AEDO Travel & Tours

AEDO Travel & Tours Travel Company

ဒီနေ့ (14.2.2024) ရက်စွဲ ဖြင့် ထိုင်းသံရုံး မှ တုံကင် စနစ်ဖြင့် သာ လက်ခံတော့မည် ဖြစ်ကြောင်း ထုတ်ပြန် လာပါတယ်။ဒီရက်အတွင်း...
14/02/2024

ဒီနေ့ (14.2.2024) ရက်စွဲ ဖြင့် ထိုင်းသံရုံး မှ တုံကင် စနစ်ဖြင့် သာ လက်ခံတော့မည် ဖြစ်ကြောင်း ထုတ်ပြန် လာပါတယ်။

ဒီရက်အတွင်း ထိုင်းဗီဇာ လျှောက် ထားသူ ဦးရေ များပြားလာခြင်းကြောင့် မသမာမှု့တွေမပေါ်လာစေရန် တိုကင်နံပတ် နှင့် နိုင်ငံကူးလက်မှတ် အမည် တိုက်စစ်ပြီး မှန်ကန်မှသာ လျှောက်လွှာ လက်ခံ သွားပါဖြစ်ကြောင်း ။

တိုကင်နံပတ် တစ်ခု ဟာ လျှောက်ထားသူ တစ်ဦးအတွက်သာ ရည် ရွယ် ပြီး ၊ လက်လွှဲ ပြောင်းသူ ၊ တိုကင်နံပတ် အလွှဲ သုံးစားလုပ် ထားတာ ပေါ် လွင် လျှင် လျှောက်လွှာ ပယ် ဖျက်မည့်အပြင် Blacklist ပါ မှတ်တမ်း တင်ထားပါမည်။

သံရုံးသို့ကိုယ်တိုင် ဝင်မည့်ဧသည်တော်များ စောစောသွားတန်းစီရန်နှင့် ဖော်ပြပါ အချက်အလက်များ ကြိုတင် သိရှိနိူင်ရန် တင်ပြအပ်ပါတယ်ခင်ဗျာ။



မော်လမြိုင် ခရီးသည်​တွေ Air Thanlwin ​လေယာဥ်လက်မှတ် အား​ပေးလို့ရပါပြီ။
09/12/2022

မော်လမြိုင် ခရီးသည်​တွေ Air Thanlwin ​လေယာဥ်လက်မှတ် အား​ပေးလို့ရပါပြီ။

မြန်မာ​passport ဆိုက်​ရောက် Visa 45 ရက်စရပြီတဲ့​နော်။
30/11/2022

မြန်မာ​passport ဆိုက်​ရောက် Visa 45 ရက်စရပြီတဲ့​နော်။

Thai အဝင် visa free 14 ရက်မှ 45 ရက်တုံးထုပေးတာ မြန်မာပါလာပါပြီ။

MNA promotion AEDO Travel & Tours မှာဝယ်လို့ရတယ်​နော်။အရမ်းတန်လို့ကျွန်​တော့်ခရီးသည်များဝယ်ထားကြ​​နော်။
15/11/2022

MNA promotion AEDO Travel & Tours မှာဝယ်လို့ရတယ်​နော်။အရမ်းတန်လို့ကျွန်​တော့်ခရီးသည်များဝယ်ထားကြ​​နော်။

✈️ထိုင်းကိုသွားပြီးအပြန်date မသေချာတဲ့ သူများအတွက် Nok Airlines မှ Nok Max ကို ရွေးလိုက်ကြပါစို့✅✅✅NOK Max ရဲ့ အားသာချက်...
16/09/2022

✈️ထိုင်းကိုသွားပြီးအပြန်date မသေချာတဲ့ သူများအတွက် Nok Airlines မှ Nok Max ကို ရွေးလိုက်ကြပါစို့✅✅✅

