TEAMS TEAMS is for Myanmar youths and every teachers who wish to implement quality education in Myanmar. They have to rely on Local and Foreign Organizations.

We, a group of young motivated graduates believe that English is an essential key to open higher education and to participate in activities or works conducted by international community or global community. This belief encourages us to set up a small program called TEAMS (Teaching English Association for Monastic Schools) which can give mutual benefit between our group and rural communities. High

school students or even graduates from rural areas of Myanmar are not able to use English although they have studied English for ten or more years at school. Most importantly, even most teachers who teach English are unable to converse in English or to write English essays. The cause of this problem is that teachers do not teach English as foreign language, instead they teach it as a school subject: memorizing vocabularies, reciting paragraphs, and practicing questions and answers. This teaching method makes students to be unfamiliar with English in reality. If using such teaching technique is continued, it is highly possible students are less to access higher education, and to integrate with people from English speaking countries. To address this problem, we, six young people, who are good at English, who has five years of teaching experiences and who are active working for communities’ education development would like to share our skills, knowledge and experiences. o We will develop our own curriculum
o Collect training resources ( videos, short English stories books, Listening work books and other stationeries)
o Collect detailed background information of the schools
o Conduct English Language Teaching Training ( Teacher Training)
o Co-teaching with local teachers
We mainly focus on Monastic schools which don’t get opportunities to learn English as a second learner. In Myanmar, most of the monastic schools don’t get the supports from Government. Most of the monastic schools are primary school. If the students want to continue secondary, they have to go to city. Mostly they don’t continue their secondary level because they can’t afford to attend. The people in rural areas are not educated because they don’t continue their school. They don’t get any supports from Government. As well as, the monastic school teachers don’t get any training from Government. So we decided to do that program for Monastic School. As we are youth, we have ideas and would like to volunteer.

Formative Assessment ပညာရေးအတွေးအမြင်နှင့် စာသင်ခန်းတွင်းမှ မှတ်တမ်းများ အပိုင်း(၁၀)စစ်ဆေးအကဲဖြတ်ခြင်းလို့ပြောလိုက်ရင် စ...
13/09/2024

Formative Assessment

ပညာရေးအတွေးအမြင်နှင့် စာသင်ခန်းတွင်းမှ မှတ်တမ်းများ အပိုင်း(၁၀)

စစ်ဆေးအကဲဖြတ်ခြင်းလို့ပြောလိုက်ရင် စာမေးပွဲကို ပြေးမြင်မိကြမှာပါ။ စာမေးပွဲတွေရဲ့ ရလဒ်တွေဟာ ကလေးတွေရဲ့ တိုးတက်မှုကို ပြနိုင်တဲ့ အဆင့်တွေသတ်မှတ်ထားတဲ့ သက်သေကတ်ပြားတစ်ခု ဖြစ်သလို စာမေးပွဲတွေဟာ စာသင်နှစ်ရဲ့ အရေးကြီးဆုံး ကာလတွေလို့ ဆိုရမှာပါ။ စာမေးပွဲတွေအပြင် အတန်းတွင်း နေ့စဉ် ကလေးတွေရဲ့ သင်ယူမှုကို စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။

အတန်းတွင်းနေ့စဉ် စစ်ဆေးမှုပုံစံမှာ စာတွေကျက်ရပြီး ဆရာမဆီ စာပြန်ဆိုရတယ်။ စာပြန်ဆိုနိုင်တဲ့ သူက ဒီသင်ခန်းစာကို ရပြီး၊ မဆိုနိုင်တဲ့ သူကတော့ ဒီသင်ခန်းစာကို မရသေးဘူး လို့ စစ်ဆေးကြတယ်။ ဒါကတော့ နှစ်ပေါင်းများစွာ ယခုထိတိုင် အသုံးပြုနေတဲ့ သမာရိုးကျ စစ်ဆေးမှု နည်းလမ်းလို့ပြောရမှာပါ။ စာတွေပြန်ဆိုနိုင်တာဟာ ကလေးတွေသည် သင်ခန်းစာကို အမှန်တကယ် နားလည်သွားကြောင်းသတ်မှတ်လို့မရပါ။ ဒါဆို နားလည်မှုကို ဘယ်လို စစ်ဆေးကြသေးလဲ။

“နားလည်ပြီလား”
“နားမလည်တာ ဘာရှိလဲ”
“မေးခွန်းရှိလား”

ဒီမေးခွန်း သုံးခုဟာ ဆရာ၊မတွေ သုံးလေ့ရှိတဲ့အတွက် သိပ်တော့ ထူးဆန်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဆရာ၊မတို့ကို အံ့အားသင့်စေမှာက ကလေးတွေဆီက “နားလည်ပါတယ်။ မေးခွန်းမရှိပါဘူး” ဆိုတဲ့ တုံ့ပြန်မှုတွေဟာ သူတို့ တကယ်နားလည်သွားပါတယ်၊ မေးခွန်းတကယ်မရှိပါဘူးလို့ မှတ်ယူလို့ မရနိုင်တာပါပဲ။ ဆရာကို ကြောက်လို့ မမေးရဲတဲ့ ကလေးရှိနိုင်မယ်၊ အတန်းဖော်တွေ ပျက်ရယ်ပြုမှာစိုးလို့ မမေးရဲတဲ့ ကလေးရှိမယ် စသဖြင့် ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ကြားသူတွေဟာ ဒီလို စစ်ဆေးတဲ့ နည်းလမ်းကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ကလေးတွေက သင်ခန်းစာတစ်ခုကို နားလည်သွားပြီလား၊ နောက်သင်ခန်းစာတစ်ခုကို ဆက်သွားလို့ရပြီလား၊ ဒီသင်ခန်းစာကို ပြန်သင်ဖို့ လိုအပ်နေသေးလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။
Formative Assessment ကို အသုံးပြုနိုင်ပါတယ်။
Formative Assessment ဆိုတာက ကလေးတွေရဲ့ သင်ယူမှုကို စစ်ဆေးအကဲဖြတ်ဖို့ သူတို့ရဲ့ နားလည်မှုကို သင်ယူမှုဖြစ်စဉ်အတွင်းမှာ စစ်ဆေးပြီး ဆက်လက်တ်ိုးတက်ရေးအတွက် တုံ့ပြန်အကြံပြုချက် (feedback) တွေ ပေးတာပဲ ဖြစ်ပါတယ်။

Formative Assessment က ဆောင်ရွက်နေဆဲ လုပ်ငန်းစဉ် (on going process) တစ်ခု ဖြစ်ပြီး သင်ခန်းစာတစ်ခု သင်ကြားနေချိန်အတွင်းမှာ ဖြစ်ပေါ်ပါတယ်။ Formative Assessment ဟာ ကလေးတွေရဲ့ သင်ယူမှုရလဒ်ကို တိုးတက်အောင် လုပ်ပေးပြီး အကြံပြုချက်ပေးတာဖြစ်တဲ့အတွက် စာမေးပွဲလို အဆင့်သတ်မှတ်ချက်တွေ၊ အမှတ်ပေးခြင်းတွေ အသုံးမပြုပါ။ Formative Assessment မှာ သင်ခန်းစာအကြောင်းအရာက သင်ခန်းစာ တစ်ခုစာ အနည်းငယ်သာပါဝင်ရပြီး စစ်ဆေးမှုက သင်ယူမှုဖြစ်စဉ်အတွင်း တစ်ကြိမ်ထက်မက ပြုလုပ်နိုင်ပါတယ်။

တူညီတဲ့ Formative Assessment တွေ ပြုလုပ်တာက ငြီးငွေ့ဖွယ်ကောင်းလာနိုင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ Formative Assessment တွေ ပြုလုပ်တာက ကလေးတွေရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်ပါတယ်။ Formative Assessment အတွက် လုပ်ငန်းစဉ် နည်းလမ်းအများကြီးထဲအနက် ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

✨Exit Tickets or Exit Slips

Exit ticket က သင်ခန်းစာနဲ့ ဆက်စပ်တဲ့ မေးခွန်းတိုလေးတွေ ရေးထားတဲ့ စာရွက်လေးတွေဖြစ်ပါတယ်။ ကလေးတွေက စာသင်ချိန်မပြီးခင်လေးမှာ စာရွက်တွေထဲက မေးခွန်းတွေကို ဖြေပြီးမှ အတန်းဆင်းလို့ရမှာပါ။ Exit Ticket ပုံစံအမျိုးမျိုးထဲမှ တစ်မျိုးကို ဥပမာပြလိုက်ပါတယ်။ ဒီနေ့ သင်ခန်းစာက သိပ္ပံဘာရပ်က အစာအုပ်စု အကြောင်းဆ်ိုပါစို့။
ကလေးကို ပေးမယ့် စာရွက်ထဲမှာ ဒီလိုမေးခွန်းလေးကို မေးလို့ရပါတယ်။

