QUEEN Travel & Tours

QUEEN Travel & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from QUEEN Travel & Tours, Tour guide, No. 18/Kanaung (12) Street/19 Quarter/Shwe Pauk Kan township, Yangon.
(27)

Happy Mother's day 💐🌷
08/05/2022

Happy Mother's day 💐🌷

20/02/2022
-အမေများနေ့ (Mother's Day)ဟာ ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့အဖြစ်နှစ်စဉ် မေလ ဒုတိယပတ်၊ တနင်္ဂနွေနေ့ကို “အမေများ...
10/05/2020

-အမေများနေ့ (Mother's Day)ဟာ ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့အဖြစ်နှစ်စဉ် မေလ ဒုတိယပတ်၊ တနင်္ဂနွေနေ့ကို “အမေများနေ့”ဟု နိုင်ငံအများစုက သတ်မှတ် ကြပါတယ်။ မြန်မာနိုင်ငံမှာ အမေများနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့မှာ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအလိုက် မတူညီသော ရက်များတွင် အမေများနေ့ကို ကျင်းပကြပါတယ်။

- ရှေးဟောင်း ဂရိရောမခေတ်မှ စတင်ကာ ဒီနေ့ခေတ်အထိ အမေများနေ့ကိုကျင်းပနေကြဆဲဖြစ်ပါတယ်။ နောင်တွင်လည်း အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြဦးမှာ မလွဲပါ။ အမေများနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910)ဖြစ်ပါတယ်။ သူမဟာ ကျော်ကြားတဲ့ စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်အောင် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

- အမေများနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်တဲ့ ကျေးဇူးရှင်တစ်ဦးဖြစ်ပါတယ်။ Juil Ward Home နှင့် Anna Jarvisတို့၏ ကြိုးပမ်းမှု များကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း အမေများနေ့ကျင်းပနေခဲ့ကြတာဖြစ်ပါတယ်။

- အင်္ဂလန်နိုင်ငံမှာ မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိပါတယ်။ ထိုနေ့မှာ အမေအားလုံးဟာ တူညီဝတ်စုံများကို ဝတ်ဆင်ပြီး အခမ်းအနားကျင်းပတဲ့နေရာကို ရောက်လာတဲ့အခါ သားသမီးများက အမေများရဲ့ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါတယ်။

- မြန်မာပြည်မှာ စာရေးဆရာ ဒါရိုက်တာ ဦးသုခရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ ပြီးမြန်မာ့ပြက္ခဒိန် မှာ ပြာသိုလပြည့် အမေများနေ့အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး “မာတာပိတုဂုဏောအနန္တော”ဆိုပြီး ပူဇော်ခဲ့၊ အရိုအသေပေးခဲ့ကြပါတယ်။

- ဆရာကြီး ဦးသုခက အမေများနေ့ ဖြစ်လာအောင် ကြိုးပမ်းပေးသူ ဖြစ်ပါတယ်။ ၁၉၉၅ - ခုနှစ်၊ ပြာသိုလ်လပြည့်နေ့မှာ စာရေးဆရာ ဦးသုခ တိုက်တွန်းပြောပြချက်အရ မန္တလေးမြို့မှာ အမေများနေ့ကို ပထမဦးဆုံးစတင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိဘကျေးဇူးဆပ်နည်းစတဲ့ ဗဟုသုတပညာပေးများဟောပြောခြင်းဖြင့် ခေတ်လူငယ်တွေကို အသိပညာဗဟုသုတ တိုးပွားစေလိုတဲ့ ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီကမ္ဘာရဲ့ အလင်းရောင်ကို မြင်တွေ့နိုင်အောင် ခေါ်ဆောင်ပေးခဲ့တဲ့ အမေ၊ ကူကယ်ရာမဲ့မျက်စိသူငယ် နားသူငယ်ဖြစ်နေတဲ့ ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့အမေ၊ ဘဝမှာ အစစအရာရာ အဆင်ပြေပြေနဲ့ သက်တောင့်သက်သာဖြစ်အောင် လုပ်ဆောင်ပေးခဲ့တဲ့အမေ့အတွက်၊ ကျေးဇူးတွေ ရေတွက်လို့ မကုန်နိုင်အောင် များပြားလွန်းတဲ့ အမေ့အတွက် အနည်းဆုံး ပြာသိုလပြည်နေ့ တစ်ရက်လောက်မှာ အပြည့်အဝ အနားမှာ လိုသမျှ ဖြည့်ဆည်းပေးကြရအောင်ပါ။

ဇေယျတု

ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်း ________________________၁။  ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ...
06/05/2020

ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်း
________________________

၁။ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် စပ်လျဉ်း၍
(၁) ဗျာဒိတ် ခံယူတော်မူသောနေ့
(၂) ဖွားမြင် တော်မူသောနေ့
(၃) ဘုရားဖြစ် တော်မူသောနေ့
(၄) ပရိနိဗ္ဗာန်စံ တော်မူသောနေ့
ဤထူးခြားချက် လေးမျိုးနှင့် ပြည့်စုံနေပါသည်။
ထို့ကြောင့် ဤနေ့ကို 'ကဆုန်လပြည့် ဗုဒ္ဓနေ့' ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ကို 'ကဆုန်လပြည့် မာရ်အောင်နေ့' အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ 'ဝိဆခ်ဒေ' ဟုခေါ်ဆိုကြပါသည်။ ဝ်သာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊ ဖွားဘက်တော် ခုနှစ်ပါးတွင် စားရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤသို့ မြတ်စွာဘုရားနှငိ့ တိုက်ရိုက်ဆက်စပ်နေသည့် ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသောအကျိုးကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်း အကျိုးများကို ခံစားရကြောင်း (ထေရပါဒါန်) ကျမ်းဂန်၌ ဟောကြားထားကာသည်။

၈။ အထက်ပါအကြောင်းအရာကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿဿ စေတီတော်များကို
အနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပ၍ ကုသိုလ်ထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန၊သီလ၊ ဘာဝနာအမှုကိုပြုလုပ်၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အထူးဆင်နွှဲကြပါသည်။

မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို
(၁) ပွင့်ရာဗောဓိပင်အားရည်မှန်းခြင်း
(၂) ရေပြတ်ချိန်မှာ မညှိုးနွမ်းစေလိုခြင်းဟူသော အကြောင်းနှစ်မျိုးဖြင့် ကျင်းပခြင်းဖြစ်ပါသည်။
..မူရင်း

ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် မြန်မာတွေ သွားခွင့်မရှိတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာတဝန်း လတ်တလော ခရီးသွားကန့်သတ်ချက်တွေ ကိုရိုနာ...
17/03/2020

ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် မြန်မာတွေ သွားခွင့်မရှိတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာတဝန်း လတ်တလော ခရီးသွားကန့်သတ်ချက်တွေ

ကိုရိုနာဗိုင်းရပ်(စ်)လို့ခေါ်တဲ့ COVID-19 ရောဂါကူးစက်တာမြန်လို့ ကြောက်စရာနော်။ WHO က ကပ်ရောဂါလို့ သတ်မှတ်ပြီးနောက်မှာတော့ ကူးစက်ရောဂါကို ကာကွယ်ဖို့ နိုင်ငံတကာမှာ နိုင်ငံအဝင်ပိတ်တာတွေ လေကြောင်းလိုင်း Cancel လုပ်တာတွေ၊ ဗီဇာမပေးတော့တာတွေ၊ Quarantine လုပ်ခိုင်းတာတွေ တစ်နေ့တစ်ခြားပိုမိုများပြားလာပါတယ်။

မြန်မာမှာဆိုရင်လည်း သင်္ကြန်ပိတ်ရက်ခရီးသွားဖို့လုပ်ထားသူတွေ၊ လေယာဉ်လက်မှတ် ဖြတ်ထားသူတွေ စိတ်ညစ်နေကြမှာပါ။ Travel & Tour တွေ အစားလည်း စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒီတော့ လက်မှတ်ဖြတ်ထားပြီးပြီမလို့ ဘာပဲဖြစ်ဖြစ်သွားမယ်ဆိုသူတွေ၊ ကိစ္စရှိလို့ မသွားမဖြစ်သွားရမယ့်သူတွေအတွက် နိုင်ငံတကာက လတ်တလော ခရီးသွားကန့်သတ်ချက်တွေကို သိသလောက်ရေးလိုက်ပါတယ်နော်။ ကျန်ခဲ့တာတွေ အချက်အလက်မှားတာတွေ ရှိလဲ ထောက်ပြပါနော်။

-----------------------------------------------
မြန်မာရဲ့နိုင်ငံတကာခရီးသွား ကန့်သတ်ချက်
-----------------------------------------------
မြန်မာမှာရော နိုင်ငံခြားခရီးသွားတွေကို ကန့်သတ်မထားဘူးလား။ နိုင်ငံခြားကနေ ပိုးတွေ ကူးလာရင် ဒုက္ခပါပဲဆိုသူတွေအတွက် မြန်မာရဲ့ ကန့်သတ်ချက်တွေကို အရင်ရေးပေးလိုက်ပါတယ်နော်။
မြန်မာမှာ တရုတ်နိုင်ငံ Hubei ပြည်နယ်၊ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးနဲ့ ဂယောင်ဘက်ပြည်နယ်တို့ကို လွန်ခဲ့တဲ့ ၁၄ရက်အတွင်း သွားထားသူတွေကို ပေးမဝင်တော့ပါဘူး။ အဲ့ဒီနေရာတွေကနေ ပြန်လာတဲ့ မြန်မာတွေကိုလည်း ၁၄ရက်ကြာ စားရိတ်ငြိမ်း Quarantine လုပ်ပေးထားပါတယ်။ တောင်ကိုရီးယားကလာသူ ဘယ်သူမဆို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာပြခိုင်းပါတယ်။ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီကလာသူတွေ အဲ့နိုင်ငံတွေကို ၁၄ရက်အတွင်း သွားထားသူတွေလည်း ရောက်ပြီး ၁၄ရက်ကြာ ရောဂါလက္ခဏာရှိရှိ မရှိရှိ ဝေဘာဂီမှာ ၁၄ ရက်ကြာ Quarantine လုပ်ထားပါတယ်။

-----------------------------------------------
မြန်မာတွေ သွားလို့မရသေးတဲ့ နိုင်ငံတွေ
ÂŹ-----------------------------------------------
အခုလောလောဆယ်မှာ နိုင်ငံတကာခရီးသည် ဝင်ခွင့်ပိတ်ထားလို့ မြန်မာတွေ သွားလို့မရတဲ့ နိုင်ငံတွေကတော့ မလေးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ယူအေအီး (Dubai) ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ အီတလီ၊ နော်ဝေး၊ ပိုလန်၊ ဆားဘီးယား၊ ဆလိုဗားကီးယား၊ ယူကရိန်းနဲ့ ကနေဒါနိုင်ငံတွေပဲဖြစ်ပါတယ်။

----------------------------------
Quarantine လုပ်ခိုင်းတဲ့နိုင်ငံတွေ
-------------------------------------
စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ နီပေါ၊ ဗီယက်နမ်၊ အစ္စရေး၊ ြသစတြေးလျ ကိုသွားရင်တော့ ၁၄ရက်ကြာ Quarantine လုပ်ရပါမယ်။ ဘရာဇီး နိုင်ငံက ၇ရက်ကြာ Quarantine လုပ်ရမှာပါ၊ နယူးဇီလန်၊ လစ်သူရေးနီးယားဆိုရင်တော့ ၁၄ရက်ကြာ Self- Isolate လုပ်ရပါမယ်။

--------------------------------------------------------------------------------
နိုင်ငံတကာ ခရီးသွားကန့်သတ်ချက် (World WideTravel Restrictions)
--------------------------------------------------------------------------------
တခြားနိုင်ငံတွေကရော ဘယ်လိုတွေကန့်သတ်ထားလဲဆိုတာ သိရအောင် ရေးပေးလိုက်ပါတယ်နော်။
--------------
အာရှတိုက်
-------------
Cambodia မှာ မတ်လ ၁၇ ရက်ကစပြီး US၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်ကလာတဲ့ ခရီးသည်တွေကို ရက် ၃၀ suspension လုပ်ပါမယ်။

