Everlasting Travels & Tours

Everlasting Travels & Tours Life is short...
Journey is long...
So hurry...! Any problem can't stop our traveling! Everlasting Travels & Tours Provide
Inbound Tour and Outbound Tour.
(8)

Our wide-ranging services include City Tour, Recreation Tour, Culture Tour, Excursion Tours, Golf Tour, Honeymoon Tour, Hotel/ Car/ Boat/ Reservation, Guide Services, International and Domestic Flight Ticket. We make special offer with best price for Company incentive tours and School trips in Myanmar.

17/08/2019
👫💑💏လူကြီးမင်းတို့သီတင်းကျွက်တော့မယ်နော် 🚌 ခရီးထွက်ဖို့ 💏👭👬👫👪 ချစ်သူတွေ မိသားစုတွေနဲ့ အခုထဲက အစီအစဉ်လုပ်တော့နော်.  .👍🏯🗽🗾🏰...
15/08/2019

👫💑💏လူကြီးမင်းတို့သီတင်းကျွက်တော့မယ်နော် 🚌 ခရီးထွက်ဖို့ 💏👭👬👫👪 ချစ်သူတွေ မိသားစုတွေနဲ့ အခုထဲက အစီအစဉ်လုပ်တော့နော်. .

👍
🏯🗽🗾🏰🗼🗻⛲
📹📷💏💑👪

တကယ်လို့ ကိုသွားချင်တဲ့နေရာကို စိတ်ချမ်းသာစွာ သွားရောက်နိုင်ဖို့အတွက်
ကျွန်တော်တို့ EverlastingTours ကိုဆက်သွယ်လိုက်ပါ နော်. .. .

သဘာဝအလှပတရားများစွာနဲ့ မြန်မာနိုင်ငံရဲ့ မြိတ်ကျွန်းစုတွေ ဆီသို့ခုတစ်လော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ ...
13/08/2019

သဘာဝအလှပတရားများစွာနဲ့ မြန်မာနိုင်ငံရဲ့ မြိတ်ကျွန်းစုတွေ ဆီသို့

ခုတစ်လော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ နေရာတွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း တနင်္လာရီတိုင်းရဲ့ မြိတ်ကျွန်းစုတွေပါပဲ။ကျွန်းပေါင်း ၇၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
မြိတ်ကျွန်းစုတွေထဲကမှ ကျွန်းနီကျွန်းဟာဆိုရင် ရေငုပ်ပြီး ရေအောက်သဘာဝရှုခင်းများ ကြည့်ရှုရာမှာ မြန်မာနိုင်ငံမှာတင်မကဘဲ ကမ္ဘာမှာပါ ကျော်ကြားတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ နောက်နေရာတစ်ခုကတော့ ကြက်မောက်ကျွန်းနဲ့ ရေမိုင် ၂၈မိုင်ခန့်ဝေးတဲ့နေရာမှာ တည်ရှိနတဲ့ အသည်းပုံ ဆားငန်ရေကန်ပါ။
မြန်မာနိုင်ငံ၏ Maldives ကျွန်းလို့ တင်စားခေါ်ဝေါ်ရတဲ့ Macleod (ခက်ရင်းခွကျွန်း) ရဲ့ အလှပတရားကလည်း ရှုမငြီးနိုင်အောင်ပါပဲ။ကျွန်းဖီလာကျွန်း၊ ညောင်ပီးကျွန်း၊ ကျောက်သင်ပုန်းကျွန်း ဘုတ်ပြင်းဘက်တွင် လန်ပိကျွန်း ၊ ငမန်းကျွန်း မြိတ်မြို့ဘက်တွင် လေးကျွန်း ၊ သမီးလှကျွန်း ၊ ဒုံးကျွန်း၊ ပိန္နဲကျွန်း ၊ ၊ ကွမ်းသီးကျွန်း၊ စမတ်ကျွန်း ၊ နှင့် နတ်သမီးရေတွင်းကျွန်း ထားဝယ်ဘက်တွင် မောင်းမကန်ကမ်းခြေ နှင့် ဘုတ်ကျွန်း တို့ဟာလည်း ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ ကျွန်းတွေပဲဖြစ်ပါတယ်။
မြိတ်ကျွန်းစုလို့ ဆိုလိုက်တာနဲ့ တွဲပြီးမြင်ယောင်ကြတဲ့ လူမျိုးစု တစ်ခုရှိပါတယ်။ သူတို့ကတော့ Sea Gypsy or Men of the Sea လို့ ခေါ်တဲ့ ရေကူး၊ ရေငုပ်ရာမှာ ကျွမ်းကျင်တဲ့ဆလုံ လူမျိုးတွေပဲဖြစ်ပါတယ်။ ဆလုံလူမျိုးတွေဟာ တခြား လူမျိုး များနှင့် ရောရော နှောနှော နေထိုင်လေ့လည်းမရှိကြပါဘူး။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရိုးရာ ဓလေ့စရိုက်ကို လည်း ထိန်းသိမ်းကြတဲ့လူမျိုးစု တစ်ခုပါပဲ။
သဘာဝတရားကြီးရဲ့ အလှအပတွေကို စိတ်အေးချမ်းသာစွာနဲ့ ခံစားနိုင်သလို ထူးခြားတဲ့ လူမျိုးစုတွေရဲ့ ရိုးရာဓလေ့တွေကို လေ့လာချင်တယ်ဆိုရင်တော့ အလှအပများစွာနဲ့ မြန်မာနိုင်ငံတောင်ဘက်ပိုင်းကမြိတ်ကျွန်းစုတွေဆီကို အလည်တစ်ခေါက်လောက် သွားကြရအောင်နော်..

www.everlastingtour.com

လူကြီးမင်းများခင်ဗျာ။ကျွန်တော်တို့ရဲ့ EverLasting Peace Travels &Toursမှ လူကြီးမင်းတို့ သွားလိုသောခရီးများကို ၄ ယောက်စီး...
13/08/2019

လူကြီးမင်းများခင်ဗျာ။

ကျွန်တော်တို့ရဲ့ EverLasting Peace Travels &Toursမှ လူကြီးမင်းတို့
သွားလိုသောခရီးများကို ၄ ယောက်စီးမှ ၄၃ ယောက်စီးကားအထိ ငှါးရမ်းခြင်းလုပ်ငန်းအား
အချိန်နှင့်တစ်ပြေးညီ ဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း
အစီရင်ခံအပ်ပါသည်။
# Everlasting Travel & Tours Services CO.,LTD
🏣 No (7), U Ba Kyaw Street, Tamwe Lay Ward,
Tamwe Township, Yangon, Myanmar.
📞 Office Phone: + 959 73156527, +959 5418950

10/12/2018

သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အိန္ဒိယနိုင်ငံသားခရီးသည်များအနက် လေကြောင်းဖြင့် လာရောက်မည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့်ပြု မည်ဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ website (www.mip.gov.mm) တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းပါးအပ်ပါသည်။

