဒ် ဘယ်မှာလုပ်ရမလဲ? ဘယ်လိုလုပ်ရမလဲ? မေးတဲ့သူများအတွက် မြန်မာတစ်နိုင်ငံလုံး ပြည်နယ် / တိုင်း တွေမှာရှိတဲ့ Labour ရုံးလိပ်စာများမှာ သွားရောက်လျှောက်ထားနိုင်ပါတယ်။

#နိုင်ငံကူးလက်မှတ် #ရန်ကုန်

🇲🇲 ဲ့မှစိတ်ချရ

20/04/2024

အလိမ်ခံရသူများရဲ့ တူညီသော စရိုက်လက္ခဏာ (၇) ချက်

(Passport ကိစ္စကိုပဲ အဓိက ရည်ရွယ်ပါတယ်)

🔹 အလျင်လိုခြင်း။

🔹 အယုံလွယ်ခြင်း။

🔹 Digital Knowledge မရှိခြင်း။

🔹 စဉ်းစားဆင်ခြင်ဉာဏ်နည်းခြင်း။

🔹ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း။

🔹 Passport လုပ်ငန်းစဉ်အကြောင်းနားမလည်ခြင်း။

🔹 Passport QR စနစ်အကြောင်း ဘာမှမသိခြင်း။

ထိုအချက်များက ကျောင်းပြီးခြင်း မပြီးခြင်း၊ ပညာတတ်ခြင်း မတတ်ခြင်း၊ ဘွဲ့ရခြင်း မရခြင်း စတဲ့အချက်များနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါ။ လာပြောကြတဲ့ အ လိမ် ခံ လိုက်ရ သူများကို ကြည့်လိုက်ရင် အထက်တန်းမပြီးသူများပါဝင်သလို ဘွဲ့ရပညာတတ်များလည်း ပါဝင်နေတာ တွေ့ရပါတယ်။

❌ Passport လုပ်ဖို့ လူမလိုက်ပဲ လုပ်လို့ရတယ်လို့ ယုံကြည်တာ

❌ 2~3 သိန်းလောက်နဲ့ Passport အမြန်ရတယ်လို့ ထင်နေခဲ့တာ

❌ ဒီနံပါတ်က ဘယ်ငှာန ဘယ်အရာရှိရဲ့ နံပါတ်ပဲ။ အဲနံပါတ်ကို ငွေလွှဲပေးပါ

❌ QR တင်ဖို့ တပတ်ကြာမယ်

❌ စုတ်ပြတ်သတ်နေတဲ့ စာလုံးပေါင်းကမှား ရေးထားတဲ့ စာလုံးဖောင့်က အမျိုးမျိုးနဲ့ QR Appointment ကို အစစ်လို့ ထင်နေခဲ့တာ

❌ Passport QR တင်ဖို့ ‌ဘယ်နှသိန်းလွှဲပေးပါဦး
(ရုံးသွင်းငွေ ဘယ်လောက်လဲ သူ/သူမ မသိဘူး)

❌ ရုံးပေါက်ဝကနေ ရုံးထဲ လာခေါ်ပေးဖို့ ငွေထပ်လွှဲပေးပါ

❌ သိန်းဆယ်ချီသုံးမှ Passport ရမယ်လို့ ထင်နေခဲ့တာ

❌ QR စစ်ရမယ်ဆိုတိုင်း တွေ့ကရ QR Scanner နဲ့ စစ်လို့ နာမည်ပေါ်တာနဲ့ အစစ်လို့ ထင်နေခဲ့တာ

ဒီအချက်တွေ‌နဲ့ ခံခဲ့ရတာ မြင်ခဲ့ရတယ်၊ ကြားခဲ့ရတယ်၊ လာပြောပြကြတာ ကြုံခဲ့ရတယ်။

ခံခဲ့ရတဲ့အကြောင်းအရင်းကိုပြောပါဆိုရင် အပေါ်က (၇) ချက်ထဲက အနည်းဆုံး (၃) ချက်လောက် ပါကြတာ တွေ့ရတယ်။

ပြောပြချင်တာ အခုမှစပြောရမှာ...

အဲလိုမခံရအောင် ဘာလုပ်ရမလဲ?

(၁) Passport Website ရှိတယ်။

https://passport.gov.mm/

Passport လုပ်ဖို့ရှိတယ်ဆို ဒီ Website ကို အစအဆုံးတခါ ဖတ်ဖူးအောင် ဖတ်ကြည့်ပါ။ QR ကို ကိုယ်တိုင်ပဲယူသည်ဖြစ်စေ၊ ဝန်ဆောင်မှုပဲအပ်သည်ဖြစ်စေ အဲ Website ပေါ်မှာရေးထားသမျှစာအားလုံး ဖတ်ဖူးတယ်ရှိအောင် တခါတော့ ဖတ်လိုက်ပါ။ အပေါ် 🔹 မှာရေးထားတဲ့ (၃~၄) ချက်လောက် ချက်ချင်း ပျောက်သွားပါလိမ့်မယ်။

(၂) ကိုယ်တိုင်လုပ်ဖို့ဆန္ဒရှိတဲ့ မိတ်ဆွေများက Passport Knowledge မျှဝေနေတဲ့ ကောင်းတဲ့ Group တွေရှိတယ်။ ကိုယ့်အနေနဲ့ Join ထားသင့်ပါတယ်။ သက်ဆိုင်သူ Admin တွေရဲ့ Sharing Post များ ရှာဖွေဖတ်ကြည့်တာ အကျိုးကျေးဇူးများပါတယ်။ (Eg: Passport Myanmar Group)

(၃) ဝန်ဆောင်မှု အပ်မည့် မိတ်ဆွေများအနေနဲ့လည်း နကန်း ဘာမှမသိပဲ အပ်လိုက်တာထက်စာရင် Passport Knowledge တော်တော်များများ သိတယ်။ တင်ရတာခက်လို့၊ သူကိုအပ်ခြင်းက ကိုယ့်ထက်ပိုကျွမ်းကျင်မှာသေချာသိနေလို့၊ သိချင်တဲ့မေးခွန်းများ အားမနာတမ်းမေးချင်လို့၊ သူ့ကို ယုံကြည်လို့ ဒီလို Smart ကျကျ Service အပ်တာမျိုးသာ ဖြစ်သင့်ပါတယ်။ စိတ်ထဲ မယုံတယုံ ဖြစ်နေသေးရင်တော့ သွားမအပ်ပါနဲ့။

(၄) FB က reach စပယ်ရှယ်ချလို့ Page တော်တော်များများက လူများများမြင်ရအောင် Boost လုပ်ရပါတယ်။ Boost Post တွေ့တာနဲ့ တန်းအပ်တဲ့ အကျင့်ရှိရင် ဖျောက်လိုက်ပါ။ သူ့ရဲ့ Page ကို စပယ်ရှယ် မွှေနှောက်ကြည့်ပြီး သဘောကျမှ အပ်တဲ့အကျင့်ကို လုပ်ပါ။

(၅) ဒီအချက်က Admin ကိုယ်တိုင် လုပ်နေဆဲ အကျင့်ဆိုပါတော့။ ခေတ်က Online ခေတ်၊ Digital ခေတ်လေ။ အလုပ်တော်တော်များများ Online မှာရှိတယ်။ အလွယ်တကူ လက်လှမ်းမှီတယ်။ Online ကနေပဲ လုပ်လို့ရနေတယ်။