China မှာ ဘေဂျင်းမြို့နဲ့ရှန်ဟိုင်းမြို့ကို ရောက်လာသူတိုင်း ၁၄ရက် quarantine လုပ်ရပါမယ်။
ဟောင်ကောင်နဲ့ မကာအိုလည်း မတ်လ ၁၉ရက်ကစပြီး ဘယ်နိုင်ငံက ခရီးသွားမဆို ၁၄ရက်ကြာ self-quarantine လုပ်ရပါမယ်။

ထိုင်ဝမ်ကတော့ ဥရောပ ၂၆နိုင်ငံ၊ UK၊ Ireland နဲ့ Dubai က ခရီးသည်တွေကို ရောက်တဲ့နေ့ကစ ၁၄ရက် အိမ်မှာ Quarantine ထားပါတယ်။

အိန္ဒိယက မတ်လ၁၃ရက်နေ့ကတည်းက ဧပြီ၁၅ရက်နေ့အထိ တိုးရစ်ဗီဇာတွေကိုဆိုင်းငံ့ထားတာပါ။

အင်ဒိုနီးရှားမှာ တရုတ်၊ အီတလီ၊ တောင်ကိုရီးယား၊ အီရန်ကို ၁၄ ရက်အတွင်းသွားထားရင် ပေးမဝင်ပါဘူး။ Transit တောင် အဝင်မခံပါ။

ဂျပန်က တရုတ်Passport ကိုင်ထားသူအကုန် အဝင်မခံပါဘူး။ တရုတ်ပြည်က ဗိုင်းရပ်(စ်)ကူးစက်ခံရတဲ့ ပြည်နယ်တွေ၊ တောင်ကိုရီးယား၊ အီရန်နဲ့ အီတလီကို လွန်ခဲ့တဲ့ ၁၄ရက်က သွားထားသူတွေပါ အဝင်မခံပါဘူး။

မလေးရှားမှာ မတ်လ ၁၈ရက်ကစပြီး နို်င်ငံတကာကို အဝင်အထွက် ပိတ်လိုက်ပါပြီ။

နီပေါမှာ မတ်လ ၁၄ရက်ကစပြီး နိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ ဘယ်နိုင်ငံသားမဆို ရောက်တဲ့နေ့ကစပြီး ၁၄ရက် Self-Qurantine လုပ်ရပါမယ်။ Arrival Visa ကိုလည်း ဧပြီလ ၃၀အထိမထုတ်ပေးတော့ပါဘူး။ အရင် ဗီဇာရထားသူတွေကလည်း ၇ရက်အတွင်း စစ်ထားတဲ့ ကိုရိုနာဗိုင်းရပ်(စ်) အဖြေ Negative ဆိုတာ ပြရပါမယ်။ တရုတ်ကလာတဲ့ လေကြောင်းလိုင်း အကုန်လည်း ပိတ်ထားပါတယ်။

ဖိလစ်ပိုင်မှာတော့ မတ်လ၁၄ရက်ကတည်းက မနီလာမြို့တော်ကို ဘယ်သူမှအဝင်မခံသလို အထွက်လည်း မခံတော့ပါဘူး။

စင်္ကာပူကလည်း မတ်လ၁၅ရက်ကတည်းက လွန်ခဲ့တဲ့ ၁၄ရက်အတွင်း ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်သွားထားသူတွေကို အဝင်မခံသလို Transit တောင်ပေးမဝင်တော့ပါဘူး။ အဲ့နိုင်ငံတွေသွားထားသူတွေနဲ့ အာဆီယံနိုင်ငံသွားထားသူတွေ အာဆီယံကလာလည်သူတွေကိုလည်း ၂ပတ်ကြာ အိမ်မှာပဲနေပြီး Quarantine လုပ်ခိုင်းထားပါတယ်။

တောင်ကိုရီးယားမှာတော့ တရုတ် Hubei ပြည်နယ် ပတ်(စ်)ပို့ကိုင်ထားသူရော အဲဒီကို ၁၄ရက်အတွင်း သွားထားသူတွေရော အဝင်မခံပါဘူး။ Jeju ကျွန်းကို အရင်က ဗီဇာမလိုပေမဲ့ အခုတော့ Visa-free entry ကို ဆိုင်းငံ့ထားပါတယ်။

သီရိလင်္ကာမှာတော့ မတ်လ ၁၅ရက်နေ့ကစပြီး မတ်လ၃၀ရက်နေ့အထိ နိုင်ငံတကာကို အဝင်ရောအထွက်ပါ ပိတ်ထားလိုက်ပါပြီ။

ထိုင်းကတော့ မတ်လ၁၂ရက်နေ့ကစပြီး China, Korea, Hong Kong, Macau, Italy and Iran ကလာတဲ့သူတွေကို လေယာဉ်ပေါ်မတက်မီ coronavirus test Negative ဖြစ်ကြောင်း health certificate ပြရပါတယ်။ ဒေါ်လာတစ်သိန်း အနည်းဆုံးရှိတဲ့ Insurance လည်းပြရပါတယ်။
ထိုင်းမှာ အခုလေးတင်ပဲ သတင်းတက်လာပါတယ်။ VISA on Arrival တွေ မပေးတော့ဘူးတဲ့။ Visa လွတ်ငြိမ်းခွင့်လည်း မပေးတော့ပါဘူးတဲ့

Vietnam မှာတော့ မတ် ၁၅ရက်နေ့ကစပြီး ဥရောပနဲ့ ဗြိတိန်ကလာသူမှန်သမျှ ပေးမဝင်တော့ပါဘူး။ ဒီနေ့ထပ်ကြေငြာတာကတော့ ဘယ်နိုင်ငံသားမဆို Visa on Arrival မပေးသေးပါဘူးတဲ့။ US နဲ့ အာဆီယံကဗီဇာရပြီးသူတွေ လာရင်လည်း Quarantine လုပ်ရပါမယ်တဲ့

-------------
Australia
-------------
ြသစတြေးလျနိုင်ငံ မှာ မတ်လ၁၅ရက်နေ့ကစပြီး နိုင်ငံတကာခရီးသည်တွေ ၁၄ရက် self-quarantine လုပ်ရပါမယ်။ လွန်ခဲ့တဲ့ ၁၄ရက်အတွင်း တရုတ်ပြည်မကြီး, Iran, South Korea နဲ့ Italy သွားထားတဲ့ နိုင်ငံခြားသားတွေကိုလည်း ပေးမဝင်ပါဘူး။

