Shining Star Travel & Tour Agency

Shining Star Travel & Tour Agency Take ur adventure with STR 💫 Visa , ✈️Tickets , Trip Package , Passport(Urgent),Air Cargo .,etc Travel together with adventure 100 % .
(16)

Our service intend to customer with low fares with satisfy . Our service available for inbound and outbound . Our service included for Honey Moon package , Holiday package , Group Package , Family Package , Adventure Package , Personal Package . Our service fares can be so amazing for our dear customer with big hot sale package . Our service also available for Visa , Abroad Ticket , Package , Loca

l ticket , Car Rental , Phone Rental , Bicycle Rental . So everyone or group or family or personal can discuss as like as customer want for the special package with special low fares . Finally we leading for dear customer with 100% adventure with low fares and 100% comfort trip with satisfy .

25/04/2024

ဒူဘိုင်းမသွားလိုက်သူတွေ ကံကောင်းသွားတယ်

24/04/2024

🤔

24/04/2024
19/04/2024
27/03/2024

🎉👏🙌

27/03/2024
ထိုင်းကို အခုချက်ချင်းမှ ချက်ချင်းထွက်လာချင်သူတွေအတွက် STR ရဲ့ VVIP Services အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေပါတယ်💁‍♀️🙆‍♂️🎉🔻...
20/03/2024

ထိုင်းကို အခုချက်ချင်းမှ ချက်ချင်းထွက်လာချင်သူတွေအတွက် STR ရဲ့ VVIP Services အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေပါတယ်💁‍♀️🙆‍♂️🎉

🔻PV စာအုပ်ရှိရပါမယ်
🔻(3-5) Days အတွင်း Thai အရောက်
အမြန်မှ အမြန်ဆိုသူတွေအတွက် (2-3)Days 😳🤭

VVIP service မှာဆိုရင်💁‍♀️

🔻Ygn- BKK ( Flight ✈️ Ticket 🎫)
👮‍♂️Immigration အစစ်ဆေးအမေးမြန်းမရှိ
Thai Pick Up အကြိုအပို့ Guide ပါဝင်ပီးသားပါ🎉

သာမန် Counter Check-In ဝင်သမားတွေလို❌
(1) Return ticket booking❌
(2) Hotel booking ❌
(3)showmoney ❌
(4) 🇹🇭🇺🇸 English / Thai စကား❌
(5) Thai Immigration ❌

ဘာဆို ဘာတခုမှ မလို VVIP Pass ဆိုမှတော့ ကျော့ကျော့ကော့ကော့လေး လေဆိပ် ရှိုးအပြည့်ဆင်းရုံပဲမြန်မာပြည်လေဆိပ်ကနေ ထိုင်းလေဆိပ်အထိ VVIP Pass ဆိုပီးဈေးကြီးမယူထားဘူး VIP Pass ဈေးပဲယူထားးပေးတယ်ဆိုတော့ ဘာလိုသေးလဲ❌⁉️🤔

Ygn-BkK ရောက်သည်အထိ အစစ်အဆေးမရှိအပေါက်ဝရောက်တဲ့ထိအစအဆုံးတာဝန်ယူဆောင်ရွက်ပေးသွားမှာပါရှင်💁‍♀️🙆‍♀️🎉👏

********************************

🔺 ထိုင်းကို အခုချက်ချင်းမှချက်ချင်း ထွက်လာချင်တဲ့သူတွေအတွက် Sharing တင်ပေးလိုက်ပါတယ်ဗျ။

📕 ဒီရောက်မှ တလ Visa ကို ၃ / ၄ ခါ ဆက်တိုးလို့ရပါတယ်။

🚌 ဒါမှမဟုတ် Lao ထွက်ပြီး ၃ လ Visa ယူလို့ရပါတယ်။ ပြီးမှနှစ်ရှည် Visa ဆက်လျောက် ဒါမှမဟုတ် ဘတ်ရိုက် (ပန်းရောင်ကဒ်) ဖွင့်ဖို့ စောင့်လို့ရပါသေးတယ်။

🙏🏻 ဒီကိုရောက်လာရင်တော့ ကျွန်တော်တို့ အကုန်စီစဥ်ပေးလို့ရပါတယ်ဗျ။

=====

ချက်ချင်း ထိုင်းကိုထွက်လာရင် 14 ရက်နေလို့ရမယ့် Free Arrival Visa အမျိုးအစားရပါမယ်။ လိုအပ်တာတွေကတော့

1️⃣ အရေးကြီးဆုံးက Passport သက်တမ်း ၆ လ အထက်ရှိထားရပါမယ်။

2️⃣ လေယာဥ်လက်မှတ်အသွား Confirm ရှိရပါမယ်။

- လေယာဥ်လက်မှတ်အခြေအနေကတော့ ခုချက်ချင်းထွက်လာတဲ့လူအရမ်းများတာရယ် / နောက်လထိုင်း သင်္ကြန်ရှိတာရယ်ကြောင့် ဝယ်လိုအားအတော်များနေတာကြောင့်

- ကိုယ်လိုချင်တဲ့ရက်ရှိရင် အခုတည်းက ကြိုဖြတ်ထားမှ စိတ်ချရပါမယ်။

- ရက်အရမ်းကပ်ရင်နောက်ဆုံး Business Class တွေပဲကျန်တာမို့ 8 သိန်း / 10 သိန်းအထက်တွေအထိရှိပါတယ်။

- ရိုးရိုး Economy Class ဆိုရင် ၂ သိန်းခွဲ / ၃ သိန်းခွဲကြားလောက်နဲ့ရနေပါသေးတယ်။

🔺 ဒီအဆင့်ထိရပြီဆိုတာနဲ့တင် ကျွန်တော်တို့ဆီ အပ်ပြီးတန်းထွက်လို့ရပါပြီ။ ကျန်တာအကုန် ကူပေးလို့ရပါတယ်ဗျ။

=====

💁🏻‍♂️ ဒါမှမဟုတ် ကိုယ်တိုင်ပြည့်စုံအောင် ဆက်စီစဥ်ပြီး သွားမယ်ဆိုရင်တော့

3️⃣ Show Money Baht 20000 or $600 ကို ( အရွက် ) လဲပြီးယူလာရပါမယ်။

4️⃣ နောက်တစ်ခုက သိပ်အရေးမကြီးသလို အရမ်းအရေးကြီးတဲ့ Hotel Confirmation ဖြစ်ဖို့အတွက်ပါ။ တချို့လည်းပြောပါလိမ့်မယ်။ ငါ့တုန်းကမစစ်ဘူး မလိုဘူးဆိုပြီး။ ကံစမ်းမဲနှိုက်သလိုပါပဲဗျ။ ကိုယ့်အလှည့်ကျမှ သေချာစစ်ရင်တော့ တိုင်ပတ်နိုင်ပါတယ်။

- ဘာကြောင့်ကျွန်တော်ခုလိုပြောနိုင်တာလဲဆိုရင် ခုတလအတွင်းမှာ

- Website တွေကနေ Hotel Booking ပဲလုပ်ပြီးငွေမချေခဲ့လို့ Immigration Officer က ဖုန်းဆက်မေးလို့ Hotel ဘက်က ပိုက်ဆံမချေထားဘူးပြောလိုက်ရင် ပြဿနာကြီးနိုင်ပါတယ်ခင်ဗျ။ တချို့ဆိုမြန်မာပြန်လွတ်ခံရတဲ့လူတွေ ကျွန်တော်တို့ကို လာတိုင်ပင်တဲ့လူတွေရှိနေလို့ပါဗျ။

- ဒါကြောင့် Hotel ကိစ္စနဲ့ပတ်သက်ပြီး စိတ်အေးချင်ရင်တော့ ကျွန်တော်တို့ဘက်က + ရစ်ပြီးဖုန်းဆက်ရင် အတည်ပြုပေးမယ့် ဝန်ဆောင်မှုလေးကို တကယ်ဖြတ်တာထက်စျေးသက်သာအောင် ဆောင်ရွက်ပေးပါတယ်နော်။

5️⃣ စကားအနည်းငယ်တတ်ရင် ပိုအဆင်ပြေပါမယ်။ Immigration Officer မေးတဲ့မေးခွန်းတွေကို လည်လည်ဝယ်ဝယ်နဲ့ဖြေနိုင်တယ်ဆိုရင် ရစ်လည်းအေးဆေးပါပဲခင်ဗျ။

