Taw Win Nan Htake Htar Travels တော်ဝင်နန်းထိပ်ထား ခရီးသွားလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Taw Win Nan Htake Htar Travels တော်ဝင်နန်းထိပ်ထား ခရီးသွားလုပ်ငန်း

Taw Win Nan Htake Htar Travels    တော်ဝင်နန်းထိပ်ထား ခရီးသွားလုပ်ငန်း Our Company Limited was established in Myanmar in 2013. We provide domestic tour, inbound tour and outbound tour services.

''To Your Dream Destinations...''

09/06/2024

ချင်းမိုင် ဗာဆိုင်းနန်းတော် ကော်ဖီဆိုင် 🖤🖤🖤

08/06/2024

Chiang Mai Night bazaar 💙💙💙

07/06/2024

Bkk Shopping time at IconSiam

11/05/2024
၂၀၂၄ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှ မေလ(၃၁)ရက်နေ့အတွင်း မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-ဘန်ကောက် (UB-017/019) နှင့် ဘန်ကောက...
27/04/2024

၂၀၂၄ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှ မေလ(၃၁)ရက်နေ့အတွင်း မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-ဘန်ကောက် (UB-017/019) နှင့် ဘန်ကောက်-ရန်ကုန် (UB-018/020) ခရီးစဉ်များတွင် Drukair-Royal Bhutan Airlines လေယာဉ်အမှတ် (KB-163/161) နှင့် (KB-162/160) အသီးသီးတို့ဖြင့် အစားထိုးပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။

From (26) April to (31) May 2024,Myanmar National Airlines' flights Yangon-Bangkok (UB-017/019) and Bangkok-Yangon (UB-018/020) will be substituted with Drukair-Royal Bhutan Airlines' flights (KB-163/161) and (KB-162/160) respectively.

26/04/2024

Hello Bangkok😎😊😊

Magicalဆန်ဆန်အရမ်းလှတဲ့ 𝑪𝒉𝒐𝒎 𝑪𝒂𝒇𝒆 🪄🍃☕ဒီဆိုင်လေးထဲကိုရောက်သွားတာနဲ့ အပင်၊ရေငွေ့လေးတွေ ရေတံခွန်အသံတွေက စိတ်ချမ်းသာစရာလေး 🌿...
26/04/2024

Magicalဆန်ဆန်အရမ်းလှတဲ့ 𝑪𝒉𝒐𝒎 𝑪𝒂𝒇𝒆 🪄🍃☕

ဒီဆိုင်လေးထဲကိုရောက်သွားတာနဲ့ အပင်၊ရေငွေ့လေးတွေ ရေတံခွန်အသံတွေက စိတ်ချမ်းသာစရာလေး 🌿🤍

ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှတဲ့နေရာလေးတွေအများကြီးရှိတာမို့ ထိုင်းနဲ့နိုင်ငံခြားသားခရီးသွားတွေကြားမှာလည်း ဒီဆိုင်လေးကအရမ်းနာမည်ကြီးပါတယ် 📸

ချင်းမိုင်ရောက်ရင် ကော်ဖီသောက်ရင်း၊Lunch စားရင်းနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ခဲ့နော် 🥰

ချင်းမိုင်မြို့တွင်း ကားအဌား/package tour တွေအတွက်လည်း မင်မင်တို့ဆီမှာ service ရနိုင်ပါတယ်နော်

လေယာဉ်လက်မှတ်လေးတွေဝယ်ယူဖို့ ဒါလေးတွေလိုမယ်နော် 👌👌 ပြည်တွင်း ၊ ပြည်ပခရီးစဉ်အမျိုးမျိုးအတွက် လေယာဉ်လက်မှတ်လေးတွေဝယ်ယူချင်...
24/04/2024

လေယာဉ်လက်မှတ်လေးတွေဝယ်ယူဖို့ ဒါလေးတွေလိုမယ်နော် 👌👌

ပြည်တွင်း ၊ ပြည်ပခရီးစဉ်အမျိုးမျိုးအတွက် လေယာဉ်လက်မှတ်လေးတွေဝယ်ယူချင်တယ်ဆိုရင်တော့


📞 Air Ticket Hotline : 09 4500 43394 ကိုဆက်သွယ်ပြီးဖြစ်စေ …
💬 Viber ကိုဆက်သွယ်ပြီးဖြစ်စေ …