၁)အစာအုပ်စု သင်ခန်းစာထဲက မှတ်မိတဲ့ အရာ ၃ ခုက ဘာလဲ။
၂)အစာအုပ်စုနဲ့ ပတ်သက်ပြီး ထပ်သိချင်တဲ့ အရာ ၂ခုကို ရေးပါ။
၃)သင်ခန်းစာအပေါ် ဘယ်လိုခံစားချက်ရှိလဲ။ ပျင်းတယ်။ စိတ်ဝင်စားတယ်။ (Tick လုပ်ခိုင်းလို့ရပါတယ်) စသဖြင့် မေးခွန်းတွေ စီစဉ်လို့ရပါတယ်။

Exit Tickets သုံးခြင်းက ကလေးတွေရဲ့ တိုးတက်မှုအတွက် ဘာတွေ အကူညီပေးဖို့ လိုအပ်သလဲ။ ကလေးတွေက သင်ခန်းစာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားချက်ရှိနေသလဲ စသဖြင့် အချက်အလက်တွေကို ရရှိနိုင်ပါတယ်။

✨Traffic Light Self- assessment
Self Assessment ဟာ ကလေးတွေကို သူတို့ရဲ့ သင်ယူမှုကို ကိုယ်တိုင်စစ်ဆေး သုံးသပ်အကဲဖြတ်ခိုင်းတာပဲ ဖြစ်ပါတယ်။ Self-Assessment လုပ်တဲ့ activity လေးတစ်ခုကတော့ Traffic Lights (မီးပွိုင့်) ဖြစ်ပါတယ်။

🟢 အစိမ်းရောင်က ကလေးဟာ သင်ခန်းစာကိုနားလည်တယ် သင်ခန်းစာအသစ်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။
🟡 အဝါရောင်ကတော့ ကလေးတွေက သင်ယူလေ့လာမှုမှာ အဆင်ပြေတယ်။ ဒါပေမယ့် နားမလည်တာလေးတွေ နည်းနည်းရှိနေသေးတယ်။
🔴 အနီရောင်ကတော့ သင်ခန်းစာက အရမ်းခက်နေတယ်။ ဆရာမရဲ့ အကူညီအများကြီးလိုအပ်နေတယ်။ နောက်သင်ခန်းစာ သွားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အခြေအနေကို ကိုယ်စားပြုပါတယ်။

နားလည်မှုကို စစ်ဆေးတဲ့လေ့ကျင့်ခန်း တစ်ခုပြီးတဲ့အခါ ကလေးတွေကို ကိုယ်တိုင် အရောင်သတ်မှတ်ခိုင်းပြီး ဆရာမက အနီရောင်နဲ့ အဝါရောင်ရတဲ့ ကလေးကို အစိမ်းရောင်ရအောင် ကူညီပံ့ပ်ိုးပေးရမှာပါ။ တစ်ခန်းလုံးမှာ အနီနဲ့ အဝါများနေပြီး အစိမ်းနည်းနေရင် သင်ခန်းစာအသစ်တစ်ခုကို ကူးလို့ မရသေးဘူးဆိုတာကို သိရှိနိုင်ပါတယ်။

✨Topic Alphabet
Topic Alphabet က သင်ခန်းစာရဲ့ အဆုံးမှာ ကလေးတွေက a-z နဲ့ စတဲ့ သင်ခန်းစာထဲက စကားလုံးတွေကို ရေးရမှာပါ။ ဥပမာ အစာအုပ်စု သင်ခန်းစာမှာဆိုရင်
a- apple
b- bone
c- calories
ကလေးတွေက a-z အထိ စကားလုံး ဘယ်နှစ်လုံးကို ရေးနိိုင်သလဲ။ ဒီ activity ကို Traffic light သုံးပြီး self-assessment လုပ်ခိုင်းလို့ရပါတယ်။ ဆရာမကတော့ ဘယ်နှစ်လုံးရရင် Green, ဘယ်နှစ်လုံးအောက်ဆိုရင် Red စသဖြင့်တော့ သတ်မှတ်ပေးထားရမှာပါ။ ဒီ activity ကို မြန်မာစာမှာလဲ က-အ အထိ လုပ်လို့ရပါတယ်။

Feedback (တုံ့ပြန်အကြံပြုခြင်း)
Formative Assessment က အဆင့်သတ်မှတ်ချက် မပေးတဲ့ အတွက် သင်ယူမှု ရလဒ်တိုးတက်အောင် feedback ပေးရပါတယ်။ တော်တယ်၊ မတော်ဘူးဆိုတာတွေဟာ ကောင်းမွန်တဲ့ feedback တွေ မဟုတ်ပါ။ ကလေးတွေရဲ့ အားသာချက် အားနည်ချက် တွေကို ထောက်ပြပြီး အကြံပြုချက်တွေပေးရပါမယ်။ feedback ပေးတဲ့အချိန်မှာလဲ အားသာချက် အရင်ပေးပြီးမှ အားနည်းချက်ကို ထောက်ပြတာမျိုး၊ feedback ကို တစ်ပတ်လောက်ကြာမှ ပေးတာမျိုးမဟုတ်ဘူး ချက်ချင်း ဒါမှမဟုတ် အချိန်တိုအတွင်း အမြန်ပေးတာမျိုး Feedback ပေးတဲ့ အချိန်မှာ အဓိက အချက်ကိုပဲ ပေးဖို့ အမှားတွေ အများကြီးရှာပြီး ကလေးရဲ့ စာရွက်ဟာ feedback တွေနဲ့ ပြည့်နှက်နေတာမျိုး စသဖြင့် do and don’t လေးတွေလဲ ရှိပါသေးတယ်။

နိဂုံးချုပ်အနေနဲ့ ကလေးရဲ့ သင်ယူမှုကို သင်ယူမှုဖြစ်စဉ်အတွင်းမှာ စစ်ဆေးအကဲဖြတ်ဖို့ အရေးကြီးကြောင်း၊ မေးလေ့ရှိတဲ့ “မေးခွန်းရှိလား” ဆိုတဲ့ မေးခွန်းတွေဟာ သင်ယူမှုကို စစ်ဆေးတဲ့အခါ အထောက်အကူမပြုကြောင်းကို သတိပြုကာ ကလေးတွေရဲ့ သင်ယူမှုရလဒ်ကို တိုးတက်အောင် မိတ်ဆက်သွားတဲ့ Exit Tickets, Traffic light, Topic Alphabet နဲ့ feedback တွေကို အသုံးပြုကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။

ဆရာမ ကျူးလစ်






Think, Pair, Share နည်းလမ်းဖြင့် ကျောင်းသားများ၏ ဆွေးနွေးမှုများကို စီမံခန့်ခွဲခြင်းပညာရေး အတွေးအမြင်နဲ့ စာသင်ခန်းတွင်းမ...
06/09/2024

Think, Pair, Share နည်းလမ်းဖြင့် ကျောင်းသားများ၏ ဆွေးနွေးမှုများကို စီမံခန့်ခွဲခြင်း

ပညာရေး အတွေးအမြင်နဲ့ စာသင်ခန်းတွင်းမှ မှတ်တမ်းများ အပိုင်း (၉)

“နီနီ လူ့ခန္ဓာကိုယ်ထဲက နှလုံးက ဘာတွေကိုလုပ်ဆောင်ပေးတာလဲ”
စာသင်ခန်းတစ်ခုရှိ သိပ္ပံဆရာမဆီက ထွက်လာတဲ့ မေးခွန်းတစ်ခုပင်။ အမေးခံရသော ကလေးမှာ မျက်လုံးကလေး ကလယ်ကလယ်ဖြင့် မေးခွန်းကို ချက်ချင်း မဖြေနိုင်ပဲ ခေါင်းကုတ်ကာ စဉ်းစားနေဆဲ။ စက္ကန့်တွေ တရွေ့ရွေ့ ကုန်ပြီး တစ်မိနစ် နှစ်မိနစ် ကူးပြောင်းလာတဲ့အထိ အဖြေမထွက်နိုင်။ ဆရာမသည်လဲ ဒီအတိုင်း အဖြေကို ဖြေတော့မလားနိုးနိုးနဲ့ စောင့်နေဆဲ။ ဒီကလေးကတော့ မဖြေနိုင်တော့ဘူး ထင်တယ်ဆိုမှ ကဲ “ဒီ မေးခွန်းကို ဘယ်သူ ဖြေပေးချင်လဲ” လို့ နောက်တစ်ယောက်က်ို ကောက်မေးလိုက်ရတော့တာပါပဲ။ ဒီလို အဖြစ်အပျက်မျိုးက်ို ဆရာ၊မ တို့ တော်တော်များများ ကြုံဖူးကြမှာပါ။