=====

☺️ ကျွန်တော်တို့ဆီ Service မဖြစ်မနေအပ်ဖို့ ခြောက်ခြင်းမဟုတ်ပါ။

- ကိုယ်တိုင်ပြီးပြည့်စုံအောင်စီစဥ်နိုင်ရင် ဒါမှမဟုတ် ကိုယ်နဲ့အဆင်ပြေတဲ့ Service မှာအပ်လို့ရပါတယ်နော်။

- ကျွန်တော်တို့နေ့စဥ် ကြားနေ သိနေရတဲ့ Information ကို ထိုင်းကိုလာမယ့်သူတွေ သိထားသင့်တယ်ထင်လို့ မျှဝေပေးရုံသက်သက်ပါခင်ဗျ။ 🙏🏻

=====

VVIP Pass Service ဆိုရင် PV စာအုပ်ရှိရုံနဲ့ (၃)ရက်အတွင်း Thai အရောက် Loas , Vietnam 🇻🇳
Cambodia 🇰🇭 ကြိုက်တဲ့နိုင်ငံသွားရောက်နိုင်ပါပီ💁‍♀️

ပါဝင်တဲ့ ဝန်ဆောင်မှု့များမှာ
🔥 Flight Tickets
🔥 Guide
🔥Phone Sim
🔥Transportaion
🔥Ygn ( Immigration) Vip pass
🔥Thai ( Immigration ) Vvip pass

အစစ်ဆေး အမေးအမြန်းမရှိ Vvip pass 🎉💁‍♀️

ဒါအပြင် ကျောင်းတက်ချင်သူများ အလုပ်လုပ်ချင်သူများ Visa သက်တမ်းတိုးခြင်းသူများ ကွန်ဒို အိမ် ဝယ်/ငှားချင်သူများ ဆေးကုသမည့်သူများ /Pj သမားများ Pv ပြောင်းစရာမလိုပဲ ချက်ချင်းနိုင်ငံရပ်ခြားထွက်လို့ရနေပါပီ💁‍♀️🙆‍♂️

More Information ℹ️
အသေးစိတ်သိလိုသူများ
Facebook Messenger - Shining Star 🌟
Phone 📲 09981507505 🤙

အကယ်လို့ Service နဲ့ပတ်သက်ပြီး သိချင်တယ်ဆိုရင်တော့ အားမနာတမ်းလာမေးလို့ရပါတယ်ခင်ဗျ။

📩 Messenger - Shining Star Travel & Tour Agency

📞 MM Hotline - 09 98 1507505

📱 Myanmar Viber - (+95) 9 981507505


#ထိုင်း #ဘန်ကောက် #သံရုံးထောက်ခံစာ

Confirmation

#ထိုင်းဘဏ်ကတ်ဖွင့်
#ကျပ်ဘတ်ငွေလွဲ

"လေယာဥ်ပေါ် သယ်ဆောင်လို့ ရ ၊ မရ"ဒီနေ့တော့ ပြည်တွင်း /ပြည်ပ လေယာဉ် လက်မှတ်အရောင်းဌာန ကနေပြီးတော့လေယာဥ်နဲ့ခရီးသွားကြတဲ့သူအ...
19/03/2024

"လေယာဥ်ပေါ် သယ်ဆောင်လို့ ရ ၊ မရ"
ဒီနေ့တော့ ပြည်တွင်း /ပြည်ပ လေယာဉ် လက်မှတ်အရောင်းဌာန ကနေပြီးတော့
လေယာဥ်နဲ့ခရီးသွားကြတဲ့သူအများစု တစ်ခါတစ်လေ confuse ဖြစ်တတ်တဲ့အရာလေးတွေထဲကတစ်ခုဖြစ်တဲ့ baggage(cabin) နဲ့ hand carry ထဲ သယ်ဆောင်လို့ရတာနဲ့ မရတာလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 😊😊😊

အရင်ဆုံး လေယာဥ်ပေါ် လုံးဝ လုံးဝ ❗❗❗ သယ်ဆောင်လို့မရတဲ့ ပစ္စည်းတွေကို အရင်ပြောပြပေးမယ်နော်......
လေယာဥ်ပေါ်လုံးဝတင်ဆောင်လို့မရတဲ့ပစ္စည်းတွေကတော့ ⏬⏬⏬
🚫 ပေါက်ကွဲစေတတ်သောပစ္စည်းများ
(Explosives & Fi****ms)
🚫 ဓာတ်ငွေ့များ (ဖိသွင်းထားသော) နှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ
(Compressed Gases & Toxic(Poisonous) sustances)
🚫 လောင်ကျွမ်းစေသော ဓာတ်ငွေ့များ ၊ အရည်များ ၊ အစိုင်အခဲများ နှင့် လောင်စားစေတတ်သောပစ္စည်းများ
(Flammable Gases, Liquids, Solids & Careasives)
🚫 မီးလောင်ခြင်းကိုအားပေးသောပစ္စည်းများ
(Oxidizing Materials)
🚫 ကိုယ်တိုင်လည်းမီးလောင် ၊ မီးလောင်ခြင်းကိုလည်းအားပေးသောအရာ
(Organic Peroxide)
🚫 ရောဂါကူးစက်နိုင်သောအရာများ နှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ
(Infectious substances & Radioactive materials)
🚫 အန္တရာယ်ဖြစ်စေနိုင်သောအရာများနှင့် မီးခြစ် ၊ မီးခြစ်စံ
(Miscellaneous Dangerous Goods, Lighter, Blue Flame Lighter, Matches)
🚫 ငရုတ်ကောင်းဖျန်းဆေး ၊ ကျဥ်စက်
(Papper Spray, Electroshock Weapon)
ဒါတွေကတော့ လုံးဝ လုံးဝ သယ်ဆောင်လို့မရတာတွေပဲဖြစ်ပါတယ်နော်......

ဒါဆို ချစ်သောတို့ ရောတတ်တဲ့ Hand carry ထဲမှာ ဘာတွေသယ်လို့ရပြီးတော့ ဘယ်အရာတွေကတော့ Cabin baggage ထဲ ထည့်လို့ရမလဲဆိုတာလေးတွေကို ဆက်ပြောပြပေးမယ်နော် 😊

Hand carry luggage (မိမိနှင့်တစ်ပါတည်း လေယာဥ်​ထိုင်ခုံပေါ်ထိသယ်ဆောင်သွားရမည့်အိတ်) ထဲမှာ သယ်ဆောင်သွားလို့ရတဲ့အရာတွေကတော့ ⏬⏬⏬
☑ နိုင်ငံကူးလက်မှတ်စာအုပ် (Passport)
☑ ကွန်ပျူတာ (Laptop)
☑ စာရွက်စာတမ်းများ (Documents)
☑ ကင်မရာ (Camera)
☑ ဖုန်း (Phone ၊ Tablet ၊ Power bank)
☑ လက်ဝတ်ရတနာ (Jewellery)
☑ ပိုက်ဆံများ (Currency / Money)
☑ သော့များ (Keys) ဒါလေးတွေကတော့ hand carry မိမိနဲ့တစ်ပါတည်းသယ်ဆောင်သွားရပါမယ်ရှင့် cabin baggage ထဲသယ်လို့မရပါဘူးနော် 😊😊😊

ဒါဆို cabin baggage ထဲ သယ်ဆောင်သွားလို့ရတာလေးတွေကကော ဘာတွေဖြစ်မလဲ အဲ့တာတွေကတော့ ⏬⏬⏬
▶ အဝတ်အထည် (dress)
▶ တစ်ကိုယ်ရေသုံးပစ္စည်းများ (cosmetics)
▶ အစားအသောက် (ဆီလုံအောင်သေချာထုပ်ပိုးထားသော) {Foods}
▶ လက်တစ်ဝါးစာအရွယ်သာရှိသော ဘုရားဆင်းတုတော် တို့ပဲဖြစ်ပါတယ်ရှင့်.......

