LOFT 49

LOFT 49 A self-accommodating private holiday home, located in beautiful Myinka village near Kalaw.

မိုးတွင်းဆိုရင် စိမ်းစိုနေတဲ့ မြက်ခင်းညို့နေတဲ့ ထင်းရှူးတောအုပ်မြူတွေဆိုင်းနေတဲ့ အိုးစည်တောင်လန်းဆမ်းစွာပွင့်နေတဲ့ အရိုင...
14/06/2024

မိုးတွင်းဆိုရင်

စိမ်းစိုနေတဲ့ မြက်ခင်း

ညို့နေတဲ့ ထင်းရှူးတောအုပ်

မြူတွေဆိုင်းနေတဲ့ အိုးစည်တောင်

လန်းဆမ်းစွာပွင့်နေတဲ့ အရိုင်းပန်းလေးများ

ဌက်လေးတွေအော်သံနှင့်အတူ

နံနက်ခင်းတိုင်းကို နိုးထစေရမယ်



ကလောမှာ အခု့ရာသီက သစ်တော်သီးစပေါ်ချိန်ပေါ့သစ်တော်သီးလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို မျက်စိထဲ မြင်မိ...
10/06/2024

ကလောမှာ အခု့ရာသီက သစ်တော်သီးစပေါ်ချိန်ပေါ့

သစ်တော်သီးလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို မျက်စိထဲ မြင်မိမယ်ထင်ပါတယ်။ သစ်တော်သီးက အခွံညိုညိုလေးမှာ အညိုရင့်ရင့် အစက်လေးတွေ ပါနေပြီး အလယ်ချက်တိုင်လေးနဲ့ပါ။ အတွင်းသားက ဖြူဖြူကြွပ်ကြွပ်လေးနဲ့ ချိုချိုချဉ်ချဉ်လေးပါ။

စားလို့ကောင်းတဲ့ သစ်တော်သီး ကြွပ်ကြွပ်လေးမှာ ကယ်လိုရီ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ သကြားဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ပိုတက်စီယမ်၊ အမျှင်ဓာတ် တို့လို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

သစ်တော်သီးမှာ အမျှင်ဓာတ်များ ပါဝင်တာကြောင့် အူတွေရဲ့ အဟာရစုပ်ယူမှု့ကို ကောင်းမွန်စေသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဝမ်းမှန်စေသလို လေပွတာ၊ အစာမကြေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

သစ်တော်သီးက ခံတွင်းရှင်းစေတယ်၊ အစာခြေစနစ်ကောင်းမွန်၊ နှလုံးကျန်မာရေးအတွက် ကောင်းပြီး ဝိတ်လည်းကျ၊ ဆီးချိုရောဂါကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

သစ်တော်သီး ကြွပ်ကြွပ်လေးကိုအခွန်ခွါပြီး ဆားနဲနဲ သကြားနဲနဲ ငြုပ်သီးမှုန့် ပါးပါးလေးနဲ့ နယ်၊ သံပုရာသီးလေး ညှစ်ပြီးစားကြည့်ပါနော်။

loft 49 က သစ်တော်ပင်ကတော့အသီးတွေအများကြီးသီးနေပေမဲ့ စားဖို့အချိန်နဲနဲစောင့်ရပါအုံးမယ်ရှင့်..

Credit to original photographers



🍎🍎🍎 လအလိုက် ရာသီပေါ် သီးနှံတိုင်းမှာ အဟာရဓာတ်တွေနဲ့ ကျန်းမာဖို့အတွက် ဓာတ်တွေကို လက်ဆောင်မွန်ပေးထားပါတယ်။ အခု့အချိန် ရှမ်...
10/06/2024

🍎🍎🍎
လအလိုက် ရာသီပေါ် သီးနှံတိုင်းမှာ အဟာရဓာတ်တွေနဲ့ ကျန်းမာဖို့အတွက် ဓာတ်တွေကို လက်ဆောင်မွန်ပေးထားပါတယ်။

အခု့အချိန် ရှမ်းပြည်ဖက်မှာ ရာသီပေါ်အသီးကတော့ မက်မန်းသီးပါ။

မက်မန်းသီးမှာ Antioxidant တွေပါဝင်လို့ အသားအရေ လှပစေပြီး ကိုယ်ခံအားကောင်းစေပါတယ်။

မက်မန်းသီးက အမျှင်ဓာတ် (Fiber) ပါလို့ အစာခြေစနစ်ကောင်းမွန်စေတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်ကို ဖယ်ရှားပေးတယ်။ အဆီကျစေတယ်၊ ဆီးချိုသွေးချိုထိန်းပေးတယ်။ နှလုံးကျန်းမာရေးအပြင် သွေးအားလဲကောင်းစေတယ်

အမှည့်ဆိုရင် ချိုရဲနေပြီး မမှည့်သေးရင်လဲ ချဉ်ငံစပ်လေးသုပ်စားကြည့်ပါနော်။

ခန္ဓာကိုယ် ခုခံအားစနစ်အတွက် ရာသီပေါ် သဘာဝ အသီးအနှံများကို စားသုံးပါ။

Credit to original photographers



ဒီနေ့ ကလောမြို့ ၅ရက်စျေးနေ့လေးပါရှင်စျေးနေ့ဆိုရင် အရောက်သွားပြီး နယ်ကလာရောင်းတဲ့ တောင်သူတွေရဲ့ဒေသထွက်ကုန်တွေကို အားပေးခဲ...
10/06/2024