NOK Max ရဲ့ အားသာချက်ကိုသိကြတယ်ဟုတ်👏👏👏

✅ 30 Kg free

✅ Date change မယ်ဆိုလည်း Free ပါ

✅ အရသာရှိတဲ့ Thai နိုင်ငံရဲ့hot 🥘 meal ဖြင့်လည်း လေယာဉ်ပေါ်မှာကျွေးပါတယ်ရှင်

✅အရှေ့ဆုံးထိုင်ခုံများကိုလည်း Free ရွေးလို့ရပါသေးတယ်

ကဲဘာလိုသေးလဲနော် 👏👏👏Budget airlines ဆိုပေမဲ့ Facility အပြည့်ရှိတဲ့class ကို ရွေးလို့ရပါတယ်ရှင်👏👏👏

air ချစ်သူများ ကိုNOK MAX ရဲ့ အားအာချက်လေး မေ့နေမှာစိုးလို့Remind လုပ်တာပါ👏👏👏

နီးစပ်ရာTravel agents တွေမှာ အားပေးလိုက်ကြပါစို့နော်👏👏👏
# We fly 😊 Smile 😊

Passport အသစ်လျှောက်လိုသူသက်တမ်းတိုးလိုသူPJ to PV ပြောင်းလိုသူများကုန်ကျစားရိတ်က တူတူပဲဖြစ်ပါတယ်။Online Booking တွေသာ မရ...
17/08/2022

Passport အသစ်လျှောက်လိုသူ
သက်တမ်းတိုးလိုသူ
PJ to PV ပြောင်းလိုသူများ
ကုန်ကျစားရိတ်က တူတူပဲဖြစ်ပါတယ်။

Online Booking တွေသာ မရှိခဲ့ရင်
အထဲမှာ ကိုယ့်ဘာသာ လုပ်မယ်ဆိုရင်ကုန်ကျစားရိတ်က ၃၅၀၀၀ ပဲ ရှိတာပါ။

Form ပုံစံပေးထားပါတယ် ကိုယ့်ဘာသာ အိမ်ကနေ ကြိုဖြည့်ပြီး ရုံးရောက်တဲ့ အခါ ပြန်ကူးလိုက်ရင် မြန်ဆန်စေဖို့ပါ။

ဒါနမူနာ‌ပြတာပါ
ဒါကို Print ထုတ်ပြီး ဟိုမှာ သုံးလို့မရပါဘူး။

ရုံးထဲမှာ လိုက်လုပ်ပေးတာအပ်ထားရင်တော့ သူတို့ဖြည့်ထားပေးပါတယ်။

ပြီးတော့ဖြစ်နိုင်ရင် မခက်ခဲတဲ့ ကိစ္စကို ကိုယ်တိုင်လုပ်စေချင်ပါတယ်။

အထဲမှာ လိုက်လုပ်ပေးတဲ့ သူတွေရှိပေမယ့်သူတို့တွေက လူများလို့စိတ်မရှည်ပါ။
စကားပြောတာလည်းရင့်ပါတယ်။

ဟိန်းဟောက်ငေါက်ငမ်းသလိုမျိုးမို့ ကျွန်မတော့ပိုက်ဆံလည်းပေးရသေး အဲ့လိုလည်းဆက်ဆံခံရသေးမို့ ကိုယ်တိုင်ပဲ လုပ်ပါတယ်။

တန်းစီတာကတော့ အလုံးစုံမဟုတ်တောင် လဝက စစ်တာ တန်းစီရပါမယ်။
နောက်ဆုံးအဆင့် ဓာတ်ပုဲရိုက်ဖို့တန်းစီရပါမယ်။
ဘဏ်သွင်းတာတော့ အပ်တဲ့သူကသွင်းပေးတာ စောင့်ရပါမယ်။

ခုနောက်ပိုင်း ဘဏ်သွင်းတာမမှီလို့ပြန်ရတဲ့သူတွေ များလာပါတယ်။

အဲ့တော့ အချိန်ပေးနိုင်ပြီး သွားနိုင်တဲ့သူများ
ကိုယ့်ဘာသာ လုပ်မယ့်သူများကိုပြောချင်တာက
မနက်အစောကြီး မသွားပဲ
ဘဏ်မမှီမယ့်အတူ
အေးဆေးမှ သွား
နောက်နေ့ ဘဏ်မမှီဦးစားပေးဝင်ချိန် ထပ်သွား။
၂ ရက်‌သွားရပါမယ်။

