Arts of Bagan- Myanmar Tour

Arts of Bagan- Myanmar Tour tour agent if you have a plan to explore in bagan contast this page
warmly welcome all

15/05/2023
ပုဂံမှာ မင်္ဂလာစေတီ ဆိုရင် အတော်များများက သိကြပါတယ်။ သမိုင်းနောက်ခံအရ မင်္ဂလာစေတီဟာ ဘုရားတည်နေတုန်း "ဘုရားလည်းပြီး ပြည်က...
21/12/2022

ပုဂံမှာ မင်္ဂလာစေတီ ဆိုရင် အတော်များများက သိကြပါတယ်။ သမိုင်းနောက်ခံအရ မင်္ဂလာစေတီဟာ ဘုရားတည်နေတုန်း "ဘုရားလည်းပြီး ပြည်ကြီးလည်းပျက်" ဆိုတဲ့ အတိတ်တပေါင်ထွက်ပေါ်လာလို့ ဆက်မတည်ပဲ ၆ နှစ်လောက် ပစ် ထားခံရတာမို့ ထူးခြားပါတယ်။ ပုဂံပျက်ကာနီး နောက်ဆုံးတည်ခဲ့တဲ့ စေတီမို့လည်း အောက်မေ့ဖွယ် ဆင်ခြင်ဖွယ်တွေ ပြည့်လို့နေပါတယ်။
အဲ့ဒီမင်္ဂလာစေတီရဲ့ အနောက်မြောက်ဘက်ထောင့်မှာ တရုတ်သတ်ကုန်းဆိုတာ ရှိပါတယ်။ တရုတ်သတ်ကုန်းလို့ ဘာကြောင့်ခေါ်သလဲဆိုတော့ တရုတ်သံတမန် အဖွဲ့ လူ ၃၀-၄၀ လောက်ကို အဲ့ဒီနေရာမှာ သတ်ခဲ့လို့ပါပဲ။ တရုတ်သံတမန်လို့သာဆိုတာ အဲ့ဒီအချိန်မှာ တရုတ်ပြည်ကို အုပ်ချုပ်နေတာ မွန်ဂိုဘုရင် ကူဗလိုင်ခန် ပါ။ ဒါကြောင့် စစ်ဘုရင်ရဲ့ သံတမန်တွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဘာကြောင့်သတ်တာလဲဆိုတော့ အခုခေတ်လိုပြောရရင် ဘဝရှင်မင်းတရားကြီးရှေ့မှာ ထောင့်မကျိုးလို့ ဆိုတဲ့ သဘောမျိုးပါပဲ။ မင်းတြားကြီး ကြည့်မရလို့ သတ်တယ် ဆိုပါတော့။
မသိသား ဆိုးဝါး ဆိုသလိုပါပဲ။ နုံနဲ့တဲ့ အသိဥာဏ်ဗဟုသုတဟာ မိမိကိုယ်တိုင်ကိုပါမက တတိုင်းပြည်လုံးကို အဆိပ်သင့်စေခဲ့တာဆိုတာ တရုတ်ပြေးမင်းလို့ အမည်တပ်ခံရတဲ့အပြင် သားအရင်းကကျွေးတဲ့ အဆိပ်စားပြီး သေသွားရတဲ့ နရသီဟပတေ့ က သက်သေပြသွားခဲ့ပါတယ်။ သူသတ်လိုက်တဲ့ သံတမန်တွေဟာ ဘယ်လို လူမျိုးတွေဆိုတာ သူမသိပါဘူး။
ဂျင်ဂျစ်ခန် က ခွာရာဇန်အင်ပါရာ ကို သံတမန်အဖွဲ့လွှတ်ဖူးတာကို နရသီဟပတေ့ သိပုံမရပါဘူး။ အဲ့ဒီ လွှတ်လိုက်တဲ့ သံတမန်တွေကို ရှားဘုရင်က အကုန်လုံးသတ်ပစ်လိုက်တာကိုလည်း သူ သိပုံမရပါဘူး။ အဲ့ဒီလို အကုန်သတ်လိုက်လို့ ဂျင်ဂျစ်ခန် က ဝင်တိုက်တာ တတိုင်းပြည်လုံး ပြာပုံနဲ့အရိုးပဲကျန်ခဲ့တဲ့အကြောင်းကိုလည်း ဘဝရှင်မင်းတြားကြီး နရသီဟပတေ့ သိပုံမရပါဘူး။ ဒါ့အပြင် အဆိုးဝါးဆုံးက သံတမန် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ချိုးဖောက်လိုက်ခြင်းပါ။ နောက်ဆက်တွဲအကျိုးဆက်ကတော့ အင်အားကြီး စစ်ဘုရင်နဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။