ဒီနေ့ ကလောမြို့ ၅ရက်စျေးနေ့လေးပါရှင်

စျေးနေ့ဆိုရင် အရောက်သွားပြီး နယ်ကလာရောင်းတဲ့ တောင်သူတွေရဲ့ဒေသထွက်ကုန်တွေကို အားပေးခဲ့ကြပါရှင်

Credit to original photographers



ဘောလုံးပန်းတွေပွင့်ချိန်
03/06/2024

ဘောလုံးပန်းတွေပွင့်ချိန်



ရွက်လှ့ပင်လေးတောင် loft49 မှာ ပျော်နေတာရွက်လှ့ပင် အဖူးအပွင့်ပွင့်တာ တွေဖူးကြလားရှင့်  Myinka kalaw
01/06/2024

ရွက်လှ့ပင်လေးတောင်
loft49 မှာ ပျော်နေတာ

ရွက်လှ့ပင် အဖူးအပွင့်ပွင့်တာ
တွေဖူးကြလားရှင့်



Myinka kalaw

ကောင်းသော ညချမ်းပါရှင်မြင်းကမှာတော့ မနက်စောစောနဲ့ ညဖက် သာယာပါတယ်ရှင်နေရှိ့ရင်တော့ မိုးမရွာတဲ့နေ့တွေ 25-26 degree နဲ့ ပူပ...
31/05/2024

ကောင်းသော ညချမ်းပါရှင်

မြင်းကမှာတော့
မနက်စောစောနဲ့ ညဖက်
သာယာပါတယ်ရှင်

နေရှိ့ရင်တော့
မိုးမရွာတဲ့နေ့တွေ
25-26 degree နဲ့ ပူပါတယ်



Good morning from Loft49
30/05/2024

Good morning from Loft49

ကျမက အရိုင်းပန်းလေးပါ….အိမ်ရှေ့ထွက်ရင်မြင်ရတဲ့ အိုးစည်တောင်
30/05/2024

ကျမက အရိုင်းပန်းလေးပါ….

အိမ်ရှေ့ထွက်ရင်မြင်ရတဲ့ အိုးစည်တောင်



ကလောဘူတာကလောမြို့တော်ရဲ့ နောက်အထင်ကရနေရာတစ်ခုကတော့ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းအမွေအနှစ်အဆောက်အအုံတစ်ခုလည်...
26/05/2024

ကလောဘူတာ

ကလောမြို့တော်ရဲ့ နောက်အထင်ကရနေရာတစ်ခုကတော့ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းအမွေအနှစ်အဆောက်အအုံတစ်ခုလည်းဖြစ်တဲ့ ဘူတာရုံပါ။

ကလောဘူတာရုံဟာ ကိုလိုနီခေတ်အဆောက်အအုံ တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ အသုံးပြုနေဆဲ ဘူတာတစ်ခုဖြစ်ပါတယ်။ ဘူတာကို ၁၉၁၃-၁၉၁၄ ခုနှစ်ဝန်းကျင်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဘူတာအဆောက်အဦးဟာ အရှည် ၇၆ ပေ၊ အကျယ် ၃၃ ပေ နှင့် အမြင့် ၁၈ ပေ ရှိပါတယ်။

မူလဆောက်လုပ်တုံးက တဆက်တည်းရှိတဲ့ ဘူတာရုံအဆောက်အဦးက ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် အလယ်မှာပျက်စီးသွားခဲ့လို့ အခုတော့အဆောက်အဦး ၂ ခု အဖြစ်တွေ့ရမှာဖြစ်ပါတယ်။

ကလောဘူတာရုံကို ခရီးသွားပြည်သူများ စိတ်ဝင်စားမှူ့များပြားလာလို့ ဘူတာရုံမျက်နှာစာမှာ အင်္ဂလန်နိုင်ငံ Robert Stephenson & Hawthorns Ltd. ကုမ္ပဏီက ၁၉၄၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဘွိုင်လာမီးရထားစက်ခေါင်းနှင့် လူစီးတွဲတစ်တွဲကို သာစည်မြို့ကနေ ၂၀၂၂ နှစ်မှာ သယ်ဆောင်လာပြီး ပြသထားပါတယ်။

အဲ့ဒီ့ ဘွိုင်လာဖိအား ပေါင် ၁၈၀၊ ကျောက်မီးသွေးဝင်ဆံ့နိုင်မှုပမာဏ ၃ တန်၊ စက်ခေါင်းအလေးချိန် ၄၂ ဒသမ ၆ တန်ရှိ့တဲ့ မီးရထားစက်ခေါင်းဟာ အလျား ၃၆ပေ ၁လက်မခွဲရှိပြီး တွဲရွှေ့တွဲပြောင်းရာမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ကလောဘူတာရုံဟာ ရှေးဟောင်းအလှတရားကို ထိန်းသိမ်းထားတဲ့ နေရာတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်ရဲ့အလှအပကို ခရီးသည်များနှင့် ပိုမိုမိတ်ဆက်ပေးနေတဲ့ နေရာလေးလဲဖြစ်လို့ ရှမ်းပြည်တောင်ပိုင်းကိုရောက်ခဲ့ရင်တော့ ကလောမြို့က ရှေးဟောင်း ဘူတာရုံမှာ ဓာတ်ဖမ်းခဲ့ပါနော်။

