04/08/2023
Updated 2023 🌿☘🌼🌸🌺🌻🥀🌹🌷🎋🍃
မွန်ကြပ်တဲ့ မြို့ပြကြီးကနေ ခဏလောက် ပြေးထွက်ပီး
ပုဂံမှာ အပန်းဖြေချင်တဲ့ သူတွေ အတွက် 🖤
ပုဂံမှာ တည်းခိုဖို့ လည်ပတ်ဖို့ စားသောက်ဖို့ အားလုံး
အဆင်ပြေအောင် ရေးထားပေးတာဖြစ်လို့
Post လေးကိုလဲ Share ထားဖို့ မမေ့နဲ့နော် 😊😊😊
စလိုက်ရအောင် 🤗🤗🤗🤗
ပုဂံကို တခြားမြို့တွေကနေ Express ကားစီးလာတဲ့ အခါ
ကားဂိတ် ferry က ကိုယ်တည်းမဲ့နေရာကို ပို့ပေးပါတယ်
မပို့ပေးဘူးဆိုရင် ကားဂိတ်မှာ Taxi ငှါးသွားလဲ ရပါတယ်
စျေးနှုန်းတွေက ပုံသေ သတ်မှတ်ထားတာဖြစ်လို့
ကိုယ့်ဘက်က စစ်လို့မရသလို သူတို့ ပိုတောင်းလို့ မရပါဘူးးး
-----------------------------------------------------------------------
တည်းခိုဖို့ အတွက် 🏢
breakfast လဲပါ🍛 ရေချိုးခန်း🚿 အိမ်သာ🚽
လဲအခန်းထဲတွဲလျက်ပါပြီးaircon ရောwifi freeရတဲ့
Guest House ဆိုရင် 25000/30000 ရှိမယ်
breakfast မပါ🍛 ရေချိုးခန်း🚿 အိမ်သာ🚽
လဲအခန်းထဲတွဲလျက်ပါပြီးaircon ရောwifi freeရတဲ့
Guest House ဆိုရင် 20000/25000 ရှိမယ်
breakfast မပါ🍛 ရေချိုးခန်း🚿 အိမ်သာ🚽
လဲအခန်းထဲတွဲလျက်မပါ aircon wifi freeရတဲ့
Guest House ဆိုရင် 10000/15000 ပဲရှိမယ်
ရွေးချယ်စရာနေရာတွေ ပုဂံမှာ အများကြီးရှိတယ် နော်.....
အဖွဲ့လိုက်လူအရမ်းများ ရင် ဘန်ဂလို တွေရှိတယ်
တစ်ယောက်မှ ၅၀၀၀ လောက်ပဲ....
ဒီထက် အကုန်ကျသက်သာချင်ရင်
ဘုန်းကြီးကျောင်းမှားတည်းလို့ရတယ်နော်
ကိုယ့်တဲ့ အချိန်ကြရင်တော့ တတ်နိုင်သလောက်
ကျောင်းထိုင် ဘုန်းကြီးကို လှူခဲ့လို့ရပါတယ်.....
တည်းမဲ့နေရာအတွက်🏠🏢 Hotel ၉၂ လုံးရဲ့ လိပ်စာ
စျေးနှုန်းနဲ့ ဖုန်းနံပတ်တွေကို အောက်က လင့်လေးမှာကြည့်ပြီး
ကြိုတင် Booking လုပ်ထားလို့ရတယ် သူငယ်ချင်း
ဒါမဟုတ်ရင် FB မှာ ကိုယ့်တည်းချင်တဲ့ Hotel ကိုရိုက်ရှာပါ
ကိုယ့်တိုင်ဝင်လေ့လာ မေးမြန်းစုံစမ်းပါ 🤗
👉 https://m.facebook.com/story.php?story_fbid=321437725907241&id=100041230483659
------------------------------------------------------------------------
လည်ပတ်ဖို့ အတွက် 🚲🚗🚃
🍀 E- Bike တစ်ရက် 12000/15000
🍀 Tuk Tuk တစ်ရက် 35000
🍀 Horse Cart တစ်ရက် 35000
🍀 Car တစ်ရက် 65000/70000/80000/120000
ကြိုက်နှစ်သက်ရာကို ရွေးချယ် ငှားရမ်း အသုံးပြု့လို့ရပါတယ်
Recommended 🖤🖤🖤
🍀 ပုဂံရောက်တုန်း သဘာဝရဲ့ အလှတရားနဲ့ ပုဂံ ရဲ့
အငွေ့ အသက်တွေကို တောလမ်းလေးမှာ ခံစားချင်တယ်
ဆိုရင်တော့ 🐴 မြင်းလှည်းလေး စီး သူငယ်ချင်း 😍
ကားနဲ့သွားလို့ မရတဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဘုရားတွေ
landscape အရမ်းလှပြီး ဓာတ်ပုံရိုက်လို့တဲ့ နေရာတွေကို သွားလို့ရတယ် 🧏
🍀 လွတ်လွတ်လပ်လပ် ကိုယ့် စိတ်ကြိုက်နေရာတွေ
ကိုယ့်တိုင် သွားခြင်တယ် ဆိုရင် E- BIKE လေးစီး သူငယ်ချင်း
Ebike နဲ့သွားရင် မသွားတတ်မှာလဲ မပူပါနဲ့ မြေပုံလေးတစ်ခုဝယ်
လမ်းညွှန်အတိုင်းသွား ဒါမှမဟုတ် GPS ဖွင့်ပြီးသွားလို့လဲ
ရတယ်လေ လမ်းညွှန်ဆိုင်းဘုတ်လေးလဲ နေရာတိုင်း
စိုက်ထားပေးတာမို့ လမ်းတော့ မမှားလောက်ဖူး ထင်တာ ပဲနော်..