ဒါ့အပြင် ပိုဆိုးစေတဲ့အချက်တစ်ခုက တရုတ်ပြည်နယ်စပ်က ကန်ငယ်စော်ဘွားပုန်ကန်မှုပါ။ စော်ဘွားပုန်ကန်တာကို မြန်မာစစ်တပ်က တရုတ်ပြည်ထဲအထိ လိုက်တိုက်တဲ့ ကိစ္စပါပဲ။ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက် ဆန့်ကျင်ပြီး စစ်ဘုရင် နားရွက်ကို တံတွေးသွားဆွတ်တဲ့အလုပ်ကို လုပ်သလို ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ငဆောင်ချမ်းမှာ မြန်မာ နဲ့ တရုတ် စစ်ပွဲဖြစ်ပါတယ်။ ပထမပိုင်းမှာ ဆင်တပ်ကို မမြင်ဖူးကြတဲ့ နာမည်ကျော် မွန်ဂိုမြင်းတပ်ဟာ မြန်မာတိုက်ဆင်တွေ နဲ့ ရဲရင့်တဲ့ ရဲမက်တွေရဲ့ လက်ချက်ကြောင့် အတော်လေး အထိနာပါတယ်။ ဟိုကလည်း လူတစ်သိန်းသေရင် နှစ်သိန်း ထပ်လွှတ် ၊ နှစ်သိန်းကျရင် သုံးသိန်းထပ်လွှတ်နဲ့ ၃ လ ကျော်လောက် လက်ပန်းကျတဲ့အထိ မြန်မာတပ်တွေ လူသတ်ရတယ်လို့ ဆိုကြပါတယ်။ စစ်ပွဲရဲ့ အဆုံးသတ်ရလဒ်ကတော့ ငဆောင်ချမ်း တရုတ်လက်ကို ကျသွားပါတယ်။
ငဆောင်ချမ်းကျသွားတော့မှ ဘဝရှင် မင်းတြားကြီး တုန်လှုပ်လာပါတယ်။ တုန်လှုပ်လာတော့ ပြင်ဆင်ပါတယ်။ ဘယ်လိုပြင်ဆင်သလဲဆိုတော့ ဘုရားတွေ ဂူတွေ ကျောင်းတွေဖျက်ပြီး အုတ်တွေယူပါတယ်။ အဲ့ဒီအုတ်တွေနဲ့ ပုဂံမြို့ကွက်ကို ချဲ့ပြီး တရုတ်တွေ အလွယ်တကူ မဝင်နိုင်အောင် မြို့ရိုးကိုလည်း ထပ်မြှင့်ပါတယ်။ ဒါပေမယ့် တရုတ်စစ်သား အများအပြား ပုဂံကိုချီလာချိန်မှာ ပုဂံ ကို မြို့ရိုးဘယ်လောက်မြှင့်မြှင့် လွင့်ရတော့မယ်ဆိုတာ ရိပ်မိလာတော့ ဧရာဝတီမြစ်ကတဆင့် အောက်ပြည်ကို စုန်ဆင်းပြီး တုန်နေအောင်ပြေးဖို့ ကြိုးစားပါတယ်။ ရာဇဝင်ထဲမှာ ရေးထားတာတွေဆိုရင် အတော်လေးဆိုးတယ်။ ပြေးတဲ့အချိန်မှာ ပြည်သူကို ဒီအတိုင်းထားခဲ့တယ်။ နန်းတွင်းက ရွှေငွေ အဖိုးတန်ပစ္စည်းတွေ အကုန်လှေပေါ်တင်တယ်။ မိဖုရား မောင်းမမိဿံတွေ အစောင့်အရှောက်တွေ အကုန်ခေါ်တယ်။ လှေနဲ့ တင်လို့ မဆန့်တော့ မိန်းမတွေကို ခြေလက်ကြိုးချည်ပြီး ရေထဲမှာ ပစ်ချသတ်ဖို့ အမိန့်ထုတ်တယ်။ တရုတ်မယားတွေဖြစ်ကုန်မှာစိုးလို့တဲ့။ အမျိုးစောင့်တဲ့ မင်းတြားကြီးမို့ အမျိုးစောင့်ချင်သူတွေ လေ့လာကြဖို့ကောင်းတယ်။