ဆိုတော့ကာ ကိုယ်အနေနဲ့ လုပ်နိုင်တာ ရှိသလို မလုပ်နိုင်တာမျိုးဆို Offline/Online ကနေပဲ Service အပ်ရပါတယ်။ အဲလို လိုအပ်လို့ Service ရွေးတဲ့အခါ သူ့ရဲ့ Page/Website/Account စသဖြင့်အချက်အလက်များအားလုံး ငွေပမာဏနည်းရင်း (1~3) လစာ၊ ငွေပမာဏများရင် (6~12) လစာ ပြန်ကြည့်ပါတယ်။ သင့်တင့်သော Digital Knowledge တော့ ရှိရမှာပေါ့နော်။ ကြည့်လိုက်လို့ မိမိစိတ်တိုင်းကျရင် စကားပြောကြည့်ပါတယ်။ ကျေနပ်ရင် Service အပ်ပါတယ်။ ဒီလိုနည်းနဲ့ သိန်းဂဏန်းသေးကနေ သိန်းဂဏာန်းကြီးကြီးတွေအထိ ငွေကြိုလွှဲပြီး Online Service အပ်ခဲ့ဖူးပါတယ်။ တခါမှတော့ အ လိမ် မ ခံရသေးပါ ခင်ဗျာ။ (မိတ်ဆွေတော်တော်များများလည်း လုပ်ဖြစ်ကြမယ် ထင်ပါတယ်)

အ လိမ် အ ညာ ဘေး ကင်းဝေးပါစေဗျာ။

🇲🇲

တိုင်းနှင့်ပြည်နယ် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး လိပ်စာများစုစုပေါင်း ရုံးပေါင်း (၂၀) ရှိပါတယ်။ရန်ကုန်ရုံးမှာတော့ မြန...
20/04/2024

တိုင်းနှင့်ပြည်နယ် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး လိပ်စာများ

စုစုပေါင်း ရုံးပေါင်း (၂၀) ရှိပါတယ်။

ရန်ကုန်ရုံးမှာတော့ မြန်မာနိုင်ငံအတွင်းရှိ အိမ်ထောင်စုအားလုံး လက်ခံဆောင်ရွက်ပေးပါတယ်။ QR လိုပါတယ်။

ကျန်ရုံးများ သက်ဆိုင်ရာ အိမ်ထောင်စုဝင်များသာ လက်ခံဆောင်ရွက်ပေးပါတယ်။

ပဲခူး၊ နေပြည်တော်၊ မန္တလေး နှင့် ပုသိမ်ရုံးများ QR လိုပါတယ်။

ကျန်နယ်ရုံးများ QR မလို။ မှတ်ပုံတင် ယူဆောင်သွားပြီး ရုံးမှာ ရက်ချိန်း ကြိုသွားတောင်းရန် လိုအပ်ပါတယ်။

တိုင်း (သို့) ပြည်နယ် တူ (ဥပမာ ကရင်ပြည်နယ် (၂) ရုံး/တနင်္သာရီတိုင်း (၂) ရုံး /ရှမ်းပြည်နယ် (၄) ရုံး) ရုံးခွဲများမှာတော့ အိမ်ထောင်စု ဘယ်လိုမျိုး လက်ခံသလဲ ကျွန်တော် သေချာ မသိပါ။

#တိုင်းနှင့်ပြည်နယ်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ


ဲ့မှစိတ်ချရ

🇲🇲

20/04/2024

22.April.2024 မှစ၍ နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရေးရုံးများ ပြန်ဖွင့်ပါမည်။

19/3/2024 ကြေညာချက်အရ 22/4/2024 မှစ၍ Passport လုပ်မည့်သူအားလုံး UID NUMBER CARD (Smart Card) ယူဆောင်လာကြဖို့ ညွှန်ကြားထားပါတယ်။

UiD Number Card မပါသောလျှောက်ထားသူများအနေနဲ့ စလစ်ရပြီး ရက်ချိန်း (10) ရက်အတွင်း နီးစပ်ရာ လဝကရုံးများတွင် သွားရောက် ဆောင်ရွက်ထားကြရန် ညွှန်ကြားထားပါတယ်။ UID NUMBER Card (Smart Card) မပါသူများအား စာအုပ်ထုတ်ပေးမည် မဟုတ်ကြောင်း အသိပေး ကြေညာချက် ထုတ်ထားပါတယ်။

Passport Type Change သမားများနဲ့ စလစ်ရပြီး စာအုပ်လာထုတ်မည့်သူများ UID NUMBER (Smart Card) လို မလို ကတော့ ရုံးဖွင့်တဲ့နေ့မှ အသေအချာ သိရပါမယ်။

🇲🇲

Page တွေကို ဒီလို English လိုရေးသားထားပြီး မင်းတို့ Page က ဘာ / ညာ Policy နဲ့ ငြိလို့ အဖျက်ခံရတော့မယ် ဘာ / ညာ လို့ပို့လာ...
19/04/2024

Page တွေကို ဒီလို English လိုရေးသားထားပြီး မင်းတို့ Page က ဘာ / ညာ Policy နဲ့ ငြိလို့ အဖျက်ခံရတော့မယ် ဘာ / ညာ လို့ပို့လာရင် ကြောက်မသွားနဲ့။ သိလိုက်တော့ မိတ်ဆွေ။

ပို့လာတဲ့ကောင်တွေ အားလုံး အ လိမ် အ ညာ ပါပဲ။

ဘာကြောင့်လဲဆိုတော့

ဇူဇူ (ဇူကာဘက်) ရဲ့ Meta က သူတို့ပိတ်မည့်/ဖျက်မည့် Account/Page ကို ဘယ်တော့မှ အဲလိုစာမပို့ပါ။ သတိပေးတာမျိုး မလုပ်ပါ။ တန်းပိတ်/ဖျက်ချတာ လုပ်ပါတယ်။

စာမှာပါတဲ့ Link ကို သွားမနှိပ်ပါနဲ့။

အနှိမ့်စား အ လိမ် တွေဆို Password တောင်းပါလိမ့်မယ်။ ပေးမိရင်တော့ Page ပါသွားပါလိမ့်မယ်။

မြင့်တဲ့ကောင်တွေဆိုရင်တော့ Link နှိပ်လိုက်တာနဲ့ အခန့်မသင့်ရင် မိမိ Page ပါသွားနိုင်ပါတယ်။

သတိကြိုပေးရင် ဇူဇူ မဟုတ် ( အ လိမ်)

တန်းပြီး ပိတ်ချရင် သေချာပြီ အဲတာ ဇူဇူပါပဲ။

ဒီ Page အတွက်တော့ ဒီလိုစာက ပထမဆုံး ရတာဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ Page တွေရော အဲလို အပို့ခံရဖူးလား?


🇲🇲

ကလေးငယ် 👶 နှင့် Passport 📕****************************🟦 ကလေး ဘယ်အရွယ်ကစပြီး Passport လုပ်လို့ရပါသလဲ? ကလေး (၁ လသား) အရွယ်...
19/04/2024

ကလေးငယ် 👶 နှင့် Passport 📕

****************************

🟦 ကလေး ဘယ်အရွယ်ကစပြီး Passport လုပ်လို့ရပါသလဲ?

ကလေး (၁ လသား) အရွယ်မှစ၍ Passport လုပ်လို့ရပါပြီ။

🟦 Passport လုပ်ဖို့ ဘာတွေ လိုအပ်လဲ?

(၁) မွေးစာရင်းရှိရပါမယ်။

(၂) ကလေးအမည်စာရင်း အိမ်ထောင်စုစာရင်းသွင်းထားပြီး ဖြစ်ရပါမယ်။ (မွေးတိုးစာရင်း သွင်းပြီး ဖြစ်ရမယ်)

ဒီ (၂) ချက် ပြည့်စုံရင် ကလေးငယ် Passport လုပ်လို့ရပါပြီ။

🟦 ကလေးအသက်က (၁၀) နှစ်ကျော်ပြီ။ (၁၀) နှစ် မှတ်ပုံတင် မလုပ်ရသေးဘူး။ ဒါဆို Passport အသစ်လျှောက်/သက်တမ်းတိုး လို့ရလား?