👉 မိမိတို့သွားလို့သည့်မြို့
👉 သွားလိုသည့်ရက်
👉 မိမိတို့ပြန်လာမည့်ရက် စသည်တို့ကိုပြောကြား၍ ဈေးနှုန်းများမည်မျှရှိသည်ကို ဦးစွာစစ်ဆေးပါ။ (လေယာဉ်လက်မှတ်ဈေးနှုန်းများသည် Class အရသော်လည်းကောင်း ၊ အချိန်နှင့်အမျှနိုင်ငံခြားငွေဈေးနှုန်းအပေါ်
မူတည်၍သော်လည်းကောင်း အတက်အကျအမြဲရှိနိုင်ပါသည်။)

ထို့နောက် မိမိတို့အဆင်ပြေသည့် လေကြောင်းလိုင်းကိုတွေ့ရှိပြီဆိုပါက လေယာဉ်လက်မှတ်ဖိုးပေးချေရန်အတွက်ဦးစွာ Booking တင်လိုက်ပါ။

Booking တင်သည့်အခါတွင် …

ပြည်ပခရီးစဉ်အတွက်
👉 မိမိတို့​၏ Passport ထဲမှအမည်
👉 မိမိတို့ Passport Number
👉 မွေးသက္ကရာဇ်နှင့်
👉 Passport ကုန်ဆုံးမည့်ရက်စွဲတို့ကိုလိုအပ်ပါသည်။

ပြည်တွင်းခရီးစဉ်အတွက်
👉 သွားရောက်မည့်သူ​၏အမည်နှင့်
👉 မှတ်ပုံတင်အမှတ်သာလိုအပ်ပါသည်။

ဖော်ပြပါအချက်အလက်တွေကို မှန်ကန်စွာပြောပြသည်ဖြစ်စေ (သို့မဟုတ်) သွားရောက်မည့်သူ​၏ သတင်းအချက်အလက်များပါရှိသည့် နိုင်ငံကူးလက်မှတ်စာမျက်နှာကိုဖြစ်စေ ၊ မှတ်ပုံတင်ကိုဖြစ်စေ ဓာတ်ပုံရိုက်ကူး၍ Viber မှပေးပို့ရန်သာလိုအပ်ပါသည်။

ခရီးစဉ်အတွက်လေယာဉ် Booking အားပြန်လည်ပေးပို့ပေးမည်ဖြစ်သည့်အတွက် ထို Booking ၏အချက်အလက်များမှန်မမှန်စစ်ဆေးရပါမည်။ (Booking တွင်ပါရှိသော PNR Code များဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်း Website များတွင်သွားရောက်စစ်ဆေးခြင်းဖြင့်လည်း မိမိတို့ခရီးအတွက်အမှန်တကယ် Booking ရရှိထားခြင်း ရှိ/မရှိက်ိုသိရှိနိုင်ပါသည်။

Booking ကုန်ဆုံးမည့်အချိန်များသည် သွားရောက်လိုသည့် ခရီးစဉ်နှင့်လေကြောင်းလိုင်းပေါ်မူတည်၍ (၁၅)မိနစ်မှ (၂၄)နာရီအထိ ရရှိနိုင်ပါသည်။ ထို Booking ချိန်မကုန်ခင် ကုမ္ပဏီဘဏ်အကောင့်များနှင့် Kpay သို့ငွေလွှဲနိုင်ပြီဖြစ်ပါသည်။

ငွေလွှဲလက်ခံပြီးပါက လေယာဉ်လက်မှတ် E-Ticket ကိုပြန်လည်ပေးပို့ပေးသွားမည်ဖြစ်ပြီး ထိုလက်မှတ်ကိုဖုန်းထဲမှဖြစ်စေ , Print ထုတ်ယူ၍ဖြစ်စေ လေဆိပ်ကောင်တာတွင်ပြသ၍ စိတ်ချပျော်ရွှင်စွာဖြင့် ခရီးစဉ်တစ်ခုကိုစတင်နိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့် The Great Asia King တွင်လေယာဉ်လက်မှတ်ဝယ်ယူမည်ဆိုပါက သွားရောက်မည့်သူ​၏ Passport (သို့မဟုတ်) မှတ်ပုံတင်ဓာတ်ပုံကို Viber မှပို့ပေးရုံဖြင့် Ticketing များပါမကျန်လိုအပ်သည်များကိုဆောင်ရွက်ပေးသွားမှာဖြစ်လို့ အတုအယောင်များပေါများနေတဲ့ကာလမှာ ယုံကြည်စိတ်ချသွာဖြင့် ခရီးစဉ်များကိုဖန်တီးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်နော်။