19/03/2024

အလုပ်ရှင်မှ အမှန်တကယ်ခေါ်ယူခြင်းမရှိသည့် Demend Letter များကို ဦးစီးဌာနသို့ တင်ကာ ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေပြီး တွေ့ရှိပါက ထိရောက်စွာအရေးယူမည်

ဝန်ကြီးဌာနအနေဖြင့် မှန်မှန်ကန်ကန်တင်ပြလာသည့် အလုပ်ခေါ်စာများ၊ OWIC ပြုလုပ်ခွင့်များကို အမြန်ဆုံး စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်ဟု ထုတ်ပြန်သည်။

■ Read More - - - >>> https://news-eleven.com/article/289832

►► (Zawgyi ဖြင့်ဖတ်ရန်)




ပုံစာ- နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ဒီရက်ပိုင်း ပြည်ပသို့ခရီးသွားရောက်သူများ  များတဲ့အပြင် ဧပြီပိတ်ရက်နှင့် ပိတ်ရက် ဝန်းကျင်တွေမှာပါ ပြည်ပခရီးအသွားများသောကြ...
19/03/2024

ဒီရက်ပိုင်း ပြည်ပသို့ခရီးသွားရောက်သူများ များတဲ့အပြင် ဧပြီပိတ်ရက်နှင့် ပိတ်ရက် ဝန်းကျင်တွေမှာပါ ပြည်ပခရီးအသွားများသောကြောင့် ခရီးသည်များအနေဖြင့် မိမိတို့ လေယာဥ်ထွက်ခွာချိန် (ꜰʟɪɢʜᴛ ᴅᴇᴘᴀʀᴛᴜʀᴇ ᴛɪᴍᴇ) မတိုင်မီ 𝟥နာရီ ကြိုတင်၍ လေဆိပ်အထဲသို့ အရောက်သွားပေးကြပါရန် အကြောင်းကြားအပ်ပါတယ်ရှင့် 😊😊......

ဒါ့အပြင် ပြည်တွင်းရော ပြည်ပခရီးစဥ်များ၏ လေယာဥ်ချိန်များလည်းအပြောင်းအလဲရှိတတ်သောကြောင့် ခရီးသည်များအနေဖြင့် မိမိတို့လေယာဥ်မစီးမှီ တစ်ရက်အလိုတွင် 𝘂𝗽𝗱𝗮𝘁𝗲 𝗳𝗹𝗶𝗴𝗵𝘁 𝘁𝗶𝗺𝗲 များကို စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့် 🙏🙏🙏

Shining Star Travel & Tour Agency

15/03/2024
The world is a book,those who do not travel read only a page🎶😎
11/03/2024

The world is a book,those who do not travel read only a page🎶😎

ရန်ကုန် ကနေ ဘန်ကောက် ကို 14ရက် free visa သမားများလာအို ကို TR VISA 60day ယူလို့ရပါတယ် ဘန်ကောက် ပြန်ရောက်တဲ့အခါ နောက်ထပ် ...
03/03/2024

ရန်ကုန် ကနေ ဘန်ကောက်
ကို 14ရက် free visa သမားများ
လာအို ကို TR VISA 60day ယူလို့ရပါတယ် ဘန်ကောက် ပြန်ရောက်တဲ့အခါ နောက်ထပ် 30day ထပ်တိုးလို့ရပါတယ် စုစုပေါင်း ရက် 90 day နေထိုင်ခွင့်ရပါမယ်

TR visa အားသာချက်များ
ထိုင်းမာ ရက်ရှည်နေလို့ရမယ်
long time visa တခုခု ပြောင်းလို့ရမယ်
TR visa ကနေ တခြား ED visa
retirement visa.
ကျောင်းတတ်လို့ရမယ့်visaတွေကိုပြောင်းလို့ရနိုင်ပါသည်

အရေးအကြီးဆုံးကတော့
ဘဏ်စတိတ်မန့် ရှိရမယ်
ဘဏ်စတိတ်မန့်ဆိုတာက

ဘဏ် ဖွင့်ထားတဲ့ ဘဏ်စာအုပ်
ဖုန်းထဲက မိုဘိုင်းဘဏ်
mobile banking
ငွေအဝင်အထွက်
3လ သက်တမ်းရှိရမည်
လက်ကျန်ငွေအနည်းဆုံး မြန်မာငွေ
သိန်း20
ထိုင်းဘဏ် ဆိုရင် ဘက်20000ရှိရင် ရပါပီ

ကျန်လိုအပ်တဲ့ စာရွက်စာတမ်း
များကို service အပ်တာနဲ့ စီစဥ်ပေးပါမည်

5800 မှစတင်ပီး 6500 7000 ဘက်ထဲတွင်
လာအို ကို ကားခ အသွားအပြန်
ဟော်တယ် တညတည်းခိုင်ခွင့်သာပါဝင်ပါသည်

More Information ℹ️

✅ဈေးနှုန်းသက်သာရမယ်
☑️မြန်ဆန်တိကျရမယ်
✅ဝန်ဆောငိမှု့ကောငိးရမယ်
☑️လုံခြုံစိတ်ချရမယ်

************************

♦️STR Facebook Messenger မှာ သိလိုသမျှကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်🙆‍♀️

☑️အခြားသော ကိစ္စများအားလုံးကို အဆင်ပြေ လွယ်ကူချောမွေ့အောင် ဝန်ဆောင်မှု့ ပေးနေပါပီ🙆‍♂️

☑️အသေးစိတ် သိလိုသူများ 🤙ဘာလိုလို

" STR " One Stop Service
📬Contact Us !
☑️Official STR page Chatbox
📱09981507505

💁🏻‍♂️ Thai Go ဖို့မေးတဲ့မိတ်ဆွေတွေအတွက်…⚠️ အခုမလိုသေးလည်း နောက်တချိန်မှာ သင်လိုလာနိုင်မှာမို့ စာရှည်လည်းဖတ်ထားပါနော် ‼️💁...
03/03/2024

💁🏻‍♂️ Thai Go ဖို့မေးတဲ့မိတ်ဆွေတွေအတွက်…

⚠️ အခုမလိုသေးလည်း နောက်တချိန်မှာ သင်လိုလာနိုင်မှာမို့ စာရှည်လည်းဖတ်ထားပါနော် ‼️

💁🏻‍♂️ လိုအပ်ရင် ကျွန်တော်

တို့ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျ။

=====

👉🏻 Page Boost Service / Page Like / Page Error / Page, Advertising Account Restricted Error / Content / Social Design ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းဆက် Run နေပါတယ်။

=====

💁‍♂️ လူကြီးမင်းတို့ ထိုင်းကိုလာတဲ့အချိန် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေဖို့အတွက်

🔺 ကျွန်တော်တို့ဘက်မှ ကူညီပေးနိုင်တဲ့ Service တွေကတော့

1️⃣ မြန်မာနိုင်ငံမှ ထိုင်းကိုလာဖို့အတွက် Free Visa (သို့) 2 လ Tourist Visa ‌လျှောက်ပေးခြင်း

2️⃣ ပြည်တွင်း / ပြည်ပ လေယာဉ်လက်မှတ် ဝယ်ပေးခြင်း / Hotel Booking တင်ပေးခြင်း

3️⃣ ထိုင်းလေဆိပ်တွင် အရစ်မခံရအောင် VIP Pass ဆောင်ရွက်ပေးခြင်း

4️⃣ International သုံးလို့ရတဲ့ ဘဏ်ကတ် နှင့် Saving စာအုပ်ကို အစအဆုံးလိုက်ဖွင့်ပေးခြင်း

5️⃣ သံရုံးထောက်ခံစာယူပေးပြီး ထိုင်းနိုင်ငံအိမ်အရောက်ပို့ပေးခြင်း ( ဘဏ်အကောင့်ဖွင့်ရန် / Visa သက်တမ်းတိုးရန် / ယာဉ်မောင်းလိုင်စဉ်လျှောက်ထားရန် )

6️⃣ Visa တိုးတဲ့အချိန်လိုအပ်တဲ့ TM30 ဧည့်စာရင်းတိုင်ပေးခြင်း

7️⃣ Visa ရက်ရှည်နဲ့နေတဲ့သူတွေအတွက် 3 လ တခါတိုးရတဲ့ 90 Days Report တင်ပေးခြင်း

8️⃣ အလည် Visa ကို သက်တမ်း ၁ လ တိုးပေးခြင်း / Lao နှင့် Cambodia Visa Run ပေးခြင်း