မရပါ။ အသက် (၁၀) နှစ်ကျော်ရင် (၁၀) နှစ်ပြည့် မှတ်ပုံတင်ပါမှ Passport လုပ်လို့ ရပါမယ်။ မှတ်ပုံတင် မရှိသေးရင် မှတ်ပုံတင် အရင်သွားလုပ်ပါလို့ အကြံပေးလိုက်ပါတယ်။

🟦 ကလေး Passport အတွက် ရုံးသွားတဲ့နေ့ ဘာတွေယူဆောင်သွားရမလဲ?

(၁) မွေးစာရင်း (၁၀ နှစ်အောက်)
(၁၀) နှစ်ပြည့် မှတ်ပုံတင် (၁၀ ~ ၁၈ နှစ်ကြား)
(၂) အိမ်ထောင်စုစာရင်း (မွေးတိုးထည့်ပြီး)
(၃) အဖေ (သို့) အမေ အတူ လိုက်ပါရပါမည်
(၄) အဖေ (သို့) အမေ မှတ်ပုံတင် (မူရင်း+မိတ္တူ)
(၅) စာအုပ်အဟောင်း (သက်တမ်းတိုးသမား)

လက်ပွေ့အရွယ်ကလေးဆို မိခင်ပါမှ အဆင်ပြေပါလိမ့်မယ်။ မိခင်လက်ဗွေနဲ့ Eye Scan ယူထားပါတယ်။

Please

❗Don't Copy & Paste

❗Feel Free to Share

#ကလေး



ဲ့မှစိတ်ချရ
🇲🇲

19.Apr.2024ရုံးအလိုက် ရောက်ရှိနေသော Passport QR ရက်ချိန်းများ ဖြစ်ပါတယ် ခင်ဗျာ။Passport လုပ်မယ်ဆို QR ရက်ချိန်း ကြိုယူထာ...
19/04/2024

19.Apr.2024

ရုံးအလိုက် ရောက်ရှိနေသော Passport QR ရက်ချိန်းများ ဖြစ်ပါတယ် ခင်ဗျာ။

Passport လုပ်မယ်ဆို QR ရက်ချိန်း ကြိုယူထားကြပါ။ ကြိုတွေးပါ။ ကြိုစီစဉ်ပါ။

ဲ့မှစိတ်ချရ
🇲🇲

Passport နဲ့ပတ်သတ်သမျှ သိမှတ်ဖွယ် အကြောင်းအရာများ Link နဲ့တကွ စုစည်းပေးထားပါမယ်။ စိတ်ဝင်စားတဲ့အကြောင်းအရာများကို ရှာဖွေဖ...
19/04/2024

Passport နဲ့ပတ်သတ်သမျှ သိမှတ်ဖွယ် အကြောင်းအရာများ Link နဲ့တကွ စုစည်းပေးထားပါမယ်။

စိတ်ဝင်စားတဲ့အကြောင်းအရာများကို ရှာဖွေဖတ်ရှုလေ့လာနိုင်ပါတယ် ခင်ဗျာ။

🔖 မြန်မာနိုင်ငံမှာ ထုတ်ပေးနေသော Passport စာအုပ်များ အကြောင်း

https://www.facebook.com/61557872110762/posts/122107271600262403/

🔖 Passport QR ယူတာ အချိန်ဆွဲလို့ ကောင်းတဲ့အရာမျိုးလား?

https://www.facebook.com/61557872110762/posts/122115264296262403/

🔖 Passport Journey

https://www.facebook.com/61557872110762/posts/122107776428262403/

🔖 Passport လုပ်ချင်တယ်။ ရုံးမသွားလို့ မရဘူးလား?

https://www.facebook.com/61557872110762/posts/122115592112262403/

🔖 UID Smart Card ဆိုတာ ဘာလဲ?

https://www.facebook.com/61557872110762/posts/122108145752262403/

🔖 Passport QR တင်ဖို့ ရုံးသွင်းငွေ ဘယ်လောက်သွင်းရမလဲ?

https://www.facebook.com/61557872110762/posts/122108244014262403/

🔖 Passport QR အစစ်/အတု ဘယ်လိုခွဲမလဲ?

https://www.facebook.com/61557872110762/posts/122115704984262403/

🔖 ရုံးသွားမည့်နေ့ယူဆောင်သွားရမည့်စာရွက်စာတမ်းများ

https://www.facebook.com/61557872110762/posts/122108896478262403/

🔖 Passport စာအုပ်လုပ်ဖို့ သိန်းဆယ်ချီ ကုန်ကျခံဖို့ မလိုအပ်ပါ

https://www.facebook.com/61557872110762/posts/122115185690262403/

🔖 Passport QR ရက်ချိန်း စစ်ဆေးပုံ အပြည့်အစုံ

https://www.facebook.com/61557872110762/posts/122110757714262403/

🔖 Passport QR နှင့် ငွေပေးချေမှုပုံစံ (၃) မျိုး

https://www.facebook.com/61557872110762/posts/122113456220262403/

🔖 ကလေးငယ် 👶 နှင့် Passport 📕

https://www.facebook.com/61557872110762/posts/122116096148262403/

🔖 တိုင်းနှင့်ပြည်နယ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လိပ်စာများ

https://www.facebook.com/61557872110762/posts/122116315490262403/

🔖 အလိမ်ခံရသူများရဲ့ စရိုက်လက္ခဏာာများ

https://www.facebook.com/61557872110762/posts/122116405730262403/

🔖 PJ အတွက် လိုအပ်သော Labour Card လုပ်ဖို့ ဘာတွေလိုလဲ? ဘယ်မှာသွားလုပ်လို့ရလဲ?

https://www.facebook.com/61557872110762/posts/122116630232262403/

🔖 ထိုင်း မသွားခင် သိထားသင့်သော အချက်များ

https://www.facebook.com/61557872110762/posts/122112050006262403/

==========================

Perfect ရဲ့ဝန်ဆောင်မှုများ အသုံးပြုချင်လို့ မေးမြန်းစုံစမ်းလိုပါက အောက်ပါ Link ကိုနှိပ်ပြီး ဆက်သွယ်နိုင်ပါတယ်။

m.me/perfectpassportqrservicesmm

Contact:
09 781412275 (Phone/Viber)
09 979303295 (Phone/Viber)

Address:
No.5D, U Yae Khal Street, Thamine, Mayangone Township, Yangon

Passport QR အတွက် ယုံကြည် စိတ်ချ ပြီးပြည့်စုံသော ဝန်ဆောင်မှု "PERFECT"




ဲ့မှစိတ်ချရ

🇲🇲

QR အစစ်/အတု ဘယ်လိုခွဲမလဲ? မိမိ QR ဘယ်လို ကိုယ်တိုင်စစ်ကြမလဲ?(Appointment Letter ထုတ်ယူနည်း) # # #Passport QR ကို Service...
18/04/2024

QR အစစ်/အတု ဘယ်လိုခွဲမလဲ?

မိမိ QR ဘယ်လို ကိုယ်တိုင်စစ်ကြမလဲ?