ဒီအဖြစ်အပျက်လေးကို သုံးသပ်ရရင် အဓိက အချက်က ကလေးမှာ စဉ်းစားချိန်မရပဲ မေးခွန်းအမေးခံရလိုက်လို့ပါပဲ။ ကလေးတွေကို တစ်ယောက်ချင်းစီ မေးခွန်းမေးတာပဲဖြစ်ဖြစ်၊ နှစ်ယောက်တစ်တွဲ တွဲပြီး ဆွေးနွေးခိုင်းတာပဲ ဖြစ်ဖြစ် ကလေးတွေဟာ မေးခွန်းအပေါ် သူတို့ရဲ့ အတွေးအမြင်တွေ ထွက်လာနိုင်ဖို့ စဉ်းစားချိန်ရရှ်ိခြင်း၊ မရရှိခြင်းကကလေးရဲ့ တုံ့ပြန်မှုအပေါ် သက်ရောက်မှုရှိပါတယ်။

မြန်မာနိုင်ငံပညာရေးမှာ ကလေးတွေကို မေးခွန်းတွေ မေးတဲ့အချိန်မှာ တစ်ယောက်ချင်းစီ မေးလေ့ရှိတာ များပါတယ်။ ကလေးတွေဟာ မေးခွန်းတစ်ခုအပေါ်မှာ စဉ်းစားချိန်၊ ပြင်ဆင်ချိန်မရတဲ့အခါ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှု နဲ့ ယုံကြည်မှု..ယတတေဲဉလျော့နည်းမှုတွေ ခံစားရနိုင်ပါတယ်။ ဒီလို စိုးရိမ်မှုတွေ လျော့နည်းစေဖို့ ဆရာ၊မတို့ မေးခွန်းမေးတဲ့အခါ Think, Pair, Share activity (အတ်ိုကောက်အနေဖြင့် TPS) လို့ခေါ်တဲ့ စဉ်းစားပါ၊ တစ်ဦးနဲ့တွဲပါ၊ မျှဝေပါ” လုပ်ငန်းစဉ်ကို အသုံးပြုနိုင်ပါတယ်။

Think, Pair, Share ဆိုတာက ဘာလဲ။
(Think)
ဆရာ၊မက မေးခွန်းတစ်ခုကို ပေးလိုက်မယ်။
ကလေးတွေဟာ ဒီမေးခွန်းကို တစ်ယောက်ချင်း အရင် စဉ်းစားရမယ်။

(Pair)
ဆရာမက ကလေးတွေကို နှစ်ယောက်တစ်တွဲ တွဲပေးလိုက်မယ်။

(Share)
ကလေးတွေက မေးခွန်းအပေါ် သူတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေမယ်။

Think, Pair Share ကို ထည့်သွင်းသုံးတဲ့အခါ ကလေးတိုင်းဟာ မေးခွန်းအပေါ် စဉ်းစားတဲ့ လုပ်ငန်းစဉ်ကို လုပ်နေရဲ့လားဆိုတာကို သေချာစေဖို့ ဆရာ၊မတွေ လုပ်ဆောင်ရမှာလေးတွေက ဘာဖြစ်မလဲ။

✨ကလေးတစ်ယောက်ချင်းစီအတွက် တွဲဖက်ကို ရွေးချယ်ပေးပါ။

TPS ကို ပုံမှန်အသုံးပြုမယ်ဆိုရင် ကလေးတွေအနေနဲ့ TPS activity က အများကြီး လုပ်ဆောင်ရတာတွေ မရှိပဲ လွယ်လွယ်ကူကူ ပါဝင်နိုင်ဖ်ို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတစ်ဦးချင်းစီအတွက် သူတို့ရဲ့ တွဲဖက်ကို ကောင်းမွန်စွာ စနစ်တကျ ပြင်ဆင်ထားဖို့ သိပ်အရေးကြီးပါတယ်။ ထိရောက်တဲ့ တွဲဖက်မှုကို ရရှိအောင် တစ်ဦးက တွေးခေါ်မှုနဲ့ ပြောဆိုခြင်းမှာ အခြားတစ်ဦးအပေါ် လွှမ်းမိုးနိုင်တတ်တဲ့သူနဲ့ တွဲပေးတာမျိုး ဒါမှမဟုတ် စဉ်းစားမှုနဲ့ ပြောဆိုခြင်းအပိုင်းမှာ ယုံကြည်မှုနည်းတဲ့ ကလေးအချင်းချင်း တွဲပေးလိုက်တာမျိုး မလုပ်ပါနဲ့။ တစ်ဦးနဲ့တစ်ဦး ထောက်ပံ့နိုင်တဲ့ တွဲဖက်မှုမျိုးကို လုပ်ဆောင်ပေးဖို့ သတိပြုပါ။ တစ်ခါတစ်လေ ဆရာ၊မတွေဟာ ကလေးတွေကို “ကိုယ့်တွဲဖက် ကိုယ်ရှာ၊ ကြိုက်တဲ့သူနဲ့ တွဲကြ” စသဖြင့် လုပ်မိတတ်ကြပါတယ်။ သတိထားရမှာက ကလေးတွေက ကိုယ့်ကိုကိုယ် တွဲဖက်ရှာနိုင်လိမ့်မယ်လို့ မယူဆလိုက်ပါနဲ့။ ကလေးတွေက ကိုယ်နှစ်သက်တဲ့ သူတွေနဲ့သာ တွဲလိုက်မယ်ဆိုရင် ယုံကြည်မှုအားနည်းတဲ့ကလေးတွေ ဒါမဟုတ် ကျောင်းမလာတဲ့ ကလေးတွေလဲ ရှိနိုင်တာမို့ တွဲဖက်မရတဲ့ ကလေးတွေက ကျန်ခဲ့နိုင်ပါတယ်။

✨ရည်မှန်းချက်နဲ့ အချိန်ကာလအပေါ် မူတည်ပြီး မေးခွန်းကို သတ်မှတ်ပါ။

တွဲဖက်ဆွေးနွေးတဲ့ အခါမှာ Pair Talk Structure (ဖွဲ့စည်းပုံ) မရှိပါက ကလေးတွေ အနေနဲ့ စတင်ဆွေးနွေးရန် ခက်ခဲနိုင်ပါတယ်။ ဖွဲ့စည်းထားတဲ့ မေးခွန်းတစ်ခုက ကလေးတွေအတွက် scaffold အဖြစ်လုပ်ဆောင်နိုင်ပြီး pair talk ဆွေးနွေးမှုကို အာရုံစိုက်နိုင်တဲ့ အကျိုးသက်ရောက်မှုရှိစေပါတယ်။ သတ်မှတ်ထားတဲ့ ဆွေးနွေးချိန် အချိန်ကာလ မရှိရင်လဲ ကလေးတွေက မေးခွန်းတွေကို အသေးစိတ်မဆွေးနွေးနိုင်တာ ဒါမှမဟုတ် အချိန်ကုန်ပြီး တာဝန်ကို မပြီးနိုင်ပဲ အချိန်ကိုဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် TPS သုံးတဲ့အခါ မေးခွန်းတွေဟာ ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်ဖို့ လိုအပ်ပါတယ်။
ဥပမာ-
▪️ပလတ်စတစ် အသုံးပြုခြင်းရဲ့ ကောင်းကျိူး ၂ချက်နဲ့ ဆိုးကျိုး ၂ချက်ကို ဆွေးနွေးပါ။
▪️သွေးနွေးသတ္တဝါရဲ့ လက္ခဏာရပ် ၃ချက်ကို ဆွေးနွေးပါ။

ဒီ မေးခွန်း ၂ ခုဟာ ရှင်းလင်းပြတ်သားပြီး ကောင်းမွန်စွာ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ တစ်ချ်ိန်တည်းမှာပဲ ဆွေးနွေးမှုမစခင် ဆွေးနွေးချိန်ကို သတ်မှတ်ပေးပြီး ကလေးတွေကို ကြိုတင်သတိပေးထားဖို့ လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်တိုင်း ဆွေးနွေးမှုကို ပြီးအောင် လုပ်ဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။