07/12/2018
07/12/2018
နေ့ချင်းပြန် ခရီးသွားဖို့အတွက်ဆိုရင်တော့ တောင်ကမ်းပါယံမှာ ဗုဒ္ဓရုပ်ပွားတော်တွေကို ထွင်းထုတားတဲ့ အကောက်တောင် ခရီးစဉ်ကလည်း ...
09/06/2017

နေ့ချင်းပြန် ခရီးသွားဖို့အတွက်ဆိုရင်တော့ တောင်ကမ်းပါယံမှာ ဗုဒ္ဓရုပ်ပွားတော်တွေကို ထွင်းထုတားတဲ့ အကောက်တောင် ခရီးစဉ်ကလည်း တစ်မူထူးခြားတဲ့ စွဲဆောင်မှုတွေနဲ့ပါပဲ။ ပြည် ထုံးဘိုမြို့ အကောက်တောင်ခရီးစဉ်က မြို့တော်ရန်ကုန်နဲ့ အလှမ်းမဝေးလို့ သွားလာရေးလည်း အဆင်ပြေစေပါတယ်။ထုံးဘိုမြို့ဟာ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သခင်မြ ရဲ့ ဇာတိလည်းဖြစ်ပါတယ်။(ဒါကတော့ ဗဟုသုတပေါ့နော်)။သမိုင်းအဆိုအရ အကောက်တောင်ကို ရတနာပုဉ္စတောင်လို့ အမည်တွင်ပါတယ်။ အကောက်တောင်” လို့ အမည်ပေးထားတာကတော့ မင်းတုန်မင်းတရားကြီးလက်ထက်မှာ မြို့ဝန် “ဦးကောက်ရ” အား “ရတနာပုဉ္စတောင်ခြေ” ကို အခြေပြုပြီး ရေလမ်းခရီုးသွားလာနေတဲ့ သဘောင်္တွေကို အခွန်ကောက်ခံပြီးနေပြည်တော်ကို ဆက်သဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ မြို့ဝန် “ဦးကောက်ရ” တောင်စွန်းအခြေမှာ အကောက်ရုံးဆောက်လုပ်ပြီး အခွန်ကောက်ခံတဲ့ အချိန်ကစလို့ “ရတနာပုဉ္စတောင်ကို “အကောက်တောင်” လို့ ခေါ်စမှတ်ပြုကြောင်း တွေ့ရှိရပါတယ်။ နောက်တစ်ခုကတော့ မြတ်စွာဘုရားကျီးမင်း ဖြစ်စဉ်အခါက ၄င်းတောင်ပေါ်ရှိ သစ်သီးသစ်ဥများ ၊ ကောက်ပဲသီးနှံများဟာ ချိုမြိန်လှသောကြောင့် ကျီးတောင်ထိပ်မှ ပျံသန်းပြီး ၊ အစာကောက်ယူသောကြောင့် အစာကောက်တောင်(သို့) အကောက်တောင် ဟု ခေါ်စမှတ်ပြုကြောင်း လေ့လာတွေ့ရှိရပါတယ် ။
ဧရာဝတီမြစ်ထဲမှ စက်လှေစီးပြီး ကမ်းပါးယံပေါ်မှာ ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြော်ရလို့ ကြည်နှုးပီတိဖြစ်ရသလို သဘာဝရဲ့ လေကောင်းလေသန့်တွေကို တစ်ဝကြီး ရှုရှိုက်နိုင်လို့ စိတ်ပင်ပန်းမှုကို ပြေပျောက်စေပါတယ်။
ရွှေမြင်တင် ဘုရားကြီးကို ဖူးမြော်ဖို့ တောင်ပေါ်တက် အတွေ့အကြု မမေ့နိုင်စရာပါပဲ။
မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ စေတီပုထိုးတွေ၊ နေရာဒေသ အသီးသီးကို သွားရောက်လည်ပတ်ချင်လို့ပဲဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ သိမှတ်ချင်လို့ပဲဖြစ်ဖြစ် Everlasting Travels & Tours Page ကို Like လုပ်ထားမှ ဖြစ်မယ်နော်.

23/05/2017

ယခုလိုမိုးဦးစကာလလေးမှာ နွေရာသီ၏အပူဒဏ်ကြောင့် မသွားဖြစ်သေးတဲ့ပုဂံမြို့ဆီသို့ အလည်အပတ်ခရီးစဉ်လေးထွက်ကြရအောင်..ကျွန်မတို့ရဲ့ Everlasting မှဖိတ်ခေါ်အပ်ပါတယ်ရှင့်...
၃ညအိပ်၎ရက်ခရီးစဉ်အနေနဲ့သွားရမယ့်နေရာတွေကတော့…..
အညာဒေသရဲ့အေးချမ်းလှတဲ့နံနက်ခင်းလေးမှာ စကားဝါမြေလို့နာမည် ကြီးတဲ့ ပုပ္ပါးတောင်ကလပ်ကိုသွားရောက်ကြမယ်....
အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့သော စွယ်တော်မြတ်လေး ဆူကိုနေ့ချင်းဖူး ပြီးလိုရာဆုတွေတောင်းကြမယ်...(ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်၊ တန့်ကြည်တောင်)
အနုလက်ရာမြောက်များစွာရှိတဲ့ ကြည်ညိုအံ့သြဖွယ်ဖူးတွေ့ရမဲ့ အာနန္ဒာ...
ထုထည်အကြီးဆုံးမားဆုံးလို့ထင်ရှားကျော်ကြားသော ဓမ္မရံကြီး...
ပုဂံမြို့ရဲ့ ဥာဏ်တော်အမြင့်ဆုံး သဗ္ဗေညု....
လိုအင်ဆန္ဒတွေပြည့်ဝနိုင်စေဖို့အောင်မြေနင်းပြီးဆုတောင်းရမယ့်အလိုတော်ပြည့်ဘုရား...
နေဝင်ဆည်းဆာအလှကိုပြသာဒ်ကြီးဘုရားပေါ်မှာအမှတ်တရဓာတ်ပုံလှလှ လေးတွေ ရိုက်ရင်း ကြည့်ကြမယ်...
♦ ပုဂံမြို့ရဲ့ အခြားအထင်ကရ ဘုရားတွေကိုပါ ဖူးမျှော်ကြမယ်...
ပင်ကျထန်းရည်ချိုချိုလေးသောက်ပြီး ထန်းလျက်ချက်တဲ့လုပ်ငန်း၊ ယွန်းလုပ်ငန်းနှင့် ပုန်းရည်ကြီး လုပ်ငန်းကိုလဲ လေ့လာကြရမှာဖြစ်ပါတယ်...
အထက်ပါခရီးစဉ်များကို ခရီးသွားပြည်သူများ စိတ်တိုင်းကျ သွားရောက်နိုင်ဖို့ ကျွန်မတို့ Everlasting မှ ခရီးစဉ်အစအဆုံး ဝန်ဆောင်မှုပေးနေပါပီရှင့်…
Everlasting ရဲ့ဝန်ဆောင်မှုများ-
* ရေသန့် ၊ စနိုးတာဝါ
* မနက်စာ ၊ နေ့လည်စာ ၊ ညစာ
* အဲယားကွန်း ဇိမ်ခံကား
* ကြယ် ၃ ပွင့်အဆင့်ရှိ ဟိုတယ်
* Tour Leader
ခရီးသွားပြည်သူများအနေဖြင့် စိတ်ဝင်းစားတယ်ဆိုရင်တော့ ကျွန်မတို့ Everlasting ကို Comment (or) Chat Box မှ ဖြစ်စေ အချိန်မရွေး စုံစမ်းလို့ရပါတယ်ရှင့်…
Our Address
Everlasting Travels & Tours Co., Ltd
🏠 အမှတ် (၇) ၊ ဦးဘကျော်လမ်း ၊ တာမွေလေးရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်။ Ph: 09 972272070
ကျွန်မတို့ ကုမ္ပဏီ Website ဖြစ်တဲ့ Everlastingtour.com သို့လဲ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင့်……
Everlasting
“Your Pleasure is Our Goal”