(Appointment Letter ထုတ်ယူနည်း)

# # #

Passport QR ကို Service အပ်လိုက်တဲ့လူတိုင်း စစ်ဆေးကြည့်ဖို့ လိုပါတယ်။ (အမှန်အကန် ဝန်ဆောင်မှုတိုင်း စစ်ဆေးနည်း ပြောပြပေးကြတာ များပါတယ်)

ဝင်ရောက်စစ်ဆေးရမည့် Link
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တရားဝင် Website Page ဖြစ်တဲ့

https://passport.gov.mm/

မှာ ဝင်ရောက်စစ်ဆေးရမှာ ဖြစ်ပါတယ်။

တခါတရံ Website Error တက်နေလို့ဖြစ်စေ၊ Internet လိုင်းဆွဲအားမကောင်းချိန်မျိုးမှာတော့ ခေတ္တခဏ စစ်ဆေးလို့ မရတာမျိုး ရှိနိုင်ပါတယ်။

Website Link သေချာသိဖို့ လိုပါတယ်။ အစိုးရ Website အားလုံးနီးပါး ✅GOV.MM✅ နဲ့ အဆုံးသတ်ပါတယ်။

QR ရ ငွေချေနဲ့ကိုပဲ အ လိမ် အ ညာ မိသွားကြတာက Official Website Link မသိခြင်းက အစပြုပါတယ်။

ယခု Post က QR အစစ်/အတု ခွဲနည်းအဓိကပြောပြချင်တာ ဖြစ်လို့ QR စစ်ဆေးနည်း အပြည့်အစုံတော့ မပြောထားပါ။

Passport QR စစ်ဆေးနည်း အပြည့်အစုံ ကိုတော့ ဒီကနေ ဖတ်နိုင်ပါတယ် ခင်ဗျာ 👇👇👇

https://www.facebook.com/61557872110762/posts/122110757714262403/

အကယ်၍ မိမိ Passport QR ရှာလို့ မတွေ့ဘူး။ ရှာလို့အဆင်မပြေဘူးဆို မင်မင်တို့ Perfect - Passport QR Services Myanmar Page မှာ လာရှာခိုင်းလို့ရပါတယ်။ FREE ကူညီပြီး ရှာပေးပါမယ်။

အားလုံး အ လိမ် အ ညာ ဘေး ကင်းဝေးကြပါစေ ခင်ဗျာ။

✨Passport QR ဆို Perfect နဲ့မှ စိတ်ချရ✨

Please,

❗Don't Copy & Paste

❗Feel Free to Share




#နိုင်ငံကူးလက်မှတ်
#စိတ်အချရဆုံးဝန်ဆောင်မှုperfect
🇲🇲

မေး : 👧Passport လုပ်ချင်တယ်။ ရုံးမသွားလို့ရလား? မင်မင်ဖြေ : 🧒တိတ်ဇမ်း 😠😡🤬===================မင်မင် Page မှာလာမေးတဲ့သူကို...
18/04/2024

မေး : 👧
Passport လုပ်ချင်တယ်။ ရုံးမသွားလို့ရလား? မင်မင်

ဖြေ : 🧒
တိတ်ဇမ်း 😠😡🤬

===================

မင်မင် Page မှာလာမေးတဲ့သူကိုတော့ (😠😡🤬) Emoji လေးလို အော်မလွှတ်ပါဘူးနော် 😁😁😁

ရှင်းပြချင်တာလေးရှိလို့ ဒီစာရေးလိုက်တာ ဖြစ်ပါတယ်။

Passport လုပ်ချင်တယ်ဆို

ရက်ချိန်းအတွက်က Passport QR ကြိုတင်ရပါတယ်။

ရက်ချိန်းရောက်ရင်လည်း လူကိုယ်တိုင် ရုံးဝင်ရပါမယ်။

ရုံးဝင်စရာ မလိုပဲ Passport ရမယ်လို့ ပြောလာရင် Four Twenty ( အ လိမ် အ ညာ) နဲ့ တွေ့ပြီလို့ မှတ်လိုက်ပါ ❗❗❗

ရုံးသွားပြီး ဘာလုပ်ရမှာလဲ?

လိုတိုရှင်းဖြေရရင်...
🔹နိုင်ငံသားဖြစ်မှု စာရွက်စာတမ်း စစ်ဆေးတာရယ်
🔹စာအုပ်ထဲမှတ်တမ်းတင်ဖို့ ဓာတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်တာ လုပ်ရပါတယ်။

ဒီနှစ်ချက်ကို ရုံးမှာ လူကိုယ်တိုင် သွားရောက်ဆောင်ရွက်ရတာပဲ ဖြစ်ပါတယ်။ လူကိုယ်တိုင်မသွားပဲ ကိုယ်စား မှတ်တမ်းတင်လို့ မရနိုင်ပါ။

အနှစ်ချုပ် ပြန်ပြောရရင်...

Passport လုပ်မယ်ဆို
✅ Online ကနေ QR ယူရပါမယ်။
(နယ်ရုံးတချို့မှာတော့ ရုံးသွားပြီး မှတ်ပုံတင်နဲ့ ရက်ချိန်း အရင်သွားတောင်းရပါတယ်)

✅ ရက်ချိန်းရောက်ရင် လူကိုယ်တိုင် ရုံးသို့သွားပြီး အထက်ပါကိစ္စနှစ်ခု ဆောင်ရွက်ရပါမယ်။

လာ လာ မေးကြတဲ့ ညီ ညီမငယ်တို့ သိလောက်ပြီ ထင်ပါတယ်။

Online ကနေ ယူရသော Passport QR ကို Perfect မှာ မြန်လည်းမြန် မှန်လည်းမှန်ကန်စွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ လိုအပ်သောမိတ်ဆွေများ အောက်က Link ကို နှိပ်ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

m.me/perfectpassportqrservicesmm

ဆက်သွယ်ရန် Contact:
📱 09 781 412 275 (Phone / Viber)
📱 09 979 303 295 ( Phone / Viber)

ရုံး (အိမ်) မှာ ကိုယ်တိုင်လာတင်ချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများအတွက်

Address:
အမှတ် ၅(ဃ)၊ ဦးရေခဲလမ်း၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
(နာမည်ကြီး ဦးရေခဲလမ်း (သို့) ဒေါ်ရင်ရွှေ မုန့်ဟင်းခါးဆိုင် ရှိတဲ့လမ်းပါ)
ရုံးသို့ လာမယ်ဆို ဖုံးကြိုဆက်ပေးပါ ခင်ဗျာ။ သက်ဆိုင်သူ Admin တခါတရံ အပြင်ထွက်တတ်လို့ (မတွေ့ခဲ့ရင် လာမောဖြစ်နေမှာစိုးလို့ပါ ခင်ဗျာ)

Please,

❗Don't Copy & Paste

❗Feel Free to Share


#နိုင်ငံကူးလက်မှတ်


ဲ့မှစိတ်ချရ

ဒီနေ့တင်ပေးဖြစ်တဲ့ ရန်ကုန် နှင့် မန္တလေး ရက်ချိန်း Passport QR Code များ ဖြစ်ပါတယ်။ Passport အမြန်ဝန်ဆောင်မှု မဟုတ်ပါ ❗ဝ...
17/04/2024

ဒီနေ့တင်ပေးဖြစ်တဲ့ ရန်ကုန် နှင့် မန္တလေး ရက်ချိန်း Passport QR Code များ ဖြစ်ပါတယ်။

Passport အမြန်ဝန်ဆောင်မှု မဟုတ်ပါ ❗

ဝန်ဆောင်မှုလုပ်ငန်းအသစ်လေးကို ယုံကြည်စိတ်ချစွာဖြင့် ဝန်ဆောင်မှုအပ်ပြီး အားပေးကြလို့ အလွန်ကို ဝမ်းသာမိပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ် ခင်ဗျာ။

ပိုကောင်းသောဝန်ဆောင်မှုအရည်အသွေးများ ပေးနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ် ခင်ဗျာ။

ယခုဆိုရင် Passport QR ယူတာကို ရန်ကုန်ရုံးတွင်သာမက မန္တလေး၊ ပဲခူး၊ နေပြည်တော် နှင့် ပုသိမ်ရုံးများတွင်လည်း QR လျှောက်ထားနိုင်ပြီး နယ်အစုံအတွက် Perfect မှာ Passport QR ရက်ချိန်း ရယူနိုင်ပါပြီ ခင်ဗျာ။

‌Perfect အနေနဲ့ Passport QR ယူပေးရုံ သက်သက်မဟုတ်ပဲ

✅ စနစ်ကျသော ပြင်ဆင်စီစဉ်ပေးခြင်း
✅ QR Code အစစ်အမှန် ရဖို့
✅ QR ရပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ
✅ ဖောင်ဖြည့်ပုံဖြည့်နည်း
✅ ယူဆောင်သွားရမည့်စာရွက်စာတမ်းများ
✅ သိချင်တဲ့မေးခွန်းများ မေးမြန်းခွင့်
✅ QR ပျောက်သွားရင် အချိန်မရွေးပြန်တောင်းနိုင်ခြင်း

အစရှိသော အသေးစိတ် ဝန်ဆောင်မှုများ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးထားတာမို့ လိုအပ်သော မိတ်ဆွေများအနေနဲ့ ဘာများတွေဝေနေစရာ လိုသေးလဲဗျ?

