ကားနဲ့ သင်္ကြန်ပိတ်ရက် မြဝတီဘက်ကနေ
နေရပ်ပြန်တဲ့ သူတွေများလိုက်တာ
အစစအရာရာ ဂရုစိုက်ကြပါ
နောက်သွားမယ့်သူတွေလည်း
လိုအပ်တာတွေကြိုတင်စီစဉ်ထားကြပါ
ရေသန့်ဗူးတွေ အစာပြေစာမုန့်တွေ
ဆေးဝါးတွေ ဆောင်ထားကြပါ
ပစ္စည်းတွေကိုဖြစ်နိုင်ရင် တနိုင်တပိုင်ဘဲယူသွားကြပါ
ခါးပိုက်နှိုက်တွေ ဗိုက်ဖောက်တွေသတိထားကြပါ
ငွေလဲရင်လည်း လဲပေးတဲ့သူကိုဓာတ်ပုံ
vido ရိုက်ပြီးအထောက်အထားတစ်ခုခုလုပ်ထားပါ
ပိုက်ဆံအတုအစစ်သေချာကြည့်ပါ
ပိုက်ဆံပြည့်မပြည့်လည်း အသေချာရေတွက်ပါ
နေပူတယ် ချွေးထွက်များရင် မူးလဲမယ်
ရှူဆေးတွေ အားပြည့်အချိုရည်တွေ ဝယ်ထားပါ
နေရပ်ပြန်ရွှေမြန်မာများအားလုံးအဆင်ပြေကြပါစေ
မြန်မြန်ပြန်ရောက်ပြီ ချစ်တဲ့မိသားစုနဲ့ သင်္ကြန်မှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကိုကြိုဆိုနိုင်ကြပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
#လေယာဉ်လက်မှတ်များဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းသည်
လေယာဉ်ပေါ် အရည်ဘူးတွေသယ်မယ်ဆို ပစ္စည်း တစ်ခုကို ၁၀၀ ဂရမ် ထိပဲသယ်ခွင့်ပြုပြီး စုစုပေါင်း ဆယ်ခုအထိ သယ်လိုရပါတယ်။
အရည်ဘူးကြီးတွေ ဆိုရင် လေယာဉ်ဗိုက်ထဲထည့်ရမည်ဖြစ်သည်။
တရိစ္ဆာန်တွေကတော့ လေယာဉ်လိုင်းက ခွင့်ပြုရင်သယ်လိုရပါတယ်။ အိမ်မွေးတရိစ္ဆာန်ပဲရမယ်နော်။
ဖုန်းအားတွင်းတုံး Power Bank ကတော့
လူတစ်ယောက် ၂တုံးထိသယ်လိုရပါတယ် တစ်တုံးကို အား၃၂၀၀၀ ကျော်လို့မရပါ။ကျော်ရင် ထားခဲ့ရမယ်။
နောက်တစ်ခုက အားတွင်းတုံးရဲ့ အားဘယ်လောက်လဲဆိုတာ ရေးထားတာမပျက်စေနဲ့
အားလုံးအဆင်ပြေကြပါစေ ရွှေမြန်မာများ
ကြိုတင်လက်မှတ်များဝယ်ယူလိုပါက
☎☎☎0943503004
Viber+66943503004