နယူးဇီလန်မှာတော့ မတ်လ၁၄ရက်နေ့ကတည်းက ဝင်လာသူတိုင်း နိုင်ငံသားပါမကျန် ၁၄ရက် Self-isolate လုပ်ခိုင်းပါတယ်။

----------------
Middle East
---------------
ယူအေအီး (ဒူဘိုင်း) မှာတော့ တိုးရစ်ဗီဇာတွေကို ဆိုင်းငံ့ထားပြီး VISA-on-Arrival ရတဲ့ နိုင်ငံသားတွေကိုတော့ ပေးဝင်ပါတယ်။

အစ္စရေးမှာတော့ မတ်လ၁၂ရက်နေ့ကတည်းက နိုင်ငံတကာဝင်ခွင့်ကို ပိတ်ထားတားပါ။ ၁၄ရက်ကြာ Self-Quarantine လုပ်နိုင်ကြောင်းနဲ့ လုပ်မယ့်လိပ်စာအပြည့်အစုံပေးထားရင်တော့ ပေးဝင်ပါတယ်။

Jordanမှာတော့ ၁၄ရက်အတွင်း China, Iran, Italy, South Korea, Lebanon, Egypt, Syria, France, Germany or Spain သွားထားသူတွေကို ပေးမဝင်တော့ပါဘူး။

Lebanon မှာ မတ်၁၁ကတည်းက Italy, Iran, China and South Korea ကို သွားတဲ့လေယာဉ်တွေ ဆိုင်းငံ့ထားပါတယ်။

Saudi Arabia မှာ မတ်၁၅ကတည်းက နိုင်ငံတကာလေကြောင်းလိုင်း အကုန် ၂ပတ်ကြာ ဆိုင်းငံ့ထားပါတယ်။

-----------
Europe
------------
Austria မှာတော့ High risk country က လာရင် Negative Test Result ပြရပါတယ်။

Croatia မှာလည်း High risk country က လာရင် အစိုးရစီစဉ်ပေးတဲ့နေရာမှာ ကိုယ့်စားရိတ်နဲ့ကိုယ် ၂ပတ် quarantine လုပ်ရပါတယ်။

Czech Republic ကတော့ အဖြစ်များနိုင်ငံကလူတွေကို ပေးမလာသလို ပေးလည်းမသွားတော့ပါဘူး။ ဂျာမနီနဲ့ သြစတြီးယားကိုလည်း Bus၊ ရထား၊ သဘောၤတို့သွားခွင့်မပြုတော့ပါဘူး။

Denmark မှာ နယ်စပ်တွေကိုပိတ်ထားပြီး အလည်ပတ်လာရောက်သူတွေကို ပေးမဝင်တော့ ပါဘူး။

ပြင်သစ်မှာ မတ်လ၁၆အထိ ခရီးသွားတွေကို ကန့်သတ်ထားတာမရှိပေမဲ့ government evacuation flights နဲ့ပြင်သစ်ပြန်လာတဲ့ ခရီးသည်တွေကတော့ quarantine လုပ်ရမှာပါ။ China, Hong Kong, Macao, Singapore, South Korea, Iran and certain regions in Italy ကလာတဲ့ လေကြောင်းလိုင်းခရီးသည်တွေကတော့ ရောဂါလက္ခဏာတွေအစစ်ခံပြီး မေးခွန်းတွေဖြေရပါမယ်။

Germany ကတော့ Austria, Denmark, France, Luxembourg and Switzerland တို့နဲ့ထိစပ်နေတဲ့ နယ်စပ်တွေကို ပိတ်ထားလိုက်ပါပြီ။
Hungary မှာတော့ နိုင်ငံသားတွေကို ရောဂါကူးစက်တဲ့နေရာတွေ ရှောင်ဖို့သာပြောပြီး High risk country က လာသူတွေကိုလည်း လေဆိပ်မှာ အပူချိန်သာတိုင်းပါတယ်။

Ireland မှာလည်း မတ်လ၁၆ရက်နေ့အထိ ဝင်ခွင့်ပိတ်ထားတာမရှိသေးပါဘူး။ ကျောင်း၊ ပြတိုက်၊ ပြခန်းနဲ့ Tourist site တွေကိုတော့ ပိတ်ထားပါတယ်။

Italy မှာတော့ ရောဂါအပြန့်များနေလို့ နိုင်ငံတစ်ခုလုံးကို Lock down လုပ်ထားရတာပါ။

Latvia နဲ့ Lithuania မှာတော့ နိုင်ငံသားမဟုတ်သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ထားပါတယ်။ Lithuania မှာ နိုင်ငံခြားကပြန်လာသူတွေကိုလည်း ၁၄ရက်ကြာ Self-isolate လုပ်ခိုင်းပါတယ်။

Netherlands မှာ High risk နိုင်ငံတွေက လေယာဉ်တွေကို ဆိုင်းငံ့ထားပါတယ်။

Norwayမှာ မတ်လ၁၂ရက်နေ့ကတည်းက Nordic နိုင်ငံတွေကလွဲရင် တခြားနိုင်ငံတွေက လာရောက်သူတိုင်း အိမ်မှာ ၁၄ရက်ကြာ Self-Quarantine ရပါမယ်။ မတ်လ၁၃ရက်နေ့မှာတော့ လေဆိပ်ကနေတောင် ပေးမဝင်တော့ပါဘူး။

ပိုလန်၊ ယူကရိန်း နဲ့ ဆားဘီးယားမှာတော့ နိုင်ငံတကာဝင်ခွင့်ပိတ်ထားပြီး တခြားနိုင်ငံကပြန်လာသူတွေကိုလည်း ၂ပတ်ကြာ Self-quarantine လုပ်ခိုင်းပါတယ်။

Russia မှာ အဖြစ်များတဲ့ နိုင်ငံ ၄နိုင်ငံကို ဝင်ခွင့်မပေးထားသလို ပိုလန်နဲ့ နော်ဝေးနိုင်ငံနယ်စပ်ဂိတ်ကိုလည်း နိုင်ငံခြားသားတွေ ဖြတ်ခွင့်မပေးတော့ပါဘူး။