Credit to original photographers



June လရဲ့ ကလောမြို့ဝန်းကျင်က စျေးနေ့လေးတွေပါရှင်စျေးနေ့ဆိုရင် အရောက်သွားပြီး နယ်ကလာရောင်းတဲ့ တောင်သူတွေရဲ့ဒေသထွက်ကုန်တွေ...
25/05/2024

June လရဲ့ ကလောမြို့ဝန်းကျင်က စျေးနေ့လေးတွေပါရှင်

စျေးနေ့ဆိုရင် အရောက်သွားပြီး နယ်ကလာရောင်းတဲ့ တောင်သူတွေရဲ့ဒေသထွက်ကုန်တွေကို အားပေးခဲ့ကြပါရှင်

ကလောမြို့မစျေးကနေ ၁၂ မိနစ်မောင်းရင် အိမ်ရှေ့ရောက်တဲ့ အိုးစည်တောင်ခြေ မြင်းကရွာ အဝင်မိန်းလမ်းပေါ်က ၅အိမ်မြောက် ချစ်စရာ vacation home Loft49 အိမ်လေးက အိပ်ခန်း ၄ခန်းပါပြီး တည ၁၅၀၀၀၀ ပါ။

095197697, 09259267233

Credit to original photographers



Good morning from Loft 49မြင်းကမှာတော့ မနက် 21 degree,  နေ့လည် 26 degree နဲ့ သာသာယာယာပါပဲရှင်
24/05/2024

Good morning from Loft 49

မြင်းကမှာတော့ မနက် 21 degree, နေ့လည် 26 degree နဲ့ သာသာယာယာပါပဲရှင်

မြို့တိုင်းမှာ အထင်ကရနေရာလေးတွေ ရှိ့တတ်ကြပါတယ်။ ကလောမြို့ဆိုရင်တော့ အမှတ်တရတွေ အများကြီးထဲက နာရီစင်လဲ တခု့အပါအဝင်ပေါ့အကျ...
22/05/2024

မြို့တိုင်းမှာ အထင်ကရနေရာလေးတွေ ရှိ့တတ်ကြပါတယ်။ ကလောမြို့ဆိုရင်တော့ အမှတ်တရတွေ အများကြီးထဲက နာရီစင်လဲ တခု့အပါအဝင်ပေါ့

အကျယ် ၁၂ ပေ ပတ်လည်၊ အမြင့်ပေ ၄၅.၆ ပေရှိ့တဲ့ နာရီစင်ကို ငွေကျပ် သိန်း ၄၀၀ နဲ့ ၂၀၁၇ ခု့နှစ်မှာမှ့ တည်ဆောက်ခဲ့တာပါ။

နာရီစင်မှာ စု့စု့ပေါင်း နာရီ (၄) လုံး ဥရောပနိုင်ငံကနေ မှာယူတပ်ဆင်ထားပြီး နာရီများရဲ့တန်ဖိုးကတော့ သိန်း ၁၂၀ ဖြစ်လို့ နာရီစင်တခု့လုံး အပြီးအစီးကုန်ကျငွေ စုစုပေါင်းကတော့ ကျပ်သိန်းပေါင်း ၅၂၀ ဖြစ်တယ် လို့သိရပါတယ်။

ကလောမြို့ကို ရောက်ခဲ့ရင်တော့ ကလောမြို့နာရီစင်လေးမှာ အမှတ်တရ ဓာတ်ဖမ်းခဲ့ပါနော်

Reference from ko Nay Min Tun
Credit to original photographers



ခြံဝယ်ထဲကပါတဲ့ သစ်တော်ပင်လေး တနှစ်ပြုစု့လိုက်တာ အသီးလေးတွေ ဒီနှစ်စသီးနေကြပြီခါကြက်ဥတွေလဲ အတော်ကြီးလာပြီဧည့်သည်တွေလာချိန်...
17/05/2024

ခြံဝယ်ထဲကပါတဲ့ သစ်တော်ပင်လေး တနှစ်ပြုစု့လိုက်တာ အသီးလေးတွေ ဒီနှစ်စသီးနေကြပြီ

ခါကြက်ဥတွေလဲ အတော်ကြီးလာပြီ

ဧည့်သည်တွေလာချိန် စားလို့ရတာ အကုန် ခူးစားလို့ရပါတယ်ရှင်



Good Morning from Loft49မိုးကြိုပန်း ♥️
12/05/2024

Good Morning from Loft49

မိုးကြိုပန်း ♥️

မိုးကြိုပန်း (ခေါ်) Rain Lilyစိန်ပန်းတွေပြီးရင် ကလောမှာ မိုးကြိုပန်းတွေပွင့်ချိန်ပါနော်မိုးကြိုပန်းလေးတွေက မိုးအရမ်းရွာပ...
07/05/2024