9️⃣ ထိုင်းနိုင်ငံမှာ နှစ်ရှည် တရားဝင်နေထိုင်ဖို့ Visa လျောက်ပေးခြင်း

- လူငယ်ကနေ အသက် 50 တွေအတွက် 1နှစ်နဲ့ 1 နှစ် အထက် ထိုင်းမှာနေလို့ရမယ့် /

- အသက် ၅၀ ကျော်လူကြီးတွေအတွက်

- အနည်းဆုံး 5 နှစ်မှ 10 နှစ်အထိ အဝင်အထွက်လွယ်ကူပြီး VIP Service တွေရနိုင်တဲ့ Elite Visa

1️⃣0️⃣ Budget နဲ့ နေရာပေါ်မူတည်ပြီး ဘန်ကောက်မြို့ တိုက်ခန်း / Condo / လုံးချင်း ငှားပေးခြင်း

1️⃣1️⃣ ဘန်ကောက်မြို့မှာ နာမည်ပေါက် Condo ဝယ်ပေးခြင်း

1️⃣2️⃣ ထိုင်းနိုင်ငံ အလည်ပတ်ပို့ပေးခြင်း / ဆေးရုံလိုက်ပြပေးခြင်း / စျေးဝယ်တဲ့အချိန် စျေးလိုက်ဆစ်ပေးခြင်း | ထိုင်း Translator အငှါးလိုက်ပေးခြင်း

1️⃣3️⃣ Budget Trip Plan ဆွဲပေးခြင်း

1️⃣4️⃣ ထိုင်းနိုင်ငံ နာမည်ကြီး Sky Hotel / Cruise နှင့် ဝင်ကြေးပေးရသော ကစားကွင်းလက်မှတ်များကို Walk-in စျေးထက် ထက်ဝက်လောက်အထိ သက်သာအောင်ဝယ်ပေးခြင်း

1️⃣5️⃣ Driver အပါ ရက်တိုရက်ရှည် ကားငှါးပေးခြင်း / အချိန်ပိုင်း Tuk Tuk ငှါးပေးခြင်း

1️⃣6️⃣ ထိုင်းနိုင်ငံ မှာအထောက်အထားနဲ့ ရေရှည်နေထိုင်ပြီး အလုပ်ရှာရ ပိုလွယ်နိုင်ဖို့အတွက် ဘတ်ရိုက် / ပန်းရောင်ကတ် / အဖြူရောင်ကတ် / အလုပ်သမားကတ် လုပ်ပေးခြင်း

1️⃣7️⃣ ထိုင်းနိုင်ငံတွင် Passport အသစ်လုပ်ပေးခြင်း / သက်တမ်းတိုးပေးခြင်း / CI Passport လျှောက်ပေးခြင်း (ရုံးပေါ်မူတည်)

1️⃣8️⃣ လိုချင်တဲ့ပစ္စည်းတွေကို Link ပို့ပေးရုံနဲ့ ဝယ်ယူပေးခြင်း / မြန်မာနိုင်ငံကို ပစ္စည်းအရောက်ပို့ပေးခြင်း

1️⃣9️⃣ ထိုင်း Application တွေကို Register လုပ်ဖို့အတွက် Sim Code ယူပေးခြင်း / ထိုင်းနိုင်ငံကို အလည်လာမယ့်သူတွေအတွက် မြန်မာနိုင်ငံမှာ Sim Card ရောင်းပေးခြင်း

2️⃣0️⃣ ဘတ် - ကျပ် / ကျပ် - ဘတ် လဲပေးခြင်း

=====

👇🏻 သိချင်တဲ့ Service ရှိရင်လည်း

▪️Chatbox တိုက်ရိုက် (သို့)

Chatbox ကိုလာပြီးအသေးစိတ်ရှင်းပြပေးပါမယ်ရှင့်။

=====

More Information ℹ️

✅ဈေးနှုန်းသက်သာရမယ်
☑️မြန်ဆန်တိကျရမယ်
✅ဝန်ဆောငိမှု့ကောငိးရမယ်
☑️လုံခြုံစိတ်ချရမယ်

************************

♦️STR Facebook Messenger မှာ သိလိုသမျှကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်🙆‍♀️

☑️အခြားသော ကိစ္စများအားလုံးကို အဆင်ပြေ လွယ်ကူချောမွေ့အောင် ဝန်ဆောင်မှု့ ပေးနေပါပီ🙆‍♂️

☑️အသေးစိတ် သိလိုသူများ 🤙ဘာလိုလို

" STR " One Stop Service
📬Contact Us !
☑️Official STR page Chatbox
📱09981507505

ထိုင်း-မြန်မာ Service အတွက် ဆက်သွယ်လိုပါက

📞 Hotline - 09 98 1507 505

#ထိုင်း #ဘန်ကောက် #အဝယ်တော်

#ထိုင်းဘဏ်ကတ် #ထောက်ခံစာ
#ငွေလွဲ
#ဘတ် #ကျပ်
#ဘတ်ရိုက် #ပန်းရောင်ကတ်

ဂျပန်သံရုံးမှာ များလိုက်တဲ့လူတွေ Visa တအားလျောက်တာများလို့ အီးမေးနဲ့ ဘိုကင်တင်တာ ပြောင်းလိုက်ရပီ🎌🤭
02/03/2024

ဂျပန်သံရုံးမှာ များလိုက်တဲ့လူတွေ Visa တအားလျောက်တာများလို့ အီးမေးနဲ့ ဘိုကင်တင်တာ ပြောင်းလိုက်ရပီ🎌🤭

ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများလာသဖြင့် ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားပြီး အီးမေးလ်ဖြင့်သာ လက်ခံနေသည်ဟု ဂျပန်သံရုံးထုတ်ပြန်

ယခုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများ အလွန်များပြားလျက်ရှိကြောင်း၊ ယင်းကြောင့် လျှောက်ထားသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏ ရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။

■ Read More - - - >>> https://news-eleven.com/article/289088

►► (Zawgyi ဖြင့်ဖတ်ရန်)




ပုံစာ- ဂျပန်စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲဖောင်တင်သူများကို တွေ့ရစဉ်။


01/03/2024

အခုလို အခြေအနေမျိုးမှာ အပူသောကတွေများပြီး ပြည်ပမှာ အလုပ်အကိုင်ရှာဖွေနေကြတဲ့ လူငယ်တွေ တစ်ပူပေါ် နှစ်ပူဆင့်မဖြစ်ရအောင် Scammers အလုပ်အကိုင်ရှာဖွေရေး Agency တွေကို အထူးသတိပြု ရှောင်ရှားကြပါ။
ဖြစ်နိုင်ရင် အေဂျင်စီ အားမကိုးဘဲ

* မိမိကိုယ်တိုင် ကိုယ်သွားမယ့်နိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ကိုယ့်ရဲ့ career အတွေ့အကြုံ ကိုက်ညီမှုရှိမရှိ
* ဘာသာစကား ကျွမ်းကျင်မှု အခြေအနေ
* အလုပ်လျှောက်ရမယ့်ပုံစံနဲ့ CV ပြင်ဆင်မှု
* အေးဂျင့်မှ တစ်ဆင့်ရှာပြီးမှ သွားရမယ်ဆိုလျှင် အေးဂျင့်ကုမဏီ history နဲ့ အရင်သွားဖူးတဲ့သူတွေရဲ့ feedback မေး
မြန်းစုံစမ်းပြင်ဆင်ပြီးမှ လာတာအကောင်းဆုံးပါပဲ။

အထူးသတိပြုရန်မှာ…

ဒူဘိုင်းတွင် အလုပ်ရဖို့ ဘယ် agency မှ 100% အာမခံပြီး အလုပ်ရှာပေးဘို့ မဖြစ်နိုင်ပါ။ အင်တာဗျုးရဖို့ အလုပ်ချိတ်ဆက်ပေးယုံသာ လုပ်ပေးလို့ရပြီး အင်တာဗျုး အောင်ပြီး အလုပ်ရဖို့က မိမိကိုယ်ပိုင် အရည်အချင်းနဲ့ပဲဆိုင်တာမို့ အလုပ်ရဖို့ အာမခံတယ်ဆိုပြီး ပိုက်ဆံအရင်တောင်းတဲ့ agency တွေဆို တကယ့်ကို scammer အစစ်ပါ။ တစ်စုံတစ်ယောက်က ခင်မင်မှုကြောင့် Refer လုပ်ပြီး အလုပ်ရဖို့လည်း ဘယ်သူမှ အာမမခံနိုင်ပါ၊ အားလုံးက မိမိ ကိုယ်ပိုင်အရည်အချင်းပေါ်သာ မူတည်တာပါ။