23/05/2017

ကျွန်မတို့ရဲ့ Everlasting Travels & Tours မှစီစဉ်ပေးနေသော…..

🌴 🌴 🌴နေ့ ချင်းပြန်ခရီးစဉ်များ…..
🍀 🍀 ဘားအံ - ကျောက်ကလာဘ် - တောင်ဝိုင်း* - ချစ်သူမြိုင် - ကော့ကွန်းဂူ - ဇွဲကပင်အလှ။
🌹 🌹 မော်လမြိုင် - ၀င်းစိန်တောရ - ဇင်းကျိုက်ရေတံခွန် ။
🌻 🌻 ပြည်၊အကောက်တောင် ခရီးစဉ်
🌱 🌱 ပဲခူးခရီးစဉ် ။
🌹 🌹 တောင်ငူ - ဖိုးကျားဆင်စခန်း - သံတောင်ကြီးတောင်စခန်းမြို့ 
ရုံးပိတ်ရက်မှာ နေ့ချင်းပြန် ခရီးစဉ် တစ်ခုခုသွားချင်ပါသလား။
📣 သွားမဲ့ နေ့ချင်းပြန်ကရော စိတ်ဝင်စားစရာကောင်းပါ့မလား။
📣 တစ်ခါမှ မရောက်ဖူးသေးတဲ့နေရာတွေကို သွားပြီး ဘုရားလည်းဖူးရမယ် ၊ ရေတံခွန်မှာ ရေလည်း စိတ်ကြိုက်ဆော့ရမယ်နော်။

📣 မိမိတို့ရှဲ့တန်ဖိုးရှိသောအားလပ်ရက်လေးကိုပျော်ရွှင်စွာကုန်ဆုံးနိုင်စေဖို့ကျွန်မတို့ရဲ့ Everlasting Travels & Tours မှ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
အထက်ပါခရီးစဉ်များကို ခရီးသွားပြည်သူများ စိတ်တိုင်းကျ သွားရောက်နိုင်ဖို့ ကျွန်မတို့ Everlasting မှ ခရီးစဉ်အစအဆုံး ဝန်ဆောင်မှုပေးနေပါပီရှင့်…
Everlasting ရဲ့ဝန်ဆောင်မှုများ-
*ရေသန့် ၊ စနိုးတာဝါ
* မနက်စာ ၊ နေ့လည်စာ ၊ ညစာ 🍽
* အဲယားကွန်း ဇိမ်ခံကား 🚌
* Tour Leader
ခရီးသွားပြည်သူများအနေဖြင့် စိတ်ဝင်းစားတယ်ဆိုရင်တော့ ကျွန်မတို့ Everlasting ကို Comment (or) Chat Box မှ ဖြစ်စေ အချိန်မရွေး စုံစမ်းလို့ရပါတယ်ရှင့်…
Our Address
Everlasting Travels & Tours Co., Ltd
🏠 အမှတ် (၇) ၊ ဦးဘကျော်လမ်း ၊ တာမွေလေးရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်။
Ph:09 783663909

ကျွန်မတို့ ကုမ္ပဏီ Website ဖြစ်တဲ့ Everlastingtour.com သို့လဲ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင့်……

“Your Pleasure is Our Goal”

17/01/2017

ရန်ကုန်-မော်လမြိုင်-ဘားအံ
(၂) ညအိပ် (၃) ရက် ခရီးစဉ်
မိသားစု အမှတ်တရ ဘုရားဖူးတာပဲ ဖြစ်ဖြစ် 👨👩👦👦 ၊ တစ်ယောက်တည်း 👦 အပန်းဖြေ လွတ်လွတ်လပ်လပ် ခရီးတွားချင်တာပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ခရီးသွားရင်း Selfie လှလှလေးတွေ Take 👩❤️👩 ကြဖို့ ကျွန်မတို့ Everlasting နှင့်အတူ ခရီးသွားကြပါစို့…..

မော်လမြိုင်မြို့ရဲ့ လည်ပတ်စရာတွေကတော့ 👣

► ကျိုက်သလ္လံဘုရား 🙏
► ဆံတော်ရှင် ဦးဇိနဘုရား 🙏
► စိန်တုန်းမိဘုရားကျောင်းတိုက် 🙏
► လျောင်းတော်မူ ၀င်းစိန်တောရ ဘုရားကြီး 🙏
► သံဖြူဇရပ် စစ်သင်္ချိုင်း 🚂
► ကျိုက္ခမီရေလည်ဘုရား 🙏
► စက်စဲကမ်းခြေ 🏝
► ဇင်းကျိုက်ရေတံခွန် 💦 ခရီးစဉ်

ဘားအံမြို့ရဲ့ လည်ပတ်စရာတွေကတော့- 👣

► ဘုရင့်ညီဂူ 👌
► ရွှေရင်မျှော်ဘုရား 🙏
► ကျောက်ကလပ်စေတီတော် 🙏
► ဆဒ္ဒန်ဂူ ✌️
► ကော့ဂွန်းဂူ 👐
► ရသေ့ပျံဂူ 👌
► ကော့ကသောင်းဂူ 👐
► ဇွဲ့ကပင်တောင် နှင့် ကန်သာယာ 🍃
► လုမ္မနီဥယျာဉ် 🌻
► ကျုံထော်ရေတံခွန် 🖐
► တောင်ဝိုင်းတောင် ⛰
► ချစ်သူမြိုင်ဥယျာဉ် 🌸 🌷 ခရီးစဉ်

အထက်ပါခရီးစဉ်များကို ခရီးသွားပြည်သူများ စိတ်တိုင်းကျ သွားရောက်နိုင်ဖို့ ကျွန်မတို့ Everlasting မှ ခရီးစဉ်အစအဆုံး ဝန်ဆောင်မှုပေးနေပါပီရှင့်…