၅ နှစ်တာ ကိုင်ဆောင်ရမယ့် Passport ကို ဒီလောက်တော့ အချိန်ပေးလိုက်ပါ။

(ဒီပို့စ်သည်ကိုယ်တိုင်လုပ်လိုသူ
အချိန်‌ပေးနိုင် သူများအတွက် သာဖြစ်ပါတယ်။)



Crd

30/07/2022

UPDATE] 🔥
ဩဂုတ်လ (၁)ရက်နေ့ မှ စတင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်မှီ (၄၈) နာရီ အတွင်း စစ်ဆေးထားသော RDT သို့ PT-PCR (Negative) စစ်ဆေးချက် မဖြစ်မနေလိုအပ်ပါပြီ။

ကာကွယ်ဆေး အပြည့် ၂ကြိမ်ထိုးပြီးလျှင် RDT Test စစ်ရန် လိုပြီး

ကာကွယ်ဆေး မထိုးရသေးလျှင် PT -PCR Test စစ် လာရန် လိုအပ်ပါတယ်

Test စစ်မလာပါက လေယာဉ်စီးလို့ မရပါဘူးရှင်

Credit: Su Chit

ဘန်ကောက်သွားဖို့ စီစဉ်နေ သူများအတွက်USD 50 စွန်းစွန်း နဲ့  Nokair လက်မှတ်တွေဝယ်ယူနိုင်တော့မှာပါ။  Budget Airline နှစ်ခုဖ...
12/06/2022

ဘန်ကောက်သွားဖို့ စီစဉ်နေ သူများအတွက်
USD 50 စွန်းစွန်း နဲ့ Nokair လက်မှတ်တွေဝယ်ယူနိုင်တော့မှာပါ။

Budget Airline နှစ်ခုဖြစ်တဲ့
💛 Air Aisa &
❤️Nok Air
July လ ၁ ရက်နေ့မှာ စတင်ပျံသန်းတော့မှာ ဖြစ်ပါတယ်။

လေယာဉ်ချိန်
💛 Nok Air
◾️ ရန်ကုန် - ဘန်ကောက်က အပတ်စဥ်
Monday,
Wednesday,
Friday,
Sunday

ရန်ကုန်-ဘန်ကောက်
08:05 - 09:50
ဘန်ကောက်- ရန်ကုန်
06:30 - 07:15

❤️ Air Aisa
◾️ ရန်ကုန် - ဘန်ကောက်

Monday,
Wednesday,
Friday,
Sunday
လေးရက်စီရှိပါမယ်ရှင်။

ရန်ကုန်-ဘန်ကောက်
08:30 - 10:15
ဘန်ကောက်- ရန်ကုန်
07:15 - 08:00
◾️ မန္တလေး - ဘန်ကောက် Monday , Friday
မန္တလေး - ဘန်ကောက်
12: 45 - 15:00

ဘန်ကောက် - မန္တလေး 11:00 - 12:15

✈️ Airport- Donmuang

No Meals,No Kilo ဖြစ်ပြီး
Hand Carry 7 KG သာ ပါဝင်မှာပါ။
အစားသောက် နဲ့ ကီလို အပို ဝယ်ယူနိုင်ပါသည်။

21/05/2022

Thailand Pass ဖြုတ်လိုက်ပါပြီ။

Edit - ဇွန်လ ၁ ရက်မှစပြီး ထိုင်းနိုင်ငံသားများ Thailand Pass မလိုတော့ပဲ နိုင်ငံထဲဝင်ရောက်နိုင်မည်

