Zayar ခရီးသွားလုပ်ငန်း

Zayar ခရီးသွားလုပ်ငန်း မ​လေးအလည်ဗီဇာ နှင့် အလုပ်အကိုင်ရှာ​ဖွေ​ရေး

26/07/2024
19/06/2024

I got 8 reactions on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

02/06/2024

၆ လ Multiple Entry အလည် Visa , ၁ လ Single Entry အလည် Visa, ပါမစ်သက်တမ်းတိုး, ​ဆေး​ကျော်, Special Pass ရက်လွန်​နေမိသူများ အတွက် special pass ဗီဇာ ရက်လွန်ပီးတပတ်အတွင်းသာ မိတ်​ဆွေတို့အဆင်​​ပြေ​ချော​မွေ့​အောင် လုပ်ငန်းစပါပီ အိုင်တီသမား​တွေအတွက် အလုပ်အကိုင်ရှာ​ဖွေ​ပေးဖို့လဲ ကြိုးစား​နေပါသည်။ Employment Pass only for IT People.

ဆက်သွယ်ရန် : ၀၉၄၄၄၄၄၈၃၈၀
: ၀၀၆၀၁၇၃၁၀၀၈၁၇

23/05/2024

Myanmar Passport ကိုင်ဆောင်သူတွေ Visaမလိုပဲသွားလို့ရတဲ့နိုင်ငံတွေနဲ့ Visa on arrival လျှောက်လို့ရတဲ့နိုင်ငံများ
✅Visa Free
Brunei. (14 days)
Cambodia (14 days)
Cook Islands. (31 days)
Dominica. (21 days)
Haiti. (3 months)
Indonesia. (30 days)
Laos. (14 days)
Micronesia. (30 days)
Montserrat. (6 months)
Philippines. (30 days)
Singapore. (30 days)
Saint Vincent and the Grenadines(3 months)
Taiwan. (14 days ROC travel)
Thailand. (14 days)
Vietnam. (30 days)
✅လေဆိပ်မှာတင် E-Visa လျှောက်လို့ရတဲ့နိုင်ငံတွေကတော့
Albania
Antigua and Barbuda
Armenia
Bahamas
Benin
Bhutan
Botswana
Burkina Faso
Cameroon
Democratic Republic of the Congo
Ivory Coast
Djibouti
Equatorial Guinea
Ethiopia
Gabon
Guinea
Hong Kong
India
Iran
Kazakhstan
Kenya
Kyrgyzstan
Lesotho
Malaysia
Moldova
Mongolia
Nigeria
Qatar
Russia
São Tomé and Príncipe
Sierra Leone
South Sudan
Togo
Uganda
Zimbabwe

✅Visa on Arrival လျှောက်လို့ရတဲ့နိုင်ငံတွေ

Bolivia
Burundi
Cabo Verde
Comoros
Guinea-Bissau
Macau
Madagascar
Malawi
Maldives
Marshall Islands
Mauritania
Mauritius
Mozambique
Nepal
Nicaragua
Rwanda
Seychelles
Somalia
Sri Lanka
Saint Helena
Tanzania
Timor-Leste
Tuvalu
Zambia
"မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါတယ်"

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့စိတ်ဓာတ် မွေးဖို့လိုတယ်။လောကမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။လူအများစုက ...
23/05/2024

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့
စိတ်ဓာတ် မွေးဖို့လိုတယ်။
လောကမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။
လူအများစုက လိုက်လုပ်နိုင်ကြမှာ မဟုတ်တဲ့အတွက်၊ နေ့စဉ် စိတ်ပါပါ၊ မပါပါ တိုးတက်နိုင်တာက ကိုယ့်ရဲ့ Superpower ဖြစ်လာလိမ့်မယ်။
ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူး၊ လူအထင်ကြီးလောက်အောင် လုပ်ပြစရာ မလိုဘူး။
အရေးကြီးတာ ဆင်ခြေတွေ ပေးမနေဘဲ အချိန်မှန်မှန်ပေါ်လာဖို့
ပင်ပန်းနေရင်တောင်၊ စိတ်ပျက်နေရင်တောင်၊ ဘယ်သူ့မှ ကိုယ့်ကို မချီးကျူးရင်တောင်၊ လောကကြီးကို နာကျည်းနေရင်တောင်
နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက် အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။
ခိုင်မာတဲ့ အုတ်မြစ်‌ချပြီးရင် အမြင့်ဆုံးရောက်ဖို့ အရမ်းလွယ်တယ်၊ တစ်ခုခုကို စတင်လိုက်ရင် ရှေ့ဆက်တိုးတက်ဖို့ အရှိန်စရလာတယ်။
ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်နိုင်တဲ့အခါ
ကိုယ့်ကိုလည်း သူ့ အိပ်မက်တွေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်စေပါလိမ့်မယ်။

23/05/2024

ဆယ်တန်းအောင်တာတွေ အရေးမကြီးဘူး၊ ဘွဲ့ရတာတွေ အရေးမကြီးဘူး ဘဝမှာ စီးပွါး ဖြစ်ဖို့ က အရေးကြီးတယ် ဆိုပြီး Like တွေ၊ Share တွေ အများကြီးရတဲ့ ပို့စ်တစ်ခုတင်ထားတာ တွေ့တော့ လူငယ်တွေ တလွဲ အထင်ရောက်မှာ စိုးမိတယ်။