Everlasting ရဲ့ဝန်ဆောင်မှုများ-
 ရေသန့် ၊ စနိုးတာဝါ
 မနက်စာ ၊ နေ့လည်စာ ၊ ညစာ 🍽
 အဲယားကွန်း ဇိမ်ခံကား 🚌
 ကြယ် ၃ ပွင့်အဆင့်ရှိ ဟိုတယ် 🛏 🏨
 အတွေ့အကြံရင့် Tour Leader

ခရီးသွားပြည်သူများအနေဖြင့် စိတ်ဝင်းစားတယ်ဆိုရင်တော့ ကျွန်မတို့ Everlasting ကို Comment (or) Chat Box မှ ဖြစ်စေ အချိန်မရွေး စုံစမ်းလို့ရပါတယ်ရှင့်…

Our Address
Everlasting Travels & Tours Co., Ltd
🏠 အမှတ် (၇) ၊ ဦးဘကျော်လမ်း ၊ တာမွေလေးရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်
🕿 ၀၉ - ၉၇၂၂၇၂၀၇၀
ကျွန်မတို့ ကုမ္ပဏီ Website ဖြစ်တဲ့ Everlastingtour.com သို့လဲ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင့်……
Everlasting
“Your Pleasure is Our Goal”

Everlasting ရဲ့ မိတ်ဆွေတို့ရေဒီနေ့ည Super Moon လပြည့်ကြီးကို စောင့်ကြည့်ကြမှာလားရှင့်  ....? ဒီတန်ဆောင်မုန်းလပြည့်နေ့မှာ...
14/11/2016

Everlasting ရဲ့ မိတ်ဆွေတို့ရေ

ဒီနေ့ည Super Moon လပြည့်ကြီးကို စောင့်ကြည့်ကြမှာလားရှင့် ....?

ဒီတန်ဆောင်မုန်းလပြည့်နေ့မှာ လ ဟာ ကမ္ဘာနဲ့အနီးဆုံးးအနေအထားမှာရှိနေတာ ဖြစ်လို့ အဆမတန်ကြီးးမားတဲ့ လပြည့် ကြီးကို မြင်တွေ့ရမှာပါ ။ဒီ Super Moon လပြည့်ဟာ ၁၉၄၈မှာ တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၇၀ နှစ် ကြာ ၂၀၁၆ နိုင်ဝင်ဘာ ၁၄ ရက် (ဒီနေ့ တန်ဆောင်မုန်းလပြည့်)မှာ တစ်ခါ ပြန်ကြုံရတာပါ...

ဆေးပေါင်းခတဲ့ ဒီညမှာ မယ်ဇလီဖူးသုတ်လေးကို စားရင်း Super Moon ကိုလည်း ကြည့်ကြရအောင်လေ။ သဘောတူကြလားရှင့်...

www.everlastingtour.com
http://baganmart.com/EverlastingTour

07/11/2016

ကရင်ပြည်နယ်ရဲ့ ဇင်းကျိုက်ရေတံခွန်၊ တောင်ဝိုင်းတောင်ရှုခင်းနဲ့ ချစ်သူမြိုင်ဥယျာဉ် ဆီသို့

သီတင်းကျွတ်ရာသီလည်း ရောက်ပြီဆိုတော့ အားလပ်ရက် မှာ အနားယူ အပန်းဖြေဖို့ ခရီးထွက်ဖို့ တာဆူနေကြမှာပါ။ အခုတစ်လော ပြည်တွင်းမှာ Popular ဖြစ်နေတဲ့ ခရီးစဉ်လေးကတော့ ကရင်ပြည်နယ် ဇင်းကျိုက်တောင် ခရီးစဉ်လေးပါ။ ဘာဖြစ်လို့လဲဆိုတော့ နေ့ချင်းပြန် ခရီးစဉ်ပဲမို့လို့ ကျောင်းသူကျောင်းသားများနဲ့ ရုံးဝန်ထမ်းများ အတွက် တော်တော်အဆင်ပြေလို့ပါဗျ။ ဇင်းကျိုက် ရေတံခွန်မှာ ရေချိုးပြီး relax လုပ်လို့ရသလို တောင်ဝိုင်းတောင်ရဲ့ မိုးပျံလှေကားပေါ်ကနေ ကြည့်တဲ့ ရှုခင်းကလည်း ရက်ရက်စက်စက်လှတယ်ဗျ။ ချစ်သူမြိုင် မှာလည်း Speed Boat စီးရတဲ့ အရသာက မိုက်တယ်ဗျာ။ အတော်သာယာလို့ ခရီးသွားတွေ စိတ်ဝင်စားကြတာဗျ။မစွံတောင်တက်တဲ့ ဆိုတော့ (ကိုကို လူပျိုကြီး၊ မမ အပျိုကြီးတို့ရေ) ဒီဝါကျွတ်အမီ ဇင်းကျိုက်တောင် ခရီး သွားကြပါစို့ဗျာ။

www.everlastingtour.com
http://baganmart.com/EverlastingTour

ကျိုက်ထီးရိုးဘုရားဖူး သွားမယ့် ခရီးသည်တွေအတွက် သတင်းကောင်းကျိုက်ထီးရိုး ဘုရားဖူး ခရီးသည်တွေ အတွက် အခမဲ့ တည်းခိုနိုင်မယ့်...
07/11/2016

ကျိုက်ထီးရိုးဘုရားဖူး သွားမယ့် ခရီးသည်တွေအတွက် သတင်းကောင်း

ကျိုက်ထီးရိုး ဘုရားဖူး ခရီးသည်တွေ အတွက် အခမဲ့ တည်းခိုနိုင်မယ့် နေရာတွေနဲ့ တည်းခိုခနှုန်းထားတွေကို အသစ်ပြန်လည်သတ်မှတ်ပေးထားတယ်လို့ သတင်းရပါတယ်။ တိဿဓမ္မာရုံ၊ ဆီမီး ၉၀၀၀ ဓမ္မာရုံ၊ ပြည့်စုံ(ရင်ပြင်တော်)၊ ပြည့်စုံ (မုဆိုးတောင်)နဲ့ သုံးထပ်ဓမ္မာရုံ စတဲ့ ဓမ္မာရုံငါးခုကို အခမဲ့ တည်းခိုနိုင်တဲ့ နေရာတွေ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သုံးထပ်ဓမ္မာရုံမှာ ဒုတိယထပ်အတွက် တည်းခိုသူ တစ်ဦးလျှင် ကျပ်တစ်သောင်း၊ သုံးထပ်ဓမ္မာရုံမှာပဲ ( ရိုးရိုး ) တစ်ခန်းတည်းခိုသူ တစ်ဦးလျှင် ကျပ်ငါးထောင်၊ပေ ၄၀ ဓမ္မာရုံ တည်းခိုဆောင်တည်းခိုသူ တစ်ဦးလျှင် ကျပ်ငါးထောင်၊ ဂေါပကဓမ္မာရုံမှာတည်းခိုသူ တစ်ဦးလျှင် ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ၊ ဝင်းတည်းခိုဆောင်၊ ကြူကြူဝင်း တည်းခိုဆောင်နဲ့၊ ပွင့်ထူး တည်းခိုဆောင်တို့မှာ တည်းခိုသူ တစ်ဦးလျှင် ငွေကျပ်ငါးထောင်စီပဲ ကောက်ခံဖို့ တရားဝင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