Perfect မှာ Passport QR ယူတဲ့အခါ

🔹 စာအုပ်ဖိုး ဘဏ်သွင်းငွေ 35,000 ကျပ်
🔹 ဝန်ဆောင်ခ 10,000 ကျပ် သာ ကျသင့်မှာဖြစ်ပြီး မိနစ်ပိုင်းအတွင်း QR ယူပေးနေတာမို့ မြန်လည်းမြန် မှန်လည်းမှန် မှန်ကန်စိတ်ချရပါတယ်ဗျ။

ဘယ်တော့မှ မမှားသော ကြိုတင်ပြင်ဆင်မှုထဲမှာ Passport လုပ်ထားခြင်းကို ထိပ်ဆုံးကနေ ထည့်သွင်းထားနိုင်ပြီး Passport QR ယူမယ်ဆို ရက်ချိန်းနောက်ကျမှု မရှိရလေအောင် လိုအပ်မယ်ထင်ရင် ကြိုတွေးပါ ကြိုယူထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျ။ (လက်ရှိအနေအထားအရ ကြိုလုပ်ထားမှ အဘက်ဘက်က အဆင်ပြေပါလိမ့်မယ်)

Passport နဲ့ပတ်သတ်သော အသိပညာဗဟုသုတများ။ နေ့စဉ်တင်ပေးမှာမို့ စိတ်ဝင်စားတယ်ဆိုရင် Page ကို Like & Follow လုပ်ထားလိုက်တော့နော်။

Perfect ရဲ့ဝန်ဆောင်မှုများကို အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ link ကိုနှိပ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ

m.me/perfectpassportqrservicesmm

ဆက်သွယ်ရန် Contact:
📱 09 781 412 275 (Phone / Viber)
📱 09 979 303 295 ( Phone / Viber)

ရုံး (အိမ်) မှာ ကိုယ်တိုင်လာတင်ချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများအတွက်

Address:
အမှတ် ၅(ဃ)၊ ဦးရေခဲလမ်း၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
(နာမည်ကြီး ဦးရေခဲလမ်း (သို့) ဒေါ်ရင်ရွှေ မုန့်ဟင်းခါးဆိုင် ရှိတဲ့လမ်းပါ)
ရုံးသို့ လာမယ်ဆို ဖုံးကြိုဆက်ပေးပါ ခင်ဗျာ။ သက်ဆိုင်သူ Admin တခါတရံ အပြင်ထွက်တတ်လို့ (မတွေ့ခဲ့ရင် လာမောဖြစ်နေမှာစိုးလို့ပါ ခင်ဗျာ)


#နိုင်ငံကူးလက်မှတ်


ဲ့မှစိတ်ချရ

Passport QR ယူတာ အချိန်ဆွဲလို့ကောင်းတဲ့ အရာမျိုးလား?(ဒီစာက Passport QR မြန်မြန်ယူဖို့ အတင်းတိုက်တွန်းတာမျိုးမဟုတ်ပဲ QR စ...
17/04/2024

Passport QR ယူတာ အချိန်ဆွဲလို့ကောင်းတဲ့ အရာမျိုးလား?

(ဒီစာက Passport QR မြန်မြန်ယူဖို့ အတင်းတိုက်တွန်းတာမျိုးမဟုတ်ပဲ QR စနစ်အကြောင်းကို နားမလည်နေဘူး။ Passport လုပ်တော့လုပ်ချင်နေတယ်။ လုပ်လည်း လုပ်ထားသင့်ပါလျက် တွေဝေနေတဲ့သူများအတွက် Knowledge Sharing လုပ်ပေးဖို့ အဓိက ရည်ရွယ်ပါတယ်)

QR စနစ်က ဘာနဲ့တူလဲဆိုရင်

နေမကောင်းလို့ မိမိတို့ရပ်ကွက်ထဲက ဆေးခန်းသွားပြရင် ဆရာဝန်နဲ့တွေ့ဖို့ တိုကင် ကြိုယူကြတာတော့ အားလုံးအသိပဲ ဖြစ်ပါတယ်။

(တိုကင် = ဘိုကင်)
(Token = Booking)

တိုကင်နံပါတ်စောရင် ဆရာဝန်နဲ့စောစောတွေ့ရမယ်။ အချိန်စောမယ်။ ရက်ချိန်းစောမယ်။ ရောဂါမြန်မြန်သက်သာမယ်ပေါ့ဗျာ။

ပြသင့်တာကို စောစောမပြဘူး။ အရေးပေါ်ဖြစ်မှ ပြရင် လူနာရောဂါလည်း ပိုကျွမ်းမှာဖြစ်သလို ငွေကြေးကုန်ကျစရိတ်လည်း အဆများစွာ ပိုကုန်သွားပါလိမ့်မယ်။

Passport QR စနစ်က ဆေးခန်းတိုကင်ယူသလိုပဲ။

ဘိုကင်‌စောစောယူရင် ရက်ချိန်းစောစောရမယ်။ လက်ထဲစာအုပ်စောစောရမယ်။ နိုင်ငံခြားသွားဖို့ ကိစ္စရှိရင် အချိန်မီ သွားလို့ရမယ်။ ဒါကြောင့် ကြိုတွေး ကြိုလုပ်ဖို့ ပြောနေတာ ဖြစ်ပါတယ်။ ခေတ်အနေအထားက သိတဲ့အတိုင်ပဲ။ ကြိုလုပ်ထားမှ စိတ်ချရတဲ့ခေတ်ဆိုတာ အားလုံး နားလည်သဘောပေါက်မယ်လို့ ထင်ပါတယ်။

လုပ်ထားသင့်တာကို ကြိုမတွေးထားဘူး။ အချိန်မီမလုပ်ထားဘူး။ သွားဖို့အကြောင်းဖန်လာတော့မှ ချက်ချင်း လက်ငင်း လက်ထဲစာအုပ်ရချင်ပါတယ်လို့ဆိုရင် အခြေအနေအချိန်အခါအလိုက် အမြန် လုပ်လို့တော့ရတယ်။ မှန်မှန်ကန်ကန်နဲ့တွေ့ရင်တောင် ကုန်သင့်တာထက် ငွေအဆများစွာ ပိုကုန်မယ်။ စာအုပ်တော့ရမယ်။ Four Twenty ပုဂ္ဂိုလ်များ နဲ့တွေ့ရင်တော့ စာအုပ်လည်းမရ။ ငွေလည်းဆုံး။ အချိန်လည်းပုပ်။ ယုံကြည်မှုများ ပျောက်ဆုံးတတ်ပါတယ်။

======================

တိုကင် ယူထားမှ အလှည့်ကျရင် ဆေးကုသလို့ရမယ်။

အဲ့အတိုင်းပဲ...

ဘိုကင် တင်ထားမှ အလှည့်ကျရင် Passport လုပ်လို့ရမယ်။ မတင်ထားရင် ရုံးထဲရောက်သွားရင်တောင် Passport မလုပ်ပေးဘူး။ ပြန်လွှတ်ပါတယ်။

မင်မင် ဒီလိုရှင်းပြရင် QR ဘာကြောင့်ယူရလဲ သဘောပေါက်ပြီ ထင်ပါတယ်နော်။

=======================

🔹QR စနစ်မှာ အမြန်ရှိလား?