Slovakiaကလည်း နိုင်ငံတကာလေဆိပ် ၃ခုကို မတ်လ၁၂ရက်နေ့ကတည်းက ပိတ်ထားပြီး နိုင်ငံကူး ဘတ်စ်တွေ ရထားတွေကိုလည်း ရပ်ထားပါတယ်။

Spain မှာတော့ နိုင်ငံခြားသားတွေကို Land borders ကနေ နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ထားပြီး အီတလီက တိုက်ရိုက်လေကြောင်းတွေကိုပါ ပိတ်ထားပါတယ်။

Switzerland မှာ ဆွစ်ဇာလန်နိုင်ငံသားနဲ့ အလုပ်လုပ်နေသူတွေကလွဲရင် အီတလီကနေ နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ထားပါတယ်။

Turkey မှာတော့ Austria, Azerbaijan, Belgium, China, Denmark, France, Germany, Iran, Iraq, Italy, the Netherlands, Norway, Spain, Sweden, UK, Switzerland, Saudi Arabia, Egypt, Ireland and the United Arab Emirates. and South Korea တို့က လေကြောင်းအဝင်အထွက် ဆိုင်းငံ့ထားပါတယ်။ ၁၄ရက်အတွင်း ဒီနိုင်ငံတွေ သွားလည်ထားရင်လည်း မရပါဘူး။

United Kingdom မှာတော့ နိုင်ငံအဝင်အတွက်ကန့်သတ်ထားတာမရှိသေးပါဘူး။ တချို့နိုင်ငံတွေကနေလာတဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေကိုတော့ သေချာစိစစ်နေပါတယ်။

-------------
Americas
------------
Canada မှာလည်း ကနေဒါ နိုင်ငံသားတွေနဲ့ ဆွေမျိုးအရင်းတွေ၊ အမေရိကန်နိုင်ငံသားတွေ၊ လေကြောင်းလိုင်း Crew တွေ၊ Diplomat တွေကလွဲရင် ဘယ်သူ့ကိုမဆို ပေးမဝင်တော့ပါဘူး။ မတ် ၁၄ကစပြီးလည်း နိုင်ငံတကာလေကြောင်းလိုင်းတွေကို လေဆိပ် ၄ခုကနေသာပြေးဆွဲခွင့်ပေးတော့မှာပါ။

United States မှာတော့ လွန်ခဲ့တဲ့ ၁၄ရက်အတွင်း တရုတ်၊ အီရန် နဲ့ ဥရောပနိုင်ငံတွေ သွားထားသူတွေကို ပေးမဝင်တော့ပါဘူး။

တောင်အမေရိကနဲ့ အာဖရိကကတော့ မြန်မာတွေနဲ့ အလှမ်းဝေးလို့ မရေးပေးတော့ဘူးနော်။ အီဂျစ်ကတော့ မတ်လ ၁၉ ရက်ကစပြီး ၂ပတ်ကြာ နိုင်ငံတကာလေကြောင်းတွေဆိုင်းငံ့ထားပါတော့မယ်တဲ့။

အသေးစိတ် စိတ်ဝင်စားရင် ဒီ Link တေွ ထဲ ဝင်ဖတ်ကြည့်နော်။ အဲ့ကနေပဲ အချက်အလက်တွေ ယူထားတာပါ။ https://www.nytimes.com/article/coronavirus-travel-restrictions.html
https://www.cnn.com/travel/article/coronavirus-travel-bans/index.html

အားလုံးသိအောင်လည်း Share ပေးကြပါဦးနော်။

အားလုံးကျန်းမာချမ်းသာကြပါစေ
ချစ်ခင်လျှက်
Dr.Nu Myat

Nations across the world have imposed travel restrictions to curb the spread of the coronavirus. Here, the current list of countries and territories limiting entry.

5.1.2010 ကျိုက္ခမီ-စက်စဲ-ကျိုက်မရော ခရီးစဉ်အတွက် Queen travel and tours ကို စတုတ္ထအကြိမ်မြောက် ရွေးချယ်ပေးကြသော လူကြီးမင...
07/01/2020

5.1.2010 ကျိုက္ခမီ-စက်စဲ-ကျိုက်မရော ခရီးစဉ်အတွက် Queen travel and tours ကို စတုတ္ထအကြိမ်မြောက် ရွေးချယ်ပေးကြသော လူကြီးမင်းများအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

မင်္ဂလာပါရှင်🙏🙏🙏ပိတ်ရက်များမှာ ခရီးလည်းထွက်ချင် အချိန်လည်း အများကြီးမပေးနိုင်တဲ့ မိသားစုများအတွက် အေးအေးဆေးဆေး ဘုရားဖူးပြီ...
22/03/2019

မင်္ဂလာပါရှင်🙏🙏🙏

ပိတ်ရက်များမှာ ခရီးလည်းထွက်ချင် အချိန်လည်း အများကြီးမပေးနိုင်တဲ့ မိသားစုများအတွက် အေးအေးဆေးဆေး ဘုရားဖူးပြီး သက်တောင့်သက်သာသွားလိုသော မိသားစုများ အတွက် ၁၀ ဦး(သီးသန့်) နေ့ချင်းပြန်ခရီးစဉ်များကို Hi-ace 14 seaters (အံစာတုံး ၁၄ယောက်စီးဖြင့်) QUEEN Travel & Tours မှ အထူးစီစဉ်ပေးထားပါတယ်ရှင်။

ထွက်ရှိမည့်ခရီးစဉ် - ကျိုက်​ထီးရိုး-စိမ်းလဲ့တင်​ ခရီးစဉ်
ထွက်ရှိမည့်နေ့ - ၂၄.၃.၂၀၁၉
ထွက်ရှိမည့်အချိန် - မနက်​ ၃ နာရီ
ပြန်ရောက်မည့်နေ့ - ၂၄.၃.၂၀၁၉ ည ၁၀ နာရီဝန်းကျင်
တစ်​ဦးလျှင်​ စားရိတ်​ငြိမ်း ၃၅၀၀၀ ကျပ်