မိုးကြိုပန်း (ခေါ်) Rain Lily

စိန်ပန်းတွေပြီးရင် ကလောမှာ မိုးကြိုပန်းတွေပွင့်ချိန်ပါနော်

မိုးကြိုပန်းလေးတွေက မိုးအရမ်းရွာပြီးတာနဲ့ ထိုးထောင်နဲ့ပွင့်လာတတ်တဲ့ အလေ့ကျပန်းလေးတွေဖြစ်ပြီး သက်တန်းအနေနဲ့ ရက်အနည်းငယ်သာခံကြပါတယ်။ မျိုးနွယ်ပေါ်မှာမူတည်ပြီး အဖြူ၊ အဝါ၊ ပန်း၊ ခရမ်းရောင်တွေရှိကြတာများပါတယ်။

မိုးကြိုပန်းတွေက မျှော်လင့်ခြင်း၊ အသစ်တဖန်ပြန်လည်မွေးဖွားခြင်းကို ဖေါ်ဆောင်ပြီး အဖြူရောင်ဆိုရင် purity, ခရမ်းဆိုရင် pride, ပန်းရောင်ဆိုရင် love ဆိုတဲ့ ထူးခြားတဲ့သင်္ကေတ လေးတွေနဲ့ပါ။

သဘ၀ကပေးတဲ့ ပန်းတွေမရိုးနိုင်အောင်ပွင့်တဲ့ ကလောမြို့လေးပါရှင်

🌿မိုးကြို ပန်း🌿

မိုးကြိုပန်း တဲ့
တစ်လမ်းလုံး ဝေ
တစ်မြေလုံး ပွင့်
အမည်နှင့် လိုက်
မိုး တစ်ပြိုက်ကျ
ပွင့် ရှာကြသည်
နွေလ ထဲမှာ
လွန်စွာ တင့်ဆန်း မိုးကြိုပန်း......
ဦးဦးနိုင်(ပညာရေး)

Credit to original photographers


May လရဲ့ ကလောမြို့ဝန်းကျင်က စျေးနေ့လေးတွေပါ။စျေးနေ့ဆိုရင် အရောက်သွားပြီး နယ်ကလာရောင်းတဲ့ တောင်သူတွေရဲ့ဒေသထွက်ကုန်တွေကို ...
07/05/2024

May လရဲ့ ကလောမြို့ဝန်းကျင်က စျေးနေ့လေးတွေပါ။

စျေးနေ့ဆိုရင် အရောက်သွားပြီး နယ်ကလာရောင်းတဲ့ တောင်သူတွေရဲ့ဒေသထွက်ကုန်တွေကို အားပေးခဲ့ကြပါနော်။

ကလောမြို့မစျေးကနေ ၁၂ မိနစ်မောင်းရင် အိမ်ရှေ့ရောက်တဲ့ အိုးစည်တောင်ခြေ မြင်းကရွာ အဝင်မိန်းလမ်းပေါ်က ၅အိမ်မြောက် ချစ်စရာ vacation home Loft49 အိမ်လေးက အိပ်ခန်း ၄ခန်းပါပြီး တည ၁၅၀၀၀၀ နဲ့ pets friendly ပါ။

095197697, 09259267233

Credit to original photographers



မြင်းကမှာ ဟိုတနေ့ကမိုးရွာပြီး ဒီလိုရာသီဥတု့လေးနဲ့ဆိုတော့ အပူရှောင်ဖို့ အကောင်းဆုံး နေရာလေးပါရှင်
04/05/2024

မြင်းကမှာ ဟိုတနေ့ကမိုးရွာပြီး ဒီလိုရာသီဥတု့လေးနဲ့ဆိုတော့ အပူရှောင်ဖို့ အကောင်းဆုံး နေရာလေးပါရှင်



မြင်းကမှာ မိုးတွေရွာနေတယ်နော်ညကျရင် အေးအေးလေး နေလို့ကောင်းပြီရှင့်
02/05/2024

မြင်းကမှာ မိုးတွေရွာနေတယ်နော်

ညကျရင် အေးအေးလေး နေလို့ကောင်းပြီရှင့်



Bougainvillea (စက္ကူပန်း)Bougainvillea လို့ခေါ်တဲ့ ရနံ့မရှိ့တဲ့ စက္ကူပန်းတွေဟာ မျိုးနွယ်ပေါင်း ၁၈မျိုးလောက်ရှိ့တဲ့ ဆူးရှ...
22/04/2024

Bougainvillea (စက္ကူပန်း)

Bougainvillea လို့ခေါ်တဲ့ ရနံ့မရှိ့တဲ့ စက္ကူပန်းတွေဟာ မျိုးနွယ်ပေါင်း ၁၈မျိုးလောက်ရှိ့တဲ့ ဆူးရှိ့တဲ့နွယ်ပင်မျိုး၊ အပင်သေးမျိုးဖြစ်ပြီး သူ့ရဲ့မူလဒေသကတော့ South America ကပါ။