ဇွန်လ ၁ရက်နေ့မှစတင်ပြီးတော့ လေကြောင်းနဲ့ နိုင်ငံတွင်းဝင်ရောက်လာသူများအတွက် အချိန်ကုန်တဲ့ မှတ်ပုံတင်ခြင်းဖြစ်တဲ့ Thailand Pass မလိုအပ်တော့ပဲ ဝင်ရောက်နိုင်တော့မယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ အပြောင်းအလဲနဲ့ ခွင့်ပြုချက်က ထိုင်းနိုင်ငံသားတွေ အတွက်သာ ဖြစ်တယ်လို့ Khaosood သတင်းက ရေးသားထားပါတယ်။

ထိုင်းနိုင်ငံသားတွေအတွက် Thailand Pass လိုအပ်ချက်ကို ပယ်ဖျက်ခဲ့ပြီး အခြားခရီးသွားတွေအတွက် ဝင်ခွင့်ကန့်သတ်ချက်တွေကို CCSA မှ ဖြေလျှော့ခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ထပ်မံဖြေလျှော့မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သာ သောကြာနေ့မှာ ကိုဗစ် ၁၉ အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံသို့ ပျံသန်းလာတဲ့ နိုင်ငံခြားသားတွေက စီမံခန့်ခွဲမှုဗဟိုရဲ့ အွန်လိုင်းခွင့်ပြုချက်ကို စောင့်ဆိုင်းစရာမလိုတော့ကြောင်း ပြောကြားထားသော်လည်းပဲ မှတ်ပုံတင်စာရင်းသွင်းဖို့အတွက် QR ကုဒ်ကိုပေးမှာဖြစ်ပြီး အွန်လိုင်းဖောင်ကိုလည်း ဆက်လက်ဖြည့်ပေးရမယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေအတွက် အာမခံ အကျုံးဝင်မယ့် အမေရိကန်ဒေါ်လာ ၁ သောင်းကိုလည်း ဆက်လက်လိုအပ်အုန်းမှာဖြစ်ပါတယ်။

Ref:khaosoodenglish

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

AirAsia လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်ခရီးစဉ်များ မေလ ၁၃ရက်နေ့မှာ ပြန်လည်ပြေးဆွဲပေးမယ်.........
03/05/2022

AirAsia လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်ခရီးစဉ်များ မေလ ၁၃ရက်နေ့မှာ ပြန်လည်ပြေးဆွဲပေးမယ်...........
ဧပြီ၊ ၂၆

AirAsia လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်ခရီးစဉ်များကို မေလ ၁၃ရက်နေ့မှစပြီး ပြန်လည်ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ အဆိုပါလေကြောင်းလိုင်းမှ သိရပါတယ်။

ကိုဗစ်-၁၉ ကြောင့် ရပ်နားထားတဲ့ AirAsia လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်ခရီးစဉ်ကို မေလ ၁၃ရက်နေ့မှ စတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>
https://www.myanmaplatform.com/a/59304.html
https://t.me/myanmaplatform

03/05/2022

🇹🇭 မေ ၁ ရက်စလို့ ထိုင်းလာရင် Q ဝင်စရာမလိုတော့ပါ 🇹🇭

⚠️ ဒါဆို မေ ၁ ရက်ကစလို့ ထိုင်းကိုလာမယ့်သူတွေ ဘာတွေလိုပါသလဲ

💉 ကာကွယ်ဆေးအကြိမ်ပြည့် ထိုးပြီးသား ခရီးသွားတွေဆိုရင်
🇹🇭 လေယာဥ်လက်မှတ်
🇹🇭 Visa (14Day Visa Free နဲ့လည်းလာလို့ရ)
🇹🇭 USD 10000 Cover ဖြစ်တဲ့ ကျန်းမာရေးအာမခံ
🇹🇭 Thailand Pass
❌ ကိုဗစ် PCR Test ကို လေယာဥ်မစီးခင်ရော၊ ဆိုက်ရောက်ချိန်မှာပါ စစ်စရာ မလိုတော့ပါဘူး။

