Padauk Shwesin Express Car Tickets

Padauk Shwesin Express Car Tickets ,packge tour service hotel booking and bus ticket service

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါမြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့ပြည်မြို့နယ်ကတောင်သူတွေဟာဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍အောင...
20/04/2024

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါ
မြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့
ပြည်မြို့နယ်ကတောင်သူတွေဟာ
ဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍
အောင်မြင်ဖြစ်ထွန်းပါသတဲ့🍀

ln Infinity
ဓာတ်ပုံ( မြေလတ်အသံ)

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာမိတ်ဆွေအပေါင်း စီးပွားအောင်မြင် စိတ်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ စိတ်သ...
19/04/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာမိတ်ဆွေအပေါင်း စီးပွားအောင်မြင် စိတ်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ စိတ်သောက ၊ ကိုယ်ဒုခ နှစ်ပါးမှကင်းဝေးကြပါစီ။ 🙏🙏🙏

ကလောနွေအပူလှိုင်းတွေဖြတ်နေချိန်တောင် နေ့အပူချိန် ၃၃လောက်သာရှိပြီး ညမှာတော့ ၁၈လောက်သာရှိပါတယ် ..လက်ရှည်လေးဝတ်အိပ်နေရတုန်း...
08/04/2024

ကလောနွေ
အပူလှိုင်းတွေဖြတ်နေချိန်တောင် နေ့အပူချိန် ၃၃လောက်သာရှိပြီး ညမှာတော့ ၁၈လောက်သာရှိပါတယ် ..လက်ရှည်လေးဝတ်အိပ်နေရတုန်းပါ…
ထင်းရှူးပင်ရိပ်အောက်မှာဆ်ိုနေ့လည်ပိုင်းလည်းနေလို့ကောင်းပါတယ် …သင်္ကြန်မှာအေးဆေးနားနားနေနေ နေမယ်ဆိုရင်တော့ ဒီမြို့လေးကနေအမြဲကြိုဆိုပါတယ်..

ကလောမြို့ရဲ့သောကပန်းများနဲ့ဒီနေရာမှာအမှတ်တရတွေအများကြီးရှိခဲ့ကြတာပေါ့ … 🧡📷 Sai Swan
06/04/2024

ကလောမြို့ရဲ့သောကပန်းများနဲ့ဒီနေရာမှာ

အမှတ်တရတွေအများကြီးရှိခဲ့ကြတာပေါ့ … 🧡

📷 Sai Swan

က​လောမှာ (၂​)ယောက်ခန်းကို(၂၅၀၀၀)ကျပ်နဲ့တည်းခိုလို့ရမယ့်နေရာလေး ကလောကိုအလည်လာရင်စျေးနှုန်းသက်သာတဲ့မိုတယ်🏠က​လောမြို့ရဲ့ ပြ...
06/04/2024

က​လောမှာ (၂​)ယောက်ခန်းကို(၂၅၀၀၀)ကျပ်နဲ့တည်းခိုလို့ရမယ့်နေရာလေး

ကလောကိုအလည်လာရင်စျေးနှုန်းသက်သာတဲ့မိုတယ်🏠

က​လောမြို့ရဲ့ ပြည်​ထောင်စုလမ်းကြီး​ပေါ်မှာ တည်ရှိတာဖြစ်သလို က​လောမြို့မ​စျေးနှင့် ၅မိနစ်ခန့်သာ ကွာ​ဝေးတာ ဖြစ်ပါတယ်​နော် 🥰

ဒီမိုတယ်က ကလောမြို့မိန်းလမ်းမဘေးမှာဖြစ်တဲ့အတွက် လိုင်းကားနဲ့လာမယ်ဆိုရင်လည်း မိုတယ်ရှေ့ဆင်းလိုက်တာနဲ့ရောက်ပြီနော်🤗