QR စနစ်မှာ အမြန်မရပါ။

Website မှာ ရုံးအလိုက် သတ်မှတ်ဦးရေ ရှိပါတယ်။ ဥပမာ ရန်ကုန်ရုံးအတွက်ဆိုပါတော့။ စလယ်ဆုံး QR စနစ်အားလုံး ကွန်ပြုတာ စနစ်နဲ့ လုပ်ထားတာဖြစ်ပါတယ်။ စနစ်မှာ တနေ့လျှင် လူဦးရေ 2,700 လက်ခံနေပြီး လူဦးရေပြည့်တာနဲ့ Website Server က‌ အလိုအလျှောက် နောက်ရက်ကို ရက်ချိန်းပြောင်းသွားမှာပဲ ဖြစ်ပါတယ်။ (QR စနစ်သက်သက်နဲ့ ရက်ချိန်း ရှေ့တိုး/နောက်ဆုတ် လုပ်လို့ မရနိုင်ပါ)

🔹ရုံးအလိုက် စောင့်ရမည့်အချိန် နှင့် လက်ခံသည့်အိမ်ထောင်စုများ

🚩ရန်ကုန်ရုံး (6 လခွဲ ဝန်းကျင်)
အိမ်ထောင်စု #အားလုံး လက်ခံပါသည်။

🚩မန္တလေးရုံး (4 လခွဲ ဝန်းကျင်)
မန္တလေးတိုင်းဒေသကြီး အိမ်ထောင်စုများသာ

🚩နေပြည်တော်ရုံး (2 လ ဝန်းကျင်)
နေပြည်တော်တိုင်းဒေသကြီး အိမ်ထောင်စုများသာ

🚩ပုသိမ်ရုံး (3 လ ဝန်းကျင်)
ဧရာဝတီတိုင်းဒေသကြီး အိမ်ထောင်စုများသာ

🚩ပဲခူးရုံး (4 လခွဲ ဝန်းကျင်)
ပဲခူးတိုင်းဒေသကြီး အိမ်ထောင်စုများသာ

စသဖြင့် အသီးသီး ရက်ချိန်းစောင့်ရပါတယ်။

ရန်ကုန်ရုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အားလုံး အိမ်ထောင်စု အားလုံးလက်ခံဆောင်ရွက်ပေးပါတယ်။

ကျန်တိုင်းရုံးများအနေနဲ့တော့ သက်ဆိုင်ရာတိုင်းဒေသကြီး အိမ်ထောင်စုများသာ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ QR တင်တဲ့အချိန် ရုံးမှားရွေးမိရင် သွင်းထားသောစာအုပ်ဖိုးငွေ အဆုံးပါ။ ပြန်မအမ်းပေးပါ။

ဥပမာ။ ။
MDY သမား YGN ရုံးရွေးမိလို့ ရက်ချိန်းအနည်းငယ်နောက်ကျသွားမယ်။ YGN ရုံးမှာတော့ ရုံးဝင်ရမယ်။ ပြဿနာမရှိဘူး။

ရက်ချိန်းစောတယ်ဆိုပြီး MDY သမား NPT ရုံးရွေးမိရင်တော့ သွင်းထားတဲ့ငွေအဆုံးပါပဲ။ ငွေပြန်မအမ်းပေးပါကြောင်း Website မှာ အတိအလင်း ဖော်ပြထားပါတယ်။

🔹ရက်တိုးနှုန်း ဘယ်လိုရှိလဲ?

ယေဘူယျအားဖြင့် တရက်နောက်ကျတိုင်း ရုံးအလိုက် ရုံးဝင်ရက်ချိန်း QR Code လည်း 1 ရက် နောက်ကျသွားပါမယ်။

ဟိုတလော သတင်းမျိုးစုံ ပြန့်နှံ့ခဲ့သောကာလမှာတော့ တရက်နောက်ကျတိုင်း ရုံးဝင် QR ရက်ချိန်း 2 ရက်ခွဲနီးပါးလောက် တိုး တိုးသွားတာ တွေ့ရပါတယ်။

တွေဝေနေရင် QR ရက်ချိန်းပိုနောက်ကျရုံသာရှိပါမယ်။
လုပ်ဖို့အစီအစဉ်ရှိသူအတွက်က အချိန်ဆွဲနေခြင်းက ကောင်းကျိုး တကွက်မှ မရှိပါ။

Passport လုပ်ထားချင်တယ်။ နိုင်ငံခြားသွားဖို့ရှိတယ်။ ကျောင်းသွားတက်ဖို့ရှိတယ်။ Passport စာအုပ်ဆောင်ထားချင်တယ်...စသဖြင့်အကြောင်းကိစ္စရှိသူများ လုပ်ရမလား? စောင့်ရဦးမလား? အေးဆေးမှလုပ်ရမလား? စသဖြင့် တွေဝေမနေပဲ ဒီစာကို ဖတ်ပြီး လုပ်စရာရှိရင် မြန်မြန်သွက်သွက် လုပ်ကြဖို့ ရည်ရွယ်ပါတယ်။

အင်တာနက်ကောင်းကောင်းသုံးတတ်တယ်။ Browser သုံးတာ ကျွမ်းကျင်သူများ Passport QR ကိုယ်တိုင်တင်လို့ရတယ်နော်။ မတင်ခင်တော့ Passport Website မှာ စာလေးတော့ နည်းနည်းကြိုဖတ်ထားဖို့ လိုပါမယ်။ ခက်ခဲ‌တဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ကိုယ်က စာမဖတ်ချင်ဘူး။ အဲ့အတွက် အချိန်မပေးချင်ဘူး။ မလုပ်တတ်ဘူး။ မှားသွားမှာစိုးတယ်။ ရော့ ပိုက်ဆံယူ.. ရော့ QR ပေး မြန်မှကြိုက်တယ်။ မှန်မှကြိုက်တယ်ဆိုရင်တော့ ဦးနှောက်အစားမခံပါနဲ့ Perfect ကိုသာ ဝန်ဆောင်မှုအပ်လိုက်ပါ။ အချက်အလက်များကို သေချာမေးမြန်းပြီး QR ယူပေးတဲ့အပြင် ဝန်ဆောင်ခအနေနဲ့ 10,000 ကျပ်ဖြင့် ချိုသာသောဈေးနှုန်းဖြင့် ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေပါတယ်။ ထိုအပြင် Website အဆင်ပြေရင် အချက်အလက်ပေးပြီး မိနစ်ပိုင်းအတွင်း QR ယူပေးနေတာမို့ မြန်လည်းမြန်ချင်၊ မှန်လည်းမှန်ချင် ယုံကြည်စိတ်ချရမှုလည်း ရှိချင်တဲ့မိတ်ဆွေများအတွက် Perfect က အဖြေတခု ဖြစ်ပါလိမ့်မယ်။

Perfect အနေနဲ့ QR ယူပေးရုံ သက်သက်မဟုတ်ပဲ

✅ QR Code အစစ်အမှန် ရဖို့
✅ QR ရပြီး ဆောင်ရန်၊ ရှောင်ရန်
✅ ဖောင်ဖြည့်ပုံဖြည့်နည်း
✅ ယူဆောင်သွားရမည့်စာရွက်စာတမ်းများ
✅ သိချင်တဲ့မေးခွန်းများ မေးမြန်းခွင့်
✅ QR ပျောက်သွားရင် အချိန်မရွေးပြန်တောင်းနိုင်ခြင်း

အစရှိသော အသေးစိတ် ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ ဖြည့်ပေးထားတာမို့ လိုအပ်သော မိတ်ဆွေများအနေနဲ့ တွေဝေမနေပဲ အောက်ပါ Page Messenger Link ကိုနှိပ်ပြီး ဝန်ဆောင်မှု မေးမြန်းစုံစမ်းလိုက်တော့နော်။

m.me/perfectpassportqrservicesmm

Contact:
09 781 412 275 (Phone/Viber)
09 979 303 295 (Phone/Viber)