✨စဉ်းစားချိန်ပေးပါ။
Think, Pair, Share မှာပါတဲ့ Think (စဉ်းစားခြင်း) က သိပ်ကို အရေးကြီးတဲ့ stage ပါပဲ။ ကလေးတွေဟာ မေးခွန်းအပေါ်မှာ တွေးတောဖို့၊ သူတို့ အတွေးအမြင်တွေကို ကိုယ့်တွဲဖက်အပေါ် မမျှဝေခင် လေ့ကျင်ဖို့ အချိန်လိုအပ်ပါတယ်။ ကလေးတွေကို နှစ်ယောက်တစ်တွဲ မတွဲပေးခင် တစ်ဦးချင်းစီကို သီးသန့် စဉ်းစားချိန်ပေးပါ။
ဥပမာ- မေးခွန်းရှင်းပြတာနဲ့ အချိန်သတ်မှတ်ပြီးတဲ့အခါ ကလေးတစ်ဦးချင်းစီကို Silent Thinking Time (တိတ်ဆိတ်စွာ စဉ်းစားချိန်) စက္ကန့် သုံးဆယ်ပေးပါမယ်။ အချိန်ကို မေးခွန်းအပေါ် မူတည်ပြီး ဆရာ၊မ က စီမံခန့်ခွဲနိုင်ပါတယ်။ စဉ်းစားချိန်ပြီးတာနဲ့ သက်ဆိုင်ရာတွဲဖက်နဲ့ တစ်ဦးချင်းရဲ့ အတွေးအမြင်ကို အပြန်အလှန် ဆွေးနွေးမှု စတင်လို့ရပါပြီ။

✨တွဲဖက်ဆွေးနွေးနေစဉ် နားထောင်ရန် လှည့်ပတ်သွားလာပါ။
ကလေးတွေ တွဲဖက်ဆွေးနွေးတဲ့အခါ သူတို့ ဘာတွေဆွေးနွေးနေလဲဆိုတာကို နားထောင်ဖို့ အခန်းအတွင်း လှည့်ပတ်သွားနေဖို့ လိုပါတယ်။ ကလေးတွေက အပြန်အလှန်ဆွေးနွေးနေရဲ့လား။ တစ်ဦးတည်းကပဲ ဦးဆောင် ဆွေးနွေးပြီး ကျန်တစ်ဦးက ငြိမ်နေသလား။ အကူအညီလိုအပ်နေတဲ့ ကလေးရှိသလား စသဖြင့် စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။

“သွေးနွေးသတ္တဝါရဲ့ လက္ခဏာရပ် ၃ချက်ကို ဆွေးနွေးပါ။ “ ဆိုတဲ့ မေးခွန်းအတွက် ကလေးတွေဟာ တစ်ဦးရဲ့ အတွေးကို တစ်ဦးက နားထောင်ပြီးနောက် ဘုံသဘောတူညီတဲ့ အတွေးအမြင် ၃ ခုကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ ကျောင်းသားအရေအတွက်နဲ့ အချိန်အပေါ် မူတည်ပြီး မတူညီတဲ့ အတွေးအမြင် ၆ခုထဲက ၃ ခုကို ရွေးချယ်တာမျိုး လုပ်ခိုင်းလို့ရပါတယ်။

နောက်ဆုံး မျှဝေမှု (share) ပြီးသွားတာနဲ့ ဆရာ၊မ က Cold Calling ကို အသုံးပြုပြီး ကလေးတွေရဲ့ အတွေးအမြင်တွေကို မျှဝေခိုင်းလို့ရပါတယ်။
တကယ်လို့ လက်ထောင်တဲ့ Hands up ကို အသုံးပြုချင်ပါက “မတူညီတဲ့ အတွေးအမြင်ကို မျှဝေချင်တဲ့ သူရှိရင်လက်ထောင်ပါ” လို့ အသုံးပြုလို့ရပါတယ်။ Cold Calling ပြီးမှ hands up ကို အသုံးပြုပါ။ ယုံကြည်မှုနည်းနဲ့ ကလေးတွေက မျှဝေရမှာကို ကြောက်ရွံ့နေတာ သတိထားမိရင် ကလေးကို Cold Calling နဲ့ ခေါ်ပြီး “နေနေရေ လင်းလင်းနဲ့ တူတူ ဆွေးနွေးနေတုန်းက သားရဲ့ အတွေးအမြင်က သိပ်ကောင်းတာပဲ။ အဲဒါလေးကို အခြားသူတွေကို ပြောပြလိုက်ပါအုံးလား” စသဖြင့် ရှက်တတ်တဲ့ ကလေးကို အားတက်တောင် ယုံကြည်မှုရှိအောင် ဆွဲခေါ်ပေးတာမျိုး လုပ်သင့်ပါတယ်။

✨အဓိက အချက်တွေကို စုစည်းပေးပါ။
ကလေးတွေရဲ့ မျှဝေထားတဲ့ အချက်အလက်တွေကို မျှဝေမှု ပြီးသွားတာနဲ့ အဆုံးသတ်လိုက်တာမျိုးမလုပ်ပဲ မြင်သာတဲ့ နေရာမှာ စုစည်းတင်ပြပါ။ ဥပမာ ကျောက်သင်ပုန်း အပေါ်မှာ အဓိက အချက်တွေကို စုစည်း ရေးထားတာ၊ ရောင်စုံစက္ကူတွေ အသုံးပြုပြီး မျက်စိပဒေသာဖြစ်အောင် စုစည်းဖန်တီးလိုက်တာ၊ ဒါမှမဟုတ် စက္ကူရွက်အပေါ်မှာ mind-map ပုံစံရေးဆွဲပြီး မြင်သာထင်သာတဲ့ တစ်နေရာရာမှာကပ်ထားတာမျိုး လုပ်လို့ရပါတယ်။ ကလေးတွေရဲ့ ideas တွေကို ရေးတဲ့ အချိန်မှာလဲ ဟိုတစ်ခုဒီတစ်ခု ပြန့်ကျဲမနေပဲ ချိတ်ဆက်လို့ရတဲ့ ideas တွေကို order အလိုက် စုစည်းပြီး ရေးတာမျိုးက ပိုပြီး ကောင်းမွန်နိုင်ပါတယ်။

Think, Pair, Share (TPS) နည်းလမ်းဖြင့် အတန်းတွင်း ဆွေးနွေးမှုများကို စီမံခန့်ခွဲခြင်းက ကလေးတွေအတွက် အတွေးအမြင်ကို ပိုမိုချဲ့ထွင်နိုင်ပါတယ်။ ဆရာ၊မ များအနေနဲ့ TPS ကို အသုံးပြုခြင်းဖြင့် ကလေးတစ်ဦးချင်းစီရဲ့ အတွေးအမြင်တွေကို လိုအပ်သလို ထောက်ပံ့ပေးတာ၊ ဆွေးနွေးမှု အတွင်းမှ အဓိက အချက်များကို ကောင်းမွန်စွာ စုစည်းတင်ပြခြင်းမှတစ်ဆင့် ကလေးတွေရဲ့ အတွေးအမြင်များကို ပိုမိုထိရောက်စွာ သင်ယူစေနိုင်ပါတယ်။ ဒီဆောင်းပါးမှတစ်ဆင့် TPS အခြေခံနည်းလမ်းများကို စာသင်ခန်းအတွင်း ထိရောက်စွာ ပေါင်းစပ်အသုံးချဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။

ဆရာမ ကျူးလစ်






Video (ဗီဒီယို) ထည့်သွင်း သင်ကြားနည်းပညာရေးအတွေးအခေါ်နှင့် စာသင်ခန်းထဲမှ မှတ်တမ်းများ အပိုင်း (၈)စာသင်ခန်းထဲမှာ video (ဗ...
30/08/2024

Video (ဗီဒီယို) ထည့်သွင်း သင်ကြားနည်း

ပညာရေးအတွေးအခေါ်နှင့် စာသင်ခန်းထဲမှ မှတ်တမ်းများ အပိုင်း (၈)

စာသင်ခန်းထဲမှာ video (ဗီဒီယို) တွေ ထည့်သွင်းအသုံးပြုခြင်းက အခုခေတ်မှာ တွင်တွင်ကျယ်ကျယ်ဖြစ်လာတော့ သိပ်တော့မဆန်းကြယ်လှပါ။ Video တွေဟာ သင်ယူလေ့လာမှုရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်ပါဝင်လာပြီမဟုတ်ပါလား။ သို့သော် video တွေဟာ သင်ယူလေ့လာမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေသလား ဒါမှမဟုတ် ကလေးတွေအတွက် ဖျော်ဖြေရေး တစ်ခု သက်သက်သာ ဖြစ်နေသလားဆိုတာကိုတော့ ဆန်းစစ်ရမှာအမှန်ပင်ဖြစ်ပါတယ်။