သီတင်းကျွတ် လပြည့်နေ့က စပြီး တောင်ခြေ ကင်မွန်းစခန်းကနေ ဘုရားရင်ပြင်အထိ နောက်ခန်းကားခ ဈေးနှုန်းကို မူလ ဈေး ၂၅၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်ကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ တောင်တက်ကားခနှုန်းတွေဟာ အခုဆိုရင် ကင်မွန်းစခန်းကနေ ရသေ့တောင်အထိ ရှေ့ခန်း ၂၅၀၀ ၊ နောက်ခန်း ၁၅၀၀ ကျပ်၊ တောင်ခြေက ဘုရားရင်ပြင်အထိဆိုရင်တော့ ရှေ့ခန်း ၃၀၀၀ ကျပ်၊ နောက်ခန်း ၂၅၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သတင်းအချက်အလက်တွေကိုတော့ ဆင်ဟွာသတင်းဌာန ( China Xinhua News ) က ကူးယူဖော်ပြတာ ဖြစ်ပါတယ်။

ကျော်သန့်(ရိုးရာလေး)

www.everlastingtour.com
http://baganmart.com/EverlastingTour

ကျွန်မနာမည်ကတော့ ရွှန်းရတီ ပါ။  နှစ်တိုင်း တစ်နှစ်တစ်ခေါက်တော့ သူငယ်ချင်းတွေစုပြီး ခရီးထွက်နေကျပေါ့။ ဒါပေမယ့် ဒီနှစ်တော့ ...
01/11/2016

ကျွန်မနာမည်ကတော့ ရွှန်းရတီ ပါ။ နှစ်တိုင်း တစ်နှစ်တစ်ခေါက်တော့ သူငယ်ချင်းတွေစုပြီး ခရီးထွက်နေကျပေါ့။ ဒါပေမယ့် ဒီနှစ်တော့ စိတ်ထဲမှာ ထူးထူးဆန်းဆန်းလေးနဲ့ ပိုပြီး အမှတ်တရဖြစ်စေမယ့် ခရီးလေးတစ်ခု သွားချင်မိတယ်။ ပြီးတော့ ကျွန်မတို့တွေက စိတ်ကူးယဉ် နည်းနည်းဆန်ပြီး ခရီးသွား လောဘကြီးတယ်ရှင့်။ ခရီးတစ်ခုကို သွားပြီဆိုရင် အဲဒီခရီးရဲ့ သဘာဝအလှအပတွေ၊ အစားအသောက်တွေနဲ့ အဲဒီဒေသရဲ့ ရိုးရာဓလေ့တွေကို စုံလင်အောင်ကို လေ့လာချင်တာ။

နောက်တစ်ခုက မိန်းခလေးတွေ ချည်းပဲ သွားတာဆိုတော့ လုံခြုံစိတ်ချရပြီး Safety ဖြစ်ဖို့လည်း လိုတာပေါ့နော်။ ပြီးတော့လေ စိတ်ကူးယဉ်ဆန်တယ်လို့ ပြောရမလားဘဲ။ ဒေသတစ်ခုရောက်သွားပြီးဆိုရင် အဲဒီဒေသရဲ့ အလှအပတွေကို ခံစားချင်သလို သူတို့ရဲ့ ရိုးရာဓလေ့အတိုင်းလည်း နေထိုင်ချင်တာရှင့်။ ရှမ်းပြည်ရောက်ရင် ရှမ်းရိုးရာအိမ်လေး နဲ့ နေချင်သလို မွန်ပြည်နယ်ရောက်ရင်လည်း မွန်ရိုးရာအိမ်လေးနဲ့ နေချင်တာရှင့်။ ခရီးထွက်တယ်ဆိုတာ စိတ်အပန်းဖြေချင်လို့ ဖြစ်သလို ဒေသန္တရ ဗဟုသုတတွေ တိုးပွားဖို့အတွက် ခရီးထွက် ကျတာပါ။

ကျွန်မရဲ့ မိတ်ဆွေတွေလည်း ကျွန်မလိုပဲ လွပ်လပ်ပေါ့ပါး လုံခြုံစိတ်ချရတဲ့ ခရီးတွေကို သွားချင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ သတင်းကောင်းလေးတစ်ခုပါးလိုက်ချင်တာက

Everlasting Travels and Tours မှ မိသားစု ခရီးစဉ်၊ ကုမ္ပဏီ ခရီးစဉ်၊ လေ့လာရေး ခရီးစဉ်၊ တောင်တက်ခရီးစဉ်၊ ရေအောက်ကြမ်းပြင်အလှကြည့် ခရီးစဉ်၊ ရာသီပွဲတော် ခရီးစဉ်နဲ့ အမျိုးမျိုးသော ခရီးစဉ်တွေကို ဧည့်သည်တော်များစိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးနေတဲ့အပြင် လုံခြုံစိတ်ချစွာနဲ့ ပျော်ရွှင်ဖွယ် ခရီးစဉ်တွေဖြစ်အောင် ဝန်ဆောင်မှုပေးနေတာမို့လို့ 09972272070 ကို အခုပဲဆက်သွယ်လိုက်ပါနော်...

www.everlastingtour.com
http://baganmart.com/EverlastingTour

ခရီးသွားမိတ်ဆွေတို့ရေ ဒါလေးတော့ မဖြစ်မနေ ဖတ်ပေးပါ။=====================================သဘာဝရဲ့ အလှတရားတွေက သင့်လက်ထဲမှာရ...
27/10/2016

ခရီးသွားမိတ်ဆွေတို့ရေ ဒါလေးတော့ မဖြစ်မနေ ဖတ်ပေးပါ။
=====================================
သဘာဝရဲ့ အလှတရားတွေက သင့်လက်ထဲမှာရှိတယ်ဆိုတာ သတိရပေးပါ။ ပွင့်လင်းရာသီရောက်လာကြပြီဆိုတာနဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေတွေ ခရီးသွားဖို့ တပြင်ပြင် ဖြစ်နေကြမှာပါ။ ခရီးသွားခြင်းဟာ မိတ်ဆွေတို့ရဲ့ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေရုံသာမကဘဲ သဘာဝ လောကကြီးမှာ ရှိတဲ့ ဒေသန္တရ ဗဟုသုတ တွေကို ပါ လေ့လာနိုင်တဲ့ အခွင့်အရေးပါပဲ။ ဒါပေမယ့် ခရီးသွားမိတ်ဆွေ အချို့ကြောင့် တစ်ချို့ နေရာတွေမှာဆိုရင် သဘာဝရဲ့ အလှတရားတွေ ပျောက်ဆုံးလု နီးနီးဖြစ်နေကြပါပြီ။