Bougainvillea ကို ၁၉၆၀စွန်းစွန်းမှာ ပြင်သစ်လူမျိုး botanist Philibert Commerson ကရှာဖွေတွေ့ရှိ့ခဲ့ပြီး သူ့သူငယ်ချင်း Louis de Bougainville ကိုကိုယ်စားပြုပြီး မည့်ခဲ့တာပါတဲ့နော်

Bougainvillea တွေရဲ့ အလှ့ဆုံးပွင့်တဲ့အချိန်ကတော့ ညဖက် 16°C အထက် နဲ့ နေ့ဖက် 38°C မကျော်တဲ့ နွေဦးအစ ရာသီဥတု့ဖြစ်ပြီး Purple, red, yellow, orange, white & pink အပြင် အရောင်စပ်ကြားလေးတွေလဲရှိ့ပါတယ်။

Bougainvillea စက္ကူပန်းလေးတွေက ကာကွယ်ပေးခြင်း၊ ဝိညာဉ်များနဲ့ချိတ်ဆက်ခြင်း ဆိုတဲ့အဓိပ္ပါယ်ကိုဖေါ်ဆောင်ပြီး တချို့တွေကတော့ ကြွယ်ဝခြင်း၊ အေးချမ်းခြင်းလို့လဲ မြင်ပါတယ်တဲ့။

ကလောမြို့ကိုရောက်ခဲ့ရင် ပူပြင်းတဲ့ နေပူပူမှာ အတောက်ပဆုံး အလှဆုံး အပွင့်တွေဖြာနေအောင် ပွင့်ပေးနေတဲ့ ပြည်ထောင်စု့လမ်းမကြီးပေါ် အင်းပြင်က အပင်မှာနွယ်တက်နေတဲ့ စက္ကူပန်းရုံကြီးနဲ့ ဓာတ်ဖမ်းခဲ့ကြပါနော်။

အိုးစည်တောင်ခြေ မြင်းကရွာ အဝင်မိန်းလမ်းပေါ်က ၅အိမ်မြောက် ချစ်စရာ vacation home, Loft49 အိမ်လေးက အိပ်ခန်း ၄ခန်းပါပြီး တည ၁၅၀၀၀၀ နဲ့ Pets friendly ပါ။

Photo credit to Zin Ko Kalaw


ဒီနေ့ ကလောစျေးနေ့နော်Credit to original photographers
21/04/2024

ဒီနေ့ ကလောစျေးနေ့နော်

Credit to original photographers



April's Available dates, 22-30April ၂၂ ရက်နေ့နောက်ပိုင်း Loft 49 အားပါတယ်ရှင်ကလောမှ့ အောင်ဘန်းဘက်သို့အထွက် ကလောမြို့မစျေ...
18/04/2024

April's Available dates, 22-30

April ၂၂ ရက်နေ့နောက်ပိုင်း Loft 49 အားပါတယ်ရှင်

ကလောမှ့ အောင်ဘန်းဘက်သို့အထွက် ကလောမြို့မစျေးကနေ ၁၂ မိနစ်မောင်းရင် အိမ်ရှေ့ရောက်တဲ့ အိုးစည်တောင်ခြေ မြင်းကရွာ အဝင်မိန်းလမ်းပေါ်က ၅အိမ်မြောက် ချစ်စရာ vacation home Loft49 အိမ်လေးက အိပ်ခန်း ၄ခန်းပါပြီး တည ၁၅၀၀၀၀ နဲ့ pets friendly ပါ။

09259267233, 095197697



ချစ်စရာ ရိုးရာဓလေ့ပွဲဖြစ်လို့ ဒီရက်ပိုင်း ကလောရောက်နေခဲ့ရင် စိတ်ဝင်စားသူများ သွားရောက်လေ့လာနိုင်ရန်အတွက် Ko Ye Kalaw pag...
17/04/2024

ချစ်စရာ ရိုးရာဓလေ့ပွဲဖြစ်လို့ ဒီရက်ပိုင်း ကလောရောက်နေခဲ့ရင် စိတ်ဝင်စားသူများ သွားရောက်လေ့လာနိုင်ရန်အတွက် Ko Ye Kalaw page မှ့ ကူးယူဖေါ်ပြထားတာပါရှင့်

***********

ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်

တာတက်ပွဲ
တာတက်ပွဲတော်ဟာ ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတော်တစ်ခုဖြစ်ပြီး သင်္ကြန်အတက်နေ့မှစပြီး ကဆုန်လပြည့်ကျော် ၅ ရက်နေ့အထိ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ကျင်းပကြတဲ့ ပွဲတော်ဖြစ်ပါတယ်။

တာတက်ပွဲဆိုတာက ရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်ပြီး မြေလတ်ဒေသမှာ နေထိုင်ကြတဲ့ ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသားများ မိမိတို့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ စုပေါင်းလှူဒါန်းပွဲပင် ဖြစ်ပါတယ်။

တစ်ရွာနှင့်တစ်ရွာ လက်စားချို၊ လက်စားဆပ် (သူ့ရွာသွား ကိုယ့်ရွာလာ အပြန်အလှန်) စနစ်ဖြင့် ရှေးအစဉ်အလာမပျက် ရွာစဉ်ဆက်ကာ လှည့်လည် ကျင်းပကြခြင်း ဖြစ်ပါတယ်။