ဒုတိယတန်း ကျောင်းသူဘဝတုန်းက သီချင်းတွေ ထည့်သွင်းအသုံးပြုတဲ့ စာသင်ခန်းတစ်ခုကိုတော့ မမေ့မပျောက် မှတ်မိနေပါတယ်။ TV သေးသေးလေး ပေါ်မှာ “Twinkle Twinkle Little Star” ကနေ စပြီး သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက် ကျောင်းခုံတန်းပေါ် ထိုင်ပြီး နားထောင်ခဲ့ရတဲ့ နေ့ရက်တွေကတော့ တကယ့်ကို ပျော်စရာကောင်းခဲ့ပါတယ်။ ဒုတိယတန်း ကျောင်းသူ တစ်ယောက်အနေနဲ့ ဒီသီချင်းတွေကတော့ ဖျော်ဖြေရေးတစ်ခုသာသာပါပဲလို့ ပြောရမှာပါ။

ဒါပေမယ့် ဆရာမတစ်ယောက်ရဲ့ ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဆရာမ ဘာရည်ရွယ်ချက်နဲ့ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ကို ပြနေတာလဲလို့ မေးခွန်းထုတ်မိမှာပါ။ အကြောင်းမှာ စာသင်ခန်းထဲ videos တွေ သီချင်းတွေ အသုံးပြုတာဟာ ကလေးတွေ အတွက် ဖျော်ဖြေရေး တစ်ခုမဟုတ်လို့ပါပဲ။
သင်ခန်းစာကို ပိုမိုနားလည်အောင်၊ သင်ယူမှု ရလဒ်တွေ ကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ videos တွေကို ထည့်သွင်း အသုံးပြုကြရပါတယ်။

ဆရာ၊မတို့ video တွေ သင်ခန်းစာထဲ ဘယ်လို ထည့်သွင်းသင်ကြားနေလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ရအောင်။
video တွေကို ဒီတိုင်းပဲ အတန်းချိန်ကုန်တဲ့အထိ ပြလေ့ရှိတာလား။
Video တွေ၊ သီချင်းတွေကို ပြတဲ့အခါ စ၊လယ်၊ဆုံးမှာ ကလေးတွေကို ဒီတိုင်းကြည့်ခ်ိုင်းလေ့ရှိတာလား။ videos တွေကို ဒီတိုင်းပြပြီး ပြီးသွားရင်တော့ ဒီစာသင်ခန်းဟာ ရုပ်ရှင်ရုံတစ်ခုအဖြစ်ကို ပြောင်းသွားမှာပါ။

ဒါဆိုရင် Video တွေကို ထည့်သွင်းပြီး ဘယ်လို သင်ကြမလဲ။

✨ရှင်းလင်းတဲ့ရည်မှန်းချက်
ပထမဆုံး သင်ကြားသူအနေနဲ့ ဒီ video ကို ဘာကြောင့် ထည့်သွင်း သင်ကြားချင်တာလဲ။ ဒီ video ကနေ ကလေးတွေကို ဘာရသွားစေချင်တာလဲ ဆိုတဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက် ရှိရပါတယ်။ တစ်ချိန်တည်းမှာ အရေးကြီးတာက ရွေးချယ်ထားတဲ့ Video က သင်ခန်းစာရည်ရွယ်ချက် (learning objective) နဲ့ ကိုက်ညီနေလား ဒါမှမဟုတ် အထောက်ပံ့ဖြစ်နေရဲ့လားဆိုတာ ဆန်းစစ်ရပါမယ်။

✨ကလေးရဲ့ လိုအပ်ချက်
Video တွေကို ထည့်သွင်းရတဲ့ ယေဘုယျရည်ရွယ်ချက်က ကလေးတွေရဲ့ သင်ခန်းစာအပေါ် နားလည်မှုကို ပိုမိုတိုးတက်အောင်၊ စာလေ့လာမှုမှာ ပိုမို လွယ်ကူသွားစေဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် ကလေးတွေက စာလေ့လာမှုရဲ့ ဒါမှမဟုတ် သင်ခန်းစာရဲ့ ဘယ်နေရာမှာ အခက်အခဲဖြစ်နေသလဲ။ ကလေးရဲ့ လိုအပ်ချက် အရင်ရှာဖွေပြီး အဲ့ဒီလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်မယ့် videos တွေကို ရှာဖွေအသုံးပြုသင့်ပါတယ်။

✨Video ရွေးချယ်မှု
Video ရွေးချယ်မှုမှာ အရေးကြီးဆုံးကတော့ ပထမတစ်ချက် ဒီ video က သင်ခန်းစာနဲ့ ဆက်စပ်သလားဆိုတာပါပဲ။ video ထဲပါတဲ့ စကားအသုံးအနှုန်းတွေ၊ ကြော်ငြာ အကြောင်းအရာတွေသည် ကလေးတွေအတွက် သင့်တော်ရဲ့လား။ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးတွေနဲ့ အငြင်းပွါးစရာ ဖြစ်နိုင်သလားဆိုတာတွေကို ထည့်သွင်းစဉ်းစားရပါတယ်။

✨အစ၊ အလယ်၊ အဆုံး
Videos တွေပြတဲ့အခါ အရေးကြီးတာက ကလေးတွေကို ဘယ်လို လုပ်ငန်းတွေ ပေးထားမလဲဆိုတာပါပဲ။

🔸video မပြခင် ကလေးတွေကို ရှင်းလင်းတဲ့ ညွှန်ကြားချက်ပေးပါ။ ကလေးတွေက video ထဲမှာ ဘာတွေကို သေချာနားထောင်ရမှာလဲ။ ဘယ် မြင်ကွင်း၊ ရုပ်ပုံတွေကို အဓိက ထားကြည့်ရမှာလဲ။ ကလေးတွေ သူတို့အဓိကထားကြည့်ရမယ့် အရာတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်းသိသွားရဲ့လားဆိုတာကိုလဲ မမေ့ပါနဲ့။

🔸video စကြည့်ပြီဆိုတာနဲ့ ကြည့်နေစဉ်အတွင်းမှာ ကလေးတွေကို ဘာလုပ်ခိုင်းမလဲ။
Note လိုက်မှတ်ခိုင်းမှာလား။ Note မှတ်ခိုင်းမယ်ဆိုရင် video တစ်ပုဒ်လုံးအကြောင်းအရာကို မှတ်ခိုင်းတာမျိုးထက် အပေါ်မှာတင်ပြထားတဲ့ ညွှန်ကြားချက်မှာ ပါတဲ့ အဓိက အကြောင်းအရာတွေကိုသာ မှတ်ခိုင်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ် Video ကြည့်ရင်း ကလေးတွေကို နှစ်ယောက်တစ်တွဲ သို့မဟုတ် အုပ်စုဖွဲ့ထိုင်ခိုင်းထားပြီး video ကြည့်ရင်း လုပ်ရမယ့် ဘယ်လို လုပ်ငန်းတွေပေးထားမလဲ။ ဥပမာ- သိပ္ပံဘာရပ်မှာ အောက်ဆီဂျင်ထုတ်ဖော်ပုံနဲ့ ပတ်သက်တဲ့ video ကြည့်တယ်ဆိုပါစို့။ အုပ်စုဖွဲ့လုပ်ငန်းစဉ်မှာ ကလေးတွေကို ထုတ်ဖော်ပုံအဆင့်ဆင့်ရဲ့ ရုပ်ပုံတွေဒါမှမဟုတ် စာတိုလေးတွေကို ပေးထားပြီး ကလေးတွေဟာ video ကြည့်ရင်း ထုတ်ဖော်ပုံမှာ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်လာတယ် စသဖြင့် ရုပ်ပုံတွေကို မှန်ကန်တဲ့ အစီအစဉ်အတိုင်း စီရတာမျိုး ဖြစ်ပါတယ်။ ဒါမှမဟုတ် video ကြည့်ရင်း ကလေးတွေကို ပေါ့ပါးတဲ့ မေးခွန်းလေးတွေ ပေးထားမလား။ ကလေးတွေဟာ video ကြည့်ရင်း မေးခွန်းလေးတွေကို ဖြေနေရမှာပဲ ဖြစ်ပါတယ်။

🔸နောက်ဆုံး အနေနဲ့ video ကြည့်ပြီးသွားရင် ဘာလုပ်ရမလဲ။ ကလေးတွေကို အုပ်စုဖွဲ့ပြီး မေးခွန်းလေးတွေကို ဆွေးနွေးခိုင်းပြီး အဖွဲ့လိုက် ပြန်လည်တင်ပြခိုင်းမလား။ ဒါမှမဟုတ် လက်တွေ့ စမ်းသပ်လုပ်ဆောင်လို့ရတဲ့ လုပ်ငန်းစဉ်တွေလုပ်မလား။ နောက်ဆုံး အဆင့်သည် ကလေးတွေရဲ့ video ရဲ့သင်ယူရရှိမှုကို ပြန်လည်ဆန်းစစ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။