ဘာကို ပြောတာလဲဆိုတော့ သဘာဝကြီးအလှတွေက လူတွေပြင်ဆင်ထားတဲ့ အလှတွေထက်တောင် သူ့အလိုလို လှနေပါတယ်။ ဒါပေမယ့် တစ်ချို့သော ခရီးသွားမိတ်ဆွေတွေရဲ့ အမှုမဲ့ အမှတ်မဲ့ အမှိုက်ပစ်တတ်တဲ့ အပြုအမူလေးတွေကြောင့် ကြာလာရင် ကျွန်မတို့ရဲ့ သဘာဝအလှတွေ ပျက်စီးကုန်မှာ စိုးလိုးပါ။ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာပြီဆိုတာနဲ့ အရင်ဆုံး ခံစားရမှာက ဒေသခံပြည်သူတွေပါ။ ပျက်စီးပြီး ညစ်ပတ်နေတဲ့ နေရာတွေကို ဘယ်ခရီးသွားမှလည်း လာလည်ချင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် အဲဒီဒေသမှာ ခရီးသွားလုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားရတဲ့ ဒေသခံတွေရဲ့ ဝမ်းရေးအတွက်လည်း မတွေးရဲစရာပါပဲ။ ဒေသတစ်ခု မတိုးတက်တော့ဘူးဆိုရင် ပညာရေး၊ ကျန်းမားရေး စတဲ့ အရေးတွေပါ ယုတ်လျော့လာမှာပါ။ ဒါကြောင့်မို့လို့ ဒေသတစ်ခု ရေရှည်ဖွင့်ဖြိုးတိုးတက်ဖို့ဆိုတာ ခရီးသွားမိတ်ဆွေတွေနဲ့လည်း သက်ဆိုင်ပါတယ်။

မိတ်ဆွေတို့ သတိထား ကြည့်လိုက်ပါ။ အခုနောက်ပိုင်းမှာ ကမ်းခြေသွားရင်လည်း အမှိုက်တွေချည်းပဲ။ Hiking လုပ်ဖို့ တောင်တက်ပြန်တော့လည်း တောင်ပေါ်မှာ အမှိုက်တွေနဲ့။ ဘုရားဖူးသွားတော့လည်း အမှိုက်တွေနဲ့။ ဘယ်သူ့ကိုမှ အပြစ်ပြောခြင်းတော့မဟုတ်ပါဘူး။ ကျွန်မတို့တွေ သူများရဲ့ တာဝန်မယူနိုင်ရင်တောင် ကိုယ့်ကိုကိုယ်တော့ တာဝန်ယူရမှာပါ။

နောက်တစ်ခုက ကျွန်မတို့လို Travel Agency တွေမှာလည်း အထူးတာဝန်ရှိပါတယ်။ ကိုယ်ရဲ့ ခရီးသွားဧည့်သည်တွေကို ဒီလိုအသိတွေ ပြန်လည်ဖြန့်ဝေပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့လို ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီတွေ နဲ့ ခရီးသွားမိတ်ဆွေတွေ ပူးပေါင်းပြီး သဘာဝအလှတရားတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းကြပါစို့ ....

ဒီပို့စ်လေးကို ပြန်လည်မျှဝေခြင်းဖြင့် သဘာဝအလှတရားတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းကြပါစို့ ....

ထာဝရအစဉ် ပျော်ရွှင်ချင်ရင် Everlasting ကိုသာ ဆက်သွယ်စေချင်.....

www.everlastingtour.com
http://baganmart.com/EverlastingTour

စိတ်အကြံ အဓိဌာန်တွေပြည့်စေဖို့ ပုဂံစွယ်တော်လေးဆူ ဖူးကြစို့Everlasting ရဲ့ မိတ်ဆွေတို့ရေ... ပုဂံဒေသကို ဘုရားဖူးထွက်မယ်ဆို...
26/10/2016

စိတ်အကြံ အဓိဌာန်တွေပြည့်စေဖို့ ပုဂံစွယ်တော်လေးဆူ ဖူးကြစို့

Everlasting ရဲ့ မိတ်ဆွေတို့ရေ... ပုဂံဒေသကို ဘုရားဖူးထွက်မယ်ဆိုရင်တော့ စွယ်တော်လေးဆူ ဘုရားတွေကိုတော့ ဖူးဖြစ်အောင် ဖူးခဲ့စေချင်ပါတယ်။ စွယ်တော်လေးဆူစလုံးကို တစ်နေ့အတွင်းမှာ လှူ ဖွယ်ပစ္စည်း အညီအမျှ ကပ်လှူ ပူဇော်ပြီး တူညီသောဆုကို တောင်းရင် ပြည့်ဝတယ်လို့ ယုံကြည်ကြပါတယ်။ ထို စွယ်တော်လေးဆူကတော့ ရွှေစည်းခုံ စေတီတော်၊ တန့်ကြည့်တောင်စေတီတော်၊ လောကနန္ဒာစေတီတော် နှင့် တုရင်းတောင်စေတီတော် တို့ ဖြစ်ပါတယ်။

ရွှေစည်းခုံစေတီတော်မြတ်ကြီးကို အနော်ရထာမင်းကြီးလက်ထက်မှာ စတင်တည်ထားတော်မူခဲ့ပေမယ့် ကျန်စစ်သားမင်းလက်ထက်တိုင်မှ ပြီးဆုံးအောင် တည်ထားနိုင်ခဲ့ပါတယ်။ အတွင်း အံဖွယ် (၉) ပါး၊ အပြင်အံဖွယ် (၉) ပါးနဲ့လည်း ပြည့်စုံလို့ "တန်ခိုးမှာ ရွှေစည်းခုံ" ဆိုပြီး ထင်ရှားလှပါတယ်။ညောင်ဦးမြို့ရဲ့ အနောက်တောင်ဖက်ရှိ ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ထားတဲ့ စွယ်တော်စေတီတစ်ဆူဖြစ်ပြီး မြန်မာတို့ရဲ့ အနုပညာ ဗိသုကာ လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။

နောက်ထပ်စွယ်တော်တစ်ဆူကတော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် တန့်ကြည်တောင်ပေါ်မှာ တည်ထားတော်မူတဲ့ တန့်ကြည့်တောင် စွယ်တော်မြတ်ပါ။
ပုဂံနေဝင်ချိန်မှာ နေလုံးကြီးဟာ တန့်ကြည်တောင်အောက်သို့ ငုတ်လျှိုးသွားလို့ ပုဂံ (Sun Set) ရှုခင်းတွေထဲမှာ ကမ္ဘာလှည့် ခရီးသွားတွေ အကြိုက်ဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။