Dubai လာပြီး အလုပ်လာရှာဖို့ Package အလိုက် စျေးတွေတင်ပြီးရောင်းချနေတဲ့ agency တွေ ၊ Individual တွေကို
လည်း သတိထားရှောင်ရှားကြပါ၊ လေယာဉ်လက်မှတ်အတု၊ visa အတု၊ နေရာထိုင်ခင်းစီစဉ်ပေးတယ်ဆိုပြီး ဒီရောက်မှ ဖြစ်သလိုနေရာမှာ စီစဉ်ပေးတာမျိုးတွေ ၊ အလုပ် offer letter အတုပေးတာတွေ စတဲ့ scammers တွေအများကြီးမို့ မလာခင်ကတည်းက ဒူဘိုင်းရောက်နှင့်ပီးသား မိမိ ပတ်ဝန်းကျင်က မိတ်ဆွေတွေနှင့် တိုင်ပင်မေးမြန်း စုံစမ်းကြပါ။ UAE group ထဲမှာလည်း အချိန်မရွေးပို့စ်တင်ပြီး မေးမြန်းနိုင်သလို Sue ကိုလည်း အချိန်မရွေးတိုက်ရိုက်စာပို့ပြီး မေးမြန်းနိုင်ပါတယ်။

အခုလိုအချိန်မျိုးမှာ မတော်လောဘ အမြတ်အများကြီးတင်ပြီး စီးပွါးဖြစ်လုပ်စားမနေပဲ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြရအောင် 🫶

အိမ်ခြံမြေ careers နဲ့ပက်သက်လို့ လုပ်ကိုင်ချင်တယ်ဆိုပြီး ခဏခဏလာမေးနေကြတဲ့ Juniors တွေကိုလည်း သေချာလေး guideline ပေးပေးပါ့မယ်၊ ဒူဘိုင်းမှာ အိမ်ခြံမြေ career sectors က အရမ်း challenging ဖြစ်ပြီး competitive ဖြစ်တာကြောင့် မိတ်ဆွေတို့နဲ့ ကိုက်ညီမှုရှိမရှိရယ် သေချာလုပ်ကိုင်နိုင်မလားအပေါ်လည်း တိုင်ပင်ဆွေးနွေးပေးပါ့မယ်။


(Japanese version is below)⚫︎ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်⚫︎査証申請に関するお願い ယခုအချိန်တွ...
01/03/2024

(Japanese version is below)
⚫︎ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်
⚫︎査証申請に関するお願い

ယခုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများ အလွန်များပြားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏ ရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပါမည်။

現在、査証の申請が大変混み合っております。つきましては、申請が円滑になるように、電話での予約受付を一時取り止め、当面の間はメールでの受付のみ行うこととしたく、ご理解を頂きますようお願い申し上げます。
メールでの申請は、以下のURLをご参照ください。回答まで少々時間がかかる場合がありますが、一度メールを頂ければ、確実に対応しますので安心してください。
電話での予約受付を再開する際には、改めてお知らせします。

【英】https://www.mm.emb-japan.go.jp/itpr_en/consular_en.html
【日】https://www.mm.emb-japan.go.jp/itpr_ja/consular_ja.html
【緬】https://www.mm.emb-japan.go.jp/itpr_my/consular_my.html

Crd

29/02/2024

Visit Visa နဲ့ အလုပ်ရှာခြင်း
…..
ဒီနိုင်ငံကနေပဲ အလုပ်လှမ်းလျောက်ပြီးမှ သွားလို့ရသလားဆိုတော့… ရပါတယ်။ ဒီလိုပဲ အလုပ်လှမ်းလျောက်ပြီးမှ သွားကြတာတွေလည်း များပါတယ်။ ဒါပေမယ့် အခုကာလမှာ လေယာဉ်လက်မှတ်က ချက်ခြင်းဆိုသလို ဝယ်လို့မရတာရယ်.. အခြားစာရွက်စာတမ်းတွေရယ်ကြောင့် အလုပ်ရှင်တွေအနေနဲ့ ခက်ခဲပါတယ်။ လူကိုယ်တိုင် အဲ့နိုင်ငံမှာရှိနေရင် ပိုလွယ်ကူတာကြောင့် အများစုဟာ.. အလုပ်ရရ/ မရရ ဆိုပြီး စွန့်စားပြီး visit visa နဲ့ အလုပ်ရှာကြပါတယ်။ ဒီနေရာမှာတော့ Thailand/ UAE/ Singapore ၃ နိုင်ငံကို ပြောပြပေးမှာပါ။
….
(၁) Thailand

14 ရက် visa/ ၃ လ visa ဆိုပြီး ၂ မျိုးရှိပါတယ်။ 3 လ visa ကိုတော့ သံရုံးမှာ လျောက်ရပါတယ်။ bank statement 3 လစာ/ လေယာဉ်လက်မှတ် အသွားအပြန်/ ဟိုတယ် booking/ passport/ form/ ဓာတ်ပုံ/ dollar 40 လိုအပ်ပါတယ်။ ကြာချိန် working day 3 ရက်ပါတဲ့။

၁၄ ရက် visa နဲ့တော့ အလုပ်ရှာရတာခက်မှာပါ။ ဒါကြောင့် ထိုင်းဘက်ကို သွားမယ်ဆိုရင် ၃ လ visa လျောက်ပြီးမှ သွားဖို့ အကြံပြုချင်ပါတယ်။

ထိုင်းဘက်မှာတော့ ဘာသာစကားမတက်ကျွမ်းရင် အလုပ်ရှာရတာ အခက်အခဲရှိနိုင်ပါတယ်။ IT industry တွေကတော့ အလုပ်ဖြစ်ကြပါတယ်။
…..
(၂) UAE (dubai)

အများအားဖြင့်ကတော့ Dubai လို့ပဲ သိကြပါတယ်။ တကယ်တော့ UAE မှာ 7 မြို့ရှိပါတယ်။ UAE ကို သွားဖို့ဆိုရင် ၁ လ visa/ ၃ လ visa လျောက်လို့ရပါတယ်။ English လို အားလုံးပြောကြတာမို့ English စာတတ်ရင် ရပါတယ်။

အလုပ်ရှာဖို့ဆိုရင် ၃ လ visa ဝယ်ဖို့ အကြံပေးလိုပါတယ်။ ဟိုရောက်မှ extension တိုးရင် စျေးများလို့ပါ။ overstay ဖြစ်သွားရင် ၁ ရက်ကို AED 100 ပေးရပါတယ်။

လေယာဉ်လက်မှတ်က - တစ်ကြောင်းစာ USD 800 ဝန်းကျင်လောက်ရှိပြီး Visa က USD 250 ဝန်းကျင်ရှိပါတယ်။ နေစား စရိတ်က တစ်လကို အနည်းဆုံး USD 400 ဝန်းကျင်လောက် ကုန်ပါမယ်။

Dubai ကတော့ အဓိက Hotel/ F&B တွေအတွက်ပဲအဆင်ပြေပါတယ်။ Middle East မှာရှိတဲ့ အခြားနိုင်ငံတွေမှာလည်း အလုပ်အကိုင်ရှားပါးလာတဲ့အတွက် UAE ဟာ အားလုံးအတွက် အလုပ်အကိုင်ရှာဖွေရေး နယ်မြေဖြစ်လာပါတယ်။ ဒါ့အပြင် African တွေလည်း များပါတယ်။ ဒါကြောင့် စျေးကွက်ကလည်း ပျက်လာပါတယ်။

နေရုံ/ စားရုံ လောက်ပဲ ဝင်ငွေရပြီး.. အလုပ်ချိန်လည်း အင်မတန်များပါတယ်။ ခေါင်းပုံဖြတ်တဲ့ အလုပ်ရှင်တွေကလည်း များပါတယ်။

ရာသီဥတုကတော့ ဆောင်းရာသီကလွဲလို့ ကျန်တဲ့အချိန်က တနေကုန် ပူနေတာပါ။ ညဘက်လည်း ပူပါတယ်။ ရေဆိုရင်လည်း လောင်နေတာပါပဲ။ ရာသီဥတုနဲ့တင် အတော် struggle လုပ်ရပါတယ်။