တာတက်ပွဲကျင်းပပုံမှာ မိမိတို့ရွာအတွက် ပွဲတော်
ကျင်းပမည့်ရက်မှာ ရွာသူရွာသားများက သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်များဆက်ကပ် လှူဒါန်းကြတာဖြစ်ပြီး သံဃာတော်များအတွက် မိမိတို့ခြံထွက်ဖြစ်သော သီနှံများကိုလည်း ပဒေသာပင်တွင်ချိတ်ဆွဲကြ သီပေးကြတာ ဖြစ်ပါတယ်။

ရွာတစ်ရွာမှာ တာတက်ပွဲကျင်းပရင် ၁၀-၁၂ မိုင်ခန့်အတွင်းရှိ အခြားဓနု၊ တောင်ရိုး ကျေးရွာများကလည်း တာတက်ပွဲသို့လှူဖွယ်ဝတ္ထုများကို အိုးစည်
ဝိုင်းများ အကအခုန်များဖြင့် ယူဆောင်လာ၍ လှူဒါန်းကြတာဖြစ်ပြီး ထိုသို့လှူဒါန်းတာကို လက်စားချိုတယ်လို့ ခေါ်ပါတယ်။

ရွာများမှ လာရောက်လှူဒါန်းထားလျှင် ထိုရွာတို့တွင် အလားတူ တာတက္ပြဲ ကျင်းပသောအခါတွင်လည်း မိမိတို့ရွာမှအိုးစည်ဝိုင်းများဖြင့် သွားရောက်လှူဒါန်းကြရတာဖြစ်ပါတယ် ထိုသို့လှူဒါန်းတာကို လက်စားဆပ်တယ်လို့ ခေါ်ပါတယ်။

တာတက်ပွဲများက လူကြီးသူမများအဖို့ ဘာသာရေး၊ သာသနာရေးသက်သက်ဖြစ်သော်လည်း လူငယ်လူရွယ်များအတွက်မူ လူမှုရေးကိစ္စများပါ သယ်ဆောင်လာတဲ့ အပြင် လူပျို၊ အပျိုတို့အဖို့ မိန်းမပိုးရန်၊ လူပျိုလှည့်ရန် အခွင့်အရေးအကောင်းဆုံး အချိန်အခါဖြစ်လို့ ဖူးစာဆုံပွဲဟုလည်း ဆိုနိုင်ပါတယ်။

လက်စားချို၊ လက်စားဆပ်စနစ်ဖြင့် ရောက်ရှိလာကြတဲ့ရွာများက အိုးစည်အဖွဲ့သားများ၊ ရွာသူရွာသားများက မိမိတို့၏ လှူဒါန်းဖွယ်ရာများကို ကိုင်ဆောင်ပြီး နံနက် ၁၀ နာရီခန့်မှစပြီး တစ်ရွာပြီးတစ်ရွာ ကျောင်းနှင့်ဘုရားကို လင်္ကျာရစ်သုံးကြိမ် လှည့်လည်ကြသည်ကို ပွဲတက်သည် ဟုခေါ်ပါတယ်။

လူပျိုများတလှည့် အပျိုများတလှည့် သံချပ်များ အပြိုင်ဆိုင် ထိုးကာ ကခုန်ပျော်ပါးကြပြီး အိုးစည်ဝိုင်းအတွင်းသို့ မည်သူမဆို ဝင်ရောက် ကခုန်ခွင့်ရှိပါတယ်။

မီးလုံးပွဲ(သို့)ဒုံးလွှတ်ပွဲ
မီးလုံးဆိုတာ မီးရှူးကို ခေါ်တာဖြစ်ပြီး မီးရှူးဆိုတာဝါးလုံး သံပိုက်ပြောင်းတို့ကို အရှည် (၃ပေ) ပြောင်းအချင်း(၃)လက်မ အတွင်းသို့ ယမ်းကို အချိူးကျစပ်ထည့်ပြီး မီးလုံးကို သံကြိုးနှင့်မပြတ်ထွက်နိုင်အောင် ချည်တုတ်ထားတာ ဖြစ်ပါတယ်။

မီးရှူးလွတ်တင်ခြင်း၏ ရည်ရွယ်ချက် က ရာသီဥတု မှန်ကန်စေရန်နှင့် စိုက်ပျိူးထားသော ကောက်ပဲ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် ရည်ရွယ်၍ မိုးနတ်သားကို မီးရှူးဖြင့်ပူဇော်ခြင်း ဖြစ်ပါတယ်။

မီးလုံးကို အဖွဲ့လိုက်အလှည့်ကျ ယှဉ်ပြိုင်ရတာဖြစ်ပြီး အဝေးဆုံးရောက် လမ်းဝင်သည့် မီးလုံးကို ဆုပေးတာဖြစ်ပါတယ်။