တရုတ်တွေက လာနေပြီ။ အခု R2P တို့ ICC တို့လို လေသံပစ်တာမဟုတ်ဘူး။ တကယ်လာနေတာ။ ကျောင်းပေါင်း ခုနှစ်ဆယ်လောက်က မဟာယာန သာသနာပြုဘုန်းကြီးတွေလည်း ပုဂံမှာ သာသနာပြုလုပ်ငန်းလုပ်ဖို့အတွက် တကောင်းမှာ သီတင်းသုံးနေပြီ။ ပုဂံကတော့ သိတဲ့အတိုင်းပဲ ဘုရင်က ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားခဲ့တဲ့ ပြည်သူတွေနဲ့ ဘုရားကျောင်းကန်ဟောင်းလောင်းကြီးတွေပဲ ကျန်ခဲ့တယ်။ ဒီလိုအချိန်မှာ နိုင်ငံကို ကယ်တင်မယ့် ကယ်တင်ရှင်တစ်ပါးပေါ်ပေါက်ခဲ့တယ်။ အဲ့ဒီကယ်တင်ရှင်ကတော့ ဗုဒ္ဓဘာသာရဟန်ုးတော်တစ်ပါးဖြစ်တဲ့ ရှင်ဒိသာပါမောက္ခပါပဲ။
မထေရ်မြတ်ဟာ နိုင်ငံအတွင်းမှီတင်းနေထိုင်တဲ့ ပြည်သူ ပြည်သားအပေါင်းရဲ့ အသက်ကို ကယ်ဖို့အတွက် ပြည်မြို့ကနေ ပီကင်းအထိ နှစ်ချီရှည်တဲ့ ခရီးကြမ်းကြီးကို ဖြတ်ခဲ့ရတယ်။ ဖြတ်ခဲ့တဲ့လမ်းမှာလည်း မြန်မာပြည်ဟာ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီ။ မြစ်ကြောင်းမှာရော ကုန်းပေါ်မှာပါ သူတစ်လူငါတစ်မင်းနဲ့ စစ်ခင်းနေကြပြီ။ သူခိုးဓါးပြတွေလည်း ထကြွသောင်းကျန်းနေကြပြီ။ ဆရာတော်ရဲ့လှေဟာ တရုတ်ပြည်ကို သံတမန်အဖြစ် သွားမယ့်လှေဆိုတာ ဘယ်သူခိုးဓါးပြကမှ မသိကြဘူး။ ဆက်ကြေးလည်း ခဏခဏ တောင်းခံရတယ်။ ဘာမှန်းမသိတဲ့ အခွန်အတုပ်တွေလည်း ပေးရတာပဲ။ ဆရာတော့်ခရီး ဘယ်လောက်ကြမ်းမလဲ တွေးကြည့်ပေါ့။ ဒီကြားထဲ တကောင်းနားမှာ ရှမ်းတွေက ဖမ်းပြီး ထိန်းသိမ်းထားလို့ အထိန်းသိမ်းခံဘဝနဲ့ ဝါဆိုရသေးတယ်။ ဝါကျွတ်တော့ တရုတ်စစ်သား နှစ်သောင်းလောက် တပ်စွဲထားတဲ့ နေရာကနေ ဖြတ်ရတာ။ တရုတ်စစ်ဗိုလ်တွေက ကူညီလို့သာ တော်တော့တယ်။ နောက်ထပ် ဝါဝင်တော့လည်း ဆွမ်းကွမ်းမသေချာတဲ့ ကြုံရာအရပ်မှာ မှာ ဝါဆို ရပြန်တယ်။ ဒီလို အခက်အခဲတွေ အခြေအနေဆိုးတွေကြားကနေ ဆရာတော်ဟာ ဇွဲတင်းပြီး ပီကင်းကို ရောက်အောင်သွားခဲ့တယ်။ ကူဗလိုင်ခန် နဲ့လည်း ရအောင်တွေ့နိုင်ခဲ့တယ်။ အောင်မြင်တဲ့ သံတမန်အမှုကိုလည်း ပြုနိုင်ခဲ့တယ်။ နောက်ဆုံး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တယ်။
ညံ့ဖျင်းတဲ့ အကြီးအကဲရဲ့ ထင်ရာစိုင်းမှုကြောင့် လူတွေ အများကြီးသေခဲ့ရတယ်။ ဘဝတွေအများကြီးပျက်ခဲ့ရတယ်။ ယဉ်ကျေးမှု အနုသုခုမလက်ရာတွေ စေတီ ပုထိုး ဘုရား ကျောင်းကန်တွေ ပျက်စီးရတယ်။ သူတစ်လူ ငါတစ်မင်းနဲ့ ခိုးဆိုးလုယက်မှုတွေကြောင့် ရှင်သန်နေသူတွေလည်း ကျီးလန့်စာစား ရပ်တည်ကြရတယ်။ တိုင်းသူပြည်သားအများအပြား အကြောက်တရားတွေရပြီး စာရိတ္တတွေ ဖျက်ဆီးခံရတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးကြောင့် မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းမှုနဲ့ ချမ်းသာမှုကို ရရှိခဲ့ကြတယ်။