For more detail
call us now @ 09789002825 / 09450043394🙂

အမှတ် 248 ၊ ကျိူက္ကဆံလမ်း ( ကျောက်မြောင်းစျေးမှတ်တိုင်အနီး) တာမွေမြို့နယ်။
⏰ Office Hours : 9am to 5pm

လက်ရှိ ပြင်ပသွား ဖို့ မဖြစ်မနေတော့ မဟုတ် သေးတဲ့ Smart Card အကြောင်း crd original uploader သူများရေးထားတာလေး ပြည့်စုံလို့...
23/04/2024

လက်ရှိ ပြင်ပသွား ဖို့ မဖြစ်မနေတော့ မဟုတ် သေးတဲ့ Smart Card အကြောင်း crd original uploader သူများရေးထားတာလေး ပြည့်စုံလို့ တင်ပေးတာပါ။ Smart Card = Biometric Cardအကြောင်းလေး ရေးပေးပါမယ်ရှင့်။Smart Card ဆိုတာက -------------လူတယောက်ရဲ့Bio Data တွေကို လဝက ရဲ့ Websiteမှာ Save ထားပြီး ၊ QR ကို scan ဖတ်လိုက်တာနဲ့ ကိုယ့် Data တွေအကုန် ကျလာအောင်လုပ်ဖို့ Card ပါ။

အမှန်တကယ် Card က ယာဉ်မောင်းလိုင်စင်လို Card လေးထုတ်ပေးရမှာပါ။လောလောဆယ် Printer မရောက်သေးတာရော အမှားပြင်လို့လွယ်အောင်ရောအတွက်ပါ ယာယီစာရွက် A 4 တဝက် Size ဖြစ်တဲ့ (A 5 size ) (Covid စာရွက် Size) လေးထုတ်ပေးတာပါ။

နောက်ပိုင်း စက်ရောက်လာရင်မှတ်ပုံတင်ရယ် A 5 Size Biometric စာရွက် ရယ်ပြန်သိမ်းပြီး Smart card ထုတ်ပေးမှာပါ။

Smart Card ကိုဘာလို့လုပ်နေရတာလဲ
ဆိုရင် ------------

22.4.2024 ကစပြီး passport သွားရွေးတဲ့အခါ Biometric စာရွက်ကိုပြရပါမယ်။ နောက်ပိုင်း ပြည်တွင်း / ပြည်ပ
ခရီးသွားတဲ့အခါလည်း ဒီစာရွက်ကိုပြရပါမယ်။ (ဘယ်တော့စမလဲတော့
မသိသေးပါ) Biometric စာရွက်ကိုဘယ်မှာလုပ်လို့
ရလဲ ------------ရန်ကုန်တမြို့လုံးမှာရှိတဲ့ လဝက
တိုင်းမှာ လုပ်လို့ရပါတယ်။မိမိက တာမွေမှာနေပေမယ့် လှိုင် ၊ ရန်ကင်း၊ သာကေတ၊ ဒေါပုံ ကြိုက်တဲ့လဝက မှာလုပ်လို့ရပါတယ်။

လဝက = လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါ။ ထွေ/ အုပ်ရုံးမဟုတ်ပါ။-မှတ်ပုံတင်မူရင်း + မိတ္တူ ယူသွားရင် ရပါပြီ။

-ကိုယ်သွားမလုပ်ခင်ကတည်းကကိုယ့် Data တွေကို ကိုယ်မှတ်ပုံတင်
လုပ်ခဲ့တဲ့ နေရာ / မြို့က Website / Server မှာ ရိုက်ထည့်ပြီးသားပါ။

-2022 ကတည်းက Biodata တွေ ကိုWebsite / EID Server ထဲမှာရိုက်ထည့်ထားတာမို့၁၀ ယောက်မှာ ၈ ယောက်လောက်ကမှားနေတာပါတဲ့။