ဝင်ငွေကတော့ နေ/စား စရိတ်မပေးဘူးဆိုရင် အနည်းဆုံး ၂၅၀၀ AED လောက်မှ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ပုံမှန် လစာတွေက AED ၂၅၀၀ - ၃၀၀၀ ဝန်းကျင်လောက် ပုံမှန်ရကြပါတယ်။ 1 USD - 3.6 AED ပါ။

အလုပ်ရှာမယ်ဆိုရင် ၃ လစာလောက် ငွေကို ယူလာဖို့လိုပါတယ်။ Hotel ပိုင်း F&B ပိုင်းဝင်ရင် အလုပ်ပေါပါတယ်။ ဒါပေမယ့် Hotel ပိုင်း F&B ပိုင်းတွေကလည်း အလုပ်ချိန် ၁၀ နာရီဆို ၁၀ နာရီလုံး မတ်တပ်ရနေရတာပါ။

Engineering အလုပ်တွေရော ရှိသလားဆိုတော့ ရှိပေမယ့် ရှားပါတယ်။ Dubai မှာတော့ construction sector ဘက်မှာ အလုပ်အကိုင်က ရှားပါးလာပါတယ်။ Abu Dhabi ဘက်မှာတော့ အသစ်တည်ဆောက်တာတွေ ရှိတဲ့အတွက် အဲ့ဘက်မှာတော့ chance ပိုများနိုင်ပါတယ်။ Engineering sector အတွက်တော့ သိပ်အားမပေးပါဘူး။ ဝင်ငွေလည်း နည်းပါတယ်။ ဝင်ငွေကောင်းတဲ့သူတွေရှိပေမယ့် ၁၀၀ မှာ ၁ ယောက်တောင် မသေချာပါဘူး။

ပညာတတ်တွေအတွက်တော့ အခွင့်အလမ်းဆိုတာ ပခုံးချင်းတိုက်ပြီး ရှာရတာမို့.. သိပ်မလွယ်ကူပါဘူး။ visa သက်တမ်း ၃ လကုန်သွားရင်လည်း visa ၃ လစီ ထပ်ဝယ်လို့ရပါတယ်။

Visit visa နဲ့ အလုပ်လုပ်ရင် တရားမဝင်ဖြစ်ပြီး ဖမ်းမိရင် ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံနိုင်ပါတယ်။

ဒီလောက်ခက်ခဲတာ ဘာလို့ပြန်မလာကြတာလဲလို့ မေးရင် .. အများစုက ပြန်ဖို့ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်လို့/ မြန်မာပြည်ပြန်ရင်လည်း ဘာမှလုပ်စရာမရှိလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် ကြိတ်မှိတ်လုပ်နေကြတာများပါတယ်။

Safe ဖြစ်လာလို့ ပြောရင်တော့ safe ဖြစ်တဲ့ နိုင်ငံလို့ ပြောလို့ရပါတယ်။ ရထား/ Tram စတဲ့ Transport system တွေမှာ မိန်းကလေးအတွက် သီးသန့်စီးလို့ရမယ့် ရထားတွဲတွေ ရှိတဲ့အပြင် bus ကားတွေမှာဆိုရင်လည်း ထိုင်ခုံနေရာကအစ မိန်းကလေးကို ဦးစားပေးပါတယ်။

ဘယ်လိုပဲဆိုပါစေ.. အလုပ်အကိုင်အတွက်ကတော့… Personally အရတော့ UAE ကို Not Recommended ပါ။
……
(၃) စင်္ကာပူ

စင်္ကာပူသွားဖို့ပြင်ဆင်ရင်တော့ လေယာဉ်လက်မှတ် အသွား/ အပြန် လိုအပ်ပါမယ်။ 500 USD ဝန်းကျင်တော့ ကျပါတယ်။ အပြန်လက်မှတ်ကို booked လက်မှတ် ပြလို့မရပါဘူး။ အမှန်အကန် ဝယ်ထားတဲ့ လက်မှတ်ဖြစ်ရပါမယ်။

နေစရိတ်က ၁ လကို SGD ၄၅၀-၆၀၀ ကြား အနည်းဆုံးရှိပါတယ်။ စားစရိတ်က ၄၀၀-၅၀၀ ကြား/ သွားလာစရိတ်က ၁၀၀ ဝန်းကျင်ရှိပါတယ်။ အိမ်ခန်းရှာရတာ ခက်တာမို့ မလာခင် ၁ လလောက် ကြိုရှာထားပါ။

စလုံးမှာ အလုပ်လာရှာမယ်ဆိုရင် အလုပ်ရသည်ဖြစ်စေ.. မရသည်ဖြစ်စေ.. pass လျောက် ဘာညာ ၂ လ ဝန်းကျင်လောက်အချိန်လိုအပ်ပါတယ်။

စင်္ကာပူရောက်တဲ့အခါ.. ပထမဆုံး ဖြတ်သန်းရမယ့် အခက်အခဲက Immigration ပါ။ အပြန်လေယာဉ်လက်မှတ်စစ်ပါတယ်။ ဘာကြောင့်လာတာလဲ မေးပါလိမ့်မယ်။ လည်လည်ဝယ်ဝယ် မဖြေနိုင်ရင် ပြန်လွှတ်ပါလိမ့်မယ်။

အလုပ်လျောက်တဲ့အခါမှာ Job streets, Job Central, Linked In, Jobs Db website တွေကနေ တနေ့စာ တင်တဲ့ job post ရုံးတွေရဲ့ email address ကို သူတို့ရဲ့ ကိုယ်ပိုင် Website တွေကနေ ရှာပြီး တင်ပါ။ Job Street ကနေ ဒီတိုင်းလေး ထိုင်မကလစ်နေပါနဲ့။ အဲ့လိုဆို ဘာမှ မထူးသလောက်ပါပဲ။

အလုပ်ရှာချိန်က ၁ လလည်း ဖြစ်ချင်ဖြစ်မယ် ၂ လလည်း ဖြစ်ချင်ဖြစ်မယ်။ စိတ်ဓာတ်မကျဘဲ ရှာပါ။

Arrival 3 ပတ်ပြည့်ရင် extension တိုးရပါတယ်။ extension တိုးရင် SGD 30 ပေးရပါတယ်။ ICA app ကနေ တိုးလို့ရပါတယ်။ ကိုယ်က Visit pass နဲ့လာတာဖြစ်တဲ့အတွက် Visit နဲ့ ပတ်သတ်တဲ့ အကြောင်းပြချက်ပေးပြီးတိုးပါ။ တစ်ယောက်နဲ့ တစ်ယောက်တိုးပေးတဲ့ သက်တမ်းမတူပါဘူး။ ၁ ပတ်လည်း ဖြစ်ချင်ဖြစ်မယ် ၂ ပတ်လည်း ဖြစ်ချင်ဖြစ်မယ် အများဆုံးက ရက် ၃၀ ပါ။

ရက် ၃၀ မရလို့ နောက်ထပ် extension တိုးချင်ရင် တိုးလို့ ရပါသေးတယ်။ အကယ်၍ ကြားထဲမှာ အလုပ်ရသွားလို့ pass လျောက်တုန်း extension တိုးရင် ငါ pass လျောက်ထားလို့ extension တိုးချင်တယ်ဆိုပြီး တိုးရင်လည်း extend တိုးပေးပါတယ်။ reject ထိမှာ စိုးပြီး လျောက်ရေးရင်တော့ သေချာပေါက် reject ထိမှာပါ။ extension တစ်ခါတိုးပြီး နောက်တစ်ခါတိုးရင်တော့ ပိုက်ဆံထပ်မပေးရဘဲ. ပထမတစ်ခါအပါ စုစုပေါင်း ရက် ၃၀ ပြည့်အောင်တိုးပေးပါတယ်။

ဘာတန်တို့ ဘာတို့ stay ရှောင်တာကိုတော့ အားမပေးပါဘူး။ အခုနောက်ပိုင်း စင်္ကာပူဘက်ကို ပြန်ပေးမဝင်တော့ဘဲ Reject ဖြစ်တာမျိုးတွေရှိပါတယ်။ Reject ဖြစ်ဖူးသွားရင် လေယာဉ်နဲ့ ပြန်ဝင်ဖို့ကလည်း ခက်ပါလိမ့်မယ်။