တတိယ စွယ်တော်တစ်ဆူကတော့ ပုဂံရဲ့ အနောက်တောင် ထောင့်မှာ ပျူ-မြန်မာ ဗိသုကာလက်ရာများကို ပေါင်းစပ်ပြီး တည်ထားတော်မူတဲ့ လောကနန္ဒာစေတီတော်ပါပဲ။ လောကနန္ဒာ စေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ရှစ်ထောင့် ပစ္စယာရဲ့ အလယ်မှာ ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ
ရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့် တည်ဆောက်ထားပါတယ်။

နောက်ဆုံး စွယ်တော်တစ်ဆူကတော့ ပုဂံမြို့ အရှေ့တောင်ဘက် ခြောက်မိုင်အကွာမှာ တည်ထားတော်မူတဲ့ တုရင်တောင် စေတီတော်ပါ။ တုရင်တောင်ထိပ်မှာ တည်ထား တော်မူပြီး တုရင်ဆိုတဲ့ အဓိပ္ပာယ်မှာ တုရင်္ဂဟူသော ပါဠိမှာလာပြီး (မြင်းနှင့်တူသောတောင်) ဟူ၍ အဓိပ္ပာယ်ရပါတယ်။

ဒီလို စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်ဖွယ်ရာ ပုဂံခရီးတွေကို ကျွန်မတို့ရဲ့ Everlasting မှ လုံချစိတ်ချ ဘေးကင်းစွာနဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

ထာဝရအစဉ် ပျော်ရွှင်ဖို့ Everlasting နဲ့ ခရီးထွက်စို့....

www.everlastingtour.com
http://baganmart.com/EverlastingTour

တောင်ဇလပ်မြေက ဘုံတလာ ခုနှစ်ဆင့်ရေတံခွန် ပြည်ပခရီးသွားဧည့်သည်တွေ အထူးစိတ်ဝင်စားတဲ့ ရေတံခွန်ကြီးတစ်ခုဖြစ်သလို ပြည်တွင်းခရ...
25/10/2016

တောင်ဇလပ်မြေက ဘုံတလာ ခုနှစ်ဆင့်ရေတံခွန်

ပြည်ပခရီးသွားဧည့်သည်တွေ အထူးစိတ်ဝင်စားတဲ့ ရေတံခွန်ကြီးတစ်ခုဖြစ်သလို ပြည်တွင်းခရီးသွားတွေပါ သွားရောက်လည်ပတ်မှုများတဲ့ အဆင့်ခုနှစ်ဆင့် ရှိတဲ့ ဘုံတလာ ရေတံခွန်ကြီးပါ။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေတံခွန်တစ်ခုဖြစ်ပြီးတော့ ချင်းပြည်နယ် မတူပီမြို့ရဲ့ ၁၆ မိုင်အကွာမှာတည်ရှိပါတယ်။ ချင်းတောင်ရဲ့ အလှကို ပုံဖော်ပေးတဲ့ နာမည်ကြီး ရေတံခွန်တစ်ခုလည်းဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၆၅၀ ပေမှာ တည်ရှိပြီး အဆင့် ၇ဆင့် ရှိပေမယ့် အပေါ်အဆင့်တွေအထိ သွားရောက်ဖို့တော့ မလွယ်ကူသေးပါဘူး။

ရေတံခွန် အနီး ကျောက်ဆောင်များပေါ်မှာ ဆေးဖက်ဝင် နတ်ဆေးဂမုန်းပင်တွေကိုလည်း တွေ့ရပါတယ်။ ပျားတို့ ဂေဟာ ဘုံတလာ ဟု ဆိုရလောက်အောင် ပျားအုံကြီးတွေကိုလည်း အထပ်လိုက် တွေ့ရပါတယ်။

သဘာဝရေတံခွန်တွေ ပေါများတဲ့ တောင်ဇလပ်မြေက ဘုံတလာ ရေတံခွန်ဆီကို အလည်တစ်ခေါက်ရောက်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Everlasting Travels and Tours ကို ဆက်သွယ်လိုက်ပါနော်။

www.everlastingtour.com
http://baganmart.com/EverlastingTour

ထူးခြားတဲ့ ဓလေ့ရိုးရာတွေကို ထိန်းသိမ်းလာကြတဲ့ ကယန်းလူမျိုးများကယန်း အမျိုးသမီးတွေရဲ့ ဆန်းကြယ်လှပသည့် ဆင်ယင်ထုံးဖွဲ့ မှုတေ...
25/10/2016

ထူးခြားတဲ့ ဓလေ့ရိုးရာတွေကို ထိန်းသိမ်းလာကြတဲ့ ကယန်းလူမျိုးများ

ကယန်း အမျိုးသမီးတွေရဲ့ ဆန်းကြယ်လှပသည့် ဆင်ယင်ထုံးဖွဲ့ မှုတွေဟာ တစ်ခါမြင်ဖူး ရုံနဲ့ တသက်မမေ့ နိုင်စရာပါပဲ။ ကယန်းလူမျိုးတွေဟာ ကရင်နီလူမျိုးစု နွယ်ဝင် ဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်လေ့ရှိကြပါတယ်။ ကယန်းလူမျိုးမှာမှ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကာကောင်း ဆိုပြီးတော့ လူမျိုးစု လေးခုရှိပါတယ်။
"ကန်ယန်" ဆိုတဲ့ စကားမှ ဆင်းသက်လာပြီး "ကန်=ပိုင်နက်၊ နယ်မြေ ၊ "ယန်= စွဲစွဲမြဲမြဲ ရှိခြင်း၊ အတည်တကျ ရှိခြင်း"ဟု အဓိပ္ပါယ်ရသည်။ ဒါကြောင့်မို့လို့ "ကန်ယန်"ဆိုသည်မှာ "နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့် လူမျိုး"လို့ အဓိပ္ပါယ်ရပါတယ်။
ကယန်းလူမျိုးတွေကို ပဒေါင်လူမျိုးလို့လည်း လူသိများကြပါတယ်။ ဒါပေမယ့် ကယန်းတွေဟာ သူတို့ကို "ပဒေါင်" လို့ ခေါ်ရင် မကြိုက်ကြပါဘူး။ ပဒေါင်ဆိုတာ ရှမ်းတွေကပေးထားတဲ့ နာမည်ပါတဲ့။

ကယန်းအမျိုးသမီးတွေဟာ အသက်၅ နှစ်က စလို့ ကြေးခွေပတ်လေ့ရှိပြီး နှစ်ခွေမှ သုံးခွေ အထိ ခွေပတ်ကြပါတယ်။အသက်ဆယ်နှစ်ကျော်ရင်လာပြီဆိုရင်တော့ အရင် ငါးနှစ်သမီးက ရစ်ပတ်ခဲ့ တဲ့ ကြေးခွေ သုံးလေးခွေကို ဖြုတ်ပြီး ဆယ်ခွေအထိ ရစ်ပတ်ကြပါတယ်။ကယန်း အမျိုးသမီးတို့ ၏ လည်တိုင်မော့ဖော့ယောင်းပေါ်တွင်ရစ်ပတ် ထားတဲ့ ကြေးခွေတွေဟာ တကွင်းစီစွပ်ထားခြင်း မဟုတ်ဘဲ ကြေးချောင်းအရှည်ကို ကွိုင်လိုမျိုး ရစ်ထားခြင်းပဲဖြစ်ပါတယ်။