- ဘယ်လိုတွေမှားကြလဲ ------အဖေနာမည် မှားတတ်တယ်အမေနာမည်မှားတတ်တယ်မိမိနာမည်မှားတတ်တယ်မွေးနေ့သက္ကရာဇ်မှားတတ်တယ်ကိုးကွယ်တဲ့ဘာသာမှားတတ်တယ်လူမျိုး မှားတတ်တယ်။

မှားရင်တော့ စိတ်ညစ်ရပါပြီ။

အဲ့လိုတွေမှားတတ်လို့ Biometric ကိုမိမိအိမ်ထောင်စုစာရင်း ရှိတဲ့
မြို့နယ်မှာပဲလုပ်ကြဖို့ ပြောကြတာပါ။အိမ်ထောင်စုစာရင်း ရှိတဲ့ မြို့နယ်ကနေ
တဆင့် မိမိမှတ်ပုံတင်လုပ်ခဲ့တဲ့ လဝကကို Viber နဲ့ပို့ပြီး ပြင်ခိုင်းလို့ရပါတယ်။

ပြင်ပြီးမှ Biometric card ဆက်လုပ်လို့ရပါတယ်။-Data မမှားတဲ့သူတွေဆိုရင်တော့ မှတ်ပုံတင်ပေးလိုက်တာနဲ့ မိမိမှတ်ပုံတင်ကို Website မှာရိုက်ထည့် လိုက်တာနဲ့ မိမိ Data တွေကျလာပါမယ်။ -Website မှာကျလာတဲ့ Data တွေကို မှတ်ပုံတင်နဲ့တိုက်စစ်ပြီး မှန်ရင်လက်ဗွေ ၁၀ ချောင်းနှိပ် မျက်လုံး Scan ဖတ် ဓါတ်ပုံ ရိုက်ပေးပါတယ်။

-ပြီးတာနဲ့ Biometric စာရွက် တခါထဲ ထုတ်ပေးပါတယ်။- တာမွေမှာတော့လဝကရှေ့က ဆိုင်မှာ Cardကို ပလတ်စတစ်လောင်း ပေးတဲ့အပြင် Size အသေးချုံ့ပြီး ပလတ်စတစ်လောင်းပေးတာကို ၂၅၀၀ ကျပ်နဲ့လုပ်ပေးပါတယ်။


🇹🇭ဧပြီလမှာ လေယာဉ်ခုံမရလို့ မလည်ပတ်ခဲ့ရတဲ့ ခရီးသွားဧည့်သည်တော်များ အတွက်✈️မေလကနေစတင်ပြီး  Free & Easy  ၂ညအိပ်/၃ညအိပ်/၄ညအိ...
23/04/2024

🇹🇭ဧပြီလမှာ လေယာဉ်ခုံမရလို့ မလည်ပတ်ခဲ့ရတဲ့ ခရီးသွားဧည့်သည်တော်များ အတွက်

✈️မေလကနေစတင်ပြီး
Free & Easy ၂ညအိပ်/၃ညအိပ်/၄ညအိပ် ခရီးစဉ်များကို ၂ဦးကနေ စတင်ပြီး
လည်ပတ်နိုင်ပါပြီ ခင်ဗျာ ..

🧳ပြည်ပခရီးအတွက် ပတ်စပို့စာအုပ်ရှိပြီးသားဆိုရင်
၁လလောက်ကြိုတင်ဘ်ိုကင်လုပ်ထားဖို့ Recommend လုပ်ပါတယ်။

For more detail
call us now @ 09450043394🙂

အမှတ် 248 ၊ ကျိူက္ကဆံလမ်း ( ကျောက်မြောင်းစျေးမှတ်တိုင်အနီး) တာမွေမြို့နယ်။

💦💦Thailand SongkranApril 14 to 19 2024 Trip💦💦 ချင်းမိုင်ခရီးစဥ်မှ ချစ်စရာကောင်းတဲ့  V VIP ဧည့်သည်များ နှင့် မိသားစုများ ...
22/04/2024

💦💦Thailand SongkranApril 14 to 19 2024 Trip💦💦

ချင်းမိုင်ခရီးစဥ်မှ ချစ်စရာကောင်းတဲ့ V VIP ဧည့်သည်များ နှင့် မိသားစုများ .. 💙 💙

💙 💙 ပျော်စရာ အမှတ်တရ ခရီးစဥ်လေးများ ဖန်တီးခွင့်ပေးသော ဧည့်သည်တော် များကို အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ 💙 💙