အလုပ်လျောက်မယ်ဆိုရင် HR တွေအကြောင်း သိထားဖို့လိုပါမယ်။ HR တွေက Job Description က Key Point တွေကိုပဲ ကြည့်တာပါ။ လုပ်ငန်း သဘောသဘာဝကို နားလည်တဲ့ HR ရှားပါတယ်။ Revit ဆိုရင်မသိဘဲ BIM လို့ပြောမှ နားလည်တဲ့ HR လည်းရှိပါတယ်။ ဒါကြောင့် CV ရေးတဲ့အခါ highlight လုပ်နိုင်ဖို့လိုပါတယ်။

၂ လနေရင် သေချာပေါက် အလုပ်ရမှာလားဆိုရင် မသေချာဘူးလို့ပဲပြောပါရစေ။ အလုပ်က တော်တယ် တတ်တယ် ဆိုတာထက်.. ကံနဲ့လည်း အများကြီးဆိုင်ပါတယ်။ Percentage တော့မနည်းပါဘူး။ ကိုယ်ကတော့ ထွက်လာဖို့ အားပေးပါတယ်။ မြန်မာပြည်ကနေလှမ်းလျောက်လို့ရတာလည်း ရှိပေမယ့်လို့ အထိုင်ရှိတဲ့သူကို ဦးစားပေးတာမျိုးရှိတာကြောင့် chance ကတော့ ပိုများပါတယ်။

Risk က ဘာရှိမလဲဆိုရင်.. immigration တစ်ချက်ရယ်/ Extension ရမရရယ်/ လာပြီးမှ အလုပ်မရလို့ ပြန်သွားလို့ရှိရင် ကုန်ကျမယ့် ကုန်ကျစရိတ်ရယ်/ စိတ်ဓာတ်ရယ်ပါပဲ။.. ဘာပဲဖြစ်ဖြစ် ပြန်သွားရတယ်ဆိုရင်တောင် စိတ်ဓာတ်မကျဘဲ ဆက် try နေပါ။

ရာသီဥတုရော.. နေရ စားရတာရော. စလုံးကတော့ အဆင်ပြေပါတယ်။ ဘာသာစကားကတော့ English လိုတက်ရင် တော်တော်အဆင်ပြေနေပါပြီ။ တရုတ်စာတတ်ရင်တော့ advanced ဆိုပေမယ့် လိုအပ်ချက်ကြီးရယ်တော့ မဟုတ်ပါဘူး။

အသေးစိတ်သိချင်ရင်တော့ စင်ကာပူအကြောင်း sharing အမြဲလုပ်နေတဲ့ Geo Surveyor တို့လို့ အကိုတွေရဲ့ blog တွေမှာ ဖတ်ကြည့်လို့ရပါတယ်။


STR

25/02/2024

မြန်မာနိုင်ငံသား လူငယ်လေးတွေ 👏👏🎉

25/02/2024

သံရုံး သွားစရာ မလိုဘဲ အွန်လိုင်းကနေ ဗီဇာ တင်လို့ ရသော နိုင်ငံများ

1. UK
2. Australia
3. Canada
4. New Zealand
5. Netherlands
6. Vietnam
7. Malaysia
8. UAE

သံရုံးသွားရသော်လည်း အင်တာဗျူး ဖြေစရာမလိုဘဲ စာရွက်စာတမ်း ထပ်ပြီး ပြန်လာရသော နိုင်ငံများ

1. Ireland
2. Germany
3. Thailand
4. Poland

သံရုံးလည်း သွားရသလို တစ်ဆင့် မဟုတ် တစ်ဆင့်မှာ အင်တာဗျူး ဖြေရသော နိုင်ငံများ

1. USA
2. Czech Republic
3. France

မြန်မာနိုင်ငံတွင် တင်လို့ မရသောကြောင့် ထိုင်းနိုင်ငံတွင် ဗီဇာ တင်ရသော နိုင်ငံများ

1. Ireland
2. Poland
3. Czech Republic
4. Belgium

ဒေးဗစ်



ထိုင်းသံရုံးမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်နဲ့ စံချိန်တင်နေပြီး ထိုင်းလာမယ့်သူများအတွက် 👇‼️✅ထိုင်းသံရုံးဟာ...
25/02/2024

ထိုင်းသံရုံးမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်နဲ့ စံချိန်တင်နေပြီး ထိုင်းလာမယ့်သူများအတွက် 👇‼️✅

ထိုင်းသံရုံးဟာဆိုရင် အွန်လိုင်းလက်မှတ် တန်းစီတဲ့အရေအတွက်ကို ၂ ဆတိုးမြှင့်ပေးထားပြီး ၁ ရက်ကို ၈၀၀ အထိ လက်ခံပေးထားတဲ့ သတင်းကောင်းတစ်ခုလည်း ရှိလို့နေပါတယ်။

မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်ဟာဆိုရင် ထိုင်းနိုင်ငံမှာ နေထိုင်ဖို့အတွက် အလည်အပတ်ဗီဇာကို လူအုပ်ကြီးများဖြင့် လျှောက်ထားနေတာကို မြင်ရပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေသစ် ကြေညာပြီးနောက်မှာ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ လူပေါင်း ၇,၀၀၀ ကျော် ဗီဇာ လျှောက်ထားနေကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အရ သိရပါတယ်။

မတ်လ ၁ ရက်နေ့အထိ ဘိုကင်နေရာပြည့်သွားပြီး လျှောက်လွှာ အရေအတွက်ဟာ ဆက်လက်တိုးမြင့်လာနိုင်ပါသေးတယ်။

မြန်မာနိုင်ငံသားတွေဟာ ဗီဇာ မလိုဘဲ ထိုင်းနိုင်ငံကို လာရောက်နိုင်ပြီး အများဆုံး ၁၄ ရက်နေလို့ရပါတယ်။

ဧပြီလကစလို့ အသက် ၁၈ မှ ၃၅ အတွင်း လူငယ်တိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ကြေညာပြီးနောက် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာဟာ နိုင်ငံကို စွန့်ခွာနေကြပါတယ်။

ထိုင်းသံအမတ်တစ်ဦးကတော့ ထိုင်းနိုင်ငံကို လာရောက်ခိုလှုံကြတဲ့ မြန်မာလူငယ်တွေကို တတ်နိုင်သလောက် ကူညီသင့်ကြောင်း ပြောဆိုထားပါတယ်။ 😍

PP QR Service Online Booking ‼️‼️Passport QR Appointment Letter 🎉ခု Onlie Booking ကရန်ကုန်ရုံးအပါဝင် မန္တလေးရုံး နေပြည်တ...
25/02/2024

PP QR Service Online Booking ‼️‼️
Passport QR Appointment Letter 🎉

ခု Onlie Booking ကရန်ကုန်ရုံးအပါဝင် မန္တလေးရုံး နေပြည်တော်ရုံး ပဲခူးရုံး ပုသိမ်ရုံး တို့မှာပါဒီနေ့ကစပီတင်လို့ရနေပါပီ

အထူးသတိထားရမှာ ရန်ကုန်ရုံးတစ်ခုသာ ပြည်နယ်/တိုင်းဒေသကြီးကလူတွေအကုန်လာလုပ်လို့ရတာ၊ ကျန်တဲ့ရုံးတွေက သက်ဆိုင်ရာအိမ်ထောင်စုစာရင်းသာလုပ်လို့ရတယ် နယ်ကျော်ပီသွားလုပ်လို့မရပါ Booking မှားတင်ထားမိလို့သူ့ပြည်နယ်အိမ်ထောင်စုစာရင်းမဟုတ်ရင် လက်ခံဆောင်ရွင်ပေးမှာမဟုတ်သလို သွင်းထားတဲ့ငွေလဲပြန်အမ်းပေးမည်မဟုတ်ပါ၊ ဒါကြောင့်တိုင်း‌ဒေသကိုသေချာလေးရွေးပေးကျပါ

ကိုယ်ရေးအချက်လက်ဖောင်ဖြည့်တဲ့နေရာရဲ့ အပေါ်ဆုံးမှာ ကိုယ်ရွေးထားတဲ့ ရုံးအမည်ဖော်ပြပေးထားပါတယ် အောက်မှာပုံတွေပါတွဲတင်ပေးထားပါတယ်