🟦 ရုံးမှာကိုယ်တိုင်လာတင်ချင်သောမိတ်ဆွေများအတွက် လိပ်စာ - အမှတ် ၅(ဃ)၊ ဦးရေခဲလမ်း၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။ (နာမည်ကြီး ဒေါ်ရင်ရွှေ (သို့) ဦးရေခဲလမ်း မုန့်ဟင်းခါးဆိုင်ရှိတဲ့ လမ်းပါ) ဖုံးလေးတော့ ကြိုဆက်ပေးပါ ခင်ဗျာ။ သက်ဆိုင်တဲ့ Admin က တခါတရံအပြင်သွားတတ်လို့ လာမောကြီး ဖြစ်နေမှာ စိုးလို့ပါ။

Please,

❗Don't Copy & Paste

❗Feel Free to Share


#နိုင်ငံကူးလက်မှတ်

ဲ့မှစိတ်ချရ
🇲🇲

🙏နှစ်သစ်ဆုတောင်း🙏>>>>>>>>>>>>>>>>>💦မြန်မာ့ရိုးရာအတာသင်္ကြန်💦 နှစ်သစ်မှစ၍ နေ့ရက်တိုင်းကို ကံကောင်းခြင်းမင်္ဂလာများနဲ့အတူ ...
17/04/2024

🙏နှစ်သစ်ဆုတောင်း🙏
>>>>>>>>>>>>>>>>>

💦မြန်မာ့ရိုးရာအတာသင်္ကြန်💦 နှစ်သစ်မှစ၍ နေ့ရက်တိုင်းကို ကံကောင်းခြင်းမင်္ဂလာများနဲ့အတူ ဘေးဘယာကင်းဝေးစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း Perfect - Passport QR Services Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ☘️


#နှစ်သစ်ဆုတောင်း

🇲🇲

"Website ပြန်ဖွင့်ပါပြီ"17 Apr 2024ရုံးအလိုက် ယနေ့ရောက်ရှိနေသော QR ရက်ချိန်းများPassport လျှောက်မယ်ဆို QR ရက်ချိန်းအရင်ယ...
17/04/2024

"Website ပြန်ဖွင့်ပါပြီ"

17 Apr 2024

ရုံးအလိုက် ယနေ့ရောက်ရှိနေသော QR ရက်ချိန်းများ

Passport လျှောက်မယ်ဆို QR ရက်ချိန်းအရင်ယူပါ။

လိုအပ်မယ်ထင်ရင် ကြိုတွေးပါ ကြိုလုပ်ပါ။


်ချိန်း
ဲ့မှစိတ်ချရ
#စိတ်အချရဆုံးဝန်ဆောင်မှုPerfect
🇲🇲

16/04/2024

Page Admin အနေနဲ့

Passport စာအုပ် လုပ်ခဲ့တဲ့ ကုန်ကျစရိတ် စုစုပေါင်း

============================

✅ ရုံးဝင်ရက်ချိန်း QR ယူတာ

QR Code = 35,000 ကျပ်

(Admin က QR ကိုယ်တိုင်ယူတာမို့ ဝန်ဆောင်ခ မရှိပါဘူး)

===================

✅ ရုံးရောက်တော့

ဖောင်ဖိုး = 1,000 ကျပ်

ဓာတ်ပုံခန်း = 5,000 ကျပ်

====================

✅ စလစ်ရပြီး စာအုပ်သွားထုတ်တော့

Passport Cover ဝယ်ယူ = 3,000 ကျပ်

=====================

🟦 စုစုပေါင်းကုန်ကျစရိတ် =

35000 + 1000 + 5000 + 3000

= 44,000 ကျပ် ✨✨✨

Passport စာအုပ်လုပ်ဖို့ သိန်းဆယ်ချီ ကုန်ကျခံစရာ မလိုဘူးနော်။

မြန်မာငွေ (44,000 Ks) လေးသောင်းလေးထောင်ကျပ်ပဲ ကုန်ခဲ့ပါတယ်ဗျ။

QR ဝန်ဆောင်မှု အပ်မည့်မိတ်ဆွေများအနေနဲ့ (ဝန်ဆောင်ခ 10,000 ကျပ်) စုစုပေါင်း 54,000 ကျပ်သာ ကုန်ကျစရိတ်ရှိပါမယ် ခင်ဗျာ။

အားလုံး သိရအောင်မျှဝေပေးလိုက်ပါတယ်။

( ဂျင်း ထည့်ခံရခြင်း ကင်းဝေးကြပါစေ ခင်ဗျာ)


#ကုန်ကျစရိတ်
#နိုင်ငံကူးလက်မှတ်
ဲ့မှစိတ်ချရ
🇲🇲

16/04/2024

Passport စာအုပ်လုပ်ဖို့ သိန်းဆယ်ချီ ကုန်ကျခံစရာ မလိုအပ်ပါ။ မြန်မာငွေ (45,000) ကျပ်ဖြင့် Passport စာအုပ် အစစ်အမှန် ရနိုင်ပါတယ်။

15/04/2024

DV ထိုးထားသူများအတွက် သတိပြုဖို့ 🔺

DV ပေါက်၊ မပေါက်ကို ကိုယ်တိုင် စစ်ကြည့်ရပါတယ်။

မည်သူ့ကိုမှ ဖုံးဆက်၊ စာပို့၊ Email ပို့ပြီး ‌ဆက်သွယ်အကြောင်းကြားပေးခြင်းမျိုး လုံးဝ (လုံးဝ) မရှိပါ။

အငြိုးကြီးချက် 😅
14/04/2024

အငြိုးကြီးချက် 😅

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တရားဝင် Website စာမျက်နှာ ကနဦးဖော်ပြချက်အရ Website ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင...
13/04/2024

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တရားဝင် Website စာမျက်နှာ ကနဦးဖော်ပြချက်အရ

Website ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် Passport QR တင်ခြင်းလုပ်ငန်းစဉ်များ ယနေ့ သင်္ကြန်အကြိုနေ့ 13.Apr.2024 မှ သင်္ကြန်အတက်နေ့ 16.Apr.2024 အထိ ခေတ္တယာယီ ဆောင်ရွက်လို့မရနိုင်ပါကြောင်း ကြိုတင် အသိပေးဖော်ပြထားပါတယ် ခင်ဗျာ။

ပျော်ရွင်ဖွယ် မင်္ဂလာ သင်္ကြန် အခါသမယ ကို ပိုင်ဆိုင်နိုင်ကြပါစေ။



Passport QR နဲ့ ငွေပေးချေမှုပုံစံ (၃) မျိုးဒီအကြောင်း အစ မချီခင် အရင်ပြောပြချင်တာက အစိုးရရုံးအားလုံးသည် လူကြီးမင်းများ က...
13/04/2024

Passport QR နဲ့ ငွေပေးချေမှုပုံစံ (၃) မျိုး

ဒီအကြောင်း အစ မချီခင် အရင်ပြောပြချင်တာက အစိုးရရုံးအားလုံးသည် လူကြီးမင်းများ ကျသင့်ငွေ အရင်ပေးချေမှ စလစ်ထွက်ပါတယ်။ လိုင်စင်သက်တမ်းတိုးလို့ရပါမယ်။ လိုင်စင်ရပါမယ်။ စာအုပ်ထွက်ပါမယ်။

အစိုးရရုံးကိစ္စအားလုံး ငွေအရင်ပေးချေရပါတယ်။ ဒါမှ လုပ်ငန်းဆောင်ရွက်လို့ရမယ်။ ဒီအချက် ရုံးဝင်ဖူးသူတိုင်း သိကြမယ် ထင်ပါတယ်။