အခန်းတိုင်းမှာ ရေချိုးခန်း အိမ်သာ ရေပူရေအေးရ Wifi ပါတပ်ဆင်​ပေးထားတယ်😍

ကျယ်ဝန်းတဲ့ ကားပါကင်လည်းရှိတယ်🚗

Motel ​လေးရဲ့ ​စျေးနှုန်း​တွေက​

၂ ယောက်ခန်း ၂၅၀၀၀ ကျပ်
၃​ ယောက်ခန်း ၃၅၀၀၀ ကျပ်
၄​ ​ယောက်ခန်း ၅၀၀၀၀ ကျပ်
၅ ​ယောက်ခန်း ၆၀၀၀၀ ကျပ်

Booking တင်ချင်တယ်ဆိုရင်​
☎️ 095153170
09772218353 ကိုသာ Hello ​လေးလုပ်လိုက်​နော် 🤗

ရည်စားမရှိတဲ့သူတွေအတွက်တော့တစ်ယောက်ခန်းကို(၂၀၀၀၀)ကျပ်တဲ့နော်😍

မြစမ်းသာမိုတယ် ကလော
အမှတ် ၂ ရပ်ကွပ် ပြည်​ထောင်စုလမ်မကြီး​ က​လောမြို့ ရှမ်းပြည်နယ်

မြို့မဈေး၊ဘူတာ၊နာရီစင်နဲ့လည်းနီးတယ်

Paoh Stars

Beauty of Kalaw #ကလောမြို့ မှအလှတရားများ
01/01/2024

Beauty of Kalaw
#ကလောမြို့ မှအလှတရားများ

အခုရက်ပိုင်း အလွမ်းအ​​ဆွေး အရမ်းအေးတဲ့ ပုပ္ပါးရာသီဥတု☃️  Paoh Stars 📷-Hein Min Soe(ဓာတ်ပုံ)
20/11/2023

အခုရက်ပိုင်း အလွမ်းအ​​ဆွေး အရမ်းအေးတဲ့ ပုပ္ပါးရာသီဥတု☃️

Paoh Stars
📷-Hein Min Soe(ဓာတ်ပုံ)

ကလော - အောင်ပန်းလမ်းမပေါ်မှာပွင့်တဲ့ Cosmo flower (ဒဂါးပန်း)🌼🌸ဒီချိန်ကလောမြို့လေးကိုအလည်လာရင် Cosmo Flowerလှပစွာဖူးပွင့်...
06/10/2023

ကလော - အောင်ပန်းလမ်းမပေါ်မှာပွင့်တဲ့ Cosmo flower (ဒဂါးပန်း)🌼🌸

ဒီချိန်ကလောမြို့လေးကိုအလည်လာရင် Cosmo Flowerလှပစွာဖူးပွင့်နေတာကိုမြင်ရမှာနော်🌼

ကလောမြို့ရဲ့နေရာတော်တော်များများမှာ တွေ့ရမယ့် အလေ့ကျပေါက်နေတဲ့ Cosmo ပန်းလေးတွေ🌼

ပုပ္ပါးတောင်မကြီးပေါ်မှ လှမ်းမြင်ရသည့် ပုပ္ပါးတောင်ကလပ်
27/06/2023

ပုပ္ပါးတောင်မကြီးပေါ်မှ လှမ်းမြင်ရသည့် ပုပ္ပါးတောင်ကလပ်

 #ပုဂံမှာရွာတဲ့မိုး
14/05/2023

#ပုဂံမှာရွာတဲ့မိုး

ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်🍀ဂဏန်းကျ ရေတံခွန် သို့🍀စိမ်းစိုလှပပြီး ထူးခြားလှပနေတဲ့ ဂဏန်းကျ ရေတံခွန်  ရှိရာနေရာလေ...
01/05/2023

ရှမ်းပြည်နယ်တောင်ပိုင်း
ရွာငံမြို့နယ်🍀

ဂဏန်းကျ ရေတံခွန် သို့🍀

စိမ်းစိုလှပပြီး ထူးခြားလှပနေတဲ့ ဂဏန်းကျ ရေတံခွန် ရှိရာနေရာလေးကို ခရမ်းပြာ ညွှန်ပေးပါ့မယ်နော် 🚗