💉ကာကွယ်ဆေးထိုးမထားရသေးတဲ့ခရီးသည်ဆိုရင်
🇹🇭 Q ဟိုတယ် ၅ ည စာ Booking လိုပါတယ်။
🇹🇭 ထိုင်းနိုင်ငံလေဆိပ်ကို ဆိုက်ရောက်ချိန်မှာ ကာကွယ်ဆေးထိုးမထားသူတွေသွားတဲ့ သီးသန့် လိုင်းကနေ သွားရပါမယ်။
🇹🇭 Q ဟိုတယ် ၄ ရက်မြောက်နေ့မှာ PCR Test စစ်ဖို့လိုပါမယ်။
🇹🇭 ကျန်တာကတော့ အပေါ်က ကာကွယ်ဆေးထိုးသူတွေလိုအပ်ချက်တွေအတိုင်းအားလုံးလုပ်ဖို့လိုပါမယ်။

➡️ Air Ticket
➡️ Insurance
➡️ Thailand Pass

July 1 ရက်နေ့မှစ၍ NOK AIR လေကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကို စတင်ပြန်လည်ပြေးဆွဲတော့မှာဖြစ်ပါတယ်...

အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ နေ့တိုင်း (တပတ် ၄ ရက်) ပြန်လည်ပြေးဆွဲသွား‌တော့မှာပါ။

DD-901 RGN-DMK 08:05 09:50
DD-900 DMK-RGN 06:30 07:15

01JUN ကနေစပြီး ထိုင်းဝင်ရင်
Thailand Pass မလိုတော့ဘူး

02/05/2022

🇲🇾 မလေးရှားက ကိုဗစ်ကန့်သတ်ချက်တွေလျော့ချလိုက်ပြီ 🇲🇾
🇲🇾 မေ ၁ ရက်ကစလို့ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူတွေ မလေးရှားနိုင်ငံကိုသွားမယ်ဆိုရင် လေယာဥ်မစီးခင် ကိုဗစ်စစ်ဆေးချက်မလိုအပ်တော့ပါဘူး။
🇲🇾 ကာကွယ်ဆေးမထိုးရသေးတဲ့အသက် ၁၂ အောက်ကလေးတွေဆိုရင်လည်း လေယာဥ်မစီးခင် ကိုဗစ်စစ်ဆေးချက်မလိုအပ်တော့ပါဘူး။
🇲🇾 ကာကွယ်ဆေးအကြိမ်ပြည့်( အကြိမ်ပြည့်ဆိုတာ Booster မပါ ပထမ ၂ ကြိမ်ကိုပြောခြင်းဖြစ်) ထိုးမထားသူတွေကတော့ လေယာဥ်မစီးခင် ကိုဗစ်စစ်ဆေးချက်လိုအပ်သလို ကွာရန်တင်း ၅ ရက်လည်းဝင်ရမှာဖြစ်ပါတယ်။
🇲🇾 မလေးရှားကိုဝင်ဖို့အတွက် ကိုဗစ်ကုသရေးအတွက် Cover ဖြစ်တဲ့အာမခံလည်း ဝယ်ဖို့ မလိုအပ်တော့ပါဘူး။
🇲🇾 ရောဂါကွင်းဆက်ရှာဖွေရေး App မှာလည်း Check in ဝင်ဖို့မလိုအပ်တော့ပါဘူး။
🇲🇾 မလေးရှားနိုင်ငံထဲမှာ တကယ်လို့ကိုဗစ်ရောဂါ Positive ဖြစ်ခဲ့ရင် ကွာရန်တင်း ၇ ရက်ဝင်ရမှာဖြစ်ပေမယ့် တကယ်လို့ ၄ ရက်မြောက်နေ့မှာ Negative ဖြစ်ခဲ့ရင် ကွာရန်တင်းကထွက်နိုင်ပါတယ်။
🇲🇾 မလေးရှားနိုင်ငံထဲမှာ Mask တပ်တာကိုလည်း တပ်လိုကတပ်နိုင်ပြီး၊ မတပ်လိုသူတွေလည်း မတပ်ဘဲ သွားလာနိုင်မှာဖြစ်တယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း Mask တပ်ဖို့ကိုတော့ အားပေးပါတယ်လို့ဆိုပါတယ်။
🇲🇾 အဲဒီတော့ မလေးရှားကိုသွားမယ့်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးရင်
🛂 Passport / Visa
✈️ လေယာဥ်လက်မှတ်
💉 ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်
ဒီ ၃ ခု ရှိရင်ရပါပြီ။