ဆယ်တန်းမအောင်၊ ဘွဲ့မရလည်း အထိုက်အလျောက် စီးပါွးရေးဖြစ်တာကို တော့ လက်ခံပါတယ်။ ဒါပေမယ့် အတိုင်းတာ တစ်ခုထိပဲ ဖြစ်နိုင်သလို ကိုယ့်ဝန်းကျင်၊ ကိုယ့် အဝန်းအဝိုင်းလေး တစ်ခုတည်းမှာပဲ အိမ်ကျယ် လုပ်နိုင်တာ ပါ။

ကမ္ဘာကြီးဟာ အသိဉာဏ်တွေနဲ့ ၂၁ ရာစုကို ရွေ့နေတယ်။ နည်းပညာတွေက ကမ္ဘာကို ကျဉ်းမြောင်းသွားသလို၊ အရှေ့အနောက်ဖောက်မြင်လာရတယ်။ အသိဉာဏ်ဈေးကွက် က အသိဉာဏ်မဲ့တဲ့ နေရာတွေကို အစားထိုးလာတယ်။ လန်ဒန်က ပစ္စည်းကို မှာမလား၊နယူးယောက်က နာရီလက်ဆောင် ဝယ်ပေးချင်သလား အွန်လိုင်းရှောပင်းတွေ က ဝန်ဆောင်မှုလုပ်လာနေကြတယ်။

အာမေဇွံ(Amazon) ၊ အလီဘာဘာ စတဲ့ အွန်လိုင်းစူပါမားကက် ကြီးတွေက ဘယ်နေရာ ဘယ်ဒေသ မဆို အရည်အသွေးမီတဲ့ ပစ္စည်းတွေကို အိမ်အရောက်ပို့ဆောင်နိုင်ဖို့ အလုအယက် ကြိုးစားနေကြတယ်။

ပညာဆက်မသင်ရင် သို့မဟုတ် ပညာတစ်ဝက်တစ်ပျက်နဲ့ စီးပါွးရေးဆက်သွားမယ်ဆိုရင် ကြီးကျယ်ခမ်းနား တဲ့ ဘဝတွေပိုင်ဆိုင်ဖို့ခဲယဉ်းပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ကွန်ပျူတာပညာရှင် ဘီလ်ဂိတ်က ဟားဗတ်တက္ကသိုလ် ပထမနှစ်ကနေ ကျောင်းထွက်ခဲ့တယ်ဆိုပေမယ့် သူသိချင်တဲ့ ဘာသာရပ်တွေ၊ သင်တန်းတွေ ဆက်လေ့လာခဲ့တယ်။ကျောင်းသားတစ်ယောက်လို အဆက်မပြတ်လေ့လာရတာကို သဘောကျတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်။

နောက်တစ်ခုသူပြောသွားတာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုရှိတယ်။ ငှက်ဖျားကြောင့်၊ နမိုးနီးယာကြောင့် နဲ့တခြား ထူးဆန်းတဲ့ ရောဂါတွေကြာင့် ကမ္ဘာပေါ်မှာကလေးငယ်သန်းပေါင်းများစွာ နှစ်တိုင်း သေဆုံး နေကြတာ ကိုကြည့်ရင် ဆင်းရဲမွဲတေမှု နဲ့ ပညာရေး နိမ့်ပါးမှု ပြဿနာ က အဓိကပဲတဲ့။ အဲဒီအထဲမှာ အမေရိကန်လို နိုင်ငံတွေ မပါဘူး။

ပညာသင်တယ်ဆိုတာ ကိုယ်ချမ်းသာဖို့တစ်ခုတည်းမဟုတ်ဘူးဆိုတာ ဘီလ်ဂိတ်က ထောက်ပြသွားတယ်။ အသိဉာဏ်မဲ့စီးပွါးရေး ရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေး ပြဿနာတွေ ကပ်လိုက်နေတယ်။ ကိုယ်ချမ်းသာဖို့ စီးပါွးဖြစ်ဖို့ပဲ ကြည့်တဲ့ အသိဉာဏ်မဲ့ တဲ့ ကုန်ပစ္စည်းတွေ၊ အစား အသောက်တွေ ဒီနေ့ မြန်မာပြည်မှာ မနည်းဘူး။

မသိခြင်း ရဲ့ ဆိုးကျိုးတွေနဲ့ မြန်မာမျိုးဆက် ကလေး လူငယ်တွေ နေ့စဉ် နေတိုင်း အစာအဆိပ် တွေ စားနေရသလို၊ အသိဉာဏ်မဲ့ တွေးခေါ်မှု အဆိပ်တွေကလည်း လူငယ်တွေရဲ့ ဦးနှောက်နုနု စိတ်နုနုလေးကို နေ့စဉ် အဆိပ်ခပ်ခံနေရတယ်။

အသိဉာဏ်ပညာက သာ ဆင်ခြင်တုံတရားနဲ့ ဆောင်ရန်၊ ရှောင်ရန်ကို သိနိုင်သလို၊ လူမှုရေး၊ စီးပါွးရေး၊ ကျန်းမာရေးတွေမှာလည်း သူတပါး မထိခိုက်နိုင်တဲ့ ယဉ်ကျေးမှု တစ်ခု တည်ဆောက်နိုင်ကြမှာပါ။

လူငယ်တွေ ခေတ်မီတောင့်တင်းတဲ့ နိုင်ငံကို တည်ဆောက်နိုင်တဲ့ ပညာတွေ ထူးချွန်စွာ သင်ယူနိုင်ကြပါစေ။

ဆက်ပါအုံးမယ်။
ချစ်ခင်စွာဖြင့်
Soe Naing
(၂၀၁၉-မေ၂၁)

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959444448380

Website

Alerts

Be the first to know and let us send you an email when Zayar ခရီးသွားလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zayar ခရီးသွားလုပ်ငန်း:

Share

Category


Other Travel Agencies in Yangon

Show All