ပုံလေးတွေကြည့်ပြီး ခဏသာအမောပြေနိုင်ကြပါစေ☘️

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်ရွာနားလေးမှာ ရှိတာပါ။ ဒီရေတံခွန်လေးက လူတွေ အသွားအလာ သိပ်မရှိကြသေးဘူး ထင်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်လည်း မရှိသလို လမ်းခွဲလေးတွေကလည်း အများကြီးမို့ မသိသေးတဲ့သူတွေဆို သွားရတာ အဆင်မပြေဖြစ်နိုင်ပါတယ်။

ခရမ်းပြာတို့တောင် ပထမ တစ်ခါသွားတော့ လမ်းတွေ ခဏခဏမှားပါတယ်။ လူလည်းပြတ်တော့ မေးစရာလူလည်း တစ်ယောက်မှ ရှာမတွေ့ပါဘူး။ နောက်တော့ ရွာထဲထိ ပြန်လှည့်ပြီး မေးမှရတော့မယ်ဆိုပြီး လှည့်ပြန်ခဲ့ကြတာ နောက်မှာ ခြံတစ်ခြံမှာ ဦးလေးတစ်ယောက်ကို တွေ့လို့ မေးတော့မှပဲ အဆင်ပြေသွားတော့တာပါ။

မြိုင်ရွာရောက်ပြီဆိုရင် ဒီရေတံခွန်နဲ့က အရမ်း မဝေးတော့ပေမဲ့ လမ်းခွဲလေးတွေများပြီး လမ်းညွှန်ဆိုင်းဘုတ် မရှိတာမို့ မသိတဲ့သူဆို သွားရတာ ခက်ပါလိမ့်မယ်။ ( လမ်းညွှန်ဆိုင်းဘုတ်လေး လုပ်ထားပေးရင်တော့ အရမ်းအဆင်ပြေမှာပဲ။ )ခရမ်းပြာ အတတ်နိုင်ဆုံတော့ သေချာလေး ပြောပြပေးပါ့မယ်။

ဂဏန်းကျ ရေတံခွန်ကို သွားမယ်ဆို ရွာငံမြို့နယ် မြိုင်ရွာလေးကို ရောက်အောင်သွားရပါမယ်။ မြိုင် ကို ရောက်ပြီဆို လမ်းမကြီးအတိုင်းဆက်လာ၊ ရွာငံဘက်ကလာရင် ညာဘက် အောင်ပန်းဘက်ကလာရင် ဘယ်ဘက်ခြမ်းမှာ စျေးရှောင်လမ်းသို့ လို့ ရေးထားတဲ့ ဆိုင်ဘုတ် ရှိပါတယ်။ အဲ့ လမ်းအတိုင်း ချိုးဝင်လိုက်ပါ။ ပြီးရင် နည်းနည်းဆက်သွားပြီး ညာဘက်လမ်းကိုချိုး( စေတီနဲ့ ဓမ္မာရုံရှိတဲ့ဘက်ပါ) အဲ့လမ်းအတိုင်းတည့်တည့်ဆက်သွား။ လမ်းခွဲတွေ အများကြီး ရှိတယ် ဝင်မသွားပဲ အဲ့လမ်းအတိုင်းသာ ဆက်သွားပါ။ အုပ်ခုံတံတားလေးတစ်ခုကို ဖြတ်ရပါမယ်။ အဲ့တံတားဖြတ်ပြီး နည်းနည်းဆက်သွားရင် ဘယ်ဘက်မှာအုပ်တိုင်လေးတစ်ခု လဲနေတာ တွေ့ရမယ်။ အဲ့ဘက်မှာ သဲတွေတူးထားတဲ့ သဲတွင်း တွေလည်း ရှိတယ်။ အဲ့လမ်းကို ချိုးဝင်ပြီး ဆက်သွားရပါမယ်။

ပြီးရင် တည့်တည့်သွားတဲ့လမ်းနဲ့ ညာဘက်ချိုးတဲ့ လမ်း ရှိပါတယ်။ ညာဘက်လမ်းရဲ့ ခြံတစ်ခြံရဲ့တောင့်မှာ ( ရေတွင်းဘောင် အမြင့်တွေ့ရပါလိမ့်မယ်) အဲ့ ရေတွင်းဘောင် တွေ့မှ ကွေ့ပါ။ အဲ့လမ်းကွေ့ပြီး နည်းနည်း ဆက်သွားရင် ရောက်ပါပြီ။
ရောက်တယ်ဆိုတာက ရေတံခွန်ကို တန်းပြီး တွေ့ရမှာ မဟုတ်သေးပါဘူး။ သံပုရာပင်လေးတွေ စိုက်ထားတဲ့ ခြံလေးနဲ့ တောင်ကြရေလေး စီးကြနေတဲ့ ကန်လေးကို တွေ့ရပါလိမ့်မယ်။

