06/09/2024
ရှိတာကို ထုတ်ကြွားတတ်သည့် မြန်မာအွန်လိုင်းဈေးသည် တိုင်ချက်ကြောင့် ဖမ်းဆီးခြင်းခံရ
စက်တင်ဘာ ၆၊ ၂၀၂၄
ထိုင်းတွင် အိမ်ခန်းငှားပြီး မြန်မာအထည်များကို အွန်လိုင်းပေါ်တွင် ရောင်းချဝင်ငွေရှာသည့် မြန်မာများနေတဲ့အခန်းကို ယမနေ့ ထိုင်းစံတော်ချိန် ၁ နာရီခန့်တွင် ထိုင်းအာဏာပိုင်များ တိုင်ချက်ကြောင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်ရောက်စစ်ဆေးချိန်တွင် အခန်တွင်းတွင် မြန်မာ ၁၀ ဦးနှင့် သေချာစီထားတဲ့ မြန်မာအဝတ်အထည်များကို တွေ့ရကြောင်း ဘန်ယိုင်ရဲစခန်းကပြောသည်။
အခန်းတွင်းရှိသည့် မြန်မာ ၁၀ ဦး၏ အထောက်အထားများကို စစ်ဆေးနေချိန်တွင် အထောက်အထားမဲ့ ၈ ဦးရှိကြောင်း သိရသည်။ စစ်ဆေးဖမ်းဆီးခြင်းခံရသည့် မြန်မာအွန်လိုင်းဈေးသည် ဘန်ယိုင်မြို့ ကန်တနာလမ်း နွန်ထဘူရီခရိုင်တွင် နေထိုင်ကြောင်းသိရသည်။
ယခုလိုဝင်ရောက်စစ်ဆေးခံရခြင်းမှာ ပတ်ဝန်းကျင်၏ တိုင်ချက်ကြောင့်ဖြစ်ကြောင်း Right Now ဘက်ကစုံစမ်းသိရသည်။ အွန်လိုင်းဈေးသည်မြန်မာသည် ရပ်ကွက်ထဲတွင် ကြွားကြွာဝါဝါရှိခြင်းနှင့် ငွေများကို ပေါပေါကြွယ်ကြွယ် သုံးလေ့ရှိပြီး၊ အလုပ်အကိုင်မယ်ရရမရှိဘဲ သားသားနားနားနေထိုင်ပြခြင်းကြောင့် ပတ်ဝန်းကျင်များမှ မသင်္ကာမှုရှိသဖြင့် ဘန်ယိုင်ရဲစခန်းထံ လှမ်းတိုင်ခဲ့လို့ ယခုလိုအဖမ်းခံရခြင်းဖြစ်ပါသည်။
မြန်မာ ၈ ဦးမှာ အထောက်အထားမဲ့အပြင်၊ ထိုင်းတွင်တားမြစ်လုပ်ငန်းလုပ်ကိုင်ခြင်း၊ တစ်တော့ခ် ပေါ်တွင် ဈေးရောင်းကြကာဝင်ငွေရှာနေကြခြင်းနှင့် ၁ လဝင်ငွေ ဘတ် ၂ သိန်းခန့်ရရှိကြောင်းသိရသည်။
"အွန်လိုင်းပေါ်ဈေးရောင်းခြင်းသည် ရွှေ့ပြောင်လုပ်သားလုပ်ကိုင်မရှိပါ၊ တားမြစ်လုပ်ငန်းတွေဖြစ်ပါတယ်။ တရားမဝင်နေထိုင်ကြသူတွေလဲဖြစ်တယ်။ ဒါကြောင့် သူတို့တွေကို ဆက်လက်အရေးယူသွားဖို့ နယ်မြေခံ လဝက အဖွဲ့အစည်းထံ လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း" ဘန်ယိုင်ရဲစခန်းမှ သတင်းထောက်တွေကိုပြောသည်။
Crd:
Now #အွန်လိုင်းဈေးသည် #မြန်မာ #အထောက်အထားမဲ့