💙 💙နောက်ထပ် နောက်ထပ် ခရီးစဥ်များမှာလည်း အတူထပ်မံ ဝန်ဆောင်မှူပေးခွင့်ရခဲ့ရင် ပြန်လည်ဆုံတွေ့ကြမယ်နော်. .. 💙 💙

#ချင်းမိုင်ခရီးစဥ်
#ချင်းမိုင်

🌷🪻✨i

17/04/2024

17 April Memories

15/04/2024

Chiang Mai Songkran2024

06/04/2024

ချင်းမိုင် ရွှေစက်တော် သကြ်န် ကျနေပီ 🥰👊🏻

၁.၅.၂၀၂၄ က စပီး နယ်စပ်ဝင်ထွက် ဂိတ် များတွင် UID (smart card) စတင်ပြသရန်လိုအပ်ပါတော့မည်။
05/04/2024

၁.၅.၂၀၂၄ က စပီး
နယ်စပ်ဝင်ထွက် ဂိတ် များတွင်
UID (smart card) စတင်ပြသရန်လိုအပ်ပါတော့မည်။

( ၁ )ရက်‌နေ့ ဧပြီမှစ၍ MAI & Mingalar မှ ပြေးဆွဲပေးလျှက်ရှိသော တာချီလိတ်ခရီးစဉ်များတွင်  ခရီးသည်များ၏ မှတ်ပုံတင်မူရင်းနှင...
01/04/2024

( ၁ )ရက်‌နေ့ ဧပြီမှစ၍ MAI & Mingalar မှ ပြေးဆွဲပေးလျှက်ရှိသော တာချီလိတ်ခရီးစဉ်များတွင် ခရီးသည်များ၏ မှတ်ပုံတင်မူရင်းနှင့် အတူ မိတ္တူတစ်စုံအား မဖြစ်မနေ ယူဆောင်လာပေးကြပါရန် အသိပေးအအပ်ပါတယ်ရှင့်

14/03/2024

Jungle coaster စီးကြမယ် ချင်းမိုင်ရောက်🥰

09/03/2024

ရွှေတြိဂံမှာ လှည်ကြမယ် 😊😊😊 တော်ဝင်နန်းထိပိထားရဲ့ ၉ ရက်နေ့ ချင်းမိုင်ခရီးစဉ်လေးပါ

24-2-2024 Passport Website မှာကြေငြာချက်အရ ‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိ...
29/02/2024

24-2-2024 Passport Website မှာကြေငြာချက်အရ

‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိုယ်ရေးအချက်နဲ့ Qr Code ပါတဲ့ ကဒ်ပြား ခုလူတွေခေါ်နေကျတဲ့ Smart Card တစ်ပါတည်းယူဆောင်ရလာမည် ‼️

ရန်ကုန် / နယ်ကလူတွေ အိမ်ထောင်စုစာရင်းရှိတဲ့မြို့နယ်လဝက ရုံးကိုသွားပီကြိုလုပ်ထားကျပါ ရန်ကုန်မှာရောက်နေတဲ့ နယ်ကလူတွေကတော့ ကိုယ်လက်ရှိ ရှိနေတဲ့ လဝက ရုံးကိုသွားပီလုပ်ကြည့်ပါ တစ်ချို့ လဝက ရုံးတွေကလုပ်ပေးကြပါတယ်

အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထဲက အချက်လက်နဲ့ လဝက server မှာသွင်းထားတဲ့အချက်လက်မှားနေတာမျိုးဆို နယ်ကရုံးကပြန်ပြင်ပေးမှရနိုင်တာမလို့ အဲ့လိုဖြစ်ခဲ့ရင် နယ်မှာရှိတဲ့ မိသားစုဝင်တစ်ယောက်ကို လဝက ရုံးသွားပီ ပြန်ပြင်ခိုင်းပါ ဒါမှဒီဘက်ရုံးကနေ ကဒ်ပြားထုတ်ပေးလို့ရမှာပါ

Booking ရက်ချိန်းရတာနဲ့ ကြိုတင်ပြင်ဆင်ထားကြပါဗျ

owner

ChiangRai Night Market...
27/02/2024

ChiangRai Night Market...