Ebike စီးရင် လက်ရှည်ဝတ်ပါ ပုဂံမှာ နေအရမ်းပူတယ်
ဖုန်များတော့ Mask တပ်ပါ သူငယ်ချင်းရေ
🍀 ပုဂံရောက်တုန်း အမှတ်တရ ဓာတ်ပုံတွေလဲ ဖန်တီးချင်တယ်
ဒေသခံလဲပါပြီ သွားချင်တဲ့နေရာ မြန်မြန်ဆန်ရောက်ချင်တယ်
ဆိုရင်တော့ Tuk Tuk လေး စီး သူငယ်ချင်း......
သွားချင်တဲ့ နေရာစုံလင်အောင် လိုက်ပို့ပေးမှာဖြစ်သလို
အမှတ်တရ ဓာတ်ပုံလေးတွေလဲ ဖန်တီးပေးအုံးမှာပါ 🤗
🍀 နေပူမှာလဲ ကြောက်တယ် ဖုန်တွေကြောင့် လူပင်ပန်းပြီ
Smart မဖြစ်မှာကြောက်တဲ့ သူတွေအတွက်တော့
AC ပါ တဲ့ ကားတွေကို စီးပါ သူငယ်ချင်း.......
ကိုယ့်သွားချင်တဲ့နေရာကို မြန်မြန်ဆန်ဆန်သွားလို့ရမှာဖြစ်သလို
လူလဲမပင်ပန်း ခရီးလဲ တွင်တော့ အရမ်းအဆင်ပြေတာပေါ့
-----------------------------------------------------------------------
💚 ပုဂံရောက်တဲ့ မဖြစ်မနေ သွားရောက်လည်ပတ်
ဖူးမျှော်သင့်တဲ့ နေရာများ...........
၁ ညောင်ဦးတဝိုက်ရှိ ထင်ရှားသော စေတီပုထိုးများ
- ရွှေစည်းခုံစေတီ
- မြားသဥမင်နှင့် သမီးဝှက်ဥမင်
- ငှက်ပစ်တောင်
- ကျန်စစ်သားဥမင်
- ဂူပြောက်ကြီး(ဝက်ကြီးအင်း)
- ကျောက်ဂူဥမင်
- အလိုတော်ပြည့်ဘုရား
၂ ပုဂံတဝိုက်ရှိထင်ရှားသော စေတီပုထိုးများ
- ထီးလိုမင်းလိုဘုရား
- ဥပါလိသိမ်
- အာနန္ဒာဘုရား
- အာနန္ဒာအုတ်ကျောင်း
- သရပါတံခါး
- သဗဗြညု
- ရွှေဂူကြီ
- မီးမလောင်ကျောင်း
- ကန်တော့ပလ္လင်
- ဗူးဘုရား
- မဟာဗောဓိဘုရား
- ရွှေဆံတော်
- ဓမ္မရံကြီး
၃ မြင်းကပါတဝိုက်ရှိ ထင်ရှားသောစေတီပုထိုးများ
- မြစေတီ
- ဂူပြောက်ကြီး(မြင်းကပါ)
- မနူဟာဘုရား
- နန်းဘုရား
- နဂါးရုံဘုရား
- အပယ်ရတနာ
- စိမ်းညက်အမဂူဘုရားနှင့်
- ကျောက်မျက်မှော်
၄ သီရိပစ္စယာတဝိုက်ရှိ ထင်ရှားသောစေတီပုထိုးများ
- လောကနန္ဒာဘုရား
- ဖက်လိပ်ဘုရားများ
- စေတနာကြီးဘုရား(စည်စနာ)
၅ မင်းနန်သူတဝိုက်ရှိ ထင်ရှားသောစေတီပုထိုးများ
- သမ္ဘူလဂူဘုရား
- လေးမျက်နှာဘုရား
- ဘုရားသုံးဆူ
- ပြသာဒ်ကြီး
- တရုတ်ပြေးဘုရားကြီး
၆ ဖွားစောရွာတဝိုက်ရှိ ထင်ရှားသော စေတီပုထိုး အဆောက်အဦများ
- ဓမ္မရာဇိက
၇ ပုဂံအနီးတဝိုက်ရှိ ထင်ရှားသော စွယ်တော်မြတ်နှစ်ဆူ
- တုရင်တောင်စေတီ
- တန့်ကြည့်တောင်စေတီ
စားဖို့ အတွက် 🍛🥗🍝🍜
🔹️နေ့ လည်စာအတွက်
သရပါ(၃)အညာ ထမင်းဆိုင်
မြေအိုး မြန်မာ့ ထမင်းဆိုင်
ရွှေတမာ မြန်မာ့ ထမင်းဆိုင်
ဘူဖေး အမုန်းဆွဲ မယ်ဆိုရင် ရွှေမြန်မာ ထမင်းဆိုင် ရှိတယ်
🔹️မြို့သစ်ထဲမှာဆို ညစာအတွက်
မစန်း၀င်း မြန်မာထမင်းဆိုင်