သေချာတာကတော့ သမိုင်းမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့တကွ ဗုဒ္ဓ ကိုပါ ဂုဏ်တင့်စေခဲ့တဲ့ ရှင်ဒိသာပါမောက္ခဟာ ဟင်းခွက်သုံးရာနဲ့ ထမင်းစားတဲ့ နရသီဟပတေ့အတွက် လက်နက်စွဲကိုင်တာမျိုး မလုပ်ခဲ့ဘူး ဆိုတဲ့ အချက်ပါပဲ။
မိတ်ဆွေများအားလုံး အမှန်တရားနဲ့ ငြိမ်းချမ်းခြင်းကို အရွယ်မလွန်ခင် ကွက်ကွက်ကွင်းကွင်း ထိတွေ့ ပိုင်ဆိုင် ခံစားနိုင်ကြပါစေဗျာ ... ။ ။

Mingalar Zedi Pagoda

Mingalar Zedi Pagoda or the "Blessing Stupa" lies close to the Ayeyarwaddy River Bank. The Pagoda was built in 1277 by King Narathihapati. It was the very last of the large late period monuments to be built before the kingdom's decline. thus representing the final flowering of Bagan's architectural skills. It took six whole years to complete the construction of this great monument.

Glazed Jatakas
Well-known glazed jataka tiles Mingalarzedi is noted for its fine proportions and for the many beautiful glazed jataka tiles around its three square terraces. The smaller square building in the zedi grounds is one of the few Tripitaka libraries made of brick; most were constructed of wood. like monasteries. and were destroyed by fire long ago.
Mingalarzedi's uppermost terrace is one of the highest points now accessible to visitors. Being the westernmost monument at Bagan. it's a particularly good spot for a panoramic afternoon view of all the monuments lying to the east.

Crd #

Sun raise from sunset hill in bagan See what a beautiful view
16/12/2022

Sun raise from sunset hill in bagan
See what a beautiful view

Address

Pyi Main Road
Bagan

Telephone

+959458311430

Website

Alerts

Be the first to know and let us send you an email when Arts of Bagan- Myanmar Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arts of Bagan- Myanmar Tour:

Share

Category