🌟🫶Let's discover Thailand and Cambodia 🫶🌟 🇹🇭 ဘန်ကောက် + ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးစဥ်🇰🇭 🧳🛂အချိန် ၅ ရက်လောက်နဲ့  ၂ နို...
24/02/2024

🌟🫶Let's discover Thailand and Cambodia 🫶🌟

🇹🇭 ဘန်ကောက် + ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးစဥ်🇰🇭

🧳🛂အချိန် ၅ ရက်လောက်နဲ့ ၂ နိုင်ငံ လည်ပတ်ချင်သူများနဲ့

👌🌍 ၂ နိုင်ငံရဲ့ Travel History လိုအပ်သူများအ
တွက်လည်း အထူးသင့်တော်မယ့် .. .

💯👌 Only $499 + Flight Tickets

Service Included

🏩 Hotel : 4 Nights Stay
🍽️ Meals : Breakfast
🎟️ All Entrance Fees
🚗 Transport throughout the trip
💁 Tour Leader

💁💁 ၂ ဦးမှစပီး သီးသန့် စီစဥ်ပေးပါတယ်ခင်ဗျာ💓💓💓

For more detail
call us now @ 09789002825 / 09450043394🙂

အမှတ် 248 ၊ ကျိူက္ကဆံလမ်း ( ကျောက်မြောင်းစျေးမှတ်တိုင်အနီး) တာမွေမြို့နယ်။




⚠️⚠️ ဖေဖော်ဝါရီလ (၂၂)ရက် ၂၀၂၄ ခု‌နှစ်မှစပြီး ထိုင်းဗီဇာများကို Online Booking ဖြင့် ရက် ၃၀ ကြိုတင်ပြီး တရက်လျှင် တိုကင်န...
20/02/2024

⚠️⚠️ ဖေဖော်ဝါရီလ (၂၂)ရက် ၂၀၂၄ ခု‌နှစ်မှစပြီး ထိုင်းဗီဇာများကို Online Booking ဖြင့် ရက် ၃၀ ကြိုတင်ပြီး တရက်လျှင် တိုကင်နံပါတ် ၂၀၀ နှုန်းဖြင့် ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း ဧည့်သည်တော်များ သိရှိစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် ⚠️⚠️

(Full announcement and translation in Burmese and Thai languages in attached photos)

The Royal Thai Embassy, Yangon wishes to announce two options for submitting visa application effective as of now as follows:

1. Make appointment online through Visa Appointment Booking Online (VABO) at https://thaiconsularyangon.com/visa to submit visa application from Thursday, 22 February 2024 onwards. Valid e-mail is required to fulfill the appointment which can be done up to thirty days in advance. After making the appointment, please take a screen shot and/or print out the appointment confirmation that is sent by e-mail and present it to the Embassy staff on the date of appointment.

2. Collect the queue number in front of the Embassy from 14.00 hrs. on Wednesday, 21 February 2024 for visa application on Thursday, 22 February 2024 and Friday, 23 February 2024 with 200 numbers allocated per day. Those who wish to obtain the queue number are required to present their own valid passports and will receive one non-transferrable queue number per person.




✅ ထိုင်းကို သွားချင်တယ်ဆို  .. . 👍✅ TR Visa ( Tourist Visa ) ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ Thai သံရုံးမှာ လျောက်ပြီး လာရတ...
18/02/2024

✅ ထိုင်းကို သွားချင်တယ်ဆို .. . 👍

✅ TR Visa ( Tourist Visa ) ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ Thai သံရုံးမှာ လျောက်ပြီး လာရတဲ့ Visa ...

- မိမိ Passport ထဲမှာ Sticker လေး ကပ်ပေးလိုက်တယ်။
-ထိုင်းနိုင်ငံ အဝင်မှာ ရက် 60 ရတယ် ..
- ပြီးရင် နောက်ထပ် ရက် 30 ထပ်တိုးလို့ရသေးတယ် ...
- ပြီးရင် e Extension နောက်ထပ် 5 ခါ ( 5 months ) ထပ်တိုးလို့ရသေးတယ် ...
- ပြီးရင် ထပ်တိုးလို့မရတော့ဘူး ... နိုင်ငံ ပြင်ပ ( ထိုင်းနိုင်ငံ၏အပြင် ) ထွက်ပြီး နောက်ထပ် တစ်ခါ ထပလျှောက်လာလို့ရသေးတယ် ..
- ပြီးရင် ရက် 60 နှင့် ပြန်ဝင်လာ ..
- အစ အဆုံး ပြန် ဖတ်