ရောက်ရှိမည့်နေရာများ
-------------------------------
➡ကျိုက်​ထီးရိုး​စေတီ​တော်
➡ကျိုက်​​ပေါ​လောမှဲ့ရှင်
➡စိမ်းလဲ့တင်​ တိရစ္ဆာန်​ဥယျာဉ်
➡ပဲခူး ​ရွှေ​မော်​​ဓော ​စေတီ​တော်
➡ပဲခူး ကျိုက်​ပွန်​ဘုရား

📝ပါဝင်မည့် ဝန်ဆောင်မှုများ
~~~~~~~~~~~~~~~~
💁မနက်စာ
💁နေ့လည်စာ
💁ညစာ
💁​တောင်​တက်​ကားခ တက်​/ဆင်း
💁စိမ်းလဲ့တင်​​ တိရစ္ဆာန်​ ဥယျာဉ်​၀င်​​ကြေး
💁ရေသန့်
💁စနိုးတာဝါ
💁သွားတိုက်တံနှင့် သွားတိုက်ဆေး
💁ခရီးစဉ်တစ်ခုလုံးကို ဝန်ဆောင်မှုပေးမည့် ဧည့်လမ်းညွှန်
💁အိမ်တိုင်ရာရောက် (ကြို/ပို့) အားလုံးပါဝင်ပြီးဖြစ်ပါတယ်။

ထို့အပြင်......
💁 ကုမ္ပဏီအသင်းအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် သီးသန့်ခရီးစဉ်များကိုလည်း ဆောင်ရွက်ပေးနေပါသည်။

💁ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ☎☎ 09-252 442 672 ☎☎09-799 463 957 ☎☎ 09-799 463 958 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

🙏🙏🙏မိတ်ဟောင်း၊ မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ စီးပွားလာဘ်လာဘတွေလည်း ဒီရေမက တိုးတက်ပါစေရှင်။ 🙏🙏🙏

မင်္ဂလာပါရှင်🙏🙏🙏ပိတ်ရက်များမှာ ခရီးလည်းထွက်ချင် အချိန်လည်း အများကြီးမပေးနိုင်တဲ့ မိသားစုများအတွက် အေးအေးဆေးဆေး ဘုရားဖူးပြီ...
21/03/2019

မင်္ဂလာပါရှင်🙏🙏🙏

ပိတ်ရက်များမှာ ခရီးလည်းထွက်ချင် အချိန်လည်း အများကြီးမပေးနိုင်တဲ့ မိသားစုများအတွက် အေးအေးဆေးဆေး ဘုရားဖူးပြီး သက်တောင့်သက်သာသွားလိုသော မိသားစုများ အတွက် ၁၀ ဦး(သီးသန့်) နေ့ချင်းပြန်ခရီးစဉ်များကို Hi-ace 14 seaters (အံစာတုံး ၁၄ယောက်စီးဖြင့်) QUEEN Travel & Tours မှ အထူးစီစဉ်ပေးထားပါတယ်ရှင်။

ထွက်ရှိမည့်ခရီးစဉ် - ဘားအံ - ဂူ၅ဂူ
ထွက်ရှိမည့်နေ့ - ၂၃.၃.၂၀၁၉
ထွက်ရှိမည့်အချိန် - ည ၁၀ နာရီ
ပြန်ရောက်မည့်နေ့ - ၂၄.၃.၂၀၁၉ ည ၁၁ နာရီဝန်းကျင်
တစ်​ဦးလျှင်​ စားရိတ်​ငြိမ်း ၄၀၀၀၀ ကျပ်

ရောက်ရှိမည့်နေရာများ
-------------------------------
➡ရွှေယဉ်မျှော်
➡ကျောက်ကလပ်
➡လုမ္ပနီဥယျာဉ်
➡ချစ်သူမြိုင်ပန်းခြံ
➡ဆဒ္ဒန်ဂူ
➡ကော့ကသောင်ဂူ
➡ရသေ့ပြန်ဂူ
➡ကော့ဂွန်းဂူ
➡ဘုရင့်ညီဂူ
➡သထုံရွှေစာရံ

📝ပါဝင်မည့် ဝန်ဆောင်မှုများ
~~~~~~~~~~~~~~~~
💁မနက်စာ
💁နေ့လည်စာ
💁ညစာ
💁စက်လှေခ
💁ဝင်ကြေးများ
💁ရေသန့်
💁စနိုးတာဝါ
💁သွားတိုက်တံနှင့် သွားတိုက်ဆေး
💁ခရီးစဉ်တစ်ခုလုံးကို ဝန်ဆောင်မှုပေးမည့် ဧည့်လမ်းညွှန်
💁အိမ်တိုင်ရာရောက် (ကြို/ပို့) အားလုံးပါဝင်ပြီးဖြစ်ပါတယ်။

ထို့အပြင်......
💁 ကုမ္ပဏီအသင်းအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် သီးသန့်ခရီးစဉ်များကိုလည်း ဆောင်ရွက်ပေးနေပါသည်။

💁ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ☎☎ 09-252 442 672 ☎☎09-799 463 957 ☎☎ 09-799 463 958 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

🙏🙏🙏မိတ်ဟောင်း၊ မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ စီးပွားလာဘ်လာဘတွေလည်း ဒီရေမက တိုးတက်ပါစေရှင်။ 🙏🙏🙏

မင်္ဂလာပါရှင်🙏🙏🙏ပိတ်ရက်များမှာ ခရီးလည်းထွက်ချင် အချိန်လည်း အများကြီးမပေးနိုင်တဲ့ မိသားစုများအတွက် အေးအေးဆေးဆေး ဘုရားဖူးပြီ...
14/03/2019

မင်္ဂလာပါရှင်🙏🙏🙏

ပိတ်ရက်များမှာ ခရီးလည်းထွက်ချင် အချိန်လည်း အများကြီးမပေးနိုင်တဲ့ မိသားစုများအတွက် အေးအေးဆေးဆေး ဘုရားဖူးပြီး သက်တောင့်သက်သာသွားလိုသော မိသားစုများ အတွက် ၁၀ ဦး(သီးသန့်) နေ့ချင်းပြန်ခရီးစဉ်များကို Hi-ace 14 seaters (အံစာတုံး ၁၄ယောက်စီးဖြင့်) QUEEN Travel & Tours မှ အထူးစီစဉ်ပေးထားပါတယ်ရှင်။