အဲ့နေရာလေးမှာ ကားရပ်ထားပြီး ရေစီးကြနေတဲ့ စမ်းချောင်းရဲ့လမ်းဘေးလေးကနေ ခြံကို ပတ်သွားရမှာပါ။ အဲ့မှာ ရေတံခွန်သွားတဲ့ လူသွားလမ်းကြောင်းလေးကို တွေ့ရပါလိမ့်မယ်။ အဲ့ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရပါမယ်။ တောင်တက်တောင်ဆင်းတွေ ရှိတာမို့ မချောတဲ့ ဖိနပ်စီးသွားဖို့ လိုပါတယ်ရှင်။ နောက်မှာ ပုံလေးတွေနဲ့ သေချာ ရှင်းပြထားပေးပါတယ်။ စိတ်ရှည်လက်ရှည် ကြည့်နော် 😁

ဘယ်လောက်ပဲ မောမော ရေတံခွန်ကို တွေ့လိုက်ရရင်တော့ စိတ်တွေ ကြည်နူးလန်းဆန်းသွားစေပါတယ်။

ဒီ ရေတံခွန်ကို မြင်တော့ ခရမ်းပြာ စိုးရိမ်မိတာလေးတွေ ရှိပါတယ်။ လူတွေ အလာများလာရင် ပတ်ဝန်ကျင်တဝှိုက် အမှိုက်သရိုက်တွေ ရှုပ်ပွကုန်မှာ၊ ကျောက်တုံးပေါ်က စိမ်းစိုလှပနေတဲ့ ရေညှိစိမ်းစိမ်းလေးတွေ ပျက်စီးကုန်မှာကိုပါ။

ဒါကြောင့် ဒီရေတံခွန်ကို ရောက်ဖြစ်ခဲ့ရင် အမှိုက်တွေ မပစ်ပါနဲ့။ ရေတံခွန်က ကျောက်တုံတွေနဲ့ ရေညှိစိမ်းစိမ်းလေးတွေကို မဖဲ့ပါနဲ့ နော်။ သဘာဝရဲ့ အလှတွေကို သဘာဝအတိုင်း လှပနေတာလေးတွေကို ကြည့်ပြီး ကြည်နူးကြရအောင်နော်။

တခြားနိုင်ငံတွေမှာတော့ ဒီလို သဘာဝအလှအပလေးတွေကို သေချာထိမ်းသိမ်းပြီး ပိုမိုလှပ ဆွဲဆောင်မှု ရှိအောင် သွားရလာရ လွယ်ကူအောင် သေချာပြုပြင်ထိမ်းသိမ်းပြီးတော့ ဝင်ကြေးပေးပြီးမှသာ ဝင်ကြရတာတွေ ရှိပါတယ်။

အဲ့လိုလေးတွေ လုပ်နိုင်ရင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်သလို ဝင်ငွေလည်း တိုးစေနိုင်ပါတယ်။ လောလောဆယ် အဲ့လိုလေး မလုပ်နိုင်သေးရင်လည်း ကိုယ့်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အလှအပလေးတွေကို ကိုယ့်အသိစိတ်လေးနဲ့ကို ထိန်းသိမ်းကြရအောင်နော်

Paoh Stars
📷-Khaingt Hazina Ye(ဓာတ်ပုံ)

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်မှာမိတ်ဆွေအပေါင်း စီးပွားအောင်မြင် စိတ်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ စိတ်သေ...
17/04/2023

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်မှာမိတ်ဆွေအပေါင်း စီးပွားအောင်မြင် စိတ်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ စိတ်သောက ၊ ကိုယ်ဒုခ နှစ်ပါးမှကင်းဝေးကြပါစီ။ 🙏🙏🙏