** လူတစ်ယောက်ဟာ TR Visa ကို တစ်နှစ်မှာ 2 ခါ လျောက်ခွင့်ရှိတယ် ...

✅ 14 Days Arrival Visa ဆိုတာ visa သွားလျောက်စရာမလို ...
- အိတ်ထဲ အဝတ်အစားကောက်ထည့်
- လေယဉ်လက်မှတ်ဝယ်
- လေဆိပ်ကိုသွား
- လေယဉ်ပေါ်တက်
- ထိုင်းနိုင်ငံရောက်
- 14 Days Free ရ ..

- အဲဒီ 14 Days Visa ဟာလည်း TR Visa လိုဘဲ e Extension 5 ခါအထိ တိုးလို့ရသေးတယ် ...
- 5 ခါ ပြည့်သွားရင် နိုင်ငံပြင်ပ ပြန်ထွက် TR Visa လျှောက်ပြီးပြန်ဝင်လာ
- e Extension 5 ခါ ဆက်တိုး ...

ဒါတွေဟာ Education Visa တို့ဘာတို့ မပြောင်းဘဲ Tourist Visa ချည်းနှင့်ဘဲ လှည့်ပတ်နေထိုင်လိုသူများ အတွက် ...

✅ Education Visa ပြောင်းမယ်ဆို ကြိုက်တဲ့ visa နှင့်ဝင်လာ ...
- TR နှင့်ဝင်လာရင် တခါတည်း တန်းပြောင်းလို့ရတယ်
- 14 Days Visa နှင့် ဝင်လာရင် e Extension တစ်လ တိုး ( လက်ကျန်ရက်တွေကို မဖြတ်ဘူး .. ထပ်ပေါင်းထည့်ပေးတယ် )
- ပြီးရင် ED Visa တန်းပြောင်း ...

သတိထားရမှာက

*** မြန်မာလေဆိပ်မှာ

- showmoney 25,000 THB ပြရတယ်
- အပြန်လေယဉ်လက်မှတ်ပြရတယ်
- Hotel Booking ပြရတယ်

**** ထိုင်းလေဆိပ်မှာလည်း အတူတူဘဲ ...

ထိုအချက်အလက်များ။မပြချင်လျှင်
VIP Pass ဆိုတာလုပ် (5,500 THB )

ဒါဘဲ ...

ထိုင်းနိုင်ငံကိုလာရင် ဘာတွေလိုမလဲဆိုတော့

မိမိကိုယ်မိမိအားကိုးရန်၊ရင်ဆိုင်ရဲသောသတ္တိရှိရန် နှင့် ပိုက်ဆံ လုံလောက်စွာ လိုမယ် ..

လွယ်ပါတယ် ... ပိုက်ဆံရှိရင် ပြဿနာရဲ့ 99.99 % ဟာ well solved !

သတ္တိတော့ရှိ ..

ဘာလို့လဲဆိုတော့ .. ဘယ်သူလာလာ ရေသစ်မြေသစ်မှာ ပထမဆုံးကြုံရမှာကပြဿနာတွေချည်းဘဲ ...

ခံနိုင်ရည်မွေးထား ..

ထိုင်းနှင့်မြန်မာဟာ တူတယ်မထင်နှင့် .. တခြားဆီ ..

ရွှေထီးစောင်းခဲ့တာတွေ ခဏမေ့ထား ..

အလုပ်ကို မရမကရှာ ...

ထိုင်းနိုင်ငံကတဆင့်အခြားနိုင်ငံကို ထွက်ဖို့ အစီစဉ်ရှိသူတွေ ခဏနေပြီးရင်လစ်တော့ ...

ထိုင်းဟာ ရေရှည်အတွက် အကျိုးမရှိဘူး ..

Credit:- Ma Oo Khin

Address

Kyaikkasan Road, Tamwe
Yangon
11211

Alerts

Be the first to know and let us send you an email when Taw Win Nan Htake Htar Travels တော်ဝင်နန်းထိပ်ထား ခရီးသွားလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taw Win Nan Htake Htar Travels တော်ဝင်နန်းထိပ်ထား ခရီးသွားလုပ်ငန်း:

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Yangon

Show All