တာတက်ပွဲ ကို ရှမ်းပြည်နယ်တစ်ခွင် အစဉ်အမြဲ ရိုးရာမပျက် ကျင်းပကြတာဖြစ်ပါတယ်။

လက်လှမ်းမှီသလောက် စုထားသော တာတက်ပွဲ ကျင်းပသည့် နေ့ရက်များနှင့်နေရာဒေသများမှာ

နှစ်ဆန်း ၁ ရက်နေ့
ကြေးကုန်း ကျောက်တန်းရွာ တာတက်ပွဲ

နှစ်ဆန်း ၄ရက်နေ့
သာယာကုန်းရွာ တာတက်ပွဲ

နှစ် ဆန်း ၅ ရက်နေ့
နန်းသဲရွာ တာတက်ပွဲ

နှစ်ဆန်း ၆ ရက်နေ့ ၇ရကျနေ့
လမိုင်းရွာ တာတက်ပွဲ

နှစ်ဆန်း ၈ ရက်နေ့
သာမိုင်းခန်း ရွာတာတက်ပွဲ

နှစ်ဆန်း ၉ ရက်နေ့
နောင်ဝိုး တာတက်ပွဲ

တန်ခူး လကွယ် နေ့
ဆင်တောင်ရွာ တာတက်ပွဲ

ကဆုန် လဆန်း၅ ရက်နေ့
လွယ်မခံရွာ တာတက်ပွဲ

ကဆုန် လဆန်း ၈ ရက်နေ့
ပြင်သာ တာတက်ပွဲ

ကဆုန် လဆန်း ၁၂ ရက်နေ့
ပင်မာကုန်း နီးဘုရားတာတက်ပွဲ

ကဆုန် လဆန်း ၁၃ ရက်နေ့
ကုန်းနီရွာ တာတက်ပွဲ

ကဆုန် လပြည့် နေ့
မြင်းကရွာ ကဆုန်တောင်ပွဲ နှင့် တောင်လားရွာ တာတက်ပွဲ

ကဆုန် လပြည် ကျော် ၂ ရက် နေ့
နန်းအွန် ရွာတာတက်ပွဲ

ကဆုန် လပြည့်ကျော် ၅ ရက်နေ့
ကုန်းလွင်ရွာ တာတက်ပွဲ

ကဆုန် လပြည့် ကျော် ၈/၉ ရက်နေ့
မိုင်းလင်းရွာ တာတက်ပွဲ (အင်းခေါင်း)

ကဆုန် လကွယ်နေ
ကျောက်တစ်လုံးရွာ တာတက်ပွဲ တို့ဖြစ်ပါတယ်။

ယနေ့ ကြေးကုန်း ကျောက်တန်း တာတက်ပွဲပုံများဖြစ်ပါသည်



🌼💦 🌼 💦 🌼ပိတောက်ပန်းဆိုတာ မြန်မာတို့ရဲ့ national flower လို့ပြောလို့ရတဲ့ လူတိုင်းနဲ့ရင်းနှီးတဲ့ ရနံ့သင်းသင်းလေးနဲ့လှတဲ့ သ...
17/04/2024

🌼💦 🌼 💦 🌼

ပိတောက်ပန်းဆိုတာ မြန်မာတို့ရဲ့ national flower လို့ပြောလို့ရတဲ့ လူတိုင်းနဲ့ရင်းနှီးတဲ့ ရနံ့သင်းသင်းလေးနဲ့လှတဲ့ သင်္ကြန်ပန်းလေးပါ

ပိတောက်လို့ဆိုရင် တန်ခူးလရဲ့သင်္ကြန်အငွေ့အသက်လေးနဲ့တွဲဖက်မြင်ယောင်စေပါတယ်

ပိတောက်ပန်းလေးတွေက နုပျိုမှု နဲ့ ချစ်ခြင်းတရားကို ကိုယ်စားပြုပြီး "မင်းဟာကိုယ့်အတွက် ရှားပါးဆုလာဘ်ပါ" ဆိုတဲ့ အဓိပ္ပာယ်တဲ့နော်

တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း ရှားပါတယ်၊ ဒါပေမဲ့ ပိတောက်ပန်းမရှိဖူးဆိုတာမဟုတ်ကြောင်း U U Ye Kalawthar တင်ထားတဲ့ သူ့အိမ်အပင်က ပုံလေးတွေက သက်သေပါနော်

နှစ်သစ်မှာ ကိုယ်ချစ်ရတဲ့သူကို ပိတောက်ရှာတွေ့ခဲ့ရင် ပိတောက်ပန်းစည်းလေး လက်ဆောင်ပေးလိုက်ပါနော်



မြန်မာနှစ်ဆန်းတစ်ရက်မှ့စ၍တစ်နှစ်တာကာလပတ်လုံး စီးပွားရေးတိုးတက်ပါစေ။ကျန်းမာရေး ကောင်းမွန်ပါစေ။လာဘ်လာဘ ပွင့်ပါစေ။ဘေးရန်အန္...
17/04/2024

မြန်မာနှစ်ဆန်းတစ်ရက်မှ့စ၍

တစ်နှစ်တာကာလပတ်လုံး စီးပွားရေးတိုးတက်ပါစေ။

ကျန်းမာရေး ကောင်းမွန်ပါစေ။

လာဘ်လာဘ ပွင့်ပါစေ။

ဘေးရန်အန္တရာယ် ကင်းရှင်းပါစေကြောင်း

Loft 49 မိသားစု့မှ့ ဆုတောင်းလိုက်ပါတယ်

🙏🙏🙏

ဧည်သည်တွေ ရွာထဲ ဟိုနား ဒီနား စီးလို့ရအောင် Loft49 မှာ စက်ဘီးလေး ထားပေးထားပါတယ်ရှင်
15/04/2024