ထွက်ရှိမည့်ခရီးစဉ် - ဘားအံ - ဂူ၅ဂူ
ထွက်ရှိမည့်နေ့ - ၁၆.၃.၂၀၁၉
ထွက်ရှိမည့်အချိန် - ည ၁၀ နာရီ
ပြန်ရောက်မည့်နေ့ - ၁၇.၃.၂၀၁၉ ည ၁၁ နာရီဝန်းကျင်
တစ်​ဦးလျှင်​ စားရိတ်​ငြိမ်း ၄၀၀၀၀ ကျပ်

ရောက်ရှိမည့်နေရာများ
-------------------------------
➡ရွှေယဉ်မျှော်
➡ကျောက်ကလပ်
➡လုမ္ပနီဥယျာဉ်
➡ချစ်သူမြိုင်ပန်းခြံ
➡ဆဒ္ဒန်ဂူ
➡ကော့ကသောင်ဂူ
➡ရသေ့ပြန်ဂူ
➡ကော့ဂွန်းဂူ
➡ဘုရင့်ညီဂူ
➡သထုံရွှေစာရံ

📝ပါဝင်မည့် ဝန်ဆောင်မှုများ
~~~~~~~~~~~~~~~~
💁မနက်စာ
💁နေ့လည်စာ
💁ညစာ
💁စက်လှေခ
💁ဝင်ကြေးများ
💁ရေသန့်
💁စနိုးတာဝါ
💁သွားတိုက်တံနှင့် သွားတိုက်ဆေး
💁ခရီးစဉ်တစ်ခုလုံးကို ဝန်ဆောင်မှုပေးမည့် ဧည့်လမ်းညွှန်
💁အိမ်တိုင်ရာရောက် (ကြို/ပို့) အားလုံးပါဝင်ပြီးဖြစ်ပါတယ်။

ထို့အပြင်......
💁 ကုမ္ပဏီအသင်းအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် သီးသန့်ခရီးစဉ်များကိုလည်း ဆောင်ရွက်ပေးနေပါသည်။

💁ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ☎☎ 09-252 442 672 ☎☎09-799 463 957 ☎☎ 09-799 463 958 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

🙏🙏🙏မိတ်ဟောင်း၊ မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ စီးပွားလာဘ်လာဘတွေလည်း ဒီရေမက တိုးတက်ပါစေရှင်။ 🙏🙏🙏

သီတင်းကျွတ် ကျောင်းပိတ်ရက် / ရုံးပိတ်ရက်များမှာ မိသားစုနဲ့အတူ အေးအေးဆေးဆေး ဘုရားဖူးချင်ကြတဲ့ လူကြီးမင်းများအတွက် စိတ်အေး...
20/10/2018

သီတင်းကျွတ် ကျောင်းပိတ်ရက် / ရုံးပိတ်ရက်များမှာ မိသားစုနဲ့အတူ အေးအေးဆေးဆေး ဘုရားဖူးချင်ကြတဲ့ လူကြီးမင်းများအတွက် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် ၁၀ ဦး(သီးသန့်) နေ့ချင်းပြန်ခရီးစဉ်များကို Hi-ace 15 seaters (အံစာတုံး ၁၅ယောက်စီးဖြင့်) QUEEN Travel & Tours မှ အထူးစီစဉ်ပေးထားပါတယ်ရှင်။

အောက်ပါ ခရီးစဉ်များအတွက် #၁၀ဦးလျှင် #စားရိတ်ငြိမ်း ၄၀၀,၀၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင်။

➡ ဘားအံ - ဆဒ္ဒန်ဂူ ခရီးစဉ်
➡ ပြည် - အကောက်တောင် ခရီးစဉ်
➡ ပြည် - သုံးပန်လှ ခရီးစဉ်
➡ မော်လမြိုင် - ကျိုက္ခမီ - စက်စဲ ခရီးစဉ်
➡ တောင်ငူ - သံတောင်ကြီး - မှော်ယောကြီးဆင်စခန်း ခရီးစဉ်
➡ကျိုက်ထီးရိုး - ကျောက်ပိရဟန္တာ - ကျိုက်ထီးဆောင်း ခရီးစဉ်

အောက်ပါ ခရီးစဉ်များအတွက် #၁၀ဦးလျှင် #စားရိတ်ငြိမ်း ၃၅၀,၀၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင်။

➡ကျိုက်ထီးရိုး - ဆောင်နိုင်ကြီးရေတံခွန် ခရီးစဉ်
➡ကျိုက်ထီးရိုး - စိမ်းလဲ့တင် ခရီးစဉ်
➡ရှင်သီဝလိ ခြေတော်ရာ - စပ်လဲရေတံခွန် ခရီးစဉ်
➡ဇလွန်ပြည်တော်ပြန် ခရီးစဉ်

📝ပါဝင်မည့် ဝန်ဆောင်မှုများ
~~~~~~~~~~~~~~~~
💁မနက်စာ
💁နေ့လည်စာ
💁ညစာ
💁စက်လှေခ
💁တောင်တက်ကားခ
💁ဝင်ကြေးများ
💁ရေသန့်
💁စနိုးတာဝါ
💁သွားတိုက်တံနှင့် သွားတိုက်ဆေး
💁ခရီးစဉ်တစ်ခုလုံးကို ဝန်ဆောင်မှုပေးမည့် ဧည့်လမ်းညွှန်
💁အိမ်တိုင်ရာရောက် (ကြို/ပို့) အားလုံးပါဝင်ပြီးဖြစ်ပါတယ်။
ခရီးစဉ်များအားလုံးအတွက် TOYOTA Hi-ace ၁၅ယောက်စီးဖြင့် လိုက်လံပို့ဆောင်ပြီး အိမ်တိုင်ရာရောက် (ကြို/ပို့) ပါဝင်ပါတယ်ရှင်။