02/05/2022

🇮🇩 စင်ကာပူသွားမယ့် သူတွေအတွက် ဘာတွေ အပြောင်းအလဲရှိလဲ 🇮🇩

🇮🇩 ဧပြီ ၂၆ ရက်ကစလို့ စင်ကာပူကိုလာမယ့် ကာကွယ်ဆေးထိုးထားပြီးသူတွေဟာ
လေယာဥ်မစီးခင် ၄၈ နာရီအတွင်း ကိုဗစ်စစ်လာဖို့ မလိုတော့ပါဘူး။

🇮🇩 ကာကွယ်ဆေးထိုးမထားရသေးတဲ့ အသက် ၁၂ နဲ့ ၁၂ အောက်ကလေးတွေကိုလည်း ကိုဗစ်စစ်ဆေးဖို့ မလိုပါဘူး။

🇮🇩 ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူတွေကတော့ လေယာဥ်မစီးခင် ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးမှုလုပ်ရပါမယ်။

🇮🇩 ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားတဲ့ဧည့်သည်တွေနဲ့ ကာကွယ်ဆေးမထိုးရသေးတဲ့ ၁၂ အောက်ကလေးငယ်တွေအတွက် ကိုဗစ်ကုသရေးအတွက် ဝယ်ယူရတဲ့ အာမခံကိုလည်း ဝယ်စရာမလိုတော့ပါဘူး။

🇮🇩 ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူတွေကတော့ ကိုဗစ်ကုသရေးအာမခံကို ဝယ်ယူဖို့ လိုအပ်ပါတယ်။

အဲဒီတော့ စင်ကာပူကို Visa Free ရက် ၃၀ နဲ့ သွားမယ်ဆိုရင် လေယာဥ်လက်မှတ်ပဲ လိုပါတော့တယ်။

27/04/2022

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်

ကြာချိန် - ၃ နာရီ
ကုန်ကျငွေ - ၃၂၀၀၀ကျပ်

🌿Online Booking ရယူရန်

ပွဲစားတွေလည်းအရမ်းများတဲ့အတွက်
Booking အပြည့်မြန်ပါတယ်။
Today dateကနေ နောက်နှစ်ပတ်လောက်အထိ
Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ
ကြိုယူထားတာအကောင်းဆုံးပါ။

https://www.passport.gov.mm/

အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များမှန်ကန်အောင်ဖြည့်ပါ။

🌿 ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ

☘️သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ ၂ စုံ
☘️မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ
☘️Booking Appointment QR code
(ဖုန်းနဲ့ QRပုံရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်းရပါတယ်)
🔺 သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။
🔺 PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင်ထားရန်။

~~~~~

Passport ရုံးထဲရောက်ဖို့အတွက်
အဆင့်(၃)ဆင့်ဖြတ်ရပါမယ်။
▪️ Booking QR နှင့် မှတ်ပုံတင်မူရင်းပြ၍ ဝင်းအတွင်းဝင်ရန်။
▪️ အစစ်ဆေးခံရန်
▪️ QR Scan ဖတ်၍ ရုံအတွင်းဝင်ရန်။

🔺 စာရွက်စာတမ်း၊ဖုန်း၊ ပိုက်ဆံအိတ်အသေးကလွဲ၍
အခြားလွယ်အိတ်၊ ပိုက်ဆံအိတ်အကြီး၊ ထီး၊ ဦးထုပ်စတဲ့ ပစ္စည်းများ ဘာမှယူသွားလို့မရပါဘူး။
သွားတဲ့အချိန်ပေါ်မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီးတန်းစီရတတ်ပါတယ် ~~ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသောအချိန်၏ နာရီဝက်မတိုင်ခင်အရောက်သွားပါ။