Video တွေကို ဒီလို activity တွေမှာထည့်သွင်းလိုက်ခြင်းအားဖြင့် ကလေးတွေအတွက် video ပြသခြင်းဟာဆိုရင် entertainment တစ်ခုသက်သက်သာမဟုတ်တော့ပဲ သင်ခန်းစာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာကို တွေ့ရမှာပါ။

Video တွေ ထည့်သွင်းတဲ့ အချိန်မှာ “Bite-size is the right size.” ဆိုတဲ့အတိုင်း video အတိုလေး​တွေကို ရွေးချယ်ပြသဖို့နဲ့ video အရှည်တွေကို စာသင်ချိန် တစ်ခုလုံး မသုံးပဲ ဖြတ်ပြီး ပြတာမျိုး၊ ဒါမှမဟုတ် video ကြည့်ခဲ့ဖို့ အိမ်စာအဖြစ်နဲ့ပေးလိုက်တာမျိုးကို လုပ်လို့ရပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောင်းလဲလာတဲ့ ပညာရေးကို လိုက်ပြီး videos တွေကို ထည့်သွင်း အသုံးပြုတဲ့ အခါ video တွေကို စနစ်တကျ ရွေးချယ်ပြီး video ပြတဲ့အခါ စ၊လယ်၊ဆုံး လုပ်ငန်းစဉ်တွေကို ထည့်သွင်းအသုံးပြုသင်ကြားမယ်ဆိုရင် video တွေဟာ သင်ခန်းစာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာမှာပါ။

ဆရာမ ကျူးလစ်






Integration of songs, videos, and movies in the classroom Education Insights and Classroom Chronicles (Part 7)It was sev...
30/08/2024

Integration of songs, videos, and movies in the classroom

Education Insights and Classroom Chronicles (Part 7)

It was seven years ago when I first started teaching. As a young teacher trained in advanced teaching methods, I used to prepare my lesson plans with utmost dedication, ensuring that each day was different from the last.

Before entering the classroom, in the lesson planning process, I would think about warming-up activities to engage the children - a related song to capture their interest; videos or movies that stimulated their thinking.

Seven years ago, I was a volunteer teacher working in monastic education schools in rural areas. Initially, I only had a small mobile phone and a loudspeaker, but gradually, as I started incorporating my laptop, I was able to display movies and videos on a larger screen/wall. It is clear that the availability of projectors in schools makes things significantly better. However, in a small rural school, where I conducted teacher training last year, teachers were still relying on just a phone and a loudspeaker. This highlights the inadequate teaching resources in schools in rural areas.

In today’s educational field, many teachers, especially freelance teachers, are using their personal laptops in the classroom. As times change, teachers have come to understand and apply the benefits of integrating technology into the classroom. When it comes to incorporating songs, videos, and movies in the classroom, there are some tips you should be aware of before using them.

Songs, videos, and movies cannot be used in the classroom whenever we wish. When teachers decide to incorporate these elements into their teaching, there are some dos and don’ts to keep in mind:

✨ Follow the school’s policy: The institution or school you work for may have set policies regarding the use of videos. Be sure to follow any guidelines or standards on what types of videos are permitted. If there isn’t a school policy, maybe you should produce one.

✨ Enhance learning: The purpose of using videos is not just to keep the students engaged with the lesson. The videos should be educational and support the students' learning other than those used for warming-up activities - which are meant to energize the students before the lesson begins.

✨ Be mindful in selection: When selecting a website for showing videos, it is important to use platforms dedicated to educational content. Additionally, care should be taken to avoid videos with inappropriate scenes or advertisements unsuitable for the students’ age group.

✨ Pay attention to technical issues: Problems such as Wi-Fi disruptions, or malfunctioning computers or projectors, can interfere with students’ learning. To prevent these issues, ensure that your devices are fully charged, download videos in advance, and prepare adequately.

✨ Be cautious with personal content and advertisements: If you are using your personal computer or phone to show a video, make sure that any inappropriate content is not visible to the students. When streaming videos online, be particularly cautious of any inappropriate advertisements that might appear.

✨ Select the best videos and movies:
Take the time to carefully choose videos that will most effectively support the students’ learning by linking them to the lesson’s learning objectives.

One of the challenges teachers often face when using videos is finding suitable educational content that aligns with the lesson. Here, I would like to introduce three video streaming websites that are particularly useful for finding educational videos with ease.

✨ Edpuzzle (both free and paid options)
Using videos in a traditional way can be boring for students. However, on this website, questions and quizzes can be added to the video. When students reach the part of the video where a question is placed, the video will automatically pause, and they must answer the question and then the video continues. The website also allows you to use existing videos categorized by subjects, or you can select and customize a video yourself. Edpuzzle has bulit-in LMS integration with Google Classroom and Microsoft Teams. When giving video homework, if you want to ensure students answer all questions without skipping, you can use the ‘Prevent Skipping’ option. The system also includes a feature that lets you monitor students' results after they completed the quiz in the video lesson. The ‘Basic Plan’ allows you to use 20 video lessons. You can explore more details on the website: https://edpuzzle.com/.

✨ TED-ed (Free)
TED-ed is a website that compiles short videos categorized by subject. After watching each video, students can answer quizzes or questions. The videos are available for download. TED-ed offers videos for subjects ranging from elementary to university level. https://ed.ted.com/

✨ GoNoodle (Free)
GoNoodle is a website that provides fun and engaging activities for kids. Whether it is before a class, during a lesson, or at the end of the day, you can use fun music videos, games, and activities to get kids moving. The music videos, games, and activities are categorized by subject and age. This website includes subjects like Science, Maths, English, Social Studies, as well as topics like Sensory and Motor Skills.
For example, using one of the videos; the ‘Lunch’ music video after the kids finish their lunch can be fun and energize them to be ready to learn in the afternoon class. https://www.gonoodle.com/tags/QXBNVX/stem-lab

Through this article, I hope that teachers can create dynamic and fun classrooms by accessing these three video streaming websites. When using music and videos, I also encourage you to choose one that enhances the students' learning and to carefully consider the factors mentioned earlier as you integrate them into your teaching.

Sayarma Tulip







Nurturing A Growth Mindset in ChildrenEducation Insights and Classroom Chronicles Part (6) In the field of Myanmar educa...
23/08/2024

Nurturing A Growth Mindset in Children

Education Insights and Classroom Chronicles Part (6)

In the field of Myanmar education, it is not uncommon to hear statements like “My child isn’t bright, so it’s hard for them to keep up with their studies”. Parents often make these judgements about their children and teachers may accept them as well. Have you ever thought how such assessments impact on a child’s learning process?

Professor Carol S Dwek, renowned Professor of Psychology at Stanford University in the US, discussed the issue in her TEDx Talk: ‘The Power of Yet’, about how a growth mindset can significantly influence a child’s learning journey. She began by sharing a unique grading system used in a high school in Chicago. In this school, students must pass certain courses to graduate. However, if they do not pass, instead of being labelled as “Failed”, they are given the grade “Not Yet”. This approach implies that the students have not succeeded yet, but they are still on the learning path. This encourages them to keep striving towards success. This recognition that abilities can improve reflects the essence of a growth mindset.

Dweck compared a growth mindset with a fixed mindset, highlighting their differences.
✨Growth Mindset
Growth mindset is the belief that basic abilities and intelligence can be developed through effort and determination. For instance, a child with a growth mindset might think,
“I did well on this test because I worked hard.” OR
“Even though I got some answers wrong, now I know why, and I’ll try not to make the same mistakes next time.”

✨Fixed Mindset
In contrast, a fixed mindset is the belief that basic abilities and intelligence are innate and unchangeable, so they cannot be developed through effort and determination. For example, a child with a fixed mindset might think,
“I did well on this text because I am naturally smart or intelligent.” OR
“I got these answers wrong because I am not good at maths.”

Parents and teachers have a responsibility for their childeren to develop a growth mindset that will help them to have resilience in the face of challenge; more self-confidence; and a sense of achievement when they are successful in class.

Why should we foster a growth mindset in children?
Children with a a fixed mindset tend to fear trying new things and taking risks. This fear often stems from a desire to avoid judgement by others when they encounter difficulty or failure. They do not want to be looked dumb or stupid and are afraid of making mistakes. Instead, they always want to appear competent in the eyes of others. Over time, these children may find less joy in the learning process due to constant concerns and worries.