စကားဝါမြေ
16/04/2023

စကားဝါမြေ

ဂေါ်ရန်ဂျီကျွန်းမှာ ဧည့်သည်တွေ ပြည့်လျှံနေပြီ။ Hotel/ တည်းခိုခန်းတွေမှာရော ကမ်းခြေနဲ့ နီးတဲ့ ဒေသခံ အိမ်တွေမှာရော အကုန် ပ...
15/04/2023

ဂေါ်ရန်ဂျီကျွန်းမှာ ဧည့်သည်တွေ ပြည့်လျှံနေပြီ။
Hotel/ တည်းခိုခန်းတွေမှာရော ကမ်းခြေနဲ့ နီးတဲ့ ဒေသခံ အိမ်တွေမှာရော အကုန် ပြည့်နေကြပြီ။
ဘယ်မှာမှ Booking ကြိုမချိတ်ထားပဲ အခုမှ ရောက်လာတဲ့ ဧည့်သည်တွေ နေရာရှာမရလို့ တော်တော် ခက်ခဲနေ ‌ကြတယ်။
ဒီလိုပိတ်ရက်မျိုးက သင်္ကြန်မတိုင်ခင် တစ်လကျော်လောက်ထဲက တော်တော်များများ Booking တွေ ပြည့်နေကြတာပါ။
မနေ့ကလဲ တနေကုန် အခန်း လာလာမေးကြတဲ့ ဧည့်သည်တွေ ဘယ်မှာမှ မရလို့ ဟိုပြေးလိုက် ဒီပြေးလိုက် ဟိုဆက်ပေးလိုက် ဒီဆက်ပေးလိုက်နဲ့ ကိုယ်တွေလဲ စိတ်မကောင်းဖြစ်ရပါတယ်။

အဲ့ဒါကြောင့် ပိတ်ရက်ရှည်တွေမှာ ဂေါ်ရန်ဂျီကျွန်း လာမယ်ဆို အရင်ဆုံး Booking ကြိုချိတ်ထားကြပါ။ ဂေါ်ရန်ဂျီကျွန်းမှာ ဧည့်သည်လက်ခံနိုင်တဲ့ အရည်အတွက်က ထောင် ဂဏန်းလောက်ပဲ ရှိတာပါ။ အဲ့လိုရက်မျိုးက ဂေါ်ရန်ဂျီကို လာလည်ချင်တဲ့လူတွေက သောင်းဂဏန်း မကပါဘူး။ အဲ့တော့ ဒီပိတ်ရက်ထဲ ဂေါ်ရန်ဂျီ ထပ်လာဖို့ စဉ်းစားထားရင် အရင်ဆုံး အခန်းရမရ သေချာ ကြိုချိတ်ထားကြပါ။ ဒီရောက်မှ ဒုက္ခရောက်နေကြမှာ စိုးလို့ပါ




ပုဂံ trip review လေး ရေးပေးချင်ပါတယ်ရန်ကုန်ကနေ ပုဂံ ကို မိုင် ၃၈၀ လောက် ရှိပါတယ်အမြန်လမ်းကနေ မိတ္ထီလာထိက ၂၈၅မိုင်ပါ။ပြီး...
13/04/2023