*****************************

Passport QR အကြောင်း စပြောကြတာပေါ့။

QR စနစ်ဟောင်းမှာ တင်ဖူးတဲ့သူဆို သိလိမ့်မယ်။ QR အတွက် ရုံးအနေနဲ့ ငွေကြိုမယူခဲ့ဘူး။ အဲတော့ ဘာဖြစ်လဲ ဆိုတော့ QR ယူထားတယ်။ လူမလာဘူး။ အဲတော့ ရုံးက ငွေမရဘူး။ QR အလေအလွင့်များ ရှိပါတယ်။ (ဖောင်တင်လို့ ခက်ခဲတာ၊ အချက်အလက်အမှားအယွင်းရှိနေတာ၊ ရလို့ရမှန်း မသိတာ၊ တမင်မလာတာ စသဖြင့် အကြောင်းပြချက်တွေ ကြောင့် QR ရှိပြီး လူမလာဘူး။ အလေအလွင့်ရှိနေတယ်ပေါ့)

ဒါနဲ့ပဲ QR စနစ်သစ်ကို ပြောင်းလဲကျင့်သုံးတယ်။ ငွေအရင်ပေးချေရမယ်။ အသစ်လျှောက်/သက်တမ်းတိုး 35,000 ကျပ်။ ပျက်စီး/ပျောက်ဆုံး 91,000 ကျပ်။

ငွေချေပေးပြီးမှ မိမိအချက်အလက် Server ထဲမှာအတည်ပြုမယ်။ QR Code ချပေးမယ်။ (ငွေမလွှဲရင် QR မချပေးဘူး)

ဆိုတော့ QR ဝန်ဆောင်မှုပေးတဲ့ Page/Account တွေအနေနဲ့ ငွေပေးချေမှု ဘယ်လိုဆောင်ရွက်သလဲ?

ငွေပေးချေမှုပုံစံ (3) မျိုးရှိတယ်။

✅(1) ရုံးသွင်းငွေ+ဝန်ဆောင်ခ ကြိုယူတဲ့စနစ်။
Follower အခိုင်အမာရှိတဲ့ Service Page တွေ ရုံးသွင်းငွေရော ဝန်ဆောင်ခရော ကြိုယူတတ်ပါတယ်။ သူ့ Followers နဲ့သူအဆင်ပြေပါတယ်။ ဒီလို Page တွေလည်း ရှိပါတယ်။

==========================

✅(2) ရုံးသွင်းငွေ ကိုယ်တိုင်သွင်း + ဝန်ဆောင်ခ QR ရမှ လွှဲပေးတဲ့စနစ်။
တပိုင်တနိုင် Service Provider Account & Followers နည်းသေးတဲ့ Page များ ဒီနည်းသုံးပါတယ်။
အချက်အလက်အားလုံးဖြည့်ပြီးလို့ အတည်ပြုလိုက်ပြီဆိုရင် KBZpay QR code ကျမယ်။ ချပေးလိုက်တဲ့ KBZpay QR သည် အချိန် (5) မိနစ်ပဲရတယ်။ (5) မိနစ်ကျော်သွားရင် ထို KBZpay QR သက်တမ်းကုန်ပြီဖြစ်ပြီး အသစ်ထပ်တောင်းဖို့ လိုပါတယ်။ ငွေလွှဲပြီးရင် စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအတွင်း Passport QR ချပေးပါတယ်။ QR စစ်ဆေးပြီးလို့ မှန်ကန်တယ်ဆို ဝန်ဆောင်ခလွှဲပေးပေါ့။

ဒီနည်းမှာ Client တို့သိထားရမှာက KBZpay Scan ဖတ်လိုက်တာနဲ့ လွှဲရမည့်ငွေပမာဏ စာရိုက်ထည့်ပေးစရာ မလိုဘူး။ ရုံးသွင်းငွေပမာဏ တန်းပေါ်လာရမယ်။ (35000/91000 ကျပ်)

ငွေလက်ခံမည့်သူ နေရာမှာ 70123401 - Myanmar Passport Issuing Office (မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး) ပေါ်လာရမယ်။

ဒီစနစ်က အဆင့်တွေများတာရယ် Client ဘက်က Digital Knowledge (Kpay ကောင်းကောင်းမသုံးတတ်ရင်) မရှိရင်တော့ QR ယူပေးရတာ ကရိကထ များတတ်ပါတယ်။

========================

✅(3) တချို့ Service Page တွေအနေနဲ့ သဘောကောင်းစွာဖြင့် ရုံးသွင်းငွေစိုက်သွင်းပေးပြီး QR ကျလာမှ ရုံးသွင်းငွေရောဝန်ဆောင်ခရော လွှဲပေးပါဆိုတဲ့ စနစ်။
Client တွေအတွက်တော့ အထူးကောင်းတယ်။ ငွေကြိုပေးစရာမလို။ QR ရမှ စစ်ဆေးပြီး ငွေပေးချေရုံပဲဆိုတော့ မိုက်မှမိုက်ပဲ။

Service ပေးတဲ့ Page တွေမှာ (တခါတရံ) ဝန်ဆောင်ခမရတဲ့အပြင် ရုံးသွင်းငွေပါ ဆုံးတတ်တဲ့ ကိစ္စလေးတွေ ရှိတတ်ပါတယ်။ (လူ လိမ် ဆိုတာ ဂျိုမပါတော့ QR လာအပ်တဲ့သူတွေမှာလည်း တခါတရံ ပါလာတတ်ပါတယ်) QR ရလို့ မှန်ကန်တယ်ဆိုရော Client ဘက်ကနေ စဘလော့သွားတာမျိုး ဖြစ်တတ်တယ်။ အဲလို Client က QR ရပြီး လိမ် သွား လို့ တချို့ Page တွေ BL တင်မယ် ကြော်ငြာမယ် ဘာညာဆိုပြီး ဖတ်လိုက်ရတယ်။ Service Page အနေနဲ့ ဘယ်သူဘယ်ဝါဘာညာဆိုပြီး ကြော်ငြာ Post တင်တာကလွဲပြီး ဘာမှသွားလုပ်လို့ ရမနေဘူး။ ဒီအချက်ကို သိတဲ့ လူ လည် လူ လိမ် များ သုံးတတ်ပါတယ်။ (ဒီနည်းက Service Page တွေ ခံရနိုင်တယ်) အလုပ်တော့ များများရနိုင်တယ်။ တခါတရံတော့ ခံရတတ်တယ်ပေါ့။

=========================

ရေးပေးချင်တာ နံပါတ် (2) အကြောင်းပါ။ နံပါတ် (1 & 3) က ဘောနပ်အနေနဲ့ရေးပေးလိုက်တာ ဖြစ်ပါတယ်။

Perfect အနေနဲ့ Online Serviceဆို နံပါတ် (1 or 2) ငွေပေးချေတဲ့ပုံစံဖြင့် လက်ရှိကျင့်သုံးနေပါတယ်။ လူကိုယ်တိုင် လာပြီး QR တင်ချင်သူများအနေနဲ့ အမှတ် (၅/ဃ) ဦးရေခဲလမ်း၊ (သမိုင်း) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ မှာ လူကိုယ်တိုင် လာရောက်ပြီး QR ယူနိုင်ကြောင်း အသိပေးအပ်ပါတယ်။

Please,

❗Don't Copy & Paste

❗Feel Free to Share



#ငွေပေးချေမှုပုံစံ၃မျိုး
ဲ့မှစိတ်ချရ

Address

5(D), U Yae Khal Street, Thamine, Mayangone Township
Yangon
11062

Telephone

+959781412275

Website

Alerts

Be the first to know and let us send you an email when Perfect - Passport QR Services Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Perfect - Passport QR Services Myanmar:

Share


Other Passport & Visa Services in Yangon

Show All