~~~~~
ရုံအတွင်းရောက်လျှင်

🍀 လဝက စစ်ဆေးခြင်း

ကောင်တာတစ်ခုတွင်တန်းစီပြီး
ကိုယ့်အလှည့်ရောက်ပါက
ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့သွားခွင့်ပြုပါကသွားပြီး
စစ်ဆေးပြီးကြောင်းတံဆိပ်ထုထားသောစာရွက်ယူပါ။
စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။
~~~~~

Passport စတင်လျှောက်ထားရန်

အဆင့်(၁) ✔️ Form ဖြည့်ခြင်း
🔺 အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို
ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။
လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂)✔️ ငွေသွင်းခြင်း။

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။
ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ✔️ ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန်slipရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။ Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။ ဓါတ်ပုံရိုက်ပြီးရင် ၅၀၀၀ပါတဲ့။

Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ရပါပြီ။ ☘️

ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက
ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ~~ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊
လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး
မသိတာရှိရင်ပြုံးပြီးမေး။
အခြား၂၀၀၀ ၃၀၀၀အနည်းငယ်ထပ်ပေးရတာ
စျေးမတူတာလေးတွေရှိရင်လည်း ပေးလိုက်ပါနော်။

အဆင်ပြေကြပါစေ ✊

စင်္ကာပူလာဖို့ဆိုရင် ဘာတွေပြင်ဆင်ရမလဲ.? *****************************************1️⃣ passport PV ဖြစ်ရပါမယ်PJ ဆိုရင် OWI...
23/04/2022

စင်္ကာပူလာဖို့ဆိုရင် ဘာတွေပြင်ဆင်ရမလဲ.?
*****************************************
1️⃣ passport PV ဖြစ်ရပါမယ်
PJ ဆိုရင် OWIC နဲ့ ပါမစ်(သို့)IPA လိုပါမယ်
OWIC နဲ့ ပါမစ် (သို့) IPA ပါတဲ့ company
နံမည်တူရပါမည်
PV ဆိုရင် ဘာမှမလိုပါ
(အပြန်လေယာဉ် လက်မှတ် for show ဘဲလိုပါမယ်)
2️⃣ ဆေးထိုးပီးကြောင်း Certificate လိုပါတယ်
မြန်မာလိုဖြစ်ပါက Notry ပြန်ရပါမယ်
နံမည် ၊ မှတ်ပုံတင် ဘဲ ဖြစ်နေရင်
ပါတ်စပို့ နံပါတ် နဲ့ မွေးနေ့ ထည့်ခိုင်းပါ
3️⃣ ၄၈ နာရီတွင်း ART Negative ဖြစ်ကြောင်း
Certificate လိုပါမယ်
မြန်မာလိုဖြစ်ပါက Notry ပြန်ရပါမယ်
နံမည် ၊ မှတ်ပုံတင် ဘဲ ဖြစ်နေရင် ပါတ်စပို့
နံပါတ် နဲ့ မွေးနေ့ ထည့်ခိုင်းပါ
4️⃣ မလာခင် ၃ ရက်ကြိုတင်ပီး SG white card
ဖြည့်ပီးတင်ရပါမယ်
ဖြည့်ရမယ့် Link -
https://eservices.ica.gov.sg/sgarrivalcard/
စင်္ကာပူ လဝက ကောင်တာမှာ ပါတ်စပို့ဘဲ စစ်ပါတယ်
Mask 😷 ဖြုတ်ခိုင်းပီး ဓါတ်ပုံရိုက်ပါမယ်
🚫 Q ဝင်ဖို့မလိုပါ
🚫 Approval တင်ဖို့မလိုပါ
🚫 Visa မလိုပါ
Posting by ..,
Credit to ..., ~ ဘဇော် ~

Address

No. 6/B (Ground Floor), Bawga Theik Di Street, 2 Ward, Mayangone Township
Yangon
11111

Telephone

09421038053

Website

Alerts

Be the first to know and let us send you an email when AEDO Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AEDO Travel & Tours:

Share

Category


Other Tour Guides in Yangon

Show All