ပုဂံ trip review လေး ရေးပေးချင်ပါတယ်

ရန်ကုန်ကနေ ပုဂံ ကို မိုင် ၃၈၀ လောက် ရှိပါတယ်
အမြန်လမ်းကနေ မိတ္ထီလာထိက ၂၈၅မိုင်ပါ။
ပြီးတော့ ကျောက်ပတောင်းလမ်းခွဲ ကနေ ဘယ်ချိုးသွားပြီး ကျောက်ပတောင်း ရောက် မှ ညောင်ဉီး ကျောက်ပတောင်း လမ်းခွဲ အတိုင်း လိုက်သွားရပါတယ်။ကျောက်ပတောင်း မိတ္ထီလာ လမ်းက နည်းနည်းတော့ လမ်းမချောဘူး ကားဘော်ဒီသံ ထွက်ရုံ တော့ ရှိတယ်။ညောင်ဉီး ကျောက်ပတောင်းလမ်းက လမ်းပြေတယ်။ ရန်ကုန် ညောင်ဉီး ကို starex 2500cc auto နဲ့ ac ဖွင့်သွားတယ်အသွား ၁၄၀၀၀၀လောက်ကျတယ် ဆီ ၂၃၀၀ စျေးနဲ့
အပြန်ကျ ပုပ္ပါး တောင် ဝင်တယ် ဗျတ္တပန်းဆက်လမ်းက ပုပ္ပါး ရောက်ခါနီးကျ အတက်ကြီးတယ် မြေ ပြန် ့မောင်းတယ့်လူတွေတွက်ပေါ့။ ပုပ္ပါးကကျောက်ပတောင်းကို ပြန်တော့ အဆင်းကြီးပဲ
ရန်ကုန်ရောက်တယ့်ထိ ဆီဖိုး ၁၄၀၀၀၀လောက်ကျတယ်။ ပုဂံမှာ ၂ရက် ဘုရားစုံ ဖူးတာ ac ဖွင့် ၆၀၀၀၀ လောက် တော့ ကုန်တယ်။

တည်းခိုခန်း
မိသားစု အများကြီးနဲ့ သွားလို့ ပိုက်ဆံ ချွေတာ ချင် ရင် ဘုန်းကြီးကျောင်းတွေမှာ တည်းလို့ရပါတယ် ၊ ကျောင်းတွေမှာ ခရီးသွားတွေအတွက် hall type အခန်းတွေ ရှိပါတယ် ဝတ္ထုတော့ ကပ်ရပါတယ်။
ရွှေစည်းခုံ အနီးမှာဆို ရွှေ စေတီကျောင်းရှိပါတယ်။

ပိုပြီးrelax နဲ့ enjoy လုပ်ချင်ရင်တော့ guest house တွေ ရှိပါတယ် ရွှေစည်းခုံ အနီးမှာများပါတယ်
low season မှာ၂ယောက်ခန်းကို ၁၅၀၀၀ လောက် ရှိပြီး ခုလို ရာသီမှာ ၂၀၀၀၀ နဲ့ ၂၅၀၀၀ ရှိပါတယ်
ပုဂံပြည်သား guest house ကို ညွှန်းပါမယ်။
အသစ်ကလေးဖြစ်လို့ သန့် ရှင်းပြီး ac လဲအေးပါတယ်။ မနက်စာ လဲ ပါပါတယ် ။သူက ၂ယောက်ခန်းကို ၂၅၀၀၀ ပါ။ တခြား guest house တွေက၂၀၀၀၀ လောက်ပဲ ပေးရပေမယ့် သန့်ရှင်းမှု ပိုင်း Ac မအေးတာ ၊ ပြီးတော့ မီးက မလာတာများလို့ မီးစက်မောင်းပေးတယ့် အခါ အခြား guest house တွေ က ည ၁၂ / ၁ လောက်ထိပဲမောင်းပေးပြီး ပုဂံ ပြည်သားက မနက်ထိမောင်းပေးပါတယ်။လပြည့်ဝန်းဆိုတယ့် guest house ကတော့ မီး ၂၄ နာရီ ရပါတယ် ၊ ac ကတော့ နေ့လည် ၁ နာရီ က ၄ နာရီ ည ၆ က နေ မနက် ၅ ထိ ac ပါတယ် သူကတော့ ၃၅၀၀၀ပါသူလဲသန့်ရှင်းပြီးကောင်းပါတယ်။