On the other hand, children with a growth mindset view challenge and difficulty as learning opportunites. This optimistic outlook stimulates their curiosity and allows them to fully engage in the learning process.

What are the benefits of a growth mindset?
✨A Growth Mindset Improves Exam Results
According to Dweck, a study shows that children with a growth mindset tend to perform better than those with a fixed mindset. This is because children with a growth mindset are not afraid of making mistakes and their goal is to keep trying and learning.

✨A Growth Mindset Enhances a Child’s Life
Nurturing a growth mindset from a young age has lifelong benefits. Life is full of challenges and if children understand that making mistakes is a natural part of learning, they will attempt to succeed rather then avoid challenge.

What needs to be considered when instilling a growth mindset in children?
✨ Be Patient
Changing a child’s mindset is a long-term process. You cannot tell them to adopt a growth mindset overnight. Parents and teachers can start by introducing positive practice, like using encouraging phrases such as
“You can do it”
“It’s ok, give it another try”, etc…

Use Appropriate Language
Dweck’s research indicates that views on intelligence can be influenced in part by the accompanying language. It is more effective to encourage effort and process than
praise childen for who they are.
For instance, instead of saying: “You got all answers right. You are so smart”.
It is better to say: “Good job! Well done for answering all the questions.”

Using this kind of language, children will gradually learn to value effort and persistence over being correct, which helps limit competition among peers.

When we were young, in a math class, we often heard teachers say things like:
“Nobody can solve this problem.”
“You can’t do it.”
“You are still not able to do this or that?”

Imagine if you added the phrase “Yet”.
“Nobody can solve this problem, yet.”
“You can’t do it, yet.”

This way, students receive the message that they have the potential to succeed.

✨ Value Mistakes and Challenge
According to Dweck, a study shows that when someone steps out of their comfort zone to learn something new or difficult, the neurons in their brain form new, stronger connections and over time the person gets smarter. Therefore, children should be encouraged to understand that making mistakes offers a learning opportunity and they should embrace challlenge and new learning experiences.

Parents can help nurture a growth mindset in their children by prompting them with questions like “What challenges did you face today?” after they have returned from school. By consistently avoiding negative, using positive expressions instead, parents and teachers can foster a growth mindset in their children.

Sayarma Tulip







ရုပ်ရှင်၊ဗီဒီယိုနဲ့ သီချင်းတွေ ပါဝင်လာတဲ့ စာသင်ခန်းပညာရေးအတွေးအမြင်နဲ့ စာသင်ခန်းထဲမှ မှတ်တမ်းများ အပိုင်း (၇)လွန်ခဲ့တဲ့ ...
23/08/2024

ရုပ်ရှင်၊ဗီဒီယိုနဲ့ သီချင်းတွေ ပါဝင်လာတဲ့ စာသင်ခန်း

ပညာရေးအတွေးအမြင်နဲ့ စာသင်ခန်းထဲမှ
မှတ်တမ်းများ အပိုင်း (၇)

လွန်ခဲ့တဲ့ ခုနှစ်နှစ် ကျွန်မ ဆရာမပေါက်စ စဖြစ်
ချိန်ကပေါ့။ အဆင့်မြင့် သင်ကြားရေးနည်းလမ်းတွေကို တတ်မြောက်ထားတဲ့ ဆရာမလေးဆိုတော့ စာမသင်ခင် lesson plan (သင်ခန်းစာအစီအစဉ်) ပြင်ဆင်ပြီဆိုရင် တစ်နေ့နဲ့ တစ်နေ့ မတူအောင် အသဲအသန် ပြင်ဆင်လေ့ရှိတယ်။

အတန်းထဲရောက်ပြီဆိုတာနဲ့ သင်ခန်းစာ မစတင်ခင် ကလေးတွေအတွက် ဘယ် Warming up activities (သွေးပူစေမယ့် လှုပ်ရှားမှု) လေးလုပ်ပြီး ကလိုက်မလဲ။ ကလေးတွေရဲ့လေ့လာမှုမှာ စိတ်ဝင်စားမှုရအောင် သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ ဘယ် သီချင်းလေးကိုတော့ ထည့်သွင်းအသုံးပြုမလဲ။ ဘယ် video (ဗီဒီယို)၊ Movie (ရုပ်ရှင်) ကို ပြရင် ကလေးတွေရဲ့ တွေးခေါ်မှုကို အထောက်အကူပြုမလဲ စသဖြင့် စဉ်းစားပြင်ဆင်လေ့ရှိတယ်။

လွန်ခဲ့တဲ့ ခုနှစ်နှစ် ဆိုတဲ့ အချိန်က ကျွန်မနယ်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပရဟိတ စာသင်ပေးတဲ့အချိန်တွေပေါ့။ စစချင်းမှာ ဖုန်းလေးတစ်လုံးနဲ့ စပီကာလေး တစ်လုံးကိုင်ရာကနေ တစ်ဖြည်းဖြည်း ကွန်ပျူတာ အသုံးပြုလာတဲ့အခါ screen (မျက်နှာပြင်) ကျယ်ကျယ်နဲ့ movies, videos တွေကိုပါ ပြလာနိုင်တယ်ပြောရမှာပါ။ ကျောင်းတွေမှာ ပရိုဂျက်တာတွေ အသုံးပြုလာနိုင်တော့ အတိုင်းထက်အလွန်ကောင်းတာပေါ့လေ။ သို့သော် လွန်ခဲ့တဲ့ နှစ်အစပိုင်းက ဆရာအတတ်ပညာသင်တန်း သွားရောက်ပို့ချပေးခဲ့တဲ့ နယ်ကျောင်းလေးတစ်ကျောင်းမှာတော့ ဆရာ၊မတွေက ဖုန်းလေးတစ်လုံးနဲ့ စပီကာတစ်လုံးကိုပဲ ကိုင်ထားရဆဲပါ။

ယနေ့ခေတ် ပညာရေးနယ်ပယ်မှာတော့ ဆရာမ တော်တော်များများမှာ အထူးသဖြင့် Freelance teachers (အလွတ်တန်း ဆရာမတွေ) ဟာ စာသင်ခန်းအတွက် ကိုယ်ပိုင်ကွန်ပျူတာတွေ အသုံးပြုလာကြတယ်။ ခေတ်ပြောင်းလာတဲ့အမျှ ဆရာ၊မ တွေဟာ စာသင်ခန်းအတွင်း နည်းပညာ ထည့်သွင်းအသုံးချမှုရဲ့ အကျိုးကျေးဇူးတွေကို နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချဖို့လဲ ကြိုးပမ်းလာပါတယ်။

Musics, videos နဲ့ movies ဟာ စာသင်ခန်းထဲ ပြချင်တိုင်း ပြလို့မရပါဘူး။ ဆရာ၊မ တို့အနေနဲ့ စာသင်ခန်းထဲ ဒီအရာတွေကို ထည့်သွင်း အသုံးပြုတော့မယ်ဆိုရင် ဆောင်ရန်၊ရှောင်ရန်လေးတွေ ရှိပါတယ်။

✨ကျောင်းရဲ့ မူဝါဒကို လိုက်နာပါ။
မိမိ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ကျောင်း မှာ video အသုံးပြုမှုအပေါ် ချမှတ်ထားတဲ့ မူတွေ ရှိနိုင်ပါတယ်။ ဘယ်လို videos အမျိုးအစားတွေကိုတော့ အသုံးပြုလို့ရတယ်၊ မရဘူးဆိုတာတွေတဲ့ စံသတ်မှတ်ချက်တွေ မူဝါဒတွေကို လိုက်နာပါ။

✨သင်ယူမှုကို အထောက်အကူပြုရမယ်။
Video တွေ အသုံးပြုတာက ကလေးတွေရဲ့ သင်ခန်းစာအပေါ် စိတ်ဝင်စားမှုရှိအောင် ပြုလုပ်တာပဲ မဟုတ်ပါ။ ကလေးတွေရဲ့ သင်ယူမှုက်ို တိုးတက်စေမယ့် ဗီဒီယိုတွေ ဖြစ်ဖို့လိုအပ်ပါတယ်။ warming up activities သင်ခန်းစာ မစခင် ကလေးတွေ တက်ကြွအောင် အသုံးပြုတဲ့ တွေက လွဲရင် videos တွေနဲ့ movies တွေဟာ အချိန်ယူတဲ့အတွက် သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ videos တွေကိုပဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။