#ကားသီးသန့်ငှါးနိုင်သည့် ခရီးစဉ်များ (ဆီဖိုး၊ လမ်းတံတားကြေး အပါအဝင်) Hi-ace ဈေးနှုန်းများ
~~~~~~~~~~~~~~~~~~~~~~~~
➡ဇလွန်ပြည်တော်ပြန် ခရီးစဉ် (နေ့ချင်းပြန် ၂၀၀,၀၀၀ ကျပ်)

➡ကျိုက်ထီးရိုး - စိမ်းလဲ့တင် ခရီးစဉ် (နေ့ချင်းပြန် ၂၂၀,၀၀၀ ကျပ်)

➡ကျိုက်ထီးရိုး - ဆောင်နိုင်ကြီးရေတံခွန် ခရီးစဉ် (နေ့ချင်းပြန် ၂၂၀,၀၀၀ ကျပ်)

➡ကျိုက်ထီးရိုး - ကျောက်ပိရဟန္တာ - ကျိုက်ထီးဆောင်း ခရီးစဉ် (နေ့ချင်းပြန် ၂၅၀,၀၀၀ ကျပ်)

➡ ဘားအံ - ဆဒ္ဒန်ဂူ ခရီးစဉ် (နေ့ချင်းပြန် ၃၅၀,ဝဝဝ ကျပ်)

➡ ပြည် - အကောက်တောင် ခရီးစဉ် (နေ့ချင်းပြန် ၃၅၀,ဝဝဝ ကျပ်)

➡ ပြည် - သုံးပန်လှ ခရီးစဉ် (နေ့ချင်းပြန် ၃၅၀,ဝဝဝ ကျပ်)

➡ မော်လမြိုင် - ကျိုက္ခမီ - စက်စဲ ခရီးစဉ် (နေ့ချင်းပြန် ၃၅၀,ဝဝဝ ကျပ်)

➡ တောင်ငူ - သံတောင်ကြီး - မှော်ယောကြီးဆင်စခန်း ခရီးစဉ်(နေ့ချင်းပြန် ၃၅၀,ဝဝဝ ကျပ်)

➡ချောင်းသာ ခရီးစဉ် (၁ညအိပ်၂ရက်- ၃၅၀,၀၀၀ကျပ်)

➡ငွေဆောင် ခရီးစဉ် (၁ညအိပ်၂ရက်- ၃၅၀,၀၀၀ကျပ်)

👉ပုဂံ - ညောင်ဦး - ပုပ္ပါး ခရီးစဉ် - (၂ညအိပ်၃ရက်) - ၆၀၀,ဝဝဝ ကျပ်

👉မန္တလေး - ပြင်ဦးလွင် ခရီးစဉ် - (၂ညအိပ်၃ရက်) - ၆၀၀,ဝဝဝ ကျပ်

👉ငပလီ ခရီးစဉ် -(၂ညအိပ်၃ရက်) - ၆၀၀,ဝဝဝ ကျပ်

👉ထားဝယ် ခရီးစဉ် (ရှင်ကိုးရှင်) -(၂ညအိပ်၃ရက်) - ၆၀၀,ဝဝဝ ကျပ်

👉မြဝတီ - မဲဆောက် ခရီးစဉ် (၂ညအိပ်၃ရက်) - ၅၅၀,ဝဝဝ ကျပ်

👉တောင်ကြီး - အင်းလေး - ပင်းတယ - ကလော ခရီးစဉ် -(၂ညအိပ်၃ရက်) - ၇၀၀,ဝဝဝ ကျပ်

အစရှိသည့် ခရီးစဉ်များအတွက် Hi-ace 15 seaters များကို ဈေးနှုန်းချိုသာစွာဖြင့် ငှါးရမ်းနိုင်ပါတယ်ရှင်။

ထို့အပြင်......
💁 ကုမ္ပဏီအသင်းအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် သီးသန့်ခရီးစဉ်များ ဆောင်ရွက်ပေးခြင်း၊
💁မြို့တွင်း၊ မြို့ပြင်၊ အလှူမင်္ဂလာဆောင်၊ Drop , Pick up များအတွက် နာရီပိုင်း ငှါးရမ်းပေးခြင်း၊
💁 ကားမျိုးစုံ (29 seaters, 33 seaters, 37 seaters,45 seaters, 49 seaters) ငှါးရမ်းပေးခြင်း၊
💁မိသားစုများအတွက် ညအိပ်ခရီးစဉ်များကို နေစားငြိမ်း စီစဉ်ပေးခြင်း၊
💁ခရီးလမ်းကြောင်းများအတွက် တိုင်ပင်ဆွေးနွေးပေးခြင်း အစရှိသည်များကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပြီရှင်။

💁ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ☎☎ 09-252 442 672 ☎☎09-799 463 957 ☎☎ 09-799 463 958 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

🙏🙏🙏မိတ်ဟောင်း၊ မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ စီးပွားလာဘ်လာဘတွေလည်း ဒီရေမက တိုးတက်ပါစေရှင်။ 🙏🙏🙏

10.6.18 ဘားအံ - ဆဒ္ဒန်ဂူ ခရီးစဉ်တွင် လိုက်ပါပေးခဲ့ကြသော လူကြီးမင်းများအား ကျွန်မတို့ QUEEN Travel & Tours မှ ကျေးဇူးအထူးတ...
12/06/2018

10.6.18 ဘားအံ - ဆဒ္ဒန်ဂူ ခရီးစဉ်တွင် လိုက်ပါပေးခဲ့ကြသော လူကြီးမင်းများအား ကျွန်မတို့ QUEEN Travel & Tours မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

29.4.18 မော်လမြိုင် - ကျိုက္ခမီ - စက်စဲ ခရီးစဉ်တွင် လိုက်ပါပေးခဲ့ကြသော လူကြီးမင်းများအား ကျွန်မတို့ QUEEN Travel & Tours ...
30/04/2018

29.4.18 မော်လမြိုင် - ကျိုက္ခမီ - စက်စဲ ခရီးစဉ်တွင် လိုက်ပါပေးခဲ့ကြသော လူကြီးမင်းများအား ကျွန်မတို့ QUEEN Travel & Tours မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

Address

No. 18/Kanaung (12) Street/19 Quarter/Shwe Pauk Kan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09252442672

Website

Alerts

Be the first to know and let us send you an email when QUEEN Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby travel agencies