ရန်ကုန်ရုံး Online Booking Qr စနစ်
✅ မည်သည့် ပြည်နယ်/တိုင်းဒေသကြီး မဆိုလာလုပ်လို့ရပါတယ်

မန္တလေးရုံး Online Booking Qr စနစ်
✅ မန္တလေးတိုင်းအိမ်ထောင်စုစာရင်းတွေသာ
❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

နေပြည်တော်ရုံး Online Booking Qr စနစ်
✅ နေပြည်တော် ၈ မြို့နယ်အိမ်ထောင်စုစာရင်းတွေသာ
❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

ပဲခူးရုံး Online Booking Qr စနစ်
✅ ပဲခူးတိုင်းအိမ်ထောင်စုစာရင်းတွေသာ
❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

ပုသိမ်ရုံး Online Booking Qr စနစ်
✅ ဧရာဝတီတိုင်း အိမ်ထောင်စုစာရင်းတွေသာ
❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ သတ်မှတ် ပြည်နယ်/တိုင်းကိုကြည့်တာ လက်ရှိကိုယ်နာမည်ပါတဲ့ အိမ်ထာင်စုစာရင်း ပုံစံ ၆၆ ကိုသာကြည့်တာပါ မှတ်ပုံတင်မှာပါတဲ့ မျဉ်းစောင်းကိုမကြည့်ပါဘူး

Online Booking စတင်တော့မယ်ဆို လျှောက်ထားရန်ကိုနှိပ်လိုက်တာနဲ့ နောက်တစ်ဆင့်ရောက်ပီဆို လျှောက်ထားလိုသည့်ရုံးမှာ (ပုံ ၁) ကိုယ့်အိမ်ထောင်စုပါတဲ့ တိုင်းဒေသကြီးကိုရွေးပါ နောက်တစ်ဆင့် ကိုယ်ရေးအချက်လက်ဖောင်ဖြည့်တဲ့နေရာရဲ့အပေါ်ဆုံးမှာ ကိုယ်ရွေးထားတဲ့ တိုင်းဒေသကြီး ဟုတ် မဟုတ် သေချာပြန်စစ်ပါ မှန်တယ်ဆိုမှ အချက်လက်ဖြည့်ပီတင်လိုက်ရုံပါဘဲ

Online Booking တင်ရန် ➡️ www.passport.gov.mm

ဒီထဲမှာမပါတဲ့ ကျန်တဲ့ပြည်နယ်/တိုင်းဒေသတွေက အရင်အတိုင်းရုံးကိုသွားပီရက်ချိန်းတိုကင်သွားယူရမှာ

****************************

“ Passport QR Form Service “
Passport Appointment Letter
ဖောင်လျောက်ပေးပါတယ်🙆‍♂️

▪️bank သွင်း (35000)kyats
▪️Services Charges (20000)kyats

လူဦးရေ (၇)ဦးနဲ့ အထက် (၁)ဦး Free
အိမ်ထောင်စုစာရင်း/ မှတ်ပုံတင် လိုအပ်ပါသည်
ချက်ချင်းလျောက် ချက်ချင်းရပါ🤗

Passport (ygn) ရုံးတွင်း
🔹VVIP Services
🔹VIP Services
များအပြင် လူကြီးမင်းတို့ရဲ့ ပတ်စပို့နဲ့ ပက်သက်တဲ့ ဘယ်အရာမဆို အကြံညဏ်ရယူမေးမြန်းနိုင်ပါတယ်။





*******************************

More Information ℹ️

✅ဈေးနှုန်းသက်သာရမယ်
☑️မြန်ဆန်တိကျရမယ်
✅ဝန်ဆောငိမှု့ကောငိးရမယ်
☑️လုံခြုံစိတ်ချရမယ်

************************

♦️STR Facebook Messenger မှာ သိလိုသမျှကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်🙆‍♀️

☑️အခြားသော ကိစ္စများအားလုံးကို အဆင်ပြေ လွယ်ကူချောမွေ့အောင် ဝန်ဆောင်မှု့ ပေးနေပါပီ🙆‍♂️

☑️အသေးစိတ် သိလိုသူများ 🤙ဘာလိုလို

" STR " One Stop Service
📬Contact Us !
☑️Official STR page Chatbox
📱09981507505

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဆယ်တန်းအောင်ပြီးကျောင်းနားထားရတဲ့ လူငယ်တွေ၊ တက္ကသိုလ်တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတဲ့သူတွေပိ...
23/02/2024

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဆယ်တန်းအောင်ပြီးကျောင်းနားထားရတဲ့ လူငယ်တွေ၊ တက္ကသိုလ်တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတဲ့သူတွေပိုလျှောက်သင့်ပါတယ်။ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ ဖိလပိုင်မှာ စားရိတ်ငြိမ်းအပြည့်အဝသွားတက်ရမဲ့ အစီအစဉ်ပါ။ အသက် (၄၀) ထိလျှောက်လို့ရပါတယ်။ (၄၀) ကျော်ရင်လည်း Profile ကြည့်ပြီးချွင်းချက်စဉ်းစားပေးမယ်ပြောပါတယ်။
Application Process ကတော်တော် ရိုးရှင်း လွယ်ကူပါတယ် Essay တောင်နှစ်ပုဒ်ပဲရေးခိုင်းတာပါ။ကျောင်းတက်တုန်းက အမှတ်စာရင်းတွေမရှိလည်း လျှောက်ကြည့်လို့ရတယ်လို့ ပြောသွားပါတယ် (ရရင်ပိုကောင်းပါတယ်)
ဒီနိုင်ငံအတွက်လိုအပ်လို့ Special Project အနေနဲ့ သီးသန့် ပေးချင်လို့ဖန်တီးပေးထားတဲ့ Scholarship Program ပါ။ Online ကနေပဲ ဖြည့်စရာရှိတာဖြည့် ထိုင်လျှောက်ယုံပါ Scholarship ရတာနဲ့ ကျောင်းပါကူလျှောက်ပေးမှာ
လျှောက်ဖို့ IELTS/TOEFL မလိုအပ်ပါ ကျောင်းတက်ဖို့ ပြင်ဆင်ဖို့ လိုအပ်တဲ့သင်တန်းကအစကူညီပေးသွားမှာဖြစ်ပါတယ်
Bachelor, Master, Diploma, Short Course အကုန်ပါတယ် လူဦးရေ ၁၀၀ ကနေ ၁၅၀ အထိ ပေးမည့် မြန်မာပြည်အတွက် သီးသန့် အစီအစဉ်ပါ
ကုန်ကုန်ပြောရရရင် ထမင်း နဲ့ ဟင်းကို ပန်းကန်ထဲထည့် ဇွန်းခရင်းတပ်ပြီး ခွံကျွေးတဲ့ပုံစံပါ ဝါးပြီးမျိုချတဲ့အလုပ်လေးတော့ မိမိကိုယ်ကိုအားထုတ် ဖို့လိုပါတယ်
ဒီမှာဝင်လျှောက်ရမှာပါ
https://www.iie.org/programs/usaid-diversity-and-inclusion-scholarship-program/?fbclid=IwAR3GneUdE8zZ75I3JYvrupE1UB8Io6R8bjGErKE2dKeF3-Ru9oJ7YJxFJrw
https://myapp.iie.org/apply/?sr=bc974283-c66f-455a-ab83-7a0c706b28fd&fbclid=IwAR2TQ6k-JuSWHPtYuWtUESjdlXgCtydsW459g9R2Kr8njPIR8bqJ8pZHzII
https://myapp.iie.org/apply/?sr=5ad17eee-55ab-473f-a883-b2b2f41527b4&fbclid=IwAR2YRcofZ5Hou_l3VxB6X7n6VtX-Ujv5luWhs2xh5NyesrDmSIo5xpmn20I
တိုင်းပြည်အတွက် ဘာကောင်းကျိုးမှ မပေးခဲ့တဲ့ သူတွေ စာစီစာကုံးကောင်းကောင်းတွေ ဟန်ပြရေးပြီး သွားတက်နေကြမှာဆိုရင်တော့ နှမျောမိသား ..




လျောက်ဖြစ်စေချင်တယ် 🙆‍♂️🎉

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Telephone

+959981507505

Website

Alerts

Be the first to know and let us send you an email when Shining Star Travel & Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shining Star Travel & Tour Agency:

Videos

Share

Category

Nearby travel agencies