12/10/2022
ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (PR) အောက်တိုဘာ ၁၇ ရက်ကစတင်လျှောက်ထားနိုင်ပြီ။
လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့ကစတင်ပြီးတော့ အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်လွှာ တွေ ကို စတင်လက်ခံပေးတော့မယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုကနေ ကြေညာပေးလိုက်ပါတယ်။ လျှောက်လွှာလက်ခံမယ့်ရက်ကို အောက်တိုဘာ ၁၇ ရက်နေ့ လာမယ့် ဒီဇင်ဘာ ၂၉ ရက် အထိလို့ သိရပါတယ်။ အမြဲတမ်းနေထိုင်ခွင့် လျှောက်လွှာတင်သွင်းပြီး ခြောက်လအကြာမှာ ထိုင်းဘာသာနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်သွားဖို့ ဗျူရိုက မျှော်မှန်းထားပါတယ်။
အရှေ့တောင်အာရှက လူအများစုက သက်တောင့်သက်သာရှိတဲ့ လူနေထိုင်မှုအဆင့်အတန်းကို ပေးစွမ်းနိုင်တဲ့ ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရလိုကြပါတယ်။ အလည်အပတ်နဲ့ ပညာရှင်အဆင့် လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေက ထိုင်းမှာ အမြဲတမ်းနေထိုင်ရဖို့ လျှောက်ထားပုံနဲ့ပတ် သက်ပြီးစုံစမ်းမေးမြန်းမှုတွေ အများ အပြားလည်းရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ အမြဲတမ်းနေ ထိုင်ခွင့်ရသူတွေအတွက် အကျိုးကျေးဇူးတွေများစွာရှိပါတယ်။
နေထိုင်ခွင့်သက်တမ်းတိုးဖို့ မလိုအပ်တော့ပဲ အမြဲတမ်းနေထိုင်ခွင့်ရမှာပါ။ အိမ်မှတ်ပုံတင် စာရွက်စာ တမ်းပေါ်မှာလည်း မိမိအမည်ကို ထည့်သွင်းနိုင်မှာဖြစ်ပြီး နိုင်ငံခြားဘဏ်ကနေ ငွေလွှဲစရာမလိုပဲ ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူနိုင်မယ်။ နောက်ပြီး PR ကဒ်ကို ဆောင်ထားသူဆိုရင် အလုပ်ပါမစ်လည်း ရလို့ လွယ်ကူစေပါတယ်။ အဲ့ဒါအပြင် ထိုင်းနိုင်ငံက အများပိုင်ကုမ္ပဏီတွေမှာလည်း ဒါရိုက်တာ ရာထူး အထိ ရနိုင်ပြီး နိုင်ငံသားဖြစ်လာစေဖို့လည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အကယ်၍ PR ရခဲ့လျှင် ထိုင်းနိုင်ငံသားမဟုတ်တဲ့ မိသားစုဝင်တွေ အတွက်လည်း နေထိုင်ခွင့် သက်တမ်းတိုးခြင်းနဲ့ အမြဲတမ်းနေထိုင်ခွင့်သက်တမ်း တိုးခြင်းတွေကိုလည်း လျှောက်ထားနိုင်မှာပါ။
အမြဲတမ်းနေထိုင်ခွင့် PR ကဒ်ကို ၁၀ နှစ်ကြာ ဆက်တိုက်ကိုင်ဆောင်ထားသူဆိုရင် ထိုင်းနိုင်ငံသား အဖြစ် လျှောက်ထားနိုင်အုန်းမှာပါ။ လျှောက်ထားလိုသူတွေအနေနဲ့ အောက်ပါ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ လျှောက်လွှာမတင်သွင်းမီ Thai non-immigrant ဗီဇာ ကိုင်ဆောင်ထားပြီး အနည်းဆုံး ၃ နှစ်ခန့် ဗီဇာရှိရမယ်။ Non-Immigrant ဗီဇာအများအပြား ကိုင်ဆောင်ထားသူတွေကတော့ လျှောက် ထားလို့ မရပါ။ လိုအပ်တဲ့ အရည်အချင်းပြည့်မီဖို့ ၃ နှစ်ဆက်တက် သက်တမ်းတိုးမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ မဟုတ်တဲ့ ဗီဇာကိုင်ဆောင်ထားသူတွေသာ လျှောက်ထားနိုင် ပါတယ်။
PR လျှောက်ထားသူတွေက အလုပ်အကိုင်နဲ့ လိုအပ်ချက်မှာ ဖော်ပြပါ အမျိုးအစားထဲက တစ်ခုကို ပြည့်မီဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအနေနဲ့ အနည်းဆုံး ဘတ် ၃ သန်းကနေ ၁၀ သန်းကြား ရင်းနှီးမြှုပ်နှံနိုင်ရပါမယ်။ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ ဆက်စပ်တဲ့သူ ၊ ထိုင်းနိုင်ငံမှာ PR နေထိုင်ခွင့်ရပြီး သား ဇနီးသည်ဒါမှ မဟုတ် ခင်ပွန်း ရှိသူ၊ အဖေ အမေ ဒါမှ မဟုတ် အသက် ၂၀ အောက် ကလေးရဲ့ အုပ်ထိန်းသူတို့ လျှောက်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အမြဲတမ်းနေထိုင်ခွင့်လျှောက်လွှာ တွေအားလုံး ကို တော်ဝင်ထိုင်းလူဝင်မှုကြီးကြပ်ရေး ကော်မရှင်က လုပ်ဆောင်ပါတယ်။ နှစ်စဉ်ခွဲတမ်းဟာ နိုင်ငံတစ် နိုင်ငံလျှင် အများဆုံး လူ ၁၀၀ ဖြစ်ပြီး နိုင်ငံမဲ့နိုင်ငံသားတွေအ တွက်တော့ လူ ၅၀ ဖြစ်ပါတယ်။ PR ကဒ်ဟာ ကိုယ်တိုင်က မရုပ်သိမ်းခဲ့လျှင် သူ့အလိုလို သက်တမ်းမကုန်ဆုံးပါဘူး။ နိုင်ငံထဲကနေ ထွက်ခွာ သွားပြီး ပြန်လည်ဝင်ရောက်လာတဲ့အခါတော့ ပြန်လည်ဝင်ရောက်ခွင့် ထောက်ခံချက် လျှောက်ထားဖို့ တော့ လိုအပ်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့် တင်သွင်းမယ့် လျှောက်လွှာကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါတယ်။
လျှောက်လွှာတင်သွင်းရမယ့်နေရာတွေကတော့
ဘန်ကောက်မှာဆိုရင်
Sub-division 1 ,Immigration Division 1, The Government Complex Commemorating His Majesty The Kings 80th Birthday Anniversary, 5th December, B.E. 2550 (2007), Building B, 2 Floor, Counter D, 120 Moo 3, Chaengwattana Road, Thungsonghong Sub-District, Bangkok 10210 စတဲ့ နေရာတွေမှာ လျှောက်ထားနိုင်ပါတယ်။
တခြားပြည်နယ်တွေမှာဆိုရင်တော့
ပြည်တွင်း ဒါမှမဟုတ် အနီးအနားမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဆေးရေးဂိတ်တို့မှာ စုံစမ်း မေးမြန်း လျှောက်ထားနိုင်ပါတယ်။
Ref:thaiembassy
#ဘန်ကောက်လမ်းညွန်ကိုစိုင်း