ဧည်သည်တွေ
ရွာထဲ ဟိုနား ဒီနား စီးလို့ရအောင်
Loft49 မှာ စက်ဘီးလေး
ထားပေးထားပါတယ်ရှင်



မြန်မာနှစ်ကူးအခါသမယမှာ ဘေးအန္တရာယ်ကင်းပြီးရွှင်လန်းချမ်းမြေ့ပါစေကြောင်း Loft49 မှ့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏
13/04/2024

မြန်မာနှစ်ကူးအခါသမယမှာ
ဘေးအန္တရာယ်ကင်းပြီး
ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
Loft49 မှ့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်
🙏🙏🙏



မြင်းကမှာ နွေရာသီရောက်ပြီဆိုတော့ ရေအလှည့်ကျနဲ့ပဲရပါတော့တယ်ရှင်အလည်သွားခဲ့ရင် ရေရှားလို့ ရေကိုစနစ်တကျသုံးဖို့ တိုက်တွန်းပ...
11/04/2024

မြင်းကမှာ နွေရာသီရောက်ပြီဆိုတော့ ရေအလှည့်ကျနဲ့ပဲရပါတော့တယ်ရှင်

အလည်သွားခဲ့ရင် ရေရှားလို့ ရေကိုစနစ်တကျသုံးဖို့ တိုက်တွန်းပါရစေရှင်

ကလောမြို့မှာ မိုးတွင်းကလွဲပြီး အထူးသဖြင့်နွေရာသီမှာ ရေရှားပါတယ်။

ကလောမြို့ကို အဓိက ရေပေးဝေတဲ့နေရာတွေကတော့ ရေအေးကန် နဲ့ အင်းပြင်ရေထွက်ပါ။
အချို့ခြံကွက်တွေမှာလဲ သဘာဝရေထွက်လေးတွေရှိ့လို့ ကိုယ့်ရေထွက်ကိုယ်သုံးကြတဲ့သူများလဲ ရှိ့ပါတယ်။

ရေအေးကန်က ကလောမြို့ရဲ့ တောင်ဖက်ခြမ်းမှာရှိတဲ့ရေကန်အကြီးကြီးပါ။ ပလောင်တောင်ဗျူးပွိုင့်ကို trekking သွားရင် ရေအေးကန်နားကနေ တောတောင်တွေဖြတ်ပြီး လမ်းလျောက်လေ့ ရှိ့ကြပါတယ်။

သိမ်ကန်ရေထွက်က ကလောမြို့အထွက် အင်းပြင်ပရိယတ္တိကျောင်းနား အင်းပြင်ရွာမှာ ရှိတဲ့ သဘာဝရေထွက်တစ်ခုဖြစ်လို့ အင်းပြင်ရေထွက်လို့လဲ ခေါ်ကြပါတယ်။ ရေထွက်ပေါက်ဝက သေးပေမဲ့ မြို့တစ်ဝက်လောက်ကို ရေပေးနေပြီး ရေဘယ်လောက်သုံးသုံး လျော့လဲမသွား လျှံလဲမကျတာကတော့ ထူးဆန်းပါတယ်နော်။

အင်းပြင်ရေထွက်ကရေကို မော်တာကြီးတွေနဲ့ စုပ်ယူပြီး မျက်နှာခြင်းဆိုင် ပြည်တောင်စုလမ်းမပေါ်က ခြင်္သေ့နှစ်ကောင်စောင်းတန်းရှိတဲ့ တောင်ပေါ်ရေကန်ကြီးတွေထဲကို မောင်းတင်ပြီး အဲ့ဒီ့ကနေ မြို့ကိုရေဝေပေးပါတယ်။

ကလောမှာ အလှည့်နဲ့ ရက်ခြား နာရီပိုင်းသာ ရေပေးတာမလို့ နွေရာသီဆိုရင် ရေမလောက်တဲ့နေရာတွေမှာ ရေကားဝယ်သုံးကြရပါတယ်။

LOFT49 ရှိ့တဲ့ မြင်းကရွာမှာလဲ အလှည့်ကျနဲ့၃ရက်တခါပဲ ရေရပါတယ်ရှင်

နွေရာသီ အလည်သွားခဲ့ရင် ရေရှားလို့ ရေကိုစည်းကမ်းရှိ့စွာ စနစ်တကျသုံးဖို့ တိုက်တွန်းပါရစေရှင်

Reference from KoKo Oo
Credit to original photographers



11/04/2024

နံနက်ချိန်ခါ တေးသံသာ

မနက် ၅နာရီဆိုရင် လာနှိုးပြီ



Address

Mk49 Myinka Village
Kalaw

Telephone

+9595197697

Website

Alerts

Be the first to know and let us send you an email when LOFT 49 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LOFT 49:

Videos

Share


Other Vacation Home Rental in Kalaw

Show All