✨ရွေးချယ်မှုကို ဂရုပြုပါ။
Video ပြသဖို့ Website တွေ ရွေးချယ်တဲ့အခါ ပညာရေးအတွက် အထူးပြုထားတဲ့ Website တွေ ကို ရွေးချယ်အသုံးပြုဖို့လိုပါတယ်။ ဒါ့အပြင် Video ရွေးချယ်တဲ့ အခါ ကလေး အသက်အရွယ်အလိုက် မသင့်တော်တဲ့ မြင်ကွင်းတွေ၊ ကြေညာတွေ ပါဝင်တဲ့ ဗီဒီယိုတွေကို မရွေးချယ်မိဖို့ ဂရုပြုရပါမယ်။

✨နည်းပညာဆိုင်ရာ ပြဿနာများကို သတိထားပါ။
Video ပြနေရင်း wifi (ဝိုင်ဖိုင်) လိုင်းကျသွားတာ ဒါမှမဟုတ် ကွန်ပျူတာ၊ ပရိုဂျက်တာ ချွတ်ယွင်းသွားတာ စသဖြင့် ပြသာနာများက ကလေးတွေရဲ့ သင်ယူမှုမှာ အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီ ပြသာနာတွေကို မဖြစ်အောင် အသုံးပြုမယ့် ဖုန်း၊ ကွန်ပျူတာတွေကို အားပြည့်အောင်သွင်းထားတာ၊ ပြသမယ့် Videos တွေကို ကြိုတင် ဒေါင်းလုပ်ဆွဲထားတာ စသဖြင့် ကြိုတင်ပြင်ဆင်ပါ။

✨ကိုယ်ရေးကိုယ်တာနဲ့ ကြေငြာများကို သတိထားပါ။
တကယ်လို့ ကိုယ်ပိုင် ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အသုံးပြုပြီး Video ပြမယ်ဆိုရင် ကိုယ့် ကွန်ပျူတာပေါ်မှာ ကလေးတွေအတွက် မသင့်တော်တဲ့ အရာတွေကို မမြင်အောင် ကြိုရှင်းထားသင့်ပါတယ်။ ဝိုင်ဖိုင် အသုံးပြုပြီး တိုက်ရိုက် ဗီဒီယို ပြရင်လဲ မသင့်လျော်တဲ့ ကြေညာတွေ ပါနိုင်တာမို့လို့ အထူးဂရုစိုက်သင့်ပါတယ်။

✨အကောင်းဆုံးသော ရုပ်ရှင်၊ဗီဒီယို။
ကလေးတွေရဲ့ သင်ယူမှုအတွက် အထောက်အကူပြုမယ့် ကောင်းမွန်တဲ့ Video ကို အချိန်ယူပြီး ရွေးချယ်ပေးပါ။

Videos တွေ အသုံးပြုတော့မယ်ဆိုရင် ဆရာ၊မတို့ ကြုံတွေရလေ့ရှိတဲ့ ပြဿာနာကတော့ သင်ခန်းစာနဲ့ သင်ဆိုင်တဲ့ Videos တွေကို ဘယ်မှာသွားရှာကြမလဲဆိုတာပါပဲ။

Video lesson တွေကို အလွယ်အကူရှာနိုင်တဲ့ ပညာရေးအတွက် အထောက်အကူပြုမယ့် video streaming website သုံးခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

✨Edpuzzle (both free and paid options)

Video အသုံးပြုသင်တဲ့အခါ သမာရိုးကျ ပုံစံအတိုင်းသင်တာက ကလေးတွေအတွက် ပျင်းစရာကောင်းနိုင်ပါတယ်။ ဒီ website မှာဆိုရင် ဆရာမက ကိုယ်သင်မယ့် video တစ်ခုကို ပြရင်း video တွေထဲမှာ မေးခွန်းလေးတွေ၊ quiz တွေ ထည့်လို့ရတာပဲ ဖြစ်ပါတယ်။ ကလေးတွေက video ကြည့်နေရင်း ဆရာမ မေးခွန်းထည့်ထားတဲ့ နေရာရောက်တဲ့အခါ video က အလိုလို ရပ်သွားပြီး မေးခွန်းမှာ ပါတဲ့ အဖြေကို ဖြေပြီးမှသာ video က ဆက်သွားမှာပါ။
Website မှာပါတဲ့ ဘာသာရပ်အလိုက် ရှိပြီးသား video တွေကိုလဲ အသုံးပြုလို့ ရသလို ကိုယ်တိုင် video တစ်ခုကို ရွေးချယ်ပြီး customise လုပ်လို့ရပါတယ်။ LMS class တွေဖြစ်တဲ့ Google classroom, Microsoft Teams နဲ့လဲ ချိတ်လို့ရတာမို့ ကလေးကို video assignment တွေအဖြစ် ပေးလိုက်လို့လဲ ရပါသေးတယ်။ video တွေကို အိမ်စာအဖြစ် ပေးတဲ့အချိန်မှာ ဆရာမက မေးခွန်းတွေကို မကျော်ပဲ အကုန်ဖြေစေချင်ရင် “Prevent Skipping” ဆိုတဲ့ option ကို ရွေးထားလို့ရတဲ့ Feature လဲပါဝင်တယ်။ ကလေးတွေ video lesson မှာပါတဲ့ quiz တွေ ဖြေပြီးတဲ့ အချိန်မှာလဲ result ကို monitor လုပ်လို့ရတဲ့ system လဲ ပါဝင်ပါတယ်။ Basic plan မှာ 20 video lessons ပဲ အသုံးပြုလို့ရပါတယ်။ အသေးစိတ်ကို website ထဲ ဝင်ပြီး လေ့လာလို့ရပါတယ်။ https://edpuzzle.com/

✨TED-ed (Free)

TED-ed က ဘာသာရပ်အလိုက် video အတိုလေးတွေကို စုစည်းပေးထားတဲ့ website တစ်ခုပါ။ video တစ်ခု ကြည့်ပြီးတိုင်း quiz လေးတွေ၊ မေးခွန်းလေးတွေ ဖြေရပါတယ်။ video တွေက download လုပ်လို့ရပါတယ်။ ဘာသာရပ်အလိုက် videos တွေကို elementary level ကနေ university level အထိ စုစည်းပေးထားပါတယ်။ https://ed.ted.com/

✨GoNoodle (Free)
GoNoodle ကတော့ ကလေးတွေအတွက် ပျော်စရာတွေ တက်ကြွမှုတွေ ယူဆောင်လာနိုင်တဲ့ website တစ်ခုပါ။ အတန်းမစခင်ပဲ ဖြစ်ဖြစ်၊ စာသင်နေစဉ်ပဲ ဖြစ်ဖြစ်၊ အတန်းဆင်းခါနီး ဖြစ်ဖြစ် ပျော်စရာကောင်းတဲ့ music videos, games, activities တွေကို သုံးပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ရတာပဲ ဖြစ်ပါတယ်။ Music videos, games, activities တွေက ဘာဟာရပ်အလိုက်နဲ့ အသက်အရွယ်အလိုက် ခွဲထားတာပါတယ်။ ဒီ Website မှာပါဝင်တဲ့ Science, Math, English, Social studies အစရှိတဲ့ ဘာသာရပ်တွေအပြင် Sensory and motor skills တွေကိုပါ ပါဝင်ပါတယ်။
ဥပမာအားဖြင့် အဲ့ထဲက video တစ်ခုဖြစ်တဲ့ “Lunch” music video ကို ကလေးတွေ နေ့လည်စာ စားပြီးတဲ့အချိန်မှာ အသုံးပြုရင် ပျော်စရာကောင်းတာမို့ ကလေးတွေ ကြိုက်ကြမှာ အသေချာပါပဲ။ https://www.gonoodle.com/tags/QXBNVX/stem-lab

ဒီဆောင်းပါးလေးမှ တစ်ဆင့် တက်ကြွပြီး ပျော်စရာကောင်းတဲ့ စာသင်ခန်းတွေကို ဖန်တီးနိုင်ဖို့ Video streaming websites သုံးခုကို ဆရာ၊မ တို့ရဲ့ စာသင်ခန်းထဲ ထည့်သွင်းအသုံးပြုဖို့ မျှော်လင့်ပါတယ်။ Videos တွေ အသုံးပြုတဲ့အခါမှာလဲ ကလေးတွေရဲ့ သင်ယူမှုကို အထောက်အကူပြုတဲ့ Videos တွေကို ရွေးချယ်ဖို့နဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို သတိပြုဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။

ဆရာမ ကျူးလစ်







Address

D**e Road Avenue, Withdean
Brighton And Hove

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm

Website

Alerts

Be the first to know and let us send you an email when TEAMS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TEAMS:

Share