အစားအသောက်
အသွားအပြန်လမ်းမှာ လက်ပံပြားကြက်ကြော်ဝယ်စားပါ၊ ကြက်၁ကောင်ကို ၁၃၀၀၀ ပေးရပါတယ် ပေါင်၂ချောင်းဆို ၇၀၀၀ ရင်ပုံဆို ၈၀၀၀ လဲ ၀ယ်ရပါတယ် အမြစ်လေးတွေက ၁၀ခု ၂၀၀၀ပါ
ပုဂံမှာ ထမင်းဆိုင်တွေက လက်ရာသိပ်မကောင်းပါ
စားမိသလောကိပေါ့ အရံဟင်းသာများတာပါ အရေအတွက် သဘောပါပဲ၊ အဝစား ၁ယောက် ၃၀၀၀ နဲ့ ၃၅၀၀ ရှိပါတယ်။ဆန်စျေးကြီးပုံရပါတယ် ထမင်းဖြူ ၁ထုပ် ၁၀၀၀ တို့ ၇၀၀ တို့ ရှိပါတယ်။
ညစာကတော့ ညစျေးမှာအဆင်ပြေပါတယ်စျေးသင့်ပါတယ် ၊ အရသာလဲ ကောင်းပါတယ် ကျား၃ကောင် ဆိုတယ့် တရုတ် စားသောက်ဆိုင်ကတော့ စားကောင်းပါတယ် စျေးကိုလျော့ပြီး potion လျော့ထားပါတယ်၊ ဉပမာ ကြက်ခြေဖဝါးသုတ် ၁၅၀၀ small potion၊ ဘဲပေါင်း ၂၀၀၀ ဘဲ ရင်ပုံ အတုံးလတ် ၁တုံး ကုန်ပေါင်ကြီး ၃၅၀၀ ပွဲလတ် အနေအထား သူတို့ ကတော့ ပွဲကြီးလို့ခေါ်ပါတယ် TASTE OK ပါ ၊ဘေးက ထမင်းကြော်ဆိုငိကထမင်းကြော်လွတ် ၈၀၀/၁၀၀၀ရှိပါတယ် ထမင်းဖြူ ၅၀၀ ကြက်ဉကြော်၁လုံး ၅၀၀ ဝက်အစုံသုတ် ၂၀၀၀ အသားဟင်း ၁၀၀၀ အစားစားရှိပါတယ်။ညစျေးမှာ စားစရာအလွန်စုံပါတယ်။ အကင် စွပ်ပြုတ် မာလာရှမ်းကော ဖျော်ရည် အပေါင်း ရပါတယ်။မနက်စာကတောါ ့ ရွှေစည်းခုံ ဘုရားနားက ခိုင်ဝါ လက်ဖက်ရည်ဆိုင်ကောင်းပါတယ်အရသာအဆင်ပြေ စျေးသင့်ပါ။ စမူဆာ ၂၀၀လက်ဖက်ရည် ၇၀၀ ထမင်းကြော် ကြက်ဉနဲ့ ၁၇၀၀ပါ၊ ပုပ္ပါး ရောက်တော့ လက်ဖက်ရည်ဆိုင်ထိုင် တာ လက်ဖက်ရည်က ၁၀၀၀ ထမင်းကြော်ကြက်ဉ ၂၀၀၀ပါ အရသာ သိပ်မစွန်။
နေပြည်တော် ကားနားစခန်းက မဂ်လာမှာ ထမင်း အဝစား ၆၀၀၀ပါ ၁၁၅ မိုင် က ပိုင်အိုးနီးယားမှာ ထမင်းကြော် ကြက် ဉ နဲ့ ၂၅၀၀ လက်ဖက်ရည် ၁၅၀၀ အရသာ TEA ကတော့ NO ပါ၊ပုဂံ အလိုတော်ပြည့် ဘုရား​ေ ရှ့မှာ တုတ်ထိုးဆိုင် ရှိပါတယ် တပွဲ ၂၀၀၀ ဘဲဉပါရင် ၃၀၀၀ POTION သေး အရသာကောင်းပါ။ကြံရည်လဲရ ၁ခွက် ၁၀၀၀ပါ ဘယ်မှာ ဝယ်ဝယ် ၁၀၀၀ပါ ၊ ဇီးရိပ်အ​ေကြာ်ဆိုင် ကညနေဘက်သွားတာ လူပြည့် နေလို့ မထိုင်ခဲ့ရပါ။