ရွှေတိုင်ကျော် မြန်မာထမင်း ဆိုင်
တစ်ခါပြင် ဘူဖေး ကြိုက်ရာ သုံဆောင်လို့ရပါတယ်
🔹️ညောင်ဦးဘက်ဆိုရင်
စျေးနားက တောသားလေး ထမင်းဆိုင်
ရွှေစည်းခုံဘုရား အ၀င်လမ်းထိပ်က နုဝါမြန်မာဘူဖေးဆိုင်
တိုးတိုးဝင်း စဥ့်အိုး ဘူဖေးထမင်းဆိုင်
🔹️နေ့လည်ခင်း အစာပြေလေစားချင်ရင်တော့
ကန်တော့ပုလ္လင်ဘုရား ရှေ့က၀က်သားဒုတ်ထိုးနဲ့ ကြာဇံကြော်။
ထီးလိုမင်းလို ဘုရားက အုန်းစိမ်းရည်နဲ့ ပုစွန်ကြော
ပြသာဒ်ကြီး ဘုရားက မုန့်ဟင်းခါးနဲ့ အသုတ်
🔹️ပုပ္ပါး ဘက်ကိုသွားဖြစ်ခဲ့ရင်
ကျောက်ပန်းတောင်း - ညောင်ဦးလမ်းမကြီးပေါ်က
ဗူးသီးစင်တွေအောက်မှာ အညာဗူးသီးကြော်ရယ်
ထန်းရည်စစ်စစ်ရယ်ရတဲ့ “ပိုင်ထန်းတဲ”။
ထန်းရည်ကိုပဲ လင့်စင်အမြင့်ပေါ်မှာ တက်ပြီး
ရှုခင်းတွေကြည့်ပြီး သောက်လို့ရတဲ့
“အညာလက်ဆောင်” ထန်းတော
--------------------------------------------------------------------------
ကုန်ကျစရိတ် အကြမ်းမျဥ်း
Express ကားခ 30000
တည်းခိုဖို့ Hotel စျေးနှုန်း 30000
လည်ပတ်ဖို့ E - Bike ကိုသုံးမယ် 12000
ထမင်း စရိတ် တစ်နပ် 4000
တစ်ယောက် ပိုက်ဆံ 150000
နှစ်ယောက် 30000 ဆိုရင်
2 ညအိပ် 3 ရက် ခရီး ပုဂံကိုလာလည်လို့ရတယ် 🤗
တခြား အသုံး စရိတ်ဆိုတာ ကိုယ့် အပေါ်ပဲ မူတည်ပါတယ်
အမှတ်တရ လက်ဆောင်တွေ ဝယ်တာ ဘီယာသောက်တာ 🍺
ဘာညာ တွေ မပါဘူးဆိုရင် အေးဆေးလောက်ပါတယ် ခင်ဗျာ.......
---------------------------------------------------------------------------
ကျွန်တော်တို့ Bagan Lover 🖤 မှာ
လူကြီးမင်းတို့ တည်းခိုဖို့ Hotel
လည်ပတ်ဖို့ အတွက် Tuk Tuk E- Bike Car များကို
စျေးနှုန်းချိုသာစွာနဲ့ ငှားရမ်း အသုံးပြုလို့ရတဲ့ အပြင်
အမှတ်တရဓာတ်ပုံလေးတွေ ဖန်တီးဖို့ အတွက်
Mobile Photo Service Camera Photo Service များလဲ
ဝန်ဆောင်မှုပေးနေတာဖြစ်လ်ို့ အခုပဲ 09422779197 ကို
ဆက်သွယ်လိုက်ရအောင် 😍😍😍😍😍
✅ E-Bike
✅ Tuk Tuk
✅ Car
✅ စက်ဘီး
✅ မြင်းလှည်း
✅ နွားလှည်း
✅ လမ်းပြ
✅ local guide
✅ Phone Photo Service
✅ Balloons Tickest များ ငှားရမ်း အသုံးပြုမယ်ဆိုရင်တော့
Payment 👉💵 50% deposit အား K Pay / Wave Money
ဖြင့်လက်ခံပေးပါသည် 🤝
အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ် ပျက်ခဲ့လျှင်
deposit များအား refund လုပ်မည်မဟုတ်ပါ 🙏
ပုဂံကိုလာလည်ဖို့ အတွက် စီစဥ်ဖို့ အချိန်မရှိဖြစ်နေပါသလား
ဒါဆိုရင်တော့ Bagan Lover Team ကိုသာ သတိရလိုက်ပါ 🤗
🖤