ကယားပြည်နယ်ကို အလည်တစ်ခေါက် ရောက်ခဲ့ရင်တော့ ကယန်းလူမျိုး တွေအကြောင်းကိုလည်း သွားရောက်လေ့လာသင့်ပါတယ်။

မြန်မာပြည်အနှံ့ ခရီးထွက်မယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Everlasting Travels and Tours ကို သတိရလိုက်ပါနော်။

www.everlastingtour.com
http://baganmart.com/EverlastingTour

လူတိုင်းရဲ့ တစ်နေတာလုံးအတွက် အရေးကြီးတဲ့မနက်ခင်းခုတလော မနက်တိုင်း လန်းဆန်းတက်ကြွနေတဲ့ ကျွန်မကို အလုပ်က သူငယ်ချင်းတွေကတော...
20/10/2016

လူတိုင်းရဲ့ တစ်နေတာလုံးအတွက် အရေးကြီးတဲ့မနက်ခင်း

ခုတလော မနက်တိုင်း လန်းဆန်းတက်ကြွနေတဲ့ ကျွန်မကို အလုပ်က သူငယ်ချင်းတွေကတောင် အားကျလို့ ဘယ်လိုနည်းလမ်းတွေ ရှိလဲ ဆိုပြီးမေးလာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ လတုန်းကဆိုရင် ကျွန်မ အလုပ်လုပ်သာလုပ်နေတာ မလန်းဆန်းဘဲ ပင်ပန်းနွမ်းနယ်နေလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် စကားမပြောချင်တဲ့ အခြေအနေထိတောင် ဖြစ်ခဲ့ပါတယ်။အခု တက်ကြွနေတော့ သူတို့ အံ့အားသင့်တာပေါ့။ Everlasting ရဲ့ မိတ်ဆွေတွေအတွက် လျှို့ဝှက်ချက်လေးတွေ မျှဝေပေးမယ်နော်..

မနက်အိပ်ယာနိုးပြီဆိုတာနဲ့ ခန္ဓာကိုယ်က အကြောအချင်တွေပြေဖို့ ရှိသမျှအားနဲ့ ခြေတွေလက်တွေကို ဆန့်ထုတ်ပါ။ ၁၅ မီနစ်လောက် ယောဂကျင့်စင် ကျင့်ပေးပါ။
Electronics ပစ္စည်းတွေကို သင်နဲ့ ဝေးတဲ့နေရာမှာထားပေးပါ။ အိပ်ယာနိုးနိုးချင်း Social media လူမှုကွန်ယက်တွေ သုံးမယ့်အစား Idea အသစ်စဉ်းစားခြင်း၊ စိတ်အေးချမ်းစေတဲ့ စာအုပ်ဖတ်တဲ့အလေ့အကျင့်လုပ်ပေးပါ။
တစ်နေ့တာရဲ့ လုပ်ရမယ့် အစီအစဉ် (To Do List) တွေကို ချရေးပါ။
စိတ်ကို အကောင်းဘက်ကို ဦးတည်စေတဲ့ သီချင်း (သို့မဟုတ်) စိတ်ခွန်ပေးစာအုပ် ကိုဖတ်ပါ။
အဟာရ မျှတတဲ့ မနက်စာကို မဖြစ်မနေစာသုံးပေးပါ။
မှန်ကြည့်ပြီး ရင်ထဲကလှိုက်လှိုက်လှဲလှဲပြုံးပါ။
အိပ်ယာနိုးပြီဆိုတာနဲ့ ရေကို ဖန်ခွက်နဲ့အပြည့် တစ်ခွက်သောက်ပေးပါ။ ခန္ဓာကိုဟာ ၈နာရီလောက်အိပ်စက်ထားလို့ ရေဓါတ်လိုအပ်နေပါတယ်။
တကယ်လို့ အပြင်ကို သွားစရာမရှိရင်တောင် သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး ဖြီးလိမ်းထားပါ။
အချိန်မှန် အိပ်ယာထပါ။ အချိန်မှန်မှန်သာ အိပ်ယာထမယ်ဆိုရင် နှိုးစက်တောင်မလိုဘဲ သူ့အလိုလို တက်ကြွစွာနဲ့ နိုးလာပါတယ်။

www.everlastingtour.com
http://baganmart.com/EverlastingTour

မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံ တံတား ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံ တံတား ကတော့ မြန်မာနိုင်ငံ မန္တလေး-လားရှိုးလမ်း၊ နေ...
20/10/2016

မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံ တံတား

ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံ တံတား ကတော့ မြန်မာနိုင်ငံ မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် ၇မိုင်အကွာမှာ တည်ရှိတဲ့ ဂုတ်ထိပ်တံတား ပဲဖြစ်ပါတယ်။
ပေ ၂၂၆၀ အရှည်ရှိပြီး တံတားအောက်ခြေမှ အမြင့် ပေ ၁၁၀၀ ရှိပါတယ်။ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား အမျိုးအစားပါ။
ပေ ၃၀၀ ကျော်မတ်စောက်တဲ့ လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ စတီး၊ သံမဏိ၊ သံချောင်းများဆောက်လုပ်ထားလို့ မြင်းခုံတံတား (The world largest trestle) လို့ခေါ်ရခြင်းပဲ ဖြစ်ပါတယ်။
နည်းပညာ အဆင့်မြင့်မှုနဲ့ သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ကမ္ဘာ့အံ့ဖွယ်စာရင်းများမှာ ပါဝင်ခဲ့ပါတယ်။ ဗမာ့မီးရထားလမ်းကုမ္မဏီ (Burma Railroad Company) ၁၈၉၉ ခုနှစ်က တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
ဗြိတိသျှ ကိုလိုနီတို့ တည်ဆောက်ပေးတယ်ဆိုပေမယ့် မြန်မာ အင်ဂျင်နီယာများ ပါဝင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များရဲ့ စိတ်ဝင်စားပြီး လာရောက်လေ့လာတဲ့ နေရာတစ်လည်းဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းကို အလည်တစ်ခေါက် ရောက်ခဲ့ရင်တော့ သမိုင်းဝင်တဲ့ ဂုတ်ထိပ်တံတားဆီကို လေ့လာခဲ့ပါဦးနော်..

မြန်မာပြည်အနှံ့ ခရီးထွက်မယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Everlasting Travels and Tours ကို သတိရလိုက်ပါနော်။

www.everlastingtour.com
http://baganmart.com/EverlastingTour

Address

No. 7, U Ba Kyaw Street, Tamwelay Quarter, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09972272070

Alerts

Be the first to know and let us send you an email when Everlasting Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Everlasting Travels & Tours:

Videos

Share

Category