ပုဂံဘုရားဖူး
ဘုရားဖူးရင် ဂိုက်တယောက်ပါတာကောင်းပါတယ် ။ တရက် ၂၀၀၀၀ပေးရပါတယ်။ လက်ဆောင် ဝယ် ရင် မြင်ကပါ ဘက် က မြစေတီ ၊ လောကနဒ္ဒါ ဘုရားဘက်က စျေးသက်သာပါတယ် ။ ရွှေစည်းခုံ တဝိုက်ကစျေးကြီးပါတယ်၊ အာလူးကြော်ဝယ်ရင် ကျောက်ပတောင်းမှာ ဝယ်ပါ စျေးသင့် ပြီး လတ်ပါတယ်။ ပုပ္ပါးတောင်ကတော့ လေးဖက်ပါထောက်တက်လိုက်ရပါတယ် မတ်ပြီးမောလို့ တောင်ထိပ်ရေက်တော့ လေးတအားတိုက်လို့ အမောပြေပြီး အတွေ့ ့အကြုံ သစ် ရပါတယ် ။

ခရီးသွားဘုရားဖူးများ အဆင်ပြေ စိတ်ချမ်းသာကြပါစေ။

ကာစင်းလုံးငှားချင်ရင်တော့
၀၉၂၅၁၇၃၇၆၃၀
၀၉၄၀၁၅၃၀၁၂၀

09/04/2023

ရန်ကုန် -​ငွေ​ဆောင်

ကြာချိန် ၄နာရီခွဲ
ဆီဖိုး 1.5cc ရန်ကုန်က အပြည့် ဖြည့် ပုသိမ် မှာ ထပ်ဖြည့် ၂၆၀၀၀
ပုသိမ်က​နေ ​ငွေ​ဆောင်ကို 10000/20000 ​လောက်ထပ်ကုန်တယ်

HOTEL

@ the Sea ( Sea view 190000 က ၃​ယောက်​နေလို့ရ extra စာပါပြီး ) အခန်းကျဥ်းတယ် နှစ်​ယောက်အိပ်ကုတင်တစ်လုံးပဲ ပါတယ် ဒါ​ပေမယ့် သူရဲ့ ထူးခြားချက်က မနက် ဘူ​ဖေး ကို dinning room မှာကြိုက်သ​လောက်ဆွဲ မဝ​သေးဘူးလား အခန်းထဲ ပါဆယ် ထပ်ဆွဲ လို့ရတယ် ပြီး​​တော့ ည စာ ဘူ​ဖေး တူတူပဲ ဟင်းစုံတယ် dinning room ထိုင်ဆွဲ မဝရင် ပါဆယ်ဆွဲ Service ​ကောင်းတယ် 9/10 ​ပေးတယ်
HOTEL ACE မှာSeaview family room က ၂၅၀၀၀၀ ဒါက​တော့ချိန်လို့ရ​အောင် @ the sea မှာ ၃ထပ် ခန်းရှိတယ် total 6 ​နေလို့ရတယ် 6သိန်း extra ​ကြေးမသိprivate pool private wifi

လမ်းမှာ အစစ်​ဆေး ဘာညာ အားလုံး Ok ပါ ​ဂိတ်​ရောက်ရင် မှန်​လေးဖက်လုံးသာ ချထား အ​ကောင်းဆုံးက တစ်စီးကိုတစ်​ယောက်တည်းစီး စစ်ကိုမစစ်တာ ​ငွေ​ဆောင်အ၀င် မှာ final ဂိတ် ၂ရစ် နဲ့ ဆရာကြီး စစ်မယ် ​​ပျော်ဖို့လာရင် အသားကုန်​ပျော်မယ်သာ​ပြောလိုက်​ :P

လမ်း​ကြေးTolls
3000 ဝန်းကျင်

မိတ်​ဆွေ တို့ခရီးလမ်း​ဖြောင့်ဖြူးပါ​စေ

​​ငွေ​ဆောင်​ရောက်ရင်​လေးဘီးဆိုင်ကယ်​​စျေး တက်တယ် မနှစ်က တစ်နာရီ ၁၀၀၀၀
အခု ၃၀၀၀၀
ဘာအတွက်ပိုက်ဆံရှာထားလဲ မနှ​မြောပါနဲ့ Memories ဆိုတာ တချိန်ကျရင် ငါတို့တုန်းက ဘယ်လိုဆိုတာ အမှတ်ရ​နေမှာပါ

Address

အမှတ်(၃၅) ဦးချစ်မောင်လမ်း နှင့် ရတနာလမ်း ထောင့်
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Padauk Shwesin Express Car Tickets posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Tour